← Chapters

သွေးမျိုးဆက် နိုးထခြင်း၊ ဝံပုလွေပြာသွေးမျိုးဆက်

Vol. 3 Ch. 26

သွေးမျိုးဆက် နိုးထခြင်း၊ ဝံပုလွေပြာသွေးမျိုးဆက်

Vol. 3 Ch. 26

အင်အားကြီးမားသော ရန်သူကို အောင်မြင်စွာ သတ်ဖြတ်ပြီးနောက် ခန္ဓာကိုယ်ခုခံနိုင်စွမ်းမြှင့်တင်ခြင်း ပင်ကိုစွမ်းရည်ကို လုယူနိုင်ခဲ့ရာ လင်းထျန်းလုံ အနေဖြင့် ဤတိုးတက်မှု အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။

သူသည် စိတ်ထဲမှနေ၍ “စုပ်ယူမယ်” ဟု တိတ်တဆိတ် ရေရွတ်လိုက်သည်နှင့် တစ်ပြိုင်နက် သန့်စင်ပြီးကြီးမားသော စွမ်းအင်လှိုင်းကြီးက ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာကာ သွေးကြောများနှင့် အရိုးအဆစ်များဆီသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားတော့သည်။

“ဒီစွမ်းအားက... ငါထင်ထားတာထက်တောင် ပိုပြီးပြင်းထန်နေပါ့လား”

သူသည် မထိန်းချုပ်နိုင်ဘဲ ခေါင်းမော့ကာ ခန့်ညားသော ကြွေးကြော်သံတစ်ချက်ကို ဟိန်းဟောက်လိုက်သည်။

၎င်းသည် အောင်ပွဲခံခြင်းသာမက သူ၏ခန္ဓာကိုယ် တိုးတက်ပြောင်းလဲသွားခြင်းကိုပါ လောကကြီးအား ကြေညာလိုက်ခြင်းပင်။

နေဝင်ရီတရောအချိန်၊ လိမ္မော်ရောင် အလင်းတန်းများမှာ တောင်တန်းနှင့်တောအုပ်တစ်ခုလုံးကို လွှမ်းခြုံထားပြီး သူ၏ ငွေရောင်အမွေးအမျှင်များနှင့် ခြေရင်းရှိ ခေါင်းနှစ်လုံးဝံပုလွေဘုရင်၏ အေးစက်စပြုနေသော အလောင်းထက်တွင်ပါ ထင်ဟပ်နေခဲ့သည်။

ဤတိုက်ပွဲသည် အမှန်တကယ် ပင်ပန်းခက်ခဲခဲ့သော်လည်း ရရှိလာသော ဆုလာဘ်များမှာ အလွန်ပင် ထိုက်တန်လှသည်။

ခန္ဓာကိုယ်ခုခံနိုင်စွမ်းမြှင့်တင်ခြင်း (အဖြူ)၏ အာနိသင်သည် သူ၏မူလအခြေခံစွမ်းရည်များနှင့် ပေါင်းစပ်သွားသောအခါ ခန္ဓာကိုယ်အတွင်းတွင် ပြောင်းလဲမှုများ သိသိသာသာ ဖြစ်ပေါ်လာခဲ့သည်။

တစ်ကိုယ်လုံးတွင်ရှိသည့် အရိုးများမှာ ကျိုးကြေသွားသကဲ့သို့ မဟုတ်ဘဲ စနစ်တကျ ပြန်လည်ညှိယူနေသကဲ့သို့ တဂျစ်ဂျစ် အသံများမြည်လာခဲ့သည်။

ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအသေးအဖွဲများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ပြတ်တောက်သွားသော ကြွက်သားမျှင်များမှာလည်း ယခင်ကထက် ပိုမိုတောင့်တင်းစွာ ပြန်ဆက်သွားကြသည်။

ထူးခြားသည်တစ်ခုက သူ၏ကိုယ်ဟန်မှာ အဆမတန် ကြီးထွားမလာဘဲ ပိုမိုကျစ်လျစ်ကာ ပြေပြစ်သော အချိုးအစားအတိုင်း ဖြစ်လာခြင်းပင်။

ထိုကျစ်လျစ်သည့်ခန္ဓာကိုယ်ထဲတွင် ပိုမိုပြင်းထန်သော စွမ်းအင်များ ကိန်းအောင်းနေသည်။ ငွေရောင်အမွေးအမျှင်များ၏ အရောင်မှာလည်း ယခင်ကထက် ပိုမိုနက်ရှိုင်းလာကာ ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့် အပြာရောင် အလင်းတန်းများမှာ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးအလား ဖြတ်သန်းနေကြသည်။

“ဒီခံစားချက်က... ရုပ်ပိုင်းဆိုင်ရာတင် သန်မာလာတာမဟုတ်ဘူး၊ ပိုပြီးနက်ရှိုင်းတဲ့ အရာတစ်ခုကို ထိတွေ့လိုက်ရသလိုပဲ...” လင်းထျန်းလုံ တွေးနေခဲ့သည်။

သူ၏ ပြောင်းလဲမှုမှာ အဖြူရောင် ပင်ကိုစွမ်းရည်တစ်ခုမှ ပေးစွမ်းနိုင်သောအရာထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် စနစ်၏အသိပေးသံက သူ၏ဦးနှောက်အတွင်းတွင် ဟိန်းထွက်လာပြန်သည်။

[စနစ် အသိပေးချက် - အိမ်ရှင်သည် အခြေခံ ခန္ဓာကိုယ်မြှင့်တင်ခြင်း စွမ်းရည် သုံးမျိုးဖြစ်သော ခွန်အားမြှင့်တင်ခြင်း (အဖြူ) ၊ အရှိန်မြှင့်တင်ခြင်း (အစိမ်း) နှင့် ခန္ဓာကိုယ်ခုခံနိုင်စွမ်းမြှင့်တင်ခြင်း (အဖြူ) တို့ကို စုဆောင်းမိသွားပြီ ဖြစ်သည်။ ဖုံးကွယ်နေသော အခြေအနေများ (ဘုရင်သွေးမျိုးဆက်နှင့် ပြင်းထန်သောတိုက်ပွဲဗီဇ) နှင့် ကိုက်ညီသွားသဖြင့် ‘နှင်းဝံပုလွေဖိနှိပ်ခြင်း (အဖြူ)’ သည် ဆင့်ကဲပြောင်းလဲသွားပြီး အထူးပင်ကိုစွမ်းရည်ဖြစ်သော ‘ဝံပုလွေပြာအမွေခံသွေးမျိုးဆက် (ခရမ်းရောင်)’ အဖြစ်သို့ တိုးတက်သွားပြီ ဖြစ်သည်။]

[ဝံပုလွေပြာအမွေခံသွေးမျိုးဆက် (ခရမ်းရောင်) - သွေးမျိုးဆက် အမျိုးအစား ပင်ကိုစွမ်းရည်ဖြစ်သည် ။ နှင်းဝံပုလွေဘုရင်မျိုးနွယ်ဝင်များထဲမှ ခန္ဓာကိုယ်ကို လက်ရှိကန့်သတ်ချက်အထိ မြှင့်တင်နိုင်ပြီး ရှေးဟောင်းသွေးမျိုးဆက် နိုးထလာသူများသာ ရရှိနိုင်သည်။ ပိုင်ရှင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် (၂၀) ရာခိုင်နှုန်း တိုးတက်သွားပီ ဖြစ်ပြီး ပါရမီရှင်အဆင့်အောက်ရှိ မိစ္ဆာသားရဲများအပေါ် အကြွင်းမဲ့ဖိနှိပ်နိုင်စွမ်း ရှိသည် ။ ဝံပုလွေမျိုးနွယ်စုများအပေါ်ဆိုလျှင် ထိုအာနိသင်မှာ နှစ်ဆ ဖြစ်လိမ့်မည်။]

“ခရမ်းရောင် ပင်ကိုစွမ်းရည်ပဲ ၊ ဒါတင်မကဘူး... သွေးမျိုးဆက် ပါရမီတဲ့လား” လင်းထျန်းလုံသည် အလွန်အမင်း တုန်လှုပ်သွားပြီးနောက် ဝမ်းမြောက်၀မ်းသာသည့် ခံစားချက်များ ပေါက်ကွဲထွက်လာလေသည်။

“အခြေခံစွမ်းရည်မြှင့်တင်မှု သုံးခုကို စုစည်းလိုက်တာက ဒီလိုမျိုး အဆင့်မြင့်တဲ့ ရလဒ်ကို ထွက်ပေါ်လာစေတယ်တဲ့လား”

ဤရုတ်တရက် ပြောင်းလဲမှုကြီးသည် အချက်ပြမီးတစ်ခုအလား ရှိနေပြီး ထျန်ရှန်းတောင်တန်းနှင့် တောအုပ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ မမြင်ရသော အင်အားတစ်ခု၏ ဆွဲငင်မှုကြောင့် လင်းထျန်းလုံထံသို့ ရူးသွပ်စွာ စုပြုံတိုးဝင်လာကြတော့သည်။ တောင်လေများငြိမ်သက်သွားပြီး သစ်ပင်များမှာ လေမတိုက်ဘဲ ဝေ့ယမ်းနေကြသည်မှာ အသစ်နိုးထလာသော သွေးမျိုးဆက်ဘုရင်ကို အရိုအသေ ပေးနေကြသကဲ့သို့ပင်။

“ဂျွတ်...” ခန္ဓာကိုယ်အတွင်းရှိ အတားအဆီးတစ်ခု ပွင့်ထွက်သွားသကဲ့သို့ သူခံစားလိုက်ရသည်။

[ထူးချွန်အဆင့် (၁၉) သည် အပြည့်အဝ တည်ငြိမ်သွားပြီ ဖြစ်သည်။]

ပြင်းထန်လှသော အရှိန်အဝါတစ်ခု လက်ခနဲပေါ်လာပြီးနောက် ပြန်လည် ငြိမ်သက်သွားသည်။ ယခုအချိန်တွင် လင်းထျန်းလုံ ၏ ကိုယ်ဟန်မှာ ယခင်ကထက် ပိုမိုသွယ်လျသွားသော်လည်း ကြွက်သားမျှင်တိုင်းမှာ ပိုမိုကျစ်လစ်ခိုင်ခံ့လာခဲ့ပီ ဖြစ်သည်။

ခွန်အား ၊ အရှိန်နှင့် ခုခံနိုင်စွမ်းတို့မှာ အချိုးကျကျ ပေါင်းစပ်သွားပြီး သူ၏စွမ်းအားမှာလည်း အဆင့်သစ်တစ်ခုသို့ ခုန်တက်သွားခဲ့လေသည်။

သူ၏ သွေးမျိုးဆက် အချက်အလက်မှာလည်း [နှင်းဝံပုလွေဘုရင် - ဝံပုလွေပြာအမွေခံသွေးမျိုးဆက်] အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သစ်ပင်အိမ်အတွင်းရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ ထိုထူးခြားသော ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုနှင့် ရင်တုန်စရာကောင်းသော အရှိန်အဝါကို ခံစားမိလိုက်ကြသည်။

“အီးယား... (ဘာဖြစ်ပြန်တာလဲ၊ ဝံပုလွေဖေဖေရဲ့ အရှိန်အဝါက... ပြောင်းလဲသွားပြန်ပြီ...)” ရှောင်ယင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ပိုပြီး နက်ရှိုင်းလာတယ်... ပိုပြီးတော့လည်း... ရှေးကျလာသလိုပဲ၊ သွေးမျိုးဆက်တစ်ခုလုံး ပြောင်းလဲသွားတာမျိုးပဲဟ...” ရှောင်လန်မှာလည်း မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

သူတို့နှစ်ဦးသည် အားယူ၍ ‘အာကာသနှင့်တသားတည်းဖြစ်ခြင်း’ ကို ထပ်မံအသက်သွင်းကာ အပြင်လောကကို အာရုံခံကြည့်ကြသည်။ (ဒီနေရာမှာ အာကာသနှင့်တသားတည်းဖြစ်ခြင်းက ရှေ့အပိုင်းတုန်းက ဧကရီနှစ်ယောက် စိတ်ခြင်းပေါင်းစပ်သွားပြီး ထူးခြားတဲ့အခြေအနေဖြစ်ပေါ်လာတာကိုပြောတာပါ)

“အဲဒါ... ဝံပုလွေဖေဖေလား၊ ရုပ်ပိုင်းဆိုင်ရာက သိပ်မကွာသွားပေမယ့် ငါခံစားနေရသလောက်တော့ ဝံပုလွေဖေဖေရဲ့ အငွေ့အသက်က အရင်နဲ့ လုံးဝမတူတော့ဘူး” ရှောင်ယင်းက အံ့ဩနေခဲ့သည်။

ဝိညာဉ်စွမ်းအင်ဖြင့် စူးစမ်းနေသော ရှောင်လန်၏ စိတ်ထဲတွင်လည်း တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ “အရင်က နှင်းဝံပုလွေဖိနှိပ်ခြင်းထက် အဆအများကြီး ပိုသန့်စင်ပြီး ပိုအားကောင်းလာတာပဲ... ဒါ... ဒါက... ဒီအဆင့်မှာတင် သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲသွားတာလား...”

ဧကရီနှစ်ပါး၏ သိမြင်နားလည်မှုများမှာ နောက်တစ်ကြိမ် ရိုက်ချိုးခံလိုက်ရပြန်သည်။ သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲခြင်းမှာ သူတို့၏ အတိတ်ဘဝတွင်ပင် အလွန်ရှားပါးပြီး ခက်ခဲလှသော ကိစ္စဖြစ်သည် ။ သို့သော် လင်းထျန်းလုံမှာတော့ ဒုတိယအကြိမ် ဝိညာဉ်စွမ်းအင် ဒီရေလှိုင်းအပြီး ထူးချွန်အဆင့် ၁၉ မှာတင် ၎င်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

“ဝံပုလွေဖေဖေက... တကယ်ပဲ ဘယ်လို သားရဲမျိုးလဲ” ဤသည်မှာ ဧကရီနှစ်ပါးလုံး၏ရင်ထဲတွင် တပြိုင်နက်တည်း ပေါ်လာသော အတွေးပင်။

အချိန်အတော်ကြာပြီးနောက် ပြောင်းလဲမှုများ လုံးဝဥဿုံ ပြီးဆုံးသွားသည်။ လင်းထျန်းလုံ

လင်းထျန်းလုံသည် သူ၏မျက်ဝန်းများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သူ၏ ရေခဲပြာမျက်ဝန်းများထဲတွင် ရှေးကျသော အမှတ်အသားများ စီးဆင်းနေခဲ့လေသည်။

သူသည် သူ့ခန္ဓာကိုယ်ထဲမှ ကြီးမားလွန်းသော စွမ်းအားအသစ်နှင့် ခရမ်းရောင် ပင်ကိုစွမ်းရည်ကို ခံစားရင်းအလွန် ကျေနပ်နေခဲ့သည်။

“ဝံပုလွေပြာအမွေခံသွေးမျိုးဆက်ရဲ့ အကျိုးသက်ရောက်မှုက တကယ့်ကို ကြီးမားလွန်းတာပဲ၊ ဒါတင်မကဘူး... အခြေခံ မြှင့်တင်မှုတွေ ပျောက်သွားပေမယ့် ငါ့ရဲ့စနစ်ကနေတစ်ဆင့် စွမ်းရည်သစ်တွေကို ထပ်ပြီး လုယူနိုင်သေးတယ်ဆိုတော့၊ ဒီလမ်းကတော့ မှန်နေပြီထင်တယ်”

“အာဝူး...”

ရန့်မြဲ့၏ အသံထွက်ပေါ်လာသဖြင့် လင်းထျန်းလုံ၏ အတွေးများ ပြတ်တောက်သွားရသည်။

တိုက်ပွဲမှာ အဆုံးသတ်သွားပြီဖြစ်ပြီး ကျန်ရှိသော ဝံပုလွေများကိုလည်း နှင်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် ရန့်မြဲ့နှင့် အုပ်စုဝင်များသည် ဖမ်းဆီးထားသော ဝံပုလွေမငါးကောင်ကို စောင့်ကြည့်နေကြသည်။

ထိုဝံပုလွေမများ၏အရောင်မှာ ပိုမိုဖြူဖွေးနေကာ အရွယ်အစား အနည်းငယ်သေးနေလေသည်။

သူတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ရှိနေဆဲဖြစ်ပြီး ဝံပုလွေပြာအမွေခံသွေးမျိုးဆက် အရှိန်အဝါ ပါဝင်နေသော လင်းထျန်းလုံ၏အကြည့်နှင့် ဆုံလိုက်ရသောအခါ သူတို့အားလုံး ဗီဇအရ ဒူးထောက်ဝပ်စင်းကာ အကြွင်းမဲ့အညံ့ခံကြောင်း အသံပေးလိုက်ကြသည်။

‘အင်း... မျိုးတူဝံပုလွေမငါးကောင်ပဲ၊ ဒါက အုပ်စုကိုချဲ့ထွင်ဖို့ အတွက်အကောင်းဆုံးပဲ' သူ၏စိတ်ထဲတွင် ဝံပုလွေအုပ်စု၏အနာဂတ်အတွက် အတွေးများဖြင့်သာ ပြည့်နက်နေခဲ့သည်။

သူက တိုးညင်းစွာ ဟိန်းဟောက်၍ အမိန့်ပေးလိုက်ရာ ဝံပုလွေအုပ်စုသည် စစ်တလင်းကို ရှင်းလင်းလိုက်ကြပြီး အဖွဲ့ဝင်သစ်ငါးကောင်ကို နှင်းဝံပုလွေကျေးရွာဆီသို့ ခေါ်ဆောင်လာကြတော့သည်။

ထိုသို့နှင့် ရှောင်လန်နှင့် ရှောင်ယင်းတို့၏ ‘နို့တိုက်အဖွဲ့’ မှာလည်း အင်အားကြီးမားလာခဲ့သည်။ လင်းထျန်းလုံ ၏ ဝံပုလွေမျိုးနွယ်စု ချဲ့ထွင်ရေး စီမံကိန်းသည်လည်း ပထမခြေလှမ်းကို တရား၉၀င် စတင်လိုက်ပြီ ဖြစ်သည်။

နောက်ရက်များအတွင်း နှင်းဝံပုလွေကျေးရွာသည် ပျော်ရွှင်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ သဘာ၀ဗီဇများ၏ တွန်းအားပေးမှုနှင့်အတူ ဝံပုလွေအုပ်စုမှာ မျိုးပွားရာသီသို့ ရောက်ရှိလာခဲ့သည်။

ညဉ့်နက်ပိုင်းတွင် ဟိန်းဟောက်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေခဲ့ပြီး ပျော်ရွှင်ခြင်း အနံ့အသက်များက လေထုထဲတွင် ဖုံးလွှမ်းနေခဲ့သည်။

သစ်ပင်အိမ်အတွင်း၌မူ ဧကရီနှစ်ပါးမှာ မျက်နှာကလေးများ နီမြန်းလျက် သူတို့၏ အာကာသနှင့်တသားတည်းဖြစ်ခြင်းကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။

“အီး... (ဒီဝံပုလွေတွေက... တကယ်ပဲ...)” ရှောင်ယင်းမှာ ဘာပြောရမှန်းမသိဖြစ်နေခဲ့သည်။ ရှောင်လန်ကတော့ သူ၏ ရှက်သွေးဖြာနေသော မျက်နှာလေးကိုဖုံးရင်း “ဒါက... သက်ရှိတွေ မျိုးပွားခြင်းဆိုတာ လောကကြီးရဲ့ သဘာဝနိယာမပဲလေ...” ဟု တည်ငြိမ်ဟန်ဆောင်ကာ ထုံးစံအတိုင်း ဆန်းစစ်‌ဖြေရှင်းပြနေဆဲပင်။

ထျန်ရှန်းတောင်တန်း၊ တောအုပ်ကြီး၏ ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်များကြောင့် အဖွဲ့ဝင်သစ် ဝံပုလွေမများမှာ သိပ်မကြာမီမှာပင် ကိုယ်ဝန်ရှိလာခဲ့ကြသည်။ နှင်းဝံပုလွေကျေးရွာ၏ အနာဂတ်မှာလည်း မျှော်လင့်ချက်အသစ်များဖြင့် လင်းလက်လာနေလေသည်။

လင်းထျန်းလုံသည် ဝိညာဉ်စွမ်းအင်များ အပြည့်အဝ နိုးထလာမည့်နေ့မှာ တစ်ရက်ထက်တစ်ရက် ပိုမိုနီးကပ်လာနေပြီဖြစ်ကြောင်း ခံစားမိနေသည်။

ပိုမိုကြီးမားလှသော အကူးအပြောင်း ဒီရေလှိုင်းကြီးမှာ သူတို့ထံသို့ ရိုက်ခတ်လာတော့မည်ပဲ ဖြစ်လေသည်။

All Chapters