← Chapters

အခန်း (၂၂၆)

Vol. 21 Ch. 226

အခန်း (၂၂၆)

Vol. 21 Ch. 226

📝အပိုင်း - ၂၂၆

ဘာသာပြန် - Na Gar🐉

လျန်ကျိုး။

"သခင်ကြီးဟောက်၊ သခင်ကြီးဖေ... ကျုပ်အခု မင်ပြည်နယ်ကို တပ်ဦးဆောင်ပြီး သွားတော့မယ်။ လျန်ကျိုးတပ်မတော်တစ်ခုလုံးရဲ့ ကိစ္စရပ်တွေကိုတော့ ခင်ဗျားတို့နှစ်ယောက်ကိုပဲ အပ်ခဲ့ပါရစေ။ မဟာတံတိုင်းကြီးကိုလည်း သေချာစောင့်ကြည့်ပေးကြပါ။ အကယ်၍ လူရိုင်းတွေဘက်က တစ်ခုခု လှုပ်ရှားလာပြီဆိုရင် မြေလှန်စနစ်ကိုသုံးပြီး လျန်ကျိုးမြို့ထဲကို ဆုတ်ခွာပြီး အခိုင်အမာခုခံကြပါ၊ အပြင်ကို လုံးဝ ထွက်မတိုက်ပါနဲ့"

မီးတောက်မြင်းပေါ်မှာ တောင်တစ်လုံးလို ခန့်ညားစွာ ထိုင်နေတဲ့ စစ်သူကြီး လူကျိီက လျန်ကျိုးမှာ ကျန်ရစ်ခဲ့မယ့် သခင်ကြီးဟောက်နဲ့ တခြားလူယုံတွေကို မှာကြားနေတာပါ။

"စိတ်ချပါ ဗိုလ်ချုပ်လူ"

ဖေထျန်းနန်က ကတိပေးတယ် "ကျွန်တော် တာဝန်ယူထားတဲ့ မြောက်ဘက်ဒေသမှာ ဘာပြဿနာမှ မရှိစေရဘူးလို့ အာမခံပါတယ်"

"အစ်ကိုကြီး"

"ပုချိီ"

လူကျိီက သူ့ဆီကို မြင်းနဲ့ အပြင်းနှင်လာတဲ့ လူငယ်လေးကို ကြည့်ပြီး မေးလိုက်တယ် "မင်း ဘာလုပ်မလို့လဲ"

"ကျွန်တော်လည်း လိုက်မယ်"

ဆွန်ပုချိက သူ့လက်ထဲက လှံရှည်ကို မြှောက်ပြပြီး ပြောတယ် "ကျွန်တော် အရိုးဖွဲ့စည်းခြင်းအဆင့်ကို ပြည့်စုံအောင် ကျင့်ကြံပြီးပြီ၊ ကျွန်တော်လည်း ကူညီပေးနိုင်ပါတယ်"

"မဖြစ်ဘူး"

လူကျိီက ငြင်းလိုက်တယ်"မင်းနဲ့ ဂျူနီယာညီမလေးက လျန်ကျိုးမှာပဲ နေခဲ့ကြ ငါတို့ မင်းတို့ကို မလိုဘူး"

"နေပါဦး"

ဆွန်ပုချိီက ထပ်ပြီး ဇွတ်မေးတယ် "အစ်ကိုကြီး... ကျွန်တော့်ကို အမှန်အတိုင်း ပြောပြပါဦး။ မင်ပြည်နယ်မှာ အခြေအနေတွေ ဘယ်လိုဖြစ်နေလို့လဲဘာလို့ အခုလို တပ်မတော်ကြီးတစ်ခုလုံးကို ပြန်ပြီး စေလွှတ်နေရတာလဲတစ်ခုခု ထူးခြားလို့လား"

"တုန်အန်းလေ"

လူကျိီက နောက်လှည့်မကြည့်ဘဲ သူ့ရဲ့ လခြမ်းကွေးလှံကို ကိုင်ပြီး မြင်းကို အရှိန်နဲ့ စီးထွက်သွားရင်း ပြောလိုက်တယ် "သူက နိုင်ငံတော်ကို သစ္စာဖောက်သွားပြီ"

တုန်အန်းက သစ္စာဖောက်သွားပြီတဲ့။

ဒီလို မြင့်မားတဲ့ လျှို့ဝှက်သတင်းမျိုးကို တခြားလူတွေ လုံးဝ မသိကြပါဘူး။ ဆွန်ပုချိီဟာ မိုးကြိုးပစ်ခံလိုက်ရသလို မှင်သက်သွားပြီး "အမ...ခဲအိုကြီးကတော့..."

ဆွန်လီက အနားမှာ ရှိနေပေမဲ့ လူကျိီကိုတော့ သွားမနှုတ်ဆက်ခဲ့ပါဘူး။

"မြေပုံ"

ဆွန်ပုချိီက မြေပုံကို အမြန်ယူပြီး ကြည့်လိုက်တယ် "အကယ်၍ တုန်အန်းက သစ္စာဖောက်သွားပြီဆိုရင် မင်ပြည်နယ်တစ်ခုလုံးကတော့... အမ ငါတို့ ဘာလုပ်ကြမလဲ"

"ဒုတိယ စီနီယာအစ်ကိုက စာပို့ထားတယ်။ လူတွေ စေလွှတ်လိုက်ပြီတဲ့"

ဆွန်လီက သူမရဲ့ နှုတ်ခမ်းကို သွေးထွက်မတတ် ကိုက်ထားမိတယ် "ဒါကို စီနီယာအစ်မ လန် ကို လုံးဝ မပြောနဲ့နော်၊ နားလည်လား"

"ချန်ဆန်းရှီ ကိစ္စပြတ်သွားပြီဆိုတာ သိရင် သူ ဘယ်လောက် စိတ်ပူမလဲ"

ဆွန်ပုချိီက ပြောတယ် "သူတစ်ယောက်တည်းတင် မဟုတ်ဘူး၊ မင်

ပြည်နယ်တစ်ခုလုံး သွားပြီ အမဒီမှာ နေခဲ့၊ ငါ အဖေ့ဆီကို သတင်းရမလား သွားကြည့်လိုက်ဦးမယ်"

"..."

ဆွန်လီကတော့ ချန်အိမ်တော်ဆီကို တိတ်တိတ်ဆိတ်ဆိတ်ပဲ မြင်းစီးပြီး ပြန်လာခဲ့တယ်။

"ညီမလေး"

ဗိုက်လေးနဲ့ ဂူရှင်းလန်က တံခါးဝမှာ ကြိုနေတယ် "အခြေအနေ ဘယ်လိုလဲ"

"အကုန် အဆင်ပြေပါတယ်"

ဆွန်လီက မြင်းပေါ်က ဆင်းပြီး မပျော်ပေမဲ့ အတင်းပြုံးပြလိုက်တယ်"ညီမတို့တွေ နိုင်နေပြီ။ တူလေး မမွေးခင်မှာပဲ သူ သေချာပေါက် ပြန်ရောက်လာလိမ့်မယ်"

"ကောင်းတာပေါ့ ကောင်းတာပေါ့"

ဂူရှင်းလန်က ဆွန်လီရဲ့ လက်ကို ကိုင်လိုက်တယ် "လာ... ညီမလေး၊ ညီမလေးကို ကလေးအဝတ်အစား ချုပ်နည်း သင်ပေးမယ်"

"အော်... ဟုတ်ကဲ့ပါ"

ယန်ပြည်နယ်။

"ဒုတိယ စီနီယာအစ်ကို"

ရုံရန်ချူးက အရှေ့မှာ သွားနေတဲ့ ဒုတိယ စီနီယာအစ်ကို ချန်ဝေကို လှမ်းခေါ်လိုက်တယ်"စာတွေ ရောက်ပြီလား"

"ရောက်ပြီ"

ချန်ဝေက သူ့ရဲ့ ဟိုင်တုန်ချင်းကို လွှတ်လိုက်ပြီး "ငါတို့ရဲ့ ညီငယ်လေး အသက်ရှင်နေတုန်းပဲ။ ဒါပေမဲ့ အခြေအနေကတော့ တော်တော်ဆိုးတယ်။ စစ်သည် တစ်သိန်းကျော်က သူတို့ကို ဝိုင်းထားတာဆိုတော့ ကြာကြာ တောင့်ခံနိုင်ဖို့ မလွယ်ဘူး"

ရုံရန်ချူးရဲ့ အကြည့်တွေက အေးစက်ပြီး ရက်စက်တဲ့ အရိပ်အယောင်တွေ ရှိနေတယ် "အဲဒီ တုန်အန်းက တကယ့်လူပဲ။ စတုတ္ထစီနီယာအစ်ကိုက သူ့ရဲ့ စိတ်ထဲမှာ နတ်ဆိုးတစ်ကောင်လို ဖြစ်နေတာ။ စတုတ္ထစီနီယာအစ်ကိုကို နိုင်ဖို့အတွက် သူက ဒီလောက်အထိ အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးရဲတယ်ပေါ့။ ငါ့လက်ထဲကိုသာ မမိစေနဲ့"

"မဖြစ်နိုင်တော့ဘူး~"

ချန်ဝေက စိတ်ပျက်လက်ပျက်နဲ့ သူ့လက်ထဲက ဂေါ်လီလုံးကို ကစားနေရင်း ပြောတယ် "အကုန် သွားပြီ၊ အကုန် သွားပြီ"

"ဘာကို သွားတာလဲ"

ရုံရန်ချူးက အေးစက်စက် ပြောတယ် "ရက်ပေါင်း ၂၀ အတွင်းမှာ ငါတို့ မင်ပြည်နယ်ထဲကို အရောက်သွားရမယ်"

"ရက် ၂၀ နဲ့ မရဘူး၊ အနည်းဆုံး ရက်ပေါင်း ၄၀ လိုတယ်"

ချန်ဝေက လက်ကိုကို တောက်တောက်တောက်နဲ့ ခေါက်ရင်း ပြောပြတယ် "အခု အနောက်ချီနိုင်ငံက တောင်ဘက်ကို ဆင်းမယ့် အဓိက လမ်းကြောင်းပေါ်မှာ တပ်အင်အား အလုံးအရင်းနဲ့ ချထားတယ်။ ပြီးတော့ မင်ပြည်နယ်ထဲက ရိက္ခာတွေကလည်း အဆက်မပြတ် ရနေတာဆိုတော့ အချိန်တိုအတွင်း သူတို့ကို တိုက်ထုတ်ဖို့ မဖြစ်နိုင်ဘူး"

"ဒီတိုက်ပွဲမှာ အနောက်ချီနိုင်ငံက အသာစီးအကုန် ရနေတာ။ ငါတို့ မြေပေါ်မှာ ငါတို့ ပြည်သူတွေကို သတ်နေတာတင် မဟုတ်ဘူး၊ သူတို့ စားနေတဲ့ ရိက္ခာတွေကလည်း မင်ပြည်နယ်ရဲ့ ကျီထဲကဟာတွေ။ သူတို့အတွက်ကတော့ နိုင်ရင်နိုင်၊ မနိုင်ရင်လည်း ဘာမှ မရှုံးတဲ့ စီးပွားရေးပဲ"

"ရက်ပေါင်း ၄၀ ဆိုတာ အရမ်းကြာလွန်းတယ်"

ရုံရန်ချူးက စိုက်ကြည့်ပြီး ပြောတယ် "ဒုတိယ စီနီယာအစ်ကို... ရှင်က များသောအားဖြင့် ဗျူဟာအကြွယ်ဆုံး မဟုတ်လားရက် ၃၀ အတွင်းမှာ ဝင်နိုင်မယ့် နည်းလမ်းကို ဘယ်လိုနည်းနဲ့မဆို ရှာစမ်းပါ"

"ငါက နတ်ဘုရားမှ မဟုတ်တာ။ မင်း စတုတ္ထစီနီယာအစ်ကိုကို သွားမေးရင်တောင် ဒီအတိုင်းပဲ ပြောမှာပဲ"

ချန်ဝေက "တစ်ခုပဲ ရှိတယ်... ရန်သူ့ရဲ့ အလယ်ပိုင်းက တပ်တွေ မရှိတော့ဘဲ ဟာနေတဲ့အချိန်မှာ တစ်ယောက်ယောက်က ရွေစမ်းရေမြို့ကို သွားပြီး သူတို့ရဲ့ ရိက္ခာကျီတွေကို မီးရှို့နိုင်မှပဲ ရမယ်။ ဒါဆိုရင် အနောက်ချီနိုင်ငံက သူတို့ဆီကနေ ရိက္ခာတွေ ပြန်သယ်ဖို့ နှစ်လလောက် ကြာသွားလိမ့်မယ်"

"ရိက္ခာတွေ ပြတ်သွားပြီဆိုမှ သူတို့ ဆုတ်ခွာရမှာ၊ အဲဒီကျမှ ငါတို့က အခွင့်ကောင်းယူနိုင်မယ်"

"ဒါပေမဲ့ မင်း စဉ်းစားကြည့်လေ၊ အဲဒါက ဖြစ်နိုင်ပါ့မလားကျောက်ဝူကျိီက ကိုယ့်ကိုယ်ကိုယ်တောင် မနည်း ကာကွယ်နေရတာ။ ရှာဝမ်လုံတို့အဖွဲ့ကလည်း ယန်ချွမ်းခရိုင်မှာ ပိတ်မိနေတယ်။ ငါတို့ ညီငယ်လေးကလည်း ဟုန်ကျဲမြစ်ကို ဖြတ်ပြီး တောင်ဘက်ကို ပြေးနေတာ။ ဘယ်သူက အဲဒီကို သွားနိုင်မှာလဲ"

.....

"ရန်သူတွေ"

"ရန်သူတွေ လာနေပြီ"

ရွေစမ်းရေမြို့အပြင်ဘက်။

ရိက္ခာတွေ သယ်ပို့ဖို့ တာဝန်ယူထားရတဲ့ ပုန်ကန်သူတပ်တွေဟာ ဖုန်လုံးကြီးတွေနဲ့အတူ အပြင်းနှင်လာတဲ့ တပ်ဖွဲ့ကို မြင်တဲ့အခါ ပျာယာခတ်သွားကြတယ်။ ဒီတိုက်ခိုက်သူတွေက ဘယ်ကနေ ရောက်လာမှန်း သူတို့ စဉ်းစားလို့မရသလို၊ ဒါက မြင်းစီးတပ်ဖွဲ့ ဖြစ်နေတာကိုလည်း မယုံနိုင်အောင် ဖြစ်နေကြတယ်။

"သတ်ကြ——"

"..."

သူတို့တွေ ဘာလုပ်ရမှန်း မဆုံးဖြတ်ရသေးခင်မှာပဲ မြင်းစီးတပ်ဖွဲ့က တားမရဆီးမရ ဝင်တိုက်ပါတော့တယ်။ ပုန်ကန်သူ နှစ်ထောင်ကျော်ဟာ ခဏလေးအတွင်းမှာပဲ ပြိုကွဲသွားပြီး ရိက္ခာတွေကို ပစ်ချကာ ထွက်ပြေးကြတော့တယ်။ အလုပ်သမားတွေလည်း အရပ်ရပ်ကို လွင့်စင်ထွက်ပြေးသွားကျပါတယ်။

"မီးရှို့ပစ်ကြ အကုန်လုံးကို မီးရှို့ပစ်"

ချန်ဆန်းရှီက အမိန့်ပေးလိုက်တယ် "ပြီးရင် ရွေစမ်းရေမြို့ထဲကို ချီတက်မယ်"

"ကောင်းပြီ၊ မြန်မြန်... ဗိုလ်ချုပ်ချန် ပြောတဲ့အတိုင်း လုပ်ကြ"

ယွီဆုန် ဟာ ဒီလောက် လွယ်လွယ်ကူကူ ရလာတဲ့ အောင်ပွဲကြောင့် ခဏလောက် ကြောင်သွားမိပါတယ်။ ရှဲ့စီရှုနဲ့ လုရှူဟွာတို့လည်း အံ့သြနေကြတာပါပဲ။

သူတို့ နားမလည်နိုင်တာက...

ချန်ဆန်းရှီဟာ ဘယ်လိုလုပ်ပြီး ရန်သူတွေရဲ့ လှုပ်ရှားမှုနဲ့ တည်နေရာကို ဒီလောက် အတိအကျ သိနေရတာလဲပြီးတော့ ဘယ်လိုလုပ်ပြီး ဒီလောက်များပြားတဲ့ သေတွင်းတွေကြားထဲကနေ လွတ်လမ်းကို ရှာတွေ့နေရတာလဲ ဆိုတာပါပဲ။

"ဟိုရှေ့မှာ လူတွေ ရှိနေတယ်"

လုရှူဟွာက ရှေ့က တောအုပ်ထဲက လူရိပ်တွေကို ညွှန်ပြလိုက်တယ် "ညီအစ်ကိုတို့... သွားတိုက်ကြစို့"

"မတိုက်နဲ့ဦး၊ ကျွန်တော်ပါ၊ ကျွန်တော်ပါ"

"..."

ဒီလူတွေဟာ မျက်ခုံးနီတပ်ဝတ်စုံတွေကို ဝတ်ထားကြတာပါ။ သူတို့ဆီကို လျှောက်လာတဲ့သူက လူ ၂၀ ကျော်လောက်ပဲ ရှိပြီး တစ်ကိုယ်လုံးလည်း ပေရေနွမ်းနယ်နေသလို၊ လေတိုက်ရင်တောင် ပြိုလဲသွားတော့မယ့်ပုံစံမျိုးနဲ့ အလွန် ပိန်လှီနေကြပါတယ်။

"ညီအစ်ကို ချန်... ကျွန်တော်ပါ"

"ရန်ချန်ချင်း"

ချန်ဆန်းရှီက အဲဒီလူကို ချက်ချင်း မှတ်မိသွားတယ် "မင်း ဒီမှာ ဘာလုပ်နေတာလဲ"

"ညီအစ်ကို ချန် မသိသေးဘူးပဲ"

ရန်ချန်ချင်းက အသက်ကို မနည်းလုရှူရင်း ပြောတယ် "ဆုံးဖြတ်ချက်ချရမယ့် တိုက်ပွဲတုန်းက ကျွန်တော်တို့ တပ်ကွဲသွားပြီး ဒီကို ရောက်လာတာ။ ကျွန်တော် ညီအစ်ကိုတွေကို ဦးဆောင်ပြီး ဒီတောနက်ထဲမှာ အရိုင်းအစိုင်းတွေလို နေခဲ့ရတာ လနဲ့ချီနေပြီ... နောက်ဆုံးတော့၊ နောက်ဆုံးတော့ ခင်ဗျားတို့ကို စောင့်နေရတာ အောင်မြင်ပြီအခု အခြေအနေ ဘယ်လိုလဲဘာလို့ ဒီကို ပြန်လာကြတာလဲ၊ ငါတို့ ရှုံးနေတာကနေ နိုင်သွားလို့ ပြန်ပြီး ထိုးစစ်ဆင်နေတာလား"

All Chapters