← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း ၂၂၁ လူဆိုးခင်ပွန်းနှင့် စနောက်တတ်သော ဇနီး

ရဲအန်ရှီ၏ ဆူဆူပူပူလုပ်ချင်နေသော ပုံစံကို မြင်လိုက်ရသဖြင့် ရဲဒင်းကျီသည် သူ၏ အင်္ကျီလက်ကို ဒေါသတကြီး ဝှေ့ယမ်းလိုက်ပြီး "သခင်လေးလီ၊ ကျွန်တော်တို့ ပြန်ကြရအောင်" ဟု ပြောလိုက်သည်။

"ကောင်းပါပြီ"

လီကျန့်ယီသည် ကျိုးကျိုးကို ရင်ခွင်ထဲပိုက်ကာ ပြုံးလျက် သဘောတူ၏ လီကျန့်ယီ၏ ရင်ခွင်ထဲရှိ ကျိုးကျိုးလေးကလည်း "တာတာ့ မောင်လေး"ဟု လက်ပြနှုတ်ဆက်လေသည်။

ထိုသို့ပြောပြီးနောက် လီကျန့်ယီသည် အားလုံးကို ဦးဆောင်ကာ ရွှေလမြို့တော်သို့ပြန်လာခဲ့ပါတော့သည်။သူတို့ထွက်သွားပြီးနောက် ရဲအန်ရှီသည် လီကျန့်ယီတို့ ထွက်ခွာသွားရာ လမ်းဘက်သို့ ကြည့်ကာ လက်အုပ်ချီလျက် "ကျွန်တော့်ဖေဖေကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါကာလီ" ဟု ရေရွတ်လိုက်သည်။ထို့နောက် ရဲအန်ရှီသည် သစ်သားငါးရုပ်ကို ခေါက်နေသော ဆရာတော်ဝမ်ရိထံသို့ လျှောက်သွားလေသည်။

"တပည့်လေး၊ မင်းက သိနေပြီသားလား" ဆရာတော်ဝမ်ရိသည် မျက်စိကို အမြဲမှိတ်ထားသကဲ့သို့ပင် ဆက်လက်မှိတ်ထားရင်း ဝူရှင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဦးလေးဒင်းရဲ့ နာမည်မှာ 'ဒင်း' ဆိုတဲ့ စာလုံးပါဝင်နေသလို၊ သူ ကျွန်တော့်ကို ဆုံးမတာကလည်း အဖေတစ်ယောက်က သားကို ဆုံးမသလိုပါပဲ၊ ခံစားချက်အရတင် သူဟာ ကျွန်တော်ရဲ့အဖေဆိုတာကို ကျွန်တော် ခန့်မှန်းနိုင်ပါတယ်" ရဲအန်ရှီသည် ဦးလေးဒင်းနှင့် ကုန်ဆုံးခဲ့သည့် အချိန်တိုင်းကို ပြန်လည်အောက်မေ့နေမိသည်။ ရဲအန်ရှီမှာ ဖခင်မဲ့နေသည် မဟုတ်ပေ။သူ၏ဖခင်သည် မတူညီသော အထောက်အထားတစ်ခုကို အသုံးပြု၍ သူ၏အနားတွင် နေပေးနေခြင်းသာ ဖြစ်သည်။

"နောင်တစ်ချိန်မှာ ကျွန်တော်က ဖေဖေကို မူလအတိုင်းပဲ ဒီလောကမှာ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရအောင် လုပ်ပေးမယ်" ရဲအန်ရှီသည် ထိုအချိန်ကို မျှော်လင့်နေပြီး ဆရာတော်ဝမ်ရိထံတွင် ကျင့်ကြံခြင်းကို ပိုမိုကြိုးစားရန် ဆုံးဖြတ်လိုက်ပါတော့သည်။

"ကောင်းပြီ" ဆရာတော်ဝမ်ရိက ခေါင်းညိတ်လိုက်သည်။

......

ရွှေလမြို့တော်။

လီဟန်ယီသည် လီအိမ်တော်တွင် အဝတ်အစားများကို ကြိုးစားပမ်းစား လျှော်နေသည်။ ယခုဆိုလျှင် အဝတ်များကို လှန်းရန်သာ ကျန်တော့ပြီး ပြီးစီးပါက ချန်းစန်းတောင်တွင် ဓားပညာသွားရောက် လေ့ကျင့်ရန် အချိန်ရတော့မည် ဖြစ်သည်။

လီကျန့်ယီက အဝတ်များကို သူကိုယ်တိုင် လျှော်ပေးမည်ဟု အရင်က ပြောဖူးသော်လည်း လီဟန်ယီကမူ "မိန်းမကောင်းတစ်ယောက် ဖြစ်ရမယ်လို့ ကျွန်မမေမေ သင်ပေးထားတယ်" ဟုဆိုကာ ငြင်းဆန်ခဲ့သည်။

ထို့ကြောင့် လီကျန့်ယီ၏ အဝတ်အစားများသည် လီဟန်ယီ၏ လက်အောက်သို့ တရားဝင် ရောက်ရှိသွားပါတော့သည်။

အပြန်အလှန်အားဖြင့် လီကျန့်ယီသည် ထမင်းချက်သည့် တာဝန်ကို ယူရသည်။လီဟန်ယီ၏ ဟင်းချက်စွမ်းရည်မှာ သူ၏စိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေဆဲ ဖြစ်သဖြင့် လီကျန့်ယီက မစားရဲသလို၊ လီဟန်ယီကိုယ်တိုင်လည်း မချက်ရဲပေ။

"ကဲ အိမ်ပြန်ကြရအောင်၊ သမီးရဲ့ အမေအတွက် သရက်ကိတ်မုန့်တွေ ယူသွားပေးမလား" လီကျန့်ယီက ရင်ခွင်ထဲမှ သမီးငယ်လေးကို ကြည့်ကာ ပြုံးလိုက်သည်။

"ဟုက်ကဲ့ "

ကျိုးကျိုးက မျှော်လင့်တကြီး ခေါင်းညိတ်ပြသည်။

ထို့နောက် သားအဖနှစ်ယောက်သည် ခြံထဲသို့ ရောက်လာသောအခါ အဝတ်လှန်းပြီးခါစ လီဟန်ယီကို မြင်လိုက်ရသည်။ ကျိုးကျိုးက စိတ်လှုပ်ရှားစွာ လက်လှမ်းပြရင်း "မေမေ၊ ဖေဖေက ချန်တုန်းမြို့ကနေ မေမေ့အတွက် အရသာရှိတဲ့ သရက်ကိတ်မုန့်တွေ ဝယ်လာပေးတယ်"ဟု အော်ပြောလိုက်သည်။

"သရက်ကိတ်မုန့်လား" လီဟန်ယီသည် လီကျန့်ယီ ကိုင်လာသော အိတ်ကို ကြည့်ကာ သူမ၏ လှပသော မျက်ဝန်းလေးများလည်း တောက်ပသွားရ၏။

"ကျွန်မလည်း နည်းနည်း ဗိုက်ဆာနေတာ၊သရက်ကိတ်မုန့်ကို မစားရတာလည်း ကြာပြီ"

"ဒါဆိုရင် လာစားလေ"

လီကျန့်ယီသည် မုန့်ဗူးကို ဖွင့်ကာ လီဟန်ယီအား ကမ်းပေးလိုက်သည်။

လီဟန်ယီသည် လတ်ဆတ်သည့် သရက်ရနံ့ သင်းပျံ့နေသော မုန့်တစ်ဖဲ့ကို ယူကာ တစ်လုပ် ကိုက်စားလိုက်သည်။ အရသာကို မြည်းစမ်းပြီးနောက် သူမ၏ လှပသော မျက်ဝန်းလေးများမှာ အနည်းငယ် တောက်ပသွားကာ "အရင်ကထက် ပိုစားကောင်းလာသလိုပဲ" ဟု ချီးကျူးစကားဆိုလေ၏။

"အရင်ကထက် ပိုစားကောင်းလာတယ် ဟုတ်လား"

လီကျန့်ယီသည် သံသယဖြင့် တစ်ဖဲ့ယူ၍ မြည်းကြည့်လိုက်သည်။

"နေဦး၊ ဒါက အရင်အရသာနဲ့ တူတူပဲ မဟုတ်ဘူးလား"

လီဟန်ယီက ပြုံးလိုက်ပြီး "မတူဘူးလေ။ အရင်က ယီယီနဲ့ ကျွန်မက သူငယ်ချင်းတွေ၊ ဒါပေမဲ့ အခုက ယီယီနဲ့ ကျွန်မက လင်မယားတွေ ဖြစ်နေပြီလေ"

"အဲ့ဒီလိုဆိုရင်တော့လည်း တကယ်ကို အရသာရှိနေမှာပဲ" လီကျန့်ယီသည် အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းသော လီဟန်ယီ၏ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

သိုင်းပညာ ကျင့်ကြံသူဖြစ်သော လီဟန်ယီသည် သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို အမြဲတမ်း ပြည့်စုံနေအောင် ထိန်းသိမ်းထားနိုင်ပေသည်။

"ရှင်က ဘာကို ကြည့်နေတာလဲ၊ ရှင်က ဘာလို့ လူဆိုးတစ်ယောက်လို ကြည့်နေရတာလဲ" လီကျန့်ယီ၏ မျက်နှာထက်မှ အပြုံးကို မြင်သောအခါ လီဟန်ယီက နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။

"ဘာကြောက်စရာ ရှိလို့လဲ၊ လူဆိုးခင်ပွန်းနဲ့ စနောက်တတ်တဲ့ ဇနီးလေးတို့ရဲ့ ကစားပွဲပေါ့" ဟု လီကျန့်ယီက ပြုံးလျက် နောက်ပြောင်လိုက်သည်။

"အရှက်မရှိလိုက်တာ၊ လူဆိုးဆိုတာကိုလည်း ဝန်ခံလိုက်သေးတယ်" လီဟန်ယီက နှာခေါင်းရှုံ့ရင်း ဆို၏။

သူမသည် လီကျန့်ယီ၏ ရင်ခွင်ထဲမှ သမီးငယ်လေးကို လွှဲပြောင်းချီယူလိုက်ပြီး ပျော်ရွှင်စွာ မေးလိုက်သည်။

"ကျိုးကျိုး၊ ဒီနေ့ ဖေဖေက ဘယ်တွေ ခေါ်သွားတာလဲ"

"ဖေဖေက သမီးကို ဘုရားကျောင်း ခေါ်သွားတယ်၊ အဲ့ဒီမှာ အစ်ကို တစ်ယောက်နဲ့ အဘိုးကြီးတစ်ယောက် ရှိတယ်၊ နှစ်ယောက်လုံးက ခေါင်းပြောင်ကြီးတွေ" ကျိုးကျိုးသည် ဟန်ရှု့ကျောင်းတော်အကြောင်းကို တွေးမိသောအခါမှ ရဲအန်ရှီနှင့် ဆရာတော်ဝမ်ရိတို့ ဘာကြောင့် ခေါင်းပြောင်နေရသလဲဆို သည်ကို ရုတ်တရက် သတိရသွားသည်။

"ဟန်ရှု့ကျောင်းတော်လား"

လီဟန်ယီက လီကျန့်ယီကို ကြည့်လိုက်သဖြင့် လီကျန့်ယီက ခေါင်းညိတ်ပြလိုက်သည်။

"မေမေ၊ အဲ့ဒီက အစ်ကိုနဲ့ အဘိုးကြီးက ဘာလို့ ခေါင်းပြောင်နေရတာလဲ" ဟု ကျိုးကျိုးက ဇဝေဇဝါဖြင့် မေးပြန်သည်။

"အဲ့ဒါက ကျောင်းတော်လေ သမီးရဲ့၊ ဗုဒ္ဓဘာသာဝင်တွေက ခေါင်းရိတ်ကြတယ်လေ" ဟု လီဟန်ယီက ပြုံး၍ ရှင်းပြလိုက်သည်။

"အော်... ဒါဆို ဦးလေးလဲ့ဝူကျဲကကျ ဘာလို့ ဗုဒ္ဓဘာသာဝင် မဟုတ်တာလဲ" ကျိုးကျိုးက ထပ်မေးပြန်သည်။

"ဘာလို့လဲဆိုတော့ လဲ့ဝူကျဲက မေမေ့ရဲ့ မောင်လေးလေ၊ သူက ဗုဒ္ဓဘာသာဝင် မဟုတ်ဘူးလေ" ဟု လီဟန်ယီက ခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"အော်... ဒါဆို မေမေ၊ ကျိုးကျိုးကို ဓားပညာ သင်ပေးမလား၊ ကျိုးကျိုး ဓားကျင့်ရတာကို ကြိုက်တယ်" ကျိုးကျိုးသည် ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်သော မျက်ဝန်းလေးများကို ဝိုင်းစက်အောင် ဖွင့်ကာ လီဟန်ယီကို ကြည့်လိုက်သည်။

"ကောင်းပြီလေ၊ မေမေလည်း သမီးတို့ရဲ့ အဝတ်တွေ လျှော်ပြီးပြီဆိုတော့ တို့မိသားစု သုံးယောက် ချန်းစန်းတောင်ပေါ် တက်ပြီး ဓားသွားကျင့်ကြတာပေါ့!" လီဟန်ယီက ကျိုးကျိုးကို သဘောတူလိုက်သည်။

မိသားစု သုံးယောက်နှင့်အတူ ဝကစ်‌နေသော ပင်လယ်ပြာရောင် နဂါးတစ်ကောင်သည် ချန်းစန်းတောင်ပေါ်တွင် ပေါ်လာပါတော့သည်။

ချန်းစန်းတောင်ပေါ်တွင် နှင်းမိုးများသည်းထန်စွာ ရွာသွန်းနေသဖြင့် တောင်တစ်ခုလုံး ဖြူဖွေးနေပေသည်။ လီဟန်ယီ၊ ကျိုးကျိုး၊ လီကျန့်ယီနှင့် နဂါးဝတုတ်လေးတို့သည် တောင်ထိပ်တွင် ဓားပညာ လေ့ကျင့်နေကြသည်။

လူတစ်ဦးချင်းစီ၏ ဓားပညာမှာ ကိုယ်ပိုင်အငွေ့အသက်များ ရှိကြပြီး ကျိုးကျိုးလေးမှာမူ လီဟန်ယီနှင့် လီကျန့်ယီတို့ဆီမှ ဓားကွက်များ သင်ယူရန် အလွန်ပင် စိတ်အားထက်သန်နေသည်။

"ဟိုက်ရား"

ကျိုးကျိုးသည် လီကျန့်ယီ၏ ဓားကိုင်ပုံကို အတုယူကာ အော်ဟစ်လိုက်သည်။ဓားကို ဝှေ့ယမ်းပြီးနောက် ကျိုးကျိုးသည် လီကျန့်ယီကို ကြည့်ကာ "ဖေဖေက တကယ်ကို အံ့သြဖို့ကောင်းတာပဲ" ဟု လေးစားစွာပြော၏။

"ဘာလို့ အဲ့လို ထင်ရတာလဲ"လီကျန့်ယီက ဓားကို ဝှေ့ယမ်းရင်း ပြုံး၍ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ ဖေဖေက ကျိုးကျိုးကို အရမ်းစွမ်းတဲ့ ဓားပညာတွေ သင်ပေးလို့ပေါ့" ဟု ကျိုးကျိုးက ရိုးသားစွာပင် ပြန်ဖြေ၏။

"ဒါဆို မေမေရော၊ မေမေက သမီးကို 'ပန်းပင်လယ်' ပညာကို သင်ပေးနိုင်တယ်လေ၊ ကျိုးကျိုးက မိန်းကလေးဆိုတော့ မေမေရဲ့ ဓားပညာကို သင်တာလည်း ကောင်းတာပဲ မဟုတ်ဘူးလား" လီဟန်ယီက သူမ၏ ဓားကွက်ကို မိတ်ဆက်ပေးသည်။

"ဒါပေမဲ့ မေမေ၊ ဖေဖေ့ရဲ့ 'မရဏဓား' ကလည်း လှတာပဲလေ၊ ခေါင်ရမ်းပန်း အနီရောင်တွေက အရမ်းလှတာ" ကျိုးကျိုးသည် ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိသွားသော လီကျန့်ယီ၏ မရဏဓားကွက်ကို ထပ်မံ မြင်တွေ့ခွင့် ရခဲ့သည်။ ယခုအချိန်အထိ ပြန်တွေးမိလျှင်ပင် ကျိုးကျိုးလေးအတွက် ထိုမြင်ကွင်းမှာ အလွန်ပင် စွဲမက်ဖွယ် ကောင်းနေဆဲ ဖြစ်၏။

"ဒါဆို ကျိုးကျိုးက ဖေဖေ့ကိုပဲ အတုယူတော့မှာပေါ့" လီဟန်ယီက အနည်းငယ် မနာလိုသလို မေးလိုက်သည်။

"မေမေ့ဆီက အရင်သင်မှာပါ၊ မေမေ့ရဲ့ 'ပန်းပင်လယ်' ကလည်း လှတာပဲဥစ္စာ" ကျိုးကျိုးက ခဏစဉ်းစားပြီးနောက် ပြန်ပြော၏။

"အင်း... အဲ့ဒါမှ ငါ့သမီး၊ လာ မေမေ သင်ပေးမယ်" လီဟန်ယီက ပြုံးလိုက်ပြီး ကျိုးကျိုးကို တစ်ဆင့်ချင်း စတင် သင်ပေးပါတော့သည်။

ထိုအခြင်းအရာကို မြင်သော် လီကျန့်ယီသည် မနှောင့်ယှက်တော့ဘဲ သူ၏ ဓားကို ဆက်လက်ဝှေ့ယမ်းနေခြင်းအပေါ်၌သာ အာရုံစိုက်တော့သည်။

အမှန်အတိုင်း ပြောရလျှင် ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ပြီးနောက် သူသည် အနည်းငယ် ပျင်းရိလာခဲ့သည်။ တကယ်လို့ ကျိုးကျိုးသာ ဓားကျင့်ချင်သည်ဟု မပြောလျှင် သူသည် ပိုင်လီတုန်းကျွင်း၊ စစ်ကုန်းချန်ဖုန်းတို့နှင့်အတူ အရက်သောက်ပြီး လျှောက်သွားနေမိနိုင်ပေသည်။

"ဝူး..... ဝူး..."

လီကျန့်ယီသည် ဓားဝှေ့ယမ်းခြင်းအပေါ် အာရုံစိုက်လိုက်သောအခါ သူ၏ အရှိန်မှာ အရင်ကထက်ပင် ပိုမိုမြန်ဆန်လာပြီး ဓားဝှေ့သံမှာ ချန်းစန်းတောင်ပေါ်တွင် လေဆင်နှာမောင်းများ ဖြစ်ပေါ်စေသည်အထိ ပြင်းထန်လာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီဟန်ယီမှာ ငယ်စဉ်က လီကျန့်ယီ ဓားဝှေ့ယမ်းလိုက်တိုင်း လေပြင်းများကြောင့် ခံစားခဲ့ရသော ကြောက်စိတ်ကို ပြန်လည်အမှတ်ရသွားပြီး "ကျိုးကျိုး၊ သမီးဖေဖေ့ကို ကြည့်ထား၊ သူက ဓားကို အတည်အပေါက် ကျင့်ပြီဆိုရင် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘူး" ဟု ပြောလိုက်သည်။

"သမီးရဲ့ ဖိုးဖိုးကြီးရဲ့ 'ဓားနှလုံးကျောက်ဆောင်' တောင် သမီးဖေဖေ့ရဲ့ လေဒဏ်ကြောင့် ပဲ့ထွက်ကုန်တော့မလို့!"

"တကယ်လား၊ ဖေဖေက တကယ်ကို အံ့သြဖို့ကောင်းတာပဲ၊ ကျိုးကျိုး ဓားဝှေ့ရင်တော့ လေတောင် မထွက်ဘူး" ကျိုးကျိုးသည် ဓားကို အတည်အပေါက် ကျင့်နေသော လီကျန့်ယီကို အားကျသော မျက်ဝန်းများဖြင့် ကြည့်ကာ အားငယ်စွာပြော၏။

"အံ့သြဖို့ကောင်းတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ရှင် နည်းနည်းလောက် အရှိန်လျှော့လို့ မရဘူးလား၊ လေတွေက အရမ်းပြင်းနေပြီ" လီဟန်ယီ၏ ဂါဝန်မှာ လေကြောင့် လွင့်တက်တော့မလို ဖြစ်နေသည်။ သူမသည် ရေခဲမြစ်ဓားကို အသုံးပြု၍ ရေခဲတံတိုင်းတစ်ခုကို ချက်ချင်း ဖန်တီးလိုက်ပြီး လီကျန့်ယီဆီမှ လာသော လေများကို ကာကွယ်လိုက်သည်။ထိုသို့ ပြုလုပ်မှသာ သူမသည် ကျိုးကျိုးကို အနှောင့်အယှက်ကင်းကင်းနှင့် ဓားပညာ သင်ပေးနိုင်မည် ဖြစ်သည်။

အခန်း ၂၂၂ လေးနှစ်တာကာလ

ရေခဲတံတိုင်း၏ အတွင်းဘက်တွင် ကျိုးကျိုးလေးသည် အားသွန်ခွန်စိုက် ဓားဝှေ့ယမ်းနေသော သူမ၏ ဖခင်ကို မျက်လုံးလေးများ ဝိုင်းစက်ကာ ငေးကြည့်နေပေသည်။

"ဖေဖေက တကယ်ကို အလေးအနက်ထားတာပဲ ကျိုးကျိုးလည်း အပျင်းခိုလို့ မဖြစ်ဘူး"

ရေခဲတံတိုင်းအတွင်း၌ ကျိုးကျိုးသည် လီဟန်ယီထံမှ ဓားပညာညွှန်ကြားချက်များကို စိတ်အားထက်သန်စွာ ခံယူနေပါတော့သည်။

ထိုသို့ဖြင့်...နွေဦးကုန်၍ ဆောင်းဦးရောက်ကာ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားခဲ့သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးကျိုးသည် အသက်ငါးနှစ်အရွယ်သို့ ရောက်ရှိလာပြီး အရပ်မှာလည်း ၁.၁ မီတာအထိ မြင့်မားလာကာ လီကျန့်ယီ၏ ခါးလောက်အထိ ရောက်လာခဲ့ပေသည်။သမီးငယ်လေး အသက်ငါးနှစ်ပြည့်ပြီးနောက် ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်သော သူမ၏ မျက်ဝန်းလေးများမှာ ပိုမိုစွဲမက်ဖွယ်ကောင်းလာပြီး သူမ၏ မိခင်နှင့် အလွန်ပင် တူညီလှသည်။

အထူးသဖြင့် ဤနှစ် ဓားနှလုံးဂူဗိမာန်တွင် နှစ်သစ်ကူးပွဲတော် ကျင်းပကြစဉ် လီဆူးဝမ်နှင့် အသက်ဆယ်နှစ်အရွယ် လဲ့ဝူကျဲတို့မှာ ကျိုးကျိုးကို မြင်လိုက်ရသည့်အခါ လီဟန်ယီ ပြန်ရောက်လာသည်ဟုပင် ထင်မှတ်ခဲ့ကြသည်။

ဓားမျှော်စင်အတွင်းတွင် လီဆူးဝမ်သည် ငါးနှစ်အရွယ် ကျိုးကျိုးလေးကို ကြည့်ကာ ပြုံးရယ်မဆုံး ဖြစ်နေပြီး သူမကို ပို၍ပင် ချစ်မဝဖြစ်နေပါတော့သည်။ ဤကလေးမလေးမှာ သူ၏ မြေးမလေးကဲ့သို့ပင် ထက်မြက်ပြီး ချစ်စရာကောင်းလှပေသည်။

"ဟန်ယီ၊ ယီယီ... မင်းတို့ မိဘတွေအဖြစ် တာဝန်ကျေပါတယ်၊ ငါ့ရဲ့ မြစ်မလေး ကျိုးကျိုးကို တကယ်ကို လိမ္မာအောင် ပြုစုပျိုးထောင်ထားနိုင်တာပဲ" ဓားမျှော်စင်အတွင်း လီဆူးဝမ်က လီကျန့်ယီနှင့် လီဟန်ယီကို ကြည့်ကာ ပြုံးလျက် ချီးကျူး၏။

"ဒါပေါ့၊ ကျွန်တော့်တူမလေးက အစ်မနဲ့ ပိုပိုတူလာပြီ။ နောင်ကျရင် သူကလည်း အစ်မလိုပဲ ကျွန်တော်ကို လာပြီး ဆုံးမနေမှာကို တကယ်ကြောက်မိတယ်..." လဲ့ဝူကျဲသည် အသက်ဆယ်နှစ်အရွယ်သို့ ရောက်သောအခါ ဝဝတုတ်တုတ် ကိုယ်လုံးလေးမှာ တဖြည်းဖြည်း သွယ်လျလာပြီး ခန့်ညားသော လူငယ်လေးတစ်ဦး ဖြစ်လာခဲ့သည်။

သို့သော် သူ၏ ကြည်လင်သော မျက်ဝန်းများကမူ သူသည် အလွန်ရိုးသားတစ်ဦးဖြစ်ကြောင်း အမြဲတမ်း သက်သေပြနေသကဲ့သို့ ရှိနေဆဲပင်။

"ဦးလေး... မေမေက ဦးလေးကောင်းဖို့အတွက် လုပ်တာပါနော်" ငါးနှစ်အရွယ် ကျိုးကျိုးလေးက လီဟန်ယီ ငယ်စဉ်ကအတိုင်း ခါးထောက်ကာ ပြောလိုက်သည်။

"ဟွန်း...အစ်မက ကောင်းဖို့အတွက်ဆိုပြီး အဲ့လိုလုပ်တာဆိုရင် ဦးလေးကတော့ တကယ်မလိုချင်ပါဘူး" လဲ့ဝူကျဲက ခေါင်းမော့ကာ သူ၏ သဘောထားကိုထုတ်ဖော်နေသည်။

"အစ်မက မင်းကောင်းဖို့အတွက် လုပ်ပေးတာကို တကယ်ပဲ မလိုချင်ဘူးလား" လီဟန်ယီက မတ်တတ်ရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ လဲ့ဝူကျဲကို တင်းမာစွာ စိုက်ကြည့်နေ၏။

"ဟို... ဟို..." လဲ့ဝူကျဲ စကားများ ထစ်ကုန်တော့သည်။ သူ၏ အစ်မမှာ အလွန်စွမ်းသဖြင့် သူ မယှဉ်နိုင်သလို၊ သူ၏ ယောက်ဖမှာလည်း ပို၍ပင် စွမ်းလှသဖြင့် အစ်မဖြစ်သူ၏ မေတ္တာများကိုသာ တိတ်တဆိတ် လက်ခံနေရပါတော့သည်။

"အဲ့လိုမှပေါ့!" လီဟန်ယီက သူမ၏ နေရာတွင် ပြန်လည် ထိုင်လိုက်သည်။

ထိုအချိန်တွင် လီရှင်းယွဲ့သည်လည်း လဲ့မုန့်ရှားနှင့်အတူ ဓားနှလုံးဂူဗိမာန် အပြင်ဘက်တွင် နှစ်သစ်ကူးပွဲတော် ဆင်နွှဲဖဖို့ရာက်လာခဲ့သည်။

လဲ့မုန့်ရှားသည် ဓားမျှော်စင်အတွင်းသို့ ဝင်လာသည်နှင့် ကျိုးကျိုးလေးကို မြင်လိုက်ရသဖြင့် လက်ခုပ်တီးကာ

"ကျိုးကျိုးလေးရေ... အဖိုးဆီကို မြန်မြန်လာပါဦး၊ အဖိုးရဲ့ မြေးမလေးက ဘယ်လောက်တောင် ကြီးသွားပြီလဲ ကြည့်ရအောင်" ဟု ခေါ်နေသည်။

"အဖိုး"

ကျိုးကျိုးလေးသည် ပျော်ရွှင်စွာဖြင့် လဲ့မုန့်ရှားထံသို့ ပြေးသွားပါတော့သည်။

"ဟားဟား"

လဲ့မုန့်ရှားသည် ကျိုးကျိုးကို ချီမြှောက်လိုက်ပြီး အံ့ဩစွာပြော၏

"ကျိုးကျိုးလေးက အရင်ကထက် လေးလာပြီပဲ"

"သမီး ပိုကြီးလာပြီဆိုတော့ ပိုလေးလာမှာပေါ့" ကျိုးကျိုးက နှုတ်ခမ်းလေးစူကာ ဖြစ်သင့်သည့်ကိစ္စဖြစ်သဖြင့် အံဩစရာမလိုဟု ပြောနေသကဲ့သိုပင်။

"အင်း... အဲ့ဒါလည်း ဟုတ်တာပဲ" လဲ့မုန့်ရှားသည် ကျိုးကျိုး၏ စကားကို ကြားသောအခါ ခေါင်းကုတ်ကာ ပြန်ပြောလိုက်သည်။

ထိုအခြင်းအရာကို မြင်သော် လီရှင်းယွဲ့က ခေါင်းခါရင်း "ကျိုးကျိုးလေး၊ သမီးအဖိုးက အရက်တွေ အလွန်အကျွံသောက်ပြီး ရူးနေတာပါ" ဟု ပြောလိုက်သည်။

"ရှင်းယွဲ့ရယ်... မင်းရဲ့ ခင်ပွန်းကို အဲ့လို မပြောပါနဲ့၊ ကိုယ်က တစ်ဝက်ပဲ ကြောင်သေးတာပါ၊ အနည်းဆုံးတော့ ကိုယ့်မြေးမလေး ဘယ်သူလဲဆိုတာ ကိုယ် သိပါသေးတယ်" ဟု လဲ့မုန့်ရှားက ချက်ချင်းပြန်ပြောသည်။

"ဟီးဟီး... အဖိုး၊ တကယ်လို့ ဒီမှာ အသက်တူတူ ကောင်မလေးနှစ်ယောက် ရှိနေရင် အဖိုးက ကျိုးကျိုးကို တကယ်ပဲမမှတ်မိနိုင်မလား " လဲ့မုန့်ရှား၏ စကားကို ကြားသောအခါ ကျိုးကျိုးက ရယ်မောရင်း မေးလိုက်သည်။

"မှတ်မိတာပေါ့၊ အဖိုးက သမီးမေမေနဲ့ သမီးရဲ့ မျက်လုံးတွေကို မှတ်မိတာပေါ့၊ သမီးတို့ရဲ့ မျက်လုံးတွေက တကယ်ကို ထူးခြားပြီး လှပလွန်းတယ်လေ" လဲ့မုန့်ရှားသည် သူ၏ သမီးနှင့် မြေးမလေးတို့၏ အမှတ်အသားများကို အမြဲမှတ်မိနေပေသည်။

"ဒါဆိုရင် အဖိုးက တကယ်တော်ပါတယ်" ဟု ကျိုးကျိုးက စိတ်လိုလက်ရ ချီးကျူးလိုက်သည်။

"ကျိုးကျိုး၊ သမီးကပဲ သမီးရဲ့အဖိုးကို စစ်တပ်ကနေထွက်ဖို့ ဖျောင်းဖျပေးပါဦး"

နိုင်ငံတော်၏ ထောက်တိုင် စစ်သူကြီး ဖြစ်ကတည်းက သူ့ကို တစ်နှစ်မှ တစ်ခါပင် မတွေ့ရတော့ပေ။ လီဆူးဝမ်သည် အဖိုဖြစ်နေပြီဖြစ်သော သူ၏ သားမက်ကို ကြည့်ကာ လဲ့မုန့်ရှားသည် သူကိုယ်တိုင် ထိုစဉ်က ရောက်ရှိခဲ့သည့် အသက်အရွယ်သို့ ရောက်နေပြီဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။လူလတ်ပိုင်းအရွယ် ရောက်လာသူတစ်ဦးသည် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းသင့်ပေသည်၊ ဘာကြောင့် စစ်သူကြီး ဆက်လုပ်ချင်နေရသနည်း။ လူငယ်တွေအတွက် နေရာဖယ်ပေးရမည့် အချိန်ရောက်ပြီ ဖြစ်သည်။

"ဟုတ်ကဲ့ အဖိုး၊ နှစ်သစ်ကူးပြီးရင် နယ်စပ်ကို ပြန်သွားဦးမှာလား အဖိုးက နယ်စပ်ကို သွားရင် ကျိုးကျိုးနဲ့ တွေ့ရဖို့ ခက်သွားလိမ့်မယ်၊ ပြီးတော့ အဖွားကလည်း ထျန်ချီမြို့မှာ တစ်ယောက်တည်း အရမ်းပျင်းနေရှာမှာ"

"ဖေဖေနဲ့ မေမေက ကျိုးကျိုးကို ထျန်ချီမြို့မှာရှိတဲ့ အဖွားဆီ ခဏခဏ ခေါ်မသွားရင် အဖွား တစ်ယောက်တည်း ဘယ်လောက်တောင် အထီးကျန်နေမလဲ " လီရှင်းယွဲ့ တစ်ယောက်တည်း ရှိနေမည့်အဖြစ်ကို တွေးမိသောအခါ ကျိုးကျိုး စိတ်မကောင်း ဖြစ်သွားရသည်။

"ကျိုးကျိုးရဲ့ စကားကို နားထောင်ပြီး အဖိုး အခုပဲ နုတ်ထွက်စာ ရေးလိုက်ပါ့မယ်" လဲ့မုန့်ရှားသည် သူ၏ ဘေးရှိ လီရှင်းယွဲ့ကို ကြည့်ကာ သူသည် သူမအပေါ်တွင် အမှန်တကယ်ပင် အကြွေးတင်နေခဲ့ပြီး ကျန်ရှိသော နေ့ရက်များတွင် ပြန်လည် ပေးဆပ်သင့်ကြောင်း ခံစားနေမိ၏။

"အဖိုးက အတော်ဆုံးပဲ" ကျိုးကျိုးက ပျော်ရွှင်စွာ ချီးကျူးပြန်သည်။

"အဖိုးက အမြဲတမ်း အတော်ဆုံးပါပဲ" လဲ့မုန့်ရှားက ဘာမှ နှိမ့်ချမနေဘဲ ပြုံးလျက် ထောက်ခံလိုက်သေး၏။

"ကျိုးကျိုး၊ သမီးရဲ့ အဖိုး ဘယ်လောက်တောင် ဘဝင်မြင့်နေလဲ ကြည့်ဦး" လီရှင်းယွဲ့က ပြုံး၍ ခေါင်းခါယမ်းမိသည်။

"ဘဝင်မြင့်တာလည်း ကောင်းတာပဲ၊ အဲ့ဒါမှ အဖိုးက အသက်ကြီးပေမဲ့ စိတ်ကတော့ အရင်တုန်းကလို တက်ကြွနေတဲ့ လူငယ်လေးအတိုင်းပဲ ဖြစ်နေမှာပေါ့" ကျိုးကျိုးက ထိုစကားကိုပြောပြီး သဘောကျစွာရယ်‌ နေသည်။

"အဖိုးရဲ့ ကျိုးကျိုးလေးကတော့ စကားပြောတာ အတတ်ဆုံးပဲ" လဲ့မုန့်ရှားက ကျိုးကျိုး၏ ခေါင်းလေးကို ချစ်စဖွယ်ပ ပွတ်သပ်လိုက်၏။

"အဖေ... ကျွန်တော်ကရော စကား မတတ်ဘူးလား" သူ၏ ဖခင်ဖြစ်သူက ကျိုးကျိုးကိုသာ အလွန်အမင်း အလိုလိုက်နေသည်ကို မြင်သောအခါ လဲ့ဝူကျဲမှာ မနာလိုဖြစ်ကာ ဝင်မေးလိုက်သည်။

"ကဲ... လဲ့ဝူကျဲ၊ မင်းအဖေအတွက် တစ်ခုခု ပြောပြပါဦး" လဲ့မုန့်ရှားက လဲ့ဝူကျဲကို စကားပြောနိုင်ကြောင်း သက်သေပြရန် အခွင့်အရေး ပေးလိုက်သည်။လဲ့ဝူကျဲသည် တွန့်ဆုတ်မနေဘဲ လူအုပ်အလယ်သို့ လျှောက်သွားကာ လဲ့မုန့်ရှား၏ အူတူတူ မျက်နှာထားကို ကြည့်ရင်း "အဖေ..." ဟု ခေါ်လိုက်သည်။

"အေး... ပြောလေ၊ အားလုံး နားထောင်နေကြတယ်" လဲ့မုန့်ရှားနှင့် အားလုံးက လဲ့ဝူကျဲကို ကြည့်လိုက်ကြသည်။

သို့သော် လဲ့ဝူကျဲသည် လူအုပ်အလယ်တွင် အချိန်အတော်ကြာအောင် စဉ်းစားခန်း ဝင်နေခဲ့ပြီး အစပိုင်းတွင် "အဖေ" ဟု ခေါ်ပြီးနောက် ဘာမှ ဆက်မပြောနိုင်တော့ပေ။ထိုအခြင်းအရာကို မြင်သော် လဲ့မုန့်ရှားက မနေနိုင်တော့ဘဲ မေးလိုက်၏။

"ငါ ထင်သားပဲ။ လဲ့ဝူကျဲ၊ မင်း ဘာပြောရမှန်း မသိတော့ဘူး မဟုတ်လား"

ဆယ်နှစ်အရွယ် လဲ့ဝူကျဲ"..."

သူသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏ တူမလေး ကျိုးကျိုးကို ဇဝေဇဝါဖြင့် ကြည့်ကာ "ကျိုးကျိုး ပြောနေတုန်းကတော့ ငါလည်း ပြောနိုင်မယ်လို့ ထင်နေတာ၊ ဒါပေမဲ့ အခု ကျိုးကျိုး မပြောတော့တဲ့အခါကျတော့ ငါ ဘာလို့ မပြောနိုင်တော့တာလဲ " ဟု မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းက တကယ်ကို ညံ့လွန်းလို့ပေါ့ လဲ့ဝူကျဲရာ" လဲ့မုန့်ရှားက သက်ပြင်းချရင်း သူ ငယ်စဉ်က စိတ်ကူးယဉ် အိပ်မက်များစွာ မက်ခဲ့ပုံကို ပြန်လည်သတိရသွားသည်။သူသည် အရာများစွာကို ကိုင်တွယ်နိုင်မည်ဟု ထင်ခဲ့သော်လည်း တကယ့်တကယ် ကြုံလာရသည့်အခါတွင်မူ ဘာမှ မလုပ်နိုင်ဘဲ ပျောက်ကွယ်သွားခဲ့ရသည်သာ ဖြစ်သည်။

"ဒါဆို ကျွန်တော်က ဘာလို့ မလုပ်နိုင်ရတာလဲ" လဲ့ဝူကျဲက မိမိကိုယ်ကို ဇဝေဇဝါဖြင့် ပြန်မေးနေမိသည်။

"ဘာလို့လဲဆိုတော့ ဦးလေးရဲ့ စိတ်က ကောင်းကောင်း အလုပ်မလုပ်လို့လေ။ စကားပြောတာကလည်း အရည်းအချင်းတစ်ခုပဲ။ အဖိုးက တစ်ခုခုပြောလိုက်ရင် ဦးလေးက အဲ့ဒါနဲ့ ပတ်သက်ပြီး အများကြီး ချက်ချင်း တွေးတောနိုင်ရမယ်။ အဲ့ဒါမှ စိတ်က တက်ကြွနေတယ်လို့ ခေါ်တာ"

"အဖိုးက တစ်ခုခု ပြောလိုက်တဲ့အခါ ဦးလေးက ဘာနဲ့မှ ဆက်စပ်ပြီး မတွေးနိုင်ဘူး။ အဲ့ဒီအစား ဦးလေးရဲ့ မျက်လုံးတွေက ကြောင်နေပြီး အတွေးတွေကလည်း ထုံထိုင်းနေတာပဲ၊ အဲ့ဒါက ဦးလေးရဲ့ အတွေးတွေ ပိတ်ဆို့နေတယ်ဆိုတဲ့ လက္ခဏာပဲ"

"ဦးလေးက ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်ရင် စာများများဖတ်ပြီး ဦးနှောက်ကို ပိုသုံးဖို့ လိုတယ်" ဟု ကျိုးကျိုးက အကြံဉာဏ်‌ပေးလိုက်သည်။

"စာဖတ်တာက တကယ်ပဲ ငါ့ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပေးနိုင်မှာလား" လဲ့ဝူကျဲက ထိုစကားမှာ အဓိပ္ပာယ်ရှိသည်ဟု ထင်သော်လည်း သံသယတော့ ရှိနေဆဲပင်။

"ဒါပေါ့... ဘဝမှာ အဆိုးဆုံးအရာက လူညံ့တစ်ယောက် ဖြစ်နေတာထက် ကိုယ့်ညံ့နေတာတောင် ပညာကိုမသင်ယူတာပဲ " ဟု လီရှင်းယွဲ့ကလည်း ဆုံးမလေသည်။

"ကျွန်တော် ကြိုးစားကြည့်ပါ့မယ်၊ မိုးကြိုးတံခါးကို ပြန်ရောက်ရင် နေ့တိုင်း တစ်နာရီလောက် စာဖတ်ဖို့ သေချာပေါက် လုပ်ပါ့မယ်' လဲ့ဝူကျဲသည် သူ၏ ထုံထိုင်းနေသော အတွေးအခေါ် ပြဿနာကို ပြောင်းလဲရန် ကြိုးစားချင်လာသည်။လျင်မြန်ဖြတ်လတ်သော အတွေးအခေါ်များ ရှိမှသာလျှင် သူသည် "အူကြောင်ကြောင်" ဆိုသည့် နာမည်ဆိုးမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။တကယ်လို့ သူသည် ထိုအခြေအနေကလွှတ်မြောက်နိုင်ပါက ထိုသို့ အခေါ်ခံမည့်သူမှာ သူ၏ အဖေသာကျန်ပေတော့မည်။

All Chapters