← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း ၁၉၁ ကျွန်တော်က ဘယ်တော့မှ ဦးအောင်မလုပ်ဘူး

နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့၏။

မနေ့ညက ညစာစားပွဲတွင် လီကျန့်ယီတစ်ယောက် လီဟန်ယီကို စနောက်ခဲ့ခြင်းကြောင့် ယခုအခါတွင် သူသည် စောင်တစ်ထည်ခံပြီး လီဟန်ယီကို ပွေ့ဖက်ထားရသည်။

လီဟန်ယီ နိုးလာသောအခါ သူမ၏ လှပသော မျက်ဝန်းအစုံဖြင့် လီကျန့်ယီကို ကြည့်ကာ အပြုံးနုနုလေးဖြင့် ဆိုလေသည်။

"ရှင်က တကယ်ကို လူဆိုးလေးပဲ၊ ဘာလို့ ဒီလောက်တောင် ရိုးအရတာလဲ၊ ရှင်ကို စောင်နှစ်ထည်နဲ့ အိပ်ပါဆိုတော့ တကယ်ပဲ စောင်နှစ်ထည်နဲ့ အိပ်တာလား"

"အစ်ကိုကြီး ပိုင်လီနဲ့ ညီလေး စစ်ကုန်းတို့ရှေ့မှာ စောင်းမတီးတတ်လို့ တစ်ယောက်ယောက်က ရှက်ကိုးရှက်ကန်း ဖြစ်နေမှာ စိုးလို့ပါ..." ဟု လီကျန့်ယီက တည်ကြည်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

လီဟန်ယီမှာ ဆွံ့အသွားရ၏။

"အား..ရှင်က ပြောရဲသေးတယ်ပေါ့၊ ကျွန်မသင်မယ်လို့ ပြောပြီးပြီပဲလေ၊ သင်မယ်လို့" ဟု လီဟန်ယီက ဒေါသတကြီးဖြင့် စောင်ကို ဖယ်ကာ လီကျန့်ယီအပေါ်သို့ ခွစီးလိုက်တော့သည်။

“တွေ့လား၊ ကိုယ်က ဘယ်တော့မှ ဦးအောင်မလုပ်ဘူးနော်၊ နည်းနည်းလေး လှုပ်ရှားလိုက်ရုံနဲ့ ဇနီးလေးက ကိုယ့်ရင်ခွင်ထဲကို အလိုလို တိုးဝင်လာတာပဲ” ဟု လီကျန့်ယီက သူ့ကို ဖိထားသော လီဟန်ယီကို အသာစီးရသည့် အမူအရာဖြင့် ကြည့်ကာ ပြောဆို၏။

"ဟွန့်၊ ကိုယ့်ကိုယ်ကိုယ် သိပ်တော်တယ် ထင်နေတာလား"

လီဟန်ယီက လီကျန့်ယီကို ဖက်ကာ ကိုယ်ကို အနည်းငယ် ကြွလိုက်ပြီး လီကျန့်ယီကို နမ်းရှုံ့လိုက်သည်။

"လူဆိုးလေး"

ထို့နောက် လီဟန်ယီသည် လီကျန့်ယီကို မှီကာ ခေတ္တမျှ မှေးစက်နေပြန်သည်။

နာရီဝက်ခန့် ကြာပြီးနောက်၊လီဟန်ယီသည် အိပ်ရေးဝပြီဟု ခံစားရသဖြင့် အဝတ်အစား လဲလှယ်ကာ ထလာခဲ့သည်။ လီကျန့်ယီသည် မီးဖိုချောင်သို့ သွား၍ အာဟာရဖြစ်စေမည့် အစားအစာများကို ပြင်ဆင်ပေး၏။ သူသည် ဟန်ယီ၏ အာဟာရ လိုအပ်ချက်ကို အစာတစ်နပ်မှ လျစ်လျူမရှုနိုင်ပေ။

နံနက်ခင်းတွင် လီကျန့်ယီသည် ဈေးသည်ထံမှ ဝမ်တွန်အစိမ်းများနှင့် နွားနို့အချို့ကို ဝယ်ယူကာ ချက်ပြုတ်လိုက်သည်။ချက်ပြုတ်ပြီးသွားသောအခါ မွှေးကြိုင်နေသော ဝမ်တွန်များနှင့် လတ်ဆတ်သော နွားနို့တို့က အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။လီကျန့်ယီ စတင် ချက်ပြုတ်လိုက်သည်နှင့် အစားအသောက် ခုံမင်သူများမှာ နေရာအသီးသီးမှ ရောက်ရှိလာကြတော့၏။

"အစ်ကိုယီ၊ ဘာတွေ ချက်နေတာလဲ" ဟု ချန်းလျော့နှင့် ကျီရွယ်တို့သည် အဝတ်အစားပင် မလဲရသေးဘဲ လက်ချင်းချိတ်ကာ ခြံဝင်းထဲသို့ သွားရည်တမြားမြားဖြင့် ပြေးဝင်လာကြသည်။

"ဝမ်တွန်နဲ့ နွားနို့လေ"ဟု လီကျန့်ယီက ပြုံးလျက် ဖြေ၏။

"ဝမ်တွန် နွားနို့" ချန်းလျော့က အနံ့ခံကြည့်ရာ အလွန်ပင် မွှေးပျံ့နေသည် သူမတွေးနေမိသည်။

"ဟုတ်တယ်၊ ချန်းလျော့ စားချင်ရင် အစ်မကျီရွယ်ကို ခပ်ခိုင်းလိုက်လေ၊ အချိန်ကုန်တာမြန်လိုက်တာ ငါတို့ရဲ့ ကျီရွယ်လေးက လူကြီးတောင် ဖြစ်နေပြီပဲ"

လီကျန့်ယီသည် သူ၏ ခါးလောက်အထိ ရောက်နေပြီ ဖြစ်သော ကျီရွယ်ကို ကြည့်ကာ ကုန်ဆုံးသွားသော အချိန်များက အလွန်မြန်သည်ဟု တွေးနေမိသည်။

"အစ်ကိုကြီး ယီ၊ ကျွန်မက... ကျွန်မက လူကြီးလေး ဖြစ်နေပြီလား" ဟု ကျီရွယ်က လီကျန့်ယီ၏ စကားကြောင့် ရှက်သွေးဖြာသွားရ၏။

"ဟုတ်တာပေါ့"

ထိုစဉ် လီဟန်ယီလည်း ရောက်လာပြီး ခေါင်းညိတ် ထောက်ခံလိုက်သည်။သူမ မှတ်မိသလောက်ဆိုလျှင် ကျီရွယ်လေး လမ်းမလျှောက်နိုင်ခင် ကလေးဘဝကတည်းက သူမသည် လီကျန့်ယီ ဓားလေ့ကျင့်သည်ကို ဓားနှလုံးကျောက်ဆောင်တွင် ပွေ့ချီကာ ကြည့်ရှုခဲ့ရဖူးသည်။

"ဒါဆိုရင် ကျီရွယ်က နောင်ကျရင် ကိုယ့်ကိစ္စကိုယ် ကိုယ်တိုင် ဆောင်ရွက်နိုင်အောင် ပိုကြိုးစားပါ့မယ်" ဟု ပြောကာ ကျီရွယ်သည် ချန်းလျော့အတွက် ဝမ်တွန်များ သွားရောက်ခပ်ပေးလေသည်။ထိုမြင်ကွင်းကို ကြည့်ကာ လီကျန့်ယီသည်လည်း လီဟန်ယီအတွက် အစားအစာများ ပြင်ဆင်ပေးလိုက်ပြီး လူကြီးနှစ်ဦးနှင့် ကလေးနှစ်ဦးတို့မှာ စားပွဲတွင် ထိုင်ကာ ပျော်ရွှင်စွာ စားသောက်ကြတော့သည်။ ဝမ်တွန်တစ်လုံးချင်းစီမှာ အလွန်ပင် အရသာရှိလှပေသည်။

ထိုအချိန်တွင် ဖုန်းချူးယွီ၊ ရွဲ့ယောင်နှင့် အခြားသူများမှာလည်း ခြံဝင်းထဲသို့ ရောက်လာကြ၏။ အားရပါးရ စားသောက်နေကြသော ကျီရွယ်နှင့် ချန်းလျော့တို့ကို မြင်သောအခါ သူတို့မှာ မျက်နှာကို လက်ဖြင့်အုပ်လျက် "ဒုက္ခပါပဲ သခင်လေးလီရယ်၊ ချန်းလျော့က မင်းရဲ့ လက်ရာကို အရမ်း စွဲလမ်းနေပြီ" ဟု ဆိုကြလေသည်။

"ဘာဖြစ်လို့လဲ မိန်းမရေ၊ ငါလည်း ဒုတိယအစ်ကိုရဲ့ လက်ရာကို တောင့်တနေတာပါပဲ" ဟု စစ်ကုန်းချန်ဖုန်းက ဖုန်းချူးယွီ နောက်မှ ကပ်လိုက်လာရင်း ပြောလိုက်သည်။

"ရှင်လား... ရှင်ကတော့ အစားအသောက် မက်တာပါ" ဟု ဖုန်းချူးယွီက စစ်ကုန်းချန်ဖုန်းကို မျက်စောင်းထိုးလိုက်၏။သူမ ချန်းလျော့ကို မွေးဖွားစဉ်ကနှင့် နှိုင်းယှဉ်ပါက လီဟန်ယီ ရရှိသော ဂရုစိုက်မှုမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

"ဟဲဟဲ၊ အရသာရှိတဲ့ အစားအစာကို ဘယ်သူက မကြိုက်ပဲနေနိုင်မှာလဲ၊ ပြီးတော့ မိန်းမလည်း သခင်လေးလီရဲ့လက်ရာက ဘယ်လောက် ကောင်းလဲဆိုတာ မသိဘူးလား"အရသာများမှာ တစ်ကြိမ် မြည်းစမ်းကြည့်ရုံဖြင့် ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ကြောင်း စစ်ကုန်းချန်ဖုန်းက ပြန်လည် တမ်းတနေမိသည်။

"ဟုတ်သားပဲ၊ အစ်ကိုယီက ဟင်းခတ်အမွှေးအကြိုင်တွေကို ကိုယ်တိုင်လုပ်ထားတာလား" ဟု ဖုန်းချူးယွီက မမေးဘဲ မနေနိုင်တော့ပေ။

“ဟုတ်တယ် ၊တတိယညီမ လိုအပ်ရင် ပို့ပေးလိုက်မယ်လေ” ဟု လီကျန့်ယီက ပြုံးလျက် ဆိုသည်။

"ဒါဆိုရင်တော့ အားမနာတော့ဘူးနော်" ဟု ဖုန်းချူးယွီက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ ဤသို့ဆိုလျှင် သူမ၏ သမီးငယ်လေးကိုလည်း အစား‌အသောက်ကောင်းတွေကို နေ့တိုင်းချက်ကျွေးနိုင်တော့မည်။

"ချူးယွီ၊ အစားအသောက် မက်တဲ့သူတွေက အဆင်သင့်ရှိတာကို စားနေကြပြီ၊ မင်းလို လူနုံလေးကမှဟင်းခတ်အမွှေးအကြိုင် အကြောင်း လိုက်မေးနေတာ"စစ်ကုန်းချန်ဖုန်းသည် ဝမ်တွန်တစ်ပန်းကန်ကို အားရပါးရ စားသောက်ရင်း ဖုန်းချူးယွီကို အော်ပြောလိုက်သည်။

"ပါးစပ်ပိတ်ပြီး စားစရာရှိတာ စားစမ်းပါ" ဟု ဖုန်းချူးယွီက စစ်ကုန်းချန်ဖုန်းကို မျက်စောင်းထိုးကာ မီးဖိုချောင်သို့ ဝင်သွားတော့၏။သူမသည် ရက်အတော်ကြာအောင် ချက်ပြုတ်ပေးနေခဲ့ရသည် ဖြစ်ရာ ယခုတော့ အနားယူ စားသောက်သင့်သည့် အချိန်ဖြစ်သည်။

နံနက်စာ စားပြီးနောက်တွင် အခြား ထွေထွေထူးထူး လုပ်စရာ မရှိသဖြင့် လီကျန့်ယီသည် ချန်းစန်းတောင်သို့ သွား၍ ဓားသိုင်းလေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။လီဟန်ယီသည်လည်း စိတ်ပါလက်ပါဖြင့် လိုက်ပါ လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့၏။သူမ ကိုယ်ဝန်ရနေသည်မှာ တစ်လပင် မပြည့်သေးရာ ဓားကိုင်ခြင်းက ဘာမှ မဖြစ်နိုင်ဟု သူမ တွေးမိသည်။သူမကဲ့သို့ ထိပ်တန်းပညာရှင် တစ်ဦးအတွက်မူ ဤသည်မှာ ကိစ္စအသေးအမွှားသာ ဖြစ်ပေသည်။

"ဟန်ယီ၊ အဘိုး၊ အမေနဲ့ အဖေတို့က မင်း ကိုယ်ဝန်ရှိနေတာကို မသိကြသေးဘူး မဟုတ်လား"

သူတို့ကို အသိပေးသင့်သလား။လီကျန့်ယီသည် ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဓားသိုင်းလေ့ကျင့်နေစဉ် စကားပြောခြင်းက သူ၏ ဓားချက်များအပေါ် သက်ရောက်မှု မရှိပေ။

"မလိုသေးပါဘူး၊ ကလေးမွေးခါနီးမှ အသိပေးလည်း နောက်မကျပါဘူး" ဟု လီဟန်ယီက ဓားလေ့ကျင့်ခြင်းကို ခေတ္တရပ်ကာ ပြောလိုက်၏။

"အဲ့ဒါလည်း ဟုတ်တာပဲ" လီကျန့်ယီက ခေါင်းညိတ်ကာ ဆက်လက် လေ့ကျင့်နေသည်။

တစ်နာရီခန့် ဓားသိုင်း လေ့ကျင့်ပြီးနောက် လီကျန့်ယီနှင့် လီဟန်ယီတို့သည် တစ်ယောက်ပြီးတစ်ယောက် ရပ်နားလိုက်ကြသည်။သူတို့နှစ်ဦးသည် တဲအိမ်လေးထဲမှ ထိုင်ခုံငယ် နှစ်လုံးကို အပြင်သို့ ထုတ်ကာ အတူတူ ကပ်ရပ်ထိုင်နေကြ၏။

ထိုစဉ် ပိုင်ရှောင်တန်မှ စာပို့ခိုငှက်လေး တစ်ကောင်ကသူတို့ အနားသို့ ဆင်းသက်လာရာ လီကျန့်ယီက စာကို ယူ၍ ဖတ်ကြည့်လိုက်သည်။ မြောက်ပိုင်း နယ်စပ်တွင် လှုပ်ရှားမှုအချို့ ရှိနေသည်ကို တွေ့ရသဖြင့် သူ အံ့အားသင့်သွားရ၏။

"တောင်ပိုင်းကျွယ်နှင့် မြောက်ပိုင်း ကျူးကျော်သူများသည် ကျွန်ုပ်တို့ မြောက်ပိုင်း လီပြည်ထောင်၏ မတည်ငြိမ်သော အခြေအနေကို အခွင့်ကောင်းယူကာ နယ်စပ်အား အကြိမ်ကြိမ် နှောင့်ယှက်ခဲ့ကြသည်။ ထို့ကြောင့် စစ်သူကြီး လဲ့မုန့်ရှားနှင့် လန်ယာဝမ် မင်းသားတို့အား ယနေ့မှစ၍ တောင်ပိုင်းကျွယ်၏ နယ်စပ်မြို့များကို တိုက်ခိုက်ရန် အမိန့်ထုတ်ပြန်လိုက်သည်"

အထက်ပါ စာမှာ ဧကရာဇ် မိန်တယ်က မနေ့က ထုတ်ပြန်ခဲ့သော လျှို့ဝှက်အမိန့် ဖြစ်သည်။

သို့သော် ပိုင်ရှောင်တန်မှ လူများက ဤလျှို့ဝှက်ချက်ကို မည်သို့ သိရှိသွားသည်မှာ အတိအကျမသိသော်လည်း၊ လဲ့မုန့်ရှားနှင့် ရှောင်ရူဖန်တို့ထံ အမိန့်စာ မရောက်ခင်ကပင် လီကျန့်ယီက သိရှိသွားခဲ့ပြီ ဖြစ်သည်။

"ဧကရာဇ်က တောင်ပိုင်းကျွယ်ကို တိုက်ခိုက်တော့မှာလား" ဟု လီကျန့်ယီ ဘေးတွင် မှီနေသော လီဟန်ယီက စာပါ အကြောင်းအရာကို ဖတ်ပြီးနောက် အံ့သြစွာ မေးသည်။

"အင်း" လီကျန့်ယီက ခေါင်းညိတ်လိုက်၏။

"ဒါဆို အဖေက အဆင်ပြေပါ့မလား၊ စစ်မြေပြင်မှာက ဓားတွေ၊ လှံတွေက မျက်စိမပါဘူးလေ..." လဲ့မုန့်ရှားမှာ သိုင်းပညာ မြင့်မားသော်လည်း လီဟန်ယီကမူ စိုးရိမ်နေမိသည်။

"ဘာမှ မဖြစ်ပါဘူး၊ အဖေက မြေးမျက်နှာကိုလည်း မြင်ရအုန်းမှလေ" ဟု လီကျန့်ယီက တည်ငြိမ်စွာ ဆိုရင်း လီဟန်ယီ၏ ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးပြီး နှစ်သိမ့်‌၏။

"အင်း" လီဟန်ယီ၏ လှပသော မျက်ဝန်းများမှာ တောက်ပသွားရသည်။လီကျန့်ယီ၏ စကားများသည် သူမကို အမြဲတမ်း စိုးရိမ်မှုကို ဖယ်ရှားပေးနိုင်သော အစွမ်းရှိလေသည်။

"ကဲ ဟန်ယီ၊ ချန်းစန်းတောင်ပေါ်မှာက နည်းနည်း အေးသေးတယ်ဆို‌တော့ ဓားလေ့ကျင့်ရတာ ပင်ပန်းနေပြီလား၊ အနားယူဖို့ တောင်အောက်ကို ဆင်းကြမလား" ဟု လီကျန့်ယီက လီဟန်ယီကို ဂရုတစ်စိုက် ထူပေးကာ မေး၏။

"ဒါဆိုရင်လည်း တောင်အောက် ဆင်းကြတာပေါ့"

လီဟန်ယီသည် လီကျန့်ယီ၏အကူဖြင့် တောင်အောက်သို့ လျင်မြန်စွာပင် ပြန်ရောက်သည်။မြို့စား စံအိမ်သို့ ပြန်ရောက်သောအခါ လီဟန်ယီမှာ ဧည့်ခန်းဆောင်၌ အနားယူကာ တစ်ခဏတွင်းမှာပင် အိပ်ပျော်သွားတော့၏။

သူမ အိပ်ပျော်သွားပြီးနောက် လီကျန့်ယီသည် စာတစ်စောင် ရေးသားကာ စားပွဲပေါ်တွင် တင်ထားခဲ့သည်။ သူသည် အပြင်သို့သွား၍ အချို့သော ကိစ္စရပ်များကို ဖြေရှင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။

"စာရေးထားခဲ့တယ်၊ နိုးလာရင် ဖတ်ဖို့ မမေ့နဲ့ဦး"

လီကျန့်ယီသည် အိပ်မောကျနေသော လီဟန်ယီကို မြတ်နိုးစွာ ကြည့်လိုက်၏။ သူ အကြာကြီး သွားမည် မဟုတ်သော်လည်း သူမကို အသိပေးရန် လိုအပ်သည်ဟု သူ ခံစားရသည်။ သို့မဟုတ်ပါက သူမ နိုးလာသောအခါ သူ့ကို မမြင်ပါက သူမစိုးရိမ်သွားမည်ကို သူမလိုလားပေ။

အခန်း ၁၉၂ ကျွန်တော်က လူတွေကို ဘယ်တော့မှ အကွက်မဆင်ဘူး

မြောက်ပိုင်း နယ်စပ်ဒေသ။

တပ်မတော်၏ တပ်စုသုံးစုသည် နေ့စဉ် ပြုလုပ်မြဲ ဖြစ်သော စစ်ရေးလေ့ကျင့်မှုများကို စနစ်တကျ လုပ်ဆောင်နေကြ၏။ လဲ့မုန့်ရှား၊ ရဲ့ရှောင်ယင်းနှင့် ရှောင်ရူဖန်တို့မှာ စစ်တပ်အတွင်းရှိ စစ်သည်တော်များ၏ အားနည်းချက်များကို ကိုယ်တိုင်ကိုယ်ကျ ထောက်ပြနေကြသည်။

"မတ်မတ်ရပ်စမ်း"

"လှံကို ဝှေ့ယမ်းတဲ့အခါ အားပါပါနဲ့ လုပ်ရမယ်"

ရဲ့ရှောင်ယင်းသည် တပ်မတော် သုံးတပ်၏ လေ့ကျင့်ရေးကွင်း အတွင်း လှည့်လည်သွားလာရင်း လိုက်လံ ညွှန်ကြားနေခြင်း ဖြစ်သည်။

ကောင်းကင်တွင် ပျံသန်းပြီး‌ရောက်ရှိလာသော လီကျန့်ယီမှာ ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းခါယမ်းမိသည်။

" စစ်တပ်က ဘယ်လောက်ပဲ အင်အားတောင့်တင်းပါစေ၊ မင်းတို့ရဲ့ စစ်သူကြီးတွေက ဘယ်လောက်ပဲ ရဲရင့်ပါစေ၊ နောက်ဆုံးမှာတော့ ရှုံးနိမ့်မှုနဲ့ပဲ ရင်ဆိုင်ရမှာပဲ"

" ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကတော့ နည်းနည်း ပျင်းစရာကောင်းပြီး ကြာဦးမယ့်ပုံပဲ၊ ဟန်ယီကိုလည်း ပြုစုစောင့်ရှောက်ပေးမယ့်သူ လိုအပ်နေသေးတယ်..."

လီကျန့်ယီသည် သူ၏ ပြုပြင်တည့်မတ်မှု လုပ်ဆောင်ချက်များမှာ စောလွန်းသေးသည်ဟု ခံစားရသဖြင့် ဓားနှလုံးဂူဗိမာန်သို့ ပြန်ရန် စီစဉ်လေသည်။

သူသည် စိတ်ဝိညာဉ်ဖြင့် ခရီးနှင်ကာ ဓားနှလုံးဂူဗိမာန်သို့ ခဏချင်းအတွင်း ပြန်ရောက်သွား၏။လီရှင်းယွဲ့သည် ထျန်ချီမြို့သို့ ပြန်မသွားသေးပေ။ ထျန်ချီ၏ စောင့်ရှောက်သူ လေးဦးအနက် ပိုင်ရှောင်တန် ပိုင်ရှင် ကျီရူဖန် တစ်ဦးတည်းသာ မြို့တော်တွင် ကျန်ရှိနေတော့သည်။ထို့ကြောင့် သူမသည် အားလပ်သည့် အချိန်တိုင်းတွင် ဓားနှလုံးဂူဗိမာန်နှင့် မိုးကြိုးတံခါး ကြား၌သာ နေထိုင်လေ့ ရှိသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ယနေ့တွင် လီရှင်းယွဲ့သည် ရှောင်ဝူကျဲကို မိုးကြိုးတံခါးမှ ဓားနှလုံးဂူဗိမာန်သို့ခေါ်ဆောင်လာခဲ့၏။ ထိုကောင်လေးမှာ ယခုအခါ ငါးနှစ်သား အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဝဝကစ်ကစ် ပါးပြင်လေးများမှာ မြင်သူတိုင်း ဆွဲလိမ်ချင်စရာ ကောင်းလှပေသည်။

"အို...ဝူကျဲ၊ ပြန်ရောက်ပြီလား"

မိမိ၏ နုံအသော သမက်နှင့် တူလှသည့် မြေးဖြစ်သူကို ကြည့်ကာ လီဆူးဝမ်သည် ဝူကျဲ၏ ပါးပြင်ကို မဆွဲဘဲ မနေနိုင်တော့ပေ။

ဝူကျဲကလည်း အပြစ်ကင်းစင်သော မျက်နှာထားဖြင့် "အဖိုး၊ ကျွန်တော်က အခု တကယ်ကို တော်နေပြီနော်၊ အုတ်ခဲကိုတောင် လက်ဗလာနဲ့ တစ်ချက်တည်းနဲ့ကြေအောင် ထိုးနိုင်ပြီ" ဟု ကြွားဝါလေသည်။

"တကယ်လား၊ ဒါပေမဲ့ ဝူကျဲက မင်းရဲ့ ယောက်ဖလောက်တော့ မတော်သေးပါဘူး၊ မင်း‌ယောက်ဖဆို ဒီအရွယ်တုန်းက သူဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ လေတွေတောင် တဝူးဝူး တိုက်ခတ်ကုန်တာ" ဟု လီဆူးဝမ်က ဆို၏။ အုတ်ခဲကို ထိုးခွဲနိုင်ခြင်းမှာ သာမန်မျှသာ ဖြစ်သည်ဟု သူ ထင်မြင်မိသည်။ ဒါပေမဲ့လည်း ဒါတွေက သူ၏ အမှားမဟုတ်ပေ သူ၏မြေးမလေးဖြစ်စေ ၊သူ၏ တပည့်ဖြစ်စေ ဘယ်သူကမှ သာမာန်မဟုတ်သောကြာင့်ပင် ဖြစ်မည်။။

"ဟွန့်...ကျွန်တော်က ယောက်ဖမှ မဟုတ်တာ၊ သူက ဓားနှလုံးဂူဗိမာန်က ခွေးတွေကိုတောင် ချန်မထားတဲ့ အကွက်ဆင်သမားပဲ ၊ ကျွန်တော်ကို ယောက်ဖနဲ့တော့ မနှိုင်းပါနဲ့"လဲ့ဝူကျဲက လက်ပိုက်ကာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

"ဝူကျဲ၊ မင်း ဘာတွေ လျှောက်ပြောနေပြန်ပြီလဲ၊ မင်းရဲ့ ယောက်ဖက ခွေးကို တစ်ခါမှအကွက်မဆင်ဖူးဘူး"

လီကျန့်ယီသည် ပြန်ရောက်လာသည်နှင့် လဲ့ဝူကျဲ ဘေးတွင် ရုတ်တရက် ပေါ်လာကာ သူ၏ ဦးခေါင်းကို အသာအယာ ခေါက်လိုက်၏။

"ဟွန့်...အဖိုး၊ ကျွန်တော် ပြောသားပဲ၊‌ ယောက်ဖက ခွေးတွေကိုပဲ အကွက်ဆင်တာ မဟုတ်ဘူး၊ ဝူကျဲကိုလည်း အကွက်ဆင်တာ"

"ကျွန်တော်က အခုမှပြန်‌ရောက်တာကို ယောက်ဖက ကျွန်တော်ကိုတောင် ရိုက်နေပြီ" ဟု လဲ့ဝူကျဲက နာကျင်နေသော အမူအရာဖြင့် ခေါင်းကို ပွတ်ကာ တိုင်တောလေသည်။

"ဟမ်...ငါ ဘယ်တုန်းက ယောက်ဖလေးကို အကွက်ဆင်လို့လဲ" ဟု လီကျန့်ယီက သူ့တွင် အမှန်တရား ရှိနေသော်လည်း ရှင်းပြ၍ မရနိုင်သကဲ့သို့ ခံစားလိုက်ရသည်။

"ဟဲဟဲ... အမေ သိပါတယ်၊ ဒါနဲ့ ဟန်ယီကော ဘယ်မှာလဲ" ဟု လီရှင်းယွဲ့က လီကျန့်ယီ အကျပ်ရိုက်နေသည်ကို မြင်သောအခါ ပြုံး၍ မေးလိုက်၏။

"ဟန်ယီက ရွှေလမြို့တော်မှာ ကျန်ခဲ့တယ်" ဟု လီကျန့်ယီက ပြန်ဖြေသည်။

"ရွှေလမြို့တော်မှာလား၊ ဘာလို့ သူ့ကိုပါ တစ်ခါတည်း ခေါ်မလာတာလဲ" လီရှင်းယွဲ့က နားမလည်နိုင်စွာ မေးလေသည်။

"အဲ့ဒီမှာ ဟန်ယီရဲ့ စီနီယာ၊ဂျူနီယာတွေလည်းရှိနေတယ်ဆိုတော့ ကျွန်တော် ထားခဲ့လိုက်တာ ပြီးတော့ ရွယ်တူတွေဆိုတော့ ဟန်ယီက မပျင်းရတော့ဘူးလေ " ဟု လီကျန့်ယီက ဆိုသည်။ပြီးတော့ ဟန်ယီက ကိုယ်ဝန်ဆောင်ထားသဖြင့် ခရီးထွက်ဖို့ မသင့်တော်ပေ။

“အဲ့ဒါလည်း ဟုတ်‌ပေမဲ့ ယီယီရယ်၊ မင်းက အမေကို အိုပြီလို့ ထင်နေတာလား၊ ဒါမှမဟုတ် မင်းရဲ့ အဖိုးကို အရမ်းအိုပြီလို့ ထင်နေတာလား” လီရှင်းယွဲ့က လီကျန့်ယီကို မျက်စောင်းထိုး၍ ပြောလိုက်၏။သူမတို့သည် သိုင်းသမားများဖြင့်ကြသဖြင့် အရမ်းမအိုကြသေးပေ။အထူးသဖြင့် သူတို့မှာ သန်မာပြီး ကြံခိုင်နေသေးသည်။

"လုံးဝ မဟုတ်ရပါဘူး၊ အမေနဲ့ အဖိုးတို့လည်း ရွှေလမြို့တော်ကို တစ်ခေါက်လောက် သွားလည်လို့ ရတာပဲလေ"

ထို့ပြင် ဟန်ယီသည်လည်း ကိုယ်ဝန်ဆောင်သည် ဖြစ်သဖြင့် ပြုစုစောင့်ရှောက်ပေးမည့်သူ လိုအပ်နေပေသည်။

"ကျွန်တော်က မကြာခင်မှာ လုပ်စရာ ကိစ္စလေးတွေ ရှိနေလို့ အမေနဲ့ အဖိုးတို့က ရွှေလမြို့တော်ကို သွားပြီး ဟန်ယီကို ဂရုစိုက်ပေးစေချင်တာပါ၊ ဟန်ယီမှာ ကိုယ်ဝန်ရှိနေပြီဗျာ" ဟု လီကျန့်ယီက တည်ငြိမ်စွာ ပြောလိုက်သည်။

ပထမတွင် လီရှင်းယွဲ့နှင့် လီဆူးဝမ်တို့မှာ ဘာကိုမှ သတိမထားမိသော်လည်း နောက်ပိုင်းတွင်မှ ရုတ်တရက် မှင်တက်သွားကြသည်။

"ယီယီ မဟုတ်မှလွဲရော၊ မင်း ဘာပြောလိုက်တာလဲ၊ ဟန်ယီမှာ... ကိုယ်ဝန်ရှိနေပြီလား" ဟု လီရှင်းယွဲ့က အခြေအနေကို သဘောပေါက်သွားပြီး သူမ၏ လှပသော မျက်ဝန်းများမှာ အံ့သြဝမ်းသာမှုကြောင့် ဝိုင်းစက်သွားရ၏။

"ဟုတ်ကဲ့၊ တစ်လနီးပါး ရှိပါပြီ" လီကျန့်ယီက အသာအယာ ခေါင်းညိတ်ပြသည်။

"တကယ်ကြီးလား၊ ဝမ်းသာစရာကြီးပဲ မင်းက အဖေ ဖြစ်တော့မယ်၊ ငါက အဘွား ဖြစ်တော့မယ်၊ အဖေကကတော့ အဖိုးကြီး ဖြစ်တော့မှာပေါ့!" လီရှင်းယွဲ့က ပြုံးပျော်လျက် ဆိုလေသည်။

"အမေ၊ အမေ ဒါဆို ဝူကျဲကော ၊ ဝူကျဲက ဦးလေး ဖြစ်တော့မှာလေ" ဟု လဲ့ဝူကျဲက လီရှင်းယွဲ့၏ စကားထဲတွင် သူ မပါဝင်သဖြင့် နှုတ်ခမ်းစူကာ ပြောသည်။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဝူကျဲက ဦးလေး ဖြစ်တော့မှာပေါ့၊ဝူကျဲရေ သားက အခုကစပြီး ပိုပြီးတော့ အသိတရား ရှိရမယ်နော်၊ သိလား” ဟု လီရှင်းယွဲ့က လဲ့ဝူကျဲကို ပြောလိုက်၏။

"သေချာပေါက်ပေါ့၊ သားက မကြာခင် ဦးလေး ဖြစ်တော့မှာပဲဥစ္စာ" ဟု လဲ့ဝူကျဲက ကောင်းကင်ကို မော့ကြည့်သကဲ့သို့ ခေါင်းကို မော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ဆိုသည်။

လီဆူးဝမ်သည် ဘာမှမပြောဘဲ အထုပ်အပိုးများကို ပခုံးပေါ် ထမ်းလိုက်ပြီး "ယီယီ၊ ဓားနှလုံးဂူဗိမာန်ကို ခဏလောက် မင်းလက်ထဲ အပ်ခဲ့မယ်နော်။ ငါကတော့ ရွှေလမြို့တော်ကို လည်ပတ်ဖို့ ခဏ သွားဦးမယ်" ဟု ချက်ချင်းထွက်ခွာတော့မည်။

"ကောင်းပါပြီ"

လီကျန့်ယီက ခေါင်းညိတ်လိုက်၏။

ထို့နောက် သူသည် ပျံသန်းလျက် လီဆူးဝမ်၊ လီရှင်းယွဲ့နှင့် အခြားသူများကို ရွှေလမြို့တော်သို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုအချိန်တွင် အနည်းငယ် အနားယူပြီးသွားသော လီဟန်ယီသည်လည်း နိုးလာခဲ့၏။ စားပွဲပေါ်ရှိ လီကျန့်ယီ ထားခဲ့သော စာကို ဖတ်ပြီးနောက် သူမသည် နှုတ်ခမ်းစူကာ "ဒီလူဆိုးလေး၊ ပျော်စရာကောင်းတဲ့ နေရာသွားတာတောင် ငါ့ကို ခေါ်မသွားဘူး" ဟု ညည်းတွားလိုက်သည်။

"မင်းမပါဘဲ ပျော်စရာကောင်းတဲ့ ဘယ်နေရာ ရှိမှာလဲ၊ ဒီမှာ အားလုံးကို မင်းနဲ့အတူ နေဖို့ ခေါ်လာပေးတာ မဟုတ်လား"

လီကျန့်ယီသည် လီဆူးဝမ်နှင့် အခြားသူများကို ဦးဆောင်ကာ အခန်းတံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။

"ဟန်ယီ၊ အဖိုးကို မြင်ရလို့ ဝမ်းသာရဲ့လား" လီဆူးဝမ်သည် သူ၏ ချစ်လှစွာသော မြေးမလေးကို ပြုံးလျက် ကြည့်လိုက်၏။သူ၏ မြေးမှာ ကလေးမဟုတ်တော့ပေ ယခုချိန်တွင် သူမသည် ကလေးအမေဖြစ်လာတော့မည်။

"အရမ်းဝမ်းသာတာပေါ့" လီဟန်ယီက အံ့သြဝမ်းသာစွာ ခေါင်းညိတ်၏။ဤအခြေအနေကို သူမမမျှော်လင့်ထားသောကြောင့် သူမမှာ ရောက်လာသူများကို အံ့ဩစွာကြည့် နေမိ၏။

"ဒါဆို အမေကိုရော" လီရှင်းယွဲ့က ပြုံး၍ မေးလေသည်။

" အမေကိုလည်း အရမ်း အရမ်း လွမ်းနေတာ" ဟု လီဟန်ယီက ချက်ချင်း ပြန်ဖြေ၏။

"အစ်မ၊ ဝူကျဲကိုရော" ဟု လဲ့ဝူကျဲက သူ၏ ကြည်လင် တောက်ပသော မျက်နှာလေးဖြင့် မျှော်လင့်တကြီး မေးလိုက်ပြန်သည်။

“ဝူကျဲကတော့...” လီဟန်ယီက စနောက်လိုသဖြင့် တွေဝေသွားသည့်ပုံဖြင့် ဟန်ဆောင်‌လိုက်သည်။

"ဟွန့်...အစ်မဆိုးကြီး၊ ယောက်ဖဆိုးကြီး" လဲ့ဝူကျဲမှာ အလွန် စိတ်ဆိုးသွားကာ ငိုချလိုက်တော့သည်။

"ဟဲဟဲ... အူကြောင်ကြောင် ဝူကျဲလေး၊ အစ်မက မင်းကိုလည်း လွမ်းတာပေါ့၊ မင်းကို စချင်လို့ ခဏ စဉ်းစားသလို လုပ်လိုက်တာပါ" လီဟန်ယီသည် သူမ၏ နုံအသော မောင်လေး ငိုနေသည်ကို မြင်သောအခါ အနားသို့ သွား၍ ပြန်ကာ ချော့မြှူရသည်။

"တကယ်... တကယ်လား အစ်မ" လဲ့ဝူကျဲ၏ မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းလျက် လီဟန်ယီကို သနားစဖွယ် မော့ကြည့်နေ၏။

"တကယ်ပေါ့"လီဟန်ယီက ဝူကျဲ၏ ခေါင်းလေးကို ညင်သာစွာပွတ်ပေးလိုက်သည်။

"အင်း...မကြာခင် ဝူကျဲက ဦးလေး ဖြစ်တော့မှာဆိုတော့ ဝူကျဲက မငိုတော့ဘူး" ဟု လီဟန်ယီ၏ စကားကို ကြားသောအခါ လဲ့ဝူကျဲသည် သူ၏ လက်ကလေးဖြင့် မျက်ရည်များကို သုတ်လိုက်တော့သည်။

"ဦးလေး ဖြစ်ဖို့အချိန်က လိုသေးပါတယ်" လီဟန်ယီက ပြုံးကာ ခေါင်းခါယမ်း၏။

"မကြာတော့ပါဘူး၊ နောက် ကိုးလဆိုရင် မွေးတော့မှာပဲ၊ အဲဒါကြောင့် အမေနဲ့ အဖိုးက မင်းကို ဂရုစိုက်ပေးဖို့ ရောက်လာတာပေါ့" ဟု အတွေ့အကြုံရှိသူ ဖြစ်သော လီရှင်းယွဲ့က ကလေးမွေးဖွားရန် မည်မျှ ကြာဦးမည် ဖြစ်ကြောင်း ခန့်မှန်းကာပြောပြသည်။

"ကျေးဇူးတင်ပါတယ် အမေနဲ့ အဖိုး"လီဟန်ယီက ပြုံးလျက် ရင်ထဲနွေးထွေးသွားရ၏။

"ငါတို့က မိသားစုတွေပဲ ကျေးဇူးတင်ဖို့မလိုဘူး ဟုတ်တယ်မလား" လီဆူးဝမ်က လက်ကာပြလိုက်ပြီး လီကျန့်ယီကို ကြည့်ကာ "ယီယီကိုတော့ အလုပ်ရှုပ်အောင် လုပ်မိပြီ၊ ဓားနှလုံးဂူဗိမာန်ကို စောင့်ရှောက်ဖို့ သူ့ကို အပ်ထားခဲ့ရတာကိုး" ဟု ဆို၏။

“ကျွန်တော်က အလုပ်မရှုပ်ပါဘူး၊ ကျွန်တော်ဘာသာ ကျွန်တော် သွားချင်တဲ့ နေရာကို သွားလို့ ရနေတာပဲ၊ ဘာပဲဖြစ်ဖြစ် ဟန်ယီ တစ်ခုခု လိုအပ်ရင် ဓားနှလုံးဂူဗိမာန်ကနေ သူမအနားကို မျက်စိတစ်မှိတ်အတွင်း ပြန်လာနိုင်ပါတယ်” ဟု လီကျန့်ယီက တည်ငြိမ်စွာ ပြောသည်။

"ဟုတ်သားပဲ၊ အဲ့ဒါကတော့ တကယ်ကို အားကျစရာဖို့ ကောင်းတာပဲ" ဟု ပြိုင်ဘက်ကင်း နတ်ဓားရှင် တစ်ဦးဖြစ်သော လီဟန်ယီသည်လည်း အစစ်အမှန် ဆန်းကြယ်နတ်ခရီး နယ်ပယ်သို့ ရောက်ရှိမည့်အချိန်ကို မျှော်လင့်နေမိသည်။ ထိုအချိန်တွင် သူမနှင့် လီကျန့်ယီတို့သည် လောကကြီး၏ မည်သည့်နေရာကိုမဆို ချက်ချင်း သွားလာနိုင်သော ပြီးပြည့်စုံသည့် စုံတွဲတစ်တွဲ ဖြစ်လာကြပေမည်။

All Chapters