← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း ၂၀၇ မွေးနေ့စားပွဲ

"တကယ်ပါပဲ... ကျိုးကျိုးလေးက ကျွန်မကို 'မေမေ' လို့ ခေါ်မဲ့ အချိန်ကို တကယ်ကို မျှော်လင့်နေမိတာ"

လီဟန်ယီသည် သူမ၏ရင်ခွင်ထဲရှိ ချစ်စဖွယ်ကောင်းသော ကလေးငယ်လေးကို ကြည့်ရင်း မျှော်လင့်တောင့်တမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောလိုက်၏။

"စိတ်မပူပါနဲ့ ဟန်ယီရယ်၊ အဲဒီနေ့က သိပ်မဝေးတော့ပါဘူး၊ ငါတို့ရဲ့ ကျိုးကျိုးလေးက အရမ်းဉာဏ်ကောင်းတာပဲလေ"

" ကိုယ်ရဲ့ ဇနီးက 'မေမေ' လို့ ခေါ်တာကို ဒီလောက်တောင် သဘောကျနေမှတော့ ကျိုးကျိုးလေးအတွက် နောက်ထပ် ညီလေးတစ်ယောက် ထပ်မွေးပေးရမှာပေါ့၊ အဲ့ဒီအခါကျရင်တော့ ကလေးတွေက မင်းကို ဝိုင်းခေါ်ကြလို့ ဇနီးလေးရဲ့ ခေါင်းတောင် ကိုက်သွားမလားပဲ" လီကျန့်ယီ၏ စကားများမှာ တဖြည်းဖြည်းနှင့် ပို၍ အတင့်ရဲလာလေသည်။

လီဟန်ယီမှာ အစပိုင်းတွင် စိတ်လှုပ်ရှားနေသော်လည်း ကလေးများစွာက သူမကို "မေမေ" ဟု ဝိုင်းအော်နေမည့် မြင်ကွင်းကို တွေးမိသောအခါ ဆွံ့အသွားရ၏။

"ယီယီ... ကျိုးကျိုးလေး တစ်ယောက်တည်းနဲ့ မလုံလောက်ဘူးလား" လီဟန်ယီက နှုတ်ခမ်းလေးစူကာ မေးလိုက်သည်။

"လုံလောက်တာပေါ့၊ ဒါပေမဲ့ ကလေးအတွက် အဖော်ရအောင် နောက်တစ်ယောက်လောက် ထပ်ယူရင်ရော ဘယ်လိုလဲ" လီကျန့်ယီက လီဟန်ယီ၏ နူးညံ့သော လက်ကလေးကို ဆုပ်ကိုင်ရင်း တိုင်ပင်ဆွေးနွေးနေတော့သည်။

"ကောင်းပြီလေ... နောက်ထပ်တစ်ယောက်ပဲနော်၊ အဲ့ဒီထက်ပိုရင်တော့ ကျွန်မတို့ ထိန်းနိုင်မှာ မဟုတ်တော့ဘူး" လီဟန်ယီက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ သဘောတူလိုက်၏။

"အင်း" လီကျန့်ယီက လက်လှမ်း၍ လီဟန်ယီ၏ ပါးပြင်လေးကို ဆွဲညှစ်လိုက်သည်။

"ကဲ... မညစ်နဲ့တော့ ချန်းစန်းတောင်က နည်းနည်းအေးတယ်၊ ကျွန်မလည်း ဓားကျင့်တာ ပြီးပြီဆိုတော့ သမီးလေးကို အိမ်ပြန်ခေါ်သွားကြရအောင်"

ချန်းစန်းတောင်၏ ပတ်ဝန်းကျင်မှာ ကလေးငယ်အတွက် မသင့်တော်ဟု လီဟန်ယီ ခံစားရသဖြင့် ကျိုးကျိုးလေးကို ပွေ့ချီကာ တောင်အောက်သို့ ဆင်းလာခဲ့ကြသည်။

တောင်အောက်ရောက်သောအခါ လီဟန်ယီသည် ကျိုးကျိုးလေးကို ခေါ်ဆောင်၍ ကိုယ်ဝန်သုံးလကျော် ရှိနေပြီဖြစ်သော ရွဲ့ယောင်၏အိမ်နှင့် ဖုန်းချူးယွီတို့ထံသို့ လိုက်လံလည်ပတ်ခဲ့၏။ မည်သို့ပင်ဆိုစေကာမူ လီဟန်ယီသည် ဤကဲ့သို့ ရိုးရှင်းအေးချမ်းသော ဘဝလေးကို ကျေနပ်နှစ်သက်နေပေသည်။ထိုသို့ဖြင့် အချိန်များမှာ ကုန်ဆုံးသွားခဲ့ရာ တစ်လဆိုသော အချိန်ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ယနေ့သည် အဖိုးဖြစ်သူ လီဆူးဝမ်မှာ တက်ကြွာစွာပင် ကျိုးကျိုးလေးအတွက် မွေးနေ့အခမ်းအနား ကျင်းပပေးသည့် နေ့ဖြစ်ပြီး မွေးနေ့ကို ဓားနှလုံးဂူဗိမာန်၌ ကျင်းပသည်။ထို့ကြောင့် တစ်နှစ်ကျော်ကြာပြီးနောက် ဓားနှလုံးဂူဗိမာန်သည် တစ်ကျော့ပြန် ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်နှက်နေပြန်သည်။

ဓားနှလုံးဂူဗိမာန်၏ အပြင်ဘက်တွင်မူ လီဆူးဝမ်သည် ကျိုးကျိုး၏ မွေးနေ့စားပွဲသို့ တက်ရောက်လာသော ဧည့်သည်တော်များကို နွေးထွေးစွာ ကြိုဆိုနေသည်။ ချင်းချန်တောင်၏ ဂိုဏ်းချုပ် လုစုကျန်းပင်လျှင် ယခုအကြိမ်တွင် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့၏။

ထိပ်တန်းအင်အားစုတစ်ခု၏ ခေါင်းဆောင်ဖြစ်သလို နတ်ဘုရားနယ်ပယ်နှင့် အနီးစပ်ဆုံးရှိနေသည့် ထိပ်တန်းပညာရှင်တစ်ဦး ရောက်ရှိလာခြင်းက လူအများကြားတွင် ဟိုးဟိုးကျော် သွားစေသည်မှာ ယုံမှားသံသယရှိရန် မလိုပေ။

"ဂိုဏ်းချုပ်လု... ဓားနှလုံးဂူဗိမာန်ရဲ့ သခင်လေးလီမှာ သမီးလေးရတာကို ဂိုဏ်းချုပ်ကိုယ်တိုင် အချိန်ပေးပြီး မွေးနေ့ပွဲ တက်ရောက်လာလိမ့်မယ်လို့ ကျွန်တော် တကယ်မထင်ထားမိဘူး" လဲ့ဂိုဏ်းမှ လဲ့ကျင်းမှာ အံ့အားသင့်နေမိသည်။

ပုံမှန်အခြေအနေအရ လုစုကျန်းကဲ့သို့ ပုဂ္ဂိုလ်မျိုးက တောင်အောက်သို့ မည်သို့ ဆင်းလာနိုင်ပါမည်နည်း။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျောက်ယုကျန်းကို ချင်းချန်တောင်သို့ ပွေ့ချီခေါ်ဆောင်သွားခဲ့သည့် တစ်ကြိမ်မှလွဲ၍ ကျင့်ကြံသူလောကသားများအနေဖြင့် လုစုကျန်း တောင်ပေါ်မှ ဆင်းလာသည်ကို မမြင်ဖူးကြချေ။

"ဒုဂိုဏ်းချုပ်လဲ့... အချိန်တွေက ပြောင်းလဲသွားပါပြီ၊ ချင်းချန်တောင်မှာ နတ်ဆရာအသစ် ပေါ်ထွက်လာပြီဆိုတော့ ဒီအဖိုးကြီးက တောင်ကို ဆက်စောင့်နေဖို့ မလိုတော့ဘူးလေ" ဂိုဏ်းချုပ်လုက ယဉ်ကျေးစွာ ပြုံး၍ ရှင်းပြလိုက်သည်။

"ဟုတ်သားပဲ၊ ချင်းချန်တောင်မှာ ဆက်ခံသူရှိသလို နတ်ဓားရှင်တစ်ဦးလည်း ရှိနေပြီ ပဲ" လဲ့ကျင်းသည် ပိုင်ရှောင်တန်မှ အကြီးမြတ်ဆုံး နတ်ဓားရှင်ငါးဦးစာရင်းတွင် ထည့်သွင်းထားသော ကျောက်ယုကျန်းကို ပြေးမြင်မိသွား၏။

"မကြာခင်မှာ လဲ့ဂိုဏ်းမှာလည်း နတ်ဓားရှင်တစ်ဦး ပေါ်ထွက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လုစုကျန်းက လဲ့ကျင်း၏နောက်တွင် ပါလာသော လဲ့ဝူကျဲကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောသည်။

"လဲ့ဂိုဏ်းမှာလည်း နတ်ဓားရှင် ပေါ်လာဦးမယ် ဟုတ်လား၊ ကျွန်တော်တို့ လဲ့ဂိုဏ်းရဲ့ ဘိုးဘေးအစဉ်အဆက် စည်းကမ်းချက်က ဓားပညာကို မသင်ယူဖို့ တားမြစ်ထားတာလေ..." လဲ့ကျင်းက ဝေခွဲမရဖြစ်နေသည်။

"သခင်လေးလီက ပြိုင်ဘက်ကင်း နတ်ဓားရှင်၊ မိန်းကလေးလီကလည်း ပြိုင်ဘက်ကင်း နတ်ဓားရှင်ပဲ။ သူတို့မောင်ဖြစ်တဲ့ သခင်လေးလဲ့က ဓားအကြောင်း တကယ်ပဲ ဘာမှ မသိဘူးလို့ ခင်ဗျား တွေးနေတာလား" လုစုကျန်းက ပြုံးလျက် ဆို၏။

"ကျွန်တော် သိတာပေါ့၊ ကျွန်တော်အစ်မက ကျွန်တော်ကို 'စွမ်းရည်သုံးပါးဓားသိုင်း' သင်ပေးထားတယ်လေ" လဲ့ဝူကျဲက လဲ့ကျင်းကို ကြည့်ကာ ကို့ရိုးကားယားဖြင့် ပြောလိုက်သည်။

"စွမ်းရည်သုံးပါးဓားသိုင်းလို အခြေခံဓားသိုင်းကနေ နတ်ဓားရှင်တစ်ယောက် ဖြစ်လာနိုင်ပါ့မလား၊ တကယ်လို အဲ့အခြေခံဓားသိုင်းနဲ့ နတ်ဓားရှင်ဖြစ်နိုင်ရင် နတ်ဓားရှင်ဖြစ်ဖို့ အရမ်းလွယ်ကူသွားတယ်မလား" လဲ့ကျင်းက ယင်းမှာ ဖြစ်နိုင်ခြေနည်းသည်ဟု ခံစားနေရဆဲ ဖြစ်သည်။

"အဲ့ဒါကို ဘယ်သူက ပြောနိုင်မလဲ၊ ရုတ်တရက် ဉာဏ်အလင်းသွားကြပြီး ကိုယ်ပိုင်ဓားကွက်ကို ထုတ်ဖော်နိုင်တဲ့လူလည်းရှိခဲ့တာ်ပဲ ၊အကြီးမြတ်ဆုံး နတ်ဓားရှင်ငါးဦးထဲက တစ်ဦးဖြစ်တဲ့ ကွန်ဖြူရှပ် နတ်ဓားရှင်ဆိုရင်လည်း စာဖတ်ရင်းနဲ့ နတ်ဓားရှင် ဖြစ်လာတာ မဟုတ်ဘူးလား" လုစုကျန်းက ရှဲ့ရွမ်ကို ဥပမာပေးကာ ရယ်မောပြောဆိုလိုက်၏။

လဲ့ကျင်းမှာမူ ဆွံ့အသွားရလေသည်။ ရုတ်တရက် လဲ့ဝူကျဲသည်လည်း တကယ်ပင် ပြိုင်ဘက်ကင်း နတ်ဓားရှင် ဖြစ်လာနိုင်သည်ဟု သူ ခံစားလိုက်ရ၏။ ရှဲ့ရွမ်ကဲ့သို့ ထူးဆန်းသော လူမျိုးတောင် ရှိနေသည် မဟုတ်ပါလား။ထို အချိန်တွင် လုစုကျန်းက ရှဲ့ရွမ်အကြောင်း ပြောလိုက်သောအခါ အမည်ဝှက်တစ်ခုဖြင့် အသက်မွေးနေသော ရှဲ့ရွမ်မှာ ထိတ်လန့်သွားရသည်။ သူ၏ အမှတ်အသားကို လုစုကျန်း ရိပ်မိသွားပြီလားဟု သူ စိုးရိမ်နေမိခြင်းပင် ဖြစ်၏။

ရှဲ့ရွမ်သည် စာဖတ်ခြင်းနှင့် မိန်းမလှလေးများကို ငေးကြည့်ခြင်းအပြင် သတင်းအတင်းအဖျင်း စုဆောင်းရသည်ကိုလည်း အလွန်ဝါသနာပါသူ ဖြစ်သည်။ ထူးခြားသော အဖြစ်အပျက်များရှိရာတိုင်းတွင် သူ ရှိနေတတ်သော်လည်း အမည်ဝှက်များစွာ အသုံးပြုတတ်သောကြောင့် မည်သူက ရှဲ့ရွမ်ဖြစ်သည်ကို မည်သူမျှ ခန့်မှန်းနိုင်ခြင်း မရှိကြပေ။

ယခုအခါ သူသည် ချမ်းသာသော သူဌေးသားလေးတစ်ဦးအသွင် ပြင်ဆင်ထားပြီး ထိုသူဌေးသားလေးမှာလည်း အပြင်လောကတွင် အမှန်တကယ် တည်ရှိသူ ဖြစ်သည်။

"ယွန့်ကျိူး မြို့တော်က ယွမ်မိသားစုရဲ့ ယွမ်ဖေးယန်က အကြီးအကဲလီရဲ့ မြစ်မလေးအတွက် ဂုဏ်ပြုဖို့ ရောက်လာပါတယ်" ရှဲ့ရွမ်က သူဌေးသားလေးအသွင်ဖြင့် ဂုဏ်ပြုစကား ဆိုလိုက်၏။

"ကြွပါ... ကြွပါ" လီဆူးဝမ်သည် ရှဲ့ရွမ်ကို ကြည့်ကာ ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း ဖိတ်ကြားရန်သာ ရွေးချယ်လိုက်သည်။

သူအနေဖြင့် ယွမ်မိသားစုမှ မည်သူ့ကိုမျှ ဖိတ်ကြားခဲ့ခြင်း မရှိသောကြောင့် ဇဝေဇဝါ ဖြစ်သွားခြင်းပင်။ သို့သော်လည်း လူအများက ဝေးလံသော အရပ်မှ ဂုဏ်ပြုရန် လာရောက်ကြခြင်းဖြစ်ရာ ငြင်းပယ်ရန် အကြောင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ တန်ဂိုဏ်း သို့မဟုတ် ဝူ‌ဆောင်းမြို့တော်မှ လူများ မဟုတ်လျှင်ပင် ရပြီဖြစ်သည်။ ထိုအင်အားစုနှစ်ခုမှာ သူ၏ ဓားနှလုံးဂူဗိမာန်ကို အထင်အမြင်သေးခဲ့ကြသည့် အင်းအားစုများဖြစ်သည်။

"အဖိုး... ဒါဆို ကျွန်တော်နဲ့ ဒုဂိုဏ်းချုပ်လဲ့ကျင်းတို့က တူမလေးကို သွားကြည့်လိုက်ဦးမယ်နော်" လဲ့ဝူကျဲသည်လည်း လီဆူးဝမ်ကို နှုတ်ဆက်ပြီးနောက် စိတ်မရှည်စွာဖြင့် ဓားဆောင်ဆီသို့ ဦးတည်သွားတော့သည်။

"ဒီကလေးကတော့..." လီဆူးဝမ်က မြေးဖြစ်သူကို ကြည့်ကာ ခေါင်းရမ်းမိ၏။

"အကြီးအကဲလီ... မတွေ့ရတာ ကြာပြီနော်၊ အရင်အတိုင်း ခန့်ညားနေတုန်းပါပဲ" ရှို့ရွှေစံအိမ်မှ လျူယဲ့သည် သူ၏ တပည့် ရင်လော့ရှားနှင့်အတူ ဂုဏ်ပြုရန် ရောက်ရှိလာသည်။

"သခင်လေးလျူ ....ခင်ဗျားလည်း အရင်အတိုင်း ရုပ်ချောတဲ့ လူငယ်လေး ဖြစ်နေတုန်းပဲ " လီဆူးဝမ်က ပြုံးရွှင်စွာဖြင့် လျူယဲ့ကို ဂူဗိမာန်အတွင်းသို့ ဖိတ်ခေါ်လိုက်၏။

"မဟုတ်တာ အကြီးအကဲလီရာ... ကျွန်တော်က အရင်လို လူငယ်လေး မဟုတ်တော့ပါဘူး၊ ဒီခေတ်ကြီးက သခင်လေးလီတို့လို လူငယ်တွေရဲ့ ခေတ်ဖြစ်သွားပြီလေ" လျူယဲ့က နှိမ့်ချစွာဖြင့် ခေါင်းခါလိုက်သည်။

" သခင်လေးလျူမှာလည်း အလှအပစာရင်းဝင်တဲ့ ရင်လော့ရှားလို တပည့်ကောင်းတစ်ယောက် ရှိနေတာပဲ မဟုတ်လား" လီဆူးဝမ်က ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရင်လော့ရှားကို ကြည့်ကာ ပြောလိုက်၏။

"အဲဒါတော့ ဟုတ်ပါတယ်၊ ကျွန်တော်တပည့်ရဲ့ ခွန်အားက သိပ်မပြောပလောက်ပေမဲ့ ရုပ်ရည်ကတော့ ကျွန်တော်လိုပဲ အပြစ်ပြောစရာ မရှိပါဘူး" လျူယဲ့က တပည့်ဖြစ်သူ၏ ရုပ်ရည်ကို ဂုဏ်ယူစွာထုတ်ဖော်ချီးမွမ်းသည်။

"ဆရာ... တခြားလူတွေက ပြောတာဆိုရင် ကိစ္စမရှိပေမဲ့ ဆရာဘာသာဆရာ အဲ့ဒီလိုပြောတာကြ နည်းနည်းမရှက်ဘူးလား" ရင်လော့ရှားက လျူယဲ့ကို မျက်စောင်းထိုးလိုက်၏။

"ဘာလို့ ရှက်ရမှာလဲ... အပြောခံနေရတာ ငါမှမဟုတ်တာ" လျူယဲ့က ယုံကြည်မှုအပြည့်ဖြင့် ရယ်မောကာ ဂူဗိမာန်အတွင်းသို့ ဝင်သွားတော့သည်။

"ဆရာနော်..." ရင်လော့ရှားက စိတ်တိုတိုဖြင့် ခြေဆောင့်ကာ လျူယဲ့နောက်သို့ လိုက်သွားလေသည်။

ဧည့်သည်တော်များ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြရာ ဓားဆောင်အတွင်း၌ လူစည်ကားလှပေသည်။ အထူးသဖြင့် အဓိကဇာတ်ဆောင်လေးဖြစ်သော ကျိုးကျိုးလေး၏ အနီးတွင် ဧည့်သည်တော်များက ဝိုင်းအုံကာ စနောက်နေကြ၏။

အပျော်ဆုံးလူမှာမူ ဧည့်သည်များထက်ပင် ပို၍ စိတ်လှုပ်ရှားနေသော ကျိုးကျိုး၏ ဦးလေးအရင်းခေါက်ခေါက် လဲ့ဝူကျဲပင် ဖြစ်သည်။ ယခုအခါ လဲ့ဝူကျဲမှာ ခြောက်နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏အစ်မဖြစ်သူမှာ တူမလေးတစ်ယောက် မွေးဖွားပေးလိုက်ပြီဟု သိလိုက်ရကတည်းက အလွန်အမင်း မျှော်လင့်တောင့်တစွာဖြင့် အပြေးအလွှား ရောက်လာခဲ့ခြင်း ဖြစ်သည်။

"အစ်မ... ယောက်ဖ၊ ဒါက ကျွန်တော်ရဲ့ တူမလေးလား"

လဲ့ဝူကျဲသည် လီကျန့်ယီ၏ ရင်ခွင်ထဲရှိ ကလေးငယ်လေးကို မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေပါတော့သည်။သူသည် တကယ်ပင် ဦးလေးတစ်ယောက်ဖြစ်လာပြီဖြစ်သည်။

အခန်း၂၀၈ ဦးလေးကောင်းတစ်ယောက်

လဲ့ဝူကျဲသည် အပြစ်ကင်းစင်မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် ကျိုးကျိုးလေးကို ငေးကြည့်နေ၏။ ထို့အတူ ဆောင်းဦးရေပြင်ကဲ့သို့ တောက်ပသော မျက်လုံးအစုံရှိသည့် ကျိုးကျိုးလေးကလည်း လဲ့ဝူကျဲကို မြင်သောအခါ အံ့အားသင့်သွားပုံရပေသည်။

ယခုအခါ သူမသည် ငါးလသားအရွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူမနှင့် သိပ်မကွာလှသော လူကောင်သေးသေးလေးဖြစ်သည့် ဦးလေးလေးကို မြင်သောအခါ လက်ကလေးများ ဝေ့ယမ်းလျက်

"အီးယား... အီးယား" ဟု အသံပြုလိုက်၏။

"အီးယား... အီးယား" လဲ့ဝူကျဲမှာ ဇဝေဇဝါဖြစ်သွားပြီး လီကျန့်ယီနှင့် လီဟန်ယီတို့ကို ကြည့်ကာ "ယောက်ဖ ...အစ်မ၊ ကျွန်တော့်တူမလေးက ဘာပြောတာလဲဟင်" ဟု မေးမြန်းလိုက်သည်။

"သူပြောချင်တာကတော့ ရှင်းပါတယ်၊ ဒီလောက်ငယ်တဲ့ ဦးလေးမျိုး ရှိလိမ့်မယ်လို့ သူ မထင်ထားဘူးတဲ့" လီကျန့်ယီက စိတ်ကူးပေါက်ရာ အကြောင်းပြချက်တစ်ခုကို ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်၏။ မည်သို့ပင်ဆိုစေ ကလေးငယ်များမှာ စကားမပြောနိုင်သေးသဖြင့် သူတို့ ဘာတွေးနေသည်ကို မည်သူမှ မသိနိုင်ပေ။

"ကျွန်တော်လို ငယ်တဲ့ ဦးလေးရှိတယ်လို့ မတွေးဖူးဘူး ဟုတ်လား၊ ဦးလေးက ကျန်းနန်မိုးကြိုးခန်းမရဲ့ အတော်ဆုံး တပည့်တစ်ယောက်ဆိုတာ တူမလေကို သိအောင် ပြောပြရမှာပဲ"

"ဦးလေးရဲ့ မျိုးရိုးက 'လဲ့' ပါ၊ နာမည်ကတော့ 'ဝူကျဲ' တဲ့" လဲ့ဝူကျဲက မိမိကိုယ်ကိုယ် ကျိုးကျိုးလေးအား ချက်ချင်း မိတ်ဆက်လိုက်၏။

"အီးယား... အီးယား" ကျိုးကျိုးလေးက နားလည်သယောင်ဖြင့် အလေးအနက် ခေါင်းညိတ်ပြရာ ချစ်စဖွယ် အလွန်ကောင်းလှ၏။

"မဆိုးဘူး... ငါ့တူမလေးက ငါ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ ပါလာတာပဲ" လိမ္မာယဉ်ကျေးသော တူမလေးကို မြင်သောအခါ လဲ့ဝူကျဲသည် ကိုယ်ကို မတ်လိုက်ရာ သူ၏ပုံစံမှာ ပို၍ ခန့်ညားထည်ဝါလာပုံရပေသည်။

သို့သော်လည်း.. ထိုအပြစ်ကင်းစင်ပြီး တုံးအအဖြစ်နေသော မျက်လုံးများက ထိုခန့်ညားမှုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပါတော့သည်။ထျန်ချီမြို့မှ ဓားနှလုံးဂူဗိမာန်သို့ ကြိုတင်ရောက်ရှိနေသော လီရှင်းယွဲ့သည် ဤမြင်ကွင်းကို မြင်သောအခါ ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာကို လက်နှင့် အုပ်လိုက်မိ၏။

အဓိကပြဿနာမှာ သူမ၏ တုံးအအသားလေးမှာ ဟန်ဆောင်နေသော်လည်း ပုံမလာသဖြင့် သူမအတွက် ကြည့်ရသည်မှာ ရှက်စရာကောင်းနေခြင်းပင် ဖြစ်သည်။

သူမသည် လဲ့ဝူကျဲထံသို့ သွားရောက်ကာ နေကောင်းကျန်းမာရဲ့လားဟု မေးမြန်းရန် ရည်ရွယ်ထားသော်လည်း ဤအဖြစ်အပျက်ကြောင့် လီဟန်ယီ၏ ဘေးနားတွင်သာ ရပ်တန့်နေမိတော့၏။

"မေမေ..."

လဲ့ဝူကျဲသည် လီဟန်ယီ၏ ဘေးနားရှိ လီရှင်းယွဲ့ကို မြင်သောအခါ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ ထိုခဏ၌ လူအားလုံး၏ အကြည့်များမှာ လီရှင်းယွဲ့ထံသို့ ရောက်ရှိသွားပါတော့သည်။

ဂိုဏ်းချုပ်လုစုကျန်းက "မိန်းကလေးလီက 'လရောင်နှင့်အတူ ဓားနှလုံးသား' ဆိုတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်၊ မိန်းက‌ လေးလီရဲ့ ကလေးနှစ်ယောက်စလုံးကလည်း ထူးချွန်တဲ့ ပါရမီရှင်တွေပဲ" ဟု အလွန်အမင်း ချီးမွမ်းစကား ဆိုလိုက်၏။

"ဟားဟား... ဂိုဏ်းချုပ်လုက မြှောက်ပင့်လွန်းနေပါပြီ၊ ကျွန်မသမီးကတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ကျွန်မသားကတော့ ကြိုးစားနေရတုန်းပါပဲ..." လီရှင်းယွဲ့သည် လီဟန်ယီအကြောင်း ပြောလျှင် ဂုဏ်ယူနေသော်လည်း သူမ၏ သားဖြစ်သူအကြောင်းကိုမူ ပြောပြစရာ ဘာမျှ မရှိသေးပေ။

လဲ့ဝူကျဲ၏ သိသာထင်ခြားသည့် ထူးခြားချက်မှာ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အပြစ်ကင်းစင်သည့် တုံးအအ ပုံစံလေးသာ ဖြစ်သည်။

"ကြိုးစားနေရတုန်း ဟုတ်လား၊ အပြစ်ကင်းစင်တဲ့ နှလုံးသားကိုယ်ပိုင်ဆိုင်တဲ့သခင်လေး ဝူကျဲရဲ့ အနာဂတ်ကလည်း အလွန်တောက်ပနိုင်ပါတယ်" လုစုကျန်းက လီရှင်းယွဲ့၏ စကားကို ထောက်ခံလိုက်၏။ လဲ့ဝူကျဲတွင် ပါရမီရှိသော်လည်း ၎င်းကို အလဟဿ မဖြုန်းတီးဘဲ ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း သူက အကြံပြုခြင်းပင် ဖြစ်သည်။

"အပြစ်ကင်းစင်တဲ့ နှလုံးသား ဟုတ်လား" လီရှင်းယွဲ့သည် ထိုစကားကို ကြားသောအခါ ဇဝေဇဝါ ဖြစ်သွားရ၏။

"လောကီရေးရာတွေရဲ့ နှောင့်ယှက်မှုကို တစ်ခါမှ မခံရဖူးတဲ့သူက အပြစ်ကင်းစင်တဲ့ နှလုံးသားပိုင်ရှင်ပါပဲ၊ အဲဒီလိုလူမျိုးက အရာရာကို လျင်မြန်စွာ သင်ယူနိုင်ပြီး ထူးခြားတဲ့ အမြင်တွေ ရှိတတ်သလို တခြားသူတွေကိုလည်း အမြဲတမ်း အံ့အားသင့်စေတတ်ပါတယ်"

"ဒုဂိုဏ်းချုပ်လဲ့က သခင်လေးဝူကျဲကို နတ်ဓားရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ ထင်နေပေမဲ့ နောင်တစ်ချိန်မှာ ဝူကျဲက ဝတ်စုံနီနဲ့ နတ်ဓားရှင်တစ်ယောက် ဖြစ်လာပြီး ဒုဂိုဏ်းချုပ်လဲ့အတွက် ဂုဏ်ယူစရာတွေ ယူဆောင်လာပေးဦးမှာပါ" လုစုကျန်းက အရွှန်းဖောက်ကာ ပြောလိုက်၏။

"ဟား... ဒီကလေးက သူ့အဖေလိုပဲ လဲ့မိသားစုရဲ့ ဘိုးဘေးအစဉ်အဆက် စည်းကမ်းတွေကို ချိုးဖောက်ဦးမှာပေါ့ ဟုတ်လား" လဲ့ကျင်းက ဟန်ဆောင်ပန်ဆောင် ဒေါသထွက်ပြလိုက်၏။

"ဘိုးဘေးတွေရဲ့ စည်းကမ်းနဲ့ ပြိုင်ဘက်ကင်း နတ်ဓားရှင်၊ ဘယ်ဟာက ပိုအရေးကြီးသလဲ" လုစုကျန်းက ပြုံးလျက် မေးလိုက်၏။

"ပြိုင်ဘက်ကင်း နတ်ဓားရှင် ဖြစ်လာမယ်ဆိုရင်တော့ အရေးကြီးတာပေါ့၊ ဒါပေမဲ့ ဒီကလေးက တကယ်ပဲ ဖြစ်လာနိုင်ပါ့မလားဆိုတာပေါ်မှာပဲ မူတည်ပါတယ် မဟုတ်ရင်တော့ လဲ့မိသားစုရဲ့ ဝူဖန်းလက်သီးကိုပဲ အေးအေးဆေးဆေး သင်ယူရမှာပါ" လဲ့ကျင်းက လက်တွေ့ကျကျ ပြောဆိုလိုက်သည်။

"ဒါပေါ့" လုစုကျန်းက ပြုံးလိုက်၏။

ထို့နောက် လီကျန့်ယီ၏ ဖိတ်ကြားချက်အရ လုစုကျန်းနှင့် လဲ့ကျင်းတို့သည် တစ်ဦးနှင့်တစ်ဦး ဝါစဉ်တူသဖြင့် စားပွဲတစ်ခုတည်းတွင် အတူတူ ထိုင်လိုက်ကြသည်။

"အစ်မ..ကျွန်တော် တူမလေးကို ချီလို့ ရမလားဟင်"

လဲ့ဝူကျဲသည် လီကျန့်ယီ၏ ဘေးသို့ စိတ်လှုပ်ရှားစွာ ပြေးလာခဲ့၏။ သူ၏ ကြည်လင်သော မျက်လုံးများထဲတွင် ကျိုးကျိုးလေးကို ချီချင်နေသည့် ဆန္ဒများ အထင်အရှား မြင်တွေ့နေရပေသည်။

"ရတာပေါ့... ဒါပေမဲ့ ဝူကျဲ၊ ကျိုးကျိုးလေး ငိုမသွားအောင် သတိထားဦးနော်" လီကျန့်ယီက မှာကြားပြီးနောက် ကျိုးကျိုးလေးကို လဲ့ဝူကျဲ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

လဲ့ဝူကျဲမှာ အလွန်ရင်ခုန်နေပြီး ကလေးငယ်လေးကို ဂရုတစိုက် ပွေ့ချီထားလိုက်သည်။ ထို့နောက် ရင်ခွင်ထဲရှိ ကလေးလေးကို ကြည့်ကာ "ကျိုးကျိုးလေးလား... ဦးလေးက သမီးနာမည်ကို သိသွားပြီ၊ ဦးလေးက သမီးလေးကို အမြဲတမ်း ကာကွယ်ပေးသွားမှာပါ" ဟု ပြောလိုက်၏။

"အီးယား... အီးယား"

ကျိုးကျိုးလေးက မျက်လုံးလေးများ ပြူးကြည့်ကာ သူမ၏ လက်ကလေးကို လှမ်းလိုက်သည်။ တူမလေးက သူ့ကို လက်ဆွဲနှုတ်ဆက်ချင်သည်ဟု ထင်မှတ်ကာ ကျိုးကျိုးလေး၏ လက်ကလေးကို ပျော်ရွှင်စွာ ဆုပ်ကိုင်လိုက်၏။

သို့သော်လည်း...နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာအမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။

"အား... အား... အား၊ ကျိုးကျိုးလေး၊ ဘယ်လိုလုပ် ဒီလောက်တောင် အားသန်နေရတာလဲ" လဲ့ဝူကျဲမှာ နာကျင်လွန်းသဖြင့် ဆွံ့အသွားရ၏။

ကျိုးကျိုးလေးသည်လည်း ယင်းကို သတိထားမိသွားပုံရပြီး လက်ကို ချက်ချင်း လွှတ်လိုက်ကာ "အီးယား... အီးယား" ဟု အသံပြုလိုက်သည်။ ၎င်းမှာ "သမီးက ဦးလေးရဲ့ ကာကွယ်မှုကို မလိုပါဘူး" ဟု ပြောနေသကဲ့သို့ပင်။

"အစ်မ... ယောက်ဖ၊ ဒီမှာ တူမလေးကို ပြန်ယူပါတော့" လဲ့ဝူကျဲမှာ အဆိတ်ခံလိုက်ရသဖြင့် နာကျင်သွားကာ ချစ်စဖွယ် တူမလေးကို အနည်းငယ် ကြောက်လန့်သွားသည်။ မည်သူ့တူမလေးက ဤမျှအထိ သန်မာရပါသနည်း။

"ဟဲဟဲ... ဝူကျဲ၊ မင်းပဲ ကျိုးကျိုးလေးကို ချီချင်တယ်ဆို၊ ဘာလို့ ဆက်မချီတာလဲ " လီကျန့်ယီက နောက်ဆုတ်သွားသော လဲ့ဝူကျဲကို ကြည့်ကာ ရယ်မောလိုက်၏။

"ယောက်ဖ...ကျိုးကျိုးလေးက ဘာလို့ ကျွန်တော်ထက် ပိုအားသန်နေတာလဲဟင်" လဲ့ဝူကျဲက နာကျင်နေသော လက်ကို ပွတ်သပ်ရင်း မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ ကျိုးကျိုးလေးက အရမ်းအစွမ်းထက်လို့လေ၊ သူက အခု မအဆင့်ကိုးဆင့်အဆင့်ကို ရောက်နေတာ၊ သူက အတွင်းအား နည်းနည်းလေး သုံးလိုက်ရုံနဲ့ မင်းလို အဆင့်နိမ့်ကျင့်ကြံသူကို အလွယ်တကူ နှိပ်စက်နိုင်တာပေါ့" လီကျန့်ယီက ရှင်းပြလိုက်၏။

"ဟင်...ယောက်ဖ၊ ကျွန်တော်က ဝူဖန်းလက်သီးကို နှစ်အတော်ကြာ ကျင့်လာတာတောင် ကျိုးကျိုးလေး လောက်တောင် အားမသန်ဘူးလား" လဲ့ဝူကျဲ၏ မျက်လုံးများထဲတွင် မယုံနိုင်စရာကောင်းသော တုံးအအပုံစံလေး ပေါ်ပေါက်လာပြန်သည်။

"တူမလေးကို ပြန်ချီဦးမလား" လီကျန့်ယီက ကျိုးကျိုးလေးကို လဲ့ဝူကျဲထံ ပြန်ပေးရန် ကြိုးစားလိုက်၏။လဲ့ဝူကျဲမှာ ထိတ်လန့်သွားကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လျက် "မချီတော့ဘူး... မချီတော့ဘူး၊ ကျိုးကျိုးလေးက ကျွန်တော်ကို ထပ်ဆိတ်ဦးမှာ" ဟု ခေါင်းခါကာ ငြင်းဆိုပါတော့သည်။

"ထပ်ဆိတ်မယ် ဟုတ်လား၊ အမှန်က ကျိုးကျိုးလေးက သူ့ကို ကာကွယ်ပေးဖို့ မင်းကို မလိုအပ်ဘူးဆိုတာ သက်သေပြချင်လို့ပါ၊ သူက လူတွေကို ဒီအတိုင်း လျှောက်ဆိတ်နေမှာ မဟုတ်ပါဘူး"

"သူ ဆိတ်တယ်ဆိုတာကလည်း သာမန်ဆိတ်တာမျိုးပါပဲ၊ အရမ်းနူးညံ့ပြီး နှိပ်ပေးသလိုမျိုး သက်သောင့်သက်သာ ရှိပါတယ်" လီကျန့်ယီက စိတ်ဒဏ်ရာရသွားသော လဲ့ဝူကျဲကို ကြည့်ကာ ရယ်မောပြောဆိုလိုက်၏။

"တကယ်လား" လဲ့ဝူကျဲက လက်ကို ပြန်ကမ်းလိုက်ပြန်သည်။

ကျိုးကျိုးလေးကို ပြန်လည်ပွေ့ချီပြီးနောက် သူက လက်ကလေးကို ဆုပ်ကိုင်ရန် ကြိုးစားသော်လည်း ကျိုးကျိုးလေးက လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။ ထို့နောက် သူမ၏ လက်ကလေးဖြင့် လဲ့ဝူကျဲ၏ ဖောင်းအိနေသော ပါးပြင်လေးကို ညင်သာစွာ ဆွဲညှစ်လိုက်ရင်း "အီးယား... အီးယား" ဟု အော်နေသည်။

"ဟဲဟဲ... တကယ်ပဲ၊ ကျိုးကျိုးလေးက ကျွန်တော်ရဲ့ပါးကို ညစ်နေတာ ယားကျိယားကျိနဲ့ပဲ" လဲ့ဝူကျဲမှာ သဘောကျသွားရ၏။

ထို့နောက် သူ၏ ချစ်စဖွယ် တူမလေးကို ကြည့်ကာ သူမ၏ ပါးပြင်လေးကို နမ်းရှိုက်လိုက်ပြီးနောက် "ဦးလေးက နောင်ကျရင် ကျိုးကျိုးလေးထက် ပိုအစွမ်းထက်လာအောင် လုပ်မယ်၊ တူမလေးကို ကာကွယ်ပေးနိုင်တဲ့ ဦးလေးကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားမှာပါ" ဟု ကတိပေးစကားပြောလိုက်သည်။

All Chapters