← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း ၂၂၅ ကိုယ်လွှတ်ရုန်းသူ ဇီယူကျီ

သုံးရက်ကြာပြီးနောက်။

ပိုင်လီအိမ်တော်။

လီကျန့်ယီသည် ကျိုးကျိုးနှင့် လီဟန်ယီတို့ကို ခေါ်ဆောင်ကာ ရွဲ့ယောင်၏ ခြံဝင်းအတွင်းသို့ ရောက်ရှိလာခဲ့ရာ လေးနှစ်အရွယ် ယောင်ကျွင်းက စာဖတ်သင်နေသည်ကို တွေ့လိုက်ရသည်။

ကလေးငယ်လေး ဖတ်နေသော စာများမှာ အခြားမဟုတ်ဘဲ 'တီယမ်ဝူတွမ်' မှ မိုရှီရွန်နှင့် ဇီယူကျီတို့ ပေးပို့လိုက်သော အကြောင်းပြန်စာများပင် ဖြစ်ပေသည်။

"သခင်မလေး... ကျွန်တော်တို့က သခင်မလေးရဲ့ညီမဖြစ်သူ ဒုတိယသခင်မလေးနဲ့ အဆင်မပြေတာကို သိရက်နဲ့ ဘာလို့များ ကျွန်တော်တို့ကို သူမနဲ့ နီးစပ်အောင် လုပ်ပေးချင်ရတာလဲ"

ထို့ပြင် ဒုတိယသခင်မလေး၏ စိတ်နေစိတ်ထားမှာ မကြာသေးမီက အတော်လေး တည်ငြိမ်လာသည်ဟု ဆိုသော်လည်း ၎င်းမှာ သူမကို တစ်ယောက်ယောက်က ထိန်းချုပ်ထားနိုင်၍သာ ပြဿနာမရှာနိုင်ခြင်း ဖြစ်ပေသည်။

တကယ်လို့ သူမကို တားဆီးမည့်သူ သို့မဟုတ် သူမ၏ အကြံအစည်များကို နှောင့်ယှက်မည့်သူ မရှိခဲ့လျှင် ယခုကဲ့သို့ လိမ္မာပါးနပ်နေပါဦးမည်လော။၎င်းအပြင် ကျွန်တော်တို့ အိမ်ထောင်ပြုမည်ဆိုလျှင် သခင်မလေးကဲ့သို့ အလိုက်သိပြီး အကျင့်စာရိတ္တကောင်းမွန်သော ဇနီးမျိုးကိုသာ လိုချင်မိပါသည်။ နေရာတကာ ပြဿနာရှာတတ်သော မိန်းမကြမ်းတစ်ယောက်နှင့် မည်သို့လျှင် လက်ထပ်နိုင်ပါမည်နည်း။

အထက်ပါ စာသားများမှာ မိုရှီရွန်နှင့် ဇီယူကျီတို့၏ အကြောင်းပြန်စာများဖြစ်ပြီး ယောင်ကျွင်းက တုန်တုန်ရင်ရင်ဖြင့် အသံထွက်ကာ ဖတ်ပြနေခြင်း ဖြစ်သည်။

"မေမေ... ဦးလေးမိုနဲ့ ဦးလေးဇီက ဒေါ်ဒေါ်က မိန်းမကြမ်းကြီးတဲ့" ရယောင်ကျွင်းက စာကို ဖတ်ပြီးသည်နှင့် မျက်လုံးလေးများ ဝိုင်းစက်ကာ အံ့သြတကြီး ရေရွတ်‌နေသည်။

"သူတို့ လျှောက်ပြောတာတွေကို နားမယောင်နဲ့၊ သမီးရဲ့ ဒေါ်ဒေါ်က မိန်းမကြမ်း မဟုတ်ပါဘူး"ရွဲ့ယောင်က မကျေမနပ် ပြောလိုက်သည်။

"ဟုတ်တယ်၊ ဇီယူကျီနဲ့ မိုရှီရွန်တို့ကတော့ အရိုက်ခံချင်နေကြပြီ ထင်တယ်။ အရင်က 'တီယမ်ဝူတွမ်'' ကို သွားတုန်းကတော့ ကျွန်မကို ဒုတိယသခင်မလေး၊ ဒုတိယသခင်မလေးနဲ့ ခေါ်နေကြပြီးတော့၊ အခု မမက စာလေးတစ်စောင် ရေးလိုက်တာနဲ့ မိန်းမကြမ်း ဖြစ်သွားရတာလား"

ထိုအချိန်တွင် ချောင်းမြောင်းနားထောင်နေသော ရွဲ့ရှင်းသည် မျက်မှောင်ကြုတ်ကာ အခန်းထဲမှ ထွက်လာသည်။ ဇီယူကျီနှင့် မိုရှီရွန်တို့က သူမကို ချီးကျူးကြလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း ယခုမူ မိန်းမကြမ်းဟု ခေါ်ဝေါ်ခံလိုက်ရပေသည်။

" ကျွန်မ 'တီယမ်ဝူတွမ်'' ကို သွားမယ်" ရွဲ့ရှင်းသည် မကျေနပ်ချက်များဖြင့် ထိုလူနှစ်ယောက်နှင့် ကောင်းကောင်းကြီး ယှဉ်ပြိုင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါတော့သည်။

"ရှင်းရှင်းရယ်... 'တီယမ်ဝူတွမ်' က နည်းနည်းဝေးတယ်လေ၊ မေ့လိုက်ပါတော့..." ရွဲ့ယောင်က ခေါင်းခါရင်း လီကျန့်ယီကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။

လီကျန့်ယီသာ သူမကို အောင်သွယ်ခိုင်းခြင်း မပြုခဲ့လျှင် ဤကဲ့သို့ အကြောင်းပြန်စာမျိုး ရလာမည်မဟုတ်သလို၊ ရွဲ့ရှင်းလည်း 'တီယမ်ဝူတွမ်' သို့ ပြန်သွားချင်စိတ် ပေါ်လာမည် မဟုတ်ပေ။

"ကျွန်တော်က ရောက်အောင် ပို့ပေးနိုင်ပါတယ်။ ရွဲ့ရှင်းကို 'တီယမ်ဝူတွမ် ဆီ အခုပဲ ပို့ပေးမယ်လေ" လီကျန့်ယီက တည်ကြည်သော မျက်နှာထားဖြင့် ရွဲ့ယောင်ကို ကြည့်ကာ ပြောလိုက်သည်။

လီဟန်ယီ "..."

ရွဲ့ယောင် "..."

'ကျွန်မက ရှင်ကို ဒါကို ဖြေရှင်းပေးဖို့ ပြောတာလေ၊ ရွဲ့ရှင်းကို 'တီယမ်ဝူတွမ်' အထိ ပို့ပေးဖို့ ပြောတာ မဟုတ်ဘူး'

ရွဲ့ယောင်သည် လီကျန့်ယီ၏ တုံ့ပြန်မှုကြောင့် အမှန်တကယ်ပင် အံ့အားသင့်သွားရပြီး လီဟန်ယီပင်လျှင် သူမ၏ မျက်နှာကို လက်ဝါးဖြင့် အုပ်ထားမိပါတော့သည်။

ရွဲ့ရှင်းတစ်ယောက်သာလျှင် လီကျန့်ယီထံသို့ ပျော်ရွှင်စွာ လျှောက်သွားရင်း "သခင်လေးလီကတော့ တကယ်ကို အားကိုးရဆုံးပဲ။ မိုရှီရွန်နဲ့ ဇီယူကျီတို့ကတော့ တကယ်ကို အရိုက်ခံချင်နေကြတာ၊ ကျွန်မကို မိန်းမကြမ်းလို့တောင် ခေါ်ဝံ့တယ်ပေါ့လေ"

"ဒါဆိုရင်လည်း ကျွန်မ ပြန်သွားပြီး မိန်းမကြမ်းတစ်ယောက်ရဲ့ အစွမ်းကို သူတို့ကို ကောင်းကောင်းကြီး ပြပေးလိုက်မယ်"

"ကောင်းပါပြီ၊ သခင်မလေးရွဲ့ရှင်း အဆင်သင့်ဖြစ်ပြီလား"

လီကျန့်ယီသည် မိုရှီရွန်အတွက် အနည်းငယ် စိုးရိမ်ပေးနေသကဲ့သို့ ရှိသော်လည်း ဇီယူကျီမှာမူ ရွဲ့ရှင်း၏ မျက်နှာထားကို မြင်သည်နှင့် ထိတ်လန့်သွားတော့မည်မှာ သေချာလှသည်။

"အဆင်သင့် ဖြစ်ပါပြီ" ရွဲ့ရှင်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

"ဒါဆို သွားကြရအောင်" လီကျန့်ယီက ပြုံးလိုက်သည်။

လီဟန်ယီသည် လီကျန့်ယီ၏ နောက်ပြောင်လိုသော စိတ်ကို ရိပ်မိသွားပုံရပြီး လီကျန့်ယီကို အမြန်ကြည့်ကာ "ကျွန်မနဲ့ ရွဲ့ယောင်လည်း လိုက်မယ်၊ ကျိုးကျိုးနဲ့ ယောင်ကျွင်းတို့ကိုလည်း ခေါ်သွားမယ်" ဟု ပြောလိုက်၏။

"ကောင်းပါပြီ" လီကျန့်ယီက ဝမ်းသာအားရ ခေါင်းညိတ်သည်။

.....

တီယမ်ဝူတွမ်၏ မြင့်မြန်နယ်မြေဖြစ်သော ယွဲလန်မြေ၏ အတွင်းပိုင်း ခြံဝင်းထဲတွင် ဇီယူကျီနှင့် မိုရှီရွန်တို့သည် ကျောက်စားပွဲတွင် ထိုင်နေကြပြီး သူတို့ရှေ့တွင် အငွေ့တထောင်းထောင်း ထွက်နေသော လက်ဖက်ရည်ပူပူများ ရှိနေပေသည်။

မိုရှီရွန်က လက်ဖက်ရည်ပူကို တစ်ငုံသောက်လိုက်ပြီးနောက် ဇီယူကျီကို ကြည့်ကာ "ဇီကြီး... တို့တွေ ရေးလိုက်တဲ့စာကို ဒုတိယသခင်မလေး မြင်သွားမယ်လို့ မင်းထင်လား" ဟု စိုးရိမ်စွားမေးနေ၏။

ဇီယူကျီ "..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဇီယူကျီက "အဲ့ဒီစာကို ရေးတာ မင်းလေ မိုကြီးရဲ့။ ငါနဲ့ ဘာဆိုင်လို့လဲ"ဇီယူကျီက သူနှင့်မဆိုင်သည့်ပုံစံဖြင့် ပုခုံးတွန့်လိုက်၏။

မိုရှီရွန် "..."

"ဇီကြီး... မင်း ဒါကတော့ မကောင်းဘူးနော်။ မင်းကိုယ်တိုင်ပဲ ဒီစာကို ရေးခိုင်းတာ မဟုတ်လား" မိုရှီရွန်သည် သောက်လက်စ လက်ဖက်ရည်များပင် ပြန်ထွက်မတတ် ဖြစ်သွားရသည်။

"ငါခိုင်းတိုင်း မင်းက ရေးရလား၊ ဒါ မင်းကိုယ်တိုင် ရေးချင်နေတာ မဟုတ်ဘူးလား" ဇီယူကျီက အပြစ်ကို လုံးဝ လက်မခံဘဲ ငြင်းဆိုနေ၏။

"ကောင်းပြီလေ ဇီကြီး... မင်းက ဒီလို လုပ်ချင်တယ်ပေါ့လေ၊ ဒါဆိုရင်လည်း တို့တွေ နှစ်ယောက်လုံး ကောင်းကောင်းမနေရအောင် လုပ်ပစ်မယ်" မိုရှီရွန်သည် သေကြေပျက်စီးမတတ် တိုက်ခိုက်တော့မည့် အသွင်ဖြင့် ဇီယူကျီကို ကြည့်လိုက်တော့၏။

ဇီယူကျီက ၎င်းကို မြင်သောအခါ အမြန်တားကာ ‌မိုရှိရွန်ကို နှစ်သိမ့်လိုက်၏။

"တော်ပြီ၊ တော်ပြီ၊ တော်ပြီ၊ ဘာပဲဖြစ်ဖြစ် ရွှေလမြို့တော်က 'ယွဲ့လန်မြေ' နဲ့ အဝေးကြီးပဲ။ ဒုတိယသခင်မလေး တို့ရေးတဲ့စာကို မြင်ရင်ကော ဘာဖြစ်လဲ၊ သူမက 'ယွဲ့လန်မြေ' ကို ပျံပြီးလာနိုင်လို့လား" ဟု ပြောလိုက်သည်။

"အဲ့ဒါလည်း ဟုတ်တာပဲ..." မိုရှီရွန်က ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ ခေါင်းညိတ်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ..နူးညံ့သော လေပြေတစ်ချက် တိုကါ သွားပြီး လီကျန့်ယီ၊ ရွဲ့ရှင်းနှင့် အခြားသူများသည် ဝါးမျှော်စင်ရှေ့တွင် ရုတ်တရက် ပေါ်လာကြပါတော့သည်။ဇီယူကျီသည် ရွဲ့ရှင်းနှင့် တည့်တည့် တိုးနေသဖြင့် ရွဲ့ရှင်းက ရန်လိုသော အမူအရာဖြင့် စစ်မေးရန် ရောက်လာသည်ကို မြင်သောအခါ သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိပြီး မျက်လုံးများ ဝိုင်းစက်သွားရသည်။

"ဟေ့ ဇီကြီး... မင်းမျက်လုံးတွေက ဘာဖြစ်နေတာလဲ၊ ဒုတိယသခင်မလေးက 'ယွဲ့လန်မြေ' ကို ပျံမလာနိုင်ဘူးလို့ မင်းကိုယ်တိုင် ပြောခဲ့တာ မဟုတ်လား၊ ဘာကို ကြောက်နေတာလဲ?" မိုရှီရွန်က ကြောင်တောင်တောင်ဖြင့် ပြောနေဆဲပင်။

"မိုကြီး... မင်း နောက်ကို တစ်ချက်လောက် လှည့်ကြည့်ပါဦး" ဟု ဇီယူကျီက အကြံပေးလိုက်၏။

မိုရှီရွန်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ နောက်သို့ လှည့်ကြည့်လိုက်ရာ ကြောင်အသွားပြီး ပြန်လှည့်လာကာ "ဇီကြီး... ငါ ဒုတိယသခင်မလေးအကြောင်း အတွေးများပြီး မျက်စိတွေများ ဝေနေတာလား" ဟု သူ၏ အဖော်က်ု အလွန်တုန်လှုပ်စွာ မေးခွန်းထုတ်နေသည်။

"အဲ့ဒါ တကယ် ဒုတိယသခင်မလေးပဲ မိုကြီး...ငါပြောသားပဲ... ဒုတိယသခင်မလေးကို အဲ့လိုမျိုး စာထဲမှာ မကဲ့ရဲ့ပါနဲ့ဆိုတာကို" ဇီယူကျီက တရားသူကြီးတစ်ယောက်ကဲ့သို့ သူ၏ စကားများကို ပြန်ပြင် ပြောနေ၏။

မိုရှီရွန် "....."

"ဇီကြီး... မင်း လျှောက်မပြောနဲ့ အဲ့ဒီစာကို ငါရေးတာ မဟုတ်ဘူး၊ မင်းကိုယ်တိုင် ရေးခဲ့တာလေ" မိုရှီရွန်သည် ဇီယူကျီက သူ့ကို အလွယ်တကူ ရောင်းစားလိုက်သည်ကို မြင်သောအခါ အလျှော့မပေးဘဲ အပြစ်ကို ပြန်လွှဲလိုက်ပါတော့သည်။

"မဟုတ်တာ...ငါ ဇီယူကျီက ကွယ်ရာမှာ သူတစ်ပါးအတင်းကို ဘယ်တော့မှ မပြောဘူး" ဇီယူကျီက ယုံကြည်မှုအပြည့်ဖြင့် ကြွေးကြော်လိုက်သည်။

"သေလိုက်စမ်းပါ ဇီကြီးရာ...လာ... တစ်ပွဲလောက် နွှဲကြည့်ရအောင်၊ မင်း တကယ်ပဲ အရိုက်ခံချင်နေပြီ ထင်တယ်" မိုရှီရွန်သည် ဇီယူကျီကို ဆက်၍ သည်းမခံနိုင်တော့ပေ။

သို့သော် ထိုအချိန်တွင် ရွဲ့ရှင်းက သူတို့နှစ်ဦးကို ပြုံးပြလိုက်ပြီး လှောင်ပြောင်သော လေသံဖြင့် "အစ်ကိုဇီ၊ အစ်ကိုမို... ကျွန်မ ဘာများ မှားသွားလို့လဲ၊ ဘာလို့ ကျွန်မကို မိန်းမကြမ်းလို့ ထင်နေရတာလဲ" ဟု မေးလိုက်၏။

ဇီယူကျီ "..."

မိုရှီရွန် "..."

ရွဲ့ရှင်း စကားပြောလိုက်သည်နှင့် ထိုနှစ်ဦးလုံးမှာ ဂုတ်ပိုးမှ အမွှေးအမျှင်များ ထောင်ထသွားသကဲ့သို့ ခံစားလိုက်ရပြီး ပျာပျာသလဲဖြင့် "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး... ဒုတိယသခင်မလေးက တကယ်တော့ ကြင်နာတတ်ပြီး လှပတဲ့ သခင်မလေးတစ်ယောက်ပါ.. မိန်းမကြမ်း မဟုတ်ပါဘူး" ဟု အမြန်ငြင်းလိုက်ကြသည်။

"သြော်... ဒါဆို စာထဲမှာ ပါတာတွေက ဘာလဲ"ရွဲ့ရှင်းက ပြုံးလျက် မေးလိုက်ပြန်သည်။

"အဲ့ဒါက... အဲ့ဒါက မတော်တဆ ဖြစ်သွားတာပါ" မိုရှီရွန်နှင့် ဇီယူကျီတို့က ပျာပျာသလဲ ရှင်းပြကြသည်။

"တကယ့်ကို အံ့သြစရာပါပဲ ၊ တကယ်လို့ ကျွန်မသာ ယောင်ကျွင်း စာဖတ်နေတာကို နားမထောင်မိခဲ့ရင် ရှင်တို့အားလုံး ကျွန်မအပေါ် ဘယ်လိုမြင်နေကြလဲဆိုတာကို တကယ် သိမှာမဟုတ်ဘူး"

"ကြည့်ရတာ အရင်တုန်းက ကျွန်မ ရှင်တို့ကို ပေးခဲ့တဲ့ သင်ခန်းစာတွေက မလုံလောက်သေးဘူး ထင်တယ်" ရွဲ့ရှင်းသည် ဒေါသတကြီးဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး တစ်ယောက်ချင်းစီကို ထိုးနှက်ရန် ပြင်နေတော့သည်။

ကံကောင်းထောက်မစွာဖြင့် ရွဲ့ယောင်က ရွဲ့ရှင်းကို အချိန်မီ တားဆီးလိုက်ပြီး မိုရှီရွန်နှင့် ဇီယူကျီတို့ကို စိုက်ကြည့်ကာ

"ဇီလေး၊ မိုလေး... ရှင်တို့ အမြန် တောင်းပန်လိုက်ကြစမ်း" ဟု ပြောကာ ဝင်ရောက်ဖျန်းဖြေဖို့ ကြိုးစားပေးနေ၏။

"ဒုတိယသခင်မလေး... ကျွန်တော်တို့ တောင်းပန်ပါတယ်။ ကျွန်တော်တို့ မှားသွားပါပြီ" ဇီယူကျီနှင့် မိုရှီရွန်တို့သည် လွတ်လမ်းတွေ့သည်နှင့် အမြန်ပင် အလျှော့ပေးလိုက်ကြပါတော့သည်။

ရွဲ့ရှင်းက ဒီလိုကိစ္စသေးသေးလေးအတွက် ရွှေလမြို့တော်ကနေ 'ယွဲ့လန်မြေ' အထိ တိုက်ခိုက်ဖို့ ရောက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

"ဟွန်း.... ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်၊ နောက်တစ်ခါသာ ရှိခဲ့ရင်တော့ ရှင်တို့အားလုံးကို သတ်ပစ်မယ်" ရွဲ့ရှင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စားပွဲကို အားဖြင့် ထုလိုက်ရာ ကျောက်စားပွဲမှာ အက်ကွဲကြောင်းများစွာ ပေါ်လာပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်လုနီးပါး ဖြစ်သွားရသည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့... နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး" မိုရှီရွန်နှင့် ဇီယူကျီတို့မှာ ရွဲ့ရှင်း၏ "အစ်ကိုဇီ"၊ "အစ်ကိုမို" ဟု ခေါ်ဆိုသံများကို ခံနိုင်ရည်ရှိရန် အားအင်ကုန်ခမ်းနေပုံရသည်။

"ကဲ... ဒါဆိုရင်လည်း ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ကြရအောင်၊ ငါ 'ယွဲ့လန်မြေ' ကို မရောက်တာ ကြာပြီ၊ ငါ့အခန်းဘက် သွားကြည့်ဦးမယ်" ထိုနှစ်ဦးမှာ လိမ္မာပါးနပ်စွာ ပြုမူနေသည်ကို မြင်သောအခါ ရွဲ့ရှင်းသည် ရန်ဖြစ်နေခြင်းကို ရပ်တန့်လိုက်ပြီး လွမ်းဆွတ်နေရသော သူမ၏ အခန်းရှိရာသို့ ထွက်ခွာသွားပါတော့သည်။

သူမ ထွက်သွားပြီးနောက်မှ မိုရှီရွန်နှင့် ဇီယူကျီတို့သည် သက်ပြင်းချနိုင်ပါတော့သည်။

"သခင်မလေး... ဘာလို့ ဒုတိယသခင်မလေးနဲ့အတူ 'ယွဲ့လန်မြေ' ကို ရုတ်တရက်ကြီး ပြန်လာကြတာလဲ" ဟု ပြန်လာရသည့် အကြောင်းရင်းက တကယ်ပဲ ထိုကိစ္စကြောင့်လားဟု သူတို့ သံသယ ဝင်နေမိ၏။

အခန်း ၂၂၆ တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားပါတယ်

ဇီယူကျီနှင့် မိုရှီရွန်တို့၏ မေးခွန်းများကြောင့် ရွဲ့ယောင်နှင့် အခြားသူများသည် သူတို့၏ဘေးတွင် ရပ်နေသော လီကျန့်ယီကိုသာ လှမ်းကြည့်လိုက်ကြပါတော့သည်။မိုရှီရွန်နှင့် ဇီယူကျီတို့သည်လည်း ထိုအကြည့်များနောက်သို့ လိုက်ကြည့်လိုက်သည့်အခါမှ ရိပ်မိသွားကြပေသည်။ လူသားများကို 'ယွဲ့လန်မြေ' သို့ မျက်စိတစ်မှိတ်အတွင်း ခေါ်ဆောင်လာနိုင်သော အရှင်သခင် လီကျန့်ယီမှတစ်ပါး အခြားမည်သူ ရှိနိုင်ပါဦးမည်နည်း။

"သခင်လေးလီ... ကျွန်တော်တို့က သခင်လေးလီအပေါ် ဘာအငြိုးအတေးမှ မရှိပါဘဲနဲ့၊ ဘာလို့ ဒုတိယသခင်မလေးကို ဒီကို ပြန်ခေါ်လာရတာလဲဗျာ" ဟု မိုရှီရွန်နှင့် ဇီယူကျီတို့က နားမလည်နိုင်စွာ မေးလိုက်ကြ၏။

"မင်းတို့ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ" ဟု လီကျန့်ယီက ပြုံး၍ ပြောလိုက်သည်။

"ဒုတိယသခင်မလေးကိုလား"ဟု မိုရှီရွန်နှင့် ဇီယူကျီတို့က တပြိုင်နက်တည်း မေးလိုက်ကြပေသည်။

"အင်း" လီကျန့်ယီက ခေါင်းညိတ်သည်။

"အို... သခင်လေးလီ၊ ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါဗျာ" ဇီယူကျီနှင့် မိုရှီရွန်တို့က ချက်ချင်းပင် အသနားခံလိုက်ကြတော့သည်။

"မင်းတို့ရဲ့ ဒုတိယသခင်မလေးက တကယ်ပဲ အဲ့လောက်တောင် ကြောက်ဖို့ကောင်းလို့လား" လီကျန့်ယီမှာ ဆွံ့အသွားရသည်။

"စကားပုံတစ်ခု ရှိတယ်လေ 'ယုန်ဆိုတာ မိမိတွင်းနားက မြက်ကို ပြန်မစားဘူး' တဲ့ သခင်လေးလီ အဲ့ဒါကို မကြားဖူးဘူးလား" ဟု မိုရှီရွန်နှင့် ဇီယူကျီတို့က ဥပမာပေးကာ ဖျောင်းဖျကြလေသည်။သူတို့သည် ဒုတိယသခင်မလေးနှင့် အိမ်ထောင်မပြုရဖို့ အကြောက်အကန်ငြင်းနေအုန်းမည်။

လီကျန့်ယီသည် လီဟန်ယီ၏ လက်ကလေးကို ဆုပ်ကိုင်ထားရင်း တည်ကြည်စွာဖြင့် "မကြားဖူးဘူး"ဟု ပြန်ဖြေလိုက်သည်။သူသည် တကယ်လို့ သူတို့ပြောသလို 'ယုန်ဖြစ်ခဲ့ပါ မိမိသည်တွင်းဘေးက မြက်ကို စားခဲ့သော ယုန်'ဖြစ်သောကြောင့်ဖြစ်၏။

မိုရှီရွန် "..."

ဇီယူကျီ "..."

'သြော်... သခင်လေးလီကိုယ်တိုင်က မိမိအနားမှာတင် ရှိနေတဲ့ ပန်းလေးကို ခူးယူခဲ့တာဆိုတော့လည်း ထားလိုက်ပါတော့လေ...'

"သခင်လေးလီနဲ့ သခင်မလေးလီတို့ကျတော့ တစ်မျိုးလေ၊ ဒုတိယသခင်မလေးကကျတော့..." မိုရှီရွန်နှင့် ဇီယူကျီတို့သည် လီကျန့်ယီနှင့် လီဟန်ယီတို့မှာ တစ်ဦးကိုတစ်ဦး ချစ်ခင်စုံမက်ကြခြင်းဖြစ်ကြောင်း ပြောချင်သော်လည်း သူတို့၏ နှလုံးသားထဲတွင်မူ သခင်မလေး ရွဲ့ယောင် တစ်ဦးတည်းသာ ရှိခဲ့ကြပေသည်။

"ကဲ... မင်းတို့ နှစ်ယောက်လုံး စိတ်မဝင်စားဘူးဆိုရင်လည်း ထားလိုက်ပါတော့၊ ငါက မင်းတို့ကို အောင်သွယ်ပေးဖို့ ကြိုးစားကြည့်တာပါ၊ အဆင်မပြေဘူးဆိုရင်လည်း အဆင်မပြေဘူးပေါ့" ထိုနှစ်ဦးမှာ ရွဲ့ရှင်းကို စိတ်မဝင်စားကြောင်း မြင်လိုက်ရသည့်အခါ လီကျန့်ယီက အတင်းအကျပ် မတိုက်တွန်းတော့ပေ၊ သူက စမ်းသပ်ကြည့်ရုံသာဖြစ်ပြီး သေချာပေါက် ဖြစ်ရမည်ဟု မဆိုခဲ့ပေ။

"ဒါဆိုရင်တော့ တော်သေးတာပေါ့" မိုရှီရွန်နှင့် ဇီယူကျီတို့သည် ထိုအခါမှ သက်ပြင်းချနိုင်သွားကြသည်။

ထို့နောက် သူတို့သည် ရွဲ့ယောင်၏ နောက်ကွယ်တွင် ပုန်းနေသော ယောင်ကျွင်းကို ကြည့်လိုက်ကြသည်။ ယောင်ကျွင်း၏ ရုပ်ရည်မှာ ရွဲ့ယောင်နှင့် ဆင်တူနေသည်ကို မြင်သောအခါ "သခင်မလေး... ဒါ သခင်မလေးရဲ့ သားလေးလား" ဟု မေးကြ၏။

"ဟုတ်တယ်၊ သူ့နာမည်က ပိုင်လီယောင်ကျွင်းပါ" ဟု ရွဲ့ယောင်က ပြုံး၍ သူ၏ လူယုံများကို မိတ်ဆက်ပေးလိုက်သည်။

"သခင်လေးလီနဲ့ သခင်မလေးလီ ဘေးက မိန်းကလေးငယ်လေးကရော သူတို့ရဲ့ သမီးလေးလား" မိုရှီရွန်နှင့် ဇီယူကျီတို့က ကျိုးကျိုးကို ကြည့်ကာ တစ်ဖန်မေးပြန်သည်။

"ဟုတ်တယ်၊ သူမနာမည်က လီချိုးယင်းပါ" ဟု လီဟန်ယီက ပြုံး၍ မိတ်ဆက်ပေးလိုက်သည်။

"အချိန်ကတော်တော်ကုန်သွားပြီး...က‌လေးတွေတောင် တော်တော်လေးတောင် ကြီးနေကြပြီပဲ" မိုရှီရွန်နှင့် ဇီယူကျီတို့သည် ယခုကဲ့သို့ ကလေးကိုယ်ဆီဖြစ်နေကြသောသူတို့၏ မိတ်‌ဆွေဟောင်းများကိုကြည့်ကာ အချိန်ကုန်တာမြန်လွန်းသည်ဟု ယူဆနေမိသည်။

ထို့နောက် မိုရှီရွန်က မျက်လုံးလေးများ တောက်ပလျက် "ကျွန်တော်တို့ကို ဒုတိယသခင်မလေးနဲ့ အောင်သွယ်ပေးမယ့်အစား၊ သခင်မလေးရဲ့ သားလေးနဲ့ သခင်လေးလီရဲ့ သမီးလေးကို အောင်သွယ်ပေးလိုက်တာက ပိုမကောင်းဘူးလား" ဟု အကြံပြုစကားဆိုလိုက်သည်။ထိုကလေးနှစ်ယောက်မှာ အတော်လိုက်ဖက်သည်ဟု သူထင်မိသည်။

'သခင်‌လေးလီကဲ့သို့ နီးစပ်ရာကနေ အရင်ဆုံး နှိုက်ယူလိုက်တာက ပိုအဆင်ပြေသည်' ဟု တွေးကာ လီကျန့်ယီကို သူ ဥပမာပေးချင်သကဲ့သို့ ပြုံးတုံ့တုံ့ပင် ‌မော့ကြည့်သေးသည်။

လီကျန့်ယီ "..."

"ကဲပါဦး... ခုနတင်ပဲ ယုန်က မိမိတွင်းနားကမြက်ကို မစားဘူးလို့ ပြောနေကြပြီးတော့၊ အခုကျတော့ နီးစပ်ရာကနေ အခွင့်ကောင်းယူဖို့ ကြိုးစားနေကြပြီလား" လီကျန့်ယီက ထိုနှစ်ဦးကို စိုက်ကြည့်ကာ ပြောစရာ စကားမဲ့သွားရ၏။

"ဟဲဟဲ..သခင်လေးလီတောင် အဲ့စကားပုံကို မကြားဖူးဘူးလို့ ပြောခဲ့တာပဲ " ဟု မိုရှီရွန်နှင့် ဇီယူကျီတို့က ရယ်မောလျက် စနောက်ပြန်သည်။အလွန်ချစ်စရာကောင်းသော သမီးကို အလွန်သတန်တိုနေသည့် သခင်လေးကို စနောက်ရမှာ အလွန်ပျော်စရာကောင်းသည်။

"သွားစမ်းပါ" လီကျန့်ယီက ထိုနှစ်ဦးကို ဟောက်လိုက်ပြီး

သူ၏ ငါးနှစ်အရွယ် သမီးလေးကို ကြည့်ကာ ထိုနေရာကနေခေါ်ထုတ်ဖို့ကြံတော့သည်။

"ကျိုးကျိုး... လာလေ၊ သမီးက 'တီယမ်ဝူတွမ်' ကို တစ်ခါမှ မရောက်ဖူးဘူးမလား၊ ဖေဖေက သမီးကို လျှောက်လည်ဖို့ ခေါ်သွားမယ်"

"ဟုတ်ကဲ့"

ကျိုးကျိုးသည် ခေါင်းညိတ်ပြပြီး လီကျန့်ယီ၏ လက်ကိုကိုင်ကာ သူမ၏ အဖေကို နှစ်လိုဖွယ်အပြုံးတစ်ခုဖြင့် တုံ့ပြန်သည်။

ထို့နောက် သားအဖနှစ်ဦးသည် လူအများ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားပြီး 'ယွဲ့လန်မြေ' ၏ အပြင်ဘက်သို့ ရောက်ရှိသွားကြသည်။

ကျိုးကျိုးသည် 'တီယမ်ဝူတွမ်' တွင် ချန်းစန်းတောင်ကဲ့သို့ပင် တစ်နှစ်ပတ်လုံး နှင်းများကျနေသည်ကို တွေ့ရှိခဲ့ရသည်။ နှင်းများမှာ မရပ်မနား ကျဆင်းနေသဖြင့် သူမ၏ ခြေဖဝါးအောက်တွင် နှင်းထုကြီးမှာ အလွှာလိုက် ရှိနေပေသည်။ခြေလှမ်းအနည်းငယ် ပိုနက်သွားသည်နှင့် ကျိုးကျိုး၏ ဦးခေါင်းလေးသာ ပေါ်တော့သည်။

"ဖေဖေ... နှင်းတွေက အရမ်းထူတာပဲ၊ ဒီမှာ ပုန်းတမ်းကစားရင် အရမ်းပျော်ဖို့ ကောင်းမှာပဲနော်" ဟု ကျိုးကျိုးက သူမ၏ စိတ်ကူးယဉ်ပြောလိုက်၏။

"အဲ့ဒါကတော့ တကယ် စိတ်ဝင်စားဖို့ ကောင်းမှာပါ၊ ပုန်းနေတဲ့လူကို လိုက်ရှာရင် နောက်တစ်နှစ်အထိတောင် တွေ့မှာ မဟုတ်ဘူး မဟုတ်လား" လီကျန့်ယီသည် သမီးငယ်လေးကို နှင်းထဲမှ ပွေ့ထုတ်ကာ သူမ၏ စိတ်ကူးယဥ်ဘဝကနေကို လက်တွေ့ဘဝသို့ ပြန်ခေါ်ပေးလေး၏။

"တခိခိ... ဖေဖေက အရမ်းဉာဏ်ကောင်းတာပဲ" ကျိုးကျိုးသည် အပွေ့ခံထားရရင်း သဘောကျစွာ ရယ်မောလိုက်သည်။

"ဒါကြောင့်လည်း ဖေဖေက သမီးရဲ့အမေကို အချစ်နဲ့ လှည့်စားပြီး လက်ထပ်နိုင်ခဲ့တာပေါ့" ဟု လီကျန့်ယီက ဂုဏ်ယူစွာ ပြောနေ၏။

"ဖေဖေက ဓားနှလုံးဂူဗိမာန်က ခွေးတွေကို မချန်ပဲ အစီအစဉ်တကယ် ချခဲ့တာလား" ဟု ကျိုးကျိုးက သူမ၏ ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်တောက်ပသော မျက်ဝန်းလေးများဖြင့် အံ့ဩစွာ မေးသည်။

"ကျိုးကျိုး... သတိထားနော်၊ ဖေဖေက သမီးကို ရိုက်လိမ့်မယ်၊ အဖေက ဓားနှလုံးဂူဗိမာန်က ခွေးတွေကို တစ်ခါမှ အကြံမထုတ်ဖူးပါဘူး" လီကျန့်ယီက တည်ကြည်သော မျက်နှာထားဖြင့် ပြောကာ သူ၏ သမီးကို ထို အဓိပ္ပာယ်မရှိသောစကားကို မယုံစေချင်ပေ။ ‌ပိုင်ရှောင်တန်၏ အလွန်တင်စားပေးသော သူ၏ နာမည်ပြောင်များမှာ သူ၏ သမီးအထိ ပေါက်ကြားသွားသည်ကို ကြည့်ရင်း လီကျန့်ယီမှာ အတော်ပင် မကျေမချမ်းဖြစ်နေရ၏။

"ဟုတ်ကဲ့... ကျိုးကျိုးက ဖေဖေပြောတာကို ယုံပါတယ်" ကျိုးကျိုးက ချက်ချင်းခေါင်းညိတ် ထောက်ခံကာ သူ၏ အဖေဘက်ကို နေပေးလိုက်သည်။

"အဲ့ဒါမှပေါ့" လီကျန့်ယီသည် ကျိုးကျိုး၏ နူးညံ့သော ပါးပြင်လေးကို အသာအယာ ဆွဲလိမ်လိုက်ပြီးနောက် သူမကို 'တီယမ်ဝူတွမ်' တစ်ခွင် ကို လိုက်လံပြသပေးပါတော့သည်။ကျိုးကျိုးလေး ပင်ပန်းလာသောအခါမှ သူမကို 'ယွဲ့လန်မြေ' သို့ ပြန်ခေါ်လာခဲ့သည်။

ထိုအချိန်တွင် လီဟန်ယီသည် ရွဲ့ယောင်၊ ရွဲ့ရှင်းတို့နှင့်အတူ ထိုင်ကာ လိမ္မော်သီးနွှာရင်း အတိတ်အကြောင်းများကို ပြောဆိုနေကြသည်။

လီကျန့်ယီနှင့် ကျိုးကျိုးတို့ ပြန်ရောက်လာသည်ကို မြင်သောအခါ လီဟန်ယီသည် နွှာထားသော လိမ္မော်သီးကို ထက်ပိုင်းခြမ်းကာ လီကျန့်ယီနှင့် ကျိုးကျိုးကို ပေးလိုက်သည်။

"ယီယီ၊ ကျိုးကျိုး... 'တီယမ်ဝူတွမ်' က လိမ္မော်သီးတွေကို စားကြည့်ဦး...အရမ်းချိုတာ"

"ကောင်းပြီလေ"

သားအဖနှစ်ဦးသည် လိမ္မော်သီးကို ဝမ်းသာအားရ ယူကြကာ တစ်မြွှာစီ စားကြည့်ပြီးနောက် မျက်လုံးလေးများ တောက်ပသွားရသည်။

"တကယ်ပဲ အရမ်းချိုတာပဲ၊ ဒါပေမဲ့ လွန်လွန်ကဲကဲ ချိုတာမျိုး မဟုတ်ဘဲ အနေတော်လေးဆိုတော့ စားလို့ တကယ်ကောင်းတယ်"

"သခင်လေးလီ စားချင်တယ်ဆိုရင် အများကြီး ယူသွားလို့ ရပါတယ်၊ ကျွန်တော်တို့ဆီမှာ လိမ္မော်ပင်တွေ အများကြီး ရှိတယ်" ဟု မိုရှီရွန်က ရက်ရက်ရောရောပင် ပေးကမ်းသည်။

"ဒီလောက် အေးစိမ့်နေတဲ့ ရာသီဥတုမှာ လိမ္မော်ပင်တွေက အေးခဲပြီး မသေဘူးလား" လီကျန့်ယီက အံ့သြစွာ မေးလိုက်သည်။

" 'တီယမ်ဝူတွမ်' မှာ တစ်နှစ်ပတ်လုံး နှင်းကျနေတတ်တယ်ဆိုပေမဲ့ အမြဲတမ်း အပူချိန် ကောင်းမွန်တဲ့ နေရာလေးတွေ ရှိပါတယ်၊ ဒါကြောင့် အပင်တချို့ကို စိုက်ပျိုးလို့ ရပါသေးတယ်" ဟု ဇီယူကျီက ရှင်းပြသည်။

"သြော်... နားလည်ပြီ၊ ဒါဆိုရင်တော့ ကျုပ်က အားမနာတော့ဘူးနော်" လီကျန့်ယီက ချက်ချင်ပင် မငြင်းတော့ပေ။ သူ၏ သမီးနှင့် ဇနီးကလည်း ထိုလိ‌မ္မော်သီးကို ကြိုက်နေသောကြောင့်ဖြစ်သည်။

"လိမ္မော်သီး အနည်းငယ်ပဲဥစ္စာ၊ ဘာမှ မဖြစ်ပါဘူး" ဟု မိုရှီရွန်က ပြုံး၍ ပြောလိုက်သည်။ထို့နောက် သူသည် လီကျန့်ယီအတွက် လိမ္မော်သီးတစ်အိတ် အပြည့် သွားရောက် ယူဆောင်ပေးသည်။

၎င်းကို မြင်သော် လီကျန့်ယီသည် လိမ္မော်သီးများကို အလကား မယူလိုသဖြင့် "မိုလေး... ဒီလိမ္မော်သီးတွေအတွက် ငါ အလကားတော့ မယူချင်ဘူး၊ အဲ့ဒါကြောင့် မင်း ပိုက်ဆံ လိုချင်သလား၊ ဒါမှမဟုတ်..."

"ကျွန်တော့်အထင်တော့ သခင်လေးလီက ဒုတိယသခင်မလေးကို အမြန်ဆုံး ပြန်ခေါ်သွားပေးတာက ပိုကောင်းမယ် ထင်ပါတယ်။ သူမ ဒီမှာ ရှိနေရင် ကျွန်တော်တို့ စိတ်မအေးလို့ပါ" ဟု မိုရှီရွန်က အမြန်ပြောပြန်‌သောကြောင့် သူမှာ တကယ်ပင် ထိုအမေးစကားများကို စောင့်နေသကဲ့သို့ပင် ပြုမူနေ၏။

"ကျွန်တော်လည်း အဲ့ဒါကို သဘောတူတယ်" ဇီယူကျီကလည်း အပြင်းအထန် ခေါင်းညိတ်ပြလိုက်သည်။

လီကျန့်ယီ "..."

'ငါ ကျိုးကျိုးကို ခဏလေး လမ်းလျှောက်ခေါ်သွားတာကို၊ ပြန်ရောက်လာတော့ မင်းတို့က ဘာလို့ ရွဲ့ရှင်းကို အမြန်ခေါ်သွားဖို့ ဇွတ်ပြောနေကြတာလဲ'

လီကျန့်ယီမှာ နားမလည်နိုင် ဖြစ်နေဆဲပင် သူတို့သည် သူတို့၏ ဒုတိယ သခင်မကို ထိုမျှထိ ကြောက်လန့်နေကြသည်လော။

ရွဲ့ရှင်းကလည်း ထိုစကားများကိုကြားသောအခါ ပြန်လည်၍ ရိသဲ့သဲ့လေသံဖြင့်ဘ ပြောဆိုလိုက်သည်။

"အစ်ကိုမို၊ အစ်ကိုဇီ... ရှင်းရှင်းက ဒီလောက် ချစ်ဖို့ကောင်းတာကို၊ သခင်လေးလီက ရှင်းရှင်းကို ခေါ်သွားမှာကို ရှင်တို့က တကယ်ပဲ လိုလားနေကြတာလား"

လီကျန့်ယီ "..'

ရွဲ့ရှင်း၏ စကားကို ကြားလိုက်ရသည်နှင့် လီကျန့်ယီက ချက်ချင်းပင် မိုဇီယတို့ကို နားလည်သွားပါတော့သည်။ရွဲ့ရှင်း၏ ကန့်လန့်တတ်သော၊ အငြိုးကြီးပြီး ခန့်မှန်းရခက်သော အမူအရာကို သူတောင်မှ သည်းမခံနိုင် ဖြစ်နေရသည်။မိုရှီရွန်နှင့် ဇီယူကျီတို့ ဘာကြောင့် ယခုလောက် အလျင်စလို ဖြစ်နေကြသည်မှာ မဆန်းတော့ပေ။

"ဟန်ယီ၊ အစ်မရွဲ့ယောင်... တို့တွေ 'တီယမ်ဝူတွမ်' မှာ ထိုင်နေတာ တော်တော်ကြာပြီပဲ၊ အိမ်ပြန်ကြရအောင်..."

လီကျန့်ယီ စကားမဆုံးသေးမီမှာပင် ရွဲ့ရှင်းက သူ့ကို ညင်သာစွာ စိုက်ကြည့်လိုက်ပြီး "အစ်ကိုလီ... ရှင့်အပေါ် ထားတဲ့ ကျွန်မရဲ့ ခံစားချက်တွေက အစစ်အမှန်တွေပါ" ဟု ရုတ်တရက်ပြောလိုက်၏။

"ကျွန်မက ရှင့်ကို ကျွန်မရဲ့ အိမ်မှာ ခဏလောက် ပိုနေစေချင်ရုံတင်ပါ၊ ကျွန်မ မှားသွားလို့လား"

"ကျွန်မ အရင်က နေခဲ့တဲ့ နေရာကို ရှင့်ကို ပြချင်ရုံလေးပါ၊ ကျွန်မ မှားသွားလို့လား"

"ကျွန်မက..."

"တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားပါတယ်၊ အိမ်ပြန်ဖို့ အလျင်လိုနေတယ်လို့ ကျွန်တော် နောက်ခါ မပြောတော့ပါဘူး" လီကျန့်ယီက ချက်ချင်း တောင်းပန်လိုက်ပါတော့သည်။ရွဲ့ရှင်း၏ မြှားဦးက သူ့ဘက်ကို လှည့်လာသောအခါ လီကျန့်ယီမျာ ကြက်သိးများပင် ထသွားရသည်။ ဤမိန်းကလေးသည် အလွန်ဉာဏ်များကာ ကလဲ့စားချေတတ်သည့် အကျင့်ရှိသည်။၎င်းကို မြင်သော် ရွဲ့ရှင်းသည် မိုရှီရွန်နှင့် ဇီယူကျီတို့ကို ဆက်လက်၍ ခနဲ့ကာသော လေသံများဖြင့် ဆက်လက်နှိပ် စက်နေတော့သည်။သူမ အပြည့်အဝ ကလဲ့စားမချေရရင် ရပ်မည့်ပုံမပေါ်သကကဲ့သို့ ဖြစ်နေ၏။

All Chapters