← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း ၁၉၅ သောက်ကျိုးနည်း ဧကရာဇ်မိန်တယ်

စစ်သည်တစ်သိန်းသည် မျက်စိတစ်မှိတ်အတွင်း သွေးမှုန့်အဖြစ်ပြောင်းလဲသွားသည်ကို ကြည့်ပြီး ရှောင်ရူဖန်သည် အလွန်တုန်လှုပ်နေကာ လီကျန့်ယီ၏ ခွန်အားမှာ ကျောင်းတော်မှ အကြီးအကဲလီထက်ပင် မနိမ့်ကျကြောင်း အတိအကျသိရှိသွား၏။

လီကျန့်ယီက ထုတ်လွှတ်သည့် ဖိအားမှာ ယခင်က အကြီးအကဲလီ ပေးသည့် ဖိအားထက်ပင် ပို၍ ပြင်းထန်နေသည်။ရှောင်ရူဖန်၏ နှလုံးသားကို ပိုမို အေးစက်သွားစေသည်မှာ စစ်တပ်တစ်သိန်းကို ချေမှုန်းပြီးနောက် လီကျန့်ယီ၏ ရေရွတ်စကားများပင် ဖြစ်သည်။

"ငါ့ယောက္ခထီကို သတ်ဖို့ ကြံစည်ရဲတယ်ပေါ့၊ မင်းတို့က သေလမ်းရှာကြတာပဲ"လီကျန့်ယီ၏ စကားများကို ပြန်လည် စဉ်းစားရင်း ထိုစကားများမှာ သူ၏ နောင်တော် ဧကရာဇ်ကို ရည်ညွှန်းမှန်းသေချာသည်။သူ၏ နောင်တော်မှာ ဖခင်ဖြစ်သူ ဧကရာဇ် ထိုက်အန် ကဲ့သို့ပင် သူတို့မှာ လုံးဝပျက်စီး ကိန်းဆိုက်ပေရတော့မည်။

လီကျန့်ယီသည် အငြိုးအတေး မထားတတ်သော်လည်း အမှားနှင့် အမှန်ကိုမူ ရှင်းရှင်းလင်းလင်း ခွဲခြားတတ်သူ ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် မင်းက သူ့ကို သွားစိန်ခေါ်မိပါက မင်း သေရမည် ဖြစ်၏။အကယ်၍ သူ့ကို မစိန်ခေါ်ပါက မင်းဆက်များ ပြောင်းလဲသွားသည်ကို သူ လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။သို့သော် ကြိုတင် သတ်မှတ်ချက်မှာ သူ့ကို လုံးဝ မနှောင့်ယှက်ရန် ဖြစ်သည်။

"အင်း...နောင်တော် ဧကရာဇ်က ဘာလို့ ဒီလိုမျိုး ကိစ္စကို လုပ်ရဲတာလဲ၊ ရန်သူကို ပူးပေါင်းပြီး ကိုယ့်နိုင်ငံက စစ်တပ်ကို တိုက်ခိုက်ခိုင်းရတဲ့ အထိ " ရှောင်ရူဖန်က စိတ်ပျက်အားလျော့စွာဖြင့် သက်ပြင်းချလိုက်သည်။သူ့ထံမှ ထီးနန်းကို လွှဲပြောင်းပေးအပ်ခြင်း ခံရသော်လည်း ဧကရာဇ် မိန်တယ်သည် သူ၏ ညီအစ်ကိုရင်းသဖွယ် ဖြစ်သော လဲ့မုန့်ရှားကို ဒုက္ခပေးရန် ကြိုးစားနေဆဲ ဖြစ်သည်ကို သူ မမျှော်လင့်ထားခဲ့ပေ။

သို့ဆိုလျှင် သူ ထီးနန်းစွန့်လွှတ်ခဲ့ခြင်းမှာ တကယ်ပဲ မှားယွင်းသွားခဲ့လေသလား။ရှောင်ရူဖန်မှာ မိမိကိုယ်ကို ပြန်လည် မေးခွန်းထုတ်နေမိ၏။

"ဆက်ကြည့်နေရုံပဲ ရှိတာပေါ့" လီကျန့်ယီက ရှောင်ရူဖန်ကို တစ်ချက်ကြည့်ကာ ဘာမှ ထပ်မပြောတော့ပေ။

လဲ့မုန့်ရှားသည် မရာဏဓားကို မြင်လိုက်ရသောအခါ သူ၏ သမက်ဖြစ်သူ ရောက်ရှိလာပြီ ဖြစ်ကြောင်း ချက်ချင်း သိရှိသွားသည်။ဤမျှ ပြိုင်ဘက်ကင်းသော ဓားအလင်းတန်းမှာ သူ၏ သမက်သာ ထုတ်လွှတ်နိုင်လေသည်။ သူ့သမက်မှလွဲပြီး မည်သူကမှ စစ်တပ်တစ်သိန်းကို တိုက်စားနိုင်သည့် ခေါင်ရမ်းပန်းကို မခိုင်းစေနိုင်ပေ။

“စစ်သူကြီးလဲ့... ကျွန်တော်တို့က ဒီမှာ သေရတော့မယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရန်သူတွေ လုံးဝ ချေမှုန်းခံလိုက်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး...” ဟု သေဘေးကို ရင်ဆိုင်ရန် အသင့်ပြင်ထားသော စစ်သားများမှာ မယုံကြည်နိုင်စွာဖြင့် လဲ့မုန့်ရှားကို ကြည့်နေကြသည်။

လဲ့မုန့်ရှားက လက်ဝှေ့ယမ်းကာ အလွန် ဂုဏ်ယူစွာဖြင့် "ငါ့သမက်က ငါ့ကို လာကယ်တာလေ" ဟု ဆိုလေသည်။

၎င်းမှာ ဒဏ္ဍာရီလာ ဓားချက် ဖြစ်သည်။ ဆန်းကြယ်နတ်ခရီးအဆင့်၏ အစွမ်းထက်သော ပညာရှင်တစ်ဦး ရှေ့တွင် စစ်သည်တစ်သိန်းမှာ သစ်ပင်ကို လှုပ်ခါရန် ကြိုးစားသော ပုရွက်ဆိတ်ငယ်များကဲ့သို့ပင် ဖြစ်၏။ လုံးဝ ခုခံနိုင်စွမ်း မရှိပဲ ချက်ချင်းသေဆုံးခဲ့ရ၏။

"စစ်သူကြီးလဲ့ရဲ့ သမက်လား၊အဲ့ဒါ ဓားနှလုံးဂူဗိမာန်က သခင်လေးလီပဲ " စစ်သည်များမှာ အံ့သြသလို အားကျစွာ ပြောကြသည်။ထိုကဲ့သို့သော ပြိုင်ဘက်ကင်းသည့် သမက်ကိုပိုင်ဆိုင်ထားရခြင်းမှာ အလွန်းအားကျစရာကာင်းလှ၏။

"သွားကြမယ်၊ မောက်ချန်မြို့ကို ဆက်လက်ချီတက်မယ်"

လဲ့မုန့်ရှားသည် စစ်တပ် တစ်သောင်းကို ဦးဆောင်ကာ မောက်ချန်မြို့ကို ကယ်တင်ရန် ဆက်လက် ချီတက်သွား၏။

သူတို့ ထွက်ခွာသွားပြီးနောက် လီကျန့်ယီသည် စစ်သည်တစ်သိန်း၏ စစ်သူကြီးများ ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။ သူ တိုက်ခိုက်စဉ်က လီကျန့်ယီသည် သူတို့၏ အသက်ကို တမင်တကာ ချန်ထားခဲ့ခြင်း ဖြစ်သည်။

မြေပြင်ပေါ်တွင် သတိလစ်နေသော မြောက်ပိုင်းကျူးကျော်သူနှင့် တောင်ပိုင်းကျွယ် စစ်သူကြီးများကို မြင်သောအခါ လီကျန့်ယီသည် လေကို လက်ဝါးအသွင် ပြောင်းလဲကာ သူတို့ နှစ်ဦးလုံးကို ရိုက်နှိုးလိုက်၏။

"မြောက်ပိုင်းကျူးကျော်သူနဲ့ တောင်ပိုင်းကျွယ်က စစ်သူကြီးတွေ မင်းတို့ ဧကရာဇ်မိန်တယ်ဆီကို သွားပြီး စစ်သူကြီးလဲ့ကို ခြုံခိုတိုက်ခိုက်ပြီး သတ်လိုက်ပြီလို့ သတင်းပို့ရမယ်" လီကျန့်ယီက ကြောက်လန့်နေသော စစ်သူကြီးများကို တင်းမာစွာ အမိန့်ပေးလိုက်သည်။

တောင်ပိုင်းကျွယ်နှင့် မြောက်ပိုင်းကျူးကျော် စစ်သူကြီးများသည် ထိုကမ္ဘာပျက်မတတ် ဓားချက်ကို ပြန်လည် စဉ်းစားမိကာ တုန်တုန်ရင်ရင်ဖြင့် အလျင်အမြန် ခေါင်းညိတ်ပြကြ၏။ တိုက်ခိုက်သူမှာ မည်သူဖြစ်ကြောင်း သူတို့ အနည်းငယ် ခန့်မှန်းရုံဖြင့် သိနိုင်ပါသည်။ဓားတစ်ချက် ဝှေ့ယမ်းရုံဖြင့် သူတို့၏ စစ်သည်တစ်သိန်းကို ချေမှုန်းနိုင်စွမ်း ရှိသူမှာ သူမှလွဲ၍ မည်သူ ရှိဦးမည်နည်း။

"ဟုတ်ကဲ့ပါ၊ သခင်လေးလီ၊ ဒါတွေ အားလုံးက ဧကရာဇ်မိန်တယ်ရဲ့ လျှို့ဝှက် စေ့ဆော်မှုကြောင့် ဖြစ်တာပါ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ နိုင်ငံကို အပြစ်မတင်ပါနဲ့" ဟု မြောက်ပိုင်းကျူးကျော်သူနှင့် တောင်ပိုင်းကျွယ် စစ်သူကြီးများက လီကျန့်ယီကို အသနားခံ ကြည့်လိုက်ကြသည်။

"ငါ ခိုင်းတာကို လုပ်ပြီးရင်တော့ အကြွေးကျေပြီလို့ မှတ်လိုက်" လီကျန့်ယီက သူတို့ နှစ်ဦးကို အေးစက်စွာ တစ်ချက် ကြည့်လိုက်၏။

"ကျွန်တော်တို့ သေချာပေါက် သတင်းပို့ပေးပါမယ်" စစ်သူကြီးများမှာ ခေါင်းတငြိတ်ငြိတ်ဖြင့် ကတိပေးကြသည်။

ထို့နောက် သူတို့သည် ရှောင်ရူဖန်ကို တစ်ချက်ကြည့်ကာ

"စစ်သူကြီးလဲ့ကို ခြုံခိုတိုက်ခိုက်တဲ့အပြင် ဧကရာဇ်မိန်တယ်က ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး လန်ယာဝမ်မင်းသားကိုပါ ခြုံခိုတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတယ်" ဟု တုံ့ဆိုင်းစွာ ပြောလိုက်သည်။ထို့ကြောင့် မြောက်ပိုင်းလီတွင် လန်ယာဝမ်မင်းသားလည်း သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများလည်း ပို့ဆောင်ရမည်လော ဆိုသည်ကို သူတို့ဝေခွဲမရဖြစ်နေခြင်းဖြစ်သည်။

"ငါ... ငါကို့လည်း အလွှတ်မထားဘူးလား"

ရန်သူစစ်သူကြီးများ၏ စကားကို ကြားသောအခါ ရှောင်ရူဖန်သည် မသိစိတ်ဖြင့် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။သူ၏ နောင်တော် ဧကရာဇ်က သူ့ကိုပါ အမှန်တကယ် ဒုက္ခပေးရန် ကြိုးစားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။အကယ်၍ လီကျန့်ယီသာ ဤနေရာ၌ မရှိပါက ရှောင်ရူဖန်နှင့် သူ၏ အရင်းနှီးဆုံး ညီအစ်ကိုဖြစ်သူ လဲ့မုန့်ရှားတို့မှာ ဤနယ်စပ်တွင် သေဆုံးသွားလောက်ပြီ ဖြစ်သည်။

သူတို့သည် ဘာမှ မသိလိုက်ရဘဲ အသေဆိုးနှင့် သေရမည်ဖြစ်ပြီး

မြောက်ပိုင်းကျူး‌ကျော်သူနှင့် တောင်ပိုင်းကျွယ်တို့၏ ခြုံခိုတိုက်ခိုက်ခြင်းကိုလည်း ခံရမှာဖြစ်ပြီး အလကားစတေးခံဖြစ်သွားပေမည်။

“နောင်တော်ကြီး... ကျွန်တော်က နောင်တော်အပေါ် ကောင်းကောင်း ဆက်ဆံခဲ့တာပါ၊ ထီးနန်းကိုတောင် လွှဲပြောင်းပေးခဲ့တာကိုး ” ရှောင်ရူဖန်သည် သူ၏ လက်သည်းများက အသားထဲအထိ စိုက်ဝင်သည်အထိ ဆုပ်ကိုင်ထားသဖြင့် သွေးများပင် ထွက်လာလေသည်။

"ဟက်၊ အခုမှ နောင်တရနေတာလား၊ နောက်ကျသွားပြီ"လီကျန့်ယီက ရှောင်ရူဖန်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။ နန်းတွင်ကြီးပြင်းသူ မင်းသားတစ်ပါးအနေဖြင့် ရှောင်ရူဖန်၏ စိတ်နေစိတ်ထားသည် အလွန်ပျော့ညံ့နေသည်။နန်းတွင်းကဲ့သို့‌နေရာတွင် ညီအစ်ကို၊‌ မောင်နှမစိတ်မွေးထားလို့မရသည့် နေရာဖြစ်၏။ထို့နောက် လီကျန့်ယီသည် လန်ယာဝန်မင်းသားကို ထျန်ချီမြို့သို့ ဦးတည်ခေါ်သွားတော့၏။

သို့သော် လီကျန့်ယီသည် လန်ယာဝန်မင်းသားအား ဧကရာဇ်မိန်တယ်နှင့် ရင်ဆိုင်ရန် ခေါ်မသွားဘဲ ထျန်ချီမြို့အတွင်း၌သာ ဝှက်ထားလိုက်ပြီး ရန်သူစစ်သူကြီးများထံမှ လဲ့မုန့်ရှားနှင့် ရှောင်ရူဖန်တို့ကို အောင်မြင်စွာ ခြုံခိုတိုက်ခိုက်နိုင်ခဲ့ကြောင်း သတင်းကို စောင့်ဆိုင်းနေလိုက်၏။

တစ်ရက် ကြာပြီးနောက်တွင် နိုင်ငံ၏ အမာခံစစ်သူကြီးနှင့် လန်ယာဝမ်မင်းသားတို့ သေဆုံးသွားခြင်းမှာ မြောက်ပိုင်းလီ တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ထို့ကြောင့် စစ်ရေးအခြေအနေမှာ အလွန်ပင် စိုးရိမ်ဖွယ်ရာ ဖြစ်နေသဖြင့် လီကျန့်ယီ၏ အစီအစဉ်အတိုင်း တစ်ခြားသော စစ်တပ်များက ထျန်ချီမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြ သည်။

နန်းတွင်းတွင် နိုင်ငံတော်၏ ထောက်တိုင် စစ်သူကြီး လဲ့မုန့်ရှားနှင့် လန်ယာဝမ်မင်းသားတို့က ခြုံခိုတိုက်ခိုက်ခံရပြီး သေဆုံးသွားပြီဖြစ်ကြောင်း သတင်းကို ကြားသောအခါ မှူးမတ်နှင့် အရာရှိအားလုံးမှာ တုန်လှုပ်ခြောက်ခြား သွားကြရ၏။

စစ်သူကြီး လဲ့မုန့်ရှားနှင့် လန်ယာဝမ်မင်းသားတို့သည် စစ်တပ်နှစ်တပ်ကို ချုပ်ကိုင်ထားသည့် လူများဖြစ်ကာ မြောက်ပိုင်းလီအတွက် အလွန် အရေးပါသည့် ပုဂ္ဂိုလ်များဖြစ်သည်။ဒါပေမဲ့ ဒီတစ်ခါမှာတော့ သူတို့ အားလုံး နယ်စပ်မှာ သေဆုံးသွားကြပြီဟု ပြောနေကြသည်။

လန်ယာဝမ်မင်းသား၏ ဘက်တော်သားများမှာ လုံးဝ စိတ်ပျက်အားငယ် သွားကြရ၏။စစ်သူကြီး လဲ့မုန့်ရှား သေဆုံးသွားပြီးနောက် သူ၏ မိသားစုဝင်များလည်း မကြာခင် ထျန်ချီမြို့သို့ ရောက်လာကြတော့မည်။

ထိုအရေးပါသည့် ပုဂ္ဂိုလ်နှစ်ဦးကို မည်သူက သတ်ဖြတ်နိုင်ခဲ့သနည်း။သူတို့နှစ်ဦးစလုံးသည် ဆရာလီ၏ တပည့်ဖြစ်ခဲ့သိလို စစ်မြေပြင်တွင် အတွေ့အကြုံအလွန်များကာ စစ်စနစ်များကိုအကဲခတ်သည့် စွမ်းရည်မှာလည်း အလွန်ပိုင်နိုင်သူများဖြစ်သည်။

ထိုသို့ဆိုလျှင် မြောက်ပိုင်းလီကို ကျူးကျော်နေသော မြောက်ပိုင်းလူရိုင်းနှင့် တောင်ပိုင်းကျွယ်စစ်တပ်ဘက်တွင် အလွန်သန်မာသည့် လူအသစ်ရှိနေသည်လော။ဤ သတင်းသာ အမှန်တကယ်ဖြစ်နေပါက မြောက်ပိုင်းလီ၏ ယခုအခြေအနေသည် အလွန်းစိုးရိမ်စရာကောင်းနေ၏။ သန်မာသည့် စစ်တပ်နှစ်စုက ချေမှုန်းခံရပြီဖြစ်သည်။

"မင်းတို့ အားလုံး မြောက်ပိုင်းလီရဲ့ တောက်တိုင်တွေပဲ စစ်သူကြီး လဲ့မုန့်ရှားနဲ့ ငါ့ကိုယ်‌တော်ရဲ့ ညီတော် လန်ယာဝမ်မင်းသားတို့ သေဆုံးသွားတဲ့အပေါ် မင်းတို့ ဘယ်လို မြင်ကြလဲ"

"သူတို့ ဘာကြောင့် ခြုံခိုတိုက်ခိုက် ခံခဲ့ရလဲဆိုတာ ငါတို့ အရင်ရှာဖွေရမယ်" ဧကရာဇ်မိန်တယ်သည် နဂါးပလ္လင်ကို လက်သီးဖြင့် ထုကာ ဒေါသတကြီး မေးမြန်းလိုက်၏။

"အရှင်မင်းကြီး... ဒါက... စုံစမ်းစစ်ဆေးဖို့ အချိန်ယူရဦးမယ် ထင်ပါတယ်..." ဟု နန်းတွင်း အရာရှိများက ဤကိစ္စမှာ အလွန် ဒုက္ခများနိုင်ကြောင်း ခံစားမိကြသည်။ဘာပဲဖြစ်ဖြစ် လဲ့မုန့်ရှားနှင့် ရှောင်ရူဖန်တို့ကို ကျဆုံးအောင် လုပ်နိုင်သော ရန်သူမှ သူတို့လိုမှူးမတ်များ အပြစ်ပေးနိုင်မည့် အဆင့်မျိုးတွင် မဟုတ်ဟု ခံစားနေမိသည်။ထို့ကြောင့် သူတို့သည် ထိုသို့သော ပြဿနာရှိပြီး တားမြစ်ထားသော အမှုများကို တတ်နိုင်သမျှ အချိန်ဆွဲထားသင့်သည်ဟု ထင်မြင်ကြ၏။မဟုတ်ပါက သူတို့ကိုယ်တိုင်ပင် အန္တရာယ် ထဲကျဆင်းသွားနိုင်ပေသည်။

"ငါလည်းသိတယ် ၊အဲ့ဒါကြောင့် နန်းတွင်းက မှူးမတ်တွေ အားလုံးက ဒီကိစ္စကို သေချာစုံးစမ်းရမယ်"

"မြို့ဝန်လျူ၊ စစ်ဆေးရေးမှူးကျိုးနဲ့ တခြားသူတွေကို ငါကိုယ်တော် အချိန်သုံးရက် ပေးမယ် အဲ့သုံးရက်အတွင်း သတင်းကိုသိချင်တယ်" ဧကရာဇ်မိန်ကျယ်သည် စားပွဲကို ကျယ်လောင်စွာ ထုရိုက်ကာ မှူးမတ်နှစ်ဦးကို စူးစိုက်ကြည့်လိုက်၏။

"ဟုတ်ကဲ့ပါ အရှင်" မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့မှာ အခက်တွေ့စွာပင် သဘောတူလိုက်ရသည်။ထိုကိစ္စကို စုံစမ်းဖို့ သူတို့ဆီ အပ်လိုက်မယ်ဆိုရင်၊ သူတို့ အမှန်အတိုင်း ရှာတွေ့ရင်လည်း ရန်သူက သူတို့ကို ရန်ရှာလာနိုင်ပြီး ၊တကယ်လို့ ထိုကိစ္စကို မစုံးစမ်းနိုင်ပါကလည်း ဧကရာဇ်၏ ဒေါသကြောင့် သူတို့က သေရပြန်အုန်းမည်။

'သောက်ကျိုးနည်း ဧကရာဇ်မိန်တယ် 'သူတို့ နှစ်ဉီး၏ စိတ်ထဲတွင် ဧကရာဇ်ကို အပြင်းအထန်ကျိန်ဆဲနေတော့၏။

အခန်း ၁၉၆ အရှင်မင်းကြီးအား အမှားဝန်ခံသည့် အမိန့်ထုတ်ပြန်ရန် တောင်းဆိုခြင်း

နန်းတွင်း ညီလာခံ ပြီးဆုံးသွားသည့်နောက်တွင် စစ်ဆေးရေးမှူးကျိုးနှင့် မြို့ဝန်လျူတို့သည် ဘေးချင်းယှဉ်လျက် နန်းတော်ထဲမှ စိတ်ဓာတ်ကျစွာ ထွက်လာခဲ့ကြ၏။ သူတို့နှစ်ဦးစလုံး၏ မျက်နှာမှာ ယင်ကောင်အသေတစ်ကောင်ကို မျိုချထားရသကဲ့သို့ အလွန်ပင် စိတ်မသက်မသာ ဖြစ်နေကြသည်။

"စစ်ဆေးရေးမှူးကျိုး... လန်ယာဝမ်မင်းသားနဲ့ စစ်သူကြီးလဲ့တို့ ကိစ္စကို ဘယ်ကနေစပြီ စုံစမ်းရင် ကောင်းမလဲ" ဟု မြို့ဝန်လျူက အရင်ဆုံး မေးလိုက်၏။

"ငါကတော့ ဧကရာဇ်မိန်တယ် မိသားစုတစ်စုလုံးကိုပဲ စုံစမ်းချင်တော့တယ်"

သောက်ကျိုးနည်းပဲ၊ ဒီလို အဓိပ္ပာယ်မရှိတဲ့ အမှုကို ငါတို့ကို စုံစမ်းခိုင်းတယ်ပေါ့လေ။

"ဧကရာဇ်က ငါတို့ကို သေတွင်းထဲပို့နေတာ အသေအချာပဲ" စစ်ဆေးရေးမှူးကျိုးသည် မအောင့်နိုင်တော့ဘဲ အော်ဟစ် ဆဲဆိုလိုက်‌ တော့၏။

"ရှူး.. တိုးတိုးပြောစမ်းပါ"

"တစ်ယောက်ယောက် ကြားသွားဦးမယ်၊ အိမ်ကိုယ်ပြန်ရောက်မှပဲ အဲ့ဒီအသုံးမကျတဲ့ ဧကရာဇ်မိန်တယ်ကို အားရပါးရကျိန်ဆဲကြတာပေါ့ "ဟု မြို့ဝန်လျူက အလျင်အမြန်တားမြစ်လိုက်သည်။

"ရှူး..မြို့ဝန်လျူ... မင်းအသံကို လျှော့ပါဦး၊ သူများကကြားလိမ့်မယ်" စစ်ဆေးရေးမှူးကျိုးက မြို့ဝန်လျူကို ပြန်လည် သတိပေးရပြန်သည်။

ထို့နောက် သူတို့နှစ်ဦးသည် အနီးဆုံးဖြစ်သော ထျန်ချီမြို့ရှိ မြို့ဝန်လျူ၏ နေအိမ်သို့ ရောက်သည်အထိ တိတ်ဆိတ်စွာ လာခဲ့ကြ၏။ခြံဝန်းအတွင်း ထိုင်မိသည်နှင့် သူတို့၏ မျက်နှာများမှာ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်သွားကာ "ဒီအမှုက စုံစမ်းဖို့ မဖြစ်နိုင်ဘူး"ဟု စိတ်ညစ်စွာ ဆိုကြပြန်သည်။

လန်ယာဝမ်မင်းသားနှင့် စစ်သူကြီးလဲ့တို့မှာ စစ်ရေးစွမ်းရည်တွင် ပြိုင်ဘက်ကင်းသူများ ဖြစ်ကြပြီး မြောက်ပိုင်းလူရိုင်းများနှင့် တောင်ပိုင်းကျွယ်တို့ကို အမြဲ အောင်နိုင်ခဲ့သူများ ဖြစ်၏။ ထို့ကြောင့် သူတို့ နယ်စပ်မှာ ခြုံခိုတိုက်ခိုက်ခံရပြီး သေဆုံးသည်ဆိုခြင်းမှာ အလွန် ထူးဆန်းနေပေသည်။

"နန်းတွင်းထဲက အဲဒီ လူယုတ်မာပဲ လုပ်တာ ဖြစ်ရမယ်၊ တကယ်ဆို အဲဒီ ပလ္လင်က လန်ယာဝမ်မင်းသားနဲ့ပဲ ထိုက်တန်တာ"

သို့သော် လန်ယာဝမ်မင်းသား မြို့တော်တွင် မရှိသည့်အချိန်တွင် ကျင်းကျူးဝမ်မင်းသားက ဧကရာဇ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

"သူက ဧကရာဇ်ဖြစ်ထိုက်တဲ့ လန်ယာဝမ်မင်းသားကိုတောင် သေစေချင်နေတာပဲ" စစ်ဆေးရေးမှူးကျိုးက ခန့်မှန်းမိသည်။ဤကိစ္စများသည် ဧကရာဇ်မိန်တယ်၏ လက်ချက်မှန်းသိသာလှ၏။

"အဲ့ဒါ ဖြစ်နိုင်ခြေ အရှိဆုံးပဲ၊ ဒါပေမဲ့ ငါတို့မှာ ဘာသက်သေမှ မရှိနေဘူး ရှိနေရင်တောင် ငါတို့ကဖော်ထုတ်ခွင့်တောင် ရမှာမဟုတ်ဘူး"

ထို့ပြင် အပြင်ပန်းကြည့်လျှင် ဧကရာဇ်မိန်တယ်သည် လန်ယာဝမ်မင်းသားနှင့် စစ်သူကြီးလဲ့တို့ သေဆုံးမှုကို အရေးယူ စုံစမ်းခိုင်းခြင်းမှာ သူတို့ကို အသေခံအမိန့် ပေးထားခြင်းနှင့် တူပေသည်။

အပြင်ပန်းတွင် ဧကရာဇ်မိန်တယ်သည် လန်ယာဝမ်မင်းသားအတွက်ပင် ဂူဗိမာန်ကို တည်ဆောက်နေပြီး ဧကရာဇ်တို့၏ သင်္ချိုင်းတော်၌ မြှုပ်နှံရန် ပြင်ဆင်နေကြောင်း သူတို့ကြားသိရ၏။ဧကရာဇ်မိန်တယ်၏ ဟန်ဆောင်ကောင်းလွန်း သော မျက်နှာဖုံးကြောင့် မြို့ဝန်လျူမှာ သက်ပြင်းသာ အကြိမ်ကြိမ်ချနိုင်တော့သည်။

"ဟုတ်တယ် ငါတို့က သက်သေ ရှာတွေ့ရင်တောင် ဘာမှထူးခြားလာမှာမဟုတ်ဘူး၊ငါတို့က သေလူလိုဖြစ်‌ပြီ" စစ်ဆေးရေးမှူးကျိုးကလည်း ထိုအရာကို ရိပ်မိပေသည်။ သူတို့နှစ်ယောက်လုံးသည် လန်ယာဝမ်မင်းသား၏ ဘက်တော်သားများဖြစ်ကြသဖြင့် ဧကရာဇ်မိန်တယ်က သူတို့ကို ဖြုတ်ချချင်မှန်းသိသာလှ၏။

မြို့ဝန်လျူသည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် သူက ရုတ်တရက် မေးလိုက်၏။

"စစ်ဆေးရေးမှူးကျိုး... ဧကရာဇ် ထိုက်အန်က ဘယ်လို သေဆုံးခဲ့တယ်ဆိုတာ မှတ်မိသေးလား"

အကယ်၍ သူတို့သာ သက်သေ ရှာတွေ့ခဲ့ရင်၊ သူတို့ကို ကာကွယ်ပေးနိုင်မယ့်သူကို ရှာဖွေက မှီခိုနိုင်ပေမည်။ အရေးကြီးဆုံးအချက်မှာ စစ်သူကြီးလဲ့မုန့်ရှားသည် အဲဒီလူရဲ့ ယောက္ခထီးဖြစ်‌သည်။

"ဓားနှလုံးဂူဗိမာန်က လီကျန့်ယီ" စစ်ဆေးရေးမှူးကျိုး၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားတော့၏။

"ဟုတ်တယ် မြို့ဝန်လျူ မင်းကတော့ အားကိုးစရာ မြက်ပင်လေးကို ဆုပ်ကိုင်နိုင်လိုက်ပြီပဲ" စစ်ဆေးရေးမှူးကျိုးသည် အလွန်ဝမ်းသာသွားကာ သက်သေများ စုဆောင်းရန် ချက်ချင်း ဆုံးဖြတ်လိုက်တော့သည်။သူတို့သာ သက်သေရှာတွေ့မည်ဆိုပါက သူတို့အနေဖြင့် လီကျန့်ယီကို အကူအညီတောင်းနိုင်ပေမည်။

လီကျန့်ယီနှင့် ရှောင်ရူဖန်တို့သည် ကိုယ်ရောင်ဖျောက်ကာ ပျံသန်းရင်း မြေပြင်က ဖြစ်သမျှအရာအားလုံးကို တွေ့မြင်နေရပေသည်။ မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့က ဧကရာဇ်မိန်ကျယ်ကို "လူယုတ်မာ" ဟု ခေါ်ကာ မိသားစုတစ်စုလုံးကို ဆဲဆိုနေကြသည်ကို နားထောင်ရင်း လီကျန့်ယီမှာ အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်နေမိ၏။

"လန်ယာဝမ်မင်းသား ...မြင်တယ်မလား။ ဒီမြို့ဝန်လျူနဲ့ စစ်ဆေးရေးမှူးကျိုးတို့ကတော့ တကယ်ဉာဏ်ပြေးတဲ့လူတွေပဲ သူတို့ကအခြေအနေကို သုံးသပ်နိုင်ပြီး သဲလွန်စတွေကို ချက်ချင်းသတိပြုမိကြတယ် " လီကျန့်ယီက ရှောင်ရူဖန်ကို ကြည့်ကာ ဆိုလေသည်။ထို မှူးမတ် နှစ်ဦးပင်လျှင် မည်သူ၏ လက်ချက်ဆိုသည်ကို ခန့်မှန်းနိုင်လေသည်။ယခု ချိန်တွင် ခန့်မှန်းချက်သာ ဖြစ်နေသေးသော်လည်း ထိုနှစ်ယောက်သည် တကယ်သက်သေကို ရှာနိုင်မည်ဟု လီကျန့်ယီက ယုံကြည်နေမိသည်။

"သူတို့က တကယ်ကို ဉာဏ်ပြေးတဲ့သူတွေပဲ" ရှောင်ရူဖန်မှာ ဘာမှ မပြောနိုင်တော့ပေ။

“အရမ်းကောင်းတယ်၊ ဧကရာဇ်မိန်တယ်က မင်းသားရဲ့ လူတွေကို တစ်ယောက်ပြီးတစ်‌ယောက်ဘယ်လို ရှင်းပစ်မလဲဆိုတာ စောင့်ကြည့် နေပါ” ဟု လီကျန့်ယီက ရှောင်ရူဖန်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။လီကျန့်ယီသည် ဤအချက်တွေအပေါ်အလွန်ဒေါသထွက်နေခဲ့၏ ။အကယ်၍ သူသာ ဒီမှာ မရှိနေခဲ့ရင် သူ၏ယောက္ခထီးသည်လည်း သေရွာသို့တကယ်ရောက်နေတော့မည်။ထိုနောက် သူ၏ ယောက္ခမသည်လည်း နန်းတော်သို့သွားက တိုက်ခိုက်ရင်း သေဆုံးသွားရပေမည်။နောက်ဆုံးတွင် သူ၏ ချစ်ဇနီးမှာ မိဘနှစ်ပါးကို ဆုံးရှုံးရခြင်းကြောင့်

အလွန်အေးစက်သည့် မိန်းကလေးဖြစ်လာစေမည့် ပြဿနာအစဖြစ်သည်။

...

နောက်တစ်နေ့တွင် နောက်ဆုံး၌ ရှေ့တန်းမှ သတင်းများသည် ရွှေလမြို့တော်သို့ ရောက်ရှိသွားပြီး မြောက်ပိုင်းလီ တစ်ခုလုံးသို့ ပျံ့နှံ့သွားပါတော့သည်။နိုင်ငံတော်၏ ထောက်တိုင် စစ်သူကြီးလဲ့မုန့်ရှားနှင့် ဧကရာဇ်ဟောင်း လန်ယာဝမ်မင်းသားတို့သည် နယ်စပ်စစ်ပွဲတွင် ကျဆုံးသွားပြီဖြစ်ကြောင်း ရွှေလမြို့တော်အထိ သတင်းကရောက်ရှိသွား၏။ထိုသတင်းကို ကြားသောအခါ ရွှေလမြို့တော်ရှိ လီရှင်းယွဲ့၊ လီဟန်ယီနှင့် အခြားသူများမှာ အားအင်များ ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာများမှာ ဖြူဖျော့သွားကြ၏။

"ဒါ... ဒါ မဖြစ်နိုင်ဘူး၊ မုန့်ရှားရဲ့ စွမ်းရည်ကို ငါ သိတာပေါ့၊ သူက စစ်တပ်အလယ်မှာ ပိတ်မိနေရင်တောင် ဖောက်ထွက်နိုင်စွမ်းရှိတယ်"

ထို့ပြင် လန်ယာဝမ်မင်းသား မှာလည်း အားနည်းသူ မဟုတ်ပေ။ သူတို့နှစ်ဦးလုံး ကျဆုံးသွားစရာ အကြောင်းမှာ မဖြစ်နိုင်သည့် ကိစ္စတစ်ခုလိုဖြစ်နေ၏။

"ဒါက အမှန်မဟုတ်ဘူးမလား" လီရှင်းယွဲ့မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ စိတ်ဓာတ်များ ပြိုလဲလျက် တစ်ကိုယ်တည်း ရေရွတ်နေမိသည်။

၎င်းကို မြင်သောအခါ လီဟန်ယီက အလျင်အမြန်ပင် သူမကို တွဲကူက နှစ်သိမ့်လိုက်၏။

"အမေ... ဒါက သတင်းပဲရှိသေးတာပါ၊ အမှန် မဖြစ်နိုင်ပါဘူး သမီးက ယီယီကို ခေါ်လိုက်မယ်၊ သမီးတို့အတူတူ အဖေကို သွားရှာကြရအောင် ဟုတ်ပြီလား"

လီဟန်ယီမှာလည်း ဝမ်းနည်းနေသော်လည်း လီရှင်းယွဲ့ကဲ့သို့ပင် လဲ့မုန့်ရှားနှင့် ရှောင်ရူဖန်တို့ စစ်မြေပြင်တွင် သေဆုံးသွားလိမ့်မည်ဟု မယုံကြည်နိုင်ပေ။သူတို့မှာ ကျောင်းတော်မှ အကြီးအကဲလီ၏ တပည့်များ ဖြစ်ကြရာ သူတို့၏ ခွန်အားမှာ သံသယဖြစ်ဖွယ် မရှိပေ။

တကယ်လို့ သူတို့ကို သတ်နိုင်သူဆိုသည်မှာ အလွန်မြင့်မားသော သိုင်းပညာရှင်များဖြစ်မည်ဆိုပါက မပြောနိုင်ပေမဲ့ သူတို့နှစ်ဦးကို သတ်နိုင်သည့် သိုင်းပညာရှင်မှာ အလွန်းနည်းပါလေသည်။ ထိုကြောင့် လီဟန်ယီသည်နယ်စပ်သို့သွားကာ သတင်းအတိအကျကို သိလိုသည်။

"ဟုတ်တယ်၊ ဟန်ယီ... ယီယီကို အမြန် ပြန်ခေါ်ပေးပါ" လီဟန်ယီ၏ စကားကို ကြားပြီးနောက် လီရှင်းယွဲ့မှာ မျှော်လင့်ချက် ပြန်လည် မြင်တွေ့လာရသကဲ့သို့ အလျင်စလိုပင်ပြောလိုက်၏။

"သမီး အခုချက်ချင်းပဲ ယီယီဆီကို စာရေးလိုက်ပါ့မယ်"လီဟန်ယီက ချက်ချင်း လုပ်ဆောင်တော့သည်။

"စာရေးမယ် အဲ့ဒီအစား ထျန်ချီမြို့ကို တိုက်ရိုက်သွားပြီး ဧကရာဇ်မိန်တယ်ကို ဘာတွေဖြစ်နေတာလဲဆိုတာ သွားမေးတာကမှ ပိုကောင်းလိမ့်မယ်" လီဆူးဝမ်က မျက်မှောင်ကြုတ်လျက် ဆို၏။ သိုင်းလောက၏ ဝါရင့်တစ်ဦးအနေဖြင့် သူသည် ဤသဘောတရားများကို ကောင်းစွာ သိရှိထားသည်။သိုင်းလောကတွင် လဲ့မုန့်ရှားသည် လီကျန့်ယီ၏ ယောက္ခထီးဖြစ်ကြောင်း မည်သူက မသိဘဲ နေပါမည်နည်း။သာမန် အခြေအနေမျိုးတွင် လဲ့မုန့်ရှားကို မည်သူက ထိရဲပါမည်နည်း။

ယခုကိစ္စမှာ စစ်တပ်အတွင်းမှ တစ်စုံတစ်ယောက်၏ လက်ချက်ဟုလည်း မဆိုနိုင်ပေ လဲ့မုန့်ရှား၏ အရင်းနှီးဆုံး ညီအစ်ကို နှစ်ဦးမှာ လက်ရှိတွင် စစ်တပ်ကို အတူတူကွပ်ကဲနေသူများ ဖြစ်ကြသည်။ ထို့ကြောင့် သိုင်းလောကတွင် ပြဿနာမရှိ၊ စစ်တပ်အတွင်းမှာလည်း ပြဿနာမရှိလျှင် လဲ့မုန့်ရှားနှင့် ရှောင်ရူဖန်တို့ သေဆုံးသွားရခြင်းမှာ နန်းတွင်း တစ်ခုတည်းသာ ကျန်ပေတော့မည်။

လဲ့မုန့်ရှားနှင့် မြောက်ပိုင်းလူရိုင်းတို့ တိုက်ခိုက်ခဲ့သည်မှာ အချိန်အားဖြင့် မကြာမြင့်သေးပေ။တစ်ဦးနှင့်တစ်ဦး၏ ခွန်အားကိုလည်း ကောင်းစွာ သိရှိထားကြသဖြင့် လဲ့မုန့်ရှားမှာ ရန်သူ့လက်တွင် အလွယ်တကူ သေဆုံးရန် မဖြစ်နိုင်ပေ။ တစ်စုံတစ်‌ယောက် အမှောင်ထဲမှ ခြုံခိုတိုက်ခိုက်မှုပြုလုပ်မှသာ လဲ့မုန့်ရှားနှင့် ရှောင်ရူဖန်တို့ကို သတ်နိုင်လိမ့်မည် ဖြစ်သည်။

"အဖေ... မုန့်ရှား သေဆုံးသွားတာက တကယ်ပဲ ဧကရာဇ်မိန်တယ်နဲ့ ပတ်သက်နေတယ်လို့ ပြောချင်တာလား" ဟု ဝမ်းနည်းပူဆွေးနေသော လီရှင်းယွဲ့သည် လီဆူဝမ်၏ စကားကို ရုတ်တရက် သဘောပေါက်သွား၏။

"အဲဒါ ဖြစ်နိုင်ခြေ အရှိဆုံးပဲ..." လီဆူးဝမ်လည်း ခေါင်းခဲနေရ၏။

"ဟန်ယီ... စာပို့ပြီးပြီ မဟုတ်လား၊ ငါတို့ ထျန်ချီမြို့ကို တိုက်ရိုက် သွားကြမယ်" လီဆူးဝမ်မှာလည်း အလွန် မကျေမနပ် ဖြစ်နေ၏ ။ လဲမုန့်ရှားသည် သူ၏ သမက်ဖြစ်သလို ၊မြေးဖြစ်သူ၏ အဖေများလည်းဖြစ်သည်။ တကယ်၍ ဤသတင်းတွေက အမှန်တကယ်ဖြစ်ပါက လီဆူးဝမ်သည် အငြိမ်ထိုင်နေမည်မဟုတ်ပေ။

....

နှစ်ရက် ကြာပြီးနောက်။

ထျန်ချီမြို့တွင် လန်ယာဝမ်မင်းသား၏ဘက်တော်သားများ အားလုံးနီးပါးသည် နန်းတော်မြို့ရိုး အပြင်ဘက်သို့ စုရုံးနေကြသည်။

အကြိမ်ကြိမ် စဉ်းစားပြီးနောက် ဤပြဿနာမှာ မြောက်ပိုင်းလီ၏ အတွင်းပိုင်းတွင်သာ ရှိနိုင်ကြောင်းသူတို့ ကောက်ချက်ချလိုက်သည်။ တောင်းပိုင်ကျွယ်နှင့် မြောက်ပိုင်း လူရိုင်းတို့၏ စစ်တပ်ဘက်တွင် အသေအချာစစ်ဆေးပြီးနောက် စစ်သူကြီးလဲ့မုန့်ရှားနှင့် လန်ယာဝမ်မင်းသားကို သတ်နိုင်သည့် အဆင့်မြင့်ကျင့်ကြံသူများမှာ တကယ်ပင်မရှိကြောင်း သေချာသွား၏။

ထိုကြာင့် ယခု ကိစ္စသည် အတွင်းကြ ပြဿနာသာဖြစ်ပေလိမ့်မည်။

ပြောင်းလဲသွားသော ခြေအနေကြောင့် ဧကရာဇ်မိန်တယ်၏ မျက်ခုံးများမှာ မသိမသာ လှုပ်ရှားသွားရ၏။ လန်ယာဝမ်ဘက်တော်သားများက ပြဿနာ အရင်းအမြစ်ကို အလျင်အမြန်ရိပ်မလိမ့်မည်ဟု မထင်ထားပေ။ နောက်တစ်ချက်က ဦးဆောင်သူမရှိပဲနှင့် ဧကရာဇ်ဖြစ်သည့် သူ့ကို ဆန့်ကျင်ရဲသည့် သတ္တိရှိနေခြင်းက သူလုံးဝမမျှော်လင့်ထားသည့် အချက်ဖြစ်သည်။

မူလက သူ၏ အတွေးများကက အလွန်ရိုးရှင်းလေသည်။ သေသည့်လူက စကားထပြီးမပြောနိုင်သဖြင့် သူသာ ကောင်းကောင်းသရုပ်ပြနိုင်လျှင် အရာအားလုံးက ပြီးဆုံးသွားမည်ဟု ယူဆထားမိ၏။

"အရှင်မင်းကြီး... လန်ယာဝမ်ဘက်တော်သားတွေက အရှင်မင်းကြီးကို တွေ့ချင်နေကြပါတယ်" ကျင်းရွမ်သည် မိန်တယ်နန်းဆောင်သို့ အပြေးအလွှား လာရောက် သတင်းပို့သည်။

"သူတို့ကို ဝင်ခွင့်ပေးလိုက်၊ သူတို့ကို မတွေ့ဘဲ ရှောင်နေတာက ငါတို့ရဲ့ မရိုးသားမှုကို ပိုပြီး ထင်ရှားစေလိမ့်မယ်" ဧကရာဇ်မိန်တယ်က သူ၏ စိုးရိမ်စိတ်ကို သိုဝှက်ထားပြီး မျက်မှောင်ကြုတ်လိုက်၏။

"ဟုတ်ကဲ့ပါ အရှင်"

ကျင်းရွမ်သည် လီဆူးဝမ်နှင့် လန်ယာဝမ်ဘက်တော်သားများကို မိန်တယ်နန်းဆောင်အတွင်းသို့ အလျင်အမြန် ခေါ်ဆောင်လာခဲ့သည်။ဧကရာဇ်မိန်တယ်နှင့် တွေ့သောအခါ လီဆူးဝမ်နှင့် အခြားသူများက တိုက်ရိုက်ပင် ပြောဆိုကြသည်။

"အရှင်မင်းကြီး... ကျွန်တော်တို့ သိုင်းလောကသားတွေ ယုံကြည်တာကတော့ စစ်သူကြီးလဲ့နဲ့ လန်ယာဝမ်မင်းသားတို့က ရန်သူ့လက်ထဲမှာ သေဆုံးဖို့ဆိုတာက ဖြစ်နိုင်ချေ အရမ်းနည်းပါတယ်"ဟု လျှေက်တင်ကာ သူတို့၏ သဘောထားကို ပွင့်ပွင့်လင်းလင်ူပင် ဖွင်ချလိုက်ကြတော့သည်။

"သက်သေ ရှိလို့လား" ဧကရာဇ်မိန်တယ်က မသိသလိုပင် ဆက်ဟန်ဆောင်ကာ ညီတော်၏ သေဆုံးမှုကို ပူဆွေးနေသည့်ပုံစံဖြင့် မေးလိုက်သည်။

"သေချာပေါက် ရှိတာပေါ့၊ အရှင်မင်းကြီးအနေနဲ့ အမှားဝန်ခံတဲ့ အမိန့်တစ်ခုကို ထုတ်ပြန်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုပါတယ်"

နှစ်ရက်တာ စုံစမ်းစစ်ဆေးပြီးနောက် မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့သည် သတင်းအချို့ ရရှိခဲ့ကြသောကြောင့် သူတို့သည် တွေဝေခြင်းမရှိဘဲ မိန်တယ်နန်းဆောင်သို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

သူတို့သည် လီကျန့်ယီနှင့် ရှောင်ရူဖန်တို့နှင့် လျှို့ဝှက် တွေ့ဆုံခဲ့ပြီး လီကျန့်ယီ၏ အမိန့်ဖြင့် သူတို့သည် ထိုအသုံးမကျသော ဧကရာဇ်မိန်ကျယ်ကို ဖိအားပေးဖို့သာ လိုတော့သည်။သူတို့သည် ထိုဧကရာဇ်ကို မကြောက်ရွံ့တော့ပေ။လီကျန့်ယီသည် မည်သူနည်း သူသည် ဧကရာဇ် ထိုက်အန်ကို အတင်းအကျပ်နန်းဆင်း‌စေကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားအောင်လုပ်နိုင်ခဲ့သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်သည်။

အကယ်၍သာ သူတို့သာ သက်သေအခိုင်အမာရှိနေပါက ဧကရာဇ်မိန်တယ်က ရင်ဆိုင်ရမည့်သူမှာ သူတို့မဟုတ်ပဲ လီကျန့်ယီသာဖြစ်မည်။သူတို့အနေဖြင့် ဘာမှ စိတ်ပူစရာမလိုတော့ပေ။

All Chapters