← Chapters

ခွန်အားကြီးသော ကျွမ်းကျင်သူများ

Vol. 2 Ch. 29

ခွန်အားကြီးသော ကျွမ်းကျင်သူများ

Vol. 2 Ch. 29

အခန်း (၂၉) ခွန်အားကြီးသော ကျွမ်းကျင်သူများ

လုကျိုးက သက်ပြင်းချလိုက်သည်။ ရှောင်ယွမ်အာက နောက်ဆုံးတွင် စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားတော့၏။ စနစ်အသိပေးသံများ နောက်ဆုံးတွင် ရပ်တန့်သွားသည့် အချိန်၌ တစ်နာရီနီးပါး ကြာသွားပြီဖြစ်သည်။

သူက စနစ်ဇယားကွက်ကို ကြည့်လိုက်သည်။

အမည်။ ။ လုကျိုး

မျိုးနွယ်စု။       ။ လူသား

ကျင့်ကြံခြင်းအဆင့်။    ။ ချီသန့်စင်ခြင်းနှင့် အာရုံခံသိပ်သည်းခြင်းနယ်ပယ်၏ ဝိညာဉ်တည်ဖွဲ့ခြင်းအဆင့်

ကုသိုလ်အမှတ်။         ။ ၁၂၅၄ မှတ်

စိတ်ဝိညာဉ်သဏ္ဌာန်။   ။ သုံးပါးသိပ်သည်းခြင်းပန်း

ကျန်ရှိသည့်သက်တမ်း။ ။ ၄၅၀၅ ရက်

အသုံးပစ္စည်းများ။       ။ ကျိထျန်းတျောက် အထွတ်အထိပ်အသွင်ကတ် နှစ်ကတ်၊ အတိုက်အခိုက်ဒဏ်ပြင်းအကာအကွယ်ကတ်(အလိုအလျောက်သုံး) သုံးကတ်၊ မှော်နတ်ခြင်္သေ့

ကျင့်စဉ်များ။   ။ ကောင်းကင်ကျမ်းစာ၏ စာလိပ်သုံးပါး

ကုသိုလ်ပြုအမှတ်များသည် အမှတ် တစ်ထောင်ကျော် စုဆောင်းပြီး ဖြစ်သည်။ တပည့်များကို သွန်သင်ပြသခြင်းနှင့် သူတို့ ပြီးမြောက်သည့် တာဝန်များမှ ဆုများကို နှုတ်ပြီးနောက် ရှောင်ယွမ်အာသည် အနည်းဆုံး လူဆိုး ၅၀ ကို သတ်ခဲ့တာပဲ ဖြစ်သည်။

လုကျိုးက သူကလောကြီးထဲ ဝင်ရောက်သည်နှင့် ကိစ္စများကို သင့်တင့်စွာ ဖြေရှင်းမည်ဟု မထင်ထား။ ဆိုရလျှင် သူမက ငယ်ရွယ်သေးပြီး ကိစ္စရပ်များကို တစ်ဉီးထဲ ဆုံးဖြတ်နိုင်ခြင်းမရှိသေးချေ။ ထို့အပြင် အတိတ်တုန်းက မိုးပြာနဂါးအဖွဲ့အစည်းသည် ဆိုးယုတ်သည့် ကိစ္စများစွာ ပြုလုပ်ခဲ့ကြောင်း ဝမ်ဖူကွေ့ထံမှ သူသိရှိခဲ့ရတာ ဖြစ်ပြီး သာမန်လူများသည် သူတို့ လက်အောက်၌ ထိခိုက်နစ်နာခဲ့၏။ အာဏာရှင်များကလည်း ငရဲဂိုဏ်းနောက်ခံရှိနေသောကြောင့် သူတို့ကို မျက်ကွယ်ပြုထားရာမှ အန်းယန်တွင် အဓိကအင်အားစု ဖြစ်လာတာပဲ ဖြစ်သည်။ သူတို့က အသတ်ခံရရန် ထိုက်တန်၏။ လုကျိုးက သူတို့ကို ကရုဏာသက်မနေ။

“ဖူကွေ့ မုရုန်မိသားစုမှာ လတ်တလော မူမမှန်တဲ့ လှုပ်ရှားမှုတွေ ရှိလားဆိုတာ မင်းကို ရှာစေချင်တယ် ”

“ကျွန်တော်မျိုး အခုပဲ သွားလိုက်ပါ့မယ် ”

“ခဏနေဦး ”

“ဘာများ ရှိပါသေးလဲ သခင်ကြီး ”

“ဒီအမိန့်ပြားကို ယူသွား၊ မင်း ဒါကို ပြလိုက်ရင် ဘယ်သူမှ မတားရဲဘူး၊ အခု သွားတော့ ”

“ကျွန်တော် နားလည်ပါပြီ ”

စနစ်ကနေ ကျိထျန်းတောက်ရထားသည့် အသုံးပစ္စည်းများအားလုံးက ကုန်သွားပြီ ဖြစ်သော်ငြား ဤလောကထဲမှ ထိုလူ ထွက်ခွာသွားစဉ် ပစ္စည်းကောင်းများ ကျန်ရှိနေသေးသည်။ ဤတော်ဝင်တံဆိပ်တော်ကလည်း သူတို့ထဲမှ တစ်ခုဖြစ်သည်။ ကျန်သည့် အရာများအတွက်မူ သူတစ်ပါထဲ သယ်လာရန်အတွက် အဆင်မပြေသောကြောင့် လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်း၌သာ ထားခဲ့သည်။

မွန်းတည့်ချိန်တွင် လုကျိုးက မျက်လုံးမှိတ်ပြီး အနားယူနေသည့်အချိန် ရှောင်ယွမ်အာက အမိုးပေါ်ထပ်မံ ခုန်ပျံကျော်လွှားပြီး သူ့ရှေ့သို့ ရောက်လာကာ ပြုံးစစဖြင့် နှုတ်ဆက်လိုက်၏။ “ရှစ်စွင်း ”

လုကျိုးက မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောလိုက်၏။ “ဒူးထောက် ”

“ဖောက် ” ရှောင်ယွမ်အာက ချက်ချင်းဒူးထောက်လိုက်ကာ သူမမျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားသည်။ “တပည့်မှားသွားပါတယ် ရှစ်စွင်း၊ တပည့် သူတို့ကို မသတ်ခဲ့သင့်ဘူး ”

“မင်းကို ဒါအတွက် အပြစ်တင်တာ မဟုတ်ဘူး ”

“အမ် ”

“ဒါက မင်းရဲ့အိမ်၊ အရှေ့တံခါးကပဲ ဝင်လာရမယ်လို့ ပြောပြီးသား၊ ဒါကို မေ့သွားတာလား၊ ဒါမှမဟုတ် ငါ့ရဲ့စကားကို လေတိုက်သလိုပဲ သဘောထားနေတာလား ”

“တပည့် တောင်းပန်ပါတယ် ရှစ်စွင်း၊ တပည့် လောနေလို့ မေ့သွားတာပါ၊ နောက်ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ် ”

ရှောင်ယွမ်အာက ခေါင်းငုံ့ထားပြီး ပြောလိုက်၏။

သူမ အမှားလုပ်သည့် အချိန်တိုင်း သူက ခွင့်လွှတ်ပေးခဲ့ပါက သူမက မှတ်မထား ပိုကောင်းလာမှာ မဟုတ်ပေ။ ထိုကြောင့် လုကျိုးသည် သူ့ဘေးရှိ ကျောက်တုံးကို လက်ညှိုးထိုးပြပြီးနောက် ပြောလိုက်သည်။

“မှောက်လိုက် ”

“အမ် ”

“မင်းမှာ သန့်စင်တဲ့ သဘာဝရှိနေတာက ကောင်းမွန်တဲ့ အရာပဲ၊ ဒါပေမဲ့ စည်းမရှိကမ်းမရှိ ရိုင်းပျလို့ မရဘူး၊ မင်းရဲ့ မိဘတွေက ဆုံးပါးသွားပြီ ဆိုမှတော့ သူတို့ကိုယ်စား မင်းကို ငါ သင်ပြရတော့မှာပေါ့ ”

ရှောင်ယွမ်အာက ကျောက်တုံးနားသွားပြီး နာနာခံခံ မှောက်လိုက်၏။ လုကျိုးက သူ ယခုအချိန်တွင် သနားနေ၍ မရမှန်း သိသည်။ ထို့ကြောင့် သူက လက်တစ်ဖက်မြှောက်ပြီးနောက် စွမ်းအားအနည်းငယ်သာ ထုတ်လျက် သူမ တင်ပါးဆီ ပစ်လွှတ်လိုက်သည်။

“ဖန်း ”

“ဟီးဟီး နာလည်းမနာဘူး ”

“ရာရာစစ ငါ့ကို လှည့်စားရဲတယ်ပေါ့ ” လုကျိုးက ဒေါသတကြီး ပြောလိုက်သည်။ “မင်းရဲ့ ကာကွယ်ရေးစွမ်းအင်ကို ဖယ်လိုက် ”

“ရှစ်စွင်း သက်ညှာပေးပါ၊ ထပ်မလုပ်တော့ပါဘူး၊ ကတိပေးပါတယ် ” ရှောင်ယွမ်အာက တောင်းပန်လိုက်သည်။

“ဖယ်လိုက် ”

ကာကွယ်ရေးစွမ်းအားမရှိပါက ရှောင်ယွမ်အာသည် သာမန်မိန်းကလေးတစ်ယောက်သာ ဖြစ်သွားသည်။ လွှတ်ပေးတာက မမှား၊ သို့သော် သူမ စည်းကမ်းမဲ့ ပြုမူခွင့်မရှိပေ။ လုကျိုးက သူမတောင်ပေါ်တွင် ရှိစဉ်က မျက်ကွယ်ပြုထားနိုင်သော်ငြား အမ်းရန်တွင် ထိုကဲ့သို့ ပြုမူနေသေးလျှင် မလိုလားအပ်သည့် အာရုံစိုက်မှုများ ရနိုင်ပြီး ဤနေရာတွင် သူတို့ တည်ရှိနေသေးနိုင်သည့် အကြောင်းက ကျန်သည့် တပည့်ဆိုးများဆီ ပျံ့သွားနိုင်သည်။ သူက သူမကို သင့်တော်စွာ အပြစ်ပေးပြီး အမှားထပ်မလုပ်တော့အောင် သူမ သတိထားစေဖို့ အပြစ်ပေးရမှာပဲ ဖြစ်သည်။

“ဖန်း ဖန်း ”

“နာတယ် ရှစ်စွင်း ”

ဒုတိယအချက်က ရိုက်ချက်ပြင်းသည်။ လုကျိုးက အာရုံခံသိပ်သည်းခြင်းနယ်ပယ်တွင်သာ ရှိသေးသော်ငြား သူသည် သာမန်မိန်းကလေးတစ်ယောက်ကို ရိုက်ရန် အား လုံလုံလောက်လောက် ရှိသေးသည်။

“ဖန်း ဖန်း ဖန်း ”

သူက သူမကို သုံးချက်ကျော် ဆက်တိုက် ရိုက်လိုက်သည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ရှောင်ယွမ်အာက ကျိထျန်းတောက် ယခင်က တစ်ခါမှ မရိုက်ဖူးသည့် တစ်ဦးတည်းသော တပည့်ဖြစ်သည်။ ကျန်သည့်တပည့်များ အကြီးဆုံးကနေ အဌမတပည့်ထိ အရိုက်ခံရပြီး သူတို့က ငယ်ရွယ်စဉ်ထဲက သူ့ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန်တောင် ရခဲ့ကြသည်။ သို့သော် သူတို့ အသက်ကို အမြဲတမ်း ချမ်းသာပေးပြီး ဆေးများဖြင့် ကုသပေးခဲ့၏။

အပြစ်ပေးပြီးနောက် ရှောင်ယွမ်အာသည် မကျေနပ်ချက်များ ပြည့်နေပြီး မျက်ရည်ကျလုနီးပါး ဖြစ်နေ၏။ ကျန်သည့်သူများ ရှေ့တွင် သူမက ဖြုံလောက်သည့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးလေးဖြစ်သော်ငြား လုကျိုးနှင့် ရင်ဆိုင်ရသည့် အချိန်တွင် အရွယ်မရောက်သေးသည့် ကလေးမျှသာ ဖြစ်နေသည်။ သူမ ငယ်ရွယ်စဉ်ထဲက သူမ မိဘများက သူမနှင့် မရှိ။ ဆရာတူ အစ်ကို အစ်မများကလည်း သူမမိဘများနှင့် အစားထိုး၍ မရသော ချစ်ခြင်းမျိုးသာ ပေးခဲ့သည်။ ရှစ်စွင်းသာ သူမတစ်ဦးတည်းသော မှီခို အားထားနိုင်သည့် သူ ဖြစ်၏။ သို့သော် သူမအလေးစားရဆုံး ဆရာက သူမကို ရိုက်နှက်ခဲ့သည်။ သူမ မည်ကဲ့သို့ မကျေမနပ် မဖြစ်ဘဲ နေမည်နည်း။

“ထလို့ရပြီ ” လုကျိုးက လက်နောက်ပစ်လိုက်သည်။

“ရှစ်စွင်း တကယ်နာတယ် ”

“ကောင်းတယ် မင်းကို ခံစားစေချင်တာ၊ အရင်တုန်းက မင်းကို သင်ပေးခဲ့တဲ့ အရာတွေကို မေ့ပြီး ငါ အခုပြောတာပဲ မှတ်ထားဖို့ ပြောခဲ့တာပဲ ”

“တပည့် နားထောင်ပါ့မယ် ရှစ်စွင်း ” ရှောင်ယွမ်အာက နှုတ်ခမ်းတင်းတင်းစေ့လိုက်၏။

“တင်း။ သင်သည် နဝမတပည့် ရှောင်ယွမ်အာကို သင်ပြဆုံးမပြီးပါပြီ။ ကုသိုလ်အမှတ် ၃၀၀ ဆုချီးမြှင့်ခံရပါသည်”

လုကျိုးသည် သူ သူမကို အပြစ်ပေးနေသည့် အချိန်၌ သူမ၏ သစ္စာရှိမှုကို ကြည့်နေခဲ့ရာ မလျော့သွားတာကို တွေ့လိုက်ရ၏။ သစ္စာရှိမှုက ၈၀ ရာခိုင်နှုန်း ကျော်လွန်နေသည့် အချိန်တွင် သူက တပည့်ကို စိတ်ပျက်စရာတစ်ခုခု မလုပ်သရွေ့ လျော့သွားမှာ မဟုတ်ဘူးဟု ဆိုလိုသည်။

ရှောင်ယွမ်အာကို သင်ပြရ လွယ်ကူသော်ငြား ကျန်သည့် တပည့် ရှစ်ယောက်ကမူ...။

သူက ခေါင်းခါလိုက်၏။ သူ့အတွက် ရှည်လျားသည့် လမ်းကြောင်းတစ်ခု ဖြစ်နေသေးမှန်း သူသိသည်။

မကျေမချမ်းဖြစ်မှုများ ပြည့်နေသော်ငြား ရှောင်ယွမ်အာသည် ထရပ်ပြီးနောက် နှုတ်ခမ်း တင်းတင်းစေ့ကာ ပြောလိုက်၏။

“မိုးပြာနဂါးအဖွဲ့အစည်းပြောတာက နောက်ထပ် ဂိုဏ်းမရှိဘူး၊ လင်းဟူဂိုဏ်းက မရှိဘူး၊ ကျင့်ကြံသူတစ်စုနဲ့ ယာယီဖွဲ့စည်းထားတဲ့ အတုအယောင်ဂိုဏ်းလို့ပဲ ပြောတယ် ”

“ယာယီဖွဲ့ထားတာလား ”

“ဟုတ်ပါတယ်၊ သူတို့က လိမ်ညာခဲ့ပြီး တပည့်ကို သတ်ဖို့အတွက် ယီခရိုင်က အကူညီမဲ့သူတွေကိုတောင် ဖိတ်ခဲ့သေးတာ၊ တပည့်လည်း ဒေါသထွက်လို့ သူတို့ကို ရိုက်လိုက်တာ ”

“ရိုက်တာလား”

“အမ် တပည့်သူတို့ကို သတ်လိုက်မိတာ ” ရှောင်ယွမ်အာက အမြန် အမှန်ပြန်ပြင်ပြောသည်။

“သူတို့က ခွန်အားကြီးတဲ့ ကျွမ်းကျင်သူတချို့ကို ဖိတ်ခဲ့တယ်၊ တပည့် ပြန်မတိုက်ခိုက်ရင် ရှစ်စွင်းကို ပြန်တွေ့ရတော့မှာ မဟုတ်ဘူး ”

“တော်လောက်ပြီ။ သူတို့က နတ်ဒေဝါဦးတည်နယ်ပယ်ကျွမ်းကျင်သူတွေ မဟုတ်ရင် မင်းကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ ” လုကျိုးက သူမကို လေသံအေးဖြင့် ပြောလိုက်သည်။

ရှောင်ယွမ်အာက ထပ်မပြောရဲတော့ချေ။ လုကျိုးက အချိန်ကို တွက်ချက်လိုက်၏။ ယခုအချိန်တွင် ဝမ်ဖူကွေ့ ပြန်ရောက်သင့်နေပြီ ဖြစ်သော်ငြား ပြန်ရောက်မလာသေးပေ။ အနည်းငယ် စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။

“ဝမ်ဖူကွေ့က ပြန်ရောက်မလာသေးဘူး၊ ငါနဲ့ လိုက်ခဲ့ ”

“တပည့် နားလည်ပါပြီ ”

သူတို့က စီမိသားစုအိမ်တော်မှ ထွက်သွားပြီးနောက် မုရုံမိသားစုဆီသို့ လျှောက်သွားလိုက်သည်။

...

လရောင်ဆွတ်နန်းတော်တွင် ကျောင်းယွဲ့က အနည်းငယ် စိတ်လှုပ်ရှားနေပြီး ရတက်မအေးဖြစ်နေကာ ရှေ့လျှောက်လိုက်နောက်လျှောက်လိုက် ဖြစ်နေ၏။

“ဒီလောက် စိတ်ရှုပ်နေဖို့ မလိုပါဘူး ရှစ်ကျဲ၊ အခု ကိစ္စတွေက ဒီအခြေအနေထိရောက်လာပြီ၊ နောင်တရနေလို့ မရဘူး၊ အဆုံးထိ ဆက်လျှောက်ရမယ် ”

ယဲ့ထျန်းရှင်းက အနောက်ကနေ လျှောက်လာပြီးနောက် ပြုံးကာပြောလိုက်သည်။

“ရှစ်မေ့ နင်နားမလည်ပါဘူး၊ ဒါကိုသာ လွန်ခဲ့တဲ့ တစ်လတုန်းက လုပ်ခဲ့ရင် ဒါကို ငါ ဒီလောက် စိုးရိမ်ပူပန်မှာ မဟုတ်ဘူး၊ အဲဒီအဘိုးကြီးက အမြဲတမ်း စိတ်သဘောထားကျဉ်းမြောင်းပြီး တစ်ကိုယ်ကောင်းဆန်တယ်၊ ဒါပေမဲ့ လတ်တလောမှာ သူ ကိစ္စတွေကို ဖြေရှင်းတဲ့နည်းလမ်းက ပြောင်းလဲသွားတယ် ”

“ဘာပြောင်းလဲတာလဲ ”

“ဒါက စကားနဲ့ ပြောပြဖို့ ခက်တယ်၊ သူ့ရဲ့ ချဉ်းကပ်တဲ့ပုံက ပိုနူးညံ့လာပြီး အရင်လို စိတ်တိုလွယ်တာ မဟုတ်တော့ဘူးဆိုတာ ဝေဝေဝါးဝါး ခံစားမိတယ် ” ကျောင်းယွဲ့က လုကျိုးသည် ထိပ်သီးဆရာကြီး ဆယ်ဦးကို တိုက်ခိုက်ပြီးနောက် ပြန်ရောက်လာသည့် မြင်ကွင်းများကို တွေးလိုက်မိ၏။

ယဲ့ထျန်းရှင်းက ရယ်မောကာပြောလိုက်သည်။

“သူ့အပေါ် ရှစ်ကျဲ့ရဲ့ အကြောက်တရားက အဆင့်သစ်ထိတောင် ရောက်နေပြီပဲ၊ ရှစ်ကျဲက သူ့ရဲ့ ညှင်းပန်းနှိပ်စက်မှုတွေထဲ နှစ်ပေါင်းများစွာ နေလာခဲ့ပြီး နောက်ဆုံးသူ့ကို ထားခဲ့တာပဲ၊ အခု ကြောက်မနေသင့်တော့ဘူး ”

ယင်းက သူမ ကြုံတွေ့ခဲ့ရသည့် နာကြင်ဖွယ်နှစ်များကို ကျောင်းယွဲ့အား အမှတ်ရစေသည်။ သူမက သက်ပြင်းချကာ ပြောလိုက်၏။ “ငါ အတွေးလွန်နေတာ ဖြစ်မှာပါလေ၊ ငါးစာကို ချိတ်မိမယ်လို့ထင်လား ”

“အဲဒီအဘိုးကြီးရဲ့ သံသယဖြစ်တတ်တဲ့ အကျင့်စရိုက်နဲ့ဆိုရင် သိပ်ခက်ခဲမှာ၊ ဒါပေမဲ့ ရှောင်ယွမ်အာကတော့ ထောင်ခြောက်ထဲ ရောက်လောက်တယ်၊ သူက ရိုးရိုးရှင်းရှင်းနဲ့ မိသားစုနဲ့ဝေးကွာနေတာ ငါးနှစ်ပဲ ရှိသေးတာ၊ ဒီဟာကိုသာ သိရင် အမ်းရန်ကို သေချာပေါက်ပြန်လာမှာပဲ၊ ငါတို့ သူ့ကို ဖမ်းဖို့လိုတယ်၊ အဘိုးကြီးက ရေွှနန်းဉယျာဉ်တောင်ကနေ ထွက်သွားတာနဲ့ သူက စန်းရှစ်ရှိုးနဲ့ စစ်ရှစ်ရှိုးရဲ့ ကာကွယ်မှုနဲ့ အကာအရံကို ဆုံးရှုံးသွားရင် သူ့ရဲ့ လျှို့ဝှက်နည်းလမ်းတွေကို ကုန်ခမ်းသွားစေဖို့ ငါ့မှာ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ် ”

“သူ့ရဲ့ လျှို့ဝှက်နည်းလမ်းတွေကို ကုန်ခမ်းသွားဖို့ ဘယ်လို စီစဉ်ထားလဲ ”

“သူ့ကြောင့် ထိခိုက်နစ်နာခဲ့တဲ့ သမာသမတ်ဂိုဏ်းသားတွေနဲ့ ကျင့်ကြံသူတွေ ဒီလောကထဲမှာ အများကြီးရှိတယ်၊ သူ့အကြောင်း သတင်းဖြန့်လိုက်မယ်ဆိုရင် ဒီလူတွေ ဘာလုပ်လိမ့်မလဲ၊ အထူးသဖြင့် ကောင်းကင်ဓားဂိုဏ်းပေါ့၊ လော့ချန်းဖုန်းက အဲဒီအဘိုးကြီး သတ်တာ ခံလိုက်ရတာလေ ”

“သူတို့ အားလုံးက သူ့ကို ကြောက်နေခဲ့ရင်ရော ”

ကျောင်းယွဲ့က ထိပ်သီးဆယ်ဦးနှင့် ကျင့်ကြံသူသောင်းချီ သူ၏ရှစ်စွင်းနှင့် ရင်ဆိုင်တိုက်ခိုက်ကြသည့် မြင်ကွင်းကို မျက်မြင်တွေ့ခဲ့တာ ဖြစ်သည်။ သူမ လက်ကျန်ဘဝတွင် ထိုမြင်ကွင်းကို ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်။ ကျိထျန်းတျောက်သာလျှင် ကျင့်ကြံသူတစ်သောင်းကျော်ကို ကြောက်လန့်တကြား ထွက်ပြေးသွားစေနိုင်တာ ဖြစ်သည်။

“အဲဒီ အဘိုးကြီးမှာ လျှို့ဝှက်ဆေးတစ်မျိုးရှိတယ်လို့ ထိပ်တန်း သမာသမတ်ဂိုဏ်းဆယ်ခုကို အကြောင်းကြားထားပြီးပြီ၊ ထိပ်သီးကိုးယောက်က အရူးတွေမှ မဟုတ်တာ၊ သူတို့ရှာတွေ့ သွားတာနဲ့ အနှေးနဲ့ အမြန် တိုက်ခိုက်မှာ ”

သူမ ပြောပြီးသည်နှင့် လက်အောက်ငယ်သားများထဲမှာ တစ်ယောက်က ပြောသည်။

“သခင် အန်းယန်ကနေ စာတစ်စောင် ရလာပါတယ်၊ မိုးပြာနဂါးအဖွဲ့အစည်း ဖျက်ဆီးခံလိုက်ရပြီ၊ တော်ဝင်တပ်ဖွဲ့ရဲ့ အမိန့်ပြားကို မြို့ထဲမှာ တွေ့ရတယ်လို့ ပြောတယ် ”

All Chapters