← Chapters

ဝိဉာဥ်ငါးများစားသုံးခြင်း

Vol. 20 Ch. 195

ဝိဉာဥ်ငါးများစားသုံးခြင်း

Vol. 20 Ch. 195

ယန်ချန်က ငါးကင်များကို လင်ပန်းများထဲ အစီအရီ ခင်းကျင်းလိုက်သည်။

ပြီးနောက် ရှားပါးသည့် ဝိုင်အရက်အချို့ကို ထုတ်ယူလိုက်ပြီး စားပွဲ၌ နေရာချပြီးနောက်မှာတော့ ခင်းကျင်းမှုက အဆုံးသတ်သွားလေပြီ။

“အားလုံးပဲ အားမနားတမ်းစားလို့ရတယ်နော်”

ယန်ချန်က ထိုသို့ပြောလိုက်သော်လည်း မည်သူကမှ အရင်တို့ထိစားသောက်ခြင်းမပြုပဲ ယန်ချန့်ကိုစောင့်ဆိုင်းနေလေသည်။ ထိုအချင်းအရာကို သတိပြုမိသည့်ယန်ချန်က ငါးကင်တကောင်ကို ပန်းကန်ထဲထည့်ကာ အနည်းငယ် စတင်စားသောက်လိုက်သည်။

“ကဲ..အားလုံးပဲ စားလို့ရပါပြီ”

ယင်ယင်လေးက သွက်လက်စွာဖြင့် ကြီးမားသည့် ငါးကင်တကောင်အား လှမ်းယူလိုက်ပြီး သူမရှေ့ရှိ ပန်းကန်ထဲ ထည့်လိုက်သည်။ သူမရဲ့ သေးငယ်တဲ့ လက်ကလေးများက ငါးကင်တကောင်လုံးကို ကိုင်တွယ်ရန်ခက်ခဲနေသည့်အတွက် ရှုယင်ကပင် ကူညီလိုက်ရသေးသည်။

လီဖူယွဲ့ ကျန်းရင်ရင်နဲ့ ချူလင်းယုတို့မှာ ငါးကင်များကို စိတ်လှုပ်ရှားစွာဖြင့် စားသောက်နေကြသည်။ ထိုငါးများမှာ ရှားပါးသည့် ဝိဉာဥ်ငါးများဖြစ်ပြီး စိတ်ဝိဉာဥ်စွမ်းအင်ကို အားဖြည့်ပေးကာ ရုပ်ပိုင်းဆိုင်ရာကိုလည်း သန်မာစေသည်။

“အရသာကောင်းလိုက်တာ ငါးကင်ဆိုပေမယ့် တကယ့်ရှားပါးရတနာတခုလိုပဲ”

ချူလင်းယုက ငါးကင်မှအသားတဖက်အား ဆွဲယူရင်းပါးစပ်ထည့်ကာ အရသာခံသည်။ ငါး၏ နူးညံ့တဲ့အရသာမှာ လျှာပေါ်၌ အရေပျော်လုနီးပါး ပျော်ဆင်းသွားပြီး အရသာမှာ ပြောပြ၍မရလောက်အောင်ပင် ထူးကဲနေလေသည်။

လီဖူယွဲ့ ကျန်းရင်ရင် ရှုယင်တို့မှာလည်း ငါးကင်များကို အရသာခံစားသောက်နေရင်း ယန်ချန်ထုတ်ယူထားသည့် ဝိုင်အနည်းငယ်ကိုလည်း အနည်းငယ် မြည်းစမ်းကြည့်နေသည်။

ပူလောင်းပြင်းရှသည့် အရသာတစ်ခုက လည်ချောင်းတလျှောက် စီးဆင်းသွားကာ တခဏအကြာမှာတော့ အနည်းငယ်ရီဝေမှုကို ကျန်းရင်ရင်ခံစားလိုက်ရသည်။

ထိုဝိုင်မှာ သူမတို့၏ ကျင့်ကြံဆင့်နဲ့ပင် ထိန်းချုပ်၍ မရတော့ချေ။ ထင်ရှားသည်မှာ ပြင်းထန်ပြီး အစွမ်းထက်သည့် ပါဝင်ပစ္စည်းများကြောင့်ဖြစ်နိုင်ပြီး ထိုဝိုင်၏ အစွမ်းမှာလည်း သူမတို့၏ ကျင့်ကြံဆင့်များကို တိုးတက်စေနိုင်သည်။

ယန်ချန်က ငါးကင်အချို့ကိုယူပြီး ယန်ပိုင်တို့ရှိရာ ထွက်လာခဲ့သည်။ ယန်ပိုင်မှာ မျိုးနွယ်တူဝက်ဝံများနဲ့ရှိနေပြီး ယန်ချန်နဲ့အတူ ငါးကင်များပါလာသည်ကိုမြင်လျင် ပျော်ရွှင်စွာဖြင့် ရောက်ရှိလာသည်။

“မင်းက ငါးကင်ကိုမြင်လို့ကိုး ဟား”

ယန်ချန်က အနည်းငယ်လှောင်ပြောင်လိုက်ပြီး ယူလာသည့် ငါးကင်များအား ခွဲဝေပေးလိုက်သည်။

“အညီအမျှစားကြ လိုသေးရင် ထပ်လာယူလို့ရတယ် ဟုတ်ပြီလား”

ဝက်ဝံများမှာ ခေါင်းညိတ်ပြလာပြီး ငါးကင်ကိုစတင်ခွဲဝေကြတော့သည်။ တောဝက်များ မြေခွေးများမှာလည်း ဝေစုတချို့ရခဲ့ပြီး အကုန်လုံး ဝဝလင်လင် စားရဖို့ကတော့ သိပ်မသေချာချေ။ ထို့ကြောင့်လည်း ယန်ချန်က လိုအပ်လျင် လာရောက်ယူဆောင်နိုင်သည်ဟု ပြောဆိုခြင်း ဖြစ်သည်။

မကြာမီ စားပွဲဝိုင်းဆီပြန်ရောက်လာချိန်၌ ယင်ယင်မှာ သီးသန့်ထိုင်ခုံတလုံးဖြင့်ထိုင်၍ ငါးကင်ကို အဆက်မပြတ်စားသောက်နေပြီး ရှုယင်မှာမူ ကျန်းရင်ရင်တို့နဲ့ အဖွဲ့ကျနေလေသည်။

ယန်ချန်က စားပွဲဝိုင်း၌ ဝင်ထိုင်ကာ ငါးကင်အနည်းငယ်ထပ်မံစားသောက်လိုက်ပြီး ဝိုင်အရက်အချို့လည်း သောက်လိုက်သည်။

“ပြင်းလိုက်တဲ့ဝိုင် ငါရက်နည်းနည်းထပ်ထားလိုက်တာ မှန်သွားတာ မဟုတ်ရင် အရသာက ဒီလောက်ပြီးပြည့်စုံနေမှာမဟုတ်ဘူး”

ဝိုင်အရက်မှာ ပြင်းရှနေပြီး မိန်းကလေးများဖြစ်သည့် လီဖူယွဲ့တို့မှာ ကျင့်ကြံဆင့်များ အလုပ်မလုပ်သည့်အတွက် မကြာခင်မှာပဲ စတင်မူးဝေလာကြတော့သည်။

“အေ့… ဒီငါးကင်က ကျွန်မတသက် စားဖူးသမျှထဲ အရသာ အကောင်းဆုံးပဲ သခင်လေးယန် ရှင်တကယ်တော်တဲ့ စားဖိုမှူးပဲ”

ချူလင်းယုက အာလေးလျှာလေးအသံဖြင့် ပြောဆိုနေပြီး သူမစကားအား ကျန်းရင်ရင် ရှုယင်နဲ့ လီဖူယွဲ့တို့ကလည်း ထောက်ခံဟန်ဖြင့် ဝင်ရောက်ပြောဆိုလေသည်။

“အမှန်ပဲသခင်လေး ဒီငါးကင်က ဘာလို့အဲ့လောက် အရသာရှိနေတာလဲ”

“ကျွန်မတော့ နောက်ထပ်အများကြီး ထပ်စားနိုင်သေးတယ်လို့ ထင်တယ်”

ကျန်းရင်ရင်မှာ ထိုသို့သာပြောနေသော်လည်း သူမရဲ့လက်များက ဝိုင်ခွက်စီ၌သာ ရှိနေပြီး ဝိုင်သောက်ခြင်းကို အနည်းမျှပင် ရပ်နားခြင်း မရှိချေ။ အခြားသူများကလည်း ထိုနည်းတူပင်။

ယန်ချန်မှာ ထိုအမျိုးသမီးများကိုကြည့်ရင်း ခေါင်းယမ်းနေမိပြီး ပေါ့ပါးသည့် မိမိဘဝနေထိုင်မှုကိုလည်း အနည်းငယ် စိတ်ကျေနပ်မိသွားသည်။

“ငါကံကောင်းတယ် သေမျိုးဆိုပေမယ့် ကျင့်ကြံသူမိတ်ဆွေတွေ အများကြီးရထားတော့ ဘေးအန္တရာယ်ကို စိုးရိမ်စရာ မလိုတော့ဘူး”

နာရီအနည်းငယ် ထပ်မံကြာမြင့်ပြီးနောက် ယန်ပိုင်ရောက်ရှိလာကာ ငါးကင်အချို့ ယူဆောင်သွားပြန်သည်။ ကံကောင်းသည်က ယန်ချန်အနေဖြင့် နေ့တပိုင်းသာငါးဖမ်းခဲ့သော်လည်း အရေတွက်မှာ လောက်ငှနေခဲ့လေသည်။

လီဖူယွဲ့တို့မှာ အမျိုးသမီးကျင့်ကြံသူဆိုသည့် တည်ငြိမ်တဲ့ဂုဏ်ပုဒ်နဲ့ သွင်ပြင်ကိုတောင် မထိန်းချုပ်ကြတော့ပဲ သောက်စားပြီးနောက် ယန်ချန်နဲ့ ရှုယင်တို့ကိုနှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။

ထိုအချိန် ရှုယင်မှာ ခေါင်းပင်မထောင်နိုင်တော့ချေ။ ယင်ယင်လေးသည်လည်း ဝမ်းဗိုက်တစ်ခုလုံး ပြည့်တင်းသည်အထိ စားသောက်ပြီး၍ ငိုက်မြည်းနေလေသည်။

“အစ်မရှုကတော့လေ အများကြီးလည်း မသောက်နိုင်ပဲနဲ့”

ယန်ချန်က သောက်လက်စ ဝိုင်ခွက်ထဲမှ လက်ကျန်ကို ဖြတ်လိုက်သည်။ စကားဝိုင်း၌ အကြောင်းအရာများစွာ ပြောဆိုကြသော်လည်း အများစုက အမျိုးသမီးများ၏ အတင်းဖျင်များသာ ဖြစ်နေပြီး ယန်ချန်က နားထောင်သူ သက်သက်သာ ဖြစ်သည်။

အရင်ဆုံး ယင်ယင့်အား အိပ်ခန်းဆီချီမကာပို့ပေးပြီးနောက် ရှုယင်ကိုပါ သယ်မကာ ပို့ဆောင်ရလေသည်။ သေးသွယ်တဲ့ ခါးဆီမှ နူးညံ့မှာတချို့ ခံစားရချိန်၌ ထိတ်ခနဲ ဖြစ်သွားပြီး အမှုမဲ့ အမှတ်မဲ့ဖြင့် ရှုယင်၏မျက်နှာလေးအား တချက် ကြည့်လိုက်မိသည်။

ဖြူနုသည့်မျက်နှာလေးမှာ ဝိုင်အရက်အရှိန်ကြောင့် နီရဲနေပြီး မက်မွန်သီးအခြမ်းများ တင်ထားသည့်နှယ် ပါးလေးနှစ်ဖက်မှာ မို့အစ်နေလေသည်။ ယန်ချန်က ရှုယင်ကိုထွေးပွေ့ထားရင် ထိုပါးနှစ်ဖက်ကို အသာတို့ထိကြည့်သည်။

ဝါဂွမ်းစလေးထဲ လက်ချောင်းများ တိုးဝင်သွားသည့်နှယ် ခံစားလိုက်ရသည်။

“မသင့်တော်ပါဘူးလေ”

ရှည်လျားသည့် သက်ပြင်းတစ်ခုချကာ ရှုယင်ကိုမူ သူမအိပ်ခန်းဆီသယ်ပို့ပေးပြီးနောက် ပြန်လည်ထွက်ခွာလာခဲ့တော့သည်။ ယန်ချန်မသိသည်က သူပြန်ထွက်သွားချိန်၌ ရှုယင်၏ မျက်လုံးအစုံက ဖျတ်ခနဲ ပွင့်လာခြင်း ဖြစ်ပေသည်။

……………………………………

All Chapters