အခန်း (၂၀၁-၂၀၂)
Vol. 21 Ch. 201-202
အခန်း ၂၀၁ မွေးဖွားလာသော မြေကမ္ဘာလွှတ်မြောက်ခြင်းအဆင့်
"လီချိူးယင်း..."
လီဟန်ယီ အချိန်အတော်ကြာ စဉ်းစားထားသည့် ထိုအမည်ကိုနှင့် ကြယ်တာရာများပမာ တောက်ပနေသော ကျိုးကျိုး၏ မျက်ဝန်းအစုံကို ငေးမောကာ လီကျန့်ယီက တိုးတိုးလေး ရေရွတ်လိုက်၏။
"ပန်းချီကားထဲက ဆောင်းဦးရေပြင်လိုပဲ၊ သမီးလေးရဲ့ မျက်လုံးတွေက သက်ဝင်လှုပ်ရှားနေတာပဲ"
"ကျွန်မသမီးလေးမှာ တခြားထူးခြားချက်တွေ ရှိသေးပေမဲ့ အခုတော့ သိပ်မထင်ရှားသေးဘူး၊ ဒါပေမဲ့ ဆောင်းဦးရေပြင်လို ကြည်လင်တဲ့ သူ့ရဲ့မျက်ဝန်းလှလှလေးတွေကိုတော့ ဘယ်သူမဆို ချစ်မိမှာပဲလေ" ဟု လီဟန်ယီက ဆိုသည်။
လီကျန့်ယီသည် လက်ကိုဆန့်ထုတ်ကာ ကျိုးကျိုး၏ ပန်းရောင်သန်းနေသော ပါးပြင်လေးကို အသာအယာ ပွတ်သပ်လိုက်၏။ကလေး၏ အသားမှာ နူးညံ့လွန်းကာ ဝါဂွမ်းလေးကို ကိုင်မိသကဲ့သို့ပင် ခံစားနေရသည်။
"ဆောင်းဦးရေပြင်လို ကြည်လင်တဲ့ မျက်ဝန်းတွေနဲ့ဆိုတော့ ကြီးလာရင် သေချာပေါက် အလှလေးဖြစ်မှာ" ဟု သူက ချီးမွမ်းပေသည်။
မြေးမလေးကို ကြည့်ရင်း လီရှင်းယွဲ့တစ်ယောက် လီဟန်ယီ မွေးစတုန်းက ပုံစံလေးကို ပြန်မြင်ယောင်နေမိ၏။
"ဒါပေါ့... ငါ့ရဲ့ ချင်းကျိုးလေးက ဘယ်သူ့ရဲ့ မြစ်မို့လို့လဲ" လီဆူးဝမ်သည် ကျိုးကျိုးကို ရင်ခွင်ထဲတွင် ဂရုတစိုက် ပွေ့ပိုက်ထားရင်း အလွန်စိတ်လှုပ်ရှားစွာဖြင့် အပြင်လောကကို ပြသရန် ခေါ်ဆောင်သွားလေသည်။
ထိုအချိန်တွင် ဖုန်းချူးယွီ၊ ရွဲ့ယောင်နှင့် တခြားသူများသည် လီဟန်ယီ သမီးလေး မွေးဖွားကြောင်း ကြားသိရသဖြင့် ဂုဏ်ပြုရန် ရောက်ရှိလာကြသည်။ ထို့ကြောင့် လီဟန်ယီ၏ အခန်းအပြင်ဘက်တွင် လူများဖြင့် ပြည့်နှက်နေ၏။
လူတိုင်းက ကျိုးကျိုးကို ဝိုင်းအုံကြည့်နေကြပြီး ကျိုးကျိုးကလည်း ကြယ်ပမာတောက်ပသော မျက်ဝန်းလေးများဖြင့် လူတိုင်းကို လိုက်ကြည့်နေသည်။ ကလေးမသည် အလွန်စပ်စုသည့် ပုံစံနှင့် တစ်ယောက်ပြီးတစ်ယောက်ကို ကြည့်နေတတ်သေး၏။
"သူ့မျက်လုံးတွေက ဟန်ယီနဲ့ တူပြီး မျက်ခုံးတွေကတော့ ယီယီလိုပဲ သူရဲကောင်းပီသတဲ့ အငွေ့အသက်တွေ ရှိတယ်။ ဟန်ယီနဲ့ ယီယီရဲ့ သမီးလေးကတော့ သူတို့နှစ်ယောက်လုံးရဲ့ ကောင်းကွက်တွေကို အမွေဆက်ခံထားတာပဲ" ဟု ဖုန်းချူးယွီက ကျိုးကျိုးကို မြင်မြင်ချင်း ချီးကျူးလိုက်သည်။
"ကျိုးကျိုး... ဒါက သမီးရဲ့ အဒေါ် ဖုန်းချူးယွီပဲ၊ သူက သမီးကို ချီးကျူးနေတာလေ" လီဆူးဝမ်က ပြုံးရွှင်လျက် ကျိုးကျိုးကို ဖုန်းချူးယွီဘက်သို့ လှည့်ပေးလိုက်၏။
"အရမ်းချစ်ဖို့ကောင်းတာပဲ၊ ချန်လော့ ငယ်ငယ်တုန်းက ပုံစံလေးအတိုင်းပဲ" ဟု ဖုန်းချူးယွီက ချန်းလော့ကို တစ်လှည့် ကျိုးကျိုးကို တစ်လှည့် ကြည့်ကာ ပြောသည်။
"မေမေ... ညီမလေးက အရမ်းချစ်ဖို့ကောင်းတာပဲ" ဟု ချန်းလော့ကလည်း သူမညီမလေးကို စပ်စုသော မျက်လုံးများဖြင့် မော့ကြည့်နေ၏။
"ဟုတ်တာပေါ့၊ အခုကစပြီး ချန်းလော့က အစ်မကြီးဖြစ်သွားပြီဆိုတော့ ညီမလေးကို ကာကွယ်ပေးရမယ်နော်" ဖုန်းချူးယွီက ပြုံးပြီး ချန်းလော့၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
ထိုစဉ် ဝကစ်နေသော ပင်လယ်ပြာနဂါးလေးသည် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် စစ်သူကြီးတစ်ဦးပမာ အရှိန်အဟုန်ဖြင့် ပြေးထွက်လာပြီး ကျိုးကျိုးကို ဝိုင်းပတ်ကာ စောင့်ကြပ်နေ၏။ ၎င်း၏ သခင်ထံမှ အငွေ့အသက်များကို ခံစားမိသောကြောင့် ဤကလေးငယ်သည် မိမိကာကွယ်ရမည့် သခင်ငယ်လေးဖြစ်ကြောင်း ချက်ချင်း သိရှိသွားခြင်း ဖြစ်ပေသည်။
ယခုအခါ ဖက်တီးလေးသည် ဖုယောင်အဆင့် သို့ ရောက်ရှိနေပြီဖြစ်ရာ သိုင်းလောကတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေလေပြီ။ ၎င်း၏ တိုးတက်မှုအလားအလာသည် ရှေးဟောင်းသားရဲတစ်ချို့ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းသည်။
"ဖက်တီး... ဖက်တီး..."
ဝတုတ်တုတ် နဂါးပြာလေးသည် လီဆူးဝမ်၏ ရင်ခွင်ထဲမှ သခင်ငယ်လေးကို ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေ၏။
လီဟန်ယီကို အိပ်ပျော်အောင် ချော့သိပ်ပြီးနောက် ထွက်လာသော လီကျန့်ယီသည် ဖက်တီးလေး၏ အော်သံကို ကြားရသဖြင့် ရယ်မောကာ သူ့ကို ပခုံးပေါ်သို့ တင်လိုက်သည်။
"မင်းရဲ့ သခင်မလေးရဲ့ ပုံစံကို သေချာမှတ်ထားဦး" ဟု လီကျန့်ယီက မှာကြားလိုက်၏။
ကျိုးကျိုးသည် ဝကစ်နေသော နဂါးပြာလေးကို မြင်သောအခါ ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ သူမ၏ ဆောင်းဦးရေပြင်မျက်ဝန်းလေးများ တောက်ပလာပြီး အနှီးထဲမှ လက်ကလေးများကို ရုန်းထွက်ကာ ထိုထူးဆန်းသော သတ္တဝါလေးကို ထိတွေ့ရန် ကြိုးစားနေသည်။
နဂါးပြာလေးသည် သဘောပေါက်သည့်အလား ၎င်း၏ လုံးဝန်းသော ဗိုက်ပူပူလေးကို ကျိုးကျိုး၏ လက်ကလေးရှေ့သို့ တိုးပေးလိုက်၏။ ထိုအခါ ကျိုးကျိုးက စွမ်းအင်အပြည့်ဖြင့် နဂါးပြာ၏ဗိုက်ကို ဖမ်းဆုပ်လိုက်လေသည်။နဂါးပြာလေးသည် မွေးစကလေးငယ်တွင် ဤမျှ အားအင်ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အဖမ်းခံရပြီးနောက်တွင်မူ "ဖက်... ဖက်... ဖက်..." ဟု နာကျင်စွာ အော်ဟစ်ရတော့သည်။
ဤမိန်းကလေးငယ်သည် သေးငယ်သော်လည်း ဆုပ်ကိုင်ထားသည့် အားမှာ အလွန်ပင် ကြီးမားလှပေ၏။
"ကျိူးကျိူးလေးက အဆင့်ကိုးဆင့် အဆင့်မှာပဲ"
ရွဲ့ယောင်သည် နဂါးပြာလေး အဖမ်းခံရသဖြင့် အော်ဟစ်နေသည်ကို ကြည့်ကာ သူမ၏ လှပသော မျက်ဝန်းများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။ ကျိုးကျိုးသည် မွေးဖွားလာကတည်းက သိုင်းပညာရှင် အများအပြားကို ကျော်လွန်သည့် အဆင့်တစ်ခုကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။ဤအဆင့်သည် အချို့သောသူများအတွက် တစ်သက်လုံး ကြိုးစားသော်လည်း ပါရမီကန့်သတ်ချက်ကြောင့် မရောက်ရှိနိုင်သော အဆင့်တစ်ခု ဖြစ်ပေသည်။
"ဒါက တကယ်ကို ပါရမီရှင်ပဲ..." ရွဲ့ရှင်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လီဆူးဝမ်ကို ကြည့်ကာ မေးလိုက်သည်။
"သခင်လေးလီကို အိမ်ခေါ်လာတုန်းက သူက ဘယ်အဆင့်မှာ ရှိတာလဲ"
"အဲဒီတုန်းကလည်း အဆင့်ကိုးဆင့်အဆင့်မှာပါပဲ၊ ဒါပေမဲ့ ယီယီက အဲ့ဒီတုန်းဆို နှစ်နှစ်ရှိနေပြီ၊ အခု ကျိုးကျိုးကတော့ မွေးကတည်းကလား..." လီဆူးဝမ်သည် မြစ်မလေး၏ မျက်ဝန်းများကို ကြည့်ရင်း အံ့အားသင့်စွာဖြင့် သက်ပြင်းချမိသည်။
"ငါ့မြစ်မလေးရဲ့ သိုင်းပါရမီက ငါ့ယီယီထက်တောင် ပိုတောင် ကောင်းနေဦးမလား မသိဘူး" လီဆူးဝမ် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိ၏။
ဓားနှလုံးဂူဗိမာန်သည် မျိုးဆက်နှစ်ဆက်တိုင် ထူးချွန်သော ပါရမီရှင်များကို မွေးထုတ်ပေးနိုင်ခဲ့သည်။ အကယ်၍ ကျိုးကျိုးသာ ထပ်တိုးလာမည်ဆိုပါက ဓားနှလုံးဂူဗိမာန်သည် အားနည်းသွားစရာ အကြောင်းမရှိဘဲ ပိုမို၍သာ တိုးတက်လာပေလိမ့်မည်။
"အင်း... မာရ်နတ်ဂိုဏ်း အရှေ့ပိုင်းစစ်ပွဲမှာ ရှုံးနိမ့်ခဲ့တာက သခင်လေးလီကြောင့်ပဲ၊ ငါတို့ရဲ့ တီယမ်ဝူတွမ်က ပါရမီရှင်လက်အောက်မှာ ရှုံးတာက မဆန်းတော့ပါဘူး" ဟု ရွဲ့ရှင်းက ထိုကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရသဖြင့် အနည်းငယ် နှမြောတတဆိုသည်။ဤကလေးမလေးသည် သူတစ်ပါးထက် နှစ်ပေါင်းများစွာ ကြိုတင် ရောက်ရှိနေသကဲ့သို့ ဖြစ်နေရကား အလွန် ထူးခြားလှပေသည်။
"ဒါကြောင့် ရွဲ့ရှင်း... သခင်လေးလီနဲ့ ရန်မဖြစ်ဖို့ မမ ပြောခဲ့တာပေါ့"
လီကျန့်ယီသည် အလွန်ကြောက်စရာကာင်းသောလူဖြစ်၏။ မိတ်ဆွေမဖွဲ့နိုင်ရင်တောင် ရန်သူအဖြစ် ရန်ရှာလို့ရသည့် လူမဟုတ်ပေ။
"နားလည်ပါပြီ မမ" ရွဲ့ရှင်းက ရွဲ့ယောင်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။
"ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေတာလဲ" ရွဲ့ယောင်က နားမလည်စွာ မေးသည်။
"အစ်မ ဟန်ယီတောင် ကလေးရနေပြီ၊ မမနဲ့ ခဲအိုကရော ဘာမှ မလှုပ်ရှားသေးဘူးလား" ရွဲ့ရှင်းက တဲ့တိုးပင် မေးလိုက်၏။
"လူတိုင်းက ငါနဲ့ ယီယီလိုမျိုး သမီးလိုချင်တိုင်း ရနိုင်တာမှ မဟုတ်တာ" ရွှေလမြို့တော်ကို ကင်းလှည့်ပြီးနောက် စစ်ကုန်းချန်ဖုန်းသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် လျှောက်လှမ်းလာသည်။ထိုစကားကို ကြားသောအခါ ဘေးတွင်ရပ်နေသည့် ပိုင်လီတုန်းကျွင်းက သူ့၏ တင်ပါးကို ကန်လိုက်ပြီး
"မင်းက မင်းရဲ့ စီနီယာအစ်ကိုကြီးရှေ့မှာ ဒီလို စကားနာထိုးရဲတယ်ပေါ့၊ မင်းက တကယ်ကို သတ္တိရှိတာပဲ" ဟု ကြိမ်းမောင်းလိုက်၏။
"ကျွန်တော်က အမှန်အတိုင်း ပြောတာပါ၊ စီနီယာအစ်ကိုကြီး … အစ်ကိုကြီးက ပန်းသေပန်းညှိုးရောဂါ ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်" စစ်ကုန်းချန်ဖုန်းက အလွန်ရိုးသားသည့်ပုံဖြင့် ပြန်လည်တုန့်ပြန်၏။
ပိုင်လီတုန်းကျွင်း "..."
ရွဲ့ယောင် "..."
လီကျန့်ယီ "..."
လူတိုင်း တိတ်ဆိတ်သွားကြသည်။ လီကျန့်ယီနှင့် လီဟန်ယီတို့သည် လက်ထပ်ပြီး မကြာမီမှာပင် ကလေးရခဲ့ကြသည်။ ဖုန်းချူးယွီနှင့် စစ်ကုန်းချန်ဖုန်းတို့သည်လည်း တစ်ညတာ ချစ်တင်းနှီးနှောပြီးနောက် ချစ်သူများဖြစ်လာကာ ရှောင်ချန်းလော့ကို ရရှိခဲ့သည်။
သို့သော် ပိုင်လီတုန်းကျွင်းမှာမူ ဘာမှထူးခြားမှု မရှိသေးပေ။
"ငါ... ငါ တကယ်ပဲ အဲဒီလို ဖြစ်နေတာလား၊ မင်း အခုချက်ချင်း စစ်ပေးစမ်း" ပိုင်လီတုန်းကျွင်းက စိုးရိမ်တကြီးဖြင့် လက်ကို ဆန့်ပေးလိုက်၏။စစ်ကုန်းချန်ဖုန်းက သူ၏ စီနီယာအစ်ကိုကြီးကို သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ရာ အားလုံး ပုံမှန်ဖြစ်နေသည်ကို တွေ့ရသည်။ "အားလုံးက ပုံမှန်ပါပဲ" ဟု သူက ပြန်ပြောလိုက်၏။
"ကျွန်မရဲ့ သွေးခုန်နှုန်းကိုလည်း စမ်းကြည့်ပေးပါဦး" ရွဲ့ယောင်က လက်လှမ်းပေးလိုက်သည်။
စစ်ကုန်းချန်ဖုန်းသည်လည်း ချက်ချင်းပင်းစမ်းသပ်ပေးလိုက်၏။
"တွေ့ပြီဗျာ ကလေးက အခုမှ နှစ်ပတ်ပဲ ရှိသေးတော့ သားလား သမီးလားတော့ ခွဲလို့မရသေးဘူး" စစ်ကုန်းချန်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပိုင်လီတုန်းကျွင်းကို ကြည့်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားလျှင် ပိုင်လီတုန်းကျွင်းသည် ယခင်က လီကျန့်ယီကဲ့သို့ပင် ရွဲ့ယောင်ကို စိတ်လှုပ်ရှားစွာ ပွေ့ချီလိုက်၏။
"အိုး... ငါ ပိုင်လီတုန်းကျွင်းလည်း ကလေးရပြီဟေ့၊ ငါ အဖေဖြစ်တော့မယ်" ပိုင်လီတုန်းကျွင်းက ရွဲ့ယောင်ကို ဖက်ကာ ပတ်ချာလည်အောင် ဝှေ့ယမ်းနေတော့သည်။
"အင်း... စီနီယာအစ်ကိုကြီး၊ သတင်းကောင်းကတော့ အစ်မရွဲ့ယောင်မှာ ကိုယ်ဝန်ရှိနေတာဖြစ်ပြီး သတင်းဆိုးကတော့ သူက သားလေး မွေးမှာပါ..." စစ်ကုန်းချန်ဖုန်းက သွေးခုန်နှုန်းကို ပြန်လည် စဉ်းစားကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ကလေးက ငယ်သေးပေမဲ့ သွေးခုန်နှုန်ူက နည်းနည်းသန်မာနေသဖြင့် စစ်ကုန်းချန်ဖုန်းက ကလေးသည် ယောင်္ကျားလေး ဖြစ်နိုင်ချေများသည်ဟု ယူဆထားသည်။
အခန်း ၂၀၂ ပါရမီရှင် ချင်းကျိုးလေး
"ယောကျ်ားလေး... ဟုတ်လား"
ပိုင်လီတုန်းကျွင်းသည် စိတ်ပျက်သွားဟန် လုံးဝမပြဘဲ ချန်းလော့နှင့် ကျိုးကျိုးတို့ကို ကြည့်ကာ ပို၍ပင် စိတ်လှုပ်ရှားစွာဖြင့် ဆိုလေ၏။
"သားလေးဖြစ်တော့ ဘာဖြစ်လဲ၊ မင်းတို့ရဲ့ သမီးတွေကို ငါ့အိမ်က သားနဲ့ပေးစားပြီး အကုန် ချွေးမတော်ပစ်မှာ"
"အိပ်မက်မက်နေလိုက် "
"သူခြေထောက်တွေကို ရိုက်ချိုးပစ်ကြစမ်း"
စစ်ကုန်းချန်ဖုန်းနှင့် လီကျန့်ယီတို့သည် နေ့ခင်းကြောင်တောင် အိပ်မက်ယောင်နေသော ပိုင်လီတုန်းကျွင်းကို ဒေါသတကြီး ကြည့်လိုက်ကြသည်။
"နောက်တာပါကွာ၊ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေကြတာလဲ၊ ပြီးတော့ မင်းက ဘယ်လိုလုပ်ပြီး သွေးခုန်နှုန်းစမ်းရုံနဲ့ ငါ့ရဲ့ ရွဲ့ယောင်က သားမွေးမယ်ဆိုတာ သိရတာလဲ" ဟု ပိုင်လီတုန်းကျွင်းက မေး၏။
"ဟန်ယီတုန်းကကျတော့ နှစ်ပတ်အတွင်း ကျား၊ မ မခွဲနိုင်ဘူးလို့ မင်းပြောခဲ့တယ်မဟုတ်လား" ပိုင်လီတုန်းကျွင်းက စစ်ကုန်းချန်ဖုန်းကို သံသယဖြင့် ကြည့်ကာ မေးမြန်းပေသည်။
"ကျွန်တော်ရဲ့ ဆေးပညာကလည်း အမြဲတမ်း တိုးတက်နေတာလေ၊ ဒါကြောင့် ကျွန်တော်ရဲ့ဆေးပညာက တိုးတက်လာရင် သွေးခုန်နှုန်းစမ်းတဲ့ ပညာကလည်း လိုက်ပြီး တိုးတက်လာတာပေါ့" ဟု စစ်ကုန်းချန်ဖုန်းက ဂုဏ်ယူစွာ ဆို၏။
"အော အဲ့လိုလား၊ ဒါနဲ့ မင်းရဲ့ဆေးပညာတွေကို ချန်းလော့ကို သင်ပေးလို့ရပြီ ထင်တယ်" ပိုင်လီတုန်းကျွင်းသည် ချန်းလော့က လှံပညာသာမက ဆေးပညာသင်ရန်လည်း သင့်တော်မည်ဟု ယူဆပေသည်။
"ဒါကတော့ ငါသေချာပေါက် သင်ပေးမှာပါ" စစ်ကုန်းချန်ဖုန်းက ခေါင်းညိတ်၏။
"ဒါ့အပြင် ငါ့သမီးကိုတင် သင်ပေးမှာ မဟုတ်ဘူး၊ တခြားအိမ်က သမီးတွေကိုလည်း သင်ပေးချင်သေးတယ်"
"ဒီအိမ်က သမီးလေးက ငါနဲ့ ရေစက်ရှိတယ်လို့ ခံစားရတယ်" ဟု စစ်ကုန်းချန်ဖုန်းက လက်ကလေးတွေ အားကောင်းလှသည့် ကျိုးကျိုးကို ကြည့်ကာ ပြုံးရွှင်လျက် ဆိုလေသည်။
"မင်းနဲ့ ရေစက်ရှိတာထက် ငါ့ရဲ့ မမွေးသေးတဲ့ သားလေးနဲ့ ပိုပြီး ရေစက်ရှိမယ် ထင်တယ်" ဟု ပိုင်လီတုန်းကျွင်းက ဝင်ပြော၏။
လီကျန့်ယီ "..."
ရေစက်ရှိတာက ပြဿနာမရှိသော်လည်း မင်းရဲ့သားနဲ့တော့ ရေစက်မရှိပါစေနဲ့ဟု လီကျန့်ယီ စိတ်ထဲမှ ဆုတောင်းနေမိသည်။
သူသည် ပိုင်လီတုန်းကျွင်းကို အမြင်ကပ်စွာ တစ်ချက်ကြည့်လိုက်ပြီး နဂါးပြာလေးကို စိတ်ထဲမှ လျှို့ဝှက်အမိန့်ပေးလိုက်၏။ ပိုင်လီတုန်းကျွင်း၏ သားမွေးလာလျှင် သူ့သမီးလေး ကျိုးကျိုးနှင့် နှစ်ယောက်တည်း လုံးဝ အတူမရှိစေရန်ပင် ဖြစ်ပေသည်။မိမိ၏ အဖိုးတန်သမီးလေးကို ပိုင်လီတုန်းကျွင်း၏ သားက ခိုးယူသွားမည်ကို စိုးရိမ်နေမိ၏။
"ကဲ... စီနီယာအစ်ကိုကြီး၊ အစ်မရွဲ့ယောင်က ကိုယ်ဝန်ရဖို့ အကြာကြီး ပြင်ဆင်ခဲ့တာဆိုတော့ အစ်ကိုကြီးရဲ့ ဟင်းချက်ပညာကလည်း ကျွန်တော်လောက် ကောင်းနေလောက်ပြီပေါ့" လီကျန့်ယီက သူဟင်းချက်သင်နေစဉ်တွင် ပိုင်လီတုန်းကျွင်းကလည်း လိုက်သင်ချင်သည်ဟု ပြောခဲ့ဖူးသည်ကို သတိရကာ မေးလိုက်ခြင်း ဖြစ်ပေသည်။
ပိုင်လီတုန်းကျွင်း "..."
"ယီယီ... မင်းကလည်း ဒါကို ဘာလို့ ပြန်ပြောနေတာလဲ၊ မင်းချက်တဲ့ ဟင်းကို စားပြီးကတည်းက ငါချက်တာတွေက..." မိမိချက်သည်ကို မိမိပင် ပြန်မစားနိုင်တော့ကြောင်း ပိုင်လီတုန်းကျွင်းက ဝန်ခံပေသည်။
ပိုမိုကောင်းမွန်ပြီး အရသာရှိသော အစားအစာကို မြည်းစမ်းဖူးသွားလျှင် သာမန်အရာများကို စားရသည်မှာ တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားရတတ်၏။
"ဒါက ဟင်းခတ်အမွှေးအကြိုင် ကွာခြားချက်ကြောင့်ပါ၊ အဲဒီ ဟင်းခတ်အမွှေးအကြိုင်တွေကို ဓားနှလုံးဂူဗိမာန်နဲ့ ရွှေလမြို့တော် ပူးပေါင်းပြီး ထုတ်လုပ်ဖို့ စီစဉ်ကြမလား"
"အဲ့လိုဆိုရင် ဓားနှလုံးဂူဗိမာန်နဲ့ ရွှေလမြို့တော်ရဲ့ ဝင်ငွေကို တိုးစေသလို၊ တစ်ဖက်ကလည်း ရွှေလမြို့တော်နဲ့ ဓားနှလုံးဂူဗိမာန်ကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမှာပါ" ဟု လီကျန့်ယီက သူ၏ အကြံကို ထုတ်ပြောလိုက်သည်။
"အရမ်းကောင်းတာပဲ၊ ဒုတိယစီနီယာအစ်မရဲ့ ယောက်ျား က အရမ်းအမြင်ကျယ်တာပဲ ဒါက တကယ်ကို လေးစားဖို့ကောင်းတယ်" လီကျန့်ယီ၏ ပူးပေါင်းဆောင်ရွက်မှု သတင်းကြောင့် စစ်ကုန်းချန်ဖုန်းတစ်ယောက် ရွှေလမြို့တော်အတွက် ရွှေတွင်းကြီး တွေ့သကဲ့သို့ ခံစားလိုက်ရ၏။
လီကျန့်ယီက ရွှေလမြို့တော်နှင့် ပူးပေါင်းမည်ဆိုခြင်းမှာ ရွှေလမြို့တော်အတွက် အလွန်ပင် အကျိုးရှိလှပေသည်။ သူသည် မိမိ၏ လျှို့ဝှက်ဟင်းခတ်အမွှေးအကြိုင်များကိုသာ ထုတ်ပေးမည်ဆိုပါက ရွှေလမြို့တော်၏ နောက်ထပ် မြို့တော်သခင် ဖြစ်လာနိုင်သည်အထိပင် ဖြစ်၏။
အကယ်၍ လီကျန့်ယီသာ ဓားနှလုံးဂူဗိမာန်၏ ဆက်ခံသူ မဟုတ်ပါက ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့သည် သူ့ကို ရွှေလမြို့တော်၏ စတုတ္ထမြောက် မြို့တော်သခင်အဖြစ် သေချာပေါက် ခန့်အပ်ကြပေလိမ့်မည်။
"အမြင်ကျယ်တာလား၊ ကျွန်တော်က ကျွန်တော်ရဲ့မိသားစု အနာဂတ်အတွက် လုပ်ပေးတာပါ ၊ ပြီးတော့ ဓားတစ်ချက်နဲ့ ခုတ်လိုက်လို့ ပျက်စီးသွားတဲ့ ကောင်းကင်တက်လှေကား မျှော်စင်ကိုပြင်ဖို့ ရွှေလမြို့တော်ကို ပိုက်ဆံပေးချင်ရုံတင်ပါ" ဟု လီကျန့်ယီက သူ့ကို အလွန်ချီးကျူးနေသော စစ်ကုန်းချန်ဖုန်းကို ပြန်လည်ချေပလိုက်သည်။
"မျှော်စင်က နောက်ထပ် ပျက်စီးဦးမှာလား၊ ဒုတိယစီနီယာအစ်မကမျှော်စင်ကို ထပ်ပြီး ဖျက်ဆီးဦးမလို့လား" စစ်ကုန်းချန်ဖုန်း မျက်လုံးပြူးသွား၏။လီကျန့်ယီ၏ စကားများသည် အကြောင်းမဲ့ မဟုတ်ဘဲ အမြဲတမ်း တိကျမှန်ကန်နေတတ်သောကြောင့် ဖြစ်ပေသည်။
လီဆူးဝမ်၏ ရင်ခွင်ထဲတွင်ရှိသော လီဟန်ယီနှင့် ဆင်တူလှသည့် ကျိုးကျိုးလေးကို ကြည့်ရင်း စစ်ကုန်းချန်ဖုန်းက ရေရွတ်လိုက်သည်။
"ဒုတိယ စီနိယာ အစ်မက တစ်ဆယ့်ရှစ်နှစ်မှာ ပိုက်ဆံဖြုန်းတဲ့သူ ဖြစ်ခဲ့တယ်၊ အစ်မရဲ့ သမီးလေးကတော့ တစ်နှစ်သားအရွယ်မှာတင် ပိုက်ဆံဖြုန်းနေဦးမှာလား မသိဘူး"
"တတိယညီလေး မင်းပဲ ပိုက်ဆံဖြုန်း၊ ငါ့ရဲ့ ကျိုးကျိုးလေးက အဲ့ဒီလိုလူမျိုး မဟုတ်ဘူး"
"သူက မနက်ခင်းမှာ အဖေအတွက်... ဆန်ပြုတ်သောက်ဖို့ ခေါ်မဲ့ သမီးလိမ္မာလေးပဲဖြစ်မှာ " လီကျန့်ယီက စစ်ကုန်းချန်ဖုန်းကို မျက်လုံးလှန်ကာ ဒေါသထွက်စွာပြော၏။
သူ၏ ကျိုးကျိုးလေးသည် အလွန်ချစ်ဖို့ကောင်းလှရာ သူမအမေကဲ့သို့ လူသတ်ပြီး ကောင်းကင်သို့ တက်လှမ်းလှေကားကို ဖျက်ဆီးမည့် သူမျိုး ဘယ်သောအခါမှ ဖြစ်မလာနိုင်ဟု သူက ယုံကြည်နေပေသည်။
"အော်... အဲဒါဆိုရင်တော့ တော်သေးတာပေါ့" စစ်ကုန်းချန်ဖုန်း သက်ပြင်းချလိုက်မိ၏။ ဒုတိယစီနီယာအစ်မ တစ်ယောက်ရှိနေရုံနှင့်တင် လုံလောက်နေပြီဖြစ်ရာ ကျိုးကျိုးသာ အဲ့ဒီလို ထပ်ဖြစ်လာလျှင် သူမတတ်နိုင်တော့ပေ။
"ကဲ... တော်ပြီ။ အဖိုး ...ကျွန်တော်ကိုလည်း ကျိုးကျိုးလေးကို ပေးချီပါဦး" လီကျန့်ယီက လက်ကလေး ဆန့်ထုတ်လိုက်၏။ကျိုးကျိုးလေးသည် သူမဖခင်ကို မြင်သောအခါ လက်ကလေးများ ဆန့်ထုတ်ကာ လီကျန့်ယီ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"လာပါဦး... အဖေရဲ့ ဆန်ပြုတ်လေး"
လီကျန့်ယီသည် ကျိုးကျိုးကို လီဆူးဝမ်၏ ရင်ခွင်ထဲမှ လွှဲပြောင်းရယူကာ ပွေ့ချီလိုက်၏။ သူ၏ ကျိုးကျိုးလေးကို သေချာကြည့်ရင်း သူမသည် အလွန်ပင် ဉာဏ်ကောင်းသူ ဖြစ်ကြောင်း သတိထားမိလိုက်သည်။
ဥပမာအားဖြင့် လူကြီးများ ဘာလုပ်သည်ကို သူမက အကြမ်းဖျင်းအားဖြင့် နားလည်နေဟန် ရှိပေသည်။ ဤသည်မှာပင် သူမသည် မွေးရာပါ အဆင့်ကိုးဆင့်အဆင့် ဖြစ်နေရသည့် အကြောင်းရင်း ဖြစ်နိုင်ပေသည်။သူမသည် မွေးစကတည်းကပင် လီကျန့်ယီထက် သာလွန်နေခဲ့ပြီ ဖြစ်၏။
"ကျိုးကျိုးက အရမ်းဉာဏ်ကောင်းတာပဲ၊ ချန်းလော့ ငယ်ငယ်တုန်းကဆို လက်ကလေးတောင် မဆန့်ထုတ်တတ်ဘူး" ဟု ဖုန်းချူးယွီက ဆိုသည်။ မွေးကင်းစကျိုးကျိုးသည် တခြားကလေးများ မလုပ်နိုင်သောအရာများကို လုပ်ဆောင်နိုင်ရုံသာမက ရုပ်ရည်မှာလည်း တခြားကလေးများနှင့် မတူပေ။
ပုံမှန်အားဖြင့် မွေးစကလေးများသည် ဖွံ့ဖြိုးမှု မပြည့်စုံသေးသဖြင့် ကြည့်မကောင်းတတ်ကြပေ။ အချိန်အတော်ကြာမှသာ ဖြူဖွေးနုနယ်ပြီး ချစ်ဖို့ကောင်း လာတတ်ကြသည်။ သို့သော် ကျိုးကျိုးလေးမှာမူ ထိုအခြေအနေကို ကျော်ဖြတ်ခဲ့ပြီး မွေးစကတည်းကပင် လူတိုင်းချစ်ခင်ရသည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။
"တကယ်ပါပဲ"
စစ်ကုန်းချန်ဖုန်းသည်လည်း ကျိုးကျိုးက တခြားကလေးများနှင့် ကွဲပြားနေသည်ကို မြင်ရသဖြင့် အံ့အားသင့်နေမိသည်။
ထို့နောက် သူက ရုတ်တရက် ဆိုလိုက်၏။
"ဒါက ယီယီက ဆန်းကြယ်နတ်ခရီးအဆင့် ထဲဝင်သွားလို့ ကျိုးကျိုးလေးကပါ အရှိန်အဝါ ရသွားတာများလား"
"ကျွန်တော်က ဆန်းကြယ်နတ်ခရီးအဆင့်နယ်ပယ်ကိုတောင် ကျော်လွန်နေပါပြီ" ဟု လီကျန့်ယီက ပြင်ဆင်ပေးလိုက်၏။
"ကျော်လွန်သွားပြီ ဟုတ်လား" စစ်ကုန်းချန်ဖုန်း မှင်တက်သွားရသည်။သူကိုယ်တိုင်က ချုပ်နှောင်မဲ့အဆင့် တွင်သာ ရှိနေသေးသော်လည်း လီကျန့်ယီမှာ ဆန်းကြယ်နတ်ခရီးအဆင့် ကိုပင် ကျော်လွန်သွားပြီ ဖြစ်၏။
"ဟုတ်တယ်... အဲဒါက မြေကမ္ဘာနတ်ဘုရားနယ်ပယ်ရဲ့ အထက်မှာရှိတဲ့ မသေမျိူးတန်ခိုးရှင် နယ်ပယ်ပဲ" ဟု လီကျန့်ယီက ရှင်းပြလိုက်သည်။
"ဟူး... ဒုတိယ အစ်ကိုကတော့ တကယ်ကို ပါရမီပါလွန်းတယ်" စစ်ကုန်းချန်ဖုန်း အံ့သြလွန်း၍ စကားပင် မဆိုနိုင်တော့ပေ။
ထို့နောက် သူဖတ်ဖူးသော ရှေးဟောင်းစာအုပ်များထဲမှ အလွန်ထူးချွန်သည့် ပုဂ္ဂိုလ်တစ်ဦးအ ကြောင်းကို သတိရသွားသည်။ထို ပုဂ္ဂိုလ်နှင့် နှင့် ပတ်သက်သည့် တိရစ္ဆာန်များပင် ကောင်းကင်ဘုံသို့ ရောက်ရှိသွားကြောင်း ရေးသားထား၏။
မိဘများက သိုင်းပညာတွင် အလွန်အမင်း ထူးချွန်ပြီး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပါက သူတို့၏ သားသမီးများသည်လည်း အလိုအလျောက် ထိပ်တန်းအဆင့်သို့ ရောက်ရှိနိုင်ပေသည်။ ကျိုးကျိုးကဲ့သို့ပင် သူမ၏ အနာဂတ်သည် ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိရန်မှာ အလွန်သေချာနေပြီ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူမတွင် နတ်ဘုရားနယ်ပယ်အထက်သို့ ရောက်ရှိနေသည့် ဖခင်တစ်ဦး ရှိနေသောကြောင့် ဖြစ်ပေသည်။ ထို့ပြင် မိခင်ဖြစ်သူသည်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သော နယ်ပယ်သို့ ရောက်ရှိရန် မဝေးတော့ပေ။
"ဒါက တကယ်ကို မယုံနိုင်စရာပဲ၊ ငါက ကြိုးစားရင် ယီယီနဲ့ အလှမ်းမဝေးဘူးလို့ ထင်ခဲ့တာ၊ အခုတော့ သူက ငါတို့နဲ့ အဝေးကြီးကို ရောက်သွားပြီပဲ" ဟု ပိုင်လီတုန်းကျွင်းက သက်ပြင်းချရင်း ဆိုလိုက်လေသည်။