အခန်း (၂၂၉)
Vol. 21 Ch. 229
📝အပိုင်း - ၂၂၉
ဘာသာပြန် - Na Gar🐉
ဒီလောက် ပြင်းထန်တဲ့ စွမ်းအားမျိုးလား။
ရွှီခိုင်ကသူ့ရဲ့ အတွင်းအားတွေကို လက်နက်ရဲ့ အသွားအထိတောင် မပို့လွှတ်နိုင်တဲ့ လူငယ်လေးရဲ့ တစ်ချက်တည်းသော တိုက်ခိုက်မှုက ဘာလို့ သူ့ထက် ပိုပြီး အစွမ်းထက်နေရတာလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ "မဖြစ်နိုင်ဘူး ဒါ လုံးဝ မဖြစ်နိုင်ဘူး"လို့ သူ စိတ်ထဲကနေ အော်ဟစ်နေမိတယ်။ သူဟာ ပျာယာခတ်စွာနဲ့ ကောင်းကင်ပေါ် လွင့်တက်သွားတဲ့ သူ့ရဲ့ မိုဓားကြီးကို ပြန်ဖမ်းဖို့ ကြိုးစားပါသေးတယ်။
"ချွင်"
ဒါပေမဲ့ ချန်ဆန်းရှီရဲ့ လှံရှည်က မိုဓားကြီးကို ဒုတိယအကြိမ် ထပ်မံ ရိုက်ထုတ်လိုက်ပြန်ပါတယ်။ ဓားကြီးဟာ လေထဲမှာ တရဟတ်လည်ပြီး ပေပေါင်းများစွာ ဝေးတဲ့နေရာကို လွင့်စင်သွားကာ ရွှီခိုင်ရဲ့ ကိုယ်ပိုင်စစ်သည်တစ်ယောက်ပေါ် ကျရောက်ပြီး သတ်ဖြတ်မိသွားပါတယ်။
"ဖောက်—"
ရွှီခိုင် ဘာဖြစ်လို့ ဖြစ်မှန်းတောင် မသိလိုက်ခင်မှာပဲ ရွှေရောင်အလင်းတန်းတစ်ခုက သူ့ရဲ့ ရင်ဘတ်ကို ဖောက်ထွက်သွားပါတယ်။ အဲဒီအရှိန်က သူ့ရဲ့ အရိုးတွေနဲ့ နှလုံးသားကို တစ်ပြိုင်နက်တည်း ကြေမွသွားစေပြီး သူကမြင်းပေါ်ကနေ တောင့်တောင့်ကြီး ပြုတ်ကျကာ မျက်လုံးအပြူးသားနဲ့ သေဆုံးသွားပါတော့တယ်။
ဒါကချန်ဆန်းရှီ အစကတည်းကပြင်ဆင်ထားတဲ့ "စွမ်းအင်သိုလှောင်
ခြင်း"စွမ်းရည်ကြောင့်ပါ။ သူကစွမ်းအင်တွေကို စုစည်းထားပြီး အခွင့်ကောင်းကို စောင့်ဆိုင်းကာ တစ်ချက်တည်းနဲ့ အပြတ်တိုက်ခိုက်
လိုက်တာဖြစ်လို့ သာမန် ဟွာကျင်းပြီးပြည့်စုံခြင်းအဆင့်သိုင်းသမားတွေတောင် မယှဉ်နိုင်တဲ့ အင်အားမျိုး ဖြစ်သွားတာပါ။
တစ်ဖက်မှာလည်း ယွီဆုန် ဟာ ဒဏ်ရာအပြင်းအထန် ရရှိတဲ့ကြားက ရန်သူ့အဓိကစစ်သူကြီးကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ အဓိက စစ်သူကြီးတွေရော၊ ဒုဗိုလ်ချုပ်တွေပါ အသတ်ခံလိုက်ရပြီဖြစ်လို့ ရန်သူ့တပ်တွေဟာ ခေါင်းဆောင်မဲ့သွားပြီး တောရိုင်းတိရစ္ဆာန်တွေလိုပဲ အရပ်ရပ်ကို ထွက်ပြေးကြပါတော့တယ်။
ယွီဆုန်ကမြင်းပေါ်မှာ မနည်းမှီထားရင်း သွေးတွေအန်နေပေမဲ့ ချန်ဆန်းရှီက ဒုဗိုလ်ချုပ်ရွှီခိုင်ကို တစ်ချက်တည်းနဲ့ အနာအဆာမရှိ သတ်လိုက်နိုင်တာကို မြင်တဲ့အခါ အကြီးအကျယ် အံ့သြသွားပါတယ်။ ကျင့်ကြံမှုအဆင့် နှစ်ဆင့်လောက် ကွာခြားနေတာတောင် ဒဏ်ရာတစ်စက်မှ မရဘဲ သတ်နိုင်ခဲ့တာဟာ မယုံနိုင်စရာပါပဲ။ ဒါပေမဲ့ ဒီလူငယ်လေးဟာ အရင်ကတည်းက ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့တာကို သူ ပြန်သတိရလိုက်ပါတယ်။
လုရှူဟွာ နဲ့ ရှဲ့စီရှု တို့လည်း ဒီမြင်ကွင်းကို ကြည့်ပြီး မှင်သက်နေကြပါတယ်။ လျန်ကျိုးကနေ ထွက်လာတုန်းက သူတို့အားလုံးဟာ အတွင်းအားသန့်စင်
ခြင်းအဆင့်မှာပဲ ရှိကြသေးတာပါ။ အခုတော့ ချန်ဆန်းရှီက ဟွာကျင်း အဆင့်ပြီးပြည့်စုံခြင်းသိုင်းသမားကိုတောင် သတ်နေပြီဆိုတော့ နောက်ဆိုရင် မဟာသွေးကြောအဆင့်ရှိတဲ့သူတွေကိုတောင် သတ်တော့မှာလားလို့ သူတို့ တွေးနေကြပါတယ်။
"တိုက်ပွဲမှာ အချိန်မဖြုန်းကြနဲ့"
ချန်ဆန်းရှီက အားလုံးကို သတိပေးလိုက်တယ် "မြန်မြန်... ရွေစမ်းရေမြို့ထဲကိုဝင်ပြီး ရိက္ခာတွေ ယူကြမယ် အမြန်လုပ်"
တိုက်ပွဲက ခဏလေးပဲ ကြာခဲ့တာမို့ သူတို့ဘက်က ကျဆုံးမှုက လူနှစ်ရာလောက်ပဲ ရှိပါတယ်။ သူတို့တွေဟာ အနားမယူဘဲ ရွေစမ်းရေမြို့ဆီကို တန်းတန်းမတ်မတ် ချီတက်ခဲ့ကြတယ်။ လမ်းမှာ အချိန်ဆွဲပေးခဲ့တဲ့ ရွှီဝမ်ချိုင် နဲ့ ပိုင်ထင်းကျီ တို့ကိုလည်း ပြန်တွေ့ခဲ့ရပါတယ်။ သူတို့မှာ အကျအဆုံး ရှိခဲ့ပေမဲ့ လူကိုးရာကျော်ထဲက ရှစ်ရာကျော် ပြန်ရောက်လာနိုင်တာဟာ တကယ့်ကို အောင်မြင်မှုပါပဲ။
ချန်ဆန်းရှီက အခြေအနေကို သုံးသပ်ပြပါတယ်။ နောက်ဆယ်ရက်
လောက်နေရင် နောက်ကလိုက်လာတဲ့ ရန်သူတွေ ရောက်လာတော့မှာဖြစ်
သလို၊ ခုနစ်ရက်အတွင်းမှာလည်း မေပြည်နယ်က တပ်တွေ မြစ်ကူးပြီး ရောက်လာနိုင်ပါတယ်။ ဒါကြောင့် သူတို့တွေ အမြန်ဆုံး အနားယူပြီး ရိက္ခာတွေ ဖြည့်တင်းဖို့ လိုအပ်နေတာပါ။
ယန်ချွမ်းခရိုင်။
ဒီအချိန်မှာတော့ ဗိုလ်ချုပ်ရှာတို့ ခိုလှုံနေတဲ့ မြို့ရဲ့ အခြေအနေက တော်တော်လေး ဆိုးရွားနေပါတယ်။ မြို့ရိုးတွေ ပြိုကျနေသလို၊ မြားတွေနဲ့ တိုက်ခိုက်ရေးပစ္စည်းတွေလည်း ကုန်သလောက် ဖြစ်နေပါပြီ။ ပြည်သူတွေကလည်း တုန်အန်း ရဲ့ ဝါဒဖြန့်မှုတွေကြောင့် မြို့ကို ကာကွယ်ဖို့ ကူညီချင်စိတ် မရှိကြတော့ပါဘူး။
မြို့ထဲမှာ ရိက္ခာတွေ ပြတ်လပ်နေလို့ မြင်းသားတွေကိုတောင် သတ်စားနေရပါပြီ။ စစ်သည်အင်အားကလည်း တစ်သောင်းရှစ်ထောင်ကနေ တစ်သောင်းလောက်ပဲ ကျန်ပါတော့တယ်။
ဗိုလ်ချုပ်ရှာ နဲ့ ချောင်ဖန်တို့ကစစ်ကူတွေအကြောင်း ဆွေးနွေးနေကြပါတယ်။ ယန်ပြည်နယ်တပ်မတော် ရောက်လာဖို့ တစ်လလောက် ကြာဦးမှာဖြစ်
သလို၊ လူကျီ ကလည်း အခက်ခဲဆုံးလမ်းကြောင်းဖြစ်တဲ့ ဓားတံခါးချိုင့်ဝှမ်းကနေ အပြင်းအထန် ထိုးစစ်ဆင်ဖို့ ပြင်နေပါတယ်။ လူကျီရဲ့ သတ္တိကတော့ တစ်ကမ္ဘာလုံးက သိထားကြတဲ့အတိုင်း 'တစ်သက်တာမှာ အနှိုင်းမဲ့' တဲ့ သတ္တိမျိုးပါ။
ဒါပေမဲ့ ဘယ်လောက်ပဲ သတ္တိရှိရှိ၊ မြို့ကို ဖောက်ထွက်ဖို့ အချိန်လိုဦးမှာပါ။ သူတို့အတွက်ကတော့ အချိန်ဟာ အသက်ပါပဲ။
"ချန်ဆန်းရှီတို့ အဖွဲ့ကော ဘာသတင်းရလဲ"လို့ မေးတဲ့အခါမှာတော့
ဗိုလ်ချုပ်ရှာ က လှောင်ပြုံးပြုံးပြီး "သတင်းမရပါဘူး။ သူတို့တွေ အရှေ့ဘက်ကမ်းမှာတင် သေကုန်ကြပြီ ထင်ပါတယ်။ သူတို့ သေသွားတာကပဲ လူတိုင်းအတွက် ပြဿနာနည်းသွားစေမှာပါ" လို့ ပြန်ပြောလိုက်ပါတယ်။