← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း ၂၁၃ ကလေးရှိလည်း သူက ဂရုမစိုက်ဘူးတဲ့

"ကောင်းပြီလေ... ဒါဆိုရင် ဒီနေ့ကစပြီး ယောက်ဖနဲ့ မင်းရဲ့ အစ်မက မင်းကို ဓားပညာ သေသေချာချာ သင်ပေးမယ်"

လီကျန့်ယီက ပြုံးလျက် ဆို၏။ ၎င်းကို ကြားသောအခါ လီဟန်ယီ၏ လှပသော မျက်ဝန်းအစုံမှာ အရောင်တောက်သွားရသည်။

ဓားပညာ မလေ့ကျင့်ဖြစ်သည်မှာ ကြာပြီဖြစ်သလို ဧည့်သည်အများစုလည်း ပြန်သွားကြပြီဖြစ်သဖြင့် လီဟန်ယီသည် လဲ့ဝူကျဲ၏ လက်ကိုဆွဲကာ ဓားနှလုံးကျောက်ဆောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

"ဓားပညာသင်ဖို့ ရွေးချယ်ပြီးပြီဆိုတော့ အချိန်ဆွဲလို့ မရဘူး ဝူကျဲ၊ အခြေခံဓားသိုင်းဖြစ်တဲ့ 'သုံးပါးဓားသိုင်း' ကို မင်း ဘယ်လောက်အထိ တတ်မြောက်ထားလဲဆိုတာ အစ်မကို ပြစမ်းပါ"

လီဟန်ယီက လဲ့ဝူကျဲ၏ လက်ကလေးကို ကိုင်ထားရင်း ပြောလိုက်၏။

"လာ... ကျိုးကျိုးလေးရေ။၊ ဦးလေးကို အမေက ဓားပညာသင်ပေးနေတာ သွားကြည့်ရအောင်"

"အီးယား... အီးယား..."

ကျိုးကျိုးလေးမှာ လီကျန့်ယီ၏ ရင်ခွင်ထဲ၌ လက်ကလေးများကို ဝှေ့ယမ်းနေသည်။ မကြာမီတွင်ပင် သူတို့တစ်စုမှာ ဓားနှလုံးကျောက်ဆောင်သို့ ရောက်ရှိသွားကြ၏။

ကျောက်ဆောင်ပေါ်သို့ ရောက်သောအခါ လဲ့ဝူကျဲမှာ ဓားကိုပင် သေသေချာချာ မကိုင်နိုင်သေးသည်ကို တွေ့ရသည်။

'သုံးပါးဓားသိုင်း' ကို လေ့ကျင့်ရာတွင်လည်း အလွန်ပင် ညံ့ဖျင်းနေသဖြင့် လီဟန်ယီမှာ စိတ်တိုသွားရတော့၏။ သူမသည် လဲ့ဝူကျဲအား အကြိမ်ကြိမ် သင်ပေးခဲ့သော်လည်း အချိန်များစွာ ကုန်ဆုံးသွားသည့်တိုင် သူ၏ ဓားပညာမှာ တိုးတက်မလာဘဲ တစ်နေရာတည်းတွင်သာ ရပ်တန့်နေပေသည်။

"ရှောင်ကျဲ... အစ်မ မင်းကို ဓားပညာ သေသေချာချာ လေ့ကျင့်ဖို့ ပြောခဲ့တယ်မလား၊ မင်းက ငါ့စကားကို နားမထောင်ဘူးပဲ" လီဟန်ယီက ခါးထောက်လျက် ကြိမ်း‌မောင်းလိုက်တော့သည်။

"အစ်မ... အစ်မရယ်၊ ဝူကျဲက မလေ့ကျင့်ချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့... ဒါပေမဲ့ လဲ့ဂိုဏ်းက ခွင့်မပြုလို့ပါ" လဲဝူကျဲက ခေါင်းငုံ့ကာ သနားစဖွယ် ဖြင့် အကြောင်းပြချက်ပေး၏။

"လဲ့ဂိုဏ်းလား"

လဲ့ဂိုဏ်း၏ ဘိုးဘေးအစဉ်အလာ ကန့်သတ်ချက်များကို သတိရသွားသောအခါမှ လီဟန်ယီ၏ စိတ်မှာ အနည်းငယ် ပြေလျော့သွားတော့၏။

"ကောင်းပြီလေ... အခု ငါတို့က လဲ့ဂိုဏ်းမှာ ရှိနေတာ မဟုတ်ဘူးဆိုတာ့ ဝူကျဲ... မင်း အလေးအနက်ထားရမယ် သိလား၊ မဟုတ်ရင် နောင်ကျရင် ကျိုးကျိုးလေးကို ဘယ်လို ကာကွယ်ပေးမှာလဲ" လီဟန်ယီက နူးညံ့စွာ ချော့ပြောလိုက်သည်။သူမ၏ မောင်လေးသည် ငယ်သေးသဖြင့် အရမ်းကြမ်းတမ်းသည့်နည်းကို သုံးလို့မဖြစ်သေးပေ။

"ဟုတ်ကဲ့...ဝူကျဲက အစွမ်းကုန် ကြိုးစားပါ့မယ်" လဲ့ဝူကျဲက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

"အီးယား... အီးယား..." ထိုအချိန်တွင် ကျိုးကျိုးလေးကလည်း ဦးလေးဖြစ်သူအား အားပေးရန် ရောက်ရှိလာသည်။

"ကောင်းပြီ... အစ်မက မင်းကို နောက်ထပ် အကြိမ်အနည်းငယ် ပြပေးမယ် သေသေချာချာ ကြည့်ထားနော်"

လီဟန်ယီသည် ရေခဲမြစ်ဓားကို အလေးအနက် ကိုင်စွဲကာ 'သုံးပါးဓားသိုင်း' ၏ ဓားကွက်ကို ရှင်းရှင်းလင်းလင်းပြင် သရုပ်ဖော်ပြနေသည်။

လဲ့ဝူကျဲသည် ယခုတစ်ကြိမ်တွင် အလွန် အာရုံစိုက်ကာ ကြည့်နေပြီး လီကျန့်ယီ အရင်က အသုံးပြုခဲ့သော သစ်သားဓားကို ယူကာ လိုက်လံ လွှဲယမ်းနေ၏။လီကျန့်ယီ၏ ရင်ခွင်ထဲရှိ ကျိုးကျိုးလေးမှာလည်း ဦးလေးနှင့် မိခင်ဖြစ်သူတို့ ဓားလေ့ကျင့်နေသည်ကို မြင်သောအခါ သူမ၏ လက်ကလေးများဖြင့် အလေးအနက် ပုံစံတူ လိုက်လုပ်တတ်သည်။

လီဟန်ယီနှင့် လီကျန့်ယီတိူ့၏ အလှည့်ကျသင်ပြမှုအောက်တွင် လဲဝူကျဲသည် ဓားပညာကို ခုနစ်လခန့် တစ်စိုက်မတ်မတ် လေ့လာခဲ့ရ၏။ယခုနှစ်တွင် ကျိုးကျိုးလေးမှာ တစ်နှစ်သား အရွယ်သို့ ရောက်ရှိလာပြီ ဖြစ်၏။ သူမသည် စကားပြောရုံတင်မကဘဲ လမ်းပင် လျှောက်နိုင်နေပြီ ဖြစ်သည်။

ရွှေလမြို့တော်၌ ကျိုးကျိုး တစ်နှစ်သား ရောက်ချိန်တွင် ချန်းလျော့မှာ ခုနစ်နှစ် ရှိပြီဖြစ်ပြီး တစ်ချိန်တည်းမှာပင် ပိုင်လီတုန်းကျွင်းနှင့် ရွဲ့ယောင်တို့၏ သားလေးမှာလည်း မွေးဖွားခဲ့ပြီဖြစ်သည်။ ကလး၏ မျက်ခုံးများမှာ ပိုင်လီတုန်းကျွင်းနှင့် တူသလို မျက်နှာပေါက်မှာ ရွဲ့ယောင်ကဲ့သို့ နုနယ်လှသည့် သားယောကျ်ားလေးတစ်ဦးပင် ဖြစ်၏။ ကလေးလေးကို မွေးဖွားပြီးသည်နှင့် လီဟန်ယီနှင့် လီကျန့်ယီတို့မှာ ဂုဏ်ပြုရန် ရောက်ရှိလာကြသည်။

"စီနီယာအစ်ကို ပိုင်လီ... အစ်ကို့ရဲ့ သားလေး မွေးလာပြီဆိုတော့ အစ်ကိုလည်း အပူအပင် ကင်းသွားပြီပေါ့" လီကျန့်ယီက ပြုံးလျက် ဆို၏။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ စိတ်အခြေအနေမှာ မည်မျှ ခန့်မှန်းရခက်သည်ကို သူ ကောင်းစွာ သိရှိပေသည်။

"ဟုတ်ပါ့ဗျာ... တော်တော်လေး ခက်ခဲခဲ့တာ၊ အရက်တောင် အေးအေးဆေးဆေး မချက်နိုင်ဘူး၊ ကံကောင်းလို့ ငါ့ရဲ့ အာရွဲ့က အဲဒီကာလကို ကျော်ဖြတ်နိုင်ခဲ့တာ"

ရွဲ့ယောင်၏ ရင်ခွင်ထဲတွင် အေးချမ်းစွာ အိပ်မောကျနေသည့် သားလေးကို ကြည့်ကာ ပိုင်လီတုန်းကျွင်းမှာ ပင်ပန်းရကျိုးနပ်ပြီဟု ခံစားလိုက်ရသည်။

"ဒါနဲ့ ယီယီ... မင်းရဲ့ ကျိုးကျိုးလေးကို ငါ့သားနဲ့ မိတ်ဆက်ပေးလိုက်ဦးလေ၊ သူတို့က အတူတူ ကြီးပြင်းလာကြမယ့် ကစားဖော်တွေပဲလေ အခုကတည်းက ရင်းနှီးထားတာ ကောင်းပါတယ်" ပိုင်လီတုန်းကျွင်းသည် နတ်သမီးလေးကဲ့သို့ လှပသော လီကျန့်ယီ၏ သမီးကို သဘောကျနေခြင်း ဖြစ်၏။

လီကျန့်ယီ"..."

ခဏတာ တိတ်ဆိတ်သွားပြီးနောက် လီကျန့်ယီက "ကျိုးကျိုးနဲ့ ဖက်တီးလေးက ချန်းလျော့တို့နဲ့အတူ သိုင်းသင်နေကြတယ်" ဟု ပြောလိုက်သည်။

"ခြံထဲမှာလား... ကောင်းတာပေါ့၊ တစ်ပြိုင်နက်တည်း နှစ်ယောက်လုံးကို မိပြီပဲ။ သားရေ... မင်းရဲ့ အနာဂတ် ဇနီးလောင်းတွေကို အခုပဲ သတ်မှတ်လိုက်ပြီ" ပိုင်လီတုန်းကျွင်းသည် သားလေးကို ချီကာ ခြံထဲသို့ လျှောက်သွားတော့၏။

၎င်းကို မြင်သောအခါ လီကျန့်ယီမှာ သူ့ကို လက်သီးဖြင့် ထိုးချင်စိတ် ပေါက်သွားရသည်။ သို့သော် နောက်ဆုံးတွင် သူ လက်မပါခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သမီးဖြစ်သူ ကျိုးကျိုးမှာ သာမန်မိန်းကလေးတစ်ဦး မဟုတ်ဘဲ ဓားပညာအပေါ် အလွန်အမင်း စွဲလမ်းနေသောကြောင့် ဖြစ်၏။

လီကျန့်ယီ ဓားနှလုံးကျောက်ဆောင်ပေါ်တွင် ကိုးနှစ်တိုင်တိုင် မဆင်းဘဲ နေခဲ့စဉ်ကကဲ့သို့ပင် မည်သည့်အရာကမျှ သူမ၏ ဓားအပေါ်ထားသော စိတ်ဓာတ်ကို မယိမ်းယိုင်စေနိုင်ပေ။ လီကျန့်ယီနှင့် နှိုင်းယှဉ်ရလျှင် လီကျန့်ယီ၏ ဓားပညာအားထုတ်မှုမှာ ဤလောကတွင် မိမိကိုယ်ကိုယ်နှင့် လီဟန်ယီအပါအဝင် မိသားစုကို ကာကွယ်ရန်အတွက်သာ ဖြစ်၏။

ထို့ကြောင့် သူသည် ဓားလေ့ကျင့်ရာတွင် အစွမ်းကုန် ကြိုးစားသော်လည်း လီဟန်ယီကြောင့် ခေတ္တ အနားယူတတ်သည်။ ၎င်းက သူ၏ ဓားပညာ တိုးတက်မှုကို ထိခိုက်စေနိုင်သော်လည်း အလုပ်နှင့် အနားယူမှုကို မျှတစွာ ထားရှိခြင်းမှာ သူ၏ မူဝါဒဖြစ်သဖြင့် လီဟန်ယီ၏ အခြေအနေမှာ သူ၏ အနားယူချိန် ဖြစ်လာခဲ့ခြင်း ဖြစ်၏။

ခြံဝင်းအတွင်း၌ ခုနစ်နှစ်အရွယ် ချန်းလျော့မှာ လှံပညာကို ကြိုးစားလေ့ကျင့်နေသည်။ ပင်လယ်ပြာနဂါးလေး ဖက်တီးလေးမှာလည်း လီကျန့်ယီ ထုလုပ်ပေးထားသော သစ်သားဓားလေးဖြင့် ဓားပညာ လေ့ကျင့်နေ၏။ ကျိုးကျိုးလေးမှာမူ လီကျန့်ယီ ငယ်စဉ်ကကဲ့သို့ပင် ဓားပညာကို အလွန်အမင်း အာရုံစိုက်ကာ လေ့ကျင့်နေရှာသည်။ ချန်းလျော့နှင့် ဖက်တီးလေးတို့က သူတို့ရောက်လာသည်ကို သတိထားမိ သည့်တိုင်အောင် ကျိုးကျိုးလေးမှာမူ အာရုံမပျက်ဘဲ ဓားသိုင်းကို ဆက်လက် လေ့ကျင့်နေဆဲ ဖြစ်၏။

"အစ်ကိုယီ"

"ဖက်တီး၊ ဖက်တီး"

နဂါးလေးနှင့် ချန်းလျော့တို့မှာ လှံနှင့် ဓားများကို ချကာ လီကျန့်ယီထံသို့ ပြေးလာကြသည်။

"အင်း... ချန်းလျော့နဲ့ ဖက်တီးလေးတို့က လိမ္မာလိုက်တာ၊ မင်းတို့ကို သူငယ်ချင်းအသစ်နဲ့ မိတ်ဆက်ပေးမယ်..."

"အယ်...ဒါနဲ့ .. စီနီယာအစ်ကို ပိုင်လီ၊ အစ်ကို့သားမှာ နာမည်ရှိပြီလား" လီကျန့်ယီက ကလေးငယ်ကို ချီထားသည့် ပိုင်လီတုန်းကျွင်းကို လှည့်မေးလိုက်၏။

"နာမည်လား... ရွေးဖို့ အချိန်မရသေးဘူး။ အခုပဲ ရွေးလိုက်ကြမလား" ပိုင်လီတုန်းကျွင်းက သူ၏ရင်ခွင်ထဲရှိ နုနယ်လှသော သားလေးကို ကြည့်ကာ စဉ်းစားလေသည်။

"ပိုင်လီတုန်းဖုန်း (တာင်ဘက်လေ)လို့ ပေးရင်ရော" ပိုင်လီတုန်းကျွင်းက မေးလိုက်၏။

"ဒါဆိုရင် 'တုန်းဖုန်းအမြန်ချောပို့' လို့ပဲ ခေါ်လိုက်တော့လေ" လီကျန့်ယီမှာ ပြောစရာ စကားပင် ပျောက်ရှသွားရသည်။

"တကယ်ပဲ... ဒီနာမည်က နည်းနည်းတော့ ပေါ့ပျက်ပျက် နိုင်သွားသလားပဲ၊ ပိုင်လီတုန်းဖုန်း၊ ပိုင်လီရှီးဖုန်း (အနောက်လေ) ဘာညာဆိုတာတွေက မကောင်းပါဘူး” ပိုင်လီတုန်းကျွင်းမှာ ဤနာမည်မှာ သူ၏သားနှင့် မလိုက်ဖက်ဟု ခံစားလိုက်ရသည်။

"ပိုင်လီ... ပိုင်လီ... 'ပိုင်လီယောင်ကျွင်း' လို့ ခေါ်ရင်ကော ဘယ်လိုလဲ" လီကျန့်ယီက အကြံပေးလိုက်၏။

"ယောင်ကျွင်းလား" ပိုင်လီတုန်းကျွင်း၏ မျက်လုံးများ ဝင်းလက်သွားသည်။

"အာရွဲ့ရဲ့ နာမည်ရော၊ ငါ ပိုင်လီတုန်းကျွင်းရဲ့ နာမည်ရော ပါတယ် ဒီနာမည်က တကယ့်ကို ထူးခြားတာပဲ၊ ယောင်ကျွင်းရေ... မင်းရဲ့ ယောက္ခထီးက မင်းရဲ့နာမည်ကို မှည့်‌ပေးလိုက်ပြီ သဘောကျရဲ့လား"

လီကျန့်ယီက ပြန်လည် အော်ဟစ်လိုက်တော့သည်။

"သွားစမ်းပါ၊ ဘယ်က ယောက္ခထီးလဲ ၊ အစ်ကိုက ကျွန်တော်ရဲ့ သမီးကိုပဲ ကြံနေတာလား"

"အို... ခမည်းခမက်ရယ်၊ ဘာလို့ အဲဒီလောက်တောင် စိတ်တိုနေရတာလဲ" လီကျန့်ယီ စိတ်တိုနေသည်ကို မြင်သောအခါ ပိုင်လီတုန်းကျွင်းက ပြောင်ချော်ချော်နှင့် ရှေ့တိုးလာ၏။

"အစ်ကိုသာ နောက်တစ်ခါ ခမည်းခမက်လို့ ထပ်ခေါ်ရင် အစ်ကိုရဲ့ အချစ်ပြိုင်ဘက်ကို ရွှေလမြို့တော်ဆီ ခေါ်လာမိလိမ့်မယ်" လီကျန့်ယီက ပိုင်လီတုန်းကျွင်းကို ခြိမ်းခြောက်လိုက်သည်။

ဤကလေးက မွေးကာစရှိသေးသည်ကို ငါ့ရဲ့ ကျိုးကျိုးလေးကို ကြံစည်နေသည်လား။ အိပ်မက်မက်နေလိုက်၊ ကလေးကြီးလာတဲ့အခါမှာ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေးက ဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်သည်။ ပြီးတော့ အဓိကအချက်က ကျိုးကျိုးလေးက သူ့ကို ကြိုက်ဖို့ လိုအပ်ပေသည်။

"အချစ်ပြိုင်ဘက်လား... ငါ့မှာ ကလေးတောင် ရနေပြီပဲ၊ ဘာလို့ အချစ်ပြိုင်ဘက်ကို ကြောက်နေရမှာလဲ" ပိုင်လီတုန်းကျွင်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

"ဒါပေမဲ့ အဲ့လူက ကလေးရှိ‌နေရင်တောင် ဂရုမစိုက်ဘူးလို့ ပြောတယ်" လီကျန့်ယီက အလေးအနက် ဆိုလိုက်သည်။

ပိုင်လီတုန်းကျွင်း "..."

အခန်း ၂၁၄ တူတူပုန်းတမ်းကစားခြင်း

"ယီယီ... မင်းက တကယ်ဉာဏ်များတာပဲ၊ ငါအရှုံးပေးပါတယ်၊ မင်းကို ခမည်းခမက်လို့ နောက်မခေါ်တော့ဘူး ဟုတ်ပြီလား၊ ဒါနဲ့ မင်းရဲ့ ကျိုးကျိုးလေးကို ငါ့ရဲ့ ယောင်ကျွင်းနဲ့ မိတ်ဆက်ပေးခွင့်ပြုပါဦး"

ပိုင်လီတုန်းကျွင်းသည် ယောင်ကျွင်းကို ချီကာ ဓားလေ့ကျင့်နေသည့် ကျိုးကျိုးထံသို့ လျှောက်သွား၏။ ကျိုးကျိုးလေးမှာ ဓားလေ့ကျင့်ရာတွင် အလွန်အာရုံစိုက်နေပြီး သူမ၏ နုနယ်လှပသော မျက်နှာလေးတွင် တည်ကြည်မှုများ ယှက်သန်းနေသည်။

"ဟိတ်"

ကျိုးကျိုးလေးသည် သူမ၏ အားရှိသမျှ ဓားကို လွှဲယမ်းနေ၏။ ၎င်းတို့မှာ ထိုးခြင်း၊ သွင်းခြင်း၊ ခုတ်ခြင်း၊ ပုတ်ထုတ်ခြင်းနှင့် လွဲယမ်းခြင်း အစရှိသည့် အခြေခံဓားသိုင်း ရှစ်မျိုးပင် ဖြစ်သည်။ ဤသိုင်းမှာ သုံးပါးဓားသိုင်းထက် ပိုမိုစုံလင်ပြီး ဓားနှင့် မွေးရာပါ အသားကျသူများအတွက် အလွန်သင့်တော်လှပေသည်။

၎င်းသည် ရိုးရှင်းသော်လည်း ဓား၏ အနှစ်သာရအပြည့်အဝ ပါဝင်သဖြင့် ဓားပါရမီပါသူများသည် ငယ်စဉ်ကတည်းက အခြေခံဓားသိုင်းကို လေ့ကျင့်ခြင်းဖြင့် မိမိကိုယ်ပိုင် ဓားစိတ်ဆန္ဒနှင့် ဓားကွက်များကို နားလည်သဘောပေါက်နိုင်ပေသည်။

ကျိုးကျိုးမှာ လီကျန့်ယီ၏ သမီးဖြစ်သဖြင့် လီကျန့်ယီသည် နောက်မျိုးဆက်က ရှေ့မျိုးဆက်ကို ကျော်တက်နိုင်ရန် မျှော်လင့်ထား၏။ ကျိုးကျိုးလေးမှာ အကူအညီများဖြင့် တက်လှမ်းခဲ့သည့် သူထက်ပင် ပို၍ ပါရမီပါပုံရသည်။ လီကျန့်ယီသည် အသက်နှစ်နှစ်မှ အဆင့်ကိုးဆင့် အဆင့်သို့ ရောက်ရှိခဲ့သော်လည်း ကျိုးကျိုးမှာမူ အသက်တစ်နှစ်အရွယ်မှာပင် မြေကမ္ဘာလွတ်မြောက်ခြင်း အဆင့်သို့ ရောက်ရန် သိပ်မဝေးတော့ပေ။

အကယ်၍ ပိုင်လီတုန်းကျွင်းသာ ပို၍ ကြိုးစားအားထုတ်ခြင်း မရှိပါက ဆယ်နှစ်အရွယ် ကျိုးကျိုးက သူ့ကိုပင် ကျော်တက်သွားနိုင်ပေသည်။

"ကျိုးကျိုးလေးရေ... ကြည့်စမ်း၊ ဦးလေးပိုင်လီက မင်းအတွက် မောင်လေးတစ်ယောက် ခေါ်လာပေးတယ်"

ပိုင်လီတုန်းကျွင်းက ဓားလေ့ကျင့်နေသည့် ကျိုးကျိုးလေး၏ ရှေ့သို့ ရောက်လာ၏။ ရုတ်တရက် အဟန့်အတားဖြစ်သွားသဖြင့် ကျိုးကျိုးလေးမှာ အာရုံစိုက်နေသည့် ဓားလေ့ကျင့်မှုမှ ရုန်းထွက်ကာ သတိထားကြည့်လိုက်ရသည်။

ရင်ခွင်အတွင်း၌ အိပ်ပျော်နေသည့် မောင်လေးကို မြင်သောအခါ ကျိုးကျိုးလေးသည် သစ်သားဓားကို ချလိုက်၏။ ထို့နောက် သူမ၏ လှပသော မျက်နှာလေးကို ပင့်ကာ ယောင်ကျွင်း၏ ပါးလေးကို လက်ကလေးဖြင့် အသာအယာ ဆိတ်လိုက်ပြီး သဘောကျဟန်ဖြင့် ပြောလိုက်သည်။

"အဖေက ဘာလို့ ကျိုးကျိုးရဲ့ ပါးကို အမြဲညစ်နေလဲဆိုတာ အခုမှ သိတော့တယ်၊ ကလေးရဲ့ ပါးလေးက အရမ်းနူးညံ့ပြီး ညစ်လို့ တကယ်ကောင်းတာပဲ"

လီကျန့်ယီ "..."

"ကျိုးကျိုးလေး... အဖေက အဲဒီလို မသင်ပေးထားဘူးလေ" လီကျန့်ယီက အလေးအနက် ဆို၏။

"ကျိုးကျိုးက ကိုယ့်ဘာသာကို သိတာပါ" ကျိုးကျိုးလေးက သူမ၏ လှပသော မျက်နှာလေးကို ပင့်ကာ တက်ကြွလှပသော အပြုံးလေးဖြင့် လီကျန့်ယီကို ကြည့်လိုက်သည်။

"ကောင်းပြီလေ... ဒါပေမဲ့ တစ်ခုတော့ ပြောထားမယ်၊ ငယ်ငယ်တုန်းကတော့ ဒီလို နေလို့ရပေမဲ့ ကြီးလာရင်တော့ ဒီလောက်အထိ ရင်းရင်းနှီးနှီး မနေရဘူးနော်၊ နောင်ကျရင် လက်ထပ်မယ့်သူနဲ့ပဲ ဒီလို နေရမှာ... နားလည်လား" သမီးဖြစ်သူက အရောတဝင်ဖြစ်ပြီး အလိမ်ခံရမည်ကို စိုးရိမ်သဖြင့် လီကျန့်ယီက အမြန်ဆုံး ညွှန်ကြားလိုက်ခြင်း ဖြစ်၏။

"အင်း" ကျိုးကျိုးလေးက လိမ္မာစွာ ခေါင်းညိတ်သော်လည်း သူမ၏ လက်ကလေးများကမူ ယောင်ကျွင်းလေး နိုးလာစေရန် အသာအယာ ဆိတ်နေဆဲ ဖြစ်သည်။

"အူးဝဲ... အူးဝဲ..."

ယောင်ကျွင်းလေးမှာ နိုးလာကာ အသံကုန် အော်ငိုတော့၏။ ၎င်းကို မြင်သောအခါ ပိုင်လီတုန်းကျွင်းက သူ၏ရင်ခွင်ထဲရှိ သားဖြစ်သူကို မျက်စောင်းထိုးလိုက်သည်။

"ယောင်ကျွင်း... မင်းရဲ့ အနာဂတ်ဇနီးလောင်းက ပါးလေး နှစ်ခါလောက် ဆိတ်တာကို ငိုနေတာလား၊ ယောက်ျားပီပီ မနေတတ်ဘူးလား... အဖေ့ကို အရှက်မခွဲစမ်းနဲ့"

"ဦးလေးပိုင်လီ... ဦးလေးပိုင်လီ၊ ယောင်ကျွင်းလေးက ဗိုက်ဆာနေတာပါ..." ကျိုးကျိုးလေးမှာ ကလေးဘဝကို ကျော်ဖြတ်လာသူပီပီ ကလေးငယ်၏ အခြေအနေကို ကောင်းစွာ နားလည်၏။

"ဗိုက်ဆာတာလား... ပါးဆိတ်ခံရလို့ နိုးလာတာ မဟုတ်ဘူးလား" ပိုင်လီတုန်းကျွင်းက သံသယဖြင့် ယောင်ကျွင်း၏ နှုတ်ခမ်းနားသို့ လက်ညှိုးတိုးပေးလိုက်ရာ ယောင်ကျွင်းလေးက ချက်ချင်းပင် စုပ်ယူလေတော့သည်။ ထိုအခါမှ ငိုသံမှာ တဖြည်းဖြည်း တိတ်သွား၏။၎င်းကို မြင်သောအခါ ပိုင်လီတုန်းကျွင်းမှာ အံ့သြသွားရသည်။

"ပါးဆိတ်လို့ ငိုတာထင်နေတာ... တကယ်တော့ ဗိုက်ဆာနေတာပဲကိုး"

"ကျိုးကျိုးက ခပ်ဖွဖွလေးပဲ ဆိတ်တာပါ၊ ယောင်ကျွင်းကို ထိရုံပဲ ထိလိုက်တာဆိုတော့ မနာပါဘူး..." ကျိုးကျိုးလေးက အားတက်သရော ရှင်းပြ၏။

"အင်း... ကျိုးကျိုးလေးက တကယ်ကို လိမ္မာတဲ့ ကလေးမလေးပဲ" ပိုင်လီတုန်းကျွင်းက ချီးကျူးလိုက်ပြီး ယောင်ကျွင်းကို ချီကာ ရွဲ့ယောင်ထံသို့ ပြန်သွားလေသည်။

၎င်းကို မြင်သောအခါ ကျိုးကျိုးလေးမှာ လက်နှစ်ဖက်ကို ဆန့်တန်းကာ လီကျန့်ယီထံသို့ ပြေးသွားပြီး "အဖေ... ချီပါဦး" ဟု ပြောလိုက်၏။

"ကောင်းပါပြီဗျာ"

လီကျန့်ယီက သမီးလေးကို တင်းကျပ်စွာ ပွေ့ချီကာ ပါးပြင်လေးကို နှစ်ကြိမ်ခန့် နမ်းလိုက်သည်။ ထို့နောက် သူမ၏ ပါးလေးကို ဆိတ်ရန် ကြိုးစားလိုက်၏။ သို့သော် အားလုံး အံ့သြသွားရသည်မှာ ကျိုးကျိုးလေးသည် သူမ၏ ပါးပြင်ကို လီကျန့်ယီ၏ လက်နှင့် ထိမိစေရန် ကျွမ်းကျင်စွာပင် လိုက်လျောပေးလိုက်ခြင်း ဖြစ်သည်။

"ကျိုးကျိုးလေးရေ... အဖေ့အကြောင်းကို သမီးအသိဆုံးပဲ" လီကျန့်ယီက စိတ်လှုပ်ရှားစွာ ရေရွတ်မိသည်။

"အဖေ... ကျိုးကျိုးကလည်း အဖေ့ကို နှိပ်ပေးမယ်"

ကျိုးကျိုးလေးသည် သူမ၏ နူးညံ့လှသော လက်ကလေးကို ဆန့်ကာ တောက်ပသော အပြုံးလေးဖြင့် လီကျန့်ယီ၏ ပါးကို ဆိတ်လိုက်၏။ လီကျန့်ယီ ခံစားလိုက်ရသည့် အထိအတွေ့မှာ နွေးထွေးပြီး နူးညံ့လှပေသည်။

ညဉ့်နက်ပိုင်း ရောက်သောအခါ ကျိုးကျိုးနှင့် လီဟန်ယီတို့သည် လီနေအိမ်သို့ ပြန်လာကြသည်။ လီကျန့်ယီသည် နေအိမ်အတွင်း၌ ကျိုးကျိုးနှင့် တူတူပုန်းတမ်း ကစားနေ၏။ လီဟန်ယီကမူ အိမ်ရှေ့ခန်း၌ ထိုင်ကာ လက်ဖက်ရည်သောက်ရင်း သားအဖနှစ်ယောက် ကစားနေသည်ကို ကြည့်နေသည်။

"ကျိုးကျိုး... ဖြည်းဖြည်းသွားနော်၊ ချော်မလဲစေနဲ့"ကျိုးကျိုးလေး ပုန်းစရာနေရာ ရှာနေသည်ကို ကြည့်ကာ လီဟန်ယီက ပြုံးလျက် သတိပေးလိုက်၏။

"ဟုတ်ကဲ့ အမေ"

ကျိုးကျိုးလေးက လိမ္မာစွာ ခေါင်းညိတ်ပြပြီး လီဟန်ယီ၏ ကုလားထိုင်နောက်တွင် ပုန်းလိုက်သည်။

"အမေ... အမေ၊ အဖေက ကျိုးကျိုး ဘယ်မှာလဲလို့ မေးရင် အမေက လုံးဝမပြောရဘူးနော်" ကျိုးကျိုးလေးက လီဟန်ယီ၏ အနောက်မှနေ၍ မှာကြားနေသည်။

"အင်းပါ" လီဟန်ယီက ပြုံးလျက် ခေါင်းညိတ်လိုက်၏။

"တစ်ရာ"

"ကျိုးကျိုးလေးရေ... အဖေ တစ်ရာအထိ ရေတွက်ပြီးပြီနော်၊ အဖေ လာရှာပြီနော် "

လီကျန့်ယီသည် ခြံဝင်းအတွင်းမှနေ၍ ကျိုးကျိုးကို စတင်ရှာဖွေတော့သည်။ မရိုးမသား မဖြစ်စေရန်အတွက် လီကျန့်ယီသည် သူ၏ သိုင်းပညာစွမ်းအားကို အသုံးမပြုဘဲ ရှာဖွေခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းမှာ တူတူပုန်းတမ်း ကစားခြင်း၏ အနှစ်သာရကို ပျက်စီးစေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပုန်းနေသည့် ကျိုးကျိုးလေးကို ရှာရန်မှာ လီကျန့်ယီအတွက် အချိန်အနည်းငယ် ပေးရပေမည်။

"ရှေးလူကြီးတွေ ပြောသလိုပေါ့... အလုံခြုံဆုံးနေရာက အန္တရာယ်အရှိဆုံးနေရာပဲ။ ကျိုးကျိုးက ခြံထဲက တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်နိုင်မလား" လီကျန့်ယီက တစ်ယောက်တည်း ရေရွတ်လိုက်၏။

သူသည် ခြံဝင်းတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း ကျိုးကျိုးလေး၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။

"ခြံထဲမှာ မရှိဘူးလား..."

လီကျန့်ယီသည် အိမ်ရှေ့ခန်းဆီသို့ လျှောက်လာရာ လက်ဖက်ရည်ပူပူတစ်ခွက်ကို ကိုင်ကာ သူ့အား စိုက်ကြည့်နေသည့် လီဟန်ယီကို တွေ့လိုက်ရသည်။

"ဟန်ယီ... ငါတို့သမီးကို တွေ့မိလား" လီကျန့်ယီက မေးလိုက်၏။

"ရှင်ပဲ ကျိုးကျိုးနဲ့ တူတူပုန်းတမ်း ကစားနေတာ မဟုတ်လား... ဘာလို့ သူများကို လာမေးနေတာလဲ" လီဟန်ယီက လီကျန့်ယီကို မျက်စောင်းထိုးလိုက်သည်။

"ဟန်ယီ မဟုတ်ရင်တောင် ကိုယ်တို့ကျိုးကျိုးအကြောင်း မင်းသိပါတယ်၊ သူက တစ်နှစ်သားပဲ ရှိသေးပေမဲ့ သူ့ဦးလေးထက်တောင် ပိုပြီး ဉာဏ်ကောင်းနေတာလေ" သမီးဖြစ်သူမှာ ဉာဏ်ကောင်းလွန်းသဖြင့် တစ်ခါတစ်ရံ လီကျန့်ယီပင် လက်မှိုင်ချရတတ်သည်။

"ဒါက ဘယ်သူ့ကြောင့်လဲ... သူမရဲ့ တော်လှတဲ့ ဖခင်ကြောင့် မဟုတ်ဘူးလား" လီဟန်ယီက ပြုံးလျက် ကျီစယ်လိုက်၏။

"ကောင်းပါပြီ... မင်းမပြောလည်း ကိုယ် ကွကိုယ် ရှာပါမယ်" လီကျန့်ယီက နှာခေါင်းရှုံ့လိုက်သည်။

"အမြန်သွားရှာတော့၊ ကျိုးကျိုးကို တွေ့တာနဲ့ အိပ်ဖို့ ပြင်တော့... အချိန်နှောင်းနေပြီ" လီဟန်ယီက လက်ဝှေ့ယမ်းကာ လီကျန့်ယီကို အမြန်ထွက်သွားရန် အရိပ်အယောင်ပြလိုက်၏။

လီကျန့်ယီကလည်း အမှန်တကယ်ပင် ထွက်သွားလေတော့သည်။

"ကျိုးကျိုး... သမီးရဲ့ အဖေက သွားပြီ" လီဟန်ယီက ကုလားထိုင်အောက်တွင် ပုန်းနေသည့် သမီးလေးကို လှည့်ကြည့်ကာ ပြောလိုက်၏။

"တကယ်လား... ဒါဆို ကျိုးကျိုးလည်း လက်ဖက်ရည် သောက်ဖို့ ထွက်လာတော့မယ်၊ နည်းနည်း ဗိုက်ဆာလာလို့" ကျိုးကျိုးလေးသည် ကုလားထိုင်နောက်မှ ပျော်ရွှင်စွာ ထွက်လာခဲ့သည်။

သူမ ထွက်လိုက်သည်နှင့် လီကျန့်ယီက ပြုံးလျက် သူမထံ လျှောက်လာသည်ကို တွေ့လိုက်ရ၏။

"ကျိုးကျိုးလေး... အဖေက သမီးကို တွေ့သွားပြီနော်"

"အဖေ... အဖေက အပြင်ကို ထွက်သွားတာ မဟုတ်ဘူးလား" လီကျန့်ယီ ရုတ်တရက် ပြန်ရောက်လာသည်ကို မြင်သောအခါ ကျိုးကျိုးလေးမှာ အံ့သြသွားရသည်။

"အဲဒါကတော့ သမီးအမေကြောင့်ပေါ့၊ အဖေ အိမ်ထဲကို အစောက ဝင်လာတုန်းက သမီးအမေက အဖေ့ကိုပဲ စိုက်ကြည့်နေတာလေ"

"ဒါဆို အမေက အဖေ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ" လီကျန့်ယီက ပြုံးလျက် မေးလိုက်သည်။

"အဖေက ချောလို့ပေါ့" ကျိုးကျိုးလေးက တွေဝေခြင်းမရှိဘဲ ဖြေလိုက်၏။

"မဟုတ်ဘူးလေ.. သမီးအမေရဲ့ မျက်လုံးတွေက တစ်မျိုးဖြစ်နေတာကို ကြည့်ပြီး သမီးကို အမေတွေ့ထားတယ်ဆိုတာ အဖေ သိလိုက်တာပေါ့"

"အိမ်ရှေ့ခန်းထဲမှာ ပုန်းစရာ နေရာဆိုလို့ အမေ ထိုင်နေတဲ့ ကုလားထိုင်နောက်ပဲ ရှိတာလေ။ အဲဒါကြောင့် အဖေက ရုတ်တရက် ပြန်လှည့်လာတာပေါ့" လီကျန့်ယီက အေးအေးလူလူပင် ရှင်းပြတော့သည်။

All Chapters