← Chapters

အခန်း (၂၂၁)

Vol. 21 Ch. 221

အခန်း (၂၂၁)

Vol. 21 Ch. 221

📝အပိုင်း - ၂၂၁

ဘာသာပြန် - Na Gar🐉

အစတုန်းကတော့ အရှင်ကျားဟာ ဒီကိစ္စကို လှောင်ပြောင်ခဲ့တာပါ။

ဘာဖြစ်လို့လဲဆိုတော့ ကြက်တစ်ကောင်ကိုတောင် ဖမ်းဖို့ အင်အားမရှိတဲ့ ဒီစာပေပညာရှင်က တောင်ပေါ်တက်ပြီး ဓားပြလုပ်မယ်လို့ ပြောလာတာကိုး။ သူ့မှာ ဘာသစ္စာခံလက်ဆောင်မှလည်း မပါလာဘူးလေ၊ ဒါဟာ ဟာသတစ်ခု မဟုတ်ဘူးလား။

အဲဒီအချိန်မှာ စာပေပညာရှင်က ဒူးထောက်ပြီး ပြောခဲ့တယ်"ကျွန်တော့်ကို သုံးလပဲ အချိန်ပေးပါ"

သုံးလကြာပြီးတဲ့နောက်မှာ သူဟာ မေတောင်တန်းက ဓားပြတွေကို စနစ်တကျလေ့ကျင့်ထားတဲ့ စစ်တပ်တစ်ခုအဖြစ် ပြောင်းလဲပေးမယ်။ အကယ်၍ မအောင်မြင်ခဲ့ရင် သူကိုယ်တိုင် အသက်ပေးပြီး တောင်းပန်ပါ့မယ် တဲ့။

ဒါပေမဲ့ သူသာ အောင်မြင်ခဲ့ရင်တော့ သူ့အတွက် သတို့သမီးတစ်ယောက်ကို ပြန်ပေးဆွဲပေးဖို့နဲ့ လူသတ်ပေးဖို့ သူတို့က ကူညီရမယ်။

အရှင်ကျားက ဒါကို စိတ်ဝင်စားသွားပြီး သူ့ကို အခွင့်အရေး ပေးလိုက်တယ်။

သုံးလ ပြည့်သွားတဲ့အခါမှာတော့...

သူ့ရဲ့လူတွေဟာ တကယ်ပဲ တခြားလူတွေလို ပြောင်းလဲသွားခဲ့တယ်။ စစ်စည်းကမ်းတွေ တင်းကျပ်လာရုံတင်မကဘဲ စစ်ဗျူဟာ ခင်းကျင်းတာတွေကိုပါ တတ်မြောက်သွားကြတယ်။ ဒါဟာ မင်ပြည်နယ်ရဲ့ အစိုးရတပ်တွေအတိုင်းပဲ၊ မဟုတ်ဘူး... မင်ပြည်နယ် စစ်သားတွေထက်တောင် အများကြီး ပိုပြီး တောင့်တင်းကြံ့ခိုင်နေကြပြီ။

"ဆရာ... ဆရာက တကယ့် ပါရမီရှင်ပဲ"

အဲဒီအချိန်မှာ အရှင်ကျားက ဒူးထောက်လိုက်ပြီး ဘယ်လိုနည်းနဲ့မဆို ဒီလူကို သူ့ဘေးမှာ ထားရမယ်ဆိုတာ သိသွားခဲ့တယ်။ သူကချက်ချင်းပဲ သူ့ရဲ့ ညီအစ်ကိုတွေကို ဦးဆောင်ပြီး ဆရာ့အတွက် သတို့သမီး ပြန်ပေးဆွဲပေးဖို့ တောင်အောက်ကို ဆင်းခဲ့ကြတယ်။

ဒီစာပေပညာရှင်ဟာ ချမ်းသာတဲ့ မိသားစုက သမီးပျိုတစ်ယောက်နဲ့ အသေအလဲချစ်ကြိုက်ခဲ့ကြတာပါ။

အစတုန်းကတော့ အဲဒီချမ်းသာတဲ့ မိသားစုက မကန့်ကွက်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီစာပေပညာရှင်ဟာ ဆယ်မိုင်ပတ်လည်မှာ နာမည်ကြီးလောက်အောင် ရုပ်ရည်ချောမောသလို၊ တစ်နေ့မှာ ပညာရှိကြီး ဖြစ်လာလိမ့်မယ်လို့ အားလုံးက ထင်ကြေးပေးခဲ့ကြလို့ပဲ။ ဒါပေမဲ့ နှစ်တွေသာ ကုန်သွားတယ်၊ သူဟာ စာမေးပွဲတွေမှာ ထပ်ခါတလဲလဲ ကျရှုံးနေခဲ့တယ်။

နောက်ဆုံးမှာတော့ ဒီစာပေပညာရှင်ဟာ ဆယ်မိုင်ပတ်လည်မှာ လှောင်စရာ အရယ်ခံစရာ လူတစ်ယောက် ဖြစ်လာခဲ့ရတယ်။

အဲဒီ ချမ်းသာတဲ့ မိသားစုရဲ့ သဘောထားကလည်း ၁၈၀ ဒီဂရီ ပြောင်းလဲသွားပြီး သူ့ကို မောင်းထုတ်ခဲ့ကြတယ်။

နောက်ပိုင်းမှာ စာပေပညာရှင်နဲ့ သမီးပျိုလေးတို့ဟာ ခိုးပြေးဖို့ တိုင်ပင်ခဲ့ကြပေမဲ့ အမိခံလိုက်ရတယ်။ စာပေပညာရှင်ရဲ့ ခြေထောက်တွေ အရိုက်ခံခဲ့ရသလို၊ သမီးပျိုလေးကတော့ ဒေသခံအရာရှိတစ်ယောက်ရဲ့ သားတစ်ယောက်နဲ့ လက်ထပ်ဖို့ စေ့စပ်ခြင်း ခံလိုက်ရတယ်။

ဟေး..

ဒီလူက တကယ်ကို အချစ်ကြီးသလို၊ တကယ်လည်း ရက်စက်တဲ့လူဗျ..

သတို့သမီးကို ပြန်ပေးဆွဲပြီးတဲ့နောက်မှာ သူဟာ အဲဒီအရာရှိရဲ့ မိသားစုဝင် ၅၀ ကျော်လုံးကို တစ်ညတည်းနဲ့ သတ်ပစ်ခဲ့တယ်။ ယောကျ်ား၊ မိန်းမ၊ လူကြီး၊ ကလေး တစ်ယောက်မှ မချန်ခဲ့ဘူး။

အဲဒီနောက်မှာ စာပေပညာရှင်က အပြင်မှာပဲ ပုန်းနေပြီး မထွက်သွားသေးဘူး။

သူ ဘာလုပ်နေတာလဲလို့ မေးတဲ့အခါ စာပေပညာရှင်က "ပုန်းနေပြီး အပြင်မထွက်လာသေးတဲ့ ကလေးတွေ ရှိနေဦးမှာပဲ" လို့ ပြောခဲ့တယ်။

သူပြောတာ တကယ်မှန်နေတယ်..

တစ်နာရီလောက် ကြာတော့ မြေအောက်ခန်းထဲကနေ အသက် ၁၀ နှစ်မပြည့်သေးတဲ့ ကောင်လေးတစ်ယောက် ထွက်လာခဲ့တယ်။

စာပေပညာရှင်က သားသတ်ဓားနဲ့ သွားပြီး အဲဒီကောင်လေးရဲ့ ခေါင်းကို ဖြတ်ပစ်လိုက်တယ်။

သူ့မှာ အရည်အချင်းရှိသလို၊ သူဟာ အရမ်းလည်း ရက်စက်တယ်..

သူ ပြန်ရောက်လာတဲ့အခါမှာတော့ စာပေပညာရှင်ဟာ မေတောင်တန်းရဲ့ ဒုတိယခေါင်းဆောင် နေရာကို ရခဲ့တယ်။

အချိန်ကြာလာတာနဲ့အမျှ...

သူတို့ဟာ စာပေပညာရှင်ရဲ့ လက်ထဲမှာ မသေမျိုးပစ္စည်းဖြစ်တဲ့ ကောင်းကင်ဘုံကျမ်း ရှိနေတာကို သိလိုက်ရတယ်။

အဲဒီကျမ်းထဲမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို အသုံးချနိုင်တဲ့ ကျိီမင်ဗျူဟာ အမျိုးမျိုး ပါဝင်တယ်။ ဒီကျမ်းနဲ့ပဲ သူကတပ်သားတွေကို လေ့ကျင့်ပေးခဲ့တာ။

အရှင်ကျားနဲ့ တခြားလူအချို့ဟာ မကောင်းတဲ့ စိတ်ကူးတွေ ရှိခဲ့ကြသေးတယ်။

ဒါပေမဲ့ သူတို့ ကောင်းကင်ဘုံကျမ်းကို လုယူလိုက်တဲ့အခါမှာတော့ ဘာမှ သုံးစားလို့မရဘဲ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေတာကို တွေ့လိုက်ရတယ်။ နောက်ပိုင်းကျမှ သူတို့ သိလိုက်ရတာက ဒီစာပေပညာရှင်ဟာ ဖောက်ပြန်ပျက်စီးနေတဲ့ ဒါရှန်အင်ပါယာကို ဖြုတ်ချဖို့အတွက် မသေမျိုးတွေက ရွေးချယ်လိုက်တဲ့သူ ဖြစ်တယ်ဆိုတာပဲ။

ဒါကြောင့် ဒု-ခေါင်းဆောင်နေရာမှာရှိတဲ့ လျန်က အဓိက ခေါင်းဆောင် ဖြစ်လာခဲ့တယ်။

သူတို့ကတပ်သားတွေ စုဆောင်းပြီး ပုန်ကန်မှုကို စတင်ခဲ့ကြတယ်။

အစပိုင်းမှာတော့ ပြည်သူတွေရဲ့ တခဲနက် ထောက်ခံမှုကို ရခဲ့ကြတယ်။ မြို့တော်တော်များများဟာ ပြည်သူတွေက သူတို့ဘာသာ တံခါးဖွင့်ပြီး သူတို့ကို ကြိုဆိုခဲ့ကြတာ။

တဖြည်းဖြည်းနဲ့...

ဓားပြဗိုလ်ဖြစ်ခဲ့တဲ့ လျန်ကျိနျန်ကအခုတော့ စစ်သေနာပတိ လျန် ဖြစ်လာခဲ့ပြီ။

အဲဒီနောက်မှာ သူကအနောက်ချီနိုင်ငံရဲ့ ဧကရာဇ်နဲ့ ဆက်သွယ်နိုင်ခဲ့ပြီး ကောင်းကင်ဘုံကျမ်းကို သုံးပြီး မင်ကျိုးဘုရင်ခံ တုန်အန်းကို လာဘ်ထိုး စည်းရုံးနိုင်ခဲ့တယ်။ အဲဒီနောက်မှာတော့ သူတို့ကကမ္ဘာကြီးကို သုံးပိုင်းပိုင်းဖို့ စီစဉ်ခဲ့ကြပြီး ၅ နှစ်ကနေ ၁၀ နှစ်အတွင်း နယ်မြေတစ်ခု တည်ထောင်ဖို့ ရည်မှန်းခဲ့ကြတယ်။

အဲဒီအချိန်ရောက်ရင် သူကပုန်ကန်မှုရဲ့ တည်ထောင်သူ အာဇာနည်တစ်ဦးအနေနဲ့ အနည်းဆုံး မြို့စား ဘွဲ့ရလိမ့်မယ်။ ကျားမိသားစုရဲ့ ဘိုးဘေးတွေကသင်္ချိုင်းထဲကနေတောင် ဝမ်းသာလွန်းလို့ မီးခိုးထွက်ရလိမ့်မယ်၊ ဒါကကောင်းကင်က လူသားကို မျက်နှာသာပေးတာပဲ။

"ဂိုဏ်းချုပ်ရှန့်... ဘယ်လိုလဲငါတို့နဲ့ ပူးပေါင်းတာ မင်းလုပ်ခဲ့သမျှထဲမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် မဟုတ်ဘူးလား မင်းက နက်နဲပုံရိပ်အဆင့် ရှိတဲ့သူဆိုတော့ နောင်တစ်ချိန်မှာ ငါ့ထက်တောင် ပိုပြီး အောင်မြင်ဦးမှာ"

"ဟားဟားဟားဟား"

ရှန့်ထျန်းက အကျယ်ကြီး ရယ်မောလိုက်ပြီး "အရှင်ကျား ပြောတာ မှန်ပါတယ်။ အဲဒီတုန်းက လျှို့ဝှက်စာအတွက် ကျေးဇူးတင်ရမှာပဲ။ မဟုတ်ရင် ကျွန်တော် အခုထိ တခြားဂိုဏ်းတွေရှေ့မှာ ဦးညွှတ်နေရဦးမှာ"

သူတို့ဂိုဏ်းဟာအရင်က ထိပ်တန်းဂိုဏ်းတစ်ခုပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာအတွင်းမှာ ဆက်ခံမယ့်သူ မရှိခဲ့သလို စစ်နတ်ဘုရားလည်း ထွက်ပေါ်မလာခဲ့ဘူး။ သူ့မျိုးဆက်မှာဆိုရင် လူငယ်တွေက အတွင်းအားသန့်စင်ခြင်းအဆင့်ကိုတောင် မရောက်နိုင်ကြတော့ဘဲ ဒုတိယတန်းစား၊ တတိယတန်းစားဂိုဏ်းအဖြစ် ကျဆင်းသွားဖို့ပဲ ရှိတော့တယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေလည်း လျော့နည်းလာတော့မှာ ဖြစ်လို့၊ ဒီအတိုင်း ထိုင်ကြည့်နေမယ့်အစား ဒီလို စွန့်စားပြီး လောကကြီးရဲ့ တစ်စိတ်တစ်ပိုင်းအတွက် တိုက်ပွဲဝင်တာက ပိုကောင်းတယ်လို့ သူ ယူဆခဲ့တာပါ။

"လာ... လာ... ခွက်ဖလားတွေ ဖြည့်ကြစမ်း"

အရှင်ကျားက ပျော်ရွှင်စွာနဲ့ အရက်ခွက်ကို မြှောက်လိုက်တယ်။

"တောက်"

သူ သောက်မလို့ လုပ်တုန်းမှာပဲ တဲတံခါး ရုတ်တရက် ပွင့်သွားပြီး နက်မှောင်တဲ့ သံချပ်ကာ ဝတ်ထားတဲ့ ဗိုလ်ချုပ်တစ်ယောက် ဝင်လာတယ်။ သူက အားလုံးကို အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်ပြီး ကြိမ်းမောင်းလိုက်တယ် "တိုက်ပွဲက မပြီးသေးဘူး၊ ဘယ်သူက ခွင့်ပြုလို့ ခိုးပြီး အရက်သောက်နေကြတာလဲအရေးကြီးတဲ့ ကိစ္စတွေကို လျစ်လျူရှုထားကြတာလားအမှားတစ်ခုခု ဖြစ်သွားရင် မင်းတို့ တာဝန်ယူနိုင်မှာလား"

"ဗိုလ်ချုပ်တုန်... အရမ်းကြီး ပြောမနေပါနဲ့။ ကျွန်တော်တို့ စည်းကျော်တာ မဟုတ်ပါဘူး"

အရှင်ကျားက အေးအေးဆေးဆေးပဲ ပြန်ပြောတယ် "အခြေအနေ အရပ်

ရပ်က အေးဆေးသွားပါပြီ"

"လျန်ကျိုးစစ်သည်တွေ အကုန် မသေသေးဘူးကွ"

တုန်အန်းက ဒေါသတကြီး အော်လိုက်တယ်"ငါ မေးပါရစေဦး၊ ဘယ်သူက အစီအစဉ်ကို ပေါက်ကြားအောင် လုပ်လိုက်လို့ ကျောက်ဝူကျိီက ငါနဲ့ တပ်မပေါင်းဘဲ ငြင်းဆန်သွားရတာလဲ"

"ဒေါသလျှော့ပါ ဗိုလ်ချုပ်တုန်ကျွန်တော်တို့ မဟုတ်ပါဘူး"

ရှန့်ထျန်းက စကားထဲ ဝင်ပြောပြီး ရှင်းပြတယ် "ကျွန်တော်တို့ မဟုတ်တာ သေချာပါတယ်။ အကျဉ်းသားတွေကို စစ်မေးကြည့်ချက်အရ သတင်းအချက်အလက်တွေက အရန်တပ်စခန်း ထဲကနေ လာတာလို့ သိရတယ်"

"အရန်တပ်စခန်းအဲဒီထဲက တစ်ယောက်ယောက်က ငါ့ဗျူဟာကို ကြိုသိနေတယ် ဟုတ်လား"

တုန်အန်းက မျက်မှောင်ကြုတ်လိုက်ပြီး "ယွမ်တိုက်လားမဖြစ်နိုင်ဘူး၊ သူသာ ကြိုသိရင် ငါ့လက်ထဲမှာ အသေခံမှာ မဟုတ်ဘူး။ အရန်တပ်စခန်းမှာ နောက်ထပ် ဘယ်သူရှိသေးလဲဒုတိယဗိုလ်ချုပ်တွေ အားလုံးရဲ့ စာရင်းကို ယူလာခဲ့"

"ဒီမှာပါ"

"ဒီ ဒုတိယဗိုလ်ချုပ်တွေက အသုံးမကျတဲ့ကောင်တွေပဲ၊ သူတို့ မဖြစ်နိုင်ဘူးအဲဒီ မင်းသားလေး ချောင်ဖန်ကတော့ စစ်ဗျူဟာ နားလည်တယ်၊ ဒါပေမဲ့ သူက အရမ်း ခေါင်းမာလွန်းတယ် သူလည်း မဟုတ်နိုင်ဘူး"

တုန်အန်းက မေးတယ် "နောက်ထပ် ဘယ်သူရှိသေးလဲ"

"ဒါပါပဲ"

အရှင်ကျားက ပြောတယ် "သူတို့အပြင် ထောင်စုမှုးတွေပဲ ရှိတော့တယ်။ ဒါပေမဲ့ ဒီထောင်စုမှူးတွေက ထူးခြားတယ်၊ အားလုံးက ရွေးချယ်ခံကနေ တက်လာသူတွေ ဖြစ်သလို၊ အချို့က သိုင်းသူတော်စင်ခန္ဒာပိုင်ရှင်တွေ ဖြစ်နေကြတယ်။ အော်... ဟုတ်ပြီ ဆွန်ဒူရှန်ရဲ့ နောက်ဆုံးတပည့်လည်း အဲဒီထဲမှာ ပါတယ်။

"ငါ သိပြီ"

တုန်အန်းက စာရင်းကို လွှင့်ပစ်လိုက်ပြီး "တုဟယ်က လာတဲ့ ချန်ဆန်းရှီ မဟုတ်လားဆယ်ပုံ ကိုးပုံကတော့ အဲဒီ ခြေမစွမ်းတဲ့ ဖန်ချင်းယွမ်က သူ့ကို တစ်ခုခု ကြိုပြောထားတာ ဖြစ်မှာပဲ။ အဲဒီ ခြေမစွမ်းတဲ့ကောင်... ငါ့အစီအစဉ်တွေကို ထပ်ပြီး ဖျက်ဆီးပြန်ပြီ"

"အရှင်တုန်... နောက်ထပ် ဘာဆက်လုပ်ကြမလဲ..."

ရှန့်ထျန်းက မေးလိုက်တယ် "ကျွန်တော်တို့ ဘယ်လို ဆက်လုပ်ကြမလဲ"

All Chapters