အခန်း (၂၂၃)
Vol. 21 Ch. 223
📝အပိုင်း - ၂၂၃
ဘာသာပြန် - Na Gar🐉
"မြင်းပေါ်က ဆင်းကြ ရိက္ခာတွေကို မြင်းကျောပေါ် တင်လိုက်၊ သူတို့ဘာသာ သယ်ပါစေ"
ချန်ဆန်းရှီက အကျယ်ကြီး အော်ပြောလိုက်တယ် "ငါ့ရဲ့ မြင်းဖြူလေးက မင်းတို့မြင်းတွေကို ပုန်းအောင်းလို့ကောင်းတဲ့ နေရာဆီ ဦးဆောင်သွားလိမ့်
မယ်။ လိုအပ်လာတဲ့အခါမှာတော့ ငါတို့ဆီကို ပြန်လာပြီး ကူညီပေးလိမ့်
မယ်"
"ဒါက တကယ်ကို အံ့သြစရာပဲ..."
ရှဲ့စီရှုက မယုံနိုင်သလို အနားကပ်ပြီး သေချာကြည့်ဖို့ ကြိုးစားတုန်း မြင်းကန်တာ ခံရလုနီးပါး ဖြစ်သွားတယ် "မင်း... မင်း"
သူ ဒေါသပေါက်ကွဲတော့မလို့ လုပ်ပြီးမှ မနည်း ပြန်ထိန်းလိုက်ရပါတယ်။
"ရှောင်ရှင်း... ဒီကိုလာဦး"
ချန်ဆန်းရှီက မြင်းခေါင်းကို ပွတ်သပ်ပေးရင်း တိုးတိုးလေး ပြောလိုက်တယ် "ငါ မင်းကို အင်ပါယာ မြင်းဗိုလ်ချုပ်အဖြစ် ခန့်အပ်လိုက်မယ်။ မင်း ကြိုးစားရမယ်နော်၊ နားလည်လားသေချာ ပုန်းနေပါ၊ အဖမ်းမခံရစေနဲ့။ ငါ နောက်တစ်ခါ ပြန်လာတဲ့အခါကျရင် မင်းကို ဝိညာဉ်စပါးကျွေးပြီး ဆုချမယ်"
ရှောင်ရှင်း က ခေါင်းညိတ်ပြတယ် အကျယ်ကြီး ဟီလိုက်ပြီး မြင်းအုပ်ကြီးကို ဦးဆောင်ခေါ်သွားတော့တာပဲ။ စစ်သည် နှစ်ထောင်ကျော်ရဲ့ မြင်းအုပ်ကြီးဟာ တကယ့် စစ်တပ်တပ်ရင်းကြီးတစ်ခုလိုပဲ စနစ်တကျနဲ့ သူတို့မျက်စိရှေ့ကနေ အမြန် ပျောက်ကွယ်သွားပါတော့တယ်။
"..."
ချန်ဆန်းရှီ ကိုယ်တိုင်တောင် ဒီမြင်ကွင်းကို ကြည့်ပြီး အံ့သြမှင်သက်နေမိပါတယ်။
"မြစ်ကူးကြမယ်"
ယွီဆုန် က အမိန့်ပေးလိုက်တယ်။
သူတို့ဟာ ခြေကျင် မြစ်ကူးခဲ့ကြပြီး လူပေါင်း သုံးထောင်ကျော်ဟာ နေ့ညမနား ချီတက်ခဲ့ကြပါတယ်။ မကြာခင်မှာပဲ ခရိုင်မြို့တော် တချို့ရဲ့ အပြင်ဘက်ကို ရောက်လာခဲ့ကြတယ်။ အရှေ့ဘက်က ခုခံရေးတပ်တွေ အကုန်လုံးက ရုပ်သိမ်းသွားကြပြီဖြစ်သလို၊ တချို့က တောင်ဘက်၊ တချို့က အနောက်ဘက်က လျန်ကျိုးတပ်မတော်ကြီးကို ဝိုင်းဖို့ သွားနေကြတာပါ။ ဒါကြောင့် ဒီမြို့တွေဟာ အလွန် အကာအကွယ်မဲ့နေပြီး မြို့စောင့်ရဲအနည်းငယ်ပဲ ရှိတော့တာ။ ရန်သူ့စစ်တပ်ကို မြင်တာနဲ့ သူတို့တွေဟာ ထိတ်လန့်သွားပြီး ချက်ချင်းပဲ မြို့တံခါးဖွင့်ကာ လက်နက်ချခဲ့ကြပါတယ်။
သူတို့တွေ တောင်ဘက်ကို ဆက်ဆင်းလာခဲ့ကြပြီး နောက်ဆုံးမှာတော့ ကျန့်ခိုခရိုင်မှာ အနားယူဖို့ ရပ်နားလိုက်ကြတယ်။ မြေပုံပေါ်မှာတော့ အကွာအဝေး အနည်းငယ်ပဲလို့ ထင်ရပေမဲ့ တကယ်တမ်း ခြေကျင်လျှောက်ရတဲ့အခါမှာတော့ မိုင်ပေါင်း ရာနဲ့ထောင်နဲ့ချီပြီး ဝေးတာပါ။ မြင်းတွေမပါဘဲ လျှောက်ရတာဖြစ်လို့ သိုင်းသမားတွေရဲ့ သွေးချီစွမ်းအင် တောင် အကန့်အသတ် ရှိပါတယ်။ မနားတမ်း အလောတကြီး ချီတက်နေမယ်ဆိုရင်တော့ သေဖို့ပဲ ရှိတာပါ။
မြစ်ကူးပြီးကတည်းက ၁၅ ရက်တောင် ကုန်ဆုံးသွားခဲ့ပါပြီ။ သူတို့မှာ အကျအဆုံး မရှိသလောက်ပါပဲ၊ လူတွေပဲ အလွန်အမင်း ပင်ပန်းနေကြတာပါ။
"ဂျိ—"
ဟိုင်တုန်ချင်း က သူ့ရဲ့ လက်မောင်းပေါ်ကို ဆင်းသက်လာပြီး နောက်ဆုံးရ သတင်းတွေကို ယူဆောင်လာပေးတယ်။
ယန်ချွမ်းခရိုင်ရဲ့ အပြင်ဘက်မှာတော့ ရန်သူ့စစ်သည် ခုနစ်သောင်းက နေ့တိုင်း ဝိုင်းတိုက်နေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ခုခံသူတွေဟာ တစ်သောင်းရှစ်ထောင်ကနေ တစ်သောင်းငါးထောင်အထိ လျော့နည်းသွားခဲ့ပြီး အထိနာနေကြပြီ။ ဒါပေမဲ့ ယန်ချွမ်းခရိုင်ရဲ့ ခိုင်ခံ့တဲ့ မြို့ရိုးတွေကြောင့် ခဏတော့ တောင့်ခံထားနိုင်ပါသေးတယ်။
ဒါပေမဲ့ အစောဆုံး ရောက်လာမယ့် ယန်ပြည်နယ် စစ်ကူတပ်တွေကတော့ နောက်ထပ် ရက် ၂၀ ကျော်မှ ရောက်မှာပါ။ သူတို့က မင်ပြည်နယ်ရဲ့ အနောက်ဘက်အစွန်းဆုံးကနေ ဝင်လာမှာဖြစ်သလို အနောက်ချီနိုင်ငံက တပ်တွေကိုလည်း တိုက်ရဦးမှာဆိုတော့ တကယ့်ကို ဝေးကွာလွန်းလှပါတယ်။ တခြား ခုခံရေးတပ်တွေကိုတော့ ထည့်တောင် မပြောတော့ပါဘူး။
မြို့ရိုးပေါ်မှာတော့ ချန်ဆန်းရှီဟာ သူရဲ့ ဝိညဥ်ဖျက်လှံကို ကိုင်ပြီး နေ့စဉ် ကျင့်ကြံခြင်းကို မပျက်ကွက်ခဲ့ပါဘူး။
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ(ကျွမ်းကျင်အဆင့်)]
[တိုးတက်မှု့ - ၂၅၆ / ၁၀၀၀]
ရှောင်ရှင်း မရှိတော့တာရော၊ အချိန်ကလည်း အကန့်အသတ်ရှိနေတာရောကြောင့် တော်သေးတာက သူ့မှာ ဝိညာဉ်စပါး ဆေးယို နဲ့ တန်ဖိုးကြီးဆေးတွေ ရှိနေလို့သာ တိုးတက်မှုက နှေးကွေးမနေတာပါ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ...
စစ်ဆင်ရေးကြီးဟာ သုံးလနီးပါး ရှိလာခဲ့ပြီ။ အခုဆိုရင် လုံချင်ဧကရာဇ်၇၃ နှစ်၊ မေလထဲကို ရောက်လာပါပြီ။
အစ်မ လန် မှာလည်း ကိုယ်ဝန် ၅ လ ရှိနေပြီဖြစ်လို့ သူမရဲ့ ဗိုက်လေးဟာ အတော်လေး သိသာနေလောက်ပါပြီ။ လျန်ကျိုးက လူတွေသာ မင်ပြည်နယ်ရဲ့ အခြေအနေကို သိသွားရင် တကယ်ကို စိတ်ပူနေကြမှာပါ။ သူတို့အားလုံး သေကုန်ပြီလို့တောင် ထင်နေကြလိမ့်မယ်။ ဝမ်းနည်းစရာက ဘာသတင်းမှ အပြင်ကို ပို့လို့မရတာပါပဲ။
"မီးခိုးငွေ့တွေ မြင်နေရတာ သုံးလရှိပြီ၊ အိမ်ကစာတစ်စောင်ဟာ ရွှေတစ်
ပိဿာထက်တောင် တန်ဖိုးရှိတယ်" ဆိုတဲ့ စကားလို ဖြစ်နေပါပြီ။ ဟိုင်တုန်ချင်း ကလည်း သတင်းထောက်လှမ်းဖို့အတွက်ပဲ သုံးရတာမို့ စာပို့ဖို့အတွက် အလဟဿ မသုံးနိုင်ပါဘူး။
"ဗိုလ်ချုပ်ချန်"
ယွီဆုန် က အပြေးအလွှား ရောက်လာပြီး သတင်းပို့တယ် "နောက်ဘက်က သတင်းအရ ဓားတံခါးချိုင့်ဝှမ်းက အနောက်ချီနိုင်ငံသား စစ်သည် တစ်သောင်းက ငါတို့နောက်ကို လိုက်လာနေပြီ။ ငါတို့ ဒီမှာ ထပ်နေလို့ မဖြစ်တော့ဘူး။ အစီအစဉ်က မင်းဆွဲတာဆိုတော့ နောက်ထပ် ဘာဆက်လုပ်မလဲ"
"တောင်ဘက်ကို သွားမယ်"
ချန်ဆန်းရှီက ကြိုတင်ပြင်ဆင်ထားပြီးသားပါ။သူက မြေပုံရဲ့ တောင်
ဘက်အကျဆုံးနေရာကို ထောက်ပြလိုက်ပြီး"လော့ထျန်းတောင်ကြားဆီ တန်းတန်းမတ်မတ် သွားကြစို့ ငါတို့ မင်ပြည်နယ်ကနေ လွတ်မြောက်နိုင်မလားဆိုတာ အရင်ကြည့်ရမယ်"
လော့ထျန်တောင်ကြားဆိုတာ တောင်ဘက်က နောက်ဆုံး ထွက်ပေါက်ပါ။ အဲဒီကနေသာ ဖြတ်နိုင်ရင် လွတ်လမ်း ရှိနိုင်ပါတယ်။
"ကောင်းပြီ"
ယွီဆုန် က ခေါင်းညိတ်လိုက်ပြီး "ငါ့အမိန့်ကို နားထောင်တပ်တစ်ခုလုံး လော့ထျန်တောင်ကြားဆီ ချီတက်မယ်"
ယန်ချွမ်းခရိုင်။
"သတ်ကြ"
"ညီအစ်ကိုတို့... တောင့်ခံထားကြစို့"
ရှာဝမ်လုံဟာ မြို့ရိုးပေါ် တက်လာတဲ့ ရန်သူဗိုလ်ချုပ်တစ်ယောက်ကို နှစ်ပိုင်းပိုင်းပြီး တိုက်ခိုက်မှုကို ခဏတာ ခုခံလိုက်ပါတယ်။ သူ့ဘေးမှာတော့ ချောင်ဖန်ဟာ အားအင်ကုန်ခမ်းနေပြီး ဆုတ်ခွာဖို့ အချက်ပေးသံ ကြားတာနဲ့ မြေကြီးပေါ်ကို ပြိုလဲကျသွားတော့တာပဲ။
၁၅ ရက်ရှိပြီ..
ဒီ ၁၅ ရက်အတွင်းမှာ သူတို့ မျက်စိတစ်မှိတ်တောင် မမှိတ်ခဲ့ရဘူး မြို့ကို ကာကွယ်လိုက်၊ ခံစစ်တွေ တည်ဆောက်လိုက်နဲ့ အကျအဆုံးတွေကလည်း တစ်နေ့ထက်တစ်နေ့ များလာသလို ရိက္ခာတွေကလည်း တဖြည်းဖြည်း နည်းလာပါပြီ။ ဒီအတိုင်းသာဆိုရင် စစ်ကူလာတဲ့အထိ စောင့်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
"သွားတော့"
ရှာဝမ်လုံက ဟိုင်တုန်ချင်း ဆီက သတင်းကို ယူလိုက်ပြီး ငှက်ကို လွှတ်လိုက်တယ်။
"အဟွတ် အဟွတ်..."
ချောင်ဖန်က နှစ်ချက်လောက် ချောင်းဆိုးလိုက်ပြီး "ဗိုလ်ချုပ်ရှာ... ဒါ ချန်ဆန်းရှီဆီက စာမလားသူတို့ ဘယ်လိုနေလဲ"
"အသက်ရှင်နေတုန်းပဲ"
ရှာဝမ်လုံက သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး စာသားတွေကို စွမ်းအင်နဲ့ အမှုန့်ဖြစ်အောင် ချေဖျက်ပစ်လိုက်တယ် "သူတို့က ယွီဆုန် နဲ့အတူ တောင်ဘက်က လော့ထျန်တောင်ကြားဆီ သွားဖို့ ပြင်နေကြတယ် တဲ့"
"လော့ထျန်တောင်ကြားဆိုတာ ကောင်းကင်နဲ့မြေကြီး ပိုက်ကွန်တံခါးလို့တောင် ခေါ်လို့ရတယ်"
ချောင်ဖန်က လှောင်ပြောင်လိုက်တယ် "လူ သုံးထောင်ကျော်လေးနဲ့ သိုင်းသူတော်စင် ခန္ဓာကိုယ်ရှိသူ သုံးယောက်ပဲ ပါတာ။ တုန်အန်းရော၊ အနောက်ချီနိုင်ငံကရော သူတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ လော့ထျန်တောင်ကြားမှာ တပ်အင်အား အလုံးအရင်းနဲ့ စောင့်နေကြမှာပဲ။ သူတို့ သေဖို့ပဲ ရှိတော့တယ်။ ငါတို့ လုပ်ရမှာက သူတို့ သေပြီဆိုတဲ့ သတင်းကိုပဲ စောင့်နေဖို့ပဲ။"
အကယ်၍ ဟိုင်တုန်ချင်း ရဲ့ သခင် သေသွားခဲ့ရင်... အဲဒီငှက်ဟာ အနီးဆုံးမှာရှိတဲ့ တခြားငှက်ပိုင်ရှင် ဗိုလ်ချုပ်ဆီကို ချက်ချင်း ပျံသွားမှာပါ။ ဒါဟာ မူလသခင် သေသွားပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
"နှမြောစရာပဲ..."
ချောင်ဖန်က မျက်လုံးမှိတ်လိုက်ပြီး "ငါတို့လည်း အသက်ရှင်ချင်မှ ရှင်မှာပါ"
"မင်းသား... စိတ်ဓာတ်မကျပါနဲ့"
တိုက်ပွဲပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ ရှာဝမ်လုံက တည်ငြိမ်စွာ ပြောတယ်"မြို့ကျသွားရင်တောင် ကျွန်တော့်မှာ မင်းသားကို ဒီကနေ လွတ်အောင်ခေါ်သွားမယ့် နည်းလမ်းရှိပါတယ်။ အဲဒီကျရင် ချန်ဆန်းရှီလည်း သေပြီဆိုတော့ မင်းသားလျန်ကျိုးကို ပြန်ရောက်တာနဲ့ အမွေခံတပည့် ရာထူးကို သဘာဝအတိုင်း ရမှာပါပဲ"
မြို့ပြင်။
ပုန်ကန်သူတပ်မတော်ရဲ့ ဗဟိုတပ်ဲ။
"အစီရင်ခံပါတယ်—"
ကင်းထောက်တစ်ယောက်က အထဲကို ပြေးဝင်လာပြီး ဒူးတစ်ဖက်
ထောက်ကာ အစီရင်ခံလိုက်တယ် "စစ်သေနာပတိတုန် အရန်တပ်စခန်းက လူ လေးထောင်ထက်မနည်းဟာ အရှေ့ဘက်ကို ကူးပြီးတဲ့နောက် တောင်ဘက်ကို ဆင်းသွားကြပါပြီ။ သူတို့ လော့ထျန်တောင်ကြားကို သိမ်းပြီး မဟာတောရိုင်းကြီးထဲကနေ ထွက်ပြေးဖို့ ပြင်နေကြပုံရပါတယ်"