အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
အခန်း ၁၉၃ ကြွားဝါလွန်းသော လဲ့ဝူကျဲ
အဖိုး၊ မိခင်ဖြစ်သူနှင့် လဲ့ဝူကျဲတို့အား လီဟန်ယီအနားတွင် နေထိုင်ရန် ရွှေလမြို့တော်သို့ ပို့ဆောင်ပေးပြီးနောက် လီကျန့်ယီသည် ဓားနှလုံးဂူဗိမာန်သို့ ခေတ္တမျှ ပြန်လာခဲ့၏။ပထမဦးစွာ သူသည် ဂူဗိမာန်၌ နေ့စဉ် လုပ်ဆောင်ရမည့် တာဝန်များကို အပြီးသတ်လိုက်ပြီးနောက် ပျင်းရိသော တပည့်ဟောင်း နှစ်ဦးဖြစ်သည့် ရှောင်လန်နှင့် ရှောင်ပိုင်တို့ ဘာလုပ်နေကြသည်ကို သွားရောက် ကြည့်ရှုလေသည်။
"ရှောင်လန်... သခင်လေးနဲ့ သခင်မလေးတို့ အိမ်ပြန်လာဖို့ ဘယ်လောက်လိုဦးမလဲ" ဟု ရှောင်ပိုင်က မြက်ခင်းပြင်ပေါ်တွင် ထိုင်ရင်း မေးလိုက်သည်။
"နှစ်သစ်ကူးပေါ့၊ မမလေးနဲ့ သခင်လေးတို့က ဒီအချိန်ဆို အမြဲ ပြန်လာနေကျပဲဥစ္စာ" ဟု ရှောင်လန်က ချက်ချင်းပင် ပြန်ဖြေ၏။
"ဟုတ်ပါပြီ" ရှောင်ပိုင်က ခေါင်းညိတ်လိုက်သည်။
"ဒါဆို မင်းတို့နှစ်ယောက်ကလည်း ငါ့ကို လွမ်းနေကြတာပေါ့"
လီကျန့်ယီသည် သူတို့နှစ်ဦး၏ နောက်ဘက်တွင် ရုတ်တရက် ပေါ်လာလေသည်။
"ဂူဗိမာန် သခင်... သခင်လေး" ရှောင်လန်နှင့် ရှောင်ပိုင်တို့မှာ မှင်တက်သွားကြတော့၏။
"ဟုတ်တယ် ငါပဲ၊ ပြီးတော့ မင်းတို့ မသိသေးတာက ဒီတစ်ခါနဲ့ဆို ငါ ဗိမာန်ကို ဒုတိယအကြိမ်မြောက် ပြန်လာတာပဲ" ဟု လီကျန့်ယီက လျှို့ဝှက်ဆန်းပြားစွာ ပြောသည်။
"သခင်လေးလို ဆန်းကြယ်နတ်ခရီးအဆင့်ကျင့်ကြံသူက ဘယ်နေရာမှာ ပေါ်လာမလဲဆိုတာ၊ ကျွန်တော်တို့ ဘယ်လိုလုပ် သိနိုင်မှာလဲ" ဟု ရှောင်လန်နှင့် ရှောင်ပိုင်တို့မှာ အံ့အားသင့်လျက် ဆိုကြ၏။
“အဲဒါလည်း ဟုတ်တာပဲ” လီကျန့်ယီက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူသည် လီဟန်ယီတွင် ကိုယ်ဝန်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းကို သူတို့အား ပြောပြလိုက်၏။
"မင်းတို့ မမလေး ပြန်လာတဲ့အခါ သခင်မလေး ဒါမှမဟုတ် ဂူဗိမာန်သခင်လေး တစ်ယောက်ကို ခေါ်လာလိမ့်မယ်"
"သခင်မလေးမှာ ကိုယ်ဝန်ရှိနေပြီလား" ရှောင်ပိုင်နှင့် ရှောင်လန်တို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"ဟုတ်တယ်၊ ဒါကြောင့် နောင်ဆိုရင် ဗိမာန်က တော်တော်လေး စည်ကားလာတော့မှာ" ဟု လီကျန့်ယီကပြောပြီးသည်နှင့် ဓားသွန်းခန်းမနှင့် လေ့ကျင့်ရေးကွင်းများသို့ သွားရောက်၍ တပည့်များကို လမ်းညွှန်ပြသပေးလေသည်။
ဂူဗိမာန်ရှိ တာဝန်များကို ပြီးစီးအောင် ဆောင်ရွက်ပြီးနောက် လီကျန့်ယီသည် ဓားနှလုံးကျောက်ဆောင်သို့ တစ်ဦးတည်း သွားရောက်ကာ ဓားသိုင်း လေ့ကျင့်ပြန်ပါသည်။ ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ဓားချက်များမှာ တစ်ချက်ချင်းစီတွင် ဓားသံများ မြည်ဟည်းနေခြင်းမျိုး မဟုတ်တော့ဘဲ အရိုးရှင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ အလွန်ပင် ပေါ့ပါးသွက်လက်နေ၏။သို့သော် ထိုသို့ သာမန်ကာလျှံကာဟု ထင်ရသော ဓားချက်များကို လောကတွင် ခုခံနိုင်သူ အနည်းငယ်သာ ရှိပေသည်။
"ငါ ဓားကို အားရပါးရ မဝှေ့ယမ်းရတာ ကြာပြီပဲ"
"ဒါကြောင့် ပိုင်ရှောင်တန်က သတင်းတွေ မရောက်လာခင်မှာ နောက်ဆုံးတစ်ကြိမ်လောက်တော့ ငါ အစွမ်းပြဦးမယ်"
လီကျန့်ယီသည် ဓားကို ဝှေ့ယမ်းလိုက်ရာ လေပြင်းများ တိုက်ခတ်လာပြီး ဓားနှလုံးကျောက်ဆောင်တွင် မမြင်ရသည်မှာ ကြာပြီဖြစ်သော လေဆင်နှာမောင်းငယ် တစ်ခုပင် ပြန်ပေါ်ပေါက်လာခဲ့၏။
တစ်ရက်အတွင်းမှာပင် ဆယ်ဘီလီယံမြောက် ဓားချက်မှာ သူ၏ လက်ထဲ၌ ကျွမ်းကျင်ပိုင်နိုင်စွာ လွဲယမ်းခဲ့သည်။သူ၏ စွမ်းရည်အဆင့် မြင့်မားလာသည်နှင့်အမျှ သူ၏ ဓားအရှိန်မှာလည်း ယခင်ကထက် များစွာ သာလွန်နေသည်။
သို့သော်လည်း အဆင့်မြင့်လေလေ တိုးတက်ရန် ခက်ခဲလေလေ ဖြစ်ရာ လီကျန့်ယီအတွက် ဆန်းကြယ်နတ်ခရီးအဆင့်၏ အထွက်အထိပ်သို့ ရောက်ရှိရန်ပင်အလွန် ခက်ခဲလှပေသည်။
"မသေမျိူး တန်ခိားရှင်အဆင့်ရောက်ဖို့ ခက်ခဲပေမဲ့ ငါ့ရဲ့ အခု အရှိန်အဟုန်နဲ့ဆိုရင်တော့ ငါ့ကလေး မမွေးခင် အဲဒီအဆင့်ကို ရောက်နိုင်လိမ့်မယ်လို့ ခန့်မှန်းရတာပဲ"
မှတ်တမ်းတင်ထားသော နယ်ပယ်များအရ ဆန်းကြယ်နတ်ခရီးအဆင့်၏ အထက်တွင် မသေမျိူး တန်ခိုးရှင်အဆင့်ရှိသေးသည်။ ဓားပညာ၏ အမြင့်ဆုံးတွင်လည်း နတ်ဓားရှင်၏ အထက်တွင် ဓားနတ်ဘုရားဆိုတာရှိသေးသည်။
ထိုနေ့ ညနေခင်းတွင် လီကျန့်ယီသည် ညနေစောင်းအထိ ဓားသိုင်းလေ့ကျင့်နေခဲ့ပြီး အခြားလုပ်စရာ မရှိသဖြင့် ရွှေလမြို့တော်သို့ စိတ်ဝိညာဉ်ဖြင့် တစ်ဖန် ပြန်သွားရန် ပြင်ဆင်လိုက်သည်။ရွှေလမြို့တော်သို့ ရောက်ရှိသောအခါ လီကျန့်ယီသည် လီဟန်ယီ၏ အခန်းသို့ တိုက်ရိုက် သွားရောက်ခဲ့၏။ကံမကောင်းစွာပင် လီဟန်ယီမှာ အခန်းထဲတွင် ရှိမနေပေ။
"ရင်ပြင်ထဲမှာ ကြယ်ကြည့်နေကြတာ ထင်တယ်"
လီကျန့်ယီသည် အခန်းထဲမှ ထွက်၍ ရင်ပြင်သို့ သွားလိုက်သည်။
လဲ့ဝူကျဲသည် ချန်းလျော့အား သူတို့၏ တောင်ပိုင်း မိုးကြိုးခန်းမမှာ မည်မျှ အင်အားကြီးမားကြောင်း ကြွားဝါနေ၏။ချန်းလျော့က အလေးအနက် နားထောင်နေသော်လည်း ကျီရွယ်မှာမူ ခေါင်းလေးကို စောင်းကာ ပါးစပ်ကို လက်ဖြင့်အုပ်လျက် တခိခိ ရယ်မောနေသည်။
သူမက မည်သူနည်း။သူမသည် ပိုင်ရှောင်တန် ပိုင်ရှင်၏ သမီးဖြစ်ရာ အရာအားလုံးကို သိရှိထားသူ ဖြစ်သည်။မည်သည့် တောင်ပိုင်း မိုးကြိုးခန်းမက အစွမ်းအထက်ဆုံး ဖြစ်သနည်း။ယခုအချိန်တွင် အစ်ကိုကြီး ယီယီသာ အစွမ်းအထက်ဆုံး ဖြစ်ကြောင်း သူမ သိရှိပြီးသားဖြစ်သည်။
"ဒီကလေးကတော့"
လီရှင်းယွဲ့သည် လဲ့ဝူကျဲ၏ ချဲ့ကားကြွားဝါမှုများကို ကြည့်ကာ တခစ်ခစ် ရယ်မောနေ၏။
"ဝူကျဲက အရမ်းချစ်ဖို့ကောင်းတာပဲ"ဟု ရွဲ့ယောင်နှင့် အခြားသူများကလည်း မျက်နှာကို လက်ဖြင့်အုပ်ကာ ပြုံးနေကြသည်။
"သူက ချစ်ဖို့ကောင်းတာတော့ ဟုတ်တယ်၊ ဒါပေမဲ့ သူ့အဖိုးရဲ့ ဓားနှလုံးဂူဗိမာန်ကလည်း အားနည်းတာ မဟုတ်တာကို သူက ဘက်တအားလိုက်တာပဲ"
"ငါ့ရဲ့ တပည့်ကျော် ယီယီရှေ့မှာဆိုရင် တောင်ပိုင်းမို့ကြိုးခန်းမက ဓားတစ်ချက်စာလောက်ပဲ ရှိတာ" ဟု လီဆူးဝမ်က မိုးကြိုးတံခါးအကြောင်းကိုသာ ကြွားနေသော လဲ့ဝူကျဲကို ကြည့်ကာ မကျေမနပ် ဆိုလေသည်။
“ဟီးဟီး... အဖေ ပြောတာ မှန်ပါတယ်” အလျှော့မပေးတတ်သော ဖခင်ဖြစ်သူကို ကြည့်ကာ လီရှင်းယွဲ့ကပြုံးလျက်ထောက်ခံပေး၏။
သူမ၏ ဖခင်မှာ အသက်ကြီးသော်လည်း အလွန် သဝန်တိုတတ်သည့် စိတ်ရှိလေသည်။
"သမီးက အဖေကို ရယ်ချင်လိုက်တာ၊အဖေရဲ့ စိတ်ကတော့ ဘယ်တော့မှ မအိုသေးဘူးပဲ၊အမြဲ ကြွားဝါးနေတာ" ဟု လီရှင်းယွဲ့၏ အပြုံးက မပျက်စနောက်လေသည်။
"ဂူဗိမာန်သခင် လီက တကယ်ကို တက်ကြွလန်းဆန်းနေတာ" ဖုန်းချူးယွီနှင့် အခြားသူများကလည်း ခေါင်းညိတ် ထောက်ခံကြသည်။
“ဒါပေါ့၊ အခုဆိုရင် ငါ့ရဲ့ ဓားနှလုံးဂူဗိမာန်က နာမည်ကြီးနေပြီ နာမည်ကြီးနေပြီလေ အင်အားအကြီးဆုံး စာရင်းမှာတောင် ထိပ်ဆုံးကို ရောက်နေပြီကို ငါက ဂုဏ်ဖော်ရမှာ သဘာဝပဲမလား" လီဆူးဝမ်က အလွန်ပီတိစွာပင် ပြောဆိုသည်။
"ယီ... ယီယီ"
အားလုံး ပျော်ပျော်ပါးပါး စကားပြောနေကြစဉ်၊ ငြိမ်သက်စွာ ကြည့်နေသော လီဟန်ယီသည် ရင်းနှီးသော အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသဖြင့် လှမ်းကြည့်လိုက်သည်။
"ဟုတ်တယ် ကိုယ်ပါ"
လီကျန့်ယီသည် လီဟန်ယီ၏ ရှေ့တွင် ပေါ်လာကာ သူမကို ပွေ့ဖက်လိုက်၏။
" လွမ်းလိုက်တာ ယီယီရယ်၊ တစ်ရက်လောက် မမြင်ရတာတောင် အရမ်း လွမ်းနေတာပဲ" ဟု လီဟန်ယီက လီကျန့်ယီ၏ ရင်ခွင်ထဲတွင် ချွဲနွဲ့စွာ ပြောလိုက်သည်။
“ကိုယ်လည်း လွမ်းလို့ ဗိမာန်က ကိစ္စတွေ ပြီးတာနဲ့ ဒီကိုချက်ချင်း လာခဲ့တာ” လီကျန့်ယီက ပြုံးလျက် ဆို၏။
"ဒါဆို... ဒီည ဓားနှလုံးဂူဗိမာန်ကို ပြန်မသွားပါနဲ့လား၊ မနက်ပိုင်းကျမှ ပြန်လေ" လီဟန်ယီက မျှော်လင့်တကြီး ကြည့်ကာ မေးလေသည်။
"ကိုယ်လည်း အဲ့ဒီလိုပဲ စဉ်းစားထားတယ်" လီကျန့်ယီက ပြုံးကာ လီဟန်ယီ၏ နဖူးလေးကို အသာအယာ နမ်းလိုက်၏။
" ယီယီက အကောင်းဆုံးပဲ" လီဟန်ယီသည် သူမ၏ ဆန္ဒ ပြည့်ဝသွားသဖြင့် အလွန်ပင် ပျော်ရွှင်နေ၏။
"ယီယီက အကောင်းဆုံးလား၊ အဖိုးကရော" လီဆူးဝမ်က ထိုချစ်သူနှစ်ဦး အနားသို့ ရောက်လာကာ ပြုံးတုံ့တုံ့ဖြင့် မေးလိုက်သည်။
"ဆန်းကြယ်နတ်ခရီးနယ်ပယ်မှာ ခရီးသွားရတာ တကယ်ကို ကောင်းတာပဲ၊ ဘယ်နေရာမဆို ခဏအတွင်း သွားလို့ရတယ်" ဟု အားကျစွာ ရေရွတ်နေ၏။
“အဖိုးကလည်း အကောင်းဆုံးပါပဲ၊ ဒါပေမဲ့ ယီယီလောက်တော့ မကောင်းဘူး” လီဟန်ယီက သူမ၏ နှုတ်ခမ်းနီနီလေးကို စူကာ နောက်ပြောင်လိုက်သည်။
"ဒီမြေးမလေး ကတော့လေ၊ ယီယီကို ရတော့ အဖိုးကို မေ့သွားပြီပဲ၊ယီယီ ငယ်ငယ်တုန်းက မြေးကို လျစ်လျူရှုခဲ့တာတွေကို အဖိုးက မှတ်မိနေသေးတယ်နော်"
"ဒါကြောင့်... အဖိုးက မြေးလေးကို သတိပေးချင်တယ်၊ စကားကို ပြန်ပြင်ပြောပါ၊ မဟုတ်ရင် အဖိုးက အဲဒီအကြောင်းတွေကို မြေးရဲ့ သူငယ်ချင်းတွေရှေ့မှာ ပြောပြပစ်မှာ၊ ချန်းလျော့နဲ့ ကျီရွယ်တို့လည်း ကြားသွားလိမ့်မယ်နော်" ဟု လီဆူးဝမ်က အသာစီးယူကာ ခြိမ်းခြောက်လိုက်သည်။
ထိုအကြောင်းကြားသောအခါ လီဟန်ယီ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး "အဖိုးက အကောင်းဆုံးပါ၊ အဲ့ဒါတွေကို မပြောပါနဲ့နော်၊ ဟုတ်ပြီလား" ဟု သနားစဖွယ် အသံလေးဖြင့် ပြောလိုက်ရတော့၏။
"အဲ့လိုမှပေါ့ " လီဆူးဝမ်သည် ကျေနပ်စွာဖြင့် သူ၏ ဆွတ်ဆွတ်ဖြူနေသော မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာ မျက်လုံးမှေးသည်အထိ ရယ်နေတော့သည်။
"အဖေက ဟန်ယီကို အနိုင်ပိုင်းလိုက်နိုင်တာပဲ" လီရှင်းယွဲ့က သူတို့၏ အပြန်အလှန် နောက်ပြောင်မှုများကို ကြည့်ကာ ရယ်မောမိသည်။သူတို့ ဤကဲ့သို့ အမြဲပျော်ရွှင်ရယ်မောကာ အတူအကြာနေသွားဖို့ကို သူမ အလွန်လိုလားလေသည်။
"ကဲ ဝူကျဲလေး၊ မင်းရဲ့ တောင်ပိုင်း မိုးကြိုးခန်းမအကြောင်း ကြွားနေတာ ရပ်တော့၊ အိပ်ချိန်တန်ပြီ"အချိန်နှောင်းနေပြီ ဖြစ်သဖြင့် လီရှင်းယွဲ့က လဲ့ဝူကျဲကို အိပ်ရာဝင်ဖို့ အမိန့်ပေးလေသည်။
"ဟုတ်ကဲ့" လဲ့ဝူကျဲသည် မကျေမနပ်ဖြင့် ပါးစပ်ပိတ်ကာ လီရှင်းယွဲ့နောက်မှ လိုက်၍ အနားယူရန် သွားတော့သည်။
ထိုမြင်ကွင်းကို ကြည့်ကာ ဖုန်းချူးယွီနှင့် အခြားသူများလည်း သူတို့၏ သမီးငယ်ကို ခေါ်ဆောင်ကာ အနားယူရန် ပြန်သွားကြလေသည်။ကလေးများကို ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးသင့်သည်။အားလုံး ထွက်ခွာသွားပြီးနောက် လီကျန့်ယီသည်လည်း လီဟန်ယီကို တွဲကူပြီး အနားယူရန် အိပ်ခန်းသို့ ဦးတည်သွားတော့သည်။
အခန်း ၁၉၄ သေလမ်းရှာကြသူများ
နောက်တစ်နေ့တွင် လီကျန့်ယီသည် အလွန်စောစွာထ၍ လီဟန်ယီအတွက် အာဟာရဖြစ်စေမည့် အစားအစာများကို ပြင်ဆင်ပေးပြီးနောက် သူ၏စိတ်ဝိညာဉ်ကိုသုံးပြီး ဓားနှလုံးဂူဗိမာန်သို့ ပြန်လည်ရောက်ရှိသွားသည်။
ဂူဗိမာန်၏ နေ့စဉ်ကိစ္စရပ်များကို အပြီးသတ်ပြီးနောက် လီကျန့်ယီသည် ပိုင်ရှောင်တန်ထံမှ သတင်းကို နောက်ဆုံးတွင် ရရှိခဲ့သည်။စာထဲတွင် ဖော်ပြထားသည့် အကြောင်းအရာမှာ နယ်စပ်ရှိ လဲ့မုန့်ရှားနှင့် အခြားသူများသည် တောင်ဘက်သို့ ချက်ချင်းစစ်ချီရန် လျှို့ဝှက်အမိန့်ကို ရရှိခဲ့ပြီဖြစ်ကြောင်းပင်။ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် လီကျန့်ယီ၏ စိတ်ဝိညာဉ်သည် မြောက်ပိုင်းလီနှင့် တောင်ပိုင်းနယ်စပ်သို့ ခရီးနှင်သွားတော့၏။
သူသည် တိမ်တိုက်များကြားတွင် ပျံသန်းရင်း လဲ့မုန့်ရှား၊ ရဲ့ရှောင်ယင်းနှင့် ရှောင်ရူဖန်တို့ မြင်းစီးလျက် တပ်မတော်သုံးတပ်ကို ဦးဆောင်ကာ တောင်ပိုင်းမြို့တံခါးဝသို့ ချီတက်နေသည်ကို သူစောင့်ကြည့်နေသည်။
သူတို့က တောင်ပိုင်းမြို့ကို ချီတက်တိုက်ခိုက်သိမ်းပိုက်တော့မည့် အချိန်တွင် တစ်ဖက်က မြောက်ပိုင်းကျူးကျော်သူများသည်လည်း အခြားတစ်ဖက်မှ သူတို့၏ စစ်တပ်ကို ဦးဆောင်ကာ မြောက်ပိုင်းရှိ အခြားနယ်စပ်မြို့တစ်မြို့သို့ ချီတက်နေခဲ့၏။
ထိုမြို့မှာ မြောက်ပိုင်းလီ၊ တောင်ပိုင်းနယ်စပ် နယ်မြေ၏ အလယ်ဗဟိုချက်တွင်ရှိသော မြို့ဖြစ်ပြီး ထိုမြို့ကို သိမ်းပိုက်နိုင်ပါက အသာစီးရမည်ဖြစ်ပေသည်။ဤမြို့သည် မြောက်ပိုင်းလီအတွက် မရှိမဖြစ်လိုအပ်ရုံသာမက မြောက်ပိုင်းကျူးကျော်သူများနှင့် တောင်ပိုင်းကျွယ်တို့ကလည်း အလွန်ရချင်သည့် မြို့ဖြစ်သည်။
“လန်ယာဝမ်မင်းသားကို သတင်းပို့ပါတယ်၊ စစ်သူကြီးလဲ့၊ စစ်သူကြီးရဲ့ မြောက်ပိုင်းကျူးကျော်သူရဲ့ တပ်သားသုံးသောင်းက မောက်ချန်မြို့ကို ကျူးကျော်ဝင်ရောက်နေပါပြီ” ကင်းထောက်တစ်ဦးသည် မြင်းကို အပြင်းနှင်လျက် အရေးပေါ်သတင်း လာရောက်ပို့သသည်။
“မောက်ချန်မြို့လား၊ လဲ့အာ... ဒါက မြောက်ပိုင်းလီရဲ့ အရေးအကြီးဆုံး နယ်စပ်မြို့ပဲ ငါတို့ အဆုံးရှုံးခံလို့မရဘူး”
“ငါတို့သုံးယောက်ထဲက တစ်ယောက်ယောက်ကတော့ မြောက်ပိုင်းကျူးကျော် သူတွေကို သွားရင်ဆိုင်မှဖြစ် ဘယ်သူ သွားမလဲ” လန်ယာဝမ်မင်းသားက ရဲ့ရှောင်ယင်းနှင့် လဲ့မုန့်ရှားတို့ကို ကြည့်ကာ မေးလိုက်၏။
“ငါသွားမယ်” ရဲ့ရှောင်ယင်းက မြင်းကိုနှင်၍ ချက်ချင်းထွက်ခွာရန် ပြင်လေသည်။
“မဟုတ်တာ၊ မဟုတ်တာ၊ ငါပဲသွားမယ် အစ်ကိုကြီးရဲ့၊ မင်းက နိုင်ငံတော်ရဲ့ အမာခံစစ်သူကြီး ဖြစ်ဖို့ လိုသေးတာပဲ၊ ဒါကြောင့် ဒီက စစ်ရေးအကျိုးအမြတ်ကို မင်းကိုပဲ ပေးခဲ့မယ်၊ ဘာပဲဖြစ်ဖြစ် ငါကတော့ ဒီထက်ပိုပြီး ရာထူးတက်ဖို့ မရှိတော့ဘူးလေ” ဟု လဲ့မုန့်ရှားက ရက်ရောစွာ ပြောကာ စစ်သူကြီးရဲ့ကို တားဆီးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးလဲ့၊ ဒါဆို ကျုပ်မငြင်းတော့ဘူးနော်” ရဲ့ရှောင်ယင်းက ကျေးဇူးတင်စွာဖြင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ဂါရဝပြုပြီး လဲမုန်းရှာ၏စေတနာကို လက်ခံသည်။
“ရပါတယ်၊ ငါတို့က ညီအစ်ကိုတွေပဲ ၊ နောင်ကျရင် ငါတို့က ခမည်းခမက်တွေတောင် ဖြစ်လာနိုင်သေးတယ်မဟုတ်လား” လဲ့မုန့်ရှားသည် ရယ်မောလျက် မြင်းစီးကာ ထွက်ခွာသွားတော့သည်။
ခမည်းခမက်တဲ့လား... စစ်သူကြီးရဲ့ကို စစ်ရေးအကျိုးအမြတ်တွေ ပေးပြီး ဆွေမျိူးတော်စပ်ချင် နေသည့် သူ၏ ယောက္ခထီးကို ကြည့်ရင်း လီကျန့်ယီမှာ ခေါင်းကိုသာ ခါယမ်းမိသည်။ထို့နောက် သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မြင်းစီးနေသော ရှောင်ရူဖန်မှာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။၎င်းကို မြင်သောအခါ ရဲ့ရှောင်ယင်းနှင့် အခြားသူများက ထိတ်လန့်တကြား အော်ဟစ်ကုန်ကြပြီး ရှောင်ရူဖန်ကို ကယ်တင်ရန် ကြိုးစားကြ၏။
သို့သော် လီကျန့်ယီသည် ဓားနတ်ဘုရားစနစ်မှ ရရှိထားသော စိတ်ချင်းဆက်သွယ်သည့် နည်းစနစ်ကို အသုံးပြုကာ ရဲ့ရှောင်ယင်းအား ရှောင်ရူဖန်ကို သူခေါ်ဆောင်သွားပြီ ဖြစ်ကြောင်းနှင့် မြို့ကို ဆက်လက်တိုက်ခိုက်ရန် အသိပေးလိုက်သည်။
“သခင်လေးလီ၊ နယ်စပ်ကို ဘာကိစ္စနဲ့ ရောက်လာတာလဲ၊ ပြီးတော့ ကျုပ်ကို ဘာလို့ ဖမ်းခေါ်လာတာလဲ” ရှောင်ရူဖန်က လီကျန့်ယီကို နားမလည်နိုင်သော မျက်နှာထားဖြင့် ကြည့်ကာ မေးလေသည်။
“ မင်းသားကြောင့် ဖြစ်လာရတဲ့ ပြပွဲကောင်းတစ်ခုကို ကြည့်ဖို့ လန်ယာဝမ်မင်းသားကို ဖိတ်ခေါ်ချင်ရုံသက်သက်ပါ” လီကျန့်ယီက အဓိပ္ပာယ်ပါသော မျက်ဝန်းများဖြင့် ဆို၏။
“ကျုပ်ကြောင့် စတင်ခဲ့တဲ့ ပြပွဲကောင်းတစ်ခုလား” လန်ယာဝမ်မှာ ဇဝေဇဝါဖြစ်သွားသော်လည်း ဤအရာမှာ ကောင်းသောကိစ္စမဟုတ်ဟု သူခံစားမိနေ၏။အထူးသဖြင့် လီကျန့်ယီ၏ အေးစက်သော မျက်ဝန်းများတွင် ၎င်းကို အထင်အရှား မြင်နေရသည်။
“ဟုတ်တယ် “
လီကျန့်ယီသည် လက်ကို ဝှေ့ယမ်းကာ ပျံသန်းလျက် ရှောင်ရူဖန်ကို မောက်ချန်မြို့သို့ ခေါ်ဆောင်သွားလေသည်။
မူလက လဲ့မုန့်ရှားသည် မောက်ချန်မြို့တွင် ခြုံခိုတိုက်ခိုက်ခံရပြီး အသက်ဆုံးရှုံးရမည့် နေရာဟု လီကျန့်ယီက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် လဲ့မုန့်ရှားသည် မောက်ချန်မြို့သို့ သွားရာလမ်းမှာပင် ခြုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ယခုအချိန်တွင် လဲ့မုန့်ရှားသည် တပ်သား တစ်သောင်းကို ဦးဆောင်ကာ မောက်ချန်မြို့ကို ကူညီရန် အလျင်အမြန် ခရီးနှင်နေသည်။
လမ်းခုလတ်တွင် တောင်ပိုင်းကျွယ်စစ်သည် ငါးသောင်းနှင့် မြောက်ပိုင်းကျူးကျော်သူ ငါးသောင်းတို့သည် ပုန်းနေကြပြီး လဲ့မုန့်ရှားနှင့် သူ၏တပ်တစ်သောင်းကို တိုက်ရိုက်ကြားဖြတ်ကာ ဝိုင်းရံထားလိုက်ကြ၏။
“ဒါ... ဒါက ဘယ်လိုဖြစ်တာ၊ လဲ့အာရဲ့ စစ်ကူသွားမယ့် လမ်းကြောင်းက လျှို့ဝှက်ချက် ဖြစ်သင့်တာလေ၊ သူတို့က ဘယ်လိုလုပ် ကြိုတင်သိပြီး ခြုံခိုတိုက်ခိုက်နိုင်ရတာလဲ” ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆွဲခေါ်ခြင်းခံနေရသော ရှောင်ရူဖန်သည် စစ်တပ်အတွင်း၌ သစ္စာဖောက်သူ ရှိနေပြီဖြစ်ကြောင့်နှင့် တောင်ပိုင်းကျွယ်နှင့် မြောက်ပိုင်းကျူးကျော်သူတို့နှင့် လျှို့ဝှက်ပူးပေါင်းနေသည်ကို ချက်ချင်း သဘောပေါက်သွားတော့၏။
“ဟုတ်တယ်၊ စစ်တပ်ထဲမှာ သစ္စာဖောက် ရှိနေတယ်” လီကျန့်ယီက အံ့ဩခြင်းကင်းစွာ ပြောလိုက်သည်။
“သခင်လေးလီ၊ ကျုပ်တို့ လဲ့အာကို မကူညီဘူးလား” ဟု ရှောင်ရူဖန်က စိုးရိမ်စွာ မေး၏။ လီကျန့်ယီသာ မကူညီပါက လဲ့မုန့်ရှားနှင့် တပ်တစ်သောင်းမှာ ဤနေရာတွင် စတေးခံရတော့မည်ဟု သူခံစားနေရသည်။
စစ်အင်းအားများက တစ်သိန်းနှင့် တစ်သောင်း ဖြစ်သောကြောင့် ကွာခြားချက်အလွန်များလေသည်။ထို့ပြင် မြောက်ပိုင်းကျူးကျော်သူနှင့် တောင်ပိုင်းကျွယ်တို့သည် သူတို့၏ အကျော်ကြားဆုံး စစ်သူကြီးများကိုပင် စေလွှတ်ထားကြပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ကောင်းကင်ဖြတ်သန်းခြင်းအဆင့်မှာ ရှိနေကြသည်။
ထိပ်တန်းပညာရှင်များနှင့် အင်အားကြီးမားသော စစ်တပ်တို့ ပေါင်းစပ်ထားသည့် ထိုသို့သော အခြေအနေတွင် လဲ့မုန့်ရှားပင်လျှင် ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်ရန် အလွန်ခက်ခဲပေမည်။
“စစ်သူကြီးလဲ့၊ ကျွန်တော်တို့ ဝိုင်းခံထားရပြီ”
တပ်သား တစ်သောင်းထဲတွင် လဲ့မုန့်ရှားနောက်သို့ အကြာဆုံး လိုက်ပါခဲ့သော စစ်သည်မှာ အလွန်ပင် စိုးရိမ်သော မျက်နှာထား ဖြစ်နေ၏။
“ငါသိတယ်၊ ဒါပေမဲ့ ငါတို့က တုန်လှုပ်သွားလို့မဖြစ်ဘူး ငါတို့ ဖောက်ထွက်ကြတာပေါ့၊ လန်ယာဝမ်မင်းသားနဲ့ စစ်သူကြီးရဲ့တို့ဆီက စစ်ကူတွေလာတဲ့အထိ တောင့်ခံထားရမယ်” လဲ့မုန့်ရှားသည် မိုးကြိုးတံခါး၏ ထူးခြား လက်နက်ဖြစ်သည့် အချက်ပြ မိုးကြိုးလုံးကို ကောင်းကင်ယံသို့ ပစ်တင်လိုက်ရာ တောက်ပလှပသော မီးရှူးမီးပန်းများအဖြစ် ပေါက်ကွဲသွားသည်။
“အဟက်..စစ်ကူ တောင်းတာလား ဒါက တစ်သိန်းနဲ့ တစ်သောင်းနော်၊ မြောက်ပိုင်းလီစစ်တပ်က ကူညီဖို့ ရောက်မလာခင်မှာပဲ မင်းတို့ရဲ့ တပ်တစ်သောင်းကတော့ ဒီနေရာမှာ မြေမြှုပ်ခံရဖို့များပါတယ် “
မြောက်ပိုင်းကျူးကျော်သူနှင့် တောင်ပိုင်းကျွယ် စစ်သူကြီးများသည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် တွေဝေခြင်းမရှိဘဲ စတင်တိုက်ခိုက်တော့၏။
မြောက်ပိုင်းလီ၏ အုပ်ချုပ်သူဘုရင်နှင့် အမတ်တို့မှာ ဘာကြောင့် သဘောထားကွဲလွဲနေကြသည်ကို သူတို့မသိနိုင်သော်လည်း မြောက်ပိုင်းလီမှာ လက်ရှိတွင် အင်အားကြီးမားနေသဖြင့် နိုင်ငံ၏ ထောက်တိုင်ဖြစ်သည့် စစ်သူကြီးတစ်ဦးကို ဆုံးရှုံးစေခြင်းမှာ သူတို့အတွက် အကျိုးရှိပေသည်။ထို့ကြောင့် ဤခြုံခိုတိုက်ခိုက်မှုမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေဟုသာ ဆိုရပါမည်။
“သတ်ကြစမ်း၊ စစ်သူကြီးလဲ့ရဲ့ ဦးခေါင်းကို ယူနိုင်တဲ့သူကို ငွေစ တစ်သောင်း ဆုချမယ်၊ ပြီးတော့ တတိယအဆင့် ရာထူးတိုးပေးမယ်၊ စစ်သူကြီးလဲ့ကို သတ်တဲ့သူကိုတော့ ငွေစ တစ်ထောင်နဲ့ ပထမအဆင့် ရာထူးတိုးပေးမယ်” ဟု စစ်သူကြီးများက ဆုလာဘ် ထုတ်ပြန်လိုက်ကြသည်။ထို ဆုလာဘ်များကြားသည်နှင့် တောင်ပိုင်းကျွယ်နှင့် မြောက်ပိုင်းကျူးကျော်သူစစ်တပ်များမှာ ပို၍ပင် တက်ကြွလာကြ၏။
သူတို့သည် ချက်ချင်းပင် တပ်တစ်သောင်းကြားသို့ တိုးဝင်သွားကြပြီး လဲ့မုန့်ရှားထံသို့ ကြောက်ရွံ့ခြင်းမရှိဘဲ အလုံးအရင်းနှင့် ချီတက်လာကြတော့သည်။
လဲ့မုန့်ရှားမှာ သိုင်းပညာ မြင့်မားသူ ဖြစ်သဖြင့် အချိန်တိုအတွင်း ရှုံးနှိမ့်အောင်လုပ်ဖို့ ခဲယဉ်းမှန်း သူတို့သိထားကြသည်။ထို့ကြောင့် ရန်သူစစ်သူကြီးများမှာ အလွန်ပင် ပါးနပ်ကြစွာဖြင့် လဲ့မုန့်ရှား၏ ခွန်အားများကို ကုန်ခမ်းသွားစေရန် သူတို့၏ စစ်သည်များကို အရင်အသုံးချကာ နောက်ဆုံးမှ သတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခံနေရသော သူ၏ စီနီယာကိုအစ်ကိုကြည့်ပြီး ရှောင်ရူဖန်က အလောတကြီး ဆိုလေသည်။
“သခင်လေးလီ၊ စစ်သူကြီးလဲ့က မင်းရဲ့ ယောက္ခထီးလေး၊ မင်း သူ့ကို တကယ်ပဲ မကယ်ဘူးလား”
“ကျုပ်က သေချာပေါက် ကယ်မှာပါ၊ ဒါပေမဲ့ လန်ယာဝမ်မင်းသား... ကျုပ် အရင်က ပြောခဲ့တာတွေကို မှတ်မိသေးရဲ့လား” လီကျန့်ယီက မျက်မှောင်ကြုတ်လျက် ဆို၏။
“သခင်လေးလီ ပြောခဲ့တာက...”
လီကျန့်ယီ၏ သတိပေးမှုကြောင့် ရှောင်ရူဖန်သည် ရုတ်တရက် သဘောပေါက်သွားကာ “သခင်လေးလီ၊ ဒါက ကျွန်တော့်ရဲ့ နောင်တော် ဧကရာဇ် လုပ်တာလို့ ပြောချင်တာလား” ဟု မေးလိုက်သည်။စစ်တပ်ထဲက သစ္စာဖောက်ကိုလည်း သူ၏ အစ်ကိုတော်ကပဲ စေလွှတ်ထားသည်ဟု ဆိုလိုနေသည်လား။
“မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ။ အာဏာကို အလျော့ပေးလိုက်ခြင်းက မင်းသားရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကိုပဲ ဆုံးရှုံးစေလိမ့်မယ်လို့ ကျုပ် အရင်က ပြောခဲ့ပြီးသားပဲ၊ နောက်ဆုံးမှာ မင်သားလည်း အဲ့လမ်းစဉ်အတိုင်းပဲ မြေမြုပ်ခံရလိမ့်မယ်”
လီကျန့်ယီက ရှောင်ရူဖန်ကို အဓိပ္ပာယ်ပါသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး နောက်ဆုံးတစ်ခါ သတိပေးလိုက်၏။
ထိုနောက် လီကျန့်ယီသည် သူ၏ မရဏဓားကို အဝေးမှ ထိန်းချုပ်ကာ ခေါ်လိုက်သောကြာင့် ဓားတစ်စင်းသည် ကောင်းကင်ယံကို ခွဲခြမ်းလျက် ဓားနှလုံးဂူဗိမာန်မှ ဤနေရာသို့ ချက်ချင်းရောက်လာကာ အဖျက်စွမ်းအားများသည့် ဓားတစ်ချက်က တောင်ပိုင်းကျွယ်နှင့် မြောက်ပိုင်းကျူးကျော်သူ စစ်တပ်များထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက်တိုက်ခိုက်လေသည်။
သွေးကဲ့သို့ နီရဲနေသော ခေါင်ရမ်းပန်းမျသည် ရန်သူ၏ စစ်တပ်တစ်သောင်းကြားတွင် အလွန်လှပစွာ ပွင့်လန်းလာကာ ရန်သူ၏ အသက်များကို နှုတ်ယူသွားလေတော့သည်။ရန်သူ စစ်သားများ အသက်ဓာတ်ကုန်ဆုံးသွားတိုင်း ခေါင်းရမ်ပန်းပွင်ကာ ကးပိုကြီးမားလာလေဖြင့်က အလွန်တောက်ပလာ၏။ စက္ကန့်ပိုင်းအတွင်းတွင် စစ်တပ် တစ်သောင်းကျော်က သွေးမှုန့်များအဖြစ် ပြောင်းလဲသွားက အစအနပင် မကျန်ခဲ့တော့ပေ။
လူပေါင်းတစ်သိန်း၏ အသက်များ ဆုံးရှုံးသွားခြင်းအပေါ် လီကျန့်ယီမှာ သနားညှာတာခြင်း အလျဉ်းမရှိပဲ သူသည် အလွန်းအေးစက်စွာ ရေရွတ်လိုက်၏။
“ငါ့ယောက္ခထိးကို သတ်ဖို့ ကြိုးစားရဲတယ်ပေါ့၊ မင်းတို့တွေကတော့ သေလမ်းရှာနေကြတာပဲ”