အခန်း (၂၂၇)
Vol. 21 Ch. 227
📝အပိုင်း - ၂၂၇
ဘာသာပြန် - Na Gar🐉
လူတိုင်းကတော့ ဟိုင်တုန်ချင်း ဆီက သတင်းတွေကို ရနိုင်စွမ်းမရှိကြပါဘူး။ သူတို့အတွက်ကတော့ စစ်မြေပြင်မှာ ရှိနေတာဟာ မျက်စိကန်းနေသလိုပါပဲ။ ဒါကြောင့် ရှဲ့စီရှု က လက်ရှိအခြေအနေကို အတိုချုံး ရှင်းပြလိုက်ပါတယ်။
"ဘာ"
ရန်ချန်ချင်း ဟာ သူကြားလိုက်တာကို ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားတယ် "ခင်ဗျားတို့မှာ လူသုံးထောင်ပဲ ရှိတာလားဗိုလ်ချုပ်ရှာနဲ့ မင်းသားလေးက တခြားနေရာမှာ ပိတ်မိနေတယ်ပေါ့အဲဒါကို ခင်ဗျားတို့က ဘယ်လိုလုပ် ဒီနေရာကို ရောက်လာပြီး ဒီလောက် သတ္တိကောင်းကောင်းနဲ့ သူတို့ရိက္ခာတွေကို မီးရှို့ရဲရတာလဲ"
"အခု အဲဒါတွေ ပြောနေဖို့ အချိန်မရှိဘူး"
ချန်ဆန်းရှီက ဖြတ်မေးလိုက်တယ် "အစ်ကိုရန်...ရွေစမ်းရေမြို့ ရဲ့ လက်ရှိအခြေအနေကို ခင်ဗျား သိလား"
ရန်ချန်ချင်း ဟာ ဒီတစ်ဝိုက်မှာ ပြောက်ကျားစစ် တိုက်နေခဲ့တာမို့ တချို့အချက်အလက်တွေကို သိထားပါတယ် "အင်အားက တော်တော်လေး ဟာနေတယ်ဒါပေမဲ့ ရိက္ခာလမ်းကြောင်းကို စောင့်နေတဲ့ လူနှစ်ထောင်အပြင် မြို့ထဲမှာလည်း နောက်ထပ် လူနှစ်ထောင်လောက် ရှိဦးမယ်။ ပြီးတော့ ကျွန်တော် သိသလောက်ဆိုရင် အဓိက စစ်သူကြီးက မဟာသွေးကြောအဆင့်မှာ ရှိပြီး ဒုဗိုလ်ချုပ်ကတော့ ဟွာကျင်းပြီးပြည့်စုံခြင်းအဆင့်ကမဟာသွေးကြောအဆင့်ကို ရောက်ခါနီးနေတဲ့သူပဲ။ အခု သူတို့ ရိက္ခာလမ်းကြောင်း အတိုက်ခံရပြီဆိုတော့ သူတို့ မြို့ထဲကနေ ချက်ချင်းထွက်ပြီး ငါတို့နောက်ကို လိုက်လာကြတော့မှာ သေချာတယ်"
"နောက်ထပ် လူနှစ်ထောင်..."
ဒါဟာ တကယ့်ကို ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဖြစ်တော့မယ်ဆိုတာ ချန်ဆန်းရှီ သိလိုက်ပါတယ်။ တခြား နည်းလမ်းမရှိပါဘူး။ စစ်ပွဲဆိုတာ ကစားပွဲမဟုတ်ဘူးလေ။ ရန်သူ့အင်အားကို အတိအကျ မသိနိုင်ဘဲ ခန့်မှန်းရုံပဲ ရှိတာပါ။ လူနှစ်ထောင်လောက် ကွာဟသွားတာက သိပ်ပြီး ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။
"အရှင်"
ရှေ့က ကင်းထောက်တစ်ယောက် ပြေးဝင်လာပြီး အစီရင်ခံတယ် "ရွေစမ်းရေမြို့ထဲကနေ စစ်တပ်ကြီး ထွက်လာပါပြီ"
"သူတို့ တော်တော် မြန်တာပဲ"
ယွီဆုန် က လေးနက်စွာ ပြောလိုက်တယ် "မြန်မြန်... ရိက္ခာတွေကို မီးရှို့လိုက်ကြ။ မီးရှို့ပြီးတာနဲ့ ဒီနေရာမှာတင် စစ်ကြောင်းခင်းပြီး ရန်သူကို ရင်ဆိုင်မယ်။ သူတို့မှာ ငါတို့လောက် လူမများဘူး။ အေးအေးဆေးဆေး တိုက်ရင် သူတို့တွေကို သေချာပေါက် ချေမှုန်းနိုင်လိမ့်မယ်"
"မလုပ်နဲ့"
ချန်ဆန်းရှီကကြားဖြတ်ကန့်ကွက်လိုက်တယ်"ဒုဗိုလ်ချုပ်ကြီး ယွီဆုန်
ကျွန်တော်တို့ ကောင်းကင်နဲ့မြေကြီး သုံးဖက်စပ်စစ်ကြောင်း ကို ခင်းပြီး သူတို့ဆီကို တန်းတန်းမတ်မတ် ထိုးစစ်ဆင်သင့်တယ်"
"ဗိုလ်ချုပ်ချန်... ခင်ဗျားက စစ်တိုက်တဲ့အခါ အမြဲတမ်း သတိကြီးကြီးထားတတ်တယ် မဟုတ်လား"
ယွီဆုန် က ဒီလူငယ်လေးရဲ့ ခန့်မှန်းရခက်တဲ့ပုံစံကို ကြည့်ပြီး ထူးဆန်းသလို မေးလိုက်တယ် "အခုလို အလုံးအရင်းနဲ့ ဝင်တိုးရင် ငါတို့ရဲ့ လူအင်အား အသာစီးရမှုကို ဆုံးရှုံးသွားနိုင်သလို စစ်ကြောင်း ပြိုကွဲသွားနိုင်တဲ့ အန္တရာယ်လည်း ရှိတယ်လေ"
"စစ်ပွဲဆိုတာ လှည့်စားခြင်းပဲ"
ချန်ဆန်းရှီက "ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး ယွီဆုန်... မမေ့ပါနဲ့ဦး၊ ကျွန်တော်တို့ နောက်ဘက်မှာရှိတဲ့ အရှေ့ဘက်ကမ်းကနေ ရန်သူ့တပ်တွေ အများကြီး လာနေနိုင်သလို ဝူရွှေမြစ်ရဲ့ မြောက်ဘက်မှာလည်း မျက်ခုံးနီတပ် ရဲ့ အဓိက အခြေစိုက်စခန်း ရှိနေတာ။ အဲဒီက တပ်မတော်ကြီးကလည်း မြစ်ကို ဖြတ်ကူးနေလောက်ပြီ"
"ဒီနေရာမှာသာ အချိန်အကြာကြီး နေမိမယ်ဆိုရင် ငါတို့ဟာ လူသောင်းချီတဲ့ ရန်သူ့တပ်တွေရဲ့ သုံးဖက်ညှပ် တိုက်ခိုက်တာကို ခံရလိမ့်မယ်"
"ဒါကြောင့် အခုပဲ ဒီစွန့်စားမှုကို လုပ်ရမယ်"
"ရန်သူကို အသေသတ်ဖို့ထက် သူတို့ စစ်ကြောင်းပြိုသွားဖို့ပဲ ဦးတည်ရမယ်။ တိုက်ပွဲစတာနဲ့ ညီအစ်ကို ရှဲ့၊ ညီအစ်ကို လု၊ ညီအစ်ကို ရန် နဲ့ ကျွန်တော်တို့ဟာ ရန်သူ့ဗိုလ်ချုပ်တွေဆီကို တန်းတန်းမတ်မတ် သွားကြမယ်။ အဓိက စစ်သူကြီးနဲ့ ဒုဗိုလ်ချုပ်ကိုသာ သတ်နိုင်ရင် ရန်သူတွေဟာ တိုက်လိုစိတ် ပျောက်ဆုံးသွားမှာပဲ"
"ဒါပေမဲ့ ကျွန်တော် သိချင်တာက... သူတို့ရဲ့ မဟာသွေးကြောအဆင့်ရှိတဲ့ စစ်သူကြီးကို ဒုဗိုလ်ချုပ်ကြီး ယွီဆုန် အနေနဲ့ ကိုင်တွယ်နိုင်မလား ဆိုတာပါပဲ"
"ငါ့ထက် အဆင့်တစ်ဆင့် ပိုမြင့်နေတာပဲ..."
ယွီဆုန် က သူ့ရဲ့ လက်နက်ကို တင်းတင်းဆုပ်လိုက်ပြီး "ပြဿနာမရှိဘူး၊ ငါ့ရဲ့ အစွမ်းကုန် ကြိုးစားတိုက်ခိုက်ပေးမယ်"
"ကောင်းပြီ"
ချန်ဆန်းရှီက ဇက်ကြိုးကို လက်တစ်ဖက်နဲ့ တင်းတင်းဆွဲလိုက်တယ် "ကျွန်တော်ကတော့ ဟွာကျင်းပြီးပြည့်စုံခြင်းအဆင့်တွေကို တာဝန်ယူမယ်"
"မင်းကလား"
"ကျွန်တော် ဟွာကျင်းအဆင့်ကို ရောက်နေပြီ"
ချန်ဆန်းရှီက ထပ်ပြီး အကျယ်တဝင့် ရှင်းမပြတော့ပါဘူး။ မင်ပြည်နယ်မှာ ဒီလောက်ကြာအောင် နေခဲ့ပြီးမှတော့ ဟွာကျင်းအဆင့်ကို ရောက်တာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲလေ။
"ညီအစ်ကိုတို့—"
"ငါ့စကားကို နားထောင်ကြ—"
ယွီဆုန် ဟာ သူ့ရဲ့ သွေးချီစွမ်းအင်ကို သုံးပြီး လူတိုင်းကြားအောင် အော်ပြောလိုက်တယ်"ငါ့နောက်ကလိုက်ပြီး ရှေ့ကို ထိုးဖောက်ကြစို့။ ဒီအတားအဆီးကို ကျော်ဖြတ်နိုင်တာနဲ့ ငါတို့ ဗိုလ်ချုပ်ကျောက်နဲ့ သွားပေါင်းပြီး ဝူထုံပြည်နယ်ကို တစ်ချက်တည်းနဲ့ သိမ်းပိုက်နိုင်လိမ့်မယ်ဝူထုံမှာ အရင်းအမြစ်တွေ အများကြီးရှိတယ်၊ အဲဒီကျရင် ပြည်သူတွေကို စည်းရုံးပြီး မြို့ကို အတူတူ ကာကွယ်ကြမယ်။ စစ်ကူတွေ ရောက်လာတဲ့အထိ ငါတို့ သေချာပေါက် တောင့်ခံနိုင်လိမ့်မယ်"
"ဒါကြောင့် ငါတို့ ရှိသမျှ အင်အားကုန် ထုတ်သုံးကြစို့"
"အစွမ်းကုန် တိုက်ကြမယ်"
"ပုန်ကန်သူတွေကို သတ်၊ ဝူထုံကို တိုက်"
"ပုန်ကန်သူတွေကို သတ်၊ ဝူထုံကို တိုက်"
"..."
အသက်ရှင်သန်ခွင့် ရမယ်ဆိုတဲ့ ကတိကဝတ်က စစ်သည်တွေရဲ့ စိတ်ဓာတ်ကို အမြင့်ဆုံးအထိ တောက်လောင်သွားစေပါတယ်။
ချန်ဆန်းရှီကတော့ အဲဒီနောက်ပိုင်း လုပ်မယ့် အစီအစဉ်တွေကို သူတို့ကို အကုန်မပြောပြပါဘူး။ တစ်ခါတလေမှာ လူတွေဟာ ရှေ့ဆက်ဖို့အတွက် ရေတိုပန်းတိုင်လေးတွေ လိုအပ်တတ်တယ်၊ အဲဒါကို "ဇီးသီးအကြောင်း စဉ်းစားပြီး ရေငတ်ပြေစေခြင်း"လို့ ခေါ်ပါတယ်။ အကယ်၍ သူသာ ရှေ့မှာ လျှောက်ရဦးမယ့် လမ်းရှည်ကြီးအကြောင်း အကုန်ပြောလိုက်ရင် လူတော်တော်များများဟာ စိတ်ဓာတ်ကျသွားကြမှာပါ။
ဘာလို့လဲဆိုတော့ လူတိုင်းဟာ တကယ်ကို အစွမ်းကုန် ပင်ပန်းနွမ်းနယ်နေကြပြီလေ။
မင်ပြည်နယ်ထဲမှာ သုံးလလောက် နေခဲ့ရတဲ့အတောအတွင်း ဘယ်သူမှ ကောင်းကောင်းမအိပ်ခဲ့ရသလို ထမင်းပူပူတစ်နပ်တောင် မစားခဲ့ရပါဘူး။
သံမဏိကိုယ်ထည်ရှိတဲ့သူတောင် ခံနိုင်ရည် ရှိမှာမဟုတ်ဘူး။
သူတို့တွေ အခုထိ ခရီးဆက်နိုင်နေတာဟာ စိတ်ဓာတ်ခွန်အား တစ်ခုတည်းကြောင့်ပါ။ အဲဒီစိတ်ဓာတ်သာ ကျသွားရင် ဘယ်လောက်ပဲ ထူးချွန်တဲ့ တပ်ဖွဲ့ဖြစ်ပါစေ၊ အကုန် ပြီးသွားမှာပဲ။ ဒါဟာ ပြည်နယ်တစ်ခုလုံးကို အဆက်မပြတ် ရိက္ခာထောက်ပံ့မှုတွေနဲ့ လှည့်ပတ်နေရလို့သာ ခံနိုင်ရည် ရှိနေတာပါ။
"ဗိုလ်ချုပ်ဖုန်း၊ အရန်တပ်စခန်းက ကျန်တဲ့လူတွေ ဟိုရှေ့မှာ ရှိနေပါတယ်"
ဒုဗိုလ်ချုပ် ရွှီခိုင် က ပြောတယ် "ဒါပေမဲ့ ရိက္ခာတွေကိုတော့ ကယ်နိုင်တော့မယ် မထင်ဘူး"
"တောက်"
ဗိုလ်ချုပ်ဖုန်းက အရှေ့ဘက်ကနေ လူတစ်စု ရောက်လာပြီး ရိက္ခာတွေကို လုယူနိုင်တယ်ဆိုတဲ့ သတိပေးချက်ကို အခုလေးတင် ရထားတာပါ။ သူတို့ကို မြို့ပြင်ထွက်ပြီး ဝိုင်းဖို့ ညွှန်ကြားထားတာဖြစ်ပေမဲ့ "သူတို့က ဘယ်လိုလုပ် ဒီလောက် မြန်မြန် ရောက်လာရတာလဲ"
"ငါ့အမိန့်ကို နားထောင်၊ ရန်သူကို မြင်တာနဲ့ မိုင် ၂၀ အကွာမှာ စစ်ကြောင်းခင်းလိုက်။ တိုက်ပွဲကို တတ်နိုင်သမျှ ရှောင်ပါ။ ငါတို့ရဲ့ ရည်မှန်းချက်က နောက်က လိုက်လာမယ့်သူတွေ ရောက်မလာခင်အထိ သူတို့ကို အချိန်ဆွဲထားဖို့ပဲ။ အဲဒီကျရင် သူတို့ဟာ ပိုက်ကွန်ထဲက ငါးတွေလို ဖြစ်သွားလိမ့်မယ်"
ဒါပေမဲ့...
သူတို့ စစ်ကြောင်းခင်းပြီးတဲ့နောက်မှာတော့ အံ့သြသွားကြတယ်။ ရန်သူတွေဟာ သူတို့ကို ရင်ဆိုင်ဖို့ အစီအစဉ်မရှိဘဲ ထိုးစစ်ဆင်တဲ့ စစ်ကြောင်းကို ပြင်ဆင်ပြီး သူတို့ဆီကို တန်းတန်းမတ်မတ် ချီတက်လာကြတာပါ။ ဟိန်းဟောက်သံတွေဟာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်နေပါတယ်။
"သူတို့တွေက သေမှာကို မကြောက်ကြဘူးလား"
"..."
"လှည်းဆွဲ စစ်ဗျူဟာ"
အဓိက စစ်သည်တွေက 'ကောင်းကင်နဲ့မြေကြီး သုံးဖက်စပ်စစ်ဗျူဟာ' ကို ခင်းထားချိန်မှာ၊ သူတို့ရဲ့ စစ်ဗိုလ်ရှိတွေကတော့ 'လှည်းဆွဲစစ်ဗျူဟာ' နဲ့ စုစည်းပြီး ရှေ့ဆုံးကနေ ရန်သူ့စစ်ကြောင်းကို အတင်း ထိုးဖောက်လိုက်ကြပါတယ်။
"ဝှစ်... ဝှစ်... ဝှစ်—"
ချန်ဆန်းရှီဟာ မြင်းပေါ်ကနေ အတင်းဝင်တိုးမလာခင်မှာတင် မြားတွေကို အဆက်မပြတ် ပစ်နေပါပြီ။ ရန်သူတွေက လျှို့ဝှက်သံမဏိ ဒိုင်းလွှားတွေကို ထုတ်မလာခင်အထိ လူပေါင်း တစ်ရာနီးပါးလောက်ကို သူ သတ်ဖြတ်နိုင်ခဲ့ပါတယ်...။