← Chapters

အခန်း (၂၂၄)

Vol. 21 Ch. 224

အခန်း (၂၂၄)

Vol. 21 Ch. 224

📝အပိုင်း - ၂၂၄

ဘာသာပြန် - Na Gar🐉

"ဟမ်..."

တုန်အန်းရဲ့ မျက်နှာက လေးနက်တည်ကြည်သွားတယ်။

သူ ဒီကိုရောက်ကတည်းက ရထားတဲ့ သတင်းအချက်အလက်တွေအရ လျန်ကျိုးစစ်သည်တွေဟာ ယန်ချွမ်းခရိုင်အပြင်ဘက်မှာ တပ်ခွဲလိုက်ကြတယ်လို့ သိရတယ်။ အဖွဲ့တစ်ဖွဲ့က အရှေ့ဘက်ကို မြစ်ကူးသွားပြီး နောက်တစ်ဖွဲ့ကတော့ မြို့ကို အရင်ဝင်တိုက်ပြီးမှ ခုခံဖို့ ကျန်ရစ်ခဲ့တာပါ။ အဖမ်းခံရတဲ့ ထောင်စုမှူးတစ်ယောက်ဆီကနေ သူတို့ ထပ်သိရတာက ဒီဗျူဟာကို အကြံပေးခဲ့သူဟာ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ဆုလာဘ်တွေ ပေးသနားထားတဲ့ ဆွန်ဒူရှန်ရဲ့ နောက်ဆုံးတပည့် ချန်ဆန်းရှီဖြစ်တယ်ဆိုတာပါပဲ။ ဒီအစီအစဉ်ဟာ ရှာဝမ်လုံနဲ့တောင် အကြီးအကျယ် စကားများခဲ့ကြပြီး ချန်ဆန်းရှီက စစ်သည် လေးထောင်မပြည့်တဲ့ တပ်ဖွဲ့ကို ဦးဆောင်ကာ စစ်မြင်းတွေကိုတောင် စွန့်လွှတ်ပြီး အတင်းအဓမ္မ ခွဲထွက်သွားတာလို့ ဆိုပါတယ်။

"တကယ့်ကို ရဲတင်းလွန်းတာပဲမြို့ကို ကာကွယ်နေရင် သေမှာသေချာတယ်ဆိုတာ သိလို့ အဓိကစစ်သူကြီးရဲ့ အမိန့်ကိုတောင် ဆန့်ကျင်ပြီး တစ်ကိုယ်တော် လှုပ်ရှားရဲတယ်ပေါ့။ အနာဂတ်မှာဆိုရင် သူဟာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အင်အားစုတစ်ခု ဖြစ်လာမှာ သေချာတယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူတို့မှာ အနာဂတ်ဆိုတာ ရှိမှာမဟုတ်တော့ဘူး။"

အတိအကျတူညီတဲ့ အချိန်မှာပဲ၊ မတူညီတဲ့ နေရာနှစ်ခုကနေ အမိန့်တွေ ထွက်ပေါ်လာပါတယ်။

မေတောင်တန်းက လျန်ကျိနျန်နဲ့ ယန်ချွမ်းခရိုင်အပြင်ဘက်က တုန်အန်းတို့ဟာ တစ်ပြိုင်နက်တည်း အမိန့်ပေးလိုက်ကြတယ်

"ဓားတံခါးချိုင့်ဝှမ်းက အနောက်ချီဗိုလ်ချုပ်တွေကို သတင်းပို့လိုက်၊ အနောက်ဘက်ကနေ လိုက်လံတိုက်ခိုက်ဖို့ စစ်သည် နှစ်သောင်း ထပ်မံဖြည့်တင်းခိုင်းလိုက်။ ပြီးတော့ လော့ထျန်တောင်ကြားမှာ စစ်သည် သုံးသောင်းကို ကြိုတင်ပြင်ဆင်ထားခိုင်း၊ နက်နဲပုံရိပ်အဆင့်ဗိုလ်ချုပ်တစ်ဦးကိုလည်း အုပ်ချုပ်ဖို့ ထည့်ပေးလိုက်။ သူတို့အားလုံးကို ဒီနေရာမှာတင် အမြစ်ပြတ် ချေမှုန်းပစ်ရမယ်"

လော့ထျန်တောင်ကြားရှေ့က ရှောက်လော့ခရိုင်။

ဒီခရိုင်ကို ကျော်လိုက်တာနဲ့ လော့ထျန်တောင်ကြားပဲ ဖြစ်ပါတယ်။ ယန်ချွမ်းခရိုင်ဆီက သတင်းတွေလည်း ပြန်ရောက်လာပါပြီ။

ချန်ဆန်းရှီ ခန့်မှန်းထားတဲ့အတိုင်းပဲ၊ သူတို့ဟာ အထိနာနေကြပြီဖြစ်ပြီး ထောင်ချောက်ထဲက သားရဲတွေလို ရုန်းကန်နေကြရတယ်။

ဒါ့အပြင် ကျောက်ဝူကျိီဆီကလည်း သတင်းရောက်လာပါတယ်။

အရင်က တပ်ကွဲသွားပြီးတဲ့နောက် သူဟာ ကျန်ရှိတဲ့ စစ်သည်တွေကို ဦးဆောင်ပြီး အနောက်ဘက်က ခရိုင်တွေကြားမှာ ဟိုပြေးဒီပြေးနဲ့ ရှောင်တိမ်းနေခဲ့ရတာပါ။ သူတို့ရဲ့ ရည်မှန်းချက်က အနောက်ဘက်မှာ စစ်အင်အား အနည်းဆုံးဖြစ်တဲ့ ဝူထုံပြည်နယ်ကို အခြေချဖို့ သိမ်းပိုက်ချင်တာပါ။ ဒါပေမဲ့ သူတို့မှာ စစ်အင်အား မလုံလောက်ဘူး ဖြစ်နေတယ်။ အကယ်၍သာ နောက်ထပ် လူ သုံးလေးထောင်လောက် ရှိမယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဝူထုံပြည်နယ်ကို စစ်ကူလွှတ်ပေးနိုင်မလား ဒါမှမဟုတ် တပ်ပေါင်းနိုင်မလားဆိုတာ သူတို့ စုံစမ်းနေကြတာပါ။ ဝူထုံပြည်နယ်က ခုခံဖို့ လွယ်ကူပြီး တိုက်ခိုက်ဖို့ ခက်ခဲသလို ရိက္ခာလည်း အလုံအလောက် ရှိပါတယ်။ အဲဒီနေရာကို သိမ်းနိုင်ရင်တော့ ရက်ပေါင်း ၄၀ ထက်မက တောင့်ခံထားနိုင်မှာပါ။

ချန်ဆန်းရှီနဲ့ သူ့အဖွဲ့ဟာ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့အတွက် နောက်ဆုံးရ သတင်းကို မြို့တံခါးအပြင်မှာ စောင့်နေကြပါတယ်။

"အစီရင်ခံပါတယ်—"

ကျောက်ကန်ဟာ အလန့်တကြားနဲ့ ပြေးဝင်လာတယ်"အရှင်... သတင်းဆိုးပါပဲ လော့ထျန်တောင်ကြားမှာ... လော့ထျန်တောင်ကြားမှာ အနည်းဆုံး စစ်သည် သုံးသောင်း ရှိနေပြီး အဲဒီထဲမှာနက်နဲပုံရိပ်အဆင့်ဗိုလ်ချုပ်

တစ်ယောက်လည်း ပါနေပုံရပါတယ်"

"အစီရင်ခံပါတယ်—"

နောက်ဘက်ကနေ နောက်ထပ် ထိတ်လန့်တကြား အသံတစ်ခု ထွက်လာပြန်တယ်။ ကင်းထောက်တစ်ယောက်က သတင်းပို့တယ် "နောက်ဘက်ကနေ လိုက်လာတဲ့သူတွေထဲမှာ တပ်အင်အား ထပ်တိုးလာပါတယ်။ အရေအတွက် အတိအကျကို မသိရပေမဲ့ အနည်းဆုံး လူနှစ်သောင်းလောက် ရှိနေပါတယ်"

"ဒါ... ဒါကတော့..."

"ငါတို့ အခု ဘာလုပ်ကြမလဲ"

ရှဲ့စီရှုကတော့ ပျာယာခတ်ပြီး "ရှေ့မှာလည်း ဝံပုလွေ၊ နောက်မှာလည်း ကျား ဆုတ်ရင်လည်း သေမှာ တိုးရင်လည်း သေမှာပဲငါပြောသားပဲ လော့ထျန်တောင်ကြားကို မလာသင့်ပါဘူးလို့၊ အခုတော့ ခင်ဗျားက ဇွတ်လာခဲ့တယ်။ ဗိုလ်ချုပ်ချန်... အခု ဘာလုပ်ရမလဲ ပြောဦးလေ"

လုရှူဟွာကလည်း မျက်မှောင်ကြုတ်ပြီး ချန်ဆန်းရှီကို စိုက်ကြည့်နေတယ် "ဒီလိုမှန်းသိရင် မင်းသားလေးနဲ့အတူ မြို့ထဲမှာပဲ ခုခံနေလိုက်တာ ပိုကောင်းဦးမယ်။ တပ်အင်အား နည်းနည်းလောက် ပိုရှိရင် စစ်ကူလာတဲ့အထိ ပိုပြီး ကြာကြာ တောင့်ခံထားနိုင်ဦးမှာ"

"ဗိုလ်ချုပ်ချန်... ဒါ ခင်ဗျားရဲ့ အကြံပဲနော်"

ယွီဆုန် က သူ့ရဲ့ ဓားကို ဆွဲထုတ်လိုက်တယ် "ကဲ ပြော... အခု ဘာလုပ်မလဲတခြားနည်းလမ်း မရှိရင်တော့ ငါတို့ နောက်ကိုပဲ ပြန်တိုက်ကြမလား"

"မြေပုံ"

ချန်ဆန်းရှီက အချက်ပြလိုက်တယ်။

ကြိုတင်ပြင်ဆင်ထားတဲ့ ရွှီဝမ်ချိုင်က မြေပုံကို ချက်ချင်း ဖြန့်လိုက်ပါတယ်။

"ဟုန်ကျဲမြစ်ကို ဒုတိယအကြိမ် ဖြတ်ကူးမယ်"

ချန်ဆန်းရှီက မြေပုံရဲ့ အနောက်ဘက်ခြမ်းကို လက်နဲ့ အားရပါးရ ရိုက်လိုက်တယ်။

"မြစ်ကို နောက်တစ်ခါ ထပ်ကူးမယ် ဟုတ်လား"

ရှဲ့စီရှုရဲ့ မျက်နှာက လုံးဝကို ကြောင်တောင်တောင် ဖြစ်သွားတယ် "ဒီကနေ အနောက်ဘက်ကို သွားရင် ယင်စွေ့တောင်နဲ့ ရွေဆမ်းရေမြို့ကို ရောက်မှာလေ။ မကြာခင်ကပဲ ဗိုလ်ချုပ်ရှာနဲ့ သူ့လူတွေ အဲဒီမှာ မျက်ခုံးနီတပ်ကို အကြီးအကျယ် ရှုံးခဲ့တာလေ။ ခင်ဗျား အဲဒီကို သွားချင်တာလားရူးနေတာလား"

"အရင်က အခြေအနေနဲ့ အခု အခြေအနေက မတူတော့ဘူး"

ချန်ဆန်းရှီက သူတို့ကို အချိန်ပေးပြီး ရှင်းပြလိုက်ရပါတယ်။

အကျင့်ဟောင်းကြီးအတိုင်းပါပဲ... သူ့ရဲ့ ရာထူးက နိမ့်လွန်းနေသလို အာဏာကလည်း နည်းလွန်းနေတယ်။ သူဟာ တိုက်ပွဲကြီးတွေကို ဘယ်တုန်းကမှ မကွပ်ကဲဖူးသလို သူ့မှာလည်း ဘာဩဇာမှ မရှိသေးဘူးလေ။ အားလုံးကို ရှင်းပြပြီး နားချဖို့ဆိုတာ သူ မဖြစ်မနေ လုပ်ရမယ့် အလုပ်တစ်ခု ဖြစ်နေပါတယ်။

"မင်းတို့ မေ့နေကြပြီလားရန်သူ့ရဲ့ အဓိကတပ်တွေ အခု ဘာလုပ်နေလဲဆိုတာ...

"သူတို့ရဲ့ အင်အား ထက်ဝက်ကျော်က အနောက်ဘက်ဒေသမှာ ယန်ပြည်နယ်တပ်တွေကို ရင်ဆိုင်ဖို့ ပြင်နေကြတယ်။ ကျန်တဲ့ အများစုကတော့ ယန်ချွမ်းခရိုင်ကို ဝိုင်းတိုက်နေကြတာ။ ငါတို့နောက်ကို လိုက်နေတဲ့ လူငါးသောင်းလည်း ရှိနေပြန်ရော။ ဒါဆိုရင် ယင်စွေ့တောင်နဲ့ ရွေစမ်းရေမြို့တစ်ဝိုက်မှာ စစ်သည် နှစ်ထောင်ထက် ပိုမရှိနိုင်တော့တာ သေချာသလောက်

ပဲ။ သူတို့တွေလည်း လုံးဝ သတိလက်လွတ် ဖြစ်နေကြမှာ..

"ငါတို့သာ အခုသွားမယ်ဆိုရင် နောက်က လိုက်လာတဲ့သူတွေကို ခေတ္တ မျက်ခြေဖြတ်နိုင်ရုံတင်မကဘဲ သူတို့ရဲ့ ရိက္ခာသိုလှောင်ရုံတွေကိုပါ မီးရှို့ပစ်လို့ရမယ် ဒါဆိုရင် ငါတို့နိုင်ငံရဲ့ တပ်မတော်ကြီးနဲ့ သူတို့ တိုက်ရတဲ့အခါ သူတို့အတွက် အခက်အခဲ ပိုများသွားလိမ့်မယ်..

"စိတ်မပူကြပါနဲ့၊ အဲဒီဘက်မှာ ရန်သူ့တပ်တွေ နည်းနေတယ်ဆိုတာ အနောက်ဘက်စစ်မျက်နှာက ဗိုလ်ချုပ်ကျောက်ရဲ့ သတင်းတွေနဲ့လည်း ကိုက်ညီနေတယ်။ မယုံရင် ကြည့်လိုက်ကြလေ။"

ဒီတော့မှ လူစုဟာ တစ်ဝက်လောက် ယုံကြည်သွားကြတယ်။

နောက်ဆုံးမှာတော့ ယွီဆုန် က ကျောက်ဝူကျိီဆီက ဟိုင်တုန်ချင်းနဲ့ ပို့လိုက်တဲ့ သတင်းကို ကြည့်ပြီးမှ လက်ခံလိုက်တယ် "ကောင်းပြီလေ၊ ဒါဆိုရင်တော့ ဗိုလ်ချုပ်ချန် ပြောသလိုပဲ လုပ်ကြတာပေါ့။ ဟုန်ကျဲမြစ်ကို ဒုတိယအကြိမ် ဖြတ်ကူးပြီး ရွေစမ်းရေမြို့ဆီ တန်းတန်းမတ်မတ် သွားကြမယ်။ ဒီမှာတင် နေရင်လည်း သေမှာပဲ၊ အကယ်၍သာ အောင်မြင်သွားခဲ့ရင် ဗိုလ်ချုပ်

ကျောက်နဲ့ တပ်ပေါင်းလို့ရမယ်။ ငါတို့ဘက်မှာ နက်နဲပုံရိပ်အဆင့်

ဗိုလ်ချုပ်တစ်ယောက် ရှိနေရင်တော့ အသက်ရှင်ဖို့ လမ်းစ ပိုရှိလာမှာပေါ့"

ကျောက်ဝူကျိီ...

ချန်ဆန်းရှီ သက်ပြင်းချလိုက်မိတယ်။

ခရီးက ဝေးလွန်းလှပါတယ်။ ကျောက်ဝူကျိီနဲ့ တကယ်ဆုံဖို့ဆိုတာ အခွင့်အရေး အရမ်းနည်းပါတယ်။ ဒါပေမဲ့ အခုက အဲဒါကို ထုတ်ပြောရမယ့် အချိန်မဟုတ်သေးပါဘူး။ သူတို့ကို ယုံကြည်လာအောင် အရင်ဆုံး ခေါ်ထုတ်သွားဖို့ပဲ လိုပါတယ်။

"ချီတက်ကြ"

"နေပါဦး ဒု-ဗိုလ်ချုပ်ကြီး ယွီဆုန်၊ ငါတို့ အခုချက်ချင်း ထွက်သွားလို့ မရသေးဘူး။"

ချန်ဆန်းရှီက ညွှန်ကြားလိုက်တယ် "ငါတို့ တပ်ဖွဲ့တစ်ခုကို ဒီမှာ ချန်ထားခဲ့ရမယ်။ သူတို့က ရန်သူကို ဟန်ပြတိုက်ခိုက်ပြီး ငါတို့ မြစ်ကူးဖို့ အချိန်ဆွဲပေးရမယ်။ မြစ်ကမ်းဘေး ရောက်တာနဲ့ ငါတို့ မြင်းတွေက ငါတို့ဆီကို ပြန်လာလိမ့်မယ်၊ အဲဒီကျရင် ရန်သူတွေ ငါတို့ကို ဘယ်လိုမှ အမှီလိုက်နိုင်တော့မှာ မဟုတ်ဘူး"

ဒု-ဗိုလ်ချုပ်ကြီး ယွီဆုန် က လူအုပ်ကြီးကို ကြည့်ပြီး မေးလိုက်တယ် "ဘယ်သူ သွားချင်လဲ"

"ကျွန်တော် သွားမယ်"

ပိုင်ထင်းကျီ က ဘာမှမစဉ်းစားဘဲ ရှေ့ထွက်လာတယ် "ဗိုလ်ချုပ်ချန်

အတွက် နောက်ချန်တပ်အဖြစ် ကျွန်တော် တာဝန်ယူပေးပါ့မယ်"

"ဒါက ဟန်ပြတိုက်တာနော်၊ တကယ် နောက်ချန်တပ်အဖြစ် အသေခံတိုက်ရမှာ မဟုတ်ဘူး"

ချန်ဆန်းရှီက သတိပေးလိုက်တယ် "ခပ်လှမ်းလှမ်းကနေ ဆူဆူညံညံပဲ လုပ်နေပါ၊ အပြင်မှာ အလဟဿ သွားမသေစေနဲ့ဦး"

သူကတော့ နည်းနည်း စိုးရိမ်နေတုန်းပါပဲ။ ပိုင်ထင်းကျီ ရော ကျူထုံ ရောက "ဦးနှောက်မပါတဲ့" လူစားမျိုးတွေ ဖြစ်နေလို့ပါ။ လောလောဆယ်မှာတော့ လုရှူဟွာနဲ့ ရှဲ့စီရှုတို့ကတော့ ဒီလို တာဝန်မျိုးကို ယူချင်ကြမှာ မဟုတ်ပါဘူး။

All Chapters