← Chapters

ကံအမှတ်၏ မှော်ဝင်အစွမ်း

Vol. 2 Ch. 21

ကံအမှတ်၏ မှော်ဝင်အစွမ်း

Vol. 2 Ch. 21

အခန်း (၂၁) ကံအမှတ်၏ မှော်ဝင်အစွမ်း

ကျောင်းယွဲ့ထံမှ စာတစ်စောင်သာ ရောက်လာပြီး နောက်ပိုင်း မည်သည့်သတင်းမှ မကြားရတော့ချေ။ သူမ ပြန်မလာတော့မည်ကို လုကျိုး ရိပ်မိသိရှိသည်။ အချို့သော တပည့်များနည်းတူ သူမလည်း ဂိုဏ်းထဲမှ ထွက်သွားရန် ဆုံးဖြတ်လိုက်ပုံ ရ၏။

လုကျိုးသည် သူမ၏ စွန့်ခွာရခြင်းအကြောင်းရင်းကို အဖြေရှာကြည့်မိသော်လည်း ကျီထျန်းတောက်၏ မှတ်ဉာဏ်အများစု ပျောက်ဆုံးနေခြင်းကြောင့် မတတ်သာခဲ့ပေ။ သို့သော် မင်ရှစ်ရင်ကတော့ အပြင်တစ်ခါလေး သွားလိုက်ရုံနှင့် သစ္စာရှိမှုက ရှိသင့်သည့် အောင်မှတ်အောက် လျော့ကျသွားခဲ့လေသည်။ ထို့ကြောင့် ကျောင်းယွဲ့ ထွက်သွားစေရန် တိုက်တွန်းဖျောင်းဖျခဲ့သူ တစ်ဦးတစ်ယောက်တော့ ရှိလိမ့်မည်ဟု သူ ခန့်မှန်းမိလေ၏။

မည်သို့ပင်ဖြစ်စေ၊ ဤအရေးကို သူ ကြာကြာတွေးကာ ခေါင်းခဲမနေလို။ စင်စစ်တကယ်တမ်း၌ ဤတပည့်များကို ယဉ်ပါးလာအောင် ထိန်းကျောင်းပဲ့ပြင်ရန်မှာ နေ့ချင်းညချင်း စွမ်းဆောင်နိုင်မည့်အရာ မဟုတ်ချေ။ ယခု သူ ပထမဦးစားပေးဆောင်ရွက်ရမည်က မိမိ၏ အသက်ဓာတ်ကို ပြန်လည်ဖြည့်တင်းရန်နှင့် ကျင့်ကြံခြင်းအဆင့်ကို တတ်နိုင်သမျှ မြန်မြန်တက်နိုင်ရန်ဖြစ်လေသည်။

သူ ဘာမှ မပြောတော့သော်ငြား ယွမ်အာလေးကတော့ သူမ၏ ဆရာသခင် မတရားခံစားခဲ့ရသည်ဟု ခံယူမိလေသည်။ ထို့ကြောင့် သူမ မခံမရပ်နိုင်ဖြစ်ပြီး ဆိုတော့သည်။ "ရှစ်ကျဲ ကျောင်းယွဲ့ အဲ့သလို လုပ်လိမ့်မယ်လို့ မထင်ထားဘူး"

လုကျိုးက ခေါင်းခါလိုက်ကာ ပြောသည်။

"သူ့ကို လျစ်လျူသာရှုထားလိုက်တော့"

"ရှစ်စွင်း၊ သူက ရှစ်စွင်းနဲ့ ဂိုဏ်းကို သစ္စာဖောက်သွားတာနော်၊ ဒီအတိုင်းထားလိုက်လို့ ဘယ်ဖြစ်မလဲ"

သူမ စိတ်ဆိုးနေပုံလေးက ချစ်စဖွယ်ကောင်းလှသည်ဟု လုကျိုး ထင်မိသည်။ သူ ပြောလိုက်တော့သည်။ "ဒီလိုဆိုရင်တော့ ရက်ပိုင်းလောက် နားနေစခန်းကို သွားပြီး ကျောင်းယွဲ့ကိစ္စ စုံစမ်းထားကြည့်လိုက်"

"ဟုတ်ကဲ့ပါ ရှစ်စွင်း"

"ကဲ သွားတော့၊ မင်းဘာသာမင်းလဲ ကျင့်ကြံအားထုတ်ဦး"

"ဟုတ်ကဲ့"

လုကျိုး စိတ်မကောင်းဖြစ်ကာ စိတ်မကြည်ဟု ယူဆကာ ယွမ်အာလေး မျှော်နန်းဆီမှ အလိုက်တသိ ထွက်လာခဲ့တော့သည်။

ထိုစဉ်. . .

ကျင့်ကြံနည်း သိုင်းကျမ်း၏ နောက်ဆုံးအပိုင်းကို လက်ဝယ်ရပြီးသော မင်ရှစ်ရင်သည် တောင်ခြေ၌ တွမ့်မူရှန်းနှင့် အချိန်းအချက်ပြုကာ ဆုံတွေ့ကြတော့လေသည်။

"လောင်စစ် ဒီတစ်ခါမှာတော့ တယ်ကံကောင်းသွားတာပဲ" ဟု တွမ့်မူရှန်းက အားကျဟန်ဖြင့် ဆိုလာလေသည်။

"ရှစ်စွင်းက မင်းကို အပြစ်မတင်ရုံသာမကဘူး၊ သစ်ပြာ ကျင့်ကြံနည်းသိုင်းကျမ်းရဲ့ နောက်ဆုံးအပိုင်းကိုပါ ထုတ်ပေးလိုက်သေးတယ်"

မင်ရှစ်ရင်က လက်ပိုက်ထားရင်း ပြန်ဖြေသည်။ "ရှစ်စွင်း ဘာတွေ တွေးနေသလဲ မသိတော့ဘူး၊ ဖြစ်နိုင်တာက. . . ကျွန်တော်ပဲ အတွေးလွန်နေမိတာလဲ ဖြစ်နိုင်တယ်"

"မင်း ဘာကို ဆိုလိုတာလဲ"

"ကျွန်တော်က ရှစ်စွင်းခိုင်းတာကို ပြီးမြောက်ခဲ့တာမို့ ဆုချတယ်ဆိုတာ ဆီလျော်တဲ့ အမှုပဲ၊ ဒါပေမဲ့ လောင်ချီ ပြောတာအရဆို ရှစ်စွင်းမှာ သူ ရထားတဲ့ ဒဏ်ရာတွေကို ယာယီခဏ ပျောက်သွားစေနိုင်တဲ့ ဆေးစွမ်းတစ်ခု ရှိနေတယ်၊ ဒါကြောင့်မို့ ကျွန်တော် ရှစ်စွမ်းကို စမ်းကြည့်ဖို့ စဉ်းစားမိတာ. . ." မင်ရှစ်ရင်က မိမိ၏ ဆရာတူအစ်ကိုအား မထိန်ချန်ဘဲ ပြောပြလိုက်လေသည်။

ဤသည်ကို ကြားသောအခါ တွမ့်မူရှန်း မျက်နှာထား အနည်းငယ်ပြောင်းလဲသွားတော့လေသည်။ "မင်း တယ် သတ္တိကောင်းနေတာပါလား"

"အေး၊ ဒါပေမဲ့ အခုမှ နောင်တရလို့တော့ မဖြစ်တော့ဘူး"

"အခု ရွှေဥယျာဉ်တောင်နန်းမှာ ရှိနေသေးတဲ့ တပည့်တွေအထဲ မင်းက အပါးနပ်ဆုံးပဲ၊ မင်း ဒီလို ဉာဏ်နည်းတဲ့ လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ငါဖြင့် မယုံနိုင်ဘူး" တွမ့်မူရှန်းက ခက်ထန်သော လေသံဖြင့် ပြောလာလေသည်။

"လောင်ချီ မပြောလဲ ငါတောင် ရိပ်စားမိနိုင်တာ၊ ရှစ်စွင်းသာ ဒဏ်ရာမရဘဲ သူ့ကျင့်ကြံဆင့်က အထွတ်အထိပ်အတိုင်း ဆက်ရှိနေမယ်ဆိုရင် ဘာပြုလို့ သူ တောင်ပေါ်မှာပဲ အောင်းနေမလဲ"

မင်ရှစ်ရင် ခေါင်းကို ထပ်ခါ ထပ်ခါ ညိတ်လိုက်လေသည်။ သူတို့ ဆရာသခင်၏ စိတ်နေသဘောထားအရ ကျန်းမာသန်စွမ်း၍ အထွတ်အထိပ်အခြေအနေမှာသာ ရှိနေမည်ဆိုလျှင် ရန်စွယ်ဟူသမျှတို့ကို အမြစ်ပြတ် ချေမှုန်းနေလိမ့်မည်ဖြစ်ချေ၏။ နောက်ဆုံးတစ်ခေါက်က ထိပ်သီးကျင့်ကြံသူ ဆယ်ပါးနှင့် တိုက်ပွဲတွင် ဆရာသခင်သည် အစွမ်းထက်ဆုံးသော သိုင်းကွက်များ ပညာများ ထုတ်သုံးခဲ့သော်လည်း ဘာမှ တန်ပြန်ထိခိုက်ခြင်း မရှိခဲ့ပေ။ ပုံမှန်စိတ်နှင့် မည်သည့် ကျင့်ကြံသူမျှ အတွင်းအားကို ထိုစို့ ဖြုန်းတီးဝံ့လိမ့်မည်မဟုတ်။

"ရှစ်ရှိုး ကျွန်တော်က သစ်ပြာကျင့်ကြံနည်းကို ဆုံးခန်းတိုင်တဲ့အထိ ကျင့်လိုက်ချင်တာ၊ ဒါသာ တတ်သွားရင် နတ်ဒေဝါဦးတည်နယ်ပယ်ပြီးပြည့်စုံအဆင့် အလွယ်တကူ ရောက်သွားနိုင်တော့မှာ... ကံကောင်းရင်... နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် အထိပါ တက်လှမ်းနိုင်လောက်တယ်၊ အခု ဒီကျမ်းကို ရသွားခဲ့ပြီဆိုတော့လေ၊ ဒါပေမဲ့ တစ်ခုခုဟာနေသလိုပဲ ခံစားနေရတယ်..."

"ရှစ်မေ့ထျန်းရှင်း ဂိုဏ်းကနေ ထွက်သွားကတည်းက ရှစ်စွင်းက ကျင့်ကြံနည်းတွေအကုန်လုံးကို ဆုံးခန်းတိုင်တဲ့အထိ မသင်ပေးတော့တာ၊ ကောင်းကင်အဆင့် လက်နက်တွေလဲ ထုတ်မပေးတော့ဘူး၊ ဒါပေမဲ့ ဒီတစ်ခေါက်မှာ မင်းအတွက် သူ ချွင်းချက်အနေနဲ့ ထားပေးလိုက်တာပဲ... မင်းက ရှစ်စွင်းမှာ အခြားအကြံအစည်ရှိနေမှာကို စိုးရိမ်နေတာ မဟုတ်လား" ဟု တွမ့်မူရှန်းက ပြောလာတော့သည်။

"ဟုတ်တယ်၊ အစ်ကိုကရော ဘယ်လိုမျိုးထင်သလဲ" မင်ရှစ်ရင် မေးလိုက်တော့သည်။

"ငါ ပေးချင်တဲ့ အကြံကတော့ ရှစ်စွင်း ပေးတဲ့ တာဝန်တွေကို သစ္စာရှိရှိ လိုက်လုပ်ပေးဖို့ပဲ၊ စဉ်းစားကြည့်လေ အခုချိန်မှာ ရှစ်စွင်းက ဒဏ်ရာရနေတာ၊ မီးစာကုန် ဆီခမ်းနေပြီ၊ ဒါကြောင့် ငါတို့ကို ရန်ပြုနိုင်တော့မှာ မဟုတ်ဘူး... ပြီးရင် ဂိုဏ်းကြီး ဆယ်ဂိုဏ်းကလဲ အထိနာထားတာ၊ ရွှေနန်းဥယျာဉ်တောင်ကို တော်တော်နဲ့ လာတိုက်ရဲကြဦးမှာ မဟုတ်ဘူး၊ ဒီရွှေနန်းဥယျာဉ်တောင်က ငါတို့အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ အကာအကွယ်ပေးနိုင်မှာပဲ"

"ပြောတာ အဓိပ္ပာယ်ရှိတယ် ရှစ်ရှိုး၊ အစ်ကိုက အမြော်အမြင်တယ်ကြီးပါလား၊ ကျွန်တော့်ကို လမ်းညွှန်ပြသနိုင်စွမ်းတယ်" မင်ရှစ်ရင် တွမ့်မူရှန်းကို ဦးညွတ်လိုက်သည်။ သူသာ သိုင်းကျမ်း ရပြီးသည်နှင့် ဂိုဏ်းထဲက ထွက်ခွာသွားလျှင် ဆရာသခင်၏ ဒေါသအမျက်ကို ရှမည်သာမက၊ သမာသမတ်ဂိုဏ်းများ၏ လိုက်လံအမဲဖျက်ခြင်းကိုပါ ခံစားရမည်ဖြစ်လေသည်။ လောလောဆယ်၌ သူတို့သည် ဆရာတူ အစ်ကိုကြီးဆုံးကဲ့သို့ ကိုယ်ပိုင် ဂိုဏ်းဂဏလည်း မထူထောင်ရဲသေးပေ။ ထို့ကြောင့် ရွှေနန်းဥယျာဉ်တောင်၌ ဆက်နေသည်ကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေချေသည်။

…

"တင်း... မင်ရှစ်ရင်ကို လမ်းမှန်သွန်သင်ပြနိုင်သောကြောင့် သင့်အား ကုသိုလ်မှတ် ၂၀၀ ချီးမြှင့်လိုက်သည်၊ မင်ရှစ်ရင်၏ သစ္စာရှိမှု ၅ % တက်သွားပါသည်၊ တွမ့်မူရှန်း၏ သစ္စာရှိမှု ၅ % တက်သွားပါသည်"

မျှော်နန်းထဲမှာ ထိုင်နေရင်း လုကျိုး မျက်လုံးဖွင့်လာကာ ခေါင်းတညိတ်ညိတ်လုပ်လျက် အသာပြုံးနေမိတော့လေသည်။

ကျီထျန်းတောက်က တပည့်များကို ကျင့်ကြံနည်းသိုင်းကျမ်း၏ အဆုံးပိုင်းများ မပေးရဲသော်လည်း လုကျိုးကတော့ ပေးဝံ့သည်။ ပေးခဲ့သည်။ အကြောင်းမှာ သူ၏ ခရီးလမ်းစဉ်သည် ယခုမှ အစပြုချေသောကြောင့်ပင်။ မိစ္ဆာမကောင်းဆိုးဝါးအိုကြီးမှာ ဘဝ၏ နေဝင်ချိန်ရောက်နေပြီ ဖြစ်၍ တပည့်များကို ထိန်းချုပ်ရန် ဆရာစားတစ်ကွက်ချန်ဖို့ လိုလေသည်။

လုကျိုးကတော့ ထိုသို့ ပြုလုပ်ရန် မလို။

အမည်။        ။ လုကျိုး

အမျိုး။        ။ လူသား

ကျင့်ကြံခြင်းအဆင့်။        ။ စိတ်နက်နဲမှု အလင်းပွင့်ခြင်းနယ်ပယ်၏ စက္ခုဒွါရအဆင့်

စိတ်ဝိညာဉ်သဏ္ဌာန်။         ။ အသွင်နှစ်ခုပြောင်း စွမ်းအား

ကုသိုလ်မှတ်။        ။ ၁၀၀၄

ကျန်ရှိသော သက်တမ်း။         ။ ၁၅၀၉ ရက်

ပစ္စည်းများ။        ။ ကျီထျန်းတောက်၏ အထွတ်အထိပ်သဏ္ဌာန်ကတ် ၂ ကတ်၊ တိုက်ခိုက်ဒဏ်ပြင်း ကာကွယ်ကတ်(အလိုအလျောက်သုံး) ၅ ကတ်

…

"တြိသိပ်သည်းခြင်း ပန်းပွင့်စိတ်ဝိညာဉ်သဏ္ဌာန်က ကုသိုလ်မှတ် ၃၀၀၀ တန်တယ်၊ ဒါပေမဲ့ ငါ့မှာ ၁၀၀၀ ပဲ ရှိနေတာ၊ အဝေးကြီးလိုသေးတာပဲ၊ ငါ နည်းနည်းလောက် ထပ်စောင့်သင့်သလား"

"မဖြစ်ဘူး၊ ငါ စောင့်မနေနိုင်ဘူး၊ ငါ့ကျန်းမာရေးက အတော်အခြေအနေဆိုးတာ ငါ ကျီထျန်းတောက်လို အမှားမျိုး အဖြစ်မခံနိုင်ဘူး... သူ အိုလာတာကြောင့်မို့ သူ့ကျင့်ကြံခြင်းအစွမ်းတန်ခိုးတွေ တဖြည်းဖြည်း ယုတ်လျော့သွားရတာ"

"ဒါပေမဲ့ အကြောင်းပြန်လှန်ကတ်က တစ်ကတ်ကို ကုသိုလ်မှတ် ၅၀၀ ဆိုတော့ ဈေးကြီးလွန်းတယ်...

အိမ်း ငါ ကံပဲ အရင်စမ်းလိုက်တော့မယ်"

"ကံစမ်းမဲ"

"တင်း၊ ကံစမ်းမဲ ဆွဲရာမှ ကုသိုလ်မှတ် ၅၀ ကုန်ကျပါသည်၊ ကံစမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကံအမှတ် တစ်မှတ် ရရှိပါတယ်"

"ကံစမ်းမဲ"

"တင်း၊ ကံစမ်းမဲ ဆွဲရာမှ ကုသိုလ်မှတ် ၅၀ ကုန်ကျပါသည်၊ ကံစမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကံအမှတ် တစ်မှတ် ရရှိပါတယ်"

…

သူ ငါးကြိမ်ဆက်တိုက် ကံစမ်းပြီး ၂၅၀ ကုသိုလ်မှတ် သုံးဖြုန်းခဲ့သော်ငြား ပြန်ရလိုက်သည်ကတော့ 'ကံစမ်းမှုအတွက် ကျေးဇူးတင်ပါတယ်'ချည်းသာ ဖြစ်နေသည်။

လုကျိုး မျက်မှောင်အသာကုတ်လိုက်ကာ မကျေမချမ်းလေသံဖြင့် ပြောလိုက်တော့သည်။ "စနစ်၊ မင်း ငါ့ကို 'ကျေးဇူးတင်ပါတယ်'တွေချည်း ပေးနေတာ ရှေ့တစ်ခေါက်တုန်းက ၁၈ ကြိမ်နဲ့ပေါင်းရင် ၂၃ ကြိမ်ဆက်တိုက် ရှိနေပြီနော်၊ မင်းရဲ့ ကံစမ်းမဲ ပေါက်နိုင်ခြေမှာ ပြဿနာရှိနေတာလား"

အမှန်ပင်၊ စနစ်က ပြန်မဖြေချေ။ လုကျိုးမှာ မဆဲမိအောင် မနည်း ချုပ်ထိန်းနေရတော့သည်။

"ငါ့မှာ ကုသိုလ်မှတ် ၇၅၄ မှတ်ကျန်သေးတယ်... နှစ်ခါပဲ ကံထပ်စမ်းတော့မယ်၊ ပြီးရင်တော့ ကျန်တာနဲ့ အကြောင်းပြန်လှန်ကတ်တစ်ကတ် ဝယ်မယ်"

"ကံစမ်းမဲ"

"တင်း၊ ကံစမ်းမဲ ဆွဲရာမှ ကုသိုလ်မှတ် ၅၀ ကုန်ကျပါသည်၊ ကံစမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကံအမှတ် တစ်မှတ် ရရှိပါတယ်"

'လီး...!' လုကျိုး စိတ်ထဲမှ ဆဲမိတော့သည်။

"ကံစမ်းမဲ"

"တင်း၊ ကံစမ်းမဲ ဆွဲရာမှ ကုသိုလ်မှတ် ၅၀ ကုန်ကျပါသည်၊ ကံစမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကံအမှတ် တစ်မှတ် ရရှိပါတယ်"

"…"

"ငါ တစ်ခါပဲ ထပ်စမ်းတော့မယ်၊ ဒီတစ်ခါလဲ ဘာမှ မရရင်တော့ ရပ်လိုက်တော့မယ်"

"ကံစမ်းမဲ"

"တင်း၊ ကံစမ်းမဲ ဆွဲရာမှ ကုသိုလ်မှတ် ၅၀ ကုန်ကျပါသည်၊ ကံစမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကံအမှတ် တစ်မှတ် ရရှိပါတယ်"

"နောက်တစ်မဲကွာ...!"

"တင်း၊ ကံစမ်းမဲ ဆွဲရာမှ ကုသိုလ်မှတ် ၅၀ ကုန်ကျပါသည်၊ ကံစမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကံအမှတ် တစ်မှတ် ရရှိပါတယ်"

…

မျက်စိတစ်မှိတ်အတွင်း သူ့ ကုသိုလ်မှတ်များ အားလုံးနီးပါး ကုန်သွားခဲ့သည်။ 'ကံစမ်းမှုအတွက် ကျေးဇူးတင်ပါတယ်'ကလွဲ၍ သူ ဘာမှ မရခဲ့ပေ။ ကံအမှတ် ၃၃ မှတ်သာ စုမိလေသည်။

"ငါ အခုတော့ သဘောပေါက်သွားပြီ ထင်တာပဲ၊ ...ဒီဟာတွေက ကံအမှတ်မဟုတ်ဘူး၊ ကံဆိုးမှုအမှတ် မဟုတ်လား ဟမ်"

စာမျက်နှာပေါ်မှ ကုသိုလ်မှတ်လက်ကျန် ၁၀၄ ဆိုသည်ကို ကြည့်ရင်း လုကျိုး ပြောလိုက်တော့သည်။

"ပြီးရော ငါပဲ အရှုံးကို ဝန်ခံလိုက်မယ်..."

သို့သော်လည်း ထိုမျှနည်းပါးသော ကုသိုလ်မှတ်လောက်နှင့် ဘာမှ မဝယ်နိုင်တော့ပေ။

"ကံစမ်းမဲ...!"

"တင်း၊ ဤကံစမ်းမဲ ဆွဲရာမှ ကုသိုလ်မှတ် ၅၀ နှင့် ကံ ၃၃ မှတ် ကုန်ကျပါသည်၊ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး၊ စိတ်ဝိညာဉ်သဏ္ဌာန် တြိသိပ်သည်းခြင်း ပန်းပွင့်၊ အကြောင်းပြန်လှန်ကတ် ၁၀ ကတ်တို့ ရရှိပါတယ်"

"ဘယ်လို ဘယ်လို ဘယ်လို"

All Chapters