← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း ၂၁၁ မွေးစားမိခင်

"ကဲ... ဟန်ယီ၊ ယီယီ... စားကြတော့၊ အရမ်းလည်း ချစ်ပြမနေကြနဲ့တော့ ဟင်းတွေ အေးကုန်တော့မယ်"

ဇနီးမောင်နှံနှစ်‌ယောက်မှာ တတွတ်တွတ်စကားပြောရင်း ချစ်စကားဆို နေကြသည်ကို ကြည့်ကာ လီရှင်းယွဲ့က ပြုံးလျက် ခေါင်းခါယမ်းမိ၏။

"ဟုတ်ကဲ့ပါ အမေ"

ထမင်းစားနေစဉ်အတွင်း လီဟန်ယီနှင့် လီကျန့်ယီတို့မှာ ကျိုးကျိုး၏ ပါးစပ်လေးထဲသို့ အစာများ ခွံ့ပေးလိုက်၊ ကစားပေးလိုက်နှင့် အလုပ်ရှုပ်နေကြသည်။ ကျိုးကျိုးလေး ပါးစပ်ဟလိုက်တိုင်း လီကျန့်ယီက အစာကို ရုတ်တရက် ပြန်ရုပ်သိမ်းကာ စနောက်၏။ ဤမြင်ကွင်းကို မြင်သောအခါ ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်လှသည့် ကျိုးကျိုးလေး၏ မျက်ဝန်းလေးများမှာ ခဏတာ မှင်သက်သွားရသည်။ သူမ၏ ဖခင်ဖြစ်သူက ကျွေးမည်ဟုလုပ်ပြီးမှ အဘယ်ကြောင့် ပြန်ယူသွားသည်ကို သူမ နားမလည်နိုင်သကဲ့သို့ ဖြစ်နေရ၏။

"အီးယား... အီးယား..."

ကျိုးကျိုးလေးမှာ ဇဝေဇဝါဖြစ်နေသော မျက်နှာလေးဖြင့် လီကျန့်ယီ၏ တူကို လက်ညှိုးထိုးပြသည်။

"ကျိုးကျိုးလေးမှာ သွားရှိလို့လား... သွားမှမရှိတာ၊ ဘယ်လိုလုပ် စားလို့ရမှာလဲ"လီကျန့်ယီက ကျိုးကျိုးလေး၏ ဇဝေဇဝါဖြစ်မှုကို ရိပ်မိသွား အားရပါးရရယ်လိုက်သည်။

"အီးယား... အီးယား..."

ကျိုးကျိုးလေးမှာ နှုတ်ခမ်းလေးစူကာ သူမ၏ လက်ချောင်းလေးများကို ပါးစပ်ထဲထည့်၍ စုပ်နေတော့သည်။ သူမတွင် သွားများမရှိသေးသဖြင့် အရသာကိုသာ မြည်းစမ်းကြည့်နိုင်ပေမည်။ ၎င်းကို မြင်သောအခါ လီဟန်ယီက အစာကို အမြန်စားလိုက်ပြီး သမီးဖြစ်သူအား အခန်းထဲသို့ ပြန်ခေါ်သွားကာ ကလေးအတွက်အစာများ ကျွေးရန် ပြင်ဆင်လေတော့သည်။

တစ်ဖက်တွင်လည်း မွေးနေ့ ညစာစားပွဲမှာ ရယ်မောသံ၊ စကားပြောသံများဖြင့် ပြီးဆုံးသွားပြီ ဖြစ်၏။ လီကျန့်ယီသည် အိမ်ရှင်တစ်ဦး၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း ဧည့်သည်များကို လိုက်လံနှုတ်ဆက်ကာ အရက်လိုက်တိုက်နေသည်။

"ဒီတစ်ခေါက် တောင်ပေါ်က ဆင်းလာတာ အံ့သြစရာတွေ တော်တော်များသားပဲ" လုစုကျန်းက အရက်တစ်ငုံ သောက်လိုက်ရင်း လီကျန့်ယီကို အဓိပ္ပာယ်ပါပါကြည့်နေသည်။

"လောကကြီးက ထူးဆန်းအံ့သြဖို့ ကောင်းပါတယ်၊ ဂိုဏ်းချုပ် လုအနေနဲ့ ခရီးတွေ ပိုထွက်မယ်ဆိုရင် အံ့သြစရာတွေ အများကြီး ထပ်တွေ့ရဦးမှာပါ" လီကျန့်ယီက ပြုံးလျက် ပြန်ပြော၏။

"မှန်တာပေါ့... ခရီးတွေ ပိုထွက်သင့်တယ်၊ အကြီးအကဲလီလိုပဲ ဆက်ခံမယ့်သူရှိရင် ဂိုဏ်းကို နောက်မျိုးဆက်လက်ထဲ အပ်လိုက်‌ရုံပဲ" လုစုကျန်းက ခေါင်းညိတ်သည်။

"ဟုတ်ကဲ့ပါ ဗျာ' လီကျန့်ယီက သဘောတူလိုက်၏။

ထို့နောက် သူသည် အခြားဧည့်သည်များကို လိုက်လံနှုတ်ဆက်ပြန်သည်။ ပိုင်လီတုန်းကျွင်းနှင့် ယွမ်ဖေးယန်တို့ထံ ရောက်သောအခါ လီကျန့်ယီသည် ယွမ်ဖေးယန်၏ စရိုက်အမှန်ကို ရိပ်မိသွားသည်။

"ရှဲ့... ရှဲ့ရွမ်လား"

လီကျန့်ယီသည် ယွမ်ဖေးယန်ကို ဖြတ်ကျော်စဉ် အသံလှိုင်းဖြင့် တိုးတိုးလေး မေးလိုက်၏။ ထိုခဏ၌ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ယွမ်ဖေးယန်မှာ ထိတ်လန့်သွားရသည်။ သူက မတ်တပ်ရပ်ကာ ဝေ့ဝဲကြည့်လိုက်ရာ နောက်ဆုံးတွင် လီကျန့်ယီကို မြင်သွားတော့၏။

"သခင်လေးလီ... လူပုံအလယ်မှာ လျှောက်မပြောပါနဲ့" ရှဲ့ရွမ်က တိုးတိုးလေး ညည်းညူကာ ဝန်မခံလိုပေ။

"ဘေးတိုက်ကြည့်ရင် တောင်ကုန်း၊ ရှေ့ကကြည့်ရင် တောင်ထိပ်..." လီကျန့်ယီက ရုပ်ပြစာအုပ်ထဲမှ စာသားများကို ရွတ်ပြလိုက်၏။

"တော်ပြီ တော်ပြီ... ကျွန်တော်ပါပဲ၊ သခင်လေးလီ... ကျေးဇူးပြုပြီး ကျွန်တော် အထောက်အထားကို မဖော်လိုက်ပါနဲ့" ရှဲ့ရွမ်မှာ သူဖြစ်ကြောင်း ဝန်ခံလိုက်ရတော့သည်။

"ဘယ်လေတိုက်လို့ ဒီအထိ ရောက်လာရတာလဲ" လီကျန့်ယီက ရှဲ့ရွမ်ဘေးတွင် ဝင်ထိုင်ကာ မေးလိုက်၏။

"ကျွန်တော် ယွမ်ဖေးယန်က တစ်လောကလုံးကို လှည့်လည်သွားလာနေတာလေ၊ လောကမှာ ကျွန်တော်မရောက်ဖူးတဲ့နေရာ မရှိပါဘူး၊ ပြီးတော့ အခုက သခင်လေးလီရဲ့သမီးငယ် မွေးနေ့ပွဲရှိတယ်ဆိုမှ‌တော့ ပို‌တောင်လာသင့်တာပေါ့တာ၊ ခင်ဗျားက အကြီးအကဲလီပြီးရင် လောကမှာ နံပါတ်တစ်ပဲလေ" ရှဲ့ရွမ်က ကျိုးကြောင်းဆီလျော်စွာ ပြန်ပြောသည်။

"ကောင်းပြီလေ... အားရပါးရသာ သောက်ပါ၊ အားတဲ့အချိန်ကျရင် ရွှေလမြို့တော်က တုန်းကွေ့ အရက်ဆိုင်ကိုလည်း လာခဲ့ဦးပေါ့" လီကျန့်ယီက ရှဲ့ရွမ်၏ ပခုံးကို ပုတ်ကာ အခြားသူများကို ဆက်လက် နှုတ်ဆက်လေသည်။

ဧည့်ခံပွဲပြီးဆုံးသွားသောအခါ ဧည့်သည်များမှာ ဓားနှလုံးဂူဗိမာန်မှ တဖြည်းဖြည်း ပြန်သွားကြပြီ ဖြစ်သည်။ ခဏအကြာတွင် ဓားနှလုံးဂူဗိမာန်၌ ပိုင်လီတုန်းကျွင်းအပါအဝင် ရွှေလမြို့တော်မှ လူများနှင့် လီချန်းရှန်၏ တပည့်များသာ ကျန်ရှိတော့၏။

လျူယဲ့သည် ပိုင်လီတုန်းကျွင်း၊ စစ်ကုန်းချန်ဖုန်းတို့နှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် နောက်မှရောက်လာသည့် သူ၏ ညီငယ်များနှင့် ရင်းရင်းနှီးနှီး စကားပြောနေသည်။ ရင်လော့ရှားမှာ မျိုးဆက်တစ်ခု ငယ်သဖြင့် ဖက်တီးလေး လဲ့ဝူကျဲအား ကြည့်ကာ မေးလိုက်၏။

"ရှောင်ကျဲ... သားရဲ့အစ်မက ကျိုးကျိုးကို ဘယ်ခေါ်သွားတာလဲ အစ်မလော့ရှားကို လိုက်ပြပါဦး"

"အစ်မက အခန်းထဲမှာ ရှိမှာပါ..." လဲ့ဝူကျဲက ခဏတာ တွေဝေသွားပြီးမှ ဖြေလိုက်သည်။

"အစ်မကို အမြန်ခေါ်သွားစမ်းပါ... နောက်ခါကျရင် အရသာရှိတာတွေ ဝယ်ကျွေးမယ်" ရင်လော့ရှားသည် ကျိုးကျိုးလေးနှင့် ကစားချင်စိတ်ကို မထိန်းနိုင်စွာ အလျင်လိုစွာပြောနေ၏။

"ဟုတ်ကဲ့"

မုန့်ရမည်ကို ကြားရသည်နှင့် လဲ့ဝူကျဲသည် ရင်လော့ရှားကို လီဟန်ယီ၏ အခန်းဆီသို့ ချက်ချင်း ခေါ်ဆောင်သွားတော့သည်။ အခန်းသို့ရောက်သောအခါ သူက ယဉ်ကျေးစွာ တံခါးခေါက်လိုက်၏။

"အစ်မ... အစ်မရှိလား။"

"ဝူကျဲလား... ဝင်ခဲ့လေ" လီဟန်ယီသည် ကျိုးကျိုးလေးကို အစာကျွေးပြီးပြီဖြစ်၍ ကလေးလေးမှာ ပြန်လည် တက်ကြွနေပြီ ဖြစ်သည်။ဦးလေးဖြစ်သူ၏ အသံကို ကြားသည်နှင့် သူမ၏ လက်ကလေးများကို ဝှေ့ယမ်းကာ လီဟန်ယီ၏ ရင်ခွင်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေတော့သည်။

"ဦးလေးကို အဲဒီလောက်တောင် ချစ်တာလား" ကျိုးကျိုးလေးက လဲ့ဝူကျဲအတွက် တံခါးဖွင့်ပေးချင်နေသည်ကို မြင်သောအခါ လီဟန်ယီက သူမကို ချီ၍ တံခါးဖွင့်ပေးလိုက်သည်။

"ဝူကျဲ... ကျိုးကျိုးက နင် အသံကြားတာနဲ့ အပြင်ကို ပြေးထွက်ဖို့ လုပ်နေတာ၊ ကျိုးကျိုးကို ကောင်းကောင်းစောင့်ရှောက်နော် ပြုတ်မကျစေနဲ့ဦး" လီဟန်ယီက ကျိုးကျိုးလေး၏ ဆန္ဒအတိုင်း လဲ့ဝူကျဲ၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်၏။

လဲဝူကျဲသည် ကျိုးကျိုးကို ပွေ့ချီကာ သူမ၏ နူးညံ့လှသော ပါးပြင်လေးကို နမ်းလိုက်ရင်း "ကျိုးကျိုးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ" ဟု ပြောလိုက်သည်။

"တကယ် ချစ်ဖို့ကောင်းတာပဲ... ဝူကျဲ၊ အစ်မကိုလည်း ပေးချီဦး" ရင်လော့ရှားသည် လဲ့ဝူကျဲ၏ အနောက်တွင် ရပ်ကာ ကျိုးကျိုးလေး ချစ်ခင်စွာ စိုက်ကြည့်နေသည်။

"မမလော့ရှားက ချီလို့ရပါတယ်... ဒါပေမဲ့ ဝူကျဲကို ကတိပေးထားတာ မမေ့နဲ့နော်" လဲ့ဝူကျဲက သူ၏ ရင်ခွင်ထဲမှ ကျိုးကျိုးလေးကို တစ်လှည့်၊ ရင်လော့ရှားကို တစ်လှည့် ကြည့်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့... မမလော့ရှားမှာ ပိုက်ဆံတွေ‌ပေါတယ် လိုအပ်ရင် လောင်းကစားရုံတစ်ခုခုသွားပြီး ယူလိုက်ရုံပဲ" ရင်လော့ရှားက ကတိပေးကာ ကျိုးကျိုးလေးကို ချီလိုက်၏။

ထို့နောက် ကျိုးကျိုးလေး၏ မျက်လုံးများကို ကြည့်ကာ ပြောသည်။

"ကလေးလေး... နင်က နင့်အမေနဲ့ တူလိုက်တာ၊ ဒါပေမဲ့ နင့်အမေထက်တော့ ပိုဉာဏ်ကောင်းမယ် ထင်တယ်"

လီဟန်ယီမှာ ထိုစကားကြောင့် ဆွံ့အသွားရ၏။

"နင့်အမေထက် ဉာဏ်ကောင်းရုံတင်မကဘူး၊ နောင်ကျရင် နင့်အမေထက်လည်း ပိုလှမှာ သေချာတယ်"

လီဟန်ယီမှာ ဒုတိယအကြိမ် ဆွံ့အသွားပြန်ကာ ဘာပြန်ပြောရမှန်းမသိဖြစ်နေရ၏။ တစ်ဖက်တွင် လည်း သူ၏ သမီးဖြစ်သောကြောင့် ပြန်လည်ချေပဖို့ စကားမရှိသောကြောင့် နှုတ်ဆိတ်နေရတော့သည်။

"ငါက နင်ရဲ့ အမေကို မနိုင်ပေမဲ့ နင်ကိုတော့ စလို့ရတယ်လေ"

ရင်လော့ရှားက ပြောပြောဆိုဆိုနှင့် ကျိုးကျိုး၏ ပါးလေးကို အသာအယာ ဆိတ်လိုက်၏။ ထိုသို့ အထိအတွေ့ကြောင့် ကျိုးကျိုးလေးမှာ သဘောကျကာ ရယ်မောတော့သည်။

"အီးယား... အီးယား..."

ထိုမြင်ကွင်းကို မြင်သောအခါ လီဟန်ယီက ခေါင်းခါယမ်းကာ

"တူမလေး... နင်လည်း အသက်မငယ်တော့ဘူး၊ ကလေးတွေကို ဒီလောက်ချစ်နေရင်လည်း သင့်တော်တဲ့ လက်တွဲဖော် ရှာလိုက်ပါလား" ဟု ပြောလိုက်သည်။

"ညီမလေးရယ်... ကျွန်မချစ်တဲ့သူက ကျွန်မကို ပြန်မချစ်ဘူးလေ" ရင်လော့ရှားက လီဟန်ယီကို ကြည့်ကာ ပြန်ပြော၏။

"ညီမလေး ဟုတ်လား... စကားကို သေသေချာချာ ပြောစမ်းပါ၊ ပြီးတော့ နင်ချစ်တဲ့သူက ပြန်မချစ်ဘူးဆိုတာ ဘာကို ဆိုလိုတာလဲ၊ ငါ့တူမလေးက အလှစာရင်းမှာတောင် ပါတဲ့သူပဲ၊ ဘယ်သူကများ အဲဒီလောက် မျက်စိကန်းနေတာလဲ " လီဟန်ယီမှာ သူမကို 'ညီမလေး' ဟု ခေါ်သဖြင့် မကျေမနပ်ဖြစ်သော်လည်း သူမ၏ တူမလေးအတွက်တော့ ကာကွယ်ပေးချင်နေသည်။ ယခုဝါစ‌ဉ်အရဆိုလျှင် သူမသည် ရင်လော့ရှား၏ ဆရာတူ ဒေါ်လေးဖြစ်သည်။

ရင်လော့ရှားက မျက်လုံးလေးဝိုင်းကာ အံ့သြသွားပြီးမှ ရယ်မောလျက် ပြောလိုက်သည်။

"ငါက စတာပါ ဟန်ယီ၊ငါက ဘယ်သူ့ကိုမှ မချစ်ပါဘူး၊ ငါ့ဆရာလောက် ချောတဲ့သူကို တစ်ခါမှ မတွေ့ဖူးသေးတော့ ဘယ်သူ့ကိုမှ စိတ်မဝင်စား သေးတာပါ"

"အစ်ကိုကြီး လျူယဲ့လား... သူကတော့ တကယ် ချောတာပါ၊ အဲဒီလို ချောမောမှုကတော့ ရှားတာပေါ့ ၊ တူမလေးရယ်... နင် ရဲ့ စံနှုန်းက မြင့်လွန်းတာကို " လီဟန်ယီက မျက်မှောင်ကြုတ်လိုက်၏။ သူမ သိထားသော ချောမောသည့် အမျိုးသားများမှာ လက်တွဲဖော် အသီးသီး ရှိနေကြပြီ ဖြစ်သည်။

"ဒါနဲ့... တူမလေး၊ နင်က ငါ့ကို ဟန်ယီလို့ ခေါ်ရဲတယ်ပေါ့... ဆရာတူဒေါ်‌လေးလို့ ဘာလို့ မခေါ်တာလဲ" လီဟန်ယီက ရုတ်တရက် သတိရသွားကာ ရင်လော့ရှားကို မျက်စောင်းထိုးလိုက်သည်။

"ဒေါ်လေး... ကျွန်မ ဒေါ်လေးရဲ့ သမီးကို တကယ် သဘောကျတယ်၊ သူ့ရဲ့ 'မွေးစားမိခင်' အဖြစ် ခံယူလို့ ရမလား" ရင်လော့ရှားသည် လီဟန်ယီကို ' ဒေါ်လေး' ဟု ပထမဆုံးအကြိမ် ခေါ်လိုက်သော်လည်း သူမ၏ တောင်းဆိုချက်မှာ ကျိုးကျိုး၏ မွေးစားမိခင် ဖြစ်ခွင့်ရရန်ပင် ဖြစ်ပေတော့သည်။

အခန်း ၂၁၂ ရှောင်ကျဲက ဓားပညာသင်လိုခြင်း

"မွေးစား မိခင် ဟုတ်လား"

ရင်လော့ရှားက သူမကို "ဒေါ်လေး" ဟု ခေါ်သည်ကို ကြားရသဖြင့် လီဟန်ယီမှာ အမှန်တကယ်ပင် ဝမ်းသာသွားသော်လည်း ဤ 'မွေးစားမိခင်" ဆိုသည့် အသုံးအနှုန်းကမူ သူမကို ကြောင်အစေသည်။

"လော့ရှား... မဟုတ်သေးဘူးလေ၊ ငါက နင့်ရဲ့ ဒေါ်လေး ဖြစ်နေပြီးတော့ နင်ကြတော့ ငါ့သမီးရဲ့ 'မွေးစားမိခင်'ပြန်လုပ်ချင်တာလား"မျိုးဆက်အဆင့်အတန်းများ ရှုပ်ထွေးကုန်တော့မည်ဟု ခံစားရသောကြောင့် လီဟန်ယီမှာ ခေါင်းကိုက်သလိုပင် ဖြစ်နေရ၏။

"ဒါတွေက သက်သက်စီပဲလေ၊ ဒေါ်လေးက သဘောတူတယ်မလား" ရင်လော့ရှားက သူမ၏ လှပသော မျက်ဝန်းလေးများဖြင့် လီဟန်ယီကို မျှော်လင့်တကြီး ကြည့်နေ၏။

" ယီယီကို အရင်မေးရဦးမယ်၊ ကျိုးကျိုးက ငါတစ်ယောက်တည်းရဲ့ သမီးမှ မဟုတ်တာ" လီကျန့်ယီ၏ သဘောထားကို မေးမြန်းသင့်သည်ဟု လီဟန်ယီ ယူဆလိုက်သည်။

"ပြဿနာမရှိပါဘူး၊ ဒေါ်လေးသာ သဘောတူရင် သူလည်း ငြင်းမှာ မဟုတ်ပါဘူး"

"တကယ်တော့ ကျိုးကြောင်းဆင်ခြင်ကြည့်ရင် ဒေါ်လေးရဲ့ အမေက သခင်လေးလီရဲ့ စီနီယာအစ်မပဲ၊ သခင်လေးလီနဲ့ ဒေါ်လေး အမေက ဝါစဉ်အရ တန်းတူပဲလေ၊ ဒါပေမဲ့ သခင်လေးလီက ဒေါ်လေးကို လက်ထပ်လိုက်တာဆိုတော့ တော်စပ်ပုံက နဂိုကတည်းက နည်းနည်းရှုပ်နေတာပဲ မဟုတ်လား" ရင်လော့ရှားက ပြုံးလျက် မေးလိုက်၏။

လီဟန်ယီ "..."

"ပေါက်ကရတွေ ပြောမနေနဲ့တော့၊ သွား... ယီယီကို သွားမေးချေ" လီဟန်ယီက ရင်လော့ရှားကို မျက်စောင်းထိုးလိုက်သည်။

...

သူမတို့ စကားပြောနေသည့် အချိန်တွင် ဓားနှလုံးဂူဗိမာန်၏ အပြင်ဘက်တွင် လီကျန့်ယီသည် ချင်းချန်တောင်ကုန်းမှ ဝမ်ရိရှင်းနှင့် အကြီးအကဲလုတို့ကို ကိုယ်တိုင်လိုက်လံ ပို့ဆောင်နေသည်။ သူတို့ ထွက်သွားကြပြီဟု လီကျန့်ယီ ထင်မှတ်ထားသော်လည်း ဧည့်သည်အားလုံးနီးပါး ပြန်သွားချိန်တွင် ဝမ်ရိရှင်းက လှည့်ပြန်လာခဲ့ခြင်း ဖြစ်သည်။

ထိုမျှမကသေးပဲ ဝမ်ရိရှင်းသည် လီကျန့်ယီ၏ ပခုံးကို ဖက်ကာ ဓားနှလုံးဂူဗိမာန်၏ အပြင်ဘက်အထိ ခေါ်ထုတ်လာခဲ့၏။ဤလူတွင် ပြောစရာတစ်ခုခု ရှိနေသည်ကို လီကျန့်ယီ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

"ကဲ... ဝမ်သခင်၊ ဒီမှာ အရှင်လုနဲ့ ကျွန်တော်ပဲ ကျန်တော့တာ၊ ပြောစရာရှိတာ ပြောလိုက်တေ့ာ" လီကျန့်ယီက ဝမ်ရိရှင်းကို စပ်စုစွာကြည့်မိ၏။

"ဟီးဟီး...အစ်ကိုလီက ငါအကြောင်းကို အသိဆုံးပဲ"

"ငါ့ကို ကြည့်ပါဦး... လူပျိူကြီးဘဝနဲ့ တစ်သက်လုံး လက်တွဲရမယ့်သူတောင် မရှာနိုင်သေးဘူး၊ ငါက သမီးလေးတစ်ယောက် လိုချင်နေတာ၊ မင်း ဘာအကြံပေးချင်လဲ" ဝမ်ရိရှင်းက ဖြီးလျက် မေးလာသည်။

လီကျန့်ယီက သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိသွား၏။

"ဝမ်အစ်ကို... ခင်ဗျားက ကျိုးကျိုးလေးရဲ့ 'မွေးစားဖခင်'လုပ်ချင်နေတာတော့ မဟုတ်ပါဘူးနော်"

"အာ... ညီအစ်ကိုလီလောက် ငါ့ကို နားလည်သူ မရှိတော့ဘူးပဲ" ဝမ်ရိရှင်းက စိတ်လှုပ်ရှားစွာဖြင့် လီကျန့်ယီကို ကြည့်လိုက်သည်။

"မရသေးဘူးဗျ၊ ကျိုးကျိုးက ကျွန်တော်တစ်ယောက်တည်းရဲ့ သမီးမဟုတ်ဘူး ၊ ကျွန်တော်က ဟန်ယီကို မေးရဦးမယ်" လီကျန့်ယီက တွေဝေသွား၏။

"ဟေး... ဟန်ယီက မင်းစကားဆို နားထောင်တာပဲ၊ မင်း သဘောတူရင် ဒါက အောင်မြင်မှာ သေချာပါတယ်" ဝမ်ရိရှင်းက ဆိုသည်။

"ကျွန်တော့်မိန်းမကို မေးကြည့်တာက ပိုကောင်းပါလိမ့်မယ်" ကျိုးကျိုး၏ ကိစ္စများတွင် လီကျန့်ယီက တစ်ဦးတည်း သဘောမဖြတ်လိုပေ။

ထိုသို့ပြောဆိုနေစဉ်မှာပင် လီကျန့်ယီသည် လီဟန်ယီကို သွားရှာလေသည်။ ထို့အတူ လီဟန်ယီနှင့် ရင်လော့ရှားတို့သည်လည်း ရှောင်ကျိုးကျိုးကို ချီကာ သူ့အား လိုက်ရှာနေကြခြင်း ဖြစ်၏။ ထို့ကြောင့် လမ်းခုလတ်တွင် သူတို့ အချင်းချင်း ဆုံမိကြတော့သည်။

လီကျန့်ယီက စကားစပြောရန် ရှေ့တိုးလိုက်သလို လီဟန်ယီကလည်း စကားပြောရန် အသင့်ဖြစ်နေ၏။

"ယီယီ... မင်း အရင်ပြောလေ။"

"ဟန်ယီ... မင်းပဲ အရင်ပြောပါ"

"ကောင်းပြီ" လီဟန်ယီက ခေါင်းညိတ်ကာ ရင်လော့ရှားကို ကြည့်ပြီး ပြောလိုက်သည်။

"ယီယီ... လော့ရှားက ကျိုးကျိုးရဲ့ မွေးစားမိခင် လုပ်ချင်နေတယ်တဲ့၊ မင်း ဘယ်လိုထင်လဲ။"

"တိုက်ဆိုင်လိုက်တာ... ဝမ်သခင်မှာလည်း သမီးမရှိလို့ ကျိုးကျိုးရဲ့ မွေးစားဖခင် လုပ်ချင်နေတာနဲ့ အတော်ပဲ" လီကျန့်ယီသည် ကျိုးကျိုးကို ချီထားသည့် ရင်လော့ရှားကို ကြည့်ကာ မျက်လုံးပြူးသွားရသည်။

ရင်လော့ရှားနှင့် ဝမ်ရိရှင်းတို့မှာ စိတ်ကူးချင်း တူညီနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

"လော့ရှား... နင်နဲ့ ဝမ်သခင်နဲ့ ကြည့်ရတာ စိတ်ကူးချင်း တူနေကြတာပဲ၊ စမ်းကြည့်ပါလား။" ဝမ်ရိရှင်း၏ ဆန္ဒကို သိရသဖြင့် လီဟန်ယီမှာလည်း အံ့သြသွားကာ ရင်လော့ရှားကို ကြည့်၍ ပြောလိုက်၏။

"မလုပ်ပါဘူး၊ ကျွန်မက လူပျော်တွေကို မကြိုက်ဘူး" ရင်လော့ရှားက ခေါင်းခါယမ်းကာ ကျိုးကျိုးကို နမ်းလိုက်ရင်း ရယ်မောလေသည်။

"ကျွန်မက ကျိုးကျိုးရဲ့ မွေးစားမိခင်လုပ်မယ်၊ သူက မွေးစား ဖခင်လုပ်မယ်၊ဒါပေမဲ့ ကျွန်မတို့က အတွဲဖြစ်နေရမယ်လို့ မသတ်မှတ်ထားပါဘူး"တစ်ယောက်စီ၏ ရည်ရွယ်ချက်ကိုသာ ဆွေးနွေးကြရန် ဖြစ်သည်။

"မိန်းကလေး လော့ရှား ပြောတာ မှန်ပါတယ်၊ ငါကလည်း တစ်သက်လုံး လွတ်လပ်စွာ နေလာတဲ့သူဆိုတော့ သစ်ပင်တစ်ပင်တည်းမှာ ငါ့ဘဝကို အဆုံးမသတ်နိုင်ဘူးလေ" ဝမ်ရိရှင်းက ခေါင်းညိတ်ပြ၏။

"ဟန်ယီ... မင်းမှာ ကန့်ကွက်စရာရှိလား" လီကျန့်ယီက တိုက်ရိုက် ပင် မေးလိုက်သည်။

"မင်းမှာ ကန့်ကွက်စရာ မရှိရင် ငါလည်း မရှိပါဘူး" လီဟန်ယီက ပြုံးလျက် ဖြေ၏။

"တိုက်ဆိုင်လိုက်တာ... ငါလည်း အတူတူပဲ" လီကျန့်ယီက ပြုံးလိုက်သည်။

ထိုသို့ဖြင့် ကျိုးကျိုးလေးမှာ မွေးစားဖခင်တစ်ဦးနှင့် မွေးစား မိခင်တစ်ဦးကို ရုတ်တရက် ရရှိသွားတော့သည်။ နောင်တစ်ချိန်တွင် သူမသည် လောကအလယ်သို့ ထွက်လာသည့်အခါ ရှို့ရွှေစံအိမ်သည်လည်း သူမ၏ နောက်ခံဖြစ်လာမည်ဖြစ်သလို ချင်းချန်တောင်ကုန်းသည်လည်း သူမ၏ အားကိုးရာ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သမီးဖြစ်သူ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

"ဒါဆို အတည်ပဲနော်၊ နှစ်စဉ် အားလပ်ရက်တွေတိုင်း ငါ့ရဲ့ သမီးလေးအတွက် ချစ်စရာကောင်းတဲ့ အဝတ်အစား ဆယ်စုံစီ ပြင်ဆင်ပေးမယ်" ရင်လော့ရှားက စိတ်လှုပ်ရှားစွာ ပြောသည်။

"ငါလည်း သမီးလေးအတွက် အသက်အရွယ်အလိုက် ကစားစရာတွေနဲ့ တခြားလိုအပ်တာတွေ အကုန်စီစဉ်ပေးမယ်" ဝမ်ရိရှင်းကလည်း အနာဂတ်အတွက် စတင် အကြံထုတ်နေတော့၏။

"ကောင်းပါပြီ" ဝမ်ရိရှင်းက သူ၏သမီးကို မည်မျှချစ်မြတ်နိုးသည်ကို မြင်ရသဖြင့် လီကျန့်ယီလည်း ကျိုးကျိုးလေးအတွက် ဝမ်းသာမိသည်။

"ဒါဆို ငါ့ရဲ့ သမီးလေးကို တစ်ချက်လောက် ပေးချီဦး။ ချီပြီးရင်တော့ ချင်းချန်တောင်ကို ပြန်ရတော့မယ်" ဝမ်ရိရှင်းက ရင်လော့ရှားထံသို့ လျှောက်သွားကာ လက်ကမ်းလိုက်သည်။ ရင်လော့ရှားမှာ အနည်းငယ် တွန့်ဆုတ်နေသော်လည်း ဝမ်ရိရှင်း ပြန်တော့မည်ဖြစ်သဖြင့် ကျိုးကျိုးကို ထည့်ပေးလိုက်၏။ သူမကမူ ဂိုဏ်းဝင်တစ်ဦးဖြစ်၍ ဓားနှလုံးဂူဗိမာန်၌ အချိန်မရွေး နေထိုင်နိုင်ပေသည်။

"အို... ကျိုးကျိုးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ၊ မွေးစားဖခင်ကို လက်ကလေး ပေးပါဦး" ဝမ်ရိရှင်းက ကျိုးကျိုးလေးကို ချီကာ သူမ၏ လက်ကလေးကို ကိုင်ရန် ကြိုးစားလိုက်သည်။သို့သော်လည်း. ကျိုးကျိုးလေးသည် သူမ၏ ဖခင်ကဲ့သို့ပင် ဝမ်ရိရှင်း၏ ပါးကို ဆွဲရန် ဝါသနာပါပုံရ၏။ သူမသည် လက်ဆွဲခံရမည့်အစား ဝမ်ရိရှင်း၏ ပါးပြင်ကို သူမ၏ လက်ကလေးများဖြင့် အသာအယာ ဖျစ်ညှစ်လိုက်တော့သည်။

"အီးယား... အီးယား..."

ကျိုးကျိုးလေးမှာ ဝမ်ရိရှင်း၏ ပါးကို ဆွဲကာ သူမဘာသာ သဘောကျနေရှာသည်။

"ဒီ ကျိုးကျိုးလေးကတော့... မင်းနဲ့ အကုန်တူနေတော့တာပဲ" ကျိုးကျိုးလေး၏ တက်ကြွမှုကို မြင်သောအခါ လီဟန်ယီက လီကျန့်ယီကို မျက်စောင်းထိုးကာ ပြောလိုက်၏။

လီကျန့်ယီကမူ လီဟန်ယီ၏ ပါးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ "မင်းရဲ့ ပါးလေးက အရမ်းနူးညံ့နေတာကိုး၊ ဆွဲလို့ အရမ်းကောင်းတာပဲ" ဟု ပြောင်ချော်ချော်ပင် ပြန်ပြောသည်။

"သွားစမ်းပါ... ဖယ်စမ်း" လီဟန်ယီက ရှက်ကိုးရှက်ကန်းဖြင့် လီကျန့်ယီ၏ လက်ကို တွန်းဖယ်လိုက်၏။ထိုအချိန်မှာပင်၊ ဝမ်ရိရှင်းမှာ အချိန်လင့်နေပြီဟု ခံစားရသဖြင့် ကျိုးကျိုးကို ရင်လော့ရှားထံ ပြန်ပေးကာ နှုတ်ဆက်လိုက်သည်။

"သခင်လေးလီ... အားတဲ့အခါ ကျိုးကျိုးကို ချင်းချန်တောင်ကို ခေါ်လာဦးနော်"

"ကောင်းပါပြီ"

ဝမ်ရိရှင်း ထွက်ခွာသွားသည်ကို လီကျန့်ယီ ကြည့်နေမိသည်။ သူထွက်သွားပြီးနောက် လီကျန့်ယီက ရင်လော့ရှားထံမှ ကျိုးကျိုးကို ပြန်လုယူလိုက်၏။

"တူမလေး... ငါ့သမီးကို ခိုးမသွားနဲ့ဦး၊ တခြားမှာ သွားကစားချေ"

သမီးကို ပြန်ချီခွင့်ရသွားသဖြင့် လီကျန့်ယီက ရင်လော့ရှားကို စနောက်လိုက်ခြင်း ဖြစ်သည်။ ရင်လော့ရှားမှာ သူမရင်ခွင်ထဲမှ ကလေးလေးကို ပြန်လုခံလိုက်ရသဖြင့် စိတ်တိုကာ ခြေဆောင်လိုက်ပြီး အတွန့်တက်၏။

"နေ့ဘက်မှာ ကျွန်မ ချီလို့မရဘူးလား... ညဘက်မှ ရှင်တို့ချီပေါ့"

"မရဘူး...ငါက အဖေအရင်းလေ၊ အဖေအရင်းကို ယှဉ်နိုင်မယ် ထင်လို့လား...သမီးလေးကို ငါကပဲ အကြာကြီး စောင့်ရှောက်ရမှာ" လီကျန့်ယီသည် ကျိုးကျိုးကို ချီကာ ဓားဆောင်ဆီသို့ ပျော်ရွှင်စွာ လျှောက်သွားလေတော့သည်။

ထိုအချိန်တွင်...လဲ့ဝူကျဲမှာ စားပွဲပေါ်ရှိ မုန့်များကို စားနေဆဲ ဖြစ်၏။ သို့သော် လီကျန့်ယီ ပြန်လာသည်ကို မြင်သောအခါ သူက မေးမြန်းလိုက်သည်။

"ယောက်ဖ .... ကျွန်တော် ယောက်ဖဆီကနေ ဓားပညာ သင်လို့ရမလား"

"ဘာလို့ ဓားပညာ သင်ချင်ရတာလဲ" လီကျန့်ယီက ပြုံးလျက် မေးလိုက်၏။

"ရှောင်ကျဲလည်း ယောက်ဖလို ဓားနတ်ဓားဘုရား ဖြစ်ချင်လို့ပါ" လုစုကျန်း ပြောခဲ့သည့် သူသည် အမှန်တကယ်ပင် နတ်ဓားရှင် ဖြစ်လာနိုင်သည်ဆိုသော စကားကို လဲဝူကျဲ မှတ်မိနေကာ စမ်းကြည့်ချင်နေခြင်း ဖြစ်သည်။သူသည် နတ်ဓားရှင် ထက်မြင့်သည့် ဓားနတ်ဘုရားအဆင့်ကို ရောက်ကြည့်ချင်သည်။ ထိုအဆင့်သာ ရောက်ပါက သူသည်လည်း ‌သူ၏ ယောက်ဖလို ပြိုင်ဘက်ကင်းသည့် ကျင့်ကြံသူဖြစ်လာပေမည်။

လဲ့ဂိုဏ်း၏ အစဉ်အလာအရ တပည့်များ ဓားပညာအပေါ် အာရုံစိုက်လွန်းပြီး လဲ့ဂိုဏ်း၏ ထိပ်တန်းသိုင်းပညာများကို မတတ်မြောက်တော့မည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။ သာမန်အခြေအနေတွင် လူတစ်ဦးသည် ပညာရပ်အသွယ်သွယ်တွင် အကုန်လုံး ထူးချွန်းဖို့မဖြစ်နိုင်ပေ။ ထိုကြောင့် သူတို့သည် သိုင်းပညာတစ်ခုကိုသာ တစ်စိုက်မတ်မတ်သင်ယူစေကာ ထိုနေရာတွက် အလွန်ထူးချွန်စေချင်သည့် ဆန္ဒသာရှိကြသည်။

အကယ်၍ ဂိုဏ်းချုပ်လု ပြောသည့်အတိုင်း လဲ့ဝူကျဲတွင် နတ်ဓားရှင်ဖြစ်ဖို့ အလားလားတကယ်ရှိသည်ဆိုပါက လဲ့ဂိုဏ်းအနေနှင့်လည်း ဘာမှကန့်ကွက်ဖို့ စိတ်ကူးမရှိပေ။

All Chapters