← Chapters

ကောင်းကင်ကျမ်း၏ အတိုင်းထက်အလွန်စွမ်းအား

Vol. 2 Ch. 23

ကောင်းကင်ကျမ်း၏ အတိုင်းထက်အလွန်စွမ်းအား

Vol. 2 Ch. 23

အခန်း (၂၃) ကောင်းကင်ကျမ်း၏ အတိုင်းထက်အလွန်စွမ်းအား

“အဲဒီ အဘိုးကြီးမှာ လျှို့ဝှက်ကတ်တွေ ရှိသေးတယ်ဆိုတာ ဝန်ခံတယ်၊ ဒါပေမဲ့ သူက အင်မတန် သတိကြီးလွန်းတော့ အလွယ်တကူ အသုံးပြုမှာ မဟုတ်ဘူး၊ မဟုတ်ရင် သူက ညီမတို့ အသက်ကို ချမ်းသာပေးမယ် ထင်လား၊ သူ့ရဲ့ လျှို့ဝှက်ကတ်တွေ အကန့်အသတ် ရှိတယ်ဆိုတာ သက်သေပြနေတာပဲ ”

“ဒါ့အပြင် သူက အသက်ပိုကြီးလာပြီ ဒီတော့ သူ့ရဲ့ ချီပင်လယ်က ပိုခမ်းခြောက်လာပြီ အချိန်ကျလာတဲ့အခါ အမုန်းတရားတွေနဲ့ ပြည့်ပြီး သူ့ရဲ့ လျှို့ဝှက်ကတ်အားလုံး အသုံးပြုဖြစ်မှာ၊ သူနဲ့နေတာက အန္တရာယ် အများဆုံးပဲ ”

ထိုအချက်က ကျောင်းယွဲ့ကို အနည်းငယ် ထိသွားစေ၏။ သူမက ပြော၏။ “မင်းပြောတာ အဓိကကျတာပဲ ”

“ဒီတော့ သူ့လျှို့ဝှက်ကတ်တွေ ရှာတွေ့ဖို့ လှည့်ကွက်တစ်ခုကို သုံးဖို့က ဖိနှိပ်တဲ့ အချိန်တစ်ခုပဲ အဆိုးဆုံးမှ သူက ဒါရဲ့ နောက်ကွယ်မှာ ညီမတို့ ရှိတယ်ဆိုတာ သိနေရင်တောင် ညီမတို့ သူ့ကို ရှောင်နိုင်တာပဲလေ ဟုတ်တယ် ညီမတို့က သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး ဒါပေမဲ့ သူသေတဲ့ထိ စောင့်နိုင်တာပဲ ”

ယဲ့ထျန်းရှင်းကပြောပြီးနောက် အန္တရာယ်များသည့် အပြုံးပြုံးလိုက်၏။

“...”

ယဲ့ထျန်းရှင်းသည် သူမ၏ လက်ရှိအဆင့်အတန်းကို ရရန်အတွက် ကျင့်ကြံဆင့်တစ်ခုထဲကိုသာ မှီခိုအားထားခဲ့တာ မဟုတ်ဘဲ သူမ၏ ဉာဏ်နီဉာဏ်နက်ကိုပါ မှီခိုအားထားခဲ့သည်ဟု ဆိုရပေမည်။

‘လောင်ချီက လျို့ရှစ်မေ့ကို တောင်ပေါ်မှာ ရှိနေတုန်းက ပါးနပ်မှုအတွက် ချီးကျူးတာ အံ့ဩစရာမရှိဘူးပဲ’

ကျောင်းယွဲ့က သူမ၏ ဂိုဏ်းတူအစ်မဖြစ်သော်ငြား သူမ၏ ကျင့်ကြံဆင့်ကြားထဲတွင် ကွာဟချက်ကြီးရှိနေပြီး ယဲ့ထျန်းရှင်း၌ ကောင်းကင်အဆင့်လက်နက်ဖြစ်သော တဏှာကျော့ကွင်း ရှိနေသည်။ ရလာဒ်အနေဖြင့် သူမက သူ့ဆရာတူညီမထက် ပိုပြီး အားနည်း၏။

“ဆရာတူအစ်မ ရှစ်ကျဲ လရောင်စွန်းနန်းတော်မှာ အချိန်အတိုင်းအတာတစ်ခုထိ နေလိုက်ဦး ဆုံးဖြတ်ချက်ချပြီးတဲ့ အချိန် နည်းမျိုးစုံကနေ အစ်မကို ညီမ ကူညီမှာပါ ”

“ကောင်းပြီ ဒါဆို ရှစ်မေ့ကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ် ”

နှစ်ရက်ခန့်နေပြီးနောက် လုကျိုးသည် တတိယမြောက်နေ့တွင်လည်း ထွက်မလာ၊ စတုတ္တမြောက်နေ့တွင်လည်း ထွက်မလာပေ။

သူသည် ကောင်းကင်ကျမ်း၏ စာလိပ်ကို လေ့လာနေချိန် ဦးရေပြားများ သွေးထွက်သည်အထိ ကုတ်မိလုနီးပါး ဖြစ်နေသည်။ အကျဉ်းချုပ်ကိုတော့ သူနားလည်နိုင်သော်ငြား ကျန်သည့် အဓိပ္ပာယ် ဆိုလိုရင်းကို သူ နားမလည်နိုင် ဖြစ်နေ၏။

လုကျိုးက ၎င်းတို့သည် သူ ကျောင်းဝင်ခွင့် စာမေးပွဲတွင် တရုတ်စာကို ဖတ်ပြီး နားလည်သဘောပေါက်ရခြင်းထက် အဆတစ်ရာ ပိုခက်ခဲကြောင်း ခံစားမိသည်။

“ကျန်တဲ့သူတွေရဲ့ ဉာဏ်ရည်ကို ရဖို့ လောကသုံးထောင်ထဲမှာ လူတွေရဲ့ နှလုံးသားထဲ ကွာဟချက် မရှိဘူးဆိုတာ ငါတို့ သိသင့်တယ် သူတို့က တစ်ကမ္ဘာထဲပဲ ”

“နတ်ဘုရား စွမ်းရည်ကို အတားအဆီး အနှောင့်အယှက်မရှိ ရဖို့အတွက် သန့်စင်တဲ့ ကောင်းကင်မျက်လုံးရဖို့ ငါတို့က ဒါကို သိထားသင့်တယ် ”

“...”

လုကျိုးက ထိုအရာကို ဖတ်မိချိန်၌ မျက်တောင်အနည်းငယ် ကြုတ်ကာ သူ့ကိုယ်သူ ပြောလိုက်၏။

“ဒါက ကမ္ဘာမြေပေါ်က ကျောင်းရာချီကြားထဲက တောက်သဘောတရားနဲ့ အတော်လေးဆင်တူတာပဲ ”

ယခင်ဘဝတုန်းက လုကျိုးသည် ထိုအရာများကို မလေ့လာခဲ့ပေ။ သူတို့ တည်ရှိကြောင်း သိရုံသာ ဖြစ်၏။ သို့သော် သူက သူတို့ကို လေ့လာခဲ့လျှင်တောင် နားလည်သဘောပေါက်နိုင်မှာ မဟုတ်ပေ။ အကြောင်းမှာ အများစုက ဆန်းကြယ်လွန်းပြီး ဒဿနိက သဘောတရားများ ပါဝင်နေသောကြောင့် ဖြစ်၏။ ထိုစဉ်က မည်သည့်နေရာတွင် အသုံးပြုရမည်မှန်း မသိသောကြောင့် အသုံးမဝင်သလို အဓိပ္ပာယ်မရှိသလို ဖြစ်နေ၏။

“ဒါက ကောင်းကင်ကျမ်းရဲ့ အတိုင်းထက်လွန် စွမ်းအားလား ” လုကျိုးက ခေါင်းကုတ်လိုက်၏။

“ဆရာ သီးသန့်နေနေတာ လေးရက်ရှိသွားပြီ စေ့ရှစ်ရှိုးက မနေ့တုန်းက ဆရာ့ကို လာရှာတယ် ဒါပေမဲ့ ရှစ်စွင်းကို တပည့် မနှောင့်ယှက်ရဲဘူး ဒါကြောင့် သူ့ကို ထွက်သွားခိုင်းလိုက်တာ ”

လုကျိုးက သူအသံကြားသောအခါ ကောင်းကင်ကျမ်းစာကို ပိတ်လိုက်၏။ အချိန်က လျင်မြန်စွာ ကုန်ဆုံးနေသည်။ ကောင်းကင်ကျမ်းကို ဖတ်ရခြင်းက ပျင်းရိဖွယ်ကောင်းပြီး ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အနည်းဆုံးတော့ သူ့အမြင်တွင် ဖြစ်၏။ ထိုသို့တိုင် မျက်တောင်တစ်ခတ်အတွင်း လေးရက်တာ ကုန်ဆုံးသွားလိမ့်မည်ဟု သူ မထင်ထားပေ။

“လောင်စစ်က တစ်ခုခုပြောသေးလား ”

“မပြောဘူး ”

“သူက သစ်သားပြာကျင့်စဉ်ရဲ့ နောက်ဆုံးပိုင်းကို လေ့ကျင့်အချိန် ပြဿနာတချို့ ကြုံကောင်းကြုံနိုင်တာပဲ”

လုကျိုးက ခြေထောက်ကို ဖြည်းဖြည်းချင်း ကြွပြီးနောက် သူ၏ မီးခိုးရောင် ဆံပင်ကို ထိလိုက်၏။ သူ၏ မျက်နှာက ယခင်ကထက် အနည်းငယ် ရင့်လာ၏။ အခန်းပြင်သို့ ထွက်သည့်အချိန်တွင် ရှောင်ယွမ်အာ၏ မျက်လုံးက ပြူးကျယ်သွားကာ သူ့ကို စိုက်ကြည့်နေပြီး မယုံနိုင်စွာ ပြောလိုက်၏။

“ရှစ်.. ရှစ်စွင်း ”

သူ့အမူအရာက တည်ငြိမ်နေပြီး လက်နှစ်ဖက်နောက်ပစ်လျက် ရပ်နေသည်။ သူက ဆယ်နှစ်ခန့် ပိုငယ်ရွယ်သွား၏။ သွင်ပြင်က အတော်လေး သိသာသော်ငြား လူဆိုးအိုကြီး၏ အထက်တန်းဆန်သည့် အငွေ့အသက်များက အရိုးထဲစွဲနေသေးသည်။

“ရှစ်စွင်း ပိုငယ်သွားတာပဲ ” ရှောင်ယွမ်အာက ပြော၏။

လုကျိုးက ခပ်ရဲရဲပြော၏။ “ငါ တံခါးပိတ်ကျင့်ကြံနေတဲ့ အကြောင်းပြချက်က ငါ့ရဲ့ ကျင့်ကြံဆင့် တိုးမြှင့်ရုံတင် မကဘူး ဒီခန္ဓာကိုယ်အိုကြီးအတွက်လဲ ပါတယ်၊ မင်း ဒီရက်တွေမှာ အလုပ်ကြိုးစားခဲ့တာပဲ ”

“ဟီးဟီး ဒါက ရှစ်စွင်းရဲ့ တပည့်တစ်ယောက်အနေနဲ့ တပည့်တစ်ယောက်ရဲ့ တာဝန်ပါ ရှစ်စွင်းက အဆင့်တက်ပြီး ဆန်းကြယ်ကောင်းကင် သူတော်စင်နယ်ပယ်ထဲ ခြေချနိုင်တဲ့ မဟာယံလောကကြီးထဲက ပထမဆုံးကျင့်ကြံသူ ဖြစ်လာမယ်ဆိုတာ တပည့် ယုံကြည်တယ် ”

လုကျိုးက ရယ်မောပြီးနောက် မေးလိုက်၏။ “လောင်စန်းက ဒီရက်တွေမှာ စာပြန်ပို့သေးလား ”

သူသည် တပည့်များကို ခိုင်းထားသည့် တာဝန်အကြောင်း စနစ်မှ ဘာအသိပေးသံမှ မကြားပေ။

တွမ့်မူရှန်း၏ ကျင့်ကြံဆင့်ဖြင့် ကျို့ကျစ်ဖုန်းအကြောင်း စစ်ဆေးရာတွင် အခက်မတွေ့လောက်သင့်ပေ။ သို့သော် ရက်အနည်းငယ် ကုန်လွန်ပြီးနောက် သူသည် စနစ် အသိပေးသံကို မကြားရသေးပေ။

ထိုသို့တိုင် တွမ့်မူရှန်းက စာတစ်စောင် ပို့သင့်သည်။ အဘယ်ကြောင့် သူ့အကြောင်း သတင်းမရသနည်း။

“ရှစ်ရှိုးက ဘာစာမှ ပြန်မပို့ခဲ့ပါဘူး ”

“ထူးဆန်းလိုက်တာ ” လုကျိုးက သူ၏ မုတ်ဆိတ်မွေးများကို သပ်လိုက်ပြီးနောက် မိစ္ဆာမျှော်နန်းထဲမှ ဖြည်းဖြည်းချင်း ထွက်သွားတော့သည်။

အပြင်ဘက်တွင် ကောင်းကင်က ကြည်လင်ပြီး ရှင်းလင်းနေ၏။ နေက တလက်လက် တောက်ပနေတော့သည်။

“ ရှစ်စွင်း စန်းရှစ်ရှိုးက ရှစ်ကျဲကျောင်းယွဲ့လိုပဲ လုပ်သွားတာလား”

ရှောင်ယွမ်အာက စိတ်ပူပန်စွာ ပြော၏။ “မဟုတ်ဘူး ဒါမဖြစ်နိုင်ဘူး ” လုကျိုးက လက်မြှောက်ကာ သူ့ကို တားလိုက်၏။

တွမ့်မူရှန်းက သစ္စာရှိမှု ၇၀ ရာခိုင်နှုန်းကျော်တာ သူသိသည်။ ကျောင်းယွဲ့အောက် မလျော့ပေ။ သူက ဂိုဏ်းကို စွန့်ခွာခဲ့လျှင် စနစ်က သူ့ကို အသိပေးမှာ ဖြစ်သည်။ သို့သော် စနစ်မှ မည်သည့်သတိပေးသံမှ မရပေ။ တွမ့်မူရှန်းက ထွက်သွားတာ မဟုတ်ဟု ဆိုလိုတာ ဖြစ်၏။

ဒါဆိုရင် သူဘာကြောင့် သတင်းပြန်မပို့တာလဲ။ လုကျိုးက တိတ်တဆိတ် စဉ်းစားနေသည်။

ယွမ်အာက ပြော၏။ “ရှစ်စွင်း စန်းရှိုးက ဂိုဏ်းကို သစ္စာဖောက်မယ်လို့ မထင်ဘူး၊ သူက ရိုးသားတဲ့သူတစ်ယောက် ဒီလို သစ္စာဖောက်တဲ့ လုပ်ရပ်တွေ လုပ်မှာ မဟုတ်ဘူး ”

လုကျိုးက တစ်ခွန်းမှ မပြောပေ။ မျက်နှာထက်က လူတစ်ယောက်၏ နှလုံးသားကို အကဲဖြတ်ဖို့က မဖြစ်နိုင်ချေ။ သူတို့၏ သစ္စာရှိမှုက ၈၀ ရာခိုင်နှုန်းနှင့် အထက်သို့ မရောက်သရွေ့ သူက သူတို့ကို အပြည့်အဝ မယုံကြည်နိုင်ပေ။ ဆိုရလျှင် ကျောင်းယွဲ့၏ သစ္စာရှိမှုက ၆၀ ရာခိုင်နှုန်း ဖြစ်၏။ ထိုသို့တိုင် သူမက ဂိုဏ်းထဲက ထွက်သွားသေးသည်။

ဤကမ္ဘာလောကတွင် လူတစ်ယောက်၏ စိတ်ကို ခန့်မှန်းဖို့က အင်မတန်ခက်ခဲသည်။ သူက တစ်ချိန်လုံး သတိအနေအထား ရှိမှ ရပေမည်။ ထိုစဉ် ရှောင်ယွမ်အာက ကောင်းကင်ထက်တွင် ပျံသန်းလာသည့် ပုံရိပ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

“စစ်ရှစ်ရှိုးက ဒီကို ရောက်လာပြီ ”

မင်ရှစ်ရင်က လေထဲတွင် ပျံသန်းနေပြီးနောက် လျှပ်စီးသဖွယ် မြန်ဆန်လှပေ၏။

သူသည် အထွတ်အထိပ်အသွင်ဖြင့် ရှိချိန်တွင် လုကျိုးက သူ၏ အရှိန်ကို မြင်လျှင် ထူးဆန်းမှာ မဟုတ်ပေ။ သို့သော် လက်ရှိ ကျင့်ကြံဆင့်က နတ်ဘုရားစီရင်ရေးနယ်ပယ်နှင့် ဝေးကွာနေ၏။

“သူက သစ်သားပြာနည်းရဲ့ နောက်ဆုံးအပိုင်းကို နားလည်သဘောပေါက်လုနီးပါးပဲ ” လုကျိုးက ထိုတပည့်ဆိုးများ၏ အံ့ဩဖွယ် ပါရမီကို အားကျနေမိသည်။ မင်ရှစ်ရင်က အောက်သို့ စိုက်ဆင်းလာသည်။ သူဆင်းသက်လာစဉ် ရောင်ဝါများ ပြောင်းလဲသွားသည့် လုကျိုးကို မြင်သောအခါ နှလုံးတုန်သွား၏။

“အဲတာ ရှစ်စွင်းလား ”

လုကျိုး၏ သွင်ပြင်ပြောင်းလဲမှုက မင်ရှစ်ရင်ကို အနည်းငယ်သာ အံ့ဩစေမိသည်။ သို့သော် ရောင်ဝါက သူ့ကို အပြည့်အဝ ကြောက်လန့်စေ၏။ ထို့အပြင် သူ့ရင်ထဲတွင် ကျိထျန်းတောက် ပျိုးထားသည့် အကြောက်တရားမျိုးစေ့နှင့် ပေါင်းလိုက်သောအခါ သူက ကျောစိမ့်သွားတော့သည်။ သူက မြေပြင်ပေါ် အမြန်ဆင်းလာပြီးနောက် ဒူးထောက်ကာ လက်သီးဆုပ်လျက် ပြောလိုက်၏။ “ရှစ်စွင်းကို နှုတ်ဆက်ပါတယ် ”

“ထလို့ ရပြီ ”

“ဟုတ်ကဲ့ ရှစ်စွင်း ”

“မင်း သစ်သားပြာကျင့်စဉ်ရဲ့ နောက်ဆုံးအပိုင်းကို အပြည့်အဝ နားလည်သဘောပေါက်လုနီးပါးဆိုတာ ငါတွေ့တယ်၊ မင်းလေ့ကျင့်တဲ့ ကျင့်ကြံခြင်းက သစ်သားဓာတ် ကျင့်စဉ်ပဲ ဒါက မင်းအတွက် အသက်ဓာတ် အပိုပေးနိုင်တာပေါ့ ဒီတစ်ပန်းသာမှုကို ကောင်းကောင်း အသုံးချ မင်းရဲ့ လေ့ကျင့်မှုကို လျစ်လျူမရှုလိုက်နဲ့ ” လုကျိုးက ခပ်ရေးရေး ပြောလိုက်၏။

“လမ်းညွှန်ပေးတာအတွက် ကျေးဇူးတင်ပါတယ် ရှစ်စွင်း တပည့်မှတ်ထားပါ့မယ် ”

သူ့သစ္စာရှိမှုက နှစ်ရာခိုင်နှုန်း တိုးသွားသည်။

မင်ရှစ်ရင်က အပြင်ပန်းတွင် တည်ငြိမ်နေပုံပေါ်သော်လည်း ရင်ထဲ၌ ထိတ်လန့်နေ၏။ ယဲ့ထျန်းရှင်းသည် ရွှေနန်းဥယျာဉ်တော်မှ ထွက်သွားချိန်မှ စပြီး ကျိထျန်းတောက်သည် တပည့်များကို လမ်းညွှန်ပေးတာ ရပ်လိုက်သည်။ သူ အချစ်မြတ်နိုးရဆုံး ယွမ်အာကိုတောင် စာအုပ်တစ်အုပ်သာပေးခဲ့ပြီး သူမကို စကားပြောခဲ၏။

ထိုသို့သော အခြေအနေတွင် သူ၏ ရှစ်စွင်းက သူ့ကို လမ်းညွှန်ပြသမှု ပေးလောက်သည်အထိ ရက်ရောလိမ့်မည်ဆိုတာ သူ မထင်ထားပေ။ ထိုအမှန်တရားက သူ့ကို ထိတ်လန့်တုန်လှုပ်စေ၏။

“ရှစ်စွင်း သစ်သားပြာကျင့်စဉ်ကို လေ့ကျင့်တဲ့ အချိန် အန်းယန်ကို ပြန်လာရင်းက သတင်းတချို့ ကြားလိုက်ရတယ် ”

“ပြောဦး ”

“ကြည့်ရတာ စီမိသားစုက လူတွေ... ညီမငယ်လေးရဲ့ မိသားစုတွေက တစ်ယောက်ယောက် ပြန်ပေးဆွဲတာ ခံရပြန်ပြီ ” မင်ရှစ်ရင်က သတင်းပို့လိုက်၏။

“အမ် ” ရှောင်ယွမ်အာ၏ မျက်လုံးက ပြူးကျယ်သွားကာ ဒေါသကြောင့် မျက်မှောင်ကြုတ်လိုက်၏။

“ဒီအရေးကိစ္စကို ကျွန်တော်ကိုယ်တိုင် စစ်ဆေးခဲ့တယ် နောက်ကွယ်က တရားခံကို သေချာပေါက် ရှာပေးမှာပါ ပြီးရင် သူတို့ကို တစ်ခါထဲ ဖယ်ရှားမယ် ” မင်ရှစ်ရင်က အေးတိအေးစက် ရက်စက်သည့် အကြည့်ဖြင့် ပြောလိုက်၏။

All Chapters