← Chapters

အခန်း (၂၆၃)

Vol. 24 Ch. 263

အခန်း (၂၆၃)

Vol. 24 Ch. 263

အပိုင်း (၂၆၃)

ထိုစဉ်မှာပင် မိန်းမစိုးလျှူ ဝင်လာပြီး - "အရှင်မင်းကြီး... မိန်းကလေး ယောင်ယောင်က ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်ကို ခေါ်လာပြီး အရှင်နဲ့တွေ့ဖို့ ရောက်နေပါတယ်" ဟု လျှောက်တင်လေသည်။

လင်းပိုင်ဖန် ပြုံးလိုက်မိသည်။ သူတို့ စစ်မြေပြင်ကို ရောက်လာကတည်းက သူ သတိပြုမိပြီးသားဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ စကားပြောမှဆင့် ကြားသိရတာက ထိုအမျိုးသမီးမှာ ယောင်ယောင်၏ ဆရာမဖြစ်ပြီး အဆင့်အတန်းနှင့် ခွန်အားမှာလည်း သာမန်မဟုတ်ကြောင်း သူ သိထားသည်။ ယောင်ယောင်က သူ့ကို ကယ်တင်ရန်အတွက် ဆရာမကို အတင်းခေါ်လာခဲ့ခြင်းပင် ဖြစ်ရပေမည်။

‘ဒီကောင်မလေးကို ငါ အလိုလိုက်ခဲ့တာ အလကားတော့ မဟုတ်ဘူးပဲ၊ ဟီးဟီး...’

"သူတို့ကို ဝင်ခွင့်ပြုလိုက်"

ခဏအကြာတွင် အမျိုးသမီးနှစ်ဦး ဝင်လာကြသည်။ ပုံမှန် လင်းပိုင်ဖန်၏ ရှေ့တွင် အမြဲ ဆူညံနေတတ်သော ယောင်ယောင်မှာ ယခုမူ ထိုအမျိုးသမီး၏ နောက်တွင် အလွန် လိမ်မာယဉ်ကျေးစွာ ကပ်ပါလာသည်။ ထိုအမျိုးသမီးမှာ အသက် ၂၀ ကျော်ခန့်သာ ထင်ရသော်လည်း ရင့်ကျက်တည်ငြိမ်သော အလှတရားနှင့် မြင့်မြတ်သော အရှိန်အဝါ ရှိနေသည်။ သူမသည် တည်ငြိမ်ကာ လှပနေသော ကြာပန်းလေးတစ်ပွင့်ကဲ့သို့ အေးချမ်းလှပသော်လည်း သူမကို လျှော့တွက်၍မရပေ။ သူမမှာ ကောင်းကင်အဆင့်ရဲ့ အထွတ်အထိပ် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ မာန်တက်နေသော မဟာရွှယ် ဧကရာဇ်ပင်လျှင် သူမရှေ့တွင် ၁၀ ကွက်ထက်ပို၍ တောင့်ခံနိုင်မည် မဟုတ်ချေ။

လင်းပိုင်ဖန်က သူမကို အကဲခတ်နေသလို သူမကလည်း လင်းပိုင်ဖန်ကို အကဲခတ်နေသည်။ သူမသည် လင်းပိုင်ဖန် ၏ မျက်လုံးထဲတွင် အခြားသော ဧကရာဇ်များထက် သာလွန်နေသည့် ယုံကြည်ချက်တို့ကို တွေ့လိုက်ရသည်။ ထိုယုံကြည်ချက်မှာ အာဏာကို အမှီပြုခြင်းထက် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသော စစ်မှန်သည့် သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါနှင့် ပိုတူနေသည်။

ဒါ့အပြင် သူမသည် လင်းပိုင်ဖန်ထံတွင် ထူးခြားသည့် အရှိန်အဝါ တစ်ခုကို သတိပြုမိလိုက်သည်။ အဲ့ဒါကတော့ 'အရာအားလုံးဟာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်’ ဆိုသည့် အချက်ပင် ဖြစ်သည်။

သူ၏ မျက်လုံးများက သူတို့၏ လာရောက်ခြင်းကို ကြိုသိနေသည့်အလား အရာအားလုံးကို ဖောက်ထွင်း မြင်နေရသကဲ့သို့ပင်။

"မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဇီလျိုလီက အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်"

ဤစကားကြောင့် အားလုံးမှာ တုန်လှုပ်သွားကြသည်။ "မိစ္ဆာဂိုဏ်းချုပ်လား?၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မိစ္ဆာခေါင်းဆောင်ကြီးက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ၊ အရှင်မင်းကြီးကို ကာကွယ်ကြ"

လင်းပိုင်ဖန်က အေးအေးဆေးဆေးပင် လက်ကာပြလိုက်ပြီး - "မိစ္ဆာဂိုဏ်းချုပ် ရောက်လာတာကို ကြိုဆိုပါတယ်" ဟု ပြုံးကာ ဆိုလိုက်သည်။

ဇီလျိုလီကလည်း ပြုံးလိုက်ပြီး - "ကျွန်မက လူတွေ ကြောက်ကြတဲ့ မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါပဲ၊ အရှင်မင်းကြီး မကြောက်ဘူးလား"

"ဘာကြောက်စရာ ရှိလို့လဲ" လင်းပိုင်ဖန် က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည် - "မိစ္ဆာပဲဖြစ်ဖြစ်၊ ဗုဒ္ဓပဲ ဖြစ်ဖြစ် ငါကိုယ်တော်အတွက်တော့ အတူတူပဲ၊ အကျိုးစီးပွားအတွက် ရုန်းကန်နေကြတာပါပဲ။ ငါကိုယ်တော်ကလည်း တိုင်းပြည်အတွက် အများကြီး လုပ်ပေးနေပေမဲ့ လူတွေက ငါကိုယ်တော်ကို 'မိုက်မဲတဲ့ ဧကရာဇ်' လို့ပဲ ဆဲနေကြတာပဲ မဟုတ်လား"

"စကားပြောတာ တကယ်ကို ထိမိလှပါတယ်" ဇီလျိုလီက ချီးကျူးလိုက်သည်။ ထို့နောက် သူမက “ ကျွန်မက မိစ္ဆာဂိုဏ်းရဲ့ ခေါင်းဆောင်ဆိုပေမယ့် ဆိုးရွားလှတဲ့ လုပ်ရပ်တွေကို အများကြီး မလုပ်ခဲ့ဖူးဘူး။ တာအိုဂိုဏ်းနဲ့ ဗုဒ္ဓဘာသာဂိုဏ်းတွေက ဖြောင့်မတ်တဲ့ဂိုဏ်းတွေလို့ ထင်ရပေမယ့် သူတို့ကလည်း လေးစားထိုက်တဲ့ သူတွေ မဟုတ်ကြဘူး။ အရာအားလုံးက အကျိုးစီးပွားအတွက် ရုန်းကန်နေကြရတာပဲ”

“ မင်းက ဂိုဏ်းချုပ်ဆိုရင် ယောင်ယောင်ကရော ဘာလဲ”

လင်းပိုင်ဖန်က သူမ၏ နောက်မှ အလှလေးကို ညွှန်ပြပြီး အပြုံးဖြင့် မေးလိုက်သည် “ သူမရဲ့ အဆင့်အတန်းကရော ဘာလဲ”

ဇီလျိုလီဟာ ယောင်ယောင်ကို ညွှန်ပြကာ သူမ၏ တပည့်မလေးမှာ မိစ္ဆာဂိုဏ်း၏ ‘မြင့်မြတ်သော သမီးပျို’ ဖြစ်ကြောင်း မိတ်ဆက်ပေးလိုက်သည်။

လင်းပိုင်ဖန်က လူများကို ဖယ်ခိုင်းလိုက်ပြီး ဇီလျိုလီ၊ ယောင်ယောင်၊ မိန်းမစိုး လျှူနှင့် ဓားအဖိုးအိုတို့သာ ကျန်ခဲ့သည်။ ဓားအဖိုးအိုမှာလည်း 'ကိုးမျက်လုံး ကြာစေ့' ကြောင့် ဒဏ်ရာများ အကုန်ပျောက်ကင်းသွားရုံသာမက ယခုဆိုလျှင် ကောင်းကင်အဆင့်သို့ ရောက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဇီလျိုလီက သူမ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပင် ပြောလာသည် - "ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီး တိုးမြှင့်ချင်ပါတယ် အရှင်မင်းကြီး။ အရှင်က မဟာရှနိုင်ငံကို အချိန်တိုအတွင်းမှာ မင်းဆက်အဆင့်နီးပါးအထိ တိုးတက်အောင် လုပ်နိုင်ခဲ့တာ အံ့သြဖို့ ကောင်းလှပါတယ်။ ဒါပေမဲ့ အခု အရှင်မင်းကြီးက အခက်အခဲကြီးတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်"

"အရှင်မင်းကြီးက ကြီးမြတ်တဲ့ မျိုးနွယ်စုတွေ အားလုံးကို ရန်စမိထားတယ်၊ စီးပွားရေးအရ ပိတ်ဆို့ခံထားရသလို အရည်အချင်းရှိတဲ့ လူအင်အားစုကလည်း သိပ်ကို နည်းလွန်းတယ်။ အခု မဟာရှရဲ့ နယ်မြေက ကျယ်ပြန့်လာပြီ၊ လူဦးရေကလည်း သန်း ၅၀ အထိ ရှိနေပြီ။ ဒီလောက် လူအနည်းငယ်လေးနဲ့ အရှင်မင်းကြီး တိုင်းပြည်ကို ဘယ်လို စီမံမှာလဲ၊ အခု မဟာရှက 'အပြင်ပန်းက ကြည့်ရင် ကြီးမားပေမဲ့ အတွင်းပိုင်းက ဟောင်းလောင်းဖြစ်နေတဲ့' အခြေအနေမျိုး ဖြစ်နေပါတယ်"

"ဒါပေမဲ့ ကျွန်မတို့ မိစ္ဆာဂိုဏ်းနဲ့ ပူးပေါင်းရင် ဒါတွေ အကုန်ဖြေရှင်းနိုင်ပါတယ်။ ကျွန်မတို့မှာ နိုင်ငံပေါင်း ၁၀၀ ကျော်ရဲ့ စီးပွားရေး ကွန်ရက်ရှိတယ်။ မဟာရှရဲ့ ကုန်ပစ္စည်းတွေကို ရောင်းပေးနိုင်သလို လိုအပ်တဲ့ အရင်းအမြစ်တွေကိုလည်း သယ်ပေးနိုင်တယ်။ လူအင်အား လိုချင်ရင်လည်း ကျွန်မတို့မှာ နှစ်ပေါင်းထောင်ချီ စုဆောင်းထားတဲ့ ပါရမီရှင်တွေ အများကြီးရှိတယ်။ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၀ ကျော်တောင် အရှင့်မင်းကြီးအတွက် ကျွန်မတို့ ထုတ်ပေးနိုင်တယ်"

မိန်းမစိုး လျှိုနှင့် ဓားအဖိုးအိုတို့ မျက်လုံးပြူးသွားကြသည်။ မဟာရှမှာ နှစ်နှစ်လုံးလုံး ကြိုးစားပြီးမှ ချီဖွဲ့တည်ခြင်းအဆင့် ၂၀ ပဲ စုဆောင်းနိုင်ခဲ့တာကို မိစ္ဆာဂိုဏ်းက ၃၀ တောင် ပေါ့ပေါ့ပါးပါး ကမ်းလှမ်းလာခြင်း ဖြစ်သည်။

"ဒါ့အပြင် မဟာရှမှာ ကောင်းကင်အဆင့် သိုင်းပညာရှင် မရှိသေးဘူး မဟုတ်လား၊ ကျွန်မတို့ဆီမှာ ရှိပါတယ်။ လိုအပ်ရင် ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက်ကို အရှင်မင်းကြီးဆီ စေလွှတ်ပေးနိုင်သလို ကျွန်မကိုယ်တိုင်လည်း ဝင်ကူညီပေးနိုင်ပါတယ်"

မိန်းမစိုးလျှူနှင့် ဓားအဖိုးအိုတို့ ထပ်မံ ထိတ်လန့်သွားရပြန်သည်။ မိစ္ဆာဂိုဏ်းက တကယ်ကို အင်အားကြီးမားလွန်းလှသည်။ ဤကမ်းလှမ်းချက်သာ အောင်မြင်ခဲ့လျှင် မဟာရှသည် တစ်ညအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်သွားနိုင်ပေလိမ့်မည်။

သို့သော် လင်းပိုင်ဖန်ကမူ အေးအေးဆေးဆေးပင် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး စားပွဲကို ခေါက်ကာ တိုက်ရိုက်မေးလိုက်သည် - "မင်းတို့ရဲ့ အခြေအနေက ဘာလဲ"

"မိစ္ဆာဂိုဏ်းကို မဟာရှနိုင်ငံအတွင်းမှာ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ခွင့် ပေးဖို့ပါပဲ" ဇီလျိုလီက ပြန်ဖြေလိုက်သည်။

ဤအချက်မှာ လင်းပိုင်ဖန် ထင်ထားသည့်အတိုင်းပင်။ သို့သော် သူမ ကမ်းလှမ်းသည့် အကျိုးကျေးဇူးများမှာ လိုတာထက် ပို၍ များပြားလွန်းနေသည်။ မဟာရှက အခုမှ မင်းဆက်အဆင့်နီးပါးပဲ ရှိသေးတာကို သူမက ဘာလို့ ဒီလောက်အထိ အရင်းအနှီး အများကြီး စိုက်ထုတ်ချင်နေရတာလဲ၊ သူမမှာ ဘယ်လို အကြံအစည်တွေများ ရှိနေဦးမလဲ….?

All Chapters