အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
အခန်း ၁၉၇ လူသက်သေ
"အရှင်မင်းကြီးအနေနဲ့ အမှားဝန်ခံတဲ့ အမိန့်တစ်ခုကို ထုတ်ပြန်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်"
မူလက လူတိုင်းသည် ဤကိစ္စ၏ နောက်ကွယ်တွင် ဧကရာဇ်မိန်တယ် ရှိနေနိုင်သည်ဟု သံသယရှိရုံသာ ရှိခဲ့သော်လည်း စစ်ဆေးရေးမှူးကျိုးနှင့် မြို့ဝန်လျူတို့၏ စကားများကြောင့် ထိုသံသယများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပါတော့သည်။ဤကိစ္စအားလုံးမှာ ဧကရာဇ်မိန်တယ်၏ အမိန့်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူတို့ အခိုင်အမာ ယုံကြည်သွားကြ၏။
"စစ်ဆေးရေးမှူးကျိုး၊ မြို့ဝန်လျူ... လန်ယာဝမ်မင်းသားနဲ့ စစ်သူကြီးလဲ့တို့ရဲ့ အမှုကို စုံစမ်းဖို့ ငါမင်းတို့ကို အမိန့်ပေးခဲ့တာမလား"
ဧကရာဇ်မိန်ကျယ်သည် စစ်ဆေးရေးမှူးကျိုးနှင့် မြို့ဝန်လျူတို့လည်း နန်းတော်ထဲတွင် မြင်ရသောအခါ စိတ်ရှုပ်ထွေးသွားရ၏။
သူ၏ အစီအစဥ်သည် အမှားအယွင်းအချို့ ချန်ထားခဲ့နိုင်သော်လည်း သိသာထင်ရှားသော သဲလွန်စကတော့ ကျန်ခဲ့မည်မဟုတ်ပေ။သူချန်ထားခဲ့သော ဟာကွက်များမှာ လူတိုင်းက လဲ့မုန့်ရှားနှင့် ရှောင်ရူဖန်တို့ သေဆုံးရသည့် အကြောင်းရင်းကို ရှာမတွေ့နိုင်ဘဲ မြောက်ပိုင်းလီအတွင်း၌ ပြဿနာရှိနေသည်ဟုသာ သံသယဝင်နိုင်မည့် အနေအထားပင် ဖြစ်၏။
သို့သော် မြောက်ပိုင်းလီအတွင်း၌ ပြဿနာရှိနေလျှင်တောင် ဧကရာဇ်မိန်တယ်ကို တိုက်ရိုက်သံသယဝင်စရာ အကြောင်းမရှိပေ။အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ကိုအမှု့ပတ်စေမည့် သဲလွန်စများမှာ လုံးဝမရှိတော့ပေ။သူ၏ မူလအစီအစဉ်မှာ စတေးခံမည့် လူတစ်ချိူ့ကို ပင်လျှင် ရှာဖွေထားပြီဖြစ်သည်။ဘာသက်သေမှ မကျန်ခဲ့ခြင်းကြောင့် သူအလွန်ပင် ယုံကြည်နေ၏။
ထိုသို့ဆိုလျှင် စစ်ဆေးရေးမှူးကျိုးနှင့် မြို့ဝန်လျူတို့က ဘာတွေဖြစ်နေကြသနည်း။သူတို့က တကယ်ပဲ ပြဿနာရှာပြီး ဧကရာဇ်၏ အာဏာကို စိန်ခေါ်ချင်နေကြသည်လော။
"အရှင်မင်းကြီး... ကျွန်တော်တို့ စုံစမ်းတွေ့ရှိခဲ့တာကတော့ ဒီလိုပါပဲ"ဧကရာဇ်မိန်တယ်၏ တည်ငြိမ်နေသော အမူအရာကြောင့် စစ်ဆေးရေးမှူးကျိုးနှင့် မြို့ဝန်လျူတို့မှာ အနည်းငယ် ကြောက်ရွံ့သွား သော်လည်း သူတို့၏နောက်ကွယ်တွင် လီကျန့်ယီနှင့် ရှောင်ရူဖန်တို့ ရှိနေသည်ကို သတိရသွားကာ စိတ်ကိုငြိမ်အောင် ပြန်ထိန်းလိုက်၏။
" ဒါဆိုရင် စစ်ဆေးရေးမှူးကျိုးနဲ့ မြို့ဝန်လျူ... ငါဘာအမှားလုပ်ခဲ့လို့ ငါက အမှားဝန်ခံတဲ့ အမိန့်ကို ထုတ်ပြန်ဖို့လိုတာလဲ" လီဆူးဝမ်နှင့် လန်ယာဝမ်ဘက်တော်သား တစ်စုလုံး ရှိနေသည်ကို မြင်သောအခါ ဧကရာဇ်မိန်တယ်သည် သူ၏ရှေ့မှ လူမိုက်နှစ်ဦးကို တိုက်ခိုက်ရန် စိတ်များကို အတင်းထိန်းချုပ်နေရ၏။တကယ်လို့ သူသာ ထိုနှစ်ယောက်ကို ရုတ်တရက်တိုက်ခိုက်ပါက ရှိနေသည့်လူများက လဲ့မုန့်ရှားနှင့် ရှောင်ရူဖန်တို့ကို သူကိုယ်တိုင် ထောင်ချောက်ဆင်ခဲ့ကြောင်း ဝန်ခံလိုက်သလို ဖြစ်သွားပါလိမ့်မည်။
"အရှင်မင်းကြီးရဲ့ အမှားကတော့ စစ်သူကြီးလဲ့နဲ့ လန်ယာဝမ်မင်းသားကို ခြုံခိုတိုက်ခိုက်ဖို့ မြောက်ပိုင်းလူရိုင်းတွေ၊ တောင်ပိုင်းကျွယ်တွေနဲ့ ပူးပေါင်းခဲ့တာပါပဲ"
ထို့ပြင် စစ်တပ်သုံးတပ်အတွင်းရှိ စစ်မိန့်ဆိုသည်မှာ အလွန်လျှိူ့ဝှက်သည့် အရာများဖြစ်သည်။ထိုကြောင့် အတွင်းလူသာ မရှိပါက အပြင်သို့ ပေါက်ကြားနိုင်စရာ အကြောင်းမရှိပေ။ ထိုပြင် လန်ယာဝမ်မင်းသားနှင့် စစ်သူကြီးလဲ့တို့မှာ အဆင့်မြင့်ဆုံး အရာရှိကြီးများ ဖြစ်ကြပါသည်။
ထိုကြောင့် ယခုကိစ္စကို အသေအချာစုံးစမ်းကြည့်သောအခါ လန်ယာဝမ်လက်အောက်ရှိ မြင်းတပ်စစ်သူကြီး ဝမ်ရိမှာ ဧကရာဇ်မိန်တယ်ကိုယ်တိုင်က သိုင်းလောကမှ စည်းရုံးသိမ်းသွင်းထားသော သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် ဧကရာဇ်မိန်တယ်နှင့် ချင်ဝမ်မင်းသားတို့၏ အနီးကပ်လူယုံ တစ်ဦးလည်း ဖြစ်၏။
"ကျွန်တော်တို့ရဲ့ စုံစမ်းမှုအရ စစ်သူကြီးလဲ့နဲ့ လန်ယာဝမ်မင်းသားတို့ ခြုံခိုတိုက်ခိုက် မခံရခင်အချိန်မှာပဲ ဝမ်ရိက ခွင့်ပြုချက်မရှိဘဲ စစ်တပ်ကနေ ထွက်ခွာသွားခဲ့ပြီး မြောက်ပိုင်းလူရိုင်းနဲ့ တောင်ပိုင်းသားတွေကို လျှိူ့ဝှက်ဆက်သွယ်မှု တစ်ချိူ့လုပ်ခဲ့ပါတယ်"
"ပြီးတော့ ဝမ်ရိက အရှင်မင်းကြီးရဲ့ လူယုံပါပဲ၊ သူက မြောက်ပိုင်းလူရိုင်းတွေနဲ့ တောင်ပိုင်းကျွယ်တွေက စစ်သူကြီးလဲ့နဲ့ လန်ယာဝမ်မင်းသားကို ခြုံခိုတိုက်ခိုက်ဖို့အတွက် သတင်း ပေါက်ကြားစေခဲ့တဲ့လူလည်းဖြစ်ပါတယ်"
"အဲ့ဒါကို ကြည့်ခြင်အားဖြင့် အရှင်မင်းကြီး ကိုယ်တိုင်က အနောက်ကကနေ ကြိုးကိုင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ" မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့သည် သူတို့ကို သေတွင်းပို့ဖို့ကြိုးစားခဲ့သည် ဧကရာဇ်မိန်တယ်ကို ကလဲ့စားချေရန်အတွက် အစွမ်းကုန် စုံစမ်းစစ်ဆေးခဲ့ကြခြင်း ဖြစ်ပေသည်။ထိုကြောင့် သူတို့သည် တကယ်ပင် အရေးပါသည့် သဲလွန်စများကို ရရှိခဲ့၏။လီကျန့်ယီ၏ ခန့်မှန်းချက်အတိုင်းပင် သူတို့နှစ်ဦးသည် တကယ်ပင် အရေးကြီးသည့် သဲလွန်စများကို တကယ်ပင်ဖော်ထုတ်နိုင်ခဲ့သည်။
"အရှင်မင်းကြီး... စစ်ဆေးရေးမှူးကျိုးနဲ့ မြို့ဝန်လျူတို့ ပြောတာတွေက တကယ်အမှန်လား" လီဆူးဝမ်သည် ဧကရာဇ်မိန်တယ်ကို စူးစိုက်ကြည့်ကာ တင်းမာစွာပင် မေးခွန်းထုတ်လိုက်၏။သူတို့သည် ရန်သူများဖြစ်နေကြပြီဖြစ်သောကြောင့် လီဆူးဝမ်သည် မျက်နှာပေးဖို့ အကြံအနည်းမျှပင်မရှိတော့ချေ။အမှန်တကယ်တွင် သူသည် ချက်ချင်းပင် တိုက်ရိုက်တိုက်ခိုက်ချင်ပြီး ဤကဲ့သို့ ရပ်ကာ စကားအများကြီးလည်းမပြောချင်နေပေ။
အရေးကြီးဆုံးအချက်မှာ ယခုအခြေအနေတွင် သူသည် ဧကရာဇ်ကို လုံးဝမကြောက်ရွံ့နေပေ။ဓားသမားများသည် ဖားယားပြီးမလုပ်တတ်သောကြောင့် ရန်သူက အင်အားကြီးလျှင်အလျှော့ပေးကာ လက်ရှောင်မည့် သူများမဟုတ်ပေ။တိုက်ရိုက်တိုက်ခိုက်ကာ တရားမျှတမှုကို အရယူရမည်။ပြီးတော့ ယခုအချိန်တွင် အင်းအားကြီးနေသူမှာ ဧကရာဇ်မိန်တယ် မဟုတ်ပဲ သူတို့ဘက်က ဖြစ်နေသည်။
"ဝမ်ရိက ငါရဲ့ လူယုံဟောင်းဆိုတာကတော့ အမှန်ဆိုပေမဲ့၊ဝမ်ရိက ငါကိုယ်တော်မှမဟုတ်တာ သူ ဘာတွေ ကြံစည်နေလဲဆိုတာ ငါကိုယ်တော်က ဘယ်လိုလုပ် သိနိုင်မှာလဲ" ဧကရာဇ်မိန်တယ်သည် အပြင်ပန်တွင် အလွန်အေးဆေးစွာ ထောက်ပြနိုင်သော်လည်း အတွင်းစိတ်မှာတော့ မျက်မှောင်ကြုတ်သွားရ၏။ ဝမ်ရိကို သေမင်းမြစ်က လူတွေ ရှင်းပစ်လိုက်ပြီ ဖြစ်သည်။ဒီကိစ္စက ဘယ်ကနေ ပြန်ပေါ်လာရ သနည်း။
"ဒါက..." ဧကရာဇ်မိန်တယ်က ခက်ခက်ခဲခဲ ကစားနေသောကြောင့်မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့မှာ အခက်တွေ့သွားရ၏။ထိုမျှထိ ရက်စက်သည့်လူက မည်သို့ လွယ်လွယ်ကူကူ ဝန်ခံနိုင်မည်နည်း သူတို့သည် ဧကရာဇ်မိန်တယ်ကို လျှော့တွက်မိသွားသည်။
"အမတ်မင်းတို့က ဘာကိုဆိုလိုတာလဲ ၊မင်းတို့က အသေအချာစုံစမ်းထားတာ မရှိဘဲနဲ့ ငါ့ကိုယ်တော်ကို စွပ်စွဲရဲတယ်ဆိုရင်တော့ မင်းတို့ မိသားစုတစ်စုလုံးက ကွပ်မျက်ခံရလိမ့်မယ်" ဧကရာဇ်မိန်တယ်သည် သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါကို ဖုံးကွယ်မထားတော့ပေ။ ဤလူမိုက်နှစ်ဦးမှာ အမှန်တကယ် စုံစမ်းရဲကြသဖြင့် သူတို့ကို လွှတ်ထားဖို့ စိတ်ကူးမရှိတော့ပေ။သူတိုသည် သေကို သေရမည့် လူများဖြစ်သည်။
"အရှင်မင်းကြီးက နောက်ထပ် စုံးစမ်းထားတာတွေကို သိချင်တာလား ကျွန်တော်တို့က အရှင်မင်းကြီးရဲ့အမိန့်အတိုင်း တကယ်ကို စေ့စေ့စပ်စပ်စစ်ဆေးကြည့်တဲ့နောက်မှာတာ့ ဝမ်ရိက သေမင်းမြစ်ကလူတွေရဲ့လက်ချက်ကြောင့် သေဆုံးသွားရတယ်ဆိုတာကိုပါ ဖော်ထုတ်နိုင်ခဲ့တယ်"
"သေမင်းမြစ်ဆိုတာ မူလက အရိပ်ဂိုဏ်းဖြစ်ပြီး အရှင်မင်းကြီး ကိုယ်တိုင် တာဝန်ပေးထားတာတဲ့ အဖွဲ့လည်းဖြစ်တယ်"
"ဒါကြောင့် အားလုံးကို ခြုံငုံသုံးသပ်ကြည့်ပိးနောက်မှာတော့ အရှင်မင်းကြီးက ဝမ်ရိကို အသုံးချပြီးတဲ့နောက်မှာ လက်စဖျောက်လိုက်တာမလား၊ ဝမ်ရိက မြောက်ပိုင်းလူရိုင်းတွေနဲ့ တောင်ပိုင်းကျွယ်တွေ စစ်တပ်တွေကို ဆက်သွယ်ပြီးတာနဲ့ အရှင်မင်းကြီးက သူ့ကို သတ်ဖို့ သေမင်းမြစ်က လူတွေကို လွှတ်လိုက်တာပဲ"
"ဒါမှ ဝမ်ရိသာသေသွားရင် သက်သေပြစရာ မရှိတော့မှာလေ" မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့က ဧကရာဇ်မိန်ကျယ်ကို တိုက်ရိုက် စူးစိုက်ကြည့်ကာ ပြော၏။
"သက်သေကိုသာ ထုတ်ပြစမ်း" ဧကရာဇ်မိန်တယ်မှာ ထပ်ပြီး ရှင်းပြရန် ပျင်းရိနေပုံရကာ ချက်ချင်းပင် အဓိကအရေးကြီးသည့်အရာကို ဆွဲထုတ်ပြီး မေးလိုက်သည်။ဝမ်ရိက သေပြီဆိုမှတော့ သက်သေက မရှိတော့ဟု ဆိုလိုခြင်းဖြစ်သည်။သူတို့သည် စကားနိုင်လုနေခြင်းမဟုတ်သဖြင့် လက်တွေ့ကျကျ သက်သေထုတ်ပြနိုင်သည့်လူကသာ အောင်ပွဲခံနိင်မည်ဖြစ်သည်။
"သက်သေ……"
သက်သေလား ၊ရတာပေါ့။
မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့သည် ဧကရာဇ်မိန်ကျယ်ကို စကားလုံးများဖြင့် သတ်ဖြတ်ရန် အသင့်ဖြစ်နေကြပြီ။
မင်းက သက်သေတွေ အားလုံးကို တကယ်ပဲ ဖျက်ဆီးပစ်ပြီလို့ တကယ်ထင်နေတာလား။
“အရှင်မင်းကြီး... သက်သေဆိုတာလည်း ရှိပါတယ်” မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့သည် ရုတ်တရက် ယုံကြည်ချက်အပြည့်ဖြင့် ဧကရာဇ်မိန်တယ်ကို ကြည့်လိုက်ကြပြန်၏။
"ဘာသက်သေလဲ" ဧကရာဇ်မိန်တယ်က မျက်လုံးများ ချက်ချင်းကျဉ်းမြောင်းသွားသည်။
"သက်သေကတော့ ကျွန်တော်တို့မှာ လူသက်သေရှိပါတယ် ဓားနှလုံးဂူဗိမာန်က သခင်လေးလီက အရှင်မင်းကြီး ဒီလို လုပ်ဆောင်နေတဲ့ ဖြစ်စဉ် တစ်ခုလုံးကို စောင့်ကြည့်နေခဲ့တာပဲ"
"ပြီးတော့ စစ်သူကြီး လဲ့မုန့်ရှားနဲ့ လန်ယာဝမ်မင်းသားတို့က တကယ် သေဆုံးသွားခြင်း မရှိပါဘူး"
"သေဆုံးသွားတဲ့သူတွေကတော့ စစ်သူကြီးလဲ့နဲ့ လန်ယာဝမ်မင်းသားကို ခြုံခိုတိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတဲ့ မြောက်ပိုင်းလူရိုင်းတွေနဲ့ တောင်ပိုင်းကျွယ် စစ်သည် တစ်သိန်းပဲ ဖြစ်ပါတယ်"
"တစ်နည်းအားဖြင့် ပြောရရင် အရှင်မင်းကြီး အခု ရရှိထားတဲ့ ရှေ့တန်းက သတင်းတွေဆိုတာ သခင်လေးလီက အရှင်မင်းကြီးကို သိစေချင်တဲ့ အရာတွေပဲ ဖြစ်လိမ့်မယ်"
"အရှင်မင်းကြီး အနေနဲ့တော့ ဒီကိစ္စတွေကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ခဏသာပျော်စေချင်လို့ဖြစ်ပါလိမ့်မယ်"
"ဒါပေမဲ့ အရှင်မင်းကြီးက လန်ယာဝမ်မင်းသားကို ရှင်းထုတ်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ အရာအားလုံးက သခင်လေးလီရဲ့ မျက်စိအောက်မှာပဲ ရှိနေတယ်ဆိုတာ မထင်ထားခဲ့ဘူး မဟုတ်လား" မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့မှာ တိုက်ရိုက်သက်သေ မရှိသဖြင့် လီကျန့်ယီ၏ အမည်ကို ထုတ်သုံးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။သူတို့သည် ဧကရာဇ်ကို သွေးပျက်သွာအောင် ခြောက်ဖို့ အစွမ်းကုန်ကြိုးစားနေမည်။
"အဓိပ္ပာယ်မရှိတာ၊ သခင်လေးလီက ငါ့ကိုယ်တော်ကို တစ်ချိန်လုံး စောင့်ကြည့်နေရအောင် သူက ဘာမှလုပ်စရာ မရှိဘူးလား"
"ပြီးတော့ ငါက ထျန်ချီမြို့မှာ ရှိနေတာ၊ သူက ဘယ်လို လုပ်ပြီး ငါကိုယ်တော်ကို စောင့်ကြည့်နေမှာလဲ" ဧကရာဇ်မိန်ကျယ်သည် ငြင်းချက်ထုတ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။
သို့သော် ထိုအချိန်တွင်ပင် လီကျန့်ယီသည် လန်ယာဝမ်မင်းသားကို ဦးဆောင်ကာ မိန်တယ်နန်းဆောင်အတွင်းသို့ ဝင်ရောက်လာ၏။
လန်ယာဝမ်မင်းသားသည် ဧကရာဇ်မိန်တယ်ကို နာကျဥ်းနေသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"နောင်တော်... ကျွန်တော် နောင်တော်အပေါ် ကောင်းကောင်း ဆက်ဆံခဲ့တာပါ၊ ဘာလို့ ကျွန်တော်အပေါ်ကို ဒီလို ပြုမူရတာလဲ၊ ဘာလို့ ကျွန်တော်ရဲ့ ညီအစ်ကိုရင်းကို ဒီလို လုပ်နိုင်ရတာလဲ"
"ညီတော်... ညီတော်..." ဧကရာဇ်မိန်တယ်သည် လန်ယာဝမ်မင်းသားကို မြင်လိုက်ရသောအခါ ရုတ်တရက် ထိတ်လန့်သွားရသည်။
ထိုသို့ဆိုပါက မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့ ပြောခဲ့သည်မှာ အမှန်ဖြစ်ကြောင်း အတည်ပြုပေးနေ သကဲ့သို့ဖြစ်နေသည်။သူ၏ လုပ်ရပ်များကို လီကျန့်ယီ တစ်ယောက်တည်းသာ စောင့်ကြည့်နေခဲ့ခြင်း မဟုတ်ဘဲ လန်ယာဝမ်မင်းသားကပါ အတူတူ ရှိနေခဲ့ခြင်း ဖြစ်နိုင်ပေသည်။
"ကျွန်တော်ကို ညီတော်လို့မခေါ်ပါနဲ့တော့၊ကျွန်တော်တို့က ညီအစ်ကိုမဖြစ်နိုင်တော့ဘူးမလား"
နောင်တော်ကြီး ထီးနန်းလိုချင်တဲ့ချိန် ကျွန်တော်က ထီးနန်းပေးခဲ့တယ်၊ နောင်တော်ကြီး အာဏာလိုချင်လည်း ကျွန်တော်က အာဏာကိုလွဲ ပေးခဲ့တယ်၊ ဒါပေမဲ့ ဒါတွေအားလုံး ရပြီးတာတောင် ဘာလို့ ကျွန်တော်ရဲ့ ညီအစ်ကိုရင်းကို သတ်ဖို့ ကြိုးစားတာလဲ၊ ကျွန်တော့်ကို တောင် အလွှတ်ပေးဖို့အစီအစဉ်မရှိခဲ့ဘူး၊ကျွန်တော်ရဲ့ နှိမ့်ချမှုကပဲ တကယ့် အမှားကြီးတစ်ခုဖြစ်ခဲ့တာ လား" လန်ယာဝမ်မင်းသားသည် သူ၏ရှေ့မှ နောင်တော်ကြီးကို ကြည့်ရင်း အဓိပ္ပာယ်မဲ့မှုနှင့် နောင်တတို့ကိုသာ ခံစားနေရ၏။
ထိုစကားများကို ကြားသောအခါ လီဆူးဝမ်၊ လီရှင်းယွဲ့နှင့် အခြားသူများက ဧကရာဇ်မိန်တယ်ကို တစ်ပြိုင်နက်တည်း အေးစက်စွာ ကြည့်လိုက်ကြသည်။
"အရှင်မင်းကြီးက တကယ် လုပ်ခဲ့တာပဲ"
"ဟမ့်... ငါလုပ်ခဲ့ရင်ရော ဘာဖြစ်လဲ"
"ရဲ့ရှောင်ယင်း စစ်သူကြီးတစ်ယောက်ထဲကတောင် ငါ့ကို ခေါင်းခဲစေနေပြီ၊တကယ်လို့လန်ယာဝမ်မင်းသားနဲ့ လဲ့မုန့်ရှားလို စစ်သူကြီးမျိုးသာ စစ်တပ်သုံးတပ်ကို ထပ်ပြီး ကွပ်ကဲနေမယ်ဆိုရင် ငါ့ရဲ့ အာဏာက တကယ်ပဲ လုယူခံရလိမ့်မယ်"
"ဒါကြောင့် အမှားက ငါ့မှာ မဟုတ်ဘူး"
"ညီတော်... မင်းက ထီးနန်းကို နှိမ့်ချစွာ စွန့်လွှတ်ခဲ့ပြီးပြီဆိုရင် စစ်တပ်သုံးတပ်ရဲ့ စစ်သေနာပတိချုပ် ရာထူးကနေလည်း ဆင်းပေးသင့်တာပေါ့"
"အဲ့တာက ငါ တကယ် လိုချင်နေတဲ့ အရာပဲ" ဧကရာဇ်မိန်တယ်သည် ဆက်လက် ဖုံးကွယ်ထား၍ မရတော့သည်ကို မြင်သောအခါ သူ ဘာကြောင့် ဤသို့ လုပ်ဆောင်ခဲ့ရသလဲဆိုသည့် အကြောင်းရင်းကို ဖော်ထုတ်လိုက်တော့သည်။
"ဒါဆိုရင် နောင်တော်ကြီးက စစ်သေနာပတိချုပ် ရာထူးအတွက်နဲ့ ဒါတွေ လုပ်ခဲ့တာလား၊ ဘာလို့ ကျွန်တော်က နောင်တော်ကြီးနဲ့ ထီးနန်းလုနေဦးမယ်လို့ ထင်နေရတာလဲ"
ထီးနန်းကို ဆင်းပေးခဲ့သူမှာ သူဖြစ်နေသည်ကို သူ၏ နောင်တော်ကြီး က မေ့နေပုံရ၏။ဧကရာဇ်မိန်တယ်မှာ လုံးဝ နောင်တရခြင်း မရှိသည်ကို မြင်လိုက်ရသောအခါ ရှောင်ရူဖန်သည် သူ၏ကိုယ်စား လီကျန့်ယီကို အသနားခံပေးရန် အခွင့်အရေး မရှိတော့ကြောင်း ခံစားလိုက်ရတော့၏။
အခန်း ၁၉၈ လိမ္မာယဉ်ကျေးသော ကြောင်ကလေး
ဧကရာဇ်မိန်တယ်ကို ကြည့်ရင်း လန်ယာဝမ်မင်းသားသည် လီကျန့်ယီအား အသနားခံပေးရန် အကြောင်းပြချက် တစ်ခုမျှ ရှာမတွေ့တော့ပေ။
"အရှင်မင်းကြီး... ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါတော့"
လန်ယာဝမ်မင်းသာသည် ဧကရာဇ်မိန်တယ်ကို တစ်ချက်ကြည့်ကာ မိန်တယ်နန်းဆောင်အတွင်းမှ ထွက်ခွာသွားပါတော့သည်။
"အရှင်မင်းကြီးကိုယ်တိုင် အမှားဝန်ခံတဲ့ အမိန့်ထုတ်ပြန်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်"
မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့က ဧကရာဇ်မိန်တယ်ကို တိုက်ရိုက် စူးစိုက်ကြည့်နေကြ၏။
"ငါက မင်းတို့ကို သေစေချင်ရင် မင်းတို့က သေဖို့ကလွဲရင် တခြား ရွေးချယ်စရာ မရှိဘူး" မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့ ရှေ့တွင် ဧကရာဇ်မိန်တယ်သည် သူ၏ အရှင်သခင် အရှိန်အဝါကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။၎င်းကို မြင်သောအခါ မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့က ခေါင်းကို အသာအယာ ခါယမ်းလိုက်ကြ၏။
"အရင်က ဧကရာဇ် ထိုက်အန်လည်း ဒီအတိုင်းပဲ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဧကရာဇ်လည်း သေဆုံးသွားခဲ့ရတာပါပဲ..."
အရာအားလုံးက အမှန်တရား ဖြစ်ကြောင်း သက်သေပြနေသည့်တိုင် ဘာကြောင့် အရှင်မင်းကြီးက အမှားကို ဝန်မခံရသနည်း။
"ငါက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့သူပဲ၊ ငါ လုပ်တာ တွေက ဘာမှားလို့လဲ" ဧကရာဇ်မိန်တယ်သည် ခေါင်းမာစွာ ပြောဆိုနေ၏။ နန်းတွင်းဆိုသည်မှာ ရက်စက်မှု့နှင့် ပြည့်နှက်နေသည့်နေရာဖြစ်သည်။သူ၏ လုပ်ဆောင်ချက်တွင် မည်သည့်အရာက မှားနေသနည်း အာဏာများအားလုံးသည် အစကတည်းက ဧကရာဇ်၏ လက်ထဲတွင် ရှိနေသင့်သည့် အရာဖြစ်သည်။ထိုကြောင့် ဧကရာဇ်တစ်ယောက်အနေနှင့် သူ့၏ လမ်းကို တားဆီနေသည့်လူများကို ရှင်းထုတ်ရမည်မှာ သဘာဝပင် ဖြစ်သည်။
"ဒါဆိုရင် အရှင်မင်းကြီး ကိုယ့်ကိုယ်သာ ဂရုစိုက်လိုက်ပါတော့ " မြို့ဝန်လျူနှင့် စစ်ဆေးရေးမှူးကျိုးတို့သည် အမှန်တကယ် သေသင့်လှသော ဧကရာဇ်မိန်တယ်ကို ဘာမှဆက်မပြောတော့ပဲ အရိုအသေပေးကာ မိန်တယ်နန်းဆောင်မှ ထွက်ခွာကြဖို့ ပြင်လိုက်တော့သည်။ကျန်ရှိသည်များကိုမူ လီကျန့်ယီထံသို့သာ လွှဲအပ်ထားခဲ့လိုက်တော့၏။ဧကရာဇ်မိန်တယ် သည် အခွင့်အရေး နှစ်ကြိမ်စလုံးကို ဆုပ်ကိုင်ရန် ပျက်ကွက်ခဲ့သဖြင့် ၎င်းမှာ တကယ်ပင် သေတွင်းတူးနေခြင်း ဖြစ်ပေသည်။
"ထွက်သွားချင်တာလား၊ ငါက ထွက်သွားခွင့်ပေးတယ်လို့ ပြောလို့လား"နန်းတွင်းစောင့်တပ်များက သူတို့အားလုံးကို ချက်ချင်းဝိုင်းထားလိုက်ကြတော့သည်။ယနေ့ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြင်ပလူကသာ မသိလျှင် လေနှင့်အတူပျောက်ဆုံးသွားမည့် အရာများသာဖြစ်သည်။
ဧကရာဇ်မိန်တယ်သည် နန်းဆောင်အပြင်ဘက်ရှိ အစောင့်တပ်များကို အမိန့်ပေးလိုက်၏။ နန်းတွင်းစောင့်တပ်များသည် မိန်တယ်နန်းဆောင်ကို စနစ်တကျ ဝိုင်းရံထားလိုက်ကြသည်။၎င်းကို မြင်သောအခါ လီရှင်းယွဲ့နှင့် လီဆူးဝမ်တို့က မျက်မှောင်ကြုတ်လိုက်ကြ၏။
"အရှင်မင်းကြီး... ကျွန်တော်တို့ကိုပါ ဒီမှာ ဆက်ပြီး ထားဖို့ ကြံစည်နေတာလား၊ ကျွန်တော်တို့ကို တကယ်ပဲ တားဆီးထားနိုင်မယ်လို့ ထင်လို့လား"
"ကျင်းရွမ်၊ ကျင်း..." ဧကရာဇ်မိန်ကျယ်သည် စောင့်ရှောက်သူ ငါးဦးကို ခေါ်လိုက်သည်။စောင့်ရှောက်သူ ငါးဦးကို မြင်လိုက်ရသောအခါ လီဟန်ယီ၏ လှပသော မျက်နှာလေးမှာ အေးစက်သွား၏။
"မာရ်နတ်ဂိုဏ်း အရှေ့ပိုင်းကို ချီတက်ခဲ့တုန်းကတောင် လူ၁၀ ကျော်ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ငါမကြောက်ခဲ့ဘူး၊ ဒီစောင့်ရှောက်သူ ငါးယောက်လောက်ကတော့ အသေးအမွှားပါပဲ"
"ဒါပေါ့၊ ကိုယ်ရဲ့ ချစ်ဇနီးက ရွှေလမြို့တော်ရဲ့ နာမည်ကျော် နတ်ဓားရှင် ပဲလေ"
"ကဲ... မိန်းမရေ၊ မင်းမှာ ကိုယ်ဝန်ရှိနေပြီဆိုတော့ မတိုက်ခိုက်ပါမဲ့အုန်း ၊ ကလေးကို ထိခိုက်မှာ စိုးလို့ပါ"
ဧကရာဇ်မိန်တယ်ကို အခွင့်အရေးများစွာ ပေးခဲ့သော လီကျန့်ယီသည် ရှောင်ရူဖန် ထွက်ခွာသွားသော ဘက်မှ ရုတ်တရက် ထွက်ပေါ်လာ၏။သူ့ရှေ့မှ နန်းတော်မြို့တော်ကို ကြည့်ရင်း သူက ရင်းနှီးမှုအချို့ကို ခံစားလိုက်ရကာ သက်ပြင်းချလိုက်မိသည်။
"ဧကရာဇ် ထိုက်အန် အသက်ရှိစဉ်တုန်းကလည်း ဒီလိုပါပဲ။ ကဲ... အရှင်မင်းကြီး၊ အရှင်မင်းကြီးဘာသာ သွားမှာလား၊ ဒါမှမဟုတ် ကျုပ်က လိုက်ပို့ပေးရမလား"
"ဟမ်... လီကျန့်ယီ... မင်းက သိုင်းလောကသား တစ်ယောက်ပဲပြီး တော့ မင်းက မြောက်ပိုင်လီရဲ့ နိုင်ငံသားပဲ ဒါကို မင်းက နိုင်ငံရဲ့ အရှင်ကို ဆန့်ကျင်ရဲတယ်ပေါ့" လီကျန့်ယီကို မြင်လိုက်ရသောအခါ ဧကရာဇ်မိန်တယ်မှာ ရုတ်တရက် တုန်လှုပ်ခြောက်ခြားသွား၏။
"တကယ်လို့ ထိုစဉ်က အမတ်ကြီးသာ အလိုရှိခဲ့မယ်ဆိုရင် ဒါကလည်း မြောက်ပိုင်းလီ မဟုတ်ဘဲ ကျန့်ရှီး ဖြစ်နေလောက်ပါပြီ"
ထို့ကြောင့် မြောက်ပိုင်းလီ၏ ကံကြမ္မာသည် မြောက်ပိုင်းလီနှင့်သာ ဆိုင်ပေသည်။ ဧကရာဇ်မိန်တယ် တစ်ဦးတည်းနှင့် မဆိုင်ချေ။ မြောက်ပိုင်းလီသည် ကောင်းမွန်သည့် အုပ်ချုပ်သူကို လိုလားနေခြင်းဖြစ်ပြီး အာဏာကြောင့် မျက်ကွယ်နေသည့် အုပ်ချုပ်သူကို လိုလားနေခြင်းမဟုတ်ပေ။
"အရှင်မင်းကြီး... ခရီးစတင်ဖို့ အချိန်တန်ပါပြီ"
လီကျန့်ယီသည် စကားကို ဆုံးအောင်ပြောပြီးသည့်နောက် သူသည် လီဟန်ယီ၏ လက်ကို ဆွဲကိုင်ကာ အဖွဲ့ကို ဦးဆောင်လျက် မိန်တယ်နန်းဆောင်မှ ထွက်ခွာသွားပါတော့သည်။ ဧကရာဇ်မိန်တယ် တစ်ဦးတည်းသာ နန်းဆောင်အတွင်း ကျန်ရစ်ခဲ့၏။ အကယ်၍ ဧကရာဇ်မိန်တယ်သာ ကိုယ့်ဘာသာ အဆုံးစီရင်မည်ဆိုပါက လီကျန့်ယီ၏ မရဏဓားမှာ အညစ်အကြေး စွန်းထင်းမည် မဟုတ်ပေ။သို့သော် ဧကရာဇ်မိန်တယ်က မသေချင်ဘဲ ရုန်းကန်နေဦးမည်ဆိုပါက သူ၏ ခေါင်းအထက်တွင် ရှိနေသော မရဏဓားသည် သူ့အား သေခြင်းတရားဆီသို့ အလိုအလျောက် ပို့ဆောင်ပေးသွားပါလိမ့်မည်။
နောက်တစ်နေ့တွင် လန်ယာဝမ်မင်းသားသည် ထီးနန်းကို ပြန်လည် ဆက်ခံရရှိပြီး နောက်တစ်ကြိမ် လန်ယာဧကရာဇ် ဖြစ်လာခဲ့၏။ထိုနေ့မှာပင် ဧကရာဇ်မိန်တယ်၏ ရုပ်အလောင်းကို သင်္ဂြိုဟ်လိုက်ကြသည်။ဧကရာဇ်မိန်တယ်က မည်သို့ သေဆုံးသွားသည်ကို မည်သူမျှ မသိရှိကြပေ။ ထိုနေ့က မိန်တယ်နန်းဆောင်အတွင်း သူတစ်ဦးတည်းသာ ကျန်ရှိခဲ့သည်ကိုသာ သိရှိကြရ၏။ဤကိစ္စမှာ သိုင်းလောကနှင့် နန်းတွင်း၌ပင် အဖြေရှာမရသော ပဟေဠိတစ်ခု ဖြစ်လာခဲ့ပါတော့သည်။
...
ကျီအိမ်တော်။
ကျီရူဖန်သည် ဧကရာဇ်မိန်တယ်၏ ကံကြမ္မာကို ကြိုတင် ခန့်မှန်းထားခဲ့ပြီး ဖြစ်၏။ သူ၏ဘေးတွင် လှံရှည်ကို ကိုင်ထားသော လူငယ်လေးကို ကြည့်ရင်း သူသည် အခက်တွေ့နေရပေသည်။ရှောင်ချူဟဲသည် ဧကရာဇ်မိန်တယ် သေဆုံးသွားသည်ကို မသိသေးပေ။
မြောက်ပိုင်းလီ၏ ပြည်သူလူထုအားလုံးများသည်လည်း ဧကရာဇ်မိန်သေသည် သေသင့်သည်ဟု သတ်မှတ်ထားကြ၏။ ဧကရာဇ် မိန်တယ်သည် ပလ္လင်ပေါ်တွင် ထိုင်ဖို့ အရည်အချင်းမပြည့်မှီသော အုပ်ချုပ်သူဖြစ်သည်။သူသည် ရန်သူကို ပူးပေါင်းက ပြည်တွင်းစစ်ကို ဖြစ်ပွားစေသူဖြစ်သည်။
"ထားလိုက်ပါတော့၊ ချူဟဲကို မပြောတာပဲ ကောင်းပါတယ်" ကျီရူဖန်သည် အချိန်အတော်ကြာ တွေဝေနေပြီးမှ ထိုအကြံကို လက်လျှော့လိုက်သည်။တစ်ဦးက သူ၏ဖခင် ဧကရာဇ်ဖြစ်ပြီး အခြားတစ်ဦးမှာ သူအချစ်ဆုံးသော ဦးလေးတော် ဖြစ်နေ သောကြောင့် ကျီရူဖန်က နှုတ်ဆိတ်လိုက်ရ၏။ ဤနှစ်ဦးကြားမှ အချစ်နှင့် အမုန်း ဆက်ဆံရေးမှာ အလွန်ပင် ရှုပ်ထွေးလှပေသည်။
လီကျန့်ယီ အနေနှင့်မူ သူသည် သူ၏ယောက္ခမအတွက် ကလဲ့စားချေပေးချင်ရုံသာ ဖြစ်သဖြင့် သူ့တွင် အပြစ်မရှိပေ။ထို့ကြောင့် ရှောင်ချူဟဲ ရှေ့ဆက်ရမည့် လမ်းခရီးမှာ အလွန်ပင် ရှည်လျားနေဦးမည် ဖြစ်၏။
"ကျီရွယ်ကို ပြန်ခေါ်ဖို့ အချိန်တန်ပြီ၊ လောလောဆယ်မှာတော့ ထျန်ချီမြို့က အေးချမ်းတော့မှာပါ ကျီရွယ်လည်း ငါ့ရာထူးကို ဆက်ခံသင့်တယ်။ သူ့ကို အခုကတည်းက လေ့ကျင့်ထား ပေးသင့်တယ်" ဟု ကျီရူဖန်က တစ်ကိုယ်တည်း ရေရွတ်နေ၏။
.......
ရွှေလမြို့တော်။
ဖြစ်ပျက်သွားသည့် ကိစ္စရပ်များကြောင့် နောင်တွင် သူ၏ယောက္ခမကို မည်သူမှ ရန်ရှာရဲတော့ မည်မဟုတ်ပေ။ထို့ကြောင့် လီကျန့်ယီသည် သူ၏ဇနီးသည်နှင့် မမွေးသေးသော ရင်သွေးလေးအတွက် ပိုအာရုံစိုက်နိုင်အောင် ဘေးတွင်အမြဲရှိနေပေးသည်။
"ယီယီ... ရှင်က တကယ် တော်တာပဲ၊တကယ်လို့ ဧကရာဇ်မိန်တယ်က အဖေကို ဖယ်ထုတ်ချင်နေတာကို ရှင်သာ ကြိုပြီး မသိခဲ့ရင် အဖေကတော့ အခုဆို..." လီဟန်ယီသည် ၎င်းကို စဉ်းစားမိရုံဖြင့် ကြောက်လန့်တုန်ရင်မှုကို ခံစားလိုက်ရသည်။အကယ်၍ သူမ၏ဖခင် သာတကယ် သေဆုံးသွားခဲ့လျှင် လီရှင်းယွဲ့ မည်မျှ ဝမ်းနည်းနေမည်ကို သူမ မြင်ယောင်ရန်ပင် ခက်ခဲလှ၏။
ထို့ပြင် သူမအမေနှင့် သူမ၏ စရိုက်အရ ဆိုလျှင်လည်း ဒေါသတကြီးဖြင့် ထျန်ချီမြို့သို့ ဝင်ရောက် တိုက်ခိုက်မိကြမည် ဖြစ်ရာ ၎င်းမှာ ပိုမိုကြီးမားသော ပြဿနာများကို ဖြစ်ပေါ်စေပါလိမ့်မည်။ကံကောင်းသည်မှာ လီကျန့်ယီက သူတို့အားလုံးအတွက် အကာအကွယ်ပေးထားခြင်း ဖြစ်၏။ မဟုတ်လျှင် မနေ့က ဧကရာဇ်မိန်တယ်ကို မေးခွန်းထုတ်ခဲ့စဉ်ကပင် စောင့်ရှောက်သူ ငါးဦးနှင့် နန်းတွင်းစောင့်တပ်များ၏ အကူအညီဖြင့် ဧကရာဇ်မှာ သူတို့ကို ဒုက္ခပေးနိုင်ခဲ့မည် ဖြစ်သည်။
ဧကရာဇ်မိန်တယ်သည် လီဟန်ယီကို တားဆီးထားနိုင်ခြင်း မရှိသော်လည်း အခြားသူများကတော့ တားဆီးနိုင်ကောင်း တားဆီးနိုင်ပါလိမ့်မည်။လီကျန့်ယီကြောင့်သာ သူတို့အားလုံးသည် ထိုနန်းဆောင်မှ ဘေးကင်းစွာ ထွက်လာနိုင်ခဲ့ခြင်းဖြစ်သည်။
"ဒါဆိုရင် ဟန်ယီ... မင်းရဲ့ ခင်ပွန်းကို ဘယ်လို ကျေးဇူးဆပ်မလဲ" လီကျန့်ယီသည် လီဟန်ယီ၏ ဆီးနှင်းကဲ့သို့ ဖြူစင်ပြီး အနည်းငယ် နီမြန်းနေသော အသားအရေလေးကို လက်ဝါးဖြင့် အသာအယာ အုပ်ကိုင်လိုက်၏။
"ကျွန်မက ရှင် ဆီမှာ တစ်ကိုယ်လုံး ပုံအပ်ပြီးသားလေ၊ နောက်ထပ် ဘယ်လို ကျေးဇူးဆပ်စေချင်သေးတာလဲ" လီဟန်ယီ၏ လှပသော မျက်လုံးလေးများမှာ တောက်ပနေပြီး သူမ၏ ဆွဲဆောင်မှုမှာ အတိုင်းအထက် အလွန်ပင် ညို့ချက်ပြင်းသောကြာင့် လီကျန့်ယီသည် သူမကို မနမ်းဘဲ မနေနိုင်တော့ပေ။
"မဆိုးဘူး... နည်းနည်းလေး ချိုသလိုလို၊ ငန်သလိုလိုနဲ့..." လီကျန့်ယီက သူမ၏ နှုတ်ခမ်းကို နမ်းပြီး အရသာခံနေသကဲ့သို့ မှတ်ချက်ပေးလိုက်သည်။
"ချိုလည်းချိုတယ်၊ ငန်လည်းငန်တယ် ဟုတ်လား"
လီဟန်ယီသည် လီကျန့်ယီကို ကြည့်ကာ သူမ၏ ရဲရဲနီနေသော နှုတ်ခမ်းလေးကို လျှာဖြင့် မသိမသာ သပ်လိုက်ရင်း မျက်လုံးလေးများကို မှေးလျက် ဆို၏။
"လူလိမ်...အရမ်းငန်နေတာကို"
"ကိုယ်မလိမ်ပါဘူး တကယ်တော့ နည်းနည်းတော့ ချိုတဲ့အရသာရှိတယ် ချစ်ဇနီးက မယုံဘူးလားဒါဆို ထပ်ပြီး စမ်းကြည့်ရအောင်" လီကျန့်ယီက သူမကို နောက်တစ်ခါ နမ်းဖို့ ရှေ့တိုးလာသည်။
"ဒါဆိုလည်း... နောက်တစ်ကြိမ်လောက် ထပ်စမ်းကြည့်တာပေါ့..." လီဟန်ယီက ငြိမ်သက်စွာပင် အနမ်းကိုခံယူလိုက်သည်။
"အွန်း"
လီကျန့်ယီသည် လီဟန်ယီ၏ ခါးလေးကို ဖက်ကာ သူ၏ ရှေ့မှ အလှပဂေးလေးကို အားမရစွာ နမ်းလိုက်၏။သူ၏ ချစ်ဇနီးရဲ့ နှုတ်ခမ်းများမှာ တကယ်ချိူမြိန်သည်။
လီဟန်ယီမှာ တစ်ချိန်လုံး အနမ်းခံနေရသဖြင့် သူမ၏ လှပသော မျက်လုံးလေးများဖြင့် လီကျန့်ယီ၏ မျက်နှာအမူအရာကို ခိုးကြည့်နေမိရာ လီကျန့်ယီမှာ အလွန် နှစ်သက်သဘောကျနေဟန် ရှိသည်ကို မြင်လိုက်ရသည်။ရုတ်တရက် သူမ သဘောပေါက်သွားပါတော့သွား၏ သူမ၏ ခင်ပွန်းမှာပါ သူမကို လှည့်စားပြန်ပြီးကြောင့် ရိပ်မိသွားတော့သည်။သူမ၏ ခင်ပွန်းမှာ တကယ် အရသာခံနေခြင်းမဟုတ်ပဲ သူမကို အားရပါးရနမ်းနေခြင်းဖြစ်၏။
"တော်... တော်ပြီ၊ ဒီထက်ပိုပြီး နမ်းရင်တော့ မင်းကို အငန်ဓာတ်တွေကြောင့် ပျို့တက်လာအောင် လုပ်ပစ်တော့မှာနော်" လီဟန်ယီသည် ရှက်သွေးဖြာလျက် လီကျန့်ယီကို အလျင်အမြန် တွန်းထုတ်လိုက်၏။
သို့သော် လီကျန့်ယီက လီဟန်ယီကို တင်းကြပ်စွာ အားဖြင့် ပွေ့ဖက်လိုက်ပြီး ဗိုလ်ကျစိုးမိုးဟန်ဖြင့် ဆိုလေသည်။
"ဟန်ယီ... ကိုယ့်ရဲ့ ဆန္ဒကို လိုက်လျောပေးဖို့ အကြံပေးချင်ပါတယ်၊ မဟုတ်ရင်.."
"အိုး..." ထိုအချိန်၌ လီဟန်ယီသည် လီကျန့်ယီထံတွင် သူမ၏ ငယ်စဉ်ဘဝက ပုံရိပ်ကို မသိမသာ မြင်တွေ့လိုက်ရ၏။ထို့ကြောင့် သူမသည် အလွန် လိမ္မာယဉ်ကျေးသွားကာ ကြောင်ကလေး တစ်ကောင်ကဲ့သို့ လီကျန့်ယီ၏ အပွေ့အဖက်နှင့် အနမ်းများကို ခံယူနေပါတော့သည်။