← Chapters

အခန်း (၂၂၂)

Vol. 21 Ch. 222

အခန်း (၂၂၂)

Vol. 21 Ch. 222

📝အပိုင်း - ၂၂၂

ဘာသာပြန် - Na Gar🐉

"ငါ အခုလေးတင် သတင်းရထားတယ်၊ ဒါရှန်အင်ပါယာက စစ်သည် တစ်

သိန်းခုနစ်သောင်းကို မင်ပြည်နယ်ဆီ စေလွှတ်လိုက်ပြီတဲ့ အဲဒါကို မင်းတို့က အရက်သောက်ဖို့ စိတ်ကူးရှိနေသေးတယ်ပေါ့"

တုန်အန်းက သဲပုံမြေပုံကို လက်ညှိုးထိုးပြပြီး "ဒါရှန်တပ်တွေ မရောက်လာခင်မှာ ငါတို့ မင်ပြည်နယ်ထဲမှာရှိတဲ့ လျန်ကျိုးတပ်မတော်တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ရမယ်။ အဲဒီနောက်မှ အပြင်ကလာတဲ့ ရန်သူတွေကို အာရုံစိုက်တိုက်ရမယ်။ ငါတို့ ကျောဘက်မှာ ဓားတစ်လက် ရှိနေတာကို လုံးဝ ခွင့်ပြုလို့မရဘူး"

ဒီ လျန်ကျိုးစစ်သည် လေးသောင်းကို ဘယ်လိုနည်းနဲ့မဆို လက်လွှတ်လို့မရဘူး။

ဒါတွေက အထူးလေ့ကျင့်ထားတဲ့ အထူးတပ်ဖွဲ့ဝင် စစ်သည် လေးသောင်းလေ..

ကြွယ်ဝချမ်းသာတဲ့ ဒါရှန်အင်ပါယာအတွက်တောင် ဒါဟာ တကယ့်ကို နာကျင်စရာကောင်းတဲ့ ဆုံးရှုံးမှု ဖြစ်လိမ့်မယ်။

ဒါ့အပြင် သူတို့ထဲမှာ သိုင်းသူတော်စင်ခန္ဓာကိုယ်ရှိသူ ငါးယောက် ပါဝင်နေသလို၊ အင်ပါယာရဲ့ မြေးတော်တစ်ယောက်လည်း ပါနေတာ။

သူတို့သာ သေသွားရင် မြောက်ဘက်ဒေသဟာ နောက်နှစ်ပေါင်း ငါးဆယ်အတွင်းမှာ ဆက်ခံမယ့်သူ ကင်းမဲ့သွားလိမ့်မယ်။ အဲဒီကျရင် မြောက်ဘက်ဒေသကို သိမ်းပိုက်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့မှာ။

"ငါ့ရဲ့ စစ်သေနာပတိ အမိန့်ကို ကြေညာလိုက်စမ်း"

တုန်အန်းက အခုတော့ အမြင့်ဆုံး အမိန့်ပေးပိုင်ခွင့်ရှိသူ ဖြစ်လာပြီ။ သူက မြေပုံကို သူ့ရဲ့ ဓားရှည်နဲ့ ထောက်ပြလိုက်ပြီး "သူတို့ အခုဆုတ်ဖို့ လမ်းတစ်ခုပဲ ရှိတယ်၊ အဲဒါက ယန်ချွမ်းခရိုင်ပဲ။ ဓားတံခါးချိုင့်ဝှမ်းက တပ်တွေရော၊ ဟုန်ကျဲမြစ် အရှေ့ဘက်ကမ်းက တပ်တွေပါ အကုန်ခေါ်လာပြီး သူတို့ကို ဝိုင်းထားလိုက်။ ရှန့်ထျန်း... မင်း ငါနဲ့အတူ ကိုယ်တိုင်လိုက်ခဲ့"

အနောက်ချီနိုင်ငံက တပ်တွေကတော့ ယန်ပြည်နယ်ကနေ မင်ပြည်နယ်ထဲ ဝင်လာမယ့် လမ်းကြောင်းကို စောင့်နေရဦးမှာမို့ အကုန်ခေါ်လို့မရပေမဲ့၊ သူတို့လက်ထဲမှာ စစ်သည် တစ်သိန်းနှစ်သောင်းလောက် ရှိနေပါပြီ။

ဒီလူနှစ်သောင်းကိုသာ အပြတ်ရှင်းနိုင်ရင် အောင်ပွဲက သေချာပြီ..

"ဟုတ်ကဲ့ပါ"

ရှန့်ထျန်းက အမိန့်ကို ဆောင်ရွက်ဖို့ ထွက်သွားတယ်။

"မင်းရဲ့ မျိုးရိုးက ကျား လား"

တုန်အန်းက အရှင်ကျားကို ကြည့်လိုက်တယ် "မင်းတို့ခေါင်းဆောင်လျန် (လျန်ကျိနျန်) က စစ်တိုက်ရာမှာ တော်သားပဲ၊ စစ်သူကြီး တစ်ယောက်ဖြစ်မယ့် အရည်အချင်း ရှိတယ်"

"ဒါပေါ့"

"ကျွန်တော်တို့ စစ်သေနာပတိက မသေမျိုးတွေ ရွေးချယ်ထားတဲ့ ထူးခြားတဲ့လူပဲ"

"သူက ပြောတဲ့အတိုင်း တည်ကြည်တဲ့သူ ဖြစ်ပါစေလို့ ငါ မျှော်လင့်ပါတယ်"

တုန်အန်းက လေးနက်စွာ ပြောတယ်"ငါ့ကို ကတိပေးထားတာတွေကို မမေ့နဲ့ဦး"

"ဗိုလ်ချုပ်တုန်... စိတ်ချပါ ကျွန်တော်တို့ မမေ့ရဲပါဘူး။ အကယ်၍ ကျွန်တော်တို့က ကတိဖျက်ချင်ရင်တောင် အနောက်ချီနိုင်ငံက ခွင့်ပြုမှာ မဟုတ်ဘူးလေ"

ယန်ချွမ်းခရိုင်ရဲ့ အပြင်ဘက် မိုင် ၇၀အကွာက တောရိုင်းထဲမှာ တပ်တွေ လမ်းခွဲလိုက်ကြတယ်။

ချန်ဆန်းရှီက မြေပုံကို ယူလာပြီး။

ယွီဆုန် နဲ့ တခြားသူတွေက သူ့ကို ဝိုင်းအုံကြည့်နေကြတယ်။

သာမန်စစ်သားတစ်ယောက် ဖြစ်တဲ့ ရွှီဝမ်ချိုင်ကလည်း အဲဒီမှာ ရှိနေတယ်။

လုရှူဟွာနဲ့ ရှဲ့စီရှုတို့ကတော့ ဒါကို ပိုပြီး အားမကိုးရဘူးလို့ ခံစားနေရတယ်။

"ဗိုလ်ချုပ်ချန်... ခင်ဗျား တကယ် ရူးနေပြီလား သေရေးရှင်ရေး ဖြစ်နေတာကို ဒီလို စာပေသမားအိုကြီးကို ဘာလို့ ဆွဲထည့်နေတာလဲ"

"သူက ဗိုလ်ချုပ်ကြီးဖန်ရဲ့ မိတ်ဆွေလေ"

ချန်ဆန်းရှီက သူ့ရဲ့ ကျောထောက်နောက်ခံကို ထုတ်သုံးလိုက်ပြီး "ဗိုလ်ချုပ်ကြီးဖန်က ရွှီဝမ်ချိုင်နဲ့ သုံးရက်သုံးညတိုင်တိုင် အလေးအနက် ဆွေးနွေးခဲ့တာ။ သူက အသုံးမကျတဲ့သူလို့ ခင်ဗျားတို့ ထင်နေတာလား"

ဒီစကားကြားမှ တခြားသူတွေ ငြိမ်သွားကြတယ်။

"ရွှီဝမ်ချိုင်... မင်း အရင်ပြော"

ချန်ဆန်းရှီက သူ့ကို အရင် စကားပြောခွင့် ပေးလိုက်တယ်။

ရွှီဝမ်ချိုင်က ရိုသေစွာ ဦးညွှတ်လိုက်ပြီး၊ ယုံကြည်မှုအပြည့်နဲ့ ယပ်တောင်ကို ကိုင်ကာ ရှင်းပြတော့တယ်"ငါတို့ ဒီမှာ လမ်းခွဲပြီးရင်၊ နောက် ၇ ရက်အတွင်းမှာ ဗိုလ်ချုပ်ရှာနဲ့ သူ့လူတွေဟာ ခုခံမယ့်သူ မရှိတဲ့ ယန်ချွမ်းခရိုင်ကို သိမ်းနိုင်လိမ့်မယ်လို့ ငါ ခန့်မှန်းတယ်။ လမ်းမှာ သိမ်းလာတဲ့ ရိက္ခာတွေကလည်း သူတို့ကို ခဏတော့ တောင့်ခံထားနိုင်စေမှာပဲ"

"ဒါပေမဲ့"

"မကြာခင်မှာပဲ အနည်းဆုံး စစ်သည် ငါးသောင်းနဲ့ နက်နဲပုံရိပ်အဆင့်ရှိသူ နှစ်ယောက်၊ သုံးယောက်လောက်က မြို့ကို လာတိုက်လိမ့်မယ်။ ချက်ချင်း မကျဆုံးရင်တောင် နေ့တိုင်း အသေအပျောက် များလိမ့်မယ်။ ဒါကြောင့် အရှင်တို့ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ကျွန်တော်တို့နဲ့အတူ ထွက်သွားဖို့ပဲ"

"နောက်ပြီး ကျွန်တော်တို့လုပ်ရမှာက... ရန်သူ့အင်အားတွေ အကုန်လုံး

ယန်ချွမ်းခရိုင်မှာ စုနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဟုန်ကျဲမြစ်ကို ဖြတ်ကူးမယ်။ အဲဒီနောက်မှာ ချင်းပိုင် ၊ ကျန့်ခို နဲ့ တခြားခရိုင်လေးခုကို တစ်ပြိုင်နက် သိမ်းပိုက်ပြီး ခဏနားမယ်။ အဲဒီကနေမှ တောင်ဘက်ကို ဆင်းဖို့ အခွင့်အရေး ရှာမယ်"

"တောင်ဘက်က မဟာတောရိုင်းကြီးထဲကို ဝင်နိုင်မှသာ မင်ပြည်နယ်က ငါတို့နောက်ကို လိုက်မလာတော့မှာ။ အဲဒီကျရင် ငါတို့ အသက်ဆက်နိုင်ပြီ။ မဟာတောရိုင်းကြီးထဲမှာ မြို့တော်က လာတဲ့ ဒါရှန်တပ်မတော်ကြီးနဲ့ ဆုံချင်ဆုံနိုင်လိမ့်မယ်။ အဲဒီကျမှ ရန်သူတွေကို ပြန်ပြီး ချေမှုန်းကြတာပေါ့"

အစီအစဉ်ကို အကြမ်းဖျင်း ရှင်းပြလို့ ပြီးသွားတယ်။

ဘယ်သူမှ မကန့်ကွက်သလို၊ ဘယ်သူမှလည်း ချီးမွမ်းခြင်း မရှိဘူး။

သူတို့အမြင်မှာတော့ ဒါဟာ ပိုက်ကွန်ထဲမှာ အမိခံရမယ့် အချိန်ကို စောင့်နေတဲ့ အရှုံးသမားတွေရဲ့ ထွက်ပြေးမှုလို့ပဲ မြင်နေကြတယ်။

"အင်း... ဒီအတိုင်းပဲ လုပ်ကြတာပေါ့" ယွီဆုန် က နောက်ဆုံးမှာ ဆုံးဖြတ်

လိုက်တယ်။ "ဒီခရိုင်တွေမှာ အမြင့်ဆုံး ကျင့်ကြံသူဆိုလို့ အတွင်းပိုင်းသန့်စင်ခြင်းအဆင့်ထက် မပိုနိုင်ဘူး။ အဲဒါတွေကို သိမ်းဖို့က ပြဿနာမရှိဘူး။ ဒါပေမဲ့ တောင်ဘက်ကို အောင်အောင်မြင်မြင် ဆင်းနိုင်မလားဆိုတာကတော့ တစ်ပိုင်းပေါ့"

"ထွက်ကြ၊ ထွက်ကြ"

"မြန်မြန်... အမှီလိုက်ကြ"

သုံးရက်အကြာမှာတော့...

သူတို့တစ်ဖွဲ့လုံးဟာ လမ်းမှာ ရန်သူနဲ့ မတွေ့ဘဲ ဟုန်ကျဲမြစ်ကမ်းဘေးကို အဆင်ပြေပြေ ရောက်လာခဲ့ကြတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ ကြီးမားတဲ့ ပြဿနာတစ်ခု သူတို့ရှေ့မှာ ရှိနေပြန်တယ်။

ဘယ်လို မြစ်ကူးမလဲ

ဒီမှာ လှေကြီးတွေ မရှိဘူး၊ လှေငယ်လေးတွေကလည်း အရမ်းနည်းတယ်။ ပြည်သူတွေ လုပ်ထားတဲ့ ယာယီတံတားလေးကိုပဲ အားကိုးရမယ်။ ဒါပေမဲ့ စစ်မြင်းတွေကို ဘယ်လိုလုပ်မလဲ။

အခု သူတို့မှာ ကျန်နေတဲ့ စစ်သည် ၃,၈၀၀ ကျော် ရှိတယ်။

အဲဒီထဲမှာ စစ်မြင်းပေါင်း ၂,၅၀၀ ကျော် ပါနေတာ။

ဒီမြင်းတွေက ဒီလို ယာယီတံတားကို ဖြတ်လို့မရဘူး။

"မြင်းတွေကို ဘယ်လိုလုပ်မလဲ"

ရှဲ့စီရှုက "ဒီတံတားတွေက အရပ်သားတွေ ကြမ်းတမ်းစွာ လုပ်ထားတာ။ လူလျှောက်ရင်တောင် သတိထားနေရတာကို မြင်းတွေရဲ့ အလေးချိန်ကို လုံးဝ မခံနိုင်ဘူး။ ငါတို့က ခိုင်ခံ့တဲ့ တံတားဆောက်ဖို့ ဒီမှာ စောင့်နေမယ်ဆိုရင်လည်း အချိန်မရှိဘူး အလွန်ဆုံး တစ်ရက်၊ နှစ်ရက်

အတွင်း ရန်သူက ငါတို့ လှုပ်ရှားမှုကို သိပြီး လိုက်လာတော့မှာ"

ချန်ဆန်းရှီက စကားလုံး နှစ်လုံးတည်းနဲ့ အဖြေပေးလိုက်တယ် "လွှတ်လိုက်"

"လွှတ်လိုက်မယ်ခင်ဗျား နောက်နေတာလား"

"ဗိုလ်ချုပ်ချန်... ဒီစစ်မြင်းတွေက ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ ခင်ဗျား သိလား"

"ဒါ့အပြင် ဒါတွေက ငါတို့ အမြန်ရွှေ့လျားနိုင်ဖို့ အဓိကပဲ။ ခင်ဗျားက ငါတို့ အသက်ရှင်ဖို့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးနေတာပဲ"

"ဒီ 'အခြေခံ' ဆိုတာကပဲ အသက်ရှင်မယ့် လမ်းကြောင်းကို ပိတ်ဆို့နေတာလွှတ်လိုက်၊ အကုန်လွှတ်လိုက် အားလုံး ခြေကျင် မြစ်ကူးကြမယ်"

ချန်ဆန်းရှီက ခဏလောက် ရပ်ပြီး "နောင်တစ်ချိန်မှာ လိုအပ်လာရင် ဒီမြင်းတွေကို ပြန်ရမယ့် နည်းလမ်း ရှိနိုင်ပါတယ်"လို့ ပြောလိုက်တယ်။

"ဗိုလ်ချုပ်ချန်... ဘာကို ဆိုလိုတာလဲ"ယွီဆုန် က နားမလည်နိုင် ဖြစ်သွားတယ် "ဒီမြင်းတွေက ငါတို့ကို ဒီနေရာမှာပဲ ထိုင်စောင့်နေမှာ မဟုတ်ဘူးလေ။"

"ရှောင်ရှင်း"

ချန်ဆန်းရှီက အကျယ်ကြီး အော်ခေါ်လိုက်တယ်။

"ဟီ—"

မြင်းဖြူလေး က စူးရှတဲ့ အသံနဲ့ ဟီလိုက်တယ်။

အဲဒီအခါ ကျန်တဲ့ စစ်သည်တွေရဲ့ မြင်းတွေဟာ တစ်ကောင်ပြီး တစ်ကောင် တုံ့ပြန်လာကြတယ်။ သူတို့ရဲ့ သခင်တွေ အမိန့်ပေးတာကိုတောင် ဂရုမစိုက်တော့ဘဲ မြင်းဖြူလေးရှိရာဆီကို စုရုံးလာကြတော့တယ်။

"ဒါ... ဒါက..."

အားလုံး အံ့သြမှင်သက်သွားကြတယ်။

ဒီမြင်းဖြူလေးဟာ တခြားစစ်မြင်းတွေကို ထိန်းချုပ်နိုင်တဲ့ ထူးဆန်းသားရဲတစ်ကောင်လား..။

All Chapters