မင်းက ဆိုးသွမ်းတဲ့ ခေါင်းဆောင်တစ်ယောက်
Vol. 2 Ch. 27
အခန်း (၂၇) မင်းက ဆိုးသွမ်းတဲ့ ခေါင်းဆောင်တစ်ယောက်
မင်ရှစ်ရင်က စိတ်ဆိုးမာန်ဆိုးဖြင့် “မင်း သိပ်ဟန်မဆောင်တာ ကောင်းလိမ့်မယ်၊ မင်းနဲ့ငါက ငယ်ရာကနေ ကြီးတဲ့အထိ အရိုက်ခံလာရတာ၊ ပြီးတော့ ဒီထက် ဒဏ်ရာပိုပြင်းခဲ့တာပဲ”
“မင်းက တကယ်ပါးနပ်တာပဲ ရှစ်တိ” တွမ့်မူရှန်းက အနေရခက်သည့် အပြုံးဖြင့် ပြောလိုက်သည်။
“ဆယ်ရက်... ဆယ်ရက်ကြာပြီးတဲ့ထိ မင်း အိပ်ရာထဲ ဆက်လဲနေမယ်ဆိုရင် ငါ အရံအတားကို ပြင်တာ ရပ်လိုက်မယ်၊ ရှစ်စွင်းပြန်ရောက်လာတဲ့အချိန် မင်း သင်ခန်းစာ အပေးခံရမှာပဲ” မင်ရှစ်ရင်က လက်ပိုက်လျက် ပြောလိုက်သည်။
“ဆယ်ရက် မလိုပါဘူး၊ ခုနစ်ရက်က လုံလောက်တာထက် ပိုသေး၊ ရှစ်တိ မင်း ငါ့ကို အခု ထားခဲ့လို့ရတယ်၊ ငါ့ဘာသာငါ ကုလိုက်မယ်၊ တစ်ကိုယ်တည်း ယောကျာ်းသားနှစ်ယောက် တစ်ခန်းတည်း အတူနေတာ မသင့်တော်ဘူး”
“ဖွီး” မင်ရှစ်ရင်က သူ့ဆရာတူအစ်ကိုကို ထားပြီး လှည့်ထွက်သွားတော့သည်။
အပြင်တွင် မှောင်မည်းနေပြီဖြစ်ကာ ကောင်းကင်ထက်တွင် လက မြင့်တက်နေပြီပင်။ မင်ရှစ်ရင်က ကောင်းကင်ကို မော့ကြည့်ပြီး သူ့ဘာသာ ရေရွတ်ပြောလိုက်၏။ “ရှစ်စွင်း ဘာတွေ တွေးနေတာလဲ၊ နေပါအုံး... အဲဒါ စာတစ်စောင်မလား”
သူက ကောင်းကင်ထဲ ခုန်တက်ပြီး စာသယ်လာသော ငှက်ကို ဖမ်းလိုက်၏။ စာကို ဖတ်ပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်ကာ တအံ့တဩ ပြောလိုက်သည်။
“စန်းရှစ်ရှိုး ဒဏ်ရာရလာတာကို ရှစ်စွင်း ဘယ်လိုသိလဲမသိ”
သူက ပတ်ပတ်လည်ကို ဖျတ်ခနဲကြည့်ပြီး နတ်အာရုံကို သူ့အနားရှိ လေဟာနယ် မီတာရာချီဆီ ဖြန့်ကျက်လိုက်သည်။ သစ်ကိုင်းများပေါ်တွင် နားနေသည့် ငှက်အချို့မှအပ သူသည် အခြားသတ္တဝါ၊ သို့မဟုတ် လူတစ်ယောက်တလေမှ အာရုံမခံမိခဲ့ပေ။
မင်ရှစ်ရင်က မသက်မသာ ဖြစ်လာပြီး စိတ်ပူပန်လာတော့သည်။ သူ့ရှစ်စွင်းသည့် သူ့ကို အနီးတစ်နေရာမှ စောင့်ကြည့်နေသည်ဟု သူ ခံစားချက်ရနေသည်။ ထို့ကြောင့် သူက ဒူးထောက်လျက် “ရှစ်စွင်း ရှစ်စွင်းကို ရိုင်းပျဖို့ မရည်ရွယ်ခဲ့ပါဘူး၊ အရံအတားကို ပြင်ဖို့ အလုပ်သေချာ ကြိုးစားပြီး ရွှေနန်းဥယျာဉ်တောင်ကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်”
ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး နက်မှောင်နေသည်။ ထို့ကြောင့် သူက ခြေကြွလျက် သက်ပြင်းချလိုက်တော့သည်။
‘မကြောက်နဲ့၊ ရှစ်စွင်းရဲ့လမ်းစဉ်ကို လိုက်နေသရွေ့ ငါအဆင်ပြေမှာပဲ’
…
“တင်း... တပည့်မင်ရှစ်ရင်ကို သွန်သင်ဆုံးမခဲ့ပြီး သင်သည် ကုသိုလ်အမှတ် တစ်ရာ ဆုချီးမြှင့်ခံရပါသည်”
“မင်ရှစ်ရင်၏ သစ္စာရှိမှုက နှစ် ရာခိုင်နှုန်း တိုးသွားပါပြီ”
လုကျိုးက အခန်းထဲတွင် တင်ပျဉ်ခွေချိတ်ထိုင်လျက် ကောင်းကင်ကျမ်းစာ၏ လူ့စာလိပ်ကို ဖတ်နေသည်။ သူသည်
သူသည် ဖွင့်ဆို ရှင်းပြ၍မရသော စနစ် အသိပေးစာများကို ကျင့်သားရနေပြီ ဖြစ်သည်။ မည်သည့်အရာ တိုးလာသည် ဖြစ်စေကာမူ သတင်းကောင်းကြားလိုက်ရတာပဲ ဖြစ်၏။
"နောင်ကျ အကျိုးအမြတ် ကြည့်ဖို့ အစွမ်းရဖို့ အတွက် အနာဂတ်အကြောင်း ငါတို့ ဘာမှ မပြောနိုင်သေးတာ သိသင့်တယ် "
"စွမ်းအားက အရာရာပဲ၊ ဒီတော့ ငါတို့အားလုံး ဆန္ဒရှိသလို နယ်ပယ်အားလုံးက အသံတွေကို ကြားနိုင်တယ် "
"စကားလုံးတွေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်၊ မိန့်ခွန်းရဲ့စွမ်းအား၊ ဝေဒနာခံစားနေရတဲ့ သူတွေကို လွတ်မြောက်စေတာ "
လုကျိုးက ကောင်းကင်ကျမ်းစာကို ပိတ်လိုက်သည်။ သူ့စာလိပ်ထဲတွင် ဖတ်နိုင်သည့် အကြောင်းအရာက ထိုအရာသာ ဖြစ်သည်။ ကျန်သည့် စကားလုံးများက သူ မသိသေးသည့် သင်္ကေတများသာ ဖြစ်နေသေးသည်။
"ငါ ဒီစာလိပ်ကို ပထမဆုံးအကြိမ် ဖတ်မိတဲ့ အချိန်တုန်းက ခေါင်းစဉ်ပါတဲ့ စာမျက်နှာပဲ ဖတ်လို့ရတာ မှတ်မိသေးတယ်၊ ဒါပေမဲ့ အခုတော့ နှစ်မျက်နှာ ပိုဖတ်လို့ ရသွားပြီ၊ ငါ့ရဲ့ သက်တမ်းနဲ့ ကျင့်ကြံဆင့် တိုးတက်သွားတာကြောင့်လား "
ကောင်းကင်ကျမ်းစာကို လေ့ကျင့်ခြင်း၏ ရည်ရွယ်ချက်က ကျင့်ကြံဆင့်တိုးတက်ရန် ဖြစ်သည်။ သို့သော် ကျင့်ကြံဆင့် တိုးတက်ပြီးမှသာ အကြောင်းအရာကို ဖတ်နိုင်တာ ဖြစ်သည်။ ယင်းက မြင်းမစီးခင် ကုန်းနှီး တင်ရသလိုပင်။
"ငါ့အတွက် ဒီဟာက တမင်တကာ ခက်ခဲအောင် လုပ်နေတာ မဟုတ်ဘူးလား "
လုကျိုးက သူ့စိတ်ထဲ စွမ်းအားကို ခံစားမိနေသည်။ သူသည် အာရုံသိပ်သည်းခြင်း နယ်ပယ်ထဲ ဝင်ရောက်ချိန်မှ စပြီး သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်၏ အကူအညီဖြင့် စွမ်းအားများစွာကို စုပ်ယူခဲ့တာ ဖြစ်သည်။ သို့သော် နတ်ဒေဝါဦးတည်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်သည့်အခါ သူက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းနေသေးသည်။
ညတာက ရှည်လျားပြီး သူတို့၌ စာဖတ်ခြင်းမှ လွဲ၍ လုပ်စရာရှိပုံမပေါ်။ သူ့စိတ်ထဲ၌ ကံစမ်းမဲဟူသော စကားလုံးက ပေါ်လာ၏။ သူက ချက်ချင်းပင် ခေါင်းခါလိုက်သည်။
"ဒါက ဂိမ်းစွဲနေတာပဲ ကုသိုလ်အမှတ်တွေ ပိုရတဲ့အချိန်ထိ စောင့်သင့်တယ် "
နောက်နေ့ နံနက် ကူမြစ်ကမ်းနားရှိ မိုးပြာအဖွဲ့ ၏ ဌာနချုပ်နားတွင် ဖြစ်သည်။
"မင်းကို ဒဏ်ရာရစေခဲ့တဲ့ လူက အသက် ၁၅နှစ် ၁၆နှစ် ဝန်းကျင်ပဲ ရှိသေးတဲ့ မိန်းမငယ်လေးတစ်ယောက်၊ ပြီးတော့ အသက် ၇၀၊ ၈၀ အရွယ် အဘိုးကြီးတစ်ယောက်က သူနဲ့လိုက်လာတာ ဟုတ်လား " ခေါင်းဆောင် လျိုကျန်းဖုန်းက မေးလိုက်သည်။
ခန်းမထဲတွင် လူနှစ်ယောက်က ဒူးထောက်နေပြီး တစ်ခွန်းမှ မပြောရဲ ဖြစ်နေသည်။ လျိုကျန်းဖုန်းက ရှေ့လျှောက် နောက်လျှောက် လျှောက်နေ၏။ ခဏအကြာတွင် သူက ထပ်ပြောလိုက်ပြန်သည်။
" အစောပိုင်းအဆင့် စိတ်နဲနက်မှု ဉာဏ်အလင်းပွင့်ခြင်း ကျင့်ကြံသူတစ်ယောက်နဲ့ အဆင့် ၇၊ အဆင့် ၈ ခန္ဓာကိုယ်တည်ဖွဲ့ခြင်း ကျင့်ကြံသူတစ်ယောက် မိုးပြာအဖွဲ့အစည်းကို ရန်စဖို့ သတ္တိ သူတို့ကို ဘယ်သူကများ ပေးလိုက်တာလဲ "
"ခေါင်းဆောင် ကျွန်တော်တို့မသိပါဘူး၊ ကျွန်တော်တို့က အမ်းရန်လမ်းထဲမှာ တပည့်သစ်စုဆောင်းနေတဲ့အချိန် အရိုင်းအစိုင်းမလေးက ရုတ်တရက်ပေါ်လာပြီး အရာရှိကျန်းကို ဒဏ်ရာရစေတော့တာပဲ၊ သူမအဖိုးကတောင် ပြောသေးတယ်... သူပြောတာက "
"သူ ဘာပြောလဲ "
"ဒီနေ့ ခေါင်းဆောင်ကို ကိုယ်တိုင် စိန်ခေါ်မယ်လို့ ပြောပါတယ် "
လျိုကျန်းဖုန်းက နှာခေါင်းရှုံ့ကာ သူ့မျက်နှာက ဇဝေဇဝါ ဖြစ်ပုံပေါ်လာပြီး အထင်အမြင်သေးသွားတော့သည်။
သူ့ကို ဇဝေဇဝါဖြစ်စေသည်က စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူတို့ကို စိန်ခေါ် ရဲသည့် သတ္တိ အဘယ်ကြောင့် ရှိနေတာလဲဆိုတာပဲ ဖြစ်သည်။ မိုးပြာအဖွဲ့အစည်းက ထိုကဲ့သို့ အသေးအမွှားများကို ဖြေရှင်းရန်မလိုဟု ထင်သည်။ သို့သော် သူက လျစ်လျူရှုထားခဲ့လျှင် သူတို့က မည်ကဲ့သို့ တပည့် ထပ်စုဆောင်းရတော့မည်နည်း။ သူ၏ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရန် လိုအပ်ပေသည်။
"မင်းနဲ့အတူ ညီအစ်ကို အယောက် ၂၀ကို ခေါ်သွား၊ ပြီးတော့ ဒီနေ့ အရာရှိကျန်းကို ဒဏ်ရာရစေခဲ့တဲ့ မိန်းကလေးကို ရှာလိုက် "
"ကျွန်တော် နားလည်ပါပြီ "
ထိုလူနှစ်ယောက်က ထရပ်လိုက်သည့် အချိန်၌ လူတစ်ဦးက ခန်းမထဲသို့ ကမန်းကတန်းဝင်လာကာ လက်သီးနှစ်ဖက်ဆုပ်လျက် ပြောလိုက်သည်။
"ခေါင်းဆောင် မိန်းကလေးတစ်ယောက်က ခေါင်းဆောင်ကို တွေ့ချင်နေပါတယ် "
"သူ့ကို ထွက်သွားလို့ ပြောလိုက် "
"သူမ ပြောတာက သူမရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်၊ သူမ အဘိုးရဲ့အမိန့်ကို မနာခံသေးဘူးဆိုရင် သူက ခေါင်းဆောင်ကို သူပြောသလို လုပ်ခိုင်းနေတယ် " သူပြောပြီးသည်နှင့် ထိုလူက ခေါင်းမော့ကာ ခေါင်းဆောင်ကို ချောင်းကြည့်လိုက်သည်။
သူမ ပြောသလိုလုပ်ဟူသော အသံက လူကြီးတစ်ယောက်သည် အငယ်တစ်ယောက်ကို ပြောသည့် အသံမျိုးဖြစ်သည်။
"ဘန်း ဘန်း "
ရုတ်တရက်တွင် လူများစွာက တံခါးများနှင့် ပြတင်းပေါက်များက ဖောက်ဝင်လျက် ကျိုးပဲ့သံများ၊ အော်သံများကို ကြားလိုက်ရသည်။ လျိုကျန်းဖုန်းက စိတ်အခြေအနေ ဆိုးရွားနေပြီဖြစ်ရာ ထိုအခြင်းအရာကို မြင်သောအခါ သူက စိတ်ရှုပ်ထွေးသွားတော်သည်။
"ဘာတွေဖြစ်နေတာလဲ "
"တစ်ချက် သွားကြည့်ကြည့် "
လျိုကျန်းဖုန်းက အတွင်းဆောင်ထဲကနေ သူ့လူများကို ခေါ်သွားလိုက်သည်။ ခြံဝင်းအပြင်ဘက်တွင် ရှောင်ယွမ်အာက အပြာရောင်ဝတ်ရုံ ဝတ်ထားလျက် ခေါင်မိုးပေါ်တွင် ထိုင်နေကာ သူမ၏ ဆံပင်ကို လက်တစ်ချောင်းဖြင့် လိမ်ကျစ်နေလျက် ကျန်လက်တစ်ဖက်ဖြင့် မိုးပြာအဖွဲ့အစည်းမှ ကျင့်ကြံသူများကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်လို့ ပြောပြီးသား နင်တို့ကို မရိုက်တာကတင် ကောင်းလှပြီ၊ ဒါတောင် နင်တို့က ငါ့ကို အပြင်မှာ စောင့်နေခိုင်းတယ်ပေါ့ ဟုတ်လား၊ ရာရာစစ "
"သူက သိပ်သန်မာတာပဲ "
"သူမရဲ့ ကျင့်ကြံဆင့်က အနည်းဆုံး ဗြဟ္မာ့ပင်လယ်နယ်ပယ်မှာ ရှိမှာ၊ ငါတို့ ဘာလုပ်သင့်လဲ "
"ခေါင်းဆောင် ရောက်လာပြီ "
လူအုပ်ကြီးက လူစုကွဲသွားသည်။ လျိုကျန်းဖုန်းက ရှောင်ယွမ်အာကို မော့ကြည့်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
"ခေါင်းဆောင် အဲဒါ သူပဲ၊ အရာရှိကျန်းကို ဒဏ်ရာရအောင် လုပ်ခဲ့တာသူ "
လျိုကျန်းဖုန်းက လက်နှစ်ဖက်နောက်ပစ်လျက် ပြောလိုက်သည်။ "သူမက ကျွမ်းကျင်သူတစ်ယောက်ပဲ၊ အံ့ဩစရာ မရှိပါဘူး "
ရှောင်ယွမ်အာ၏ အကြည့်က လျိုကျန်းဖုန်းဆီရောက်သွားကာ မေးလိုက်တော့သည်။ "ရှင်က မိုးပြာအဖွဲ့အစည်းရဲ့ ခေါင်းဆောင်လား "
"မိန်းကလေး မင်းထက်ပိုတော်တဲ့တစ်ယောက် အမြဲတမ်းရှိနေတယ်ဆိုတာ သိထားသင့်တယ်၊ ဗြဟ္မာ့ပင်လယ်နယ်ပယ်က ကျွမ်းကျင်သူတစ်ယောက် ဖြစ်တာကြောင့် မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ်လို့ မထင်လေနဲ့ " လျိုကျန်းဖုန်းက ဒေါသတကြီးပြောလိုက်သည်။
ရှောင်ယွမ်အာသည် ငယ်ရွယ်စဥ်ထဲက ရွှေနန်းဥယျာဥ်တောင်ထဲ၌ တစ်ကိုယ်တည်း နေခဲ့ရတာဖြစ်သည်။ ထို့ကြောင့် အပြင်လူများနှင့် ပြောဆိုသည့်နည်းကို သိပ်မသိ၊ သူမက နှိမ့်ချခြင်းအကြောင်းမသိ၊ သိုသိုသိပ်သိပ် နေခြင်းအကြောင်းလည်း မသိ၊ သူမ သိသည်က သူမ ဆရာခိုင်းသည့်တာဝန်များကို မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် လုပ်ရန်သာဖြစ်သည်။
"ဘာအကြောင်း ပြောနေတာလဲ၊ မေးနေတာက လူမိုက်ခေါင်းဆောင်လားလို့ မေးနေတာ "
ရှောင်ယွမ်အာက မျက်မှောင်ကြုတ်လိုက်၏။
"ကျုပ်က မိုးပြာအဖွဲ့အစည်းရဲ့ အမ်းရန်ဂိုဏ်းခွဲရဲ့ ခေါင်းဆောင် လျိုကျန်းဖုန်းပဲ "
"ရှင်က တာဝန်ရှိသူလား "
"ဟုတ်တာပေါ့ "
"ကောင်းတယ်၊ ရှင့်အတွက် တာဝန်တစ်ခုရှိတယ် "
ခြံဝင်းထဲတွင် အားလုံးက ရှောင်ယွမ်အာကို သတိထား မော့ကြည့်လိုက်သည်။
လျိုကျန်းဖုန်းက အတော်လေး စိတ်ပျက်သွား၏။ မိုးပြာအဖွဲ့အစည်းကို ရန်စရန် ဤမိန်းမငယ်လေးကို မည်သည့်အရာကများ သတ္တိပေးလိုက်လဲဆိုတာ သူရှာဖွေဖော်ထုတ်ချင်နေ၏။ သို့သော် အဆုံးတွင် သူက အချိန်ဖြုန်းတီးနေသလိုဟု ခံစားမိလာသည်။
"တော်လောက်ပြီ သူ့ကို ဆွဲချလိုက် "
လက်တစ်ချက်ဝှေ့ရမ်းလိုက်ရာ လေးသည်တော်များက ရှောင်ယွမ်အာဆီ မြားများ ပစ်ထုတ်တော့၏။
"ရှင်က ဆိုးသွမ်းတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ "
သူမက ပြောပြီးနောက် ခြေကို ခပ်သာသာသာ တစ်ချက်ဆောင့်လိုက်၏။
ခြေထောက်အောက်ခြေမှ စွမ်းအားလှိုင်း ပေါ်ထွက်လာသည်။ မျက်တောင် တစ်ခတ်အတွင်း သူမခြေထောက်အောက်ရှိ အဆောက်အဦက လဲပြိုသွားကာ စွမ်းအားလှိုင်းများက အရပ်မျက်နှာအနှံ့ ရိုက်ခတ်သွားတော့သည်။
"မင်းက ဗြဟ္မာ့ပင်လယ်နယ်ပယ်ရဲ့ သွေးကြောရှစ်ကြော ဖွင့်ပြီးပြီပဲ " လျိုကျန်းဖုန်း၏ မျက်လုံးများက ပြူးကျယ်သွားတော့သည်။