← Chapters

အခန်း (၂၂၅)

Vol. 21 Ch. 225

အခန်း (၂၂၅)

Vol. 21 Ch. 225

📝အပိုင်း - ၂၂၅

ဘာသာပြန် - Na Gar🐉

"အရှင်... ကျွန်တော့်ကို ထားခဲ့ပေးပါ"

ဝမ်ကျိီနဲ့ တခြားလူတွေရဲ့ အံ့သြမှင်သက်နေတဲ့ အကြည့်တွေအောက်မှာပဲ စာပေပညာရှင် ရွှီဝမ်ချိုင်က တုန်တုန်ယင်ယင်နဲ့ ရှေ့ကို တိုးထွက်လာတယ် "အရှင်... ကျွန်တော် ဒီမှာရှိနေရင် သူတို့တွေကို ကျွန်တော်တို့ တကယ်ပဲ လော့ထျန်တောင်ကြားကို တိုက်တော့မလို ယုံကြည်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ အရှင်တို့ ဘာမှ စိတ်မပူဘဲ ရှေ့ကိုပဲ သွားပါ၊ နောက်လှည့်မကြည့်ပါနဲ့"

"ငပျင်းကောင်... မင်းက ဘယ်တုန်းက ဒီလောက် သတ္တိရှိသွားတာလဲ"

ကျူထုံက မယုံနိုင်သလို မေးလိုက်တယ်။

"ဟမ်... ကျူကြီး၊ ငါက ဘယ်တုန်းကမှ သေမှာကို ကြောက်တဲ့သူ မဟုတ်ဘူးကွ"

ရွှီဝမ်ချိုင်က ပြန်ပက်လိုက်တယ် "အခုက ငါ အသုံးဝင်မယ့်အချိန်ပဲ"

"ကောင်းပြီ"

ကျူထုံက သူ့ရင်ဘတ်ကို လက်ဝါးနဲ့ ပုတ်လိုက်ပြီး "ငါ မင်းနဲ့အတူ နေခဲ့မယ်၊ မင်းရဲ့ ကိုယ်ရံတော် လုပ်ပေးမယ်။ ငါ အသက်ရှင်နေသရွေ့ ဘယ်သူမှ မင်းရဲ့ အမွှေးတစ်ချောင်းတောင် မထိစေရဘူး"

"ပိုင်ထင်းကျီ"

ချန်ဆန်းရှီက ညွှန်ကြားလိုက်တယ်"မင်း ငါ့ကို ယုံကြည်တယ်ဆိုရင်၊ အခုကစပြီး မင်းနဲ့ မင်းရဲ့လူတွေဟာ ရွှီဝမ်ချိုင်ရဲ့ အကြံဉာဏ်ကို လေးစားလိုက်နာရမယ်။ သူနဲ့ဆိုရင် ဘာမှ ပြဿနာဖြစ်မှာ မဟုတ်ဘူး"

"နားလည်ပါပြီ"

ပိုင်ထင်းကျီက လက်သီးဆုပ်ပြီး ဦးညွှတ်လိုက်တယ် "ဗိုလ်ချုပ်ရဲ့ စကားအတိုင်းပါပဲ၊ တိုင်ပင်ခံရွှီဟာ ကျွန်တော့်ရဲ့ တပ်မှူးပဲ။ အားလုံး ငါ့နောက်က လိုက်ခဲ့ကြ၊ လော့ထျန်တောင်ကြားကို တိုက်မယ်"

"ဒါဟာ တကယ့်ကို ခက်ခဲတဲ့ တာဝန်ပဲ။"

ချန်ဆန်းရှီ ကိုယ်တိုင်လည်း ဒီမှာ နေခဲ့လို့ မဖြစ်ဘူးလေ။ ဘာလို့လဲဆိုတော့ သူသာ ထွက်မသွားရင် ဒီလူတွေဟာ မြစ်ကူးပြီးတာနဲ့ ကျောက်ဝူကျိီနောက်ကို လိုက်သွားကြပြီး လမ်းမှာတင် သေကုန်ကြမှာမို့လို့ပါ။

သူတို့တွေ ချက်ချင်းပဲ ထွက်ခွာခဲ့ကြပြီး ဟုန်ကျဲမြစ်ကို ဒုတိယအကြိမ် ဖြတ်ကူးခဲ့ကြတယ်။

"မြင်းတွေ"

"ဒါ ငါတို့ မြင်းတွေပဲ"

"..."

စစ်သည်တွေဟာ မြစ်ကမ်းဘေးမှာ ကြိုစောင့်နေတဲ့ စစ်မြင်းတွေကို မြင်တဲ့အခါ အတိုင်းထက်အလွန် ဝမ်းသာသွားကြတယ်။ မြင်းတွေကို အမြန်ရေတွက်ကြည့်လိုက်တဲ့အခါ အရေအတွက် လျော့မသွားတဲ့အပြင် နောက်ထပ် မြင်းတစ်ရာကျော်တောင် ပိုတိုးလာတာကို တွေ့ရတယ်။ ရှောင်ရှင်းတစ်ကောင် ဒီမြင်းတွေကို ဘယ်ကနေ ရှာလာသလဲဆိုတာ ဘယ်သူမှ မသိဘူး၊ တကယ့်ကို အံ့သြဖို့ကောင်းလှပါတယ်။

"မြန်မြန်လုပ်ကြ၊ အချိန်မဖြုန်းနဲ့"

ချန်ဆန်းရှီက အကျယ်ကြီး အော်ပြောလိုက်တယ်။

စစ်သည်တွေဟာ မြင်းပေါ်တက်ပြီး အမြန်ဆုံး ထွက်ခွာခဲ့ကြပါတယ်။

ရွှီဝမ်ချိုင်ရဲ့ ကွပ်ကဲမှုအောက်မှာ သူတို့ကရန်သူ့တပ်တွေရဲ့ အာရုံစိုက်မှုကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ရန်သူတွေကချန်ဆန်းရှီတို့အဖွဲ့ လော့ထျန်တောင်ကြားကိုအတင်းဝင်တိုက်ပြီး မဟာတောရိုင်းကြီးထဲကို ထွက်ပြေးတော့မယ်လို့ အပြည့်အဝ ယုံကြည်သွားကြတာပါ။

ဒါပေမဲ့ နောက်က လိုက်လာတဲ့သူတွေ တကယ်တမ်း ရောက်လာတဲ့အခါမှာတော့ ချန်ဆန်းရှီတို့ဟာ မိုင်ပေါင်း ရာနဲ့ချီဝေးတဲ့ ယင်စွေ့တောင်နားကို ရောက်နေပါပြီ။ ရန်သူတွေရဲ့ မျက်စိထဲမှာတော့ အခုလေးတင် လော့ထျန် တောင်ကြားနားမှာ ရှိနေတဲ့ လူသုံးထောင်ကျော်ဟာ ရုတ်တရက်ဆိုသလို မြေလျှိုးမိုးပျံ ပျောက်ကွယ်သွားသလိုမျိုး ဖြစ်နေတော့တာပဲ။

"ပျောက်သွားပြီ ဟုတ်လား"

တုန်အန်းက နောက်ဆုံးရသတင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။

"ထူးဆန်းတယ်၊ သူတို့ ဘယ်ကို ရောက်သွားတာလဲ"

ရှန့်ထျန်းက မြေပုံကို ကြည့်ပြီး နားမလည်နိုင် ဖြစ်နေတယ် "သူတို့တွေ ပျံသွားတာလား"

"ပျံရမှာလားကွ ငါတို့ အလှည့်စားခံလိုက်ရပြီ"

တုန်အန်းက ချက်ချင်းပဲ ရိပ်မိသွားတယ် "သူတို့ မြစ်ကို နောက်တစ်ခါ ပြန်ကူးသွားတာပဲ။ ဗဟိုတပ်တွေ အားနည်းနေတာကို အခွင့်ကောင်းယူပြီး ယင်စွေ့တောင်ကို ပတ်သွားမယ်၊ ပြီးရင် ရွေစမ်းရေမြို့ကို ဖြတ်ပြီး ဟိုမှာ တကွဲတပြားဖြစ်နေတဲ့ ကျောက်ဝူကျိီတို့နဲ့ ပူးပေါင်းဖို့ ကြံနေတာပဲ... နေဦး၊ ရွေစမ်းရေမြို့မှာ အစောင့် ဘယ်လောက်ကျန်သေးလဲ"

"လူ နှစ်ထောင်လောက်ပဲ ရှိမယ်"

ရှန့်ထျန်းက စဉ်းစားပြီး "အင်အားအများစုက ဒီမှာ ငါတို့နဲ့အတူ ရှိနေတာလေ၊ တချို့ကလည်း အနောက်ဘက်က ကျောက်ဝူကျိီနောက်ကို လိုက်သွားကြပြီ။ ကျန်တာတွေကတော့ တိုက်ခိုက်ရေးစွမ်းရည်မရှိတဲ့ သာမန်အရပ်သားတွေပဲ"

"တောက် အဲဒီမှာ ငါတို့တပ်မတော်တစ်ခုလုံးနဲ့ အနောက်ချီတပ်တွေ တစ်

နှစ်စာ စားဖို့ ရိက္ခာတွေ ရှိနေတာကွ"

တုန်းအန်းက အမိန့်ပေးလိုက်တယ် "မြန်မြန်... ဟုန်ကျဲမြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ တပ်တွေအားလုံးကို စုစည်းပြီး အနောက်ဘက်ကို ကူးခိုင်းလိုက်။ ရွေစမ်းရေမြို့ဆီကို အတိုဆုံးလမ်းကနေ လိုက်ကြပြီးတော့ အနောက်ချီနိုင်ငံက ဗိုလ်ချုပ်ကျုံးကိုလည်း သတင်းပို့လိုက်၊ အနောက်တောင်ဘက်ကို လူတစ်သောင်း ထပ်လွှတ်ခိုင်းလိုက်။ ချန်ဆန်းရှီတို့အဖွဲ့ ကျောက်ဝူကျိီနဲ့ မပူးပေါင်းနိုင်ခင် ကြားဖြတ်တားဆီးရမယ်။ ဝူထုံပြည်နယ်ကို ဆုံးရှုံးတာက ကိစ္စမရှိပေမဲ့ သူတို့သာ ပူးပေါင်းသွားရင်တော့ တကယ့်ကို လက်ဝင်မယ့်ကိစ္စပဲ"

"အော်... ဟုတ်ကဲ့၊ နားလည်ပါပြီ။"

ရှန့်ထျန်းကတော့ အခုထိ နည်းနည်း ကြောင်နေတုန်းပဲ၊ ဒါပေမဲ့ ဆက်မမေးတော့ဘဲ အမိန့်အတိုင်း အမြန်သွားလုပ်တော့တယ်။

"ချန်ဆန်းရှီ... စိတ်ဝင်စားဖို့ကောင်းသားပဲ"

တုန်အန်းက စုတ်တံကို ထုတ်ပြီး သူတို့ ချီတက်နိုင်မယ့် လမ်းကြောင်းကို မြေပုံပေါ်မှာ ဆွဲကြည့်နေတယ်။ ဒီလို ရဲတင်းတဲ့ ဆုံးဖြတ်ချက်မျိုးကို ကြည့်ပြီး သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်အတွင်းမှာ မခံစားဖူးတဲ့ မလုံခြုံမှုကို ခံစားလိုက်ရတယ်။

အဲဒီတုန်းက သူဟာ ဖန်ချင်းယွမ်နဲ့ ထိပ်သီးခေါင်းဆောင်နေရာအတွက် ပြိုင်ဆိုင်ခဲ့ရတာလေ..

အခုတော့ နောက်ဆုံးမှာ ဖန်ချင်းယွမ်က မသေသေးဘူး။

ဒါဆိုရင်... နောက်ထပ် ဖန်ချင်းယွမ်တစ်ယောက် ထပ်ပေါ်လာတာလား။

"ဟူး..."

တုန်အန်းက သက်ပြင်းကို အရှည်ကြီး ချလိုက်ပြီး စိတ်ကို ပြန်ထိန်းလိုက်

တယ်"မဖြစ်နိုင်ဘူး၊ ငါ သူ့ကို မရှုံးစေရဘူး။ ငါသာ ဒီလို လူငယ်လေးတစ်ယောက်ကို ရှုံးသွားမယ်ဆိုရင် ငါ့ဘဝက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"

စစ်ပွဲဆိုတာ...

တကယ်တော့ စတုရန်းကွက်ပေါ်က စစ်တုရင် ကစားပွဲလိုပါပဲ။

နှစ်ဖက်စလုံးက စစ်သေနာပတိတွေဟာ တစ်ယောက်ကိုတစ်ယောက် မမြင်ရတဲ့ ကစားသမားတွေလိုပဲ။

ပြိုင်ဘက်က အကွက်တစ်ခု ရွှေ့လိုက်မှသာ ဘယ်လို ပြန်တုံ့ပြန်ရမလဲဆိုတာ သိနိုင်တာ။

အခု အခြေအနေက ပြိုင်ဘက်က အခြေအနေမကောင်းပေမဲ့ အခွင့်အရေးတစ်ခုကို ရှာတွေ့သွားတာပဲ၊ အဲဒါကို အမြန်ဆုံး နှိပ်ကွပ်ရမယ်။

"ရိက္ခာတွေ ပျက်စီးသွားရင်လည်း ပျက်စီးပါစေ"

"ဒီတပ်ဖွဲ့လေးကိုတော့ အမြစ်ပြတ် သုတ်သင်ရမယ်"

"ရိက္ခာတွေတော့ မပျက်စီးစေနဲ့ကွာ... တောက်"

မေတောင်တန်း။

လျန်ကျိနျန်ဟာ နောက်ကျပြီးမှ ရောက်လာတဲ့ သတင်းကို ကြည့်ပြီး စားပွဲကို လက်သီးနဲ့ ထိုးနေတော့တာပဲ "တစ်နှစ်စာ ရိက္ခာတွေကွ အဲဒါတွေသာ တကယ် ပျက်စီးသွားရင် ငါ အနောက်ချီနိုင်ငံကို ဘယ်လို ရှင်းပြရမလဲ"

"ငတုံး တုန်အန်းက အဲဒီနားမှာ ရှိနေတာကို ဘာလို့ သူတို့ကို မတားနိုင်ရတာလဲသူ ဖီးနစ်(ဖန်ချင်းယွမ်)ရဲ့ ဖိနှိပ်မှုကို တစ်သက်လုံး ခံခဲ့ရတာ မဆန်းပါဘူး။ သူ့ကို စစ်ပွဲရူးလို့ ပြောကြပေမဲ့ ငါ့အမြင်မှာတော့ သူက လူအပဲ"

"အနောက်ချီတပ်တွေက အခု အနောက်မြောက်ဘက်မှာ စခန်းချပြီး ရွေစမ်းရေမြို့က ရိက္ခာတွေကို စောင့်နေကြတာ ငါတို့သာ ငါတို့နယ်စပ်ထဲကနေ ရိက္ခာတွေ ထပ်ပို့နေရမယ်ဆိုရင် ဒီစစ်ပွဲအတွက် ကုန်ကျစရိတ်က ဘယ်လောက်တောင် များသွားမလဲဆိုတာ ဘယ်သူသိမှာလဲ"

သူဟာ ဒီစစ်ပွဲကနေတစ်ဆင့် အနောက်ချီနိုင်ငံဆီက ရာထူးနဲ့ အခွင့်အရေးတွေ ရဖို့ မျှော်လင့်ထားတာလေ။

ဒါ့အပြင် သူ ဆောင်ထားတဲ့ မသေမျိုးပစ္စည်းကလည်း သူ့ရဲ့ အစွမ်းတွေ တိုးတက်ဖို့အတွက် အောင်ပွဲတွေ လိုအပ်နေတာပါ။

အကယ်၍ ရိက္ခာတွေသာ မီးလောင်သွားရင် ဒီလို ကြီးမားတဲ့ ကျရှုံးမှုက သူ့စွမ်းအင်တွေကို လျော့နည်းသွားစေမှာ သေချာပါတယ်။

"စစ်သေနာပတိ... စိတ်လျှော့ပါဦး"

ဗိုလ်ချုပ်တစ်ယောက်က အမြန်ပဲ ဖျောင်းဖျလိုက်တယ် "ဒါကို ကုစားနိုင်

မယ့် နည်းလမ်း ရှိမလား"

"အခုချက်ချင်း အခုပဲ"

လျန်ကျိနျန်က ပြောတယ် "မေပြည်နယ်ကနေ စစ်သည် တစ်သောင်းကို လှေကြီးတွေနဲ့ လွှတ်လိုက်၊ မြစ်ကို အမြန်ဆုံး ဖြတ်ကူးပြီး သူတို့ကို လမ်းခုလတ်မှာ ကြားဖြတ်တားဆီး"

"တစ်သောင်း..."

ဗိုလ်ချုပ်က စိုးရိမ်တကြီးနဲ့ ပြောတယ် "စစ်သေနာပတိ... ကျွန်တော်တို့ မေပြည်နယ်မှာ အစက စစ်သည် ငါးသောင်း ရှိတာလေ။ သုံးသောင်းကို တခြားပို့လိုက်တော့ အခု နှစ်သောင်းပဲ ကျန်တော့တာ။ အခု နောက်ထပ် တစ်သောင်း ထပ်လွှတ်မယ်ဆိုတာ သေချာရဲ့လား"

"ငါ့မှာ ဝူရွှေ ဆိုတဲ့ သဘာဝအကာအကွယ် ရှိနေတာပဲ၊ ဘာကြောက်စရာ ရှိလဲပြီးတော့ တစ်သောင်း ကျန်သေးတာပဲ မဟုတ်လား"

လျန်ကျိနျန်က တိုက်တွန်းလိုက်တယ် "မြန်မြန်လုပ်... ဒီမှာ အချိန်ထပ်မဖြုန်းနဲ့တော့"

"ဟုတ်ကဲ့ပါ"

12

All Chapters