← Chapters

ဝံပုလွေအုပ်စု၏ ဆင့်ကဲပြောင်းလဲခြင်း၊ ဝိညာဉ်ဆက်နွှယ်မှုနှင့် တောခွေးဘေးအန္တရာယ်

Vol. 3 Ch. 21

ဝံပုလွေအုပ်စု၏ ဆင့်ကဲပြောင်းလဲခြင်း၊ ဝိညာဉ်ဆက်နွှယ်မှုနှင့် တောခွေးဘေးအန္တရာယ်

Vol. 3 Ch. 21

သစ်ပင်အိမ်အတွင်းတွင် ဝိညာဉ်အရင်းအမြစ်အသီးကြောင့် ရရှိထားသော ပျော်ရွှင်မှုတို့သည် မြို့ရိုးအပြင်ဘက်မှ ရုတ်ချည်း တိုးဝင်လာသော တင်းမာမှုများအောက်တွင် ပြိုလဲပျက်စီးသွားရသည်။

အဝေးမှ ကြားနေရသော ဟိန်းဟောက်သံများသည် စူးရှရက်စက်လွန်းပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

“အီးယား... ဒီအသံက... တောခွေးတွေပဲ၊ တစ်အုပ်စုလုံးပါလား...” ရှောင်ယင်းမှာ ရွံရှာစက်ဆုပ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။

ရှောင်လန်ကမူ တည်ငြိမ်စွာဖြင့် “အုပ်စုတစ်ခုလုံးကရှုပ်ထွေးပြီး လောဘဇောတွေ ပြည့်နေတာပဲ... အကောင်သုံးဆယ်ကျော်တောင် ရှိတယ်၊ သူတို့ထဲက အချို့ရဲ့အငွေ့အသက်တွေက... ထူးချွန်အဆင့် ကိုတောင် ရောက်နေပြီ...” ဟု အခြေအနေကို ချက်ချင်း ဆန်းစစ်သုံးသပ်လိုက်သည်။

ဧကရီနှစ်ပါး၏ မျက်နှာကလေးများမှာ တင်းမာနေလျက် ရှိသည်။ သူတို့သည် မျိုးတူပဲ့တင်ထပ်သံမှတစ်ဆင့် လင်းထျန်းလုံထံမှ ထွက်ပေါ်နေသော အေးစိမ့်စိမ့် သတ်ဖြတ်လိုစိတ်များကို ရှင်းလင်းစွာ ခံစားနေရသည်။

နှင်းဝံပုလွေကျေးရွာ တစ်ခုလုံးသည် အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်ခုအလား ရှိနေသည် ။

တံတိုင်းအထက်တွင် လင်းထျန်းလုံ၏ ရေခဲပြာမျက်ဝန်းများသည် အဝေးတစ်နေရာကို စူးရှစွာ စိုက်ကြည့်နေခဲ့သည်။

တောအုပ်အစပ်တွင် အရိပ်မည်းများ လှုပ်ရှားနေပြီး မျက်ဝန်းများမှာ ရက်စက်ဟန်ရသည့် တောခွေးအကောင်သုံးဆယ်ကျော် ပေါ်ထွက်လာခဲ့သည်။

သူတို့သည် သွားများကို အစွမ်းကုန်ဖြဲထားကြပြီး ပါးစပ်မှသွားရည်များ တစက်စက်ကျနေကြသည်။ ခေါင်းဆောင်များသည် သန်မာထွားကျိုင်းပြီး သူတို့၏ အရှိန်အဝါမှာ အဆင့် (၁၀) ထူးချွန်အဆင့် သို့ ရောက်ရှိနေကြသည်။

‘မျှော်လင့်ထားတဲ့အတိုင်းပဲ... ဒီရုတ်ညံ့တဲ့ သားရဲတွေက ငါတို့ဆီက အကြွင်းအကျန်တွေကို လာစားချင်နေတာပဲ...’ ဟု လင်းထျန်းလုံ က မထီမဲ့မြင် ပြုလိုက်သည် ။

သူသည် ဟိန်းဟောက်၍ အမိန့်များကို ပြတ်သားစွာ ပေးလိုက်သည် ။ ဝံပုလွေအုပ်စုသည် ကာကွယ်ရေး တည်နေရာများကို ချက်ချင်းယူလိုက်ကြသည်။

ရန့်မြဲ့၏ ပတ်ဝန်းကျင်တွင် အအေးဓာတ်များ ဝန်းရံလာပြီး သူ၏ ရေခဲပြာမျက်ဝန်းများဖြင့် ရန်သူ့ခေါင်းဆောင်ထံသို့ စိုက်ကြည့်နေခဲ့သည်။

ထိုစဉ် အပြောင်းအလဲတစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာခဲ့သည်။ ဝိညာဉ်အရင်းအမြစ်အသီး၏ ဆေးစွမ်းများကြောင့်လော သို့မဟုတ် စိတ်လှုပ်ရှားမှုကြောင့်လော မသိ။

ဧကရီနှစ်ပါး၏ ဝိညာဉ်အတွင်းတ်ွု ထူးခြားသော ပဲ့တင်ထပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့နှစ်ဦးကြားတွင် စကားပြောရန် မလိုဘဲ စိတ်ချင်းဆက်သွယ်နိုင်သော လမ်းကြောင်းတစ်ခုပွင့်သွားလေသည်။

“ဟင်... ဒါက... စိတ်ချင်းဆက်သွယ်တာလား၊ ဒီအသီးက ဒီလို အစွမ်းမျိုး ရှိတာလား...” ရှောင်လန်က အံ့ဩသွားခဲ့သည်။

ရှောင်ယင်းကလည်း “ဘုရားရေ... ဘာတွေဖြစ်ကုန်တာလဲ၊ နင်ပြောတာတွေကို ငါ့ခေါင်းထဲမှာ တိုက်ရိုက်ကြားနေရတယ်...”

မိစ္ဆာဧကရီနှင့် လူသားဧကရီတို့နှစ်ဦးလုံး ထိတ်လန့်ခြောက်ခြားကုန်ကြသည်။

“စိတ်အေးအေးထား... ဒါက ငါတို့ရဲ့ ဝိညာဉ်အခြေအနေနဲ့ ပြင်ပဖိအားတွေကြောင့် ဖြစ်လာတာပဲ၊ ယာယီလည်း ဖြစ်နိုင်တယ်...” ရှောင်လန်က သတိပေးလိုက်သည်။

“သိပ်တော့မဆိုးပါဘူး... ဒါက ‘အီးယား အီးယား’ အော်နေရတာထက် ပိုအဆင်ပြေတာပဲ၊ အပြင်က အခြေအနေကတော့ တကယ့်ကို ဆိုးရွားနေပြီ...” ရှောင်ယင်းမှာတော့ လက်ရှိအခြေအနေကို ချက်ချင်းလက်ခံလိုက်သည်။

ဤစိတ်ချင်း ဆက်သွယ်မှုမှတစ်ဆင့် သူတို့သည် တစ်ဦး၏အတွေးကို တစ်ဦးက ပိုမိုရှင်းလင်းစွာ သိမြင်လာကြရုံသာမက လင်းထျန်းလုံဆီမှ စစ်တလင်း မြင်ကွင်းများကိုပါ မျှဝေခံစားမိလာကြသည် ။

“အများကြီးပဲ... ဝံပုလွေဖေဖေ တောင့်ခံနိုင်ပါ့မလား...” ရှောင်ယင်းက စိုးရိမ်တကြီး မေးလိုက်သည်။

“သူ့ကို ယုံကြည်လိုက်ပါ... ငါတို့လည်း တစ်ခုခု လုပ်ရမယ်၊ ဒီဝိညာဉ်ဆက်နွှယ်မှုက သူ့ရဲ့ အခြေအနေကို ပိုသိစေတယ်... သူ့ရဲ့ စိတ်ဆန္ဒက ခိုင်မာပေမယ့် အုပ်စုချင်းယှဉ်ရင် အကောင်ရေက အရမ်းကွာလွနနေတယ်...” ရှောင်လန်မှာ အဖြေရှာရန် ကြိုးစားနေခဲ့သည်။

“တောက်စ်... ငါ့ရဲ့ စွမ်းအားတွေသာ ရှိသေးရင်...” ရှောင်ယင်းက မကျေမနပ် ရေရွတ်လိုက်သည် ။

“အဲဒါတွေ ပြောနေလို့ အပိုပဲ၊ သေချာအာရုံစိုက်စမ်းပါ... ဒီဆက်နွှယ်မှုကတစ်ဆင့် ငါတို့ရဲ့ သူ့အပေါ်ယုံကြည်ချက်တွေကို ပို့ပေးရအောင်၊ အားဖြည့်ပေးတာမျိုးပေါ့...” ရှောင်လန်က အကြံပြုလိုက်လေသည်။

သူမတို့နှစ်ဦးလုံးသည် အားနည်းသော ကလေးခန္ဓာကိုယ်လေးများနှင့် ဖြစ်နေကြသဖြင့် မကူညီနိုင်သော်လည်း သူမတို့၏ ခိုင်မာသော စိတ်ဆန္ဒများကို မျိုးတူပဲ့တင်ထပ်သံမှတစ်ဆင့် လင်းထျန်းလုံထံသို့ ပို့လွှတ်လိုက်ကြသည်။

တံတိုင်းအထက်တွင် လင်းထျန်းလုံ ရုတ်ရက် တန့်သွားလေသည်။

‘ဟင်... ဘာဖြစ်တာလဲ... မျိုးတူပဲ့တင်ထပ်သံရဲ့ အစွမ်းက ပိုပြီးပြင်းထန်လာသလိုပဲ၊ ဝံပုလွေအုပ်စုရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်က ပိုပြီး စုစည်းသွားတာကြောင့်များလား...’ ဟု သူက အံ့အားသင့်စွာ တွေးလိုက်သည်။

သို့သော် သူ စဉ်းစားနေရန် အချိန်မရှိတော့ချေ။ တောခွေးအုပ်စုသည် ဒီရေလှိုင်းလုံးကြီးအလား စတင်ပြေးဝင်လာကြပြီပဲ ဖြစ်သည်။

“အာဝူးး...” လင်းထျန်းလုံသည် တိုက်ခိုက်ရန် အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်ကလည်း ငွေရောင်လျှပ်စီးတန်းတစ်ခုအလား ရန်သူ့ခေါင်းဆောင်ထံသို့ ခုန်အုပ်လိုက်သည်။

သူ၏နောက်မှ ဝံပုလွေအုပ်စုသည် ထူးခြားသော အစွမ်းအစများဖြင့် ရန်သူအုပ်စုကို ရဲရဲဝံ့ဝံ့ လိုက်ပါရင်ဆိုင်နေကြသည်။

ရန့်မြဲ့မှာလည်း သူ၏ အေးခဲဟိန်းသံကို အသုံးပြုကာ ရှေ့ဆုံးမှ တောခွေးများ၏အရှိန်ကို နှေးကွေးအောင်လုပ်နေခဲ့သည်။

သစ်ပင်အိမ်အတွင်းတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ မောပန်းနေသော်လည်း ဝမ်းသာနေခဲ့ကြသည် ။ “အောင်မြင်ပြီ... နည်းနည်းလေးဆိုပေမယ့် ငါတို့ ကူညီနိုင်ခဲ့ပြီ...” ရှောင်ယင်းမှာ ၀မ်းသာအားရ ပြောလိုက်လေသည်။

“အင်း... အာရုံစိုက်ထားဦး... ငါတို့ လုပ်နိုင်တာက အရင်လို ရပ်ကြည့်နေဖို့တင် မဟုတ်တော့ဘူး...” ရှောင်လန်ကတော့ ထုံးစံအတိုင်း တည်ငြိမ်နေဆဲပင်။

သူတို့သည် မျက်လုံးများကို ပြန်မှိတ်ကာ ထိုထူးခြားသော ဝိညာဉ်ဆက်သွယ်မှုကို ထိန်းသိမ်းရင်း အပြင်ဘက်မှ တိုက်ပွဲကို တိတ်တဆိတ် ပံ့ပိုးပေးနေခဲ့ကြသည်။

ဤနည်းဖြင့် ဝံပုလွေဘုရင် ၊ ဝံပုလွေအုပ်စု နှင့် သမီးတော်နှစ်ပါးကြားတွင် စကားလုံးများဖြင့် ဖော်ပြ၍မရသော နက်ရှိုင်းသည့် သံယောဇဉ်တစ်ခု ဖြစ်ပေါ်လာနေတော့သည်။

All Chapters