← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း ၂၀၅ ဗိုက်ပူလေးအက

"ကျိုးကျိုးက တကယ်ကို လိမ္မာတဲ့ကလေးမလေးပဲ"

ကျိုးကျိုးကို ပွေ့ချီထားရင်း ချန်းလော့သည် ချစ်စရာကောင်းသော ထိုကလေးငယ်လေးကို အသည်းယားလွန်းသဖြင့် မနေနိုင်ဘဲ နမ်းရှိုက်လိုက်မိ၏။

"အီးယား"

သူ့ကို ပွေ့ချီထားသော အစ်မကြီးက ရုတ်တရက် နမ်းလိုက်သည်ကို မြင်သောအခါ ကျိုးကျိုးသည် ပျော်ရွှင်စွာဖြင့် လက်ကလေးကို မြှောက်ကာ ချန်းလော့၏ မျက်နှာကို လှမ်းကိုင်လိုက်သည်။ထိုအခြင်းအရာကြောင့် ချန်းလော့မှာ တခစ်ခစ် ရယ်မောတော့၏။

"ကျိုးကျိုးလေးက ယားအောင် လုပ်နေတာပဲ၊ မကိုင်နဲ့တော့လေ..."

"အီးယား... အီးယား..."

ရှေ့က အစ်မကြီးသည် ဘာကြောင့် ရုတ်တရက် အူယားဖားယား ရယ်မောနေသည်ကို ကျိုးကျိုးလေးက နားမလည်နိုင်ဘဲ မျက်လုံးကြီးများဖြင့် ကလယ်ကလယ်ဖြင့် ကြည့်နေ၏။

"အီးယား... အီးယား"

ကျိုးကျိုး၏ နားမလည်နိုင်သော အမူအရာလေးကို ကြည့်ပြီး ရှောင်ချန်းလော့ကလည်း ကလေးပြောသကဲ့သို့ လိုက်အော်ပြနေ၏။

"အီးယား... အီးယား"ကျိုးကျိုးသည် မျက်လုံးလေးအဝိုင်းသားဖြင့် ချန်လော့ကို ထူးဆန်းစွာ ကြည့်နေပြန်သည်။ရှေ့ကမိန်းကလေးသည် သူမ၏ စကားကို အဘယ်ကြောင့် လိုက်ပြောနေသည်ကို ကလေးမက နားမလည်နိုင်သကဲ့သို့ ကလေးမလေး၏ မျက်လုံးများမျာ အနည်ငယ်ပင် တွန့်ချိူးသွား၏။

"ဟီးဟီး... ကျိုးကျိုးလေးနဲ့ ကစားရတာ တကယ်ပျော်ဖို့ကောင်းတာပဲ၊ ဒါပေမဲ့ ညီမလေး ပြောတာကို အစ်မ နားမလည်ဘူး။ဖက်တီးကို သွားရှာပြီး ကျိုးကျိုးနဲ့ ကစားခိုင်းရအောင်"

"ဖက်တီးလေးက 'ဖက်တီး... ဖက်တီး' လို့ပဲ ပြောတတ်တာဆိုတော့ ကျိုးကျိုးနဲ့ စကားပြောလို့ ရမှာပဲ" ချန်းလော့သည် သူမ၏ စကားပြောဟန်နှင့် ဆင်တူလှသော ဝတုတ်တုတ် နဂါးပြာလေးကို သတိရသွားခြင်း ဖြစ်ပေသည်။

ကျိုးကျိုးကို ပွေ့ချီလျက် ချန်းလော့သည် ဝတုတ် နဂါးပြာလေး၏ တဲအိမ်လေးသို့ ရောက်ရှိလာ၏။ ထိုနေရာတွင် ဝတုတ် နဂါးပြာလေးသည် သစ်ကိုင်းတစ်ချောင်းကို ကိုင်ကာ အလေးအနက် သိုင်းကျင့်နေသည်ကို တွေ့လိုက်ရသည်။

နဂါးပြာသည် သစ်ကိုင်းကို အလွန်ကျွမ်းကျင်စွာ အသုံးပြုနေပြီး သစ်ကိုင်းနှင့် နဂါးတို့၏ လှုပ်ရှားမှုဖြင့်ပင် ပြင်းထန်သော လေပြင်းများကို ဖန်တီးနိုင်လေသည်။သစ်ကိုင်းများသည် လေကဲ့သို့ မြန်ဆန်လှုပ်ရှားနေသောကြာင့် ဓားသိုင်းပညာကို ကောင်းစွာ တတ်မြောက်ထားကြောင်း ထင်ရှားလှ၏။

"ဝိုး... အံ့သြစရာပဲ၊ ဖက်တီးလေးက နောက်ဆို အစ်ကိုယီလိုပဲ တော်လာမှာ သေချာတယ်" ဟု ချန်းလော့က နဂါးပြာ၏ ကြိုးစားလေ့ကျင့်မှုကို ချီးကျူးလိုက်သည်။ နဂါးပြာလေးသည် ချီးကျူးစကားကြောင့် ဝမ်းမြောက်သွားပြီး ချန်းလော့ကို ဝိုင်းပတ်ကာ ကခုန်နေတော့၏။ ထို့နောက် သူ၏ သခင်ငယ်လေးကို ကြည့်ကာ "ဖက်တီး...ဖက်တီး" ဟု အော်ဟစ်နှုတ်ဆကါသည်။

"အီးယား... အီးယား..."

ရှေ့က ဝတုတ်တုတ် သတ္တဝါလေးကို ကြည့်ပြီး ကျိုးကျိုးကလည်း လက်ကလေးကို လှမ်းဆန့်လိုက်၏။ နဂါးပြာလေးသည်လည်း နားလည်စွာ သူ၏ အပြာရောင် လက်ကလေးကို အမြန်ဆန့်ထုတ်ကာ ကျိုးကျိုးနှင့် ခင်မင်ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်ပေးသည်။

"ဖက်တီး၊ ဖက်တီး"

နဂါးပြာလေးသည် သူ၏ သခင်ငယ်လေးနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ ချန်းလော့သည် ထိုမြင်ကွင်းကို ကြည့်ကာ မှင်တက်သွား၏။ နဂါးပြာလေး၏ မျက်နှာသည် အဘယ်ကြောင့် ရဲတက်သွားသည်ကို သူမ နားမလည်နိုင်ဘဲ ဖြစ်နေရသည်။

"ဖက်တီးလေး... မင်းက ရှက်နေတာလား" ချန်းလော့က ဇဝေဇဝါဖြင့် မေးလိုက်၏။

"ဖက်တီး၊ ဖက်တီး" နဂါးပြာလေးက အလေးအနက် ခေါင်းခါပြသည်။

"ဒါဆို မင်းမျက်နှာက ဘာလို့ ရဲနေတာလဲ" ဟု ချန်းလော့က ထပ်မေးပြန်၏။

"ဖက်တီး၊ ဖက်တီး" နဂါးပြာလေးက အစွမ်းကုန် ရှင်းပြသော်လည်း ကံမကောင်းစွာဖြင့် ချန်းလော့က သူ၏ စကားကို နားမလည်နိုင်ခဲ့ပေ။

ကလေးနှစ်ယောက်ကို စိတ်မချ သော လီကျန့်ယီက အနောက်ကလိုက်ကြည့်ရင်း နဂါးပြာ၏ ဆိုလိုရင်းကိုရှင်းပြလိုက်သည်။

"ချန်းလော့... ဖက်တီးလေး က စစ်သူကြီးတစ်ယောက်လိုပဲ၊ ကျိုးကျိုးကတော့ သူ့ရဲ့ သခင်ငယ်လေးပေါ့၊ ဒါကြောင့် ဖက်တီးလေးက သခင်ငယ်လေးကို ကာကွယ်ပေးရတာ ဂုဏ်ယူနေတာလေ၊ ပြီးတော့ သခင်ငယ်လေးက သူ့ကို အရင်ဦးဆုံး လက်ဆွဲနှုတ်ဆက်လိုက်လို့ သူက နည်းနည်းလေး ရှက်သွားတာပါ"

"အဲဒီလိုလား" ချန်းလော့က နဂါးပြာလေးကို သဘောကျစွာ ကြည့်လိုက်သည်။နဂါးပြာလေသည် တကယ်ကို တာဝန်ထမ်းဆောင်နေသည့် စောင့်ရှာက်သူကဲ့သို့ ပြုမူနေ၏။

"ဖက်တီး၊ ဖက်တီး" နဂါးပြာလေးက အလေးအနက် ခေါင်းညိတ်ပြ၏။

"ဒါဆို ကျိုးကျိုးလေးက ကံကောင်းလိုက်တာ၊ ညီမလေးမှာ ကာကွယ်ပေးမယ့် စစ်သူကြီးတစ်ယောက် ရှိနေတာပဲ" ချန်းလော့က သူမရင်ခွင်ထဲမှ ညီမလေးကို အားကျစွာ ကြည့်လိုက်မိသည်။

"ဖက်တီး၊ ဖက်တီး"

နဂါးပြာလေးသည် ချန်းလော့ကို တစ်ပတ်ပတ်ပြီးနောက် သူ၏ ဗိုက်ကို ပုတ်ကာ 'ဗိုက်ပူလေးအက' ကို ကပြလေတော့သည်။ အားမာန်ပါပြီး စည်းချက်ကျလှသော ထိုအကသည် ချန်းလော့နှင့် ကျိုးကျိုးတို့၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။နဂါးလေး၏ ဗိုက်များသည် ရေလှိုင်းကဲ့သို့ ခြေထောက်များနှင့် ဟန်ချက်ထိန်းက ပျော့ပြောင်းစွာ လှုပ်နေ၏။နဂါးလေးမှာ သူ၏ လက်များဖြင့် သူ၏ဗိုက်ကို ပုတ်လိုက်သည့်အချိန်တွင် ဗုံကဲ့သို့ အသံများပင် ထွက်လာသည်။ ထိုဗိုက်ပူလေးအကသည် ဂီတအချို့ထက်ပင် ပိုမို ကြည့်ကောင်းပြီး စည်းချက်ညီလှရာ နဂါးလေးနှင့်အတူ လိုက်ပါ ကခုန်ချင်စိတ် ပေါက်လာစေပေသည်။

လီကျန့်ယီသည် ဤမြင်ကွင်းကို ကြည့်ရင်း ယခင်ဘဝက ဖုန်းထဲတွင် မြင်တွေ့ခဲ့ရသော ဝတုတ် နဂါးများ ဗိုက်ပုတ်ကနေသည့် ဗီဒီယိုတစ်ခုကို သတိရသွားမိ၏။ ထိုစဉ်က ကြည့်ရသည်မှာ အလွန်ပင် အံ့အားသင့်စရာ ကောင်းခဲ့ပြီး ယခုမူ သူကိုယ်တိုင်ပင် ထိုနဂါးလေးကို ပိုင်ဆိုင်ထားလေပြီ။

"ဒုန်း... ဒုန်း... ဒုန်း"

အကယ်၍ ချန်းလော့သာ ကျိုးကျိုးကို ပွေ့ချီမထားပါက သူမသည်လည်း နဂါးလေးနှင့်အတူ စည်းချက်ကျကျ ဗိုက်ပုတ်နေမိမှာ သေချာပေသည်။

"ချန်းလော့... ဖက်တီးလေးက အရမ်းပျော်နေတာ၊ သူက ကျိုးကျိုးရဲ့ စစ်သူကြီးတင်မကဘူး၊ ချန်လော့ရဲ့ စစ်သူကြီးလည်း ဖြစ်ပေးမှာပါ" လီကျန့်ယီသည် နဂါးလေး ကခုန်နေသည်ကို ကြည့်ကာ ၎င်း မည်မျှ ပျော်ရွှင်နေကြောင်း သိရှိလိုက်၏။ ပုံမှန်အားဖြင့် နဂါးလေးသည် ၎င်း၏ အမှတ်အသားဖြစ်သော ဗိုက်ပူလေးအကကို လူတိုင်းရှေ့တွင် ကပြလေ့ မရှိပေ။

"တကယ်လား" ချန်းလော့က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"ဖက်တီး၊ ဖက်တီး"

နဂါးပြာလေးက အလေးအနက် ခေါင်းညိတ်ပြ၏။ ထို့နောက် သူ၏ ဗိုက်ပူလေးအကကို ဆက်လက် ကပြနေလေသည်။

လီကျန့်ယီသည် လွမ်းဆွတ်ဖွယ်ရာ ဗိုက်ပူလေးအကကို ကလေးနှစ်ယောက်နှင့်အတူ စိတ်ဝင်တစား ကြည့်ရှုနေသည်။ နဂါးလေး မကနိုင်တော့သည့် အချိန်တွင် လီကျန့်ယီသည် ချန်းလော့၏ ရင်ခွင်ထဲမှ ကျိုးကျိုးကို ကြည့်လိုက်ရာ သူမသည် မည်သည့်အချိန်က အိပ်ပျော်သွားသည် မသိရဘဲ ချစ်စဖွယ်လေး အိပ်မောကျနေသည်ကို တွေ့လိုက်ရ၏။

"အစ်ကို... အစ်ကိုယီယီ၊ ကျိုးကျိုးလေး အိပ်ပျော်သွားပြီ" ချန်းလော့က မျက်လုံးလေး အဝိုင်းသားဖြင့် တိုးတိုး‌လေးပြော နေသည်။

"အင်း... ချန်းလော့၊ ကျိုးကျိုးကို အစ်ကို့ကို ပေးတော့ ချန်လော့လည်း အကြာကြီး ချီထားရတော့ ပင်ပန်းနေမှာပေါ့" လီကျန့်ယီက လက်ကို ဆန့်ထုတ်လိုက်ရာ ချန်းလော့လည်း ကလေးငယ်ကို လီကျန့်ယီထံသို့ ဂရုတစိုက် လွှဲပြောင်းပေးလိုက်လေသည်။

"ချန်းလော့... သမီးနဲ့ ဖေဖေ လှံသိုင်းကို ဆက်ပြီး ကျင့်ကြဦးနော်၊ အစ်ကိုက ကျိုးကျိုးလေးကို အိမ်ခေါ်သွားပြီး နားခိုင်းလိုက်ဦးမယ်" လီကျန့်ယီသည် နဂါးပြာလေးကို ကြည့်ကာ မင်းက အရမ်းတော်တာပဲဟု အရိပ်အယောင် ပြလိုက်၏။ နဂါးပြာလေး၏ ဗိုက်ပူလေးအကသည် သခင်ငယ်လေးကို ချော့သိပ်ရာတွင် အလွန်ပင် ထိရောက်လှပေသည်။

"ဖက်တီး၊ ဖက်တီး"

သခင်၏ ချီးကျူးမှုကို ရရှိသဖြင့် နဂါးလေးသည် သူ၏ အားထုတ်မှုမှာ အချည်းနှီး မဖြစ်ခဲ့ကြောင်း သိလိုက်ရပေသည်။လီအိမ်တော်သို့ ပြန်ရောက်သောအခါ လီဟန်ယီသည် အိပ်ရာမှ ထနေပြီဖြစ်ကာ အိမ်သန့်ရှင်းရေး လုပ်နေလေသည်။ယခုချိန်တွင် မြို့သခင်သုံးဦးတို့သည် သူတို့၏ ကိုယ်ပိုင်အိမ်များရှိနေကြပြီဖြစ်သည်။

"သမီးလေးက အိပ်ပျော်သွားပြီလား" လီကျန့်ယီ၏ ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကျိုးကျိုးကို ကြည့်ကာ လီဟန်ယီက မေးလိုက်၏။

"ဟုတ်တယ်၊ ဖက်တီးလေးက ချော့သိပ်လိုက်တာ" လီကျန့်ယီက ပြုံးကာ ပြန်ပြောလိုက်သည်။

"ဖက်တီးလေးက ချော့သိပ်လိုက်တာ ဟုတ်လား၊ သူက ဘယ်လိုလုပ်ပြီး ကျိုးကျိုးကို အိပ်ပျော်အောင် လုပ်လိုက်တာလဲ" လီဟန်ယီက သိချင်စိတ်ပြင်းပြစွာ မေးမြန်း၏။နဂါးပြာလေးက မည်သို့နည်းကို သုံးခဲ့သနည်း။

"ဟန်ယီကို ပြောပြလို့ ရပါတယ်၊ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်တည်း ရှိတဲ့အချိန်ကျရင် မင်း‌ရော ကိုယ်ကို ဗိုက်ပူလေးအက ကပြမလား" လီကျန့်ယီက ရုတ်တရက် လီဟန်ယီကို ကသည်ကို ကြည်ချင်သွားသည်။

"ဗိုက်... ဗိုက်ပူလေးအက ဟုတ်လား" လီဟန်ယီ၏ လှပသော မျက်ဝန်းများတွင် ဇဝေဇဝါ ဖြစ်သွားရပေသည်။အိပ်ပျော်နေသော ကျိုးကျိုးကို ကုတင်ပေါ်တွင် ဂရုတစိုက် သိပ်ထားပေးပြီးနောက် လီကျန့်ယီသည် နဂါးပြာလေးကို အတုယူကာ ဗိုက်ပူလေးအကကို ကပြလိုက်၏။

"ဒုန်း... ဒုန်း... ဒုန်း" ဟူသော စည်းချက်ကျကျ အသံများနှင့်အတူ လှုပ်ရှားနေသည့် လီကျန့်ယီကို ကြည့်ပြီး လီဟန်ယီမှာ ကြောင်အမ်းအမ်း ဖြစ်နေရှာပေသည်။ထို့နောက် ရုတ်တရက် "ဖူး..." ဟူသော ရယ်သံလေးက လီကျန့်ယီ၏ အကကို ဖြတ်တောက်လိုက်၏။

"ဟီးဟီးဟီး... ရှင့်ပုံစံက ငန်းတစ်ကောင်လိုပဲ..." လီဟန်ယီသည် တံမြက်စည်းကို ချကာ လက်ဖြင့် ပါးစပ်ကို ပိတ်လျက် ရယ်မောနေတော့သည်။

"ဘာရယ်တာလဲ၊ ဒီည မင်း ယောက်ျားအတွက် ဗိုက်ပူလေးအက ကပြရမယ်၊ မဟုတ်ရင်တော့ အပြစ်ပေးခံရမယ်" လီကျန့်ယီက သူမကို အတည်ပေါက်ကြည့်ကာ ဆို၏။

"မကပါဘူး၊ ရှင်ကချင်ရင် ရှင့်ဘာသာရှင် ကပေါ့"

"ရှင်ကမယ်ဆိုရင်တော့ ကျွန်မ စန္ဒရားတီးပေးနိုင်ပါတယ်" ဟု သူမက ဆိုလေသည်။

အခန်း၂၀၆ အဓိပ္ပာယ်ချင်းမတူဘဲ အသံချင်းဆင်သည့် လက်ခုပ်ဗုံလေး

နောက်တစ်နေ့သို့ ရောက်ရှိလာ၏။မနေ့ညက လီကျန့်ယီသည် အလွန်ပင် ရှက်စရာကောင်းလှသည့် ဗိုက်ပူလေးအက ဖျော်ဖြေမှုကို ကြည့်ရှုခဲ့ရပေသည်။ သို့သော် ကပြသူမှာ သူမဟုတ်ဘဲ လီဟန်ယီသာ ဖြစ်၏။

ထို့ကြောင့် လီကျန့်ယီ နိုးလာသောအခါ မနေ့က ဗိုက်ပူလေးအကကို ပြန်လည်အမှတ်ရပြီး ကုတင်ပေါ်တွင် လှဲနေဆဲဖြစ်သော လီဟန်ယီကို မစဘဲ မနေနိုင်တော့ပေ။

"ဟန်ယီ... မင်းက တကယ်တော်တာပဲ၊ ဒီညလည်း ဂီတတီးပြီး ထပ်ကရအောင်" လီကျန့်ယီသည် ခဏမျှ စဉ်းစားပြီးနောက် ယနေ့ညတွင် လီဟန်ယီကို ဂါဝန်လေးနှင့် ကခိုင်းရန် ဆုံးဖြတ်လိုက်သည်။

၎င်းသည် မနေ့ညက ဝတ်ဆင်ခဲ့သော ဝတ်ရုံထက် ပို၍ စိတ်လှုပ်ရှားစရာကောင်းမည်မှာ သေချာပေသည်။

"အိပ်မက်ယောင်မနေနဲ့"

ကုတင်ပေါ်တွင် လှဲနေသော လီဟန်ယီသည် လီကျန့်ယီကို ပျင်းရိစွာ တစ်ချက် ကြည့်လိုက်၏။ အကယ်၍ လီကျန့်ယီသာ တစ်ညလုံး သူမကို နှိပ်စက်မနေပါက သူမသည် ထိုကဲ့သို့သော ဗိုက်ပူလေးအကကို ကပြလိမ့်မည် မဟုတ်ပေ။

"သမီးလေး အိပ်နေတုန်းပဲ၊ ကျွန်မက ထပြီး ချန်းစန်းတောင်မှာ ဓားသွားကျင့်ဦးမယ်၊ ယီယီ... သမီးကို ကြည့်ထားပေးပါဦး" လီဟန်ယီသည် သူမ ဓားမကျင့်ရသည်မှာ အတော်ကြာပြီဖြစ်ရာ ဓားကစားချင်စိတ်များ ပြန်လည် ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။

"ကောင်းပါပြီ"

လီကျန့်ယီက ခေါင်းညိတ်ပြ၏။

"ဒါဆို ငါသွားပြီ" လီဟန်ယီသည် ဝတ်ရုံဖြူရှည်သို့ လဲလှယ်ဝတ်ဆင်ကာ ချန်းစန်းတောင်ပေါ်သို့ ထွက်ခွာသွားလေသည်။

လီကျန့်ယီသည် ကုတင်ဘေးတွင် ထိုင်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကျိုးကျိုးကို ကြည့်ရင်း သူမ၏ ပါးပြင်လေးကို မနေနိုင်ဘဲ အသာအယာ ပွတ်သပ်လိုက်၏။ ကျိုးကျိုးသည် တစ်ခုခုကို ခံစားမိသည့်အလား သူမ၏ မျက်တောင်ရှည်ကြီးများ လှုပ်ခတ်သွားရာ လီကျန့်ယီမှာ လန့်သွားပြီး လက်ကို အမြန် ပြန်ရုပ်လိုက်ရသည်။

မိမိသမီးလေး အိပ်နေသည်ကို သူက နှောင့်ယှက်ပြီး မနိုးလိုပေ။ သူမဘာသာ သဘာဝအတိုင်း နိုးလာစေချင်၏။ သို့မဟုတ်ပါက နိုးလာလျှင် သူမမှာ လန်းလန်းဆန်းဆန်း ရှိလိမ့်မည် မဟုတ်ပေ။

"မင်းအမေကတော့ ဓားကျင့်ဖို့ သွားပြီ၊ အဖေကတော့ ကျိုးကျိုးအတွက် ဆိတ်နို့ ပြင်ပေးလိုက်အုန်းမယ်" ဟု လီကျန့်ယီသည် အိပ်ပျော်နေသော သမီးလေးကို ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ဆိတ်နို့သွားပြင်သည့်အခါ လှိမ့်တတ်နေပြီဖြစ်သော သမီးလေး ကုတင်ပေါ်မှ ပြုတ်မကျစေရန် ကုတင်ဘေးပတ်ပတ်လည်တွင် စောင်များကို နံရံပမာ မြင့်အောင် ကာရံထားရန် သူက မမေ့လျော့ခဲ့ပေ။

မီးဖိုချောင်တွင် လီကျန့်ယီသည် ဆိတ်နို့ကို အပူပေးပြီးနောက် ဘူးသီးဖြင့် ပြုလုပ်ထားသော နို့ဘူးလေးထဲသို့ လောင်းထည့်ကာ အဖုံးပိတ်လိုက်၏။ ယခုအခါ ဆိတ်နို့မှာ အသင့်ဖြစ်သွားပြီ ဖြစ်ပေသည်။

လီကျန့်ယီ တီထွင်လိုက်သော ဤဘူးသီးနို့ဘူးသည် ကလေးကို နို့တိုက်လိုသော မိခင်များအတွက် ပြဿနာကို ဖြေရှင်းပေးနိုင်သည့် တီထွင်မှုသစ်တစ်ခုပင် ဖြစ်၏။ မိခင်နို့ မရှိပါက နွားနို့ သို့မဟုတ် ဆိတ်နို့ကို ဤဘူးသီးဗူးများထဲ ထည့်တိုက်ခြင်းမှာ မိခင်နို့နှင့် သိပ်မကွာခြားလှပေ။

သို့သော် အာဟာရဓာတ်အပိုင်းတွင်မူ မိခင်နို့ကို မမီနိုင်သည်မှာ သဘာဝပင် ဖြစ်၏။ သို့သော် မိခင်တွင် နို့မထွက်တော့ပါက သောက်စရာ နို့ရှိနေခြင်းမှာပင် ကောင်းချီးတစ်ရပ် ဖြစ်ပေသည်။

အခန်းထဲသို့ ပြန်ရောက်သောအခါ လီကျန့်ယီသည် နို့ဘူးကို စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် စောင်ပုံများကြားတွင် ကွယ်နေသော ကျိုးကျိုးကို ကြည့်လိုက်၏။ ကျိုးကျိုးသည် ကုတင်ပေါ်တွင် လှဲနေပြီး ဆောင်းဦးရေပြင်ပမာ ကြည်လင်သော မျက်ဝန်းလေးများကို ဖွင့်ကာ သူ့ကို ချိုသာစွာ ပြုံးပြနေသည်။

"အီးယား... အီးယား"

ကျိုးကျိုးသည် သူမ၏ဖခင်ကို မြင်သောအခါ ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။ ကုတင်ပေါ်တွင် လှဲနေရင်း ပိုးဟပ်လေးတစ်ကောင်ပမာ တွန့်လိမ်လှုပ်ရှားနေသည်မှာ လီကျန့်ယီ၏ ရင်ခွင်ထဲသို့ ဝင်ချင်နေသည့်အလားပင်။ကလေးမှာ အလွန်လန့်ဆန်းတက်ကြွနေသောကြာင့် သူမမှာ အိပ်ရေဝဝအိပ်ခဲ့မှန်း သေသချာသွား၏။

"ကျိုးကျိုးက နိုးလာပြီပဲ၊ ဗိုက်ဆာနေပြီလား"

ပိုးဟပ်လေး၏ လှုပ်ရှားမှုများကို အတုယူနေသော ချစ်စရာ သမီးငယ်လေးကို ကြည့်ရင်း လီကျန့်ယီက ချက်ချင်း ပွေ့ချီလိုက်၏။ လီကျန့်ယီ၏ ရင်ခွင်ထဲသို့ ရောက်သွားသောအခါ ကျိုးကျိုးမှာ ပို၍ပင် တက်ကြွလာပြီး လီကျန့်ယီ၏ ပါးပြင်များကို သူမ၏ လက်ကလေးများဖြင့် အဆက်မပြတ် ဆွဲညှစ်နေတော့သည်။

လီကျန့်ယီသည်လည်း ကျိုးကျိုး၏ နုအိသော ပါးလေးများကို ညှစ်ရသည်ကို နှစ်သက်သဖြင့် ဤအခြင်းအရာက ရယ်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လာစေပေသည်။ လီကျန့်ယီက ကျိုးကျိုး၏ ပါးကို ညှစ်သလို၊ ကျိုးကျိုးကလည်း လီကျန့်ယီ၏ မျက်နှာကို ပြန်ညှစ်နေ၏။

"ကျိုးကျိုး... ဒီနေရာမှာတော့ သမီးက အဖေနဲ့ တကယ်တူတာပဲ" လီကျန့်ယီသည် ကျိုးကျိုး၏ နုနယ်သောလက်ကလေးများကို ကြည့်ကာ ပြုံးလိုက်မိသည်။

"အီးယား... အီးယား"

ကျိုးကျိုးလေးသည် မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးနေ၏။

"ကဲ... ဗိုက်ဆာနေပြီလား" လီကျန့်ယီသည် ကျိုးကျိုး၏ လက်ကလေးကို ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းကို ကလေးငယ်၏ ပါးစပ်နားသို့ ကပ်ကြည့်လိုက်ရာ သူမသည် စို့ချင်နေကြောင်း သိလိုက်ရ၏။

"တကယ် ဗိုက်ဆာနေတာပဲ"

လီကျန့်ယီသည် ကျိုးကျိုး၏ ပါးစပ်နားမှ လက်ကို အမြန်ပြန်ရုပ်ကာ သူမကို ပွေ့ချီပြီး စားပွဲရှိရာသို့ ဆိတ်နို့တိုက်ရန် ခေါ်သွားလေသည်။

"ဂလု... ဂလု"

ကျိုးကျိုးသည် ဆိတ်နို့ကို အားရပါးရ စုပ်ယူနေပေသည်။ မကြာမီမှာပင် ကလေးငယ်သည် နို့တစ်ဘူးလုံးကို အစက်မကျန် သောက်လိုက်၏။

"တော်တယ်... ကျိုးကျိုးက တကယ်တော်တာပဲ၊ အခု နို့သောက်ပြီးပြီဆိုတော့ အဖေက သမီးရဲ့အမေ ဓားကျင့်တာကို သွားကြည့်ဖို့ ခေါ်သွားပေးမယ်"

လီကျန့်ယီသည် နို့ဘူးကို ချထားလိုက်ပြီး ကျိုးကျိုးကို အဝတ်အစားများ ထပ်ဝတ်ပေးလိုက်၏။ ထို့နောက် မုန့်ထုပ်လေးနှင့် တူနေသော ကလေးငယ်ကို ပွေ့ချီကာ ချန်းစန်းတောင်ပေါ်သို့ တက်သွားသည်။

.....

ချန်းစန်းတောင်ပေါ်တွင်။

လီဟန်ယီသည် ဓားကစားလိုက်သည့်အခါ သူမ၏ ပတ်ပတ်လည်တွင် ရေခဲစိုင်များ ဝဲပျံနေပြီး ဓားကို ထိုးလိုက်တိုင်း လေထုထဲရှိ စိုထိုင်းဆများကိုပင် ရေခဲအဖြစ် အေးခဲသွားစေနိုင်၏။ ထို့ပြင် ထိုရေခဲများကို သူမ၏ စိတ်အလိုအတိုင်း ပုံဖော်နိုင်ပေသည်။

ထို့ကြောင့် လီကျန့်ယီသည် ကျိုးကျိုးကို ပွေ့ချီလျက် တောင်ပေါ်သို့ တက်လာသည်ကို မြင်သောအခါ သူမသည် သူတို့နှစ်ဦး၏ ပုံစံကို ရေခဲရုပ်တုအဖြစ် တိုက်ရိုက် ထုလုပ်လိုက်သည်။ အားလုံးပြီးစီးသွားသောအခါ လီဟန်ယီသည် လီကျန့်ယီနှင့် ကျိုးကျိုးထံသို့ ဂုဏ်ယူစွာ လျှောက်လာ၏။

"ကျိုးကျိုးလေး... မေမေက သမီးနဲ့ ဖေဖေ့အတွက် ထုပေးထားတဲ့ ရေခဲရုပ်တုကို ကြည့်စမ်း၊ သမီးတို့နဲ့ တူတယ်မလား"

လီဟန်ယီသည် လက်ခုပ်တီးကာ လီကျန့်ယီ၏ ရင်ခွင်ထဲမှ မုန့်ထုပ်လေးနှင့် တူသော ကျိုးကျိုးကို ကြည့်လိုက်သည်။ ရှောင်ကျိုးကျိုးသည် လီဟန်ယီ၏ စကားကို နားလည်သည့်အလား လက်ကလေးကို ဆန့်ထုတ်ကာ ချိုသာသော အသံလေးဖြင့် "အီးယား... အီးယား..." ဟု ပျော်ရွှင်စွာ အော်ဟစ်နေ၏။

"ဘာလို့လဲ"

ကျိုးကျိုးသည် 'မေမေ' ဟု ခေါ်ချင်နေသော်လည်း စကားပြောရန်အထိ မဖွံ့ဖြိုးသေးသဖြင့် ထိုကဲ့သို့ အသံများသာ ထွက်နေခြင်းဖြစ်ကြောင်း လီဟန်ယီ သိပေသည်။ လီဟန်ယီသည် ချစ်စရာ သမီးငယ်လေးကို ပွေ့ချီကာ ရေခဲရုပ်တု၏ ရှေ့သို့ ရောက်လာ၏။

ကျိုးကျိုးသည် သူမနှင့် ထပ်တူကျသော ရုပ်တုကို မြင်သောအခါ ခဏမျှ ကြောင်အမ်းသွားပြီးနောက် လက်ကလေးဖြင့် လှမ်းထိကြည့်လိုက်သည်။ ရေခဲရုပ်တုမှာ အလွန်အေးနေသဖြင့် သူမသည် လန့်ကာ လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ရသည်။

သူမ၏ အဝတ်အစားများနှင့် မိခင်၏ ရင်ခွင်မှာ နွေးထွေးနေသော်လည်း သူမနှင့် တူလှသော ဤရုပ်တုကြီးမှာ အဘယ်ကြောင့် ဤမျှ အေးစက်နေရသည်ကို သူမ နားမလည်နိုင် ဖြစ်နေရှာ၏။

"ဟီးဟီးဟီး...ကျိုးကျိုးလေး၊ ဒါက ရေခဲလေ အေးမှာပေါ့၊ မကြောက်နဲ့နော်" လီဟန်ယီသည် ကျိုးကျိုး၏ အေးစက်သွားသော လက်ကလေးကို ဆုပ်ကိုင်ကာ နွေးထွေးအောင် လုပ်ပေးပြီးနောက် ချန်းစန်းတောင်ပေါ်ရှိ တဲအိမ်လေးထဲသို့ ခေါ်ဆောင်သွားသည်။

အိမ်ထဲတွင် အသုံးအဆောင်များ ပြည့်စုံစွာ ရှိနေပြီး ခဏအကြာတွင် ကလေးငယ်၏ တစ်ကိုယ်လုံးက ပြန်လည်နွေးထွေးလာသည်။

"အီးယား"

နွေးထွေးလာသောအခါ ကျိုးကျိုးသည် ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာနေ၏။ သူမသည် ဗုံလေးတစ်ခုကို မြင်သောအခါ လီဟန်ယီကို လှမ်းကြည့်လိုက်သည်။

"အဲဒါလား၊ အဲဒါကို လက်ခုပ်ဗုံလို့ ခေါ်တယ်လေ သမီးရဲ့ အစ်မကြီး ကျီရွှယ်နဲ့ အစ်မကြီး ချန်းလော့တို့ ငယ်ငယ်တုန်းက ကစားခဲ့ကြတာ ကျိုးကျိုးလည်း ကြီးလာရင် ကစားလို့ ရမယ်"

ထိုသို့ပြောရင်း လီဟန်ယီသည် လက်ခုပ်ဗုံကို ကိုင်ကာ လှုပ်ခါပြလိုက်ရာ "ဒုန်း... ဒုန်း" ဟူသော အသံ ထွက်ပေါ်လာ၏။ ထိုအသံမှာ ဘာနှင့်တူသနည်းဟု လီကျန့်ယီ စဉ်းစားလိုက်သောအခါ ဝတုတ်တုတ် နဂါးပြာလေး ၎င်း၏ ဗိုက်ကို ပုတ်လိုက်သည့် အသံနှင့် သွားတူနေပေသည်။နဂါးလေး၏ ဗိုက်ကို ပုတ်လိုက်လျှင်လည်း ဗုံသံကဲ့သို့ ထွက်ပေါ်တတ်သော်လည်း ၎င်းမှာမူ ဗိုက်၏ အားထုတ်မှု လိုအပ်ပေသည်။

"အီးယား... အီးယား"

သူမရှေ့မှ လက်ခုပ်ဗုံကို ကြည့်ရင်း ကျိုးကျိုးသည်လည်း လီကျန့်ယီကဲ့သို့ပင် ဝတုတ်တုတ် နဂါးပြာလေးကို သတိရသွားပုံ ရပေသည်။ ထိုအသံကို တစ်နေရာရာတွင် ကြားဖူးသည်ဟု သူမ ခံစားမိသော်လည်း စကားမပီသသေးသဖြင့် တတွတ်တွတ်သာ အော်နေတော့၏။

ထိုအခြင်းအရာကို မြင်သောအခါ လီကျန့်ယီမှာ ရယ်မောလျက် ခေါင်းခါမိပေသည်။

"ကျိုးကျိုးလေး... ကြီးလာတဲ့အထိ စောင့်ရဦးမယ် ထင်တယ်၊ သမီးက စကားပြောတတ်လာပြီး ကလေးသံလေးနဲ့ ပြောမယ့်အချိန်ဆိုရင် အရမ်ချစ်ဖို့ကောင်းမှာပဲ"သူ၏ သမီးသည် အသံလုပ်ပြရာတွင် အလွန်တက်ကြွသဖြင့် တကယ်လို့ စကားပြောနိုင်သည့်အခါတွင် အသံသေးသေးလေးနှင့် ပျင်းစရာကောင်းမည့် အချိန်တောင်ရှိမည်မဟုတ်ဟု သူ ထင်သည်။

All Chapters