အခန်း (၂၃၀)
Vol. 21 Ch. 230
📝အပိုင်း - ၂၃၀
ဘာသာပြန် - Na Gar🐉
ချောင်ဖန်က ခါးသီးတဲ့ အပြုံးတစ်ခုကိုသာ ပြုံးလိုက်နိုင်ပါတယ်။ ဒီလို အကျပ်အတည်းထဲမှာ ဒါဟာ သူ့အတွက် တစ်ခုတည်းသော စိတ်သက်သာရာရစရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
နောက်ထပ် နှစ်ရက် ကုန်ဆုံးသွားခဲ့တယ်။ တတိယမြောက်နေ့မှာတော့...
မြို့ပြင်ကနေ ဝိုင်းရံပိတ်ဆို့ထားတဲ့ တိုက်ခိုက်မှုတွေဟာ ရုတ်တရက် ရပ်တန့်သွားပါတော့တယ်။
"ဘာဖြစ်တာလဲ"
ရှာဝမ်လုံ က စိုးရိမ်တကြီး မေးလိုက်တယ် "စစ်ကူတွေ ရောက်လာပြီလား"
"အစီရင်ခံပါတယ်—"
ကင်းထောက်တစ်ယောက် သတင်းနဲ့ ပြန်ရောက်လာပါတယ်။ ကင်းထောက် အယောက် ၂၀ လွှတ်လိုက်ရင် တစ်ခါတလေမှ နှစ်ယောက် သုံးယောက်ပဲ ပြန်လာနိုင်တာပါ။ သူက ဝမ်းသာအားရနဲ့ ပြောလိုက်တယ် "ဗိုလ်ချုပ်ရှာ... ပုန်ကန်သူတွေရဲ့ ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းဟာ လွန်ခဲ့တဲ့ သုံးရက်ကတည်းက အဖြတ်ခံလိုက်ရတာပါ။ အခု သူတို့ ထိုးစစ်ကို ခေတ္တရပ်ထားရပြီး ရိက္ခာရှာဖို့ အနောက်မြောက်ဘက်ကို လူတွေ စေလွှတ်နေရပါတယ်။ မြို့ပြင်က ရန်သူ့တပ်တွေဟာလည်း သုံးပုံတစ်ပုံလောက် လျော့သွားပါပြီ"
ရိက္ခာနဲ့ မြက်ခြောက် ဆိုတာ ကြိုတင်တွက်ချက်ထားရတာပါ။ ရိက္ခာမကုန်ခင် အသစ်တွေ ရောက်လာရမှာဖြစ်ပြီး ကြားထဲမှာ တစ်ခုခုမှားသွားရင် ရိက္ခာပြတ်တောက်မှု ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း "စစ်သည်နဲ့ မြင်းတွေ မသွားခင် ရိက္ခာက အရင်သွားရမယ်" လို့ ဆိုကြတာပါ။ အခု မြို့ပြင်က ပုန်ကန်သူတွေ ဗိုက်ဆာလာတဲ့အတွက် တပ်ထဲမှာ ဖရိုဖရဲတွေ စဖြစ်နေပါပြီ။ ဒီအချိန်မှာ အတင်းအဓမ္မ မြို့ကို ဝိုင်းရင် သူတို့ဘက်က အကျအဆုံး များနိုင်ပါတယ်။
"ကောင်းတယ်၊ တကယ့်ကို ကောင်းတယ်"
ချောင်ဖန်က အလျင်စလို မေးလိုက်တယ် "အနောက်မြောက်ဘက်မှာ အောင်ပွဲကြီး ရလိုက်တာလား တောင်တန်းတပ်စခန်းနဲ့ ကျားဖြူတပ်စခန်းက ဖောက်ထွက်နိုင်ခဲ့တာလားမဟုတ်သေးပါဘူး... ဒါဆိုရင် သူတို့က ဘာလို့ ရိက္ခာရှာဖို့ အနောက်မြောက်ကို သွားရမှာလဲ... ဓားတံခါးချိုင့်ဝှမ်းလားဒါပေမဲ့ ဒီလောက် မမြန်နိုင်ပါဘူး"(တပ်စခန်းအမည်ကိုအရင်ကအသံထွက်နဲ့ရေးတာပါ အခုမြန်မာလိုဘာသာပြန်ရေးပါမယ်)
"ဒါ တကယ့်ကို ထူးဆန်းတယ်။ မင်ပြည်နယ်မှာ ရိက္ခာကျီ စုစုပေါင်း နှစ်ခုပဲ ရှိတာ။ အကြီးက ရွေစမ်းရေမြို့အငယ်ကတော့ အနောက်မြောက်ဘက်က မင်တီခရိုင်မှာ အဲဒီမှာက ရိက္ခာ သိပ်မရှိဘူး"
ရှာဝမ်လုံ က မြေပုံကို ကြည့်ရင်း ပြောတယ် "ယုတ္တိဗေဒအရဆိုရင် မြို့ပြင်က ပုန်ကန်သူတွေရဲ့ ရိက္ခာကရွေစမ်းရေမြို့ကနေ လာရမှာ။ ဘာလို့ အနောက်မြောက်ကို ပြေးရတာလဲဖြစ်နိုင်တာက... ရွေစမ်းရေမြို့ရဲ့ ရိက္ခာလမ်းကြောင်း အတိုက်ခံလိုက်ရတာလား"
"မဖြစ်နိုင်တာ"
"ငါတို့တပ်တွေ အဲဒီနေရာမှာ ပေါ်လာဖို့ လမ်းမရှိဘူး"
"ဗိုလ်ချုပ်ကျောက်"
ချောင်ဖန်ရဲ့ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားတယ် "ဗိုလ်ချုပ်ရှာ... ဖြစ်
နိုင်တာက ဗိုလ်ချုပ်ကျောက်ဟာ ဝူထုံပြည်နယ်အပြင်ဘက်မှာ တစ်ခုခု ကြံစည်ပြီး နောက်ကလိုက်လာတဲ့သူတွေကို ချေမှုန်းလိုက်တာလားပြီးတော့ ရွေစမ်းရေမြို့ကို ပြန်လှည့်တိုက်လိုက်တာလား"
"ဒါပဲ ဖြစ်နိုင်တော့တယ်"
ရှာဝမ်လုံ က စဉ်းစဉ်းစားစားနဲ့ ခေါင်းညိတ်လိုက်တယ်"ဒါဆိုရင်တော့ ဗိုလ်ချုပ်ကျောက်ကတကယ့်ကို အကြီးမားဆုံး အကျိုးပြုမှုကို လုပ်လိုက်တာပဲ။ ရွေစမ်းရေမြို့က ရိက္ခာကျီတွေ မီးလောင်သွားပြီဆိုရင် မင်တီခရိုင်က ရိက္ခာကျီကတော့ ချီမေတပ်တွေ၊ ပုန်ကန်သူတွေနဲ့ အနောက်ချီတပ်တွေ အားလုံးကို ထောက်ပံ့ဖို့ မလုံလောက်ဘူး။ အလွန်ဆုံးရှိလှ စိတ်ဓာတ်မကျအောင် ခဏ ထိန်းထားနိုင်ရုံပဲ ရှိမယ်။ သူတို့သာ စစ်ပွဲကို ကြာရှည်ဆွဲချင်ရင် မဟာတံတိုင်း အပြင်ဘက်ကနေ ရိက္ခာတွေ သယ်ရလိမ့်မယ်၊ အဲဒီအတွက် ကုန်ကျစရိတ်က မယုံနိုင်လောက်အောင် ကြီးမားလိမ့်မယ်။ ဒါဟာ စစ်ပွဲတစ်ခုလုံးရဲ့ အခြေအနေအတွက် အများကြီး အထောက်အကူ ဖြစ်သွားမှာ"
"ကျွီး—"
သူတို့နှစ်ယောက် ဆွေးနွေးနေတုန်းမှာပဲ...
ဝင်ခါနီး နေရောင်အောက်မှာ ဟိုင်တုန်ချင်း လင်းယုန်ငှက်ကလေး တစ်ကောင် ပျံဝင်လာပါတယ်။
"မင်းသားကြည့်ပါဦး၊ အဲဒါ ချန်ဆန်းရှီရဲ့ ငှက်ကလေးပဲ။ ကျွန်တော် ထင်တာကတော့ သူ သေသွားလောက်ပြီ။ အခုကစပြီး ဒီငှက်ကို မင်းသားသုံးလို့ရပါပြီ... ဟင်သူ့ဆီမှာ သတင်းပါလာတယ်"
ရှာဝမ်လုံ က စာသားကို ဖြုတ်ပြီး ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ သိသိသာသာ တုန်ခါသွားပြီး နောက်ကို ခြေလှမ်းနှစ်လှမ်းလောက် ယိုင်သွားပါတော့တယ်။
"ဗိုလ်ချုပ်ရှာ"
ချောင်ဖန်က ထရပ်လိုက်တယ် "သူ မသေသေးဘူးလား"
"မသေရုံတင် မဟုတ်ဘူး၊ သေဖို့ ဝေးသေးတယ်"
ရှာဝမ်လုံ ရဲ့ လက်တွေက တုန်တုန်ယင်ယင် ဖြစ်နေတယ်"သူတို့ အရှေ့ဘက်နဲ့ တောင်ဘက်ကို သွားတဲ့ခရီးမှာ ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်တာ။ အဲဒီမှာ တပ်တွေ သောင်းနဲ့ချီပြီး ဘာမှမလုပ်နိုင်ဘဲ ကျန်ခဲ့တယ်။ ပြီးတော့ သူတို့ အနောက်ဘက်ကို ချီတက်ပြီး ရိက္ခာလမ်းကြောင်းကို မီးရှို့လိုက်ကြတာပဲ။ အခုဆိုရင် သူတို့ ရွေစမ်းရေမြို့ကိုတောင် သိမ်းလိုက်ပြီ ထင်တယ်"
"သူတို့ရဲ့ အခုသွားနေတဲ့ လမ်းကြောင်းအရဆိုရင် အနောက်ဘက်ကို ဆက်သွားပြီး ဗိုလ်ချုပ်ကျောက်ဝူကျိီနဲ့ ပေါင်းပြီး ဝူထုံပြည်နယ်ကို တိုက်လိမ့်မယ်။ အဲဒါဆိုရင် ဝူထုံပြည်နယ်က ငါတို့ထက်တောင် ပိုပြီး ကြာကြာ တောင့်ခံထားနိုင်ဦးမှာ"
"ဒီကောင်လေး... ဒါကို ဘယ်လို စဉ်းစားမိတာလဲတကယ့်ကို သတ္တိရှိတာပဲ။ မြစ်ကို ဖြတ်ကူးပြီးရင် ရန်သူ့တပ်မတော်ကြီးနဲ့ တိုးမှာကို သူ မကြောက်ဘူးလား"
စစ်တပ်မှာ သတင်းအချက်အလက်တွေက တကယ့်အစစ်အမှန် ဖြစ်ရမယ်၊ ဒါဟာ သံမဏိစည်းကမ်းပဲ။ အရင်က ဘယ်လောက်ပဲ သဘောထားကွဲလွဲခဲ့ပါစေ၊ တစ်ဖက်နဲ့တစ်ဖက် သတင်းပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ဒါဟာ ညာတောင်ပံတပ်ကို သတ်ဖြတ်တာနဲ့ အတူတူပါပဲ။ အကယ်၍ ဒါက ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာရင် နိုင်ငံတော် သစ္စာဖောက်မှုအဖြစ် သတ်မှတ်ခံရပြီး တစ်မိသားစုလုံး အသတ်ခံရမှာပါ။
ဒါကို ကြားလိုက်ရပြီးနောက်...
ချောင်ဖန်ဟာ သူ့လက်သီးကို တင်းတင်းဆုပ်လိုက်ပါတယ်။ သူဟာ မြေပုံပေါ်မှာ "သေတွင်း" ဖြစ်မယ့် လမ်းကြောင်းတွေကို အပူတပြင်း ရှာဖွေပါတော့တယ်။ နောက်ဆုံးမှာတော့ သူ အမှားတစ်ခုကို ရှာတွေ့သွားတယ် "နောက်ကျသွားပြီ အရင်က သတိမထားမိခဲ့ရင်တောင်မှ၊ ရိက္ခာတွေ မီးလောင်သွားပြီးတဲ့နောက်မှာတော့ အနောက်ချီနိုင်ငံဟာ ဗိုလ်ချုပ်ကျောက်ကို ဝိုင်းဖို့ တောင်ဘက်ကို တပ်တွေ သေချာပေါက် ပို့လိမ့်မယ်။ အကယ်၍ သူတို့တွေ အခုသွားပေါင်းရင် အနောက်ချီရဲ့ တပ်မတော်ကြီးနဲ့ တိုက်ရိုက်တိုးမှာပဲ၊ ဒါက သေတွင်းပဲ။ ဝူထုံပြည်နယ်ကို သူတို့ မသိမ်းနိုင်
ဘူး"
"မင်းသား... မင်းသားက စစ်ရေးကျမ်းတွေကို တကယ့်ကို နှံ့နှံ့စပ်စပ် သိတာပဲ။ ကျွန်တော်တောင် ဒါကို သတိမထားမိဘူး။ မင်းသားပြောတာ မှန်တယ်၊ သူတို့ သေမှာပါပဲ"
ရှာဝမ်လုံ က ကျေနပ်သလို ခေါင်းညိတ်တယ် "ထူးခြားတာက သူတို့ မသေခင်မှာ ငါတို့အပေါ် ကျရောက်နေတဲ့ ဖိအားတွေကို လျှော့ချပေးသွားတာပဲ"
"ဒီကောင်ကတော့..."
ချောင်ဖန်တောင်မှ နောင်တရသလို ခံစားလာရပါတယ်။ အကယ်၍သာ ရွေးချယ်မှုတွေ စတင်ခဲ့တဲ့ အချိန်ကို ပြန်သွားလို့ရရင်၊ သူ့ဆီကို လာပြီး မျက်နှာချိုသွေးဖို့ စောင့်မနေဘဲ၊ သူ့ကို ပိုင်ရှင်လိုတဲ့ "ခွေး" တစ်ကောင်လို မဆက်ဆံဘဲ၊ သူ့ကို ကိုယ့်လူဖြစ်အောင် လုပ်ဖို့ ဖြစ်နိုင်ပါ့မလား..
အဖိုးကတော့ အမြော်အမြင် ရှိခဲ့တာပဲ၊ ဒီလူရဲ့ ထူးခြားမှုကို လွန်ခဲ့တဲ့ အချိန်ကတည်းက မြင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဘာပြောပြော နောက်ကျသွားပါပြီ။ ဒီလူ ဝူထုံပြည်နယ်အနားမှာတင် သေသွားတာက အကောင်းဆုံးပဲ။ မဟုတ်လို့ သူသာ အဆုံးအထိ အသက်ရှင်သွားရင်တော့ ပြဿနာကြီးလိမ့်မယ်။
မြို့ပြင်၊ ဗဟိုတပ်စခန်း
"ဒီလောက်တောင် မြန်တာလားနောက်ဆုံးတော့လည်း သူတို့ကို မတားနိုင်ခဲ့ဘူးပေါ့..."
တုန်အန်းက သူ့မျက်လုံးတွေကို မှိတ်ထားလိုက်တယ်၊ ဖော်ပြမတတ်တဲ့ အသက်ရှူကျပ်မှုကို ခံစားနေရပါတယ်။ သူကလူငယ်လေးတစ်ယောက်ရဲ့ လှည့်စားခြင်းကို တကယ်ပဲ ခံလိုက်ရတာပါ။
"ဆွန်ဒူရှန်ရဲ့ တပည့်တိုင်းကသေသင့်တယ်၊ အကုန်လုံးပဲ"
တုန်အန်း ကမြေပုံကို ရိုက်ခွဲလိုက်မတတ် ဒေါသထွက်နေတယ် "သူတို့ကို အသေသတ်ကြ၊ ရွေစမ်းရေမြို့ရဲ့ နောက်ကွယ်မှာတင် သူတို့ကို ဝိုင်းသတ်ကြ။ ငါ အဲဒီ 'ချန်' ဆိုတဲ့ ခေါင်းကို လိုချင်တယ်၊ မင်းတို့ နားလည်
လား"
"ဟုတ်ကဲ့ပါ"
ယန်ပြည်နယ် နယ်စပ်၊ အနောက်ချီတပ်မတော် စခန်း
စစ်နတ်ဘုရားကျုံးဝူရှင်း ကရိက္ခာကျီတွေ မီးလောင်သွားတဲ့ အစီရင်ခံစာကို ကြည့်ရင်း သူ့မျက်နှာက ပျက်သွားပါတယ်။ ပြီးတော့မှ အေးစက်စက် လှောင်ရယ်လိုက်ပြီး"တုန်အန်းက ဒီလောက်အထိ ညံ့မှန်းသာ ငါသိရင် သူ့ရဲ့ 'တံခါးပိတ်ပြီး ခွေးကိုရိုက်တဲ့' ဗျူဟာကို ငါ လုံးဝ သဘောတူမှာ မဟုတ်ဘူး။ အခုတော့ ကြည့်စမ်း၊ ငါတို့ ရိက္ခာတွေ ဆုံးရှုံးကုန်ပြီ။ လျန်ကျိနျန် ကို ထွက်ပြီး ကွပ်ကဲခိုင်းတာကမှ ပိုပြီး တိုးတက်မှု ရှိဦးမယ် ထင်တယ်"