← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း ၂၂၇ တပည့်လက်ခံခြင်း

ယွဲ့လန်မြေ။

လီကျန့်ယီ၊ လီဟန်ယီနှင့် သူတို့မိသားစုသည် ခြံဝင်းအတွင်း ထိုင်ကာ လိမ္မော်သီးစားရင်း မိုရှီရွန်နှင့် ဇီယူကျီတို့ကို ရွဲ့ရှင်းက လှောင်ပြောင်သရော်နေသည်ကို စိတ်ဝင်တစား ကြည့်ရှုနေကြပါတော့သည်။

ရွဲ့ရှင်း၏ လေသံမှာ ရွဲ့စောင်းလွန်းလှသဖြင့် ၎င်းကို ကြည့်ရှုရသည်မှာပြဇာတ်တစ်ခုကို ကြည့်နေရသကဲ့သို့ သူတို့ ခံစားနေရသည်။ဤကဲ့သို့ ကောင်းမွန်သော ပြဇာတ်တစ်ခုကို ကြည့်ရှုနေစဉ် လိမ္မော်သီးမစားရလျှင် နှမြောစရာပင် ကောင်းလှပေလိမ့်မည်။

"သခင်လေးလီ... သခင်မလေး... လိမ္မော်သီးတွေ ဆက်မစားပါနဲ့တော့ဗျာ၊ ဒုတိယသခင်မလေးကို မြန်မြန်လေး တားပေးကြပါဦး၊ ကျွန်တော်တို့ တကယ်ပဲ သူမကို မတားနိုင်တော့လို့ပါ" မိုရှီရွန်နှင့် ဇီယူကျီတို့သည် မျက်စိမှိတ်၊ နားပိတ်ကာ လီကျန့်ယီတို့ထံမှ အကူအညီ တောင်းခံကြပါတော့သည်။

လီကျန့်ယီက ပုခုံးတွန့်ပြကာ "တောင်းပန်ပါတယ်၊ ငါလည်း သူမကို မတားနိုင်ဘူး" ဟု တွေဝေမှုမရှိစွာ အဖြေပြန်ပေးသည်။

"ရှင်းရှင်း... တော်လိုက်ပါတော့၊ တို့တွေ ရွှေလမြို့တော်ကို ပြန်ကြရအောင်" ဟု ရွဲ့ယောင်က ဖျောင်းဖျလိုက်၏။

"မပြန်သေးဘူး၊ သူတို့ အမှားကို ဝန်မခံသေးသရွေ့ မပြန်ဘူး" ရွဲ့ရှင်းက ခေါင်းခါပြကာ ငြင်းလေသည်။

၎င်းကို ကြားသည်နှင့် မိုရှီရွန်နှင့် ဇီယူကျီတို့သည် ချက်ချင်း မျက်လုံးဖွင့်လာကြပြီး "ဒုတိယသခင်မလေး... ကျွန်တော်တို့ တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ပါးစပ်သရမ်းမိသွားပါတယ်" ဟု ပြောကာ ဤ အခြေအနေကို အလွန်ပြီးဆုံးစေချင်‌တော့သည်။သူတို့၏ နားများမှာ အူနေသကဲ့သို့ ခံစားနေရပြီး ထို ပျစ်ပျစ်နှစ်နှစ်စကားများကို ထပ်ပြီး မသည်းခံနိုင်တော့ပေ။

"ဟွန်း"

ရွဲ့ရှင်းသည် ထိုနှစ်ဦးကို စိုက်ကြည့်လိုက်ပြီးနောက်မှ သူမ၏ သရော်စကားများကို ရပ်တန့်လိုက်တော့သည်။ ထို့နောက် သူမသည်

ယောင်ကျွင်း၏ ဘေးသို့ သွားကာ ကလေးငယ်ကို ပွေ့ဖက်ပြီးသိမ့်မွေ့စွာပင် မေး၏။

"အိမ်ပြန်ကြစမ်းစို့၊ ယောင်ကျွင်းက ခဲအိုကို လွမ်းနေပြီလား"

"လွမ်းတာပေါ့" ယောင်ကျွင်းက ခေါင်းညိတ်ပြသည်။

"ဒါဆိုရင် အစ်ကိုယီကို တို့တွေကို အိမ်ပြန်ပို့ခိုင်းလိုက်ရအောင်လေ၊ ဟုတ်ပြီလား"

"ဟုတ်ကဲ့"

ယောင်ကျွင်းသည် လီကျန့်ယီ၏ ဘေးသို့ ချက်ချင်း ပြေးသွားကာ တည်ကြည်သော မျက်ဝန်းလေးများဖြင့် "အစ်ကိုယီယီ... တို့တွေ အိမ်ပြန်ကြမလား" ဟု မေးလိုက်သည်။

"ကောင်းပြီလေ"

လီကျန့်ယီက မိုရှီရွန်နှင့် ဇီယူကျီတို့ကို နှုတ်ဆက်ပြီးနောက် ရွှေလမြို့တော်သို့ ပြန်လာခဲ့ကြပါတော့သည်။

.........

ရွှေလမြို့တော်သို့ ပြန်ရောက်သောအခါ လီကျန့်ယီနှင့် အဖွဲ့သည် ဆယ်နှစ်အရွယ် ချန်းလျော့က ငွေလမင်းလှံကို ကိုင်ဆောင်ကာ ပိုင်လီအိမ်တော်အတွင်းသို့ ပြေးဝင်လာသည် တိုးသွားသည်။

"အစ်ကိုယီယီ... ညီမကျိုးကျိုး.. ကျွန်မ ညီမတိာ့ကို ရှာနေတာ ကြာလှပြီ" ချန်းလျော့က အလောတကြီးဖြင့် မောဟိုက်စွာ ပြော၏

"ချန်းလျော့က အစ်ကိုတို့ကို ဘာကိစ္စနဲ့ ရှာနေတာလဲ" လီကျန့်ယီက နားမလည်နိုင်စွာ မေးလိုက်သည်။

"ဒါပေါ့... ညီမကျိုးကျိုးနဲ့ သိုင်းပြိုင်ချင်လို့"

"ဒါနဲ့ အစ်ကိုယီယီ... သမီးကို သိုင်းပညာလေး နည်းနည်းလောက် လမ်းညွှန်ပေးပါဦးလား၊ ဖေဖေနဲ့ မေမေက ပြောတယ် အစ်ကိုယီယီရဲ့ လမ်းညွှန်မှုရှိရင် ချန်းလျော့က အတော်ဆုံး လှံသမားတစ်ယောက် ဖြစ်လာမှာ သေချာတယ်တဲ့" ချန်းလျော့လေးက အလေးအနက် ပြောကာ လီကျန့်ယီကို မျော်လင့်ချက်အပြည့်ဖြင့်မော့ကြည်သည်။

"ဒါပေါ့... သူက သက်ရှိထင်ရှား နတ်ဘုရားတစ်ပါးပဲလေ" ချန်းလျော့၏ မိဘများ ပြောသည်ကို ရွဲ့ယောင်က မငြင်းဆိုဘဲ လီကျန့်ယီကို ကြည့်ကာ "ယီယီ... တို့ရဲ့ ယောင်ကျွင်းကိုပါ သိုင်းပညာသင်ပေးဖို့ ကူညီပေးပါလား" ဟု ချက်ချင်းပင်တောင်းဆိုသည်။

"မရတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်ခုခုတော့ ရှိရမယ်လေ၊ အလကားတော့ သင်ပေးလို့ မရဘူး မဟုတ်လား" လီကျန့်ယီက ရွဲ့ယောင်နှင့် ချန်းလျော့တို့ကို ကြည့်ကာ အဓိပ္ပာယ်ပါပါဖြင့် ပြုံးပြလိုက်၏။

ထိုအခါ...ချန်းလျော့နှင့် ရွဲ့ယောင်တို့သည် လီကျန့်ယီ ဘာကို လိုချင်မှန်း မသိသဖြင့် ဝေခွဲမရ ဖြစ်သွားကြသည်။ကံကောင်းထောက်မစွာဖြင့် ထက်မြက်လှသော ကျိုးကျိုးသည် လီကျန့်ယီ၏ ဆိုလိုရင်းကို နားလည်သွားကာ လီကျန့်ယီ၏ ဘေးသို့ ယဉ်ကျေးစွာ လျှောက်သွားပြီး သူမ၏ ဂါဝန်လေးကို မကာ ရိုးသားသော မျက်နှာထားဖြင့် ဒူးထောက်လိုက်ပြီးနောက် "အဖေ... ကျွန်မကို တပည့်အဖြစ် လက်ခံပေးပါ" ဟု ပြောလိုက်သည်။

ကျိုးကျိုး၏ ရုတ်တရက် ပြုမူလိုက်ပုံကို မြင်သောအခါ ရွဲ့ယောင်သည် တစ်စုံတစ်ခုကို နားလည်သွားရသည်။ သူမသည် ယောင်ကျွင်းကို လီကျန့်ယီအား ဆရာအဖြစ် ကန်တော့ခိုင်းရန် ပြင်လိုက်စဉ်မှာပင် လီကျန့်ယီက ကျိုးကျိုးကို ဖေးမကာ ပိတီဖြာစွာပြော၏။

"ခေါ်နည်းနည်းနည်းမှားနေတယ်"

၎င်းကို ကြားသောအခါ ကျိုးကျိုးသည် ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားကာ "ဆရာ... ကျွန်မကို တပည့်အဖြစ် လက်ခံပေးပါ" ဟု ပြောလိုက်ပြန်သည်။

"အခုမှ မှန်သွားပြီ" လီကျန့်ယီက ပြုံးလျက် ကျိုးကျိုး၏ ဂါဝန်ပေါ်ရှိ ဖုန်များကို ခါပေးလိုက်သည်။ကျိုးကျိုးက ပြုံးလိုက်ပြီး ယောင်ကျွင်းနှင့် ချန်းလျော့တို့ကို ကြည့်ကာ "အစ်မချန်းလျော့၊ မောင်လေးယောင်ကျွင်း... မြန်မြန် ဆရာ့ကို အရိုအသေပေးကြတော့လေ" ဟု တိုက်တွန်း၏။

"ဆရာ... ကျွန်တော်တို့ကို တပည့်အဖြစ် လက်ခံပေးပါ"

ယောင်ကျွင်းနှင့် ချန်းလျော့တို့သည်လည်း တွန့်ဆုတ်ခြင်းမရှိဘဲ ဒူးထောက် ကန်တော့လိုက်ကြတော့သည်။

"ကဲ... ထကြတော့" လီကျန့်ယီက လက်ကို အသာအယာ မြှောက်လိုက်ရာ ချန်းလျော့နှင့် ယောင်ကျွင်းတို့သည် တစ်စုံတစ်ဦးက မလိုက်သကဲ့သို့ အလိုလို ပြန်လည် မတ်တပ်ရပ်သွားရ၏။

"မင်းတို့က ငါ့ဆီကနေ စစ်မှန်တဲ့ ပညာရပ်တွေကို သင်ယူဖို့ ရောက်လာတာဆိုတော့၊ ငါက မင်းတို့အပေါ် အလျှော့ပေးမှာ မဟုတ်သလို အလိုလည်းလိုက်မှာမဟုတ်ဘူးနော်"

ထိုသို့ပြောပြီး လီကျန့်ယီက လက်ဖျောက်တစ်ချက် တီးလိုက်ရာ နောက်တစ်စက္ကန့်တွင် ကျိုးကျိုးနှင့် အခြားသူများသည် ချန်းစန်းတောင်ပေါ်သို့ ရောက်ရှိသွားကြပါတော့သည်။

"မင်းတို့ ငါ့ရဲ့တပည့်ဖြစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကစပြီး၊ မင်းတို့ရဲ့ အခြေခံဟာ တခြားသူတွေထက် ပိုပြီး ခိုင်မာနေရမယ်၊ အခြေခံ ခိုင်မာသွားပြီဆိုမှ ငါ သိသမျှတွေကို သင်ပေးမှာ"

လီကျန့်ယီသည် ချန်းလျော့နှင့် ယောင်ကျွင်းတို့ကို အကဲခတ်ကြည့်လိုက်သည်။

ထို့နောက် သူတို့၏ အခြေခံကို ခိုင်မာစေရန် စတင်လမ်းညွှန်းကာ သင်ကြားပေးနေ၏။ကလေးများက သင်ယူတတ်မြောက်လွယ်သော ကြောင့် အချိန်အနည်းငယ်ယူပြိးနောက် သူသည် ကလေးသုံးယောက်ကို ရန်သူအများအပြား ရှိနေလျှင်ပင် တစ်ချက်တည်းဖြင့် အပြတ်ရှင်းနိုင်မည့် 'နတ်ဘုရားဓားဆွဲချက်' ကို သင်ကြားပေးခဲ့သည်။ ဤနည်းစနစ်မှာ ဓားအတွက်သာ မဟုတ်ဘဲ လှံထုတ်ရန်အတွက်လည်း အကျုံးဝင်ပေသည်။

"ကဲ... ပထမဦးဆုံး သင်ခန်းစာကတော့ 'အတွင်းက အသက်ရှူခြင်းကို လေ့ကျင့်ပြီး၊ အပြင်က ကြွက်သား၊ အရိုးနဲ့ အရေပြားကို လေ့ကျင့်ခြင်း' ပဲ ဖြစ်တယ်၊ ဒီစကားစုက နားလည်ရ လွယ်ပါတယ်။ အကြော နဲ့ အရိုးတွေကို သန်မာအောင်လုပ်တာကို ဆိုလိုတာပဲ"

"မင်းတို့ရဲ့ အကြောနဲ့ အရိုးတွေကက သန်မာမှသာ အခြေခံ ခိုင်မာပြီး အနာဂတ်မှာ ခိုင်မာတဲ့ အုတ်မြစ်ကို တည်ဆောက်နိုင်မှာ၊ အဲ့ဒါမှ ငါက နည်းစနစ်တွေကို သင်ပေးတဲ့အခါ မင်းတို့လည်း လိုက်နိုင်မှာပေါ့" လီကျန့်ယီသည် သူတို့၏ ဆရာအဖြစ် ပထမဆုံး သင်ခန်းစာကို စတင်ပါတော့သည်။

ထို့နောက် သူသည် ချန်းလျော့နှင့် ကျိုးကျိုးတို့ကို အကြောနှင့် အရိုးများ ဆန့်ထုတ်ပြိး သန်မာအောင်လုပ်ခြင်း ဆိုသည်မှာ မည်သို့ဖြစ်ကြောင်း တိုက်ရိုက် သရုပ်ပြလိုက်သည်။

လီကျန့်ယီ၏ စကားများမှာ လုပ်ကြံပြောဆိုခြင်း မဟုတ်ဘဲ 'တာအိုကျမ်း' မှ "အရိုးများက အားနည်းပြီး ကြွက်သားများက နူးညံ့နေသည်ဟုထင်ရသောလည်း ၎င်းမှာ လောကတွင် အနုနယ်ဆုံး အရာဖြစ်သော်လည်း လောကတွင် အမာကျောဆုံး အရာကို အောင်နိုင်သည်" ဟူသော စကားကို အခြေခံထားခြင်း ဖြစ်သည်။

အခြေခံ ခိုင်မာမှသာ အခြားသော နည်းစနစ်များကို လျင်မြန်စွာ သင်ယူနိုင်ပေလိမ့်မည်။

လူတိုင်းက သူ့လိုမျိုး မွေးရာပါဓားခန္ဓာကိုယ် မပါလာကြသဖြင့် အရာရာကို ကလေးကစားသလို သင်ယူနိုင်တာမျိုး မဟုတ်ပေ။ထိုနောက် သူ့တွင် စနစ်ပိုင်ဆိုင်ထားသူဖြစ်ရာ နည်းစနစ်အမျာူအပြာလေ့လာစရာမလိုခဲ့ပေ။သို့သော် ကျိုးကျိုးနှင့် အခြားသူများကို သိုင်းပညာသင်ပေးရာတွင် ဖြတ်လမ်းနည်း သုံး၍ မရဘဲ အဆင့်ဆင့် လုပ်ဆောင်ရမည် ဖြစ်သည်။လီကျန့်ယီက အကြောနှင့် အရိုးသန်မာစေသည့် နည်းစနစ်ကို သရုပ်ပြပြီးနောက် သူတို့သည် အခြေခံလေ့ကျင့်ခန်းများကို ချက်ချင်း စတင်ပါတော့သည်။

လေ့ကျင့်ခန်းမှာ ခါး၏ ပျော့ပျောင်းမှုနှင့် ကြွက်သားများ သန်မာအောင် ဆန့်ထုတ်ခြင်းကို အဓိကထားပြီး အခြေခံ အားနည်းနေသည့် နေရာမှန်သမျှကို ခိုင်မာစေရန် ရည်ရွယ်သည်။သုံးနာရီကြာလေ့ကျင့် ပြီးနောက် ကျိုးကျိုး၊ ယောင်ကျွင်းနှင့် အခြားသူများသည် အခြေခံလေ့ကျင့်ခန်းများကြောင့် ချွေးများ ရွဲစိုနေပါတော့သည်။ ကလေးသုံးယောက်မှာ အလွန်ပင် စိတ်ပါဝင်စားစွာနှင့် ကြိုးစားပမ်းစား သင်ယူနေကြပြီး မည်သူမျှ ပင်ပန်းသည်ဟု ညည်းညူခြင်း မရှိကြပေ။

၎င်းကို မြင်သော် လီကျန့်ယီသည် သူ၏ ကြိုးစားသော တပည့်သုံးဦးကို အလွန်ကျေနပ်သွားမိသည်။

သူက ရှေ့သို့ လှမ်းလာပြီး "မင်းတို့က ငယ်သေးတယ်၊ အခြေခံလေ့ကျင့်ခန်းကို တစ်နေ့ကို သုံးနာရီပဲ လေ့ကျင့်ပါ၊ အရမ်းကြာအောင် လေ့ကျင့်ရင် မင်းတို့ရဲ့ ဖွံ့ဖြိုးဆဲ ခန္ဓာကိုယ်အတွက် မကောင်းဘူး" ဟု ပြောလိုက်သည်။ကလေးများက ငယ်သေးသဖြင့် ကြွက်သားနာကျင်မှုများကို မခံနိုင်မည်ကို သူစိတ်ပူသေး၏။

"ဒါကြောင့် နောက်မှ သင်ခန်းစာတစ်ခု သင်ပေးမယ်... လေ့ကျင့်တဲ့အခါ အလုပ်နဲ့ အနားယူခြင်းကို မျှတအောင် ထားတတ်ရမယ်"

"ဟုတ်ကဲ့... နားလည်ပါပြီ" ကျိုးကျိုး၊ ယောင်ကျွင်းနှင့် ချန်းလော့တို့က ခေါင်းညိတ်ကြသည်။

"ဒီနေ့က ဒီလောက်ပဲ မင်းတို့ လေ့ကျင့်လို့ ချွေးတွေ ထွက်နေပြီဆိုတော့ အိမ်ပြန်ပြီး ရေနွေးနဲ့ ရေချိုးပြီး အနားယူလိုက်ကြဦး၊ မနက်ဖြန်ကျမှ ချန်းစန်းတောင်ကို လေ့ကျင့်ဖို့ ပြန်လာကြတာပေါ့" လီကျန့်ယီက လက်ဝှေ့ယမ်းပြလိုက်ရာ အဖွဲ့သားအားလုံး လီအိမ်တော်သို့ ပြန်ရောက်သွားကြသည်။

လီအိမ်တော်သို့ ရောက်သည်နှင့် ကျိုးကျိုးသည် ရေချိုးခန်းသို့သွား၍

ရေချိူးရန် အလျင်အမြန်ပင်ပြေးသွားသည်။ချန်းလျော့နှင့် ယောင်ကျွင်းတို့သည်လည်း လီကျန့်ယီကို နှုတ်ဆက်ကြ၏။သူတို့သည် သိုင်းလေ့ကျင့်ထားသဖြင့် တစ်ကိုယ်လုံး စေးကပ်နေသောကြောင့် အိမ်ပြန် ရေချိုးသန့်စင်ပြီးမှ ကျိုးကျိုးနှင့် ကစားရန် ခဏမှပြန်လာမည် ဖြစ်သည်။

ဧည့်ခန်းမဆောင်အတွင်းသို့ ဝင်လိုက်သောအခါ လီကျန့်ယီသည် လီဟန်ယီက ကျိုးကျိုးအတွက် အဝတ်အစားလဲရန် ပြင်ဆင်ပေးနေသည်ကို တွေ့လိုက်ရသည်။ လီဟန်ယီက သူ့ကို တစ်ချက်ကြည့်ကာ

"ယီယီ... ရှင်လည်း ရေချိုးချင်လို့လား" ဟု မေးသည်။

"ကိုယ်က ချွေးတောင် မထွက်ပါဘူး" လီကျန့်ယီသည် ထိုအခြေခံလေ့ကျင့်ခန်းများကို လုပ်ဆောင်ရာတွင် အလွန်ပင် သက်သောင့်သက်သာ ရှိနေခဲ့သည်။

"သိပါတယ်... ဒါပေမဲ့ ရှင်က ကျိုးကျိုးအတွက် မောင်လေးတစ်ယောက် ထပ်မွေးပေးဖို့ စိတ်ကူးမရှိတော့ဘူးလား" လီဟန်ယီသည် သူမ၏ စကားကြောင့် သူမကိုယ်တိုင်ပင် မျက်နှာလေး နီမြန်းသွားပါတော့သည်။လီကျန့်ယီသည် ဘာဖြစ်နေသည်ကို ချက်ချင်း ရိပ်မိသွားပြီး "နားလည်ပါပြီ...ကိုယ် အခုချက်ချင်း ရေသွားချိုးလိုက်ပါ့မယ်" ဟု ပြောကာ မပြေးရုံတမယ် အလောတကြီးထွက်ခွာသွားတော့၏။

အခန်း၂၂၈ အဓိကအချက်မှာ အလျင်နှုန်းပင် ဖြစ်သည်

နောက်တစ်နေ့တွင် လီကျန့်ယီသည် သူ၏ရင်ခွင်ထဲတွင် အိပ်မောကျနေသော အလှနတ်သမီးလေးကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် အမြဲတစေပင် အားအင်အပြည့် ရှိနေဆဲ ဖြစ်သော်လည်း သူ၏ရင်ခွင်ထဲမှ အလှလေးမှာမူ နုန်းခွေသွားသဖြင့် အိပ်ပျော်သွားခဲ့ပြီ ဖြစ်ပေသည်။

စောင်အနားသတ်ကို အသာအယာမကာ သူမကို ပြန်လည်လွှမ်းခြုံပေးလိုက်ပြီးနောက် အိပ်ပျော်နေသော အလှလေးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။ ထို့နောက် ကျိုးကျိုးကို ကြည့်ရန် ဘေးခန်းသို့ ထွက်လာခဲ့သည်။

ကျိုးကျိုးမှာ မနေ့က ယောင်ကျွင်း၊ ချန်းလျော့တို့နှင့်အတူ သိုင်းကျင့်လိုက်၊ ကစားလိုက် လုပ်ထားသဖြင့် ယနေ့တွင် အိပ်မောကျနေဆဲပင် ဖြစ်သည်။စောင်ပေါ်တွင် ခြေထောက်လေးများ တင်ကာ အိပ်ပျော်နေသည်မှာ လိမ္မော်ဆန်ပြုတ်အိုးလေး တစ်လုံးနှင့်ပင် တူလှပေသည်။ လီကျန့်ယီမှာ ၎င်းကိုကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။

"ဒီအိပ်ပုံအိပ်နည်းနဲ့တော့ မိန်းကလေးတစ်ယောက်နဲ့ ဘယ်လိုမှ မတူတော့ပါလား"

လီကျန့်ယီသည်ကျိုးကျိုးကို စောင်သေချာ ပြန်ခြုံပေးလိုက်ပြီးနောက် သားအမိနှစ်ယောက်အတွက် စားစရာ ပြင်ဆင်ရန် မီးဖိုချောင်သို့ ဝင်သွားသည်။

"ကလေးက ကြီးထွားနေတဲ့ အရွယ်ဆိုတော့ ဘာကျွေးရင် ကောင်းမလဲ" လီကျန့်ယီသည် မီးဖိုချောင်ထဲတွင် ဝေခွဲမရ ဖြစ်နေ၏။

ခေတ္တမျှ ကြာပြီးနောက် သူသည် ကြက်ဥအချို့ကို ယူကာ ရေနွေးအိုးထဲသို့ တိုက်ရိုက်ထည့်၍ ပြုတ်လိုက်သည်။ မနက်စာမှာ မနက်စာဖြစ်သော်လည်း အသားဓာတ်းပေါ်များသည့် ကြက်ဥပြုတ်မှာ မရှိမဖြစ်ပင် ဖြစ်ပေသည်။

ထို့နောက် နွားနို့အချို့ကို ယူရန် ပြင်လိုက်စဉ် မီးဖိုချောင်ထဲတွင် မရှိတော့သည်ကို တွေ့ရသဖြင့် ဈေးထဲသို့ သွား၍ဝယ်ယူရသည်။

နွားနို့ကို အပူပေးပြီးနောက် ကြက်ဥပြုတ်များလည်း ကျက်သွားပြီ ဖြစ်သည်။ လီကျန့်ယီသည် ၎င်းတို့ကို ဆယ်ယူကာ အအေးခံရန် ရေအေးထဲသို့ ထည့်လိုက်ကာ အသားစိမ်းဆန်ပြုတ်အချို့ကို ချက်ပြုတ်လိုက်ပေသည်။မနက်စာ အားလုံး အဆင်သင့်ဖြစ်သောအခါမှ လီဟန်ယီနှင့် ကျိုးကျိုးတို့က နိုးလာကြသည်။

"ဖေဖေ... ဘာစားစရာတွေများ ချက်ထားလဲဟင်"

နိုးနိုးချင်းပင် ကျိုးကျိုးသည် လီကျန့်ယီ၏ ဘေးသို့ တက်ကြွစွာ ပြေးလာသည်။ ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်သော မျက်ဝန်းလေးများဖြင့် ကြည့်ကာ လက်ကလေးများကို နောက်ပစ်ထားရင်း မျှော်လင့်တကြီး မေးမြန်းနေပေသည်။

"ဖေဖေ အသားစိမ်းဆန်ပြုတ်ချက်ထားတယ်လေ" လီကျန့်ယီက ပြုံး၍ ပြောလိုက်သည်။

"အသားစိမ်းဆန်ပြုတ်လား" ကျိုးကျိုး၏ ဗိုက်ကရုတ်တရက် အသံမြည်လာသောကြောင့် သားအမနှစ်ယောက်လုံး သဘောကျစွာ ရယ်လိုက်မိတော့သည်။

အချန်မဆွဲတော့ပဲ လီကျန့်ယီက အငွေ့တထောင်းထောင်း ထွက်နေသော အသားစိမ်းဆန်ပြုတ် တစ်ပန်းကန်ကို ခပ်ပေးလိုက်သည်။

၎င်းကို မြင်သောအခါ ကျိုးကျိုးသည် သူမ၏ အမည်ကို ရုတ်တရက် သတိရသွားကာ "ဖေဖေ... ဆန်ပြုတ်သောက်ဖို့ အချိန်ရောက်ပြီ'ဟု အော်ပြောလိုက်သည်။သူမ၏ အမည်မှာ အဖေဖြစ်သူ၏ ဆန္ဒကြောင့်ဆိုတာ သူမသိထားသည်။

"အေးပါ... ဖေဖေ သောက်ပါ့မယ်" လီကျန့်ယီက သူကို ဆန်ပြုတ်သောက်ဖို့ ခေါ်သည့် သမီးတစ်ယောက်တကယ်ရှိနေဖြစ်သဖြင့် အလွန်ပျော်‌ရွှင်နေသည်။ထို့နောက် လီဟန်ယီနှင့် သူ့အတွက် တစ်ပန်းကန်စီ ခပ်လိုက်ပြီး ဘေးတွင် ကြက်ဥပြုတ်တစ်လုံးနှင့် နွားနို့ပူပူ တစ်ခွက်စီ ချပေးလိုက်သည်။

"စားကြရအောင်" လီကျန့်ယီက သားအမိနှစ်ဦးကို ပြုံး၍ ကြည့်လိုက်ပြီးနောက် သူ၏ မနက်စာကို စတင်သုံးဆောင်တော့သည်။

မနက်စာ စားပြီးနောက် လီကျန့်ယီသည် ကျိုးကျိုးကို ခေါ်ကာ သူ၏ အသစ်စက်စက် တပည့်နှစ်ဦးဖြစ်သော စစ်ကုန်းချန်းလျော့နှင့် ပိုင်လီယောင်ကျွင်းတို့ဆီသို့ သွားခဲ့သည်။ လီကျန့်ယီကို မြင်သည်နှင့် ထိုနှစ်ဦးမှာ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်ကြသည်။

"ဆရာ"

"အင်း... ဒီနေ့လည်း မနေ့ကလိုပဲ သုံးနာရီကြာအောင် အခြေခံ ခိုင်မာအောင် ဆက်ပြီး လေ့ကျင့်ပေးမယ်"

"မင်းတို့ သုံးနာရီကြာ အခြေခံလေ့ကျင့်ခန်း လုပ်ပြီးရင်၊ ငါက ဓားထုတ်နည်းစနစ်ရဲ့ အနှစ်သာရကို ရှင်းပြပေးမယ်၊ အဲ့ဒီနောက် မင်းတို့ဘာသာ စဉ်းစားဆင်ခြင်ကြ၊ နားမလည်တာရှိရင် ငါ့ကို ပြန်မေးနိုင်တယ်" ဟု လီကျန့်ယီက ပြောလိုက်သည်။

"အဲ့တာက ညီမလေး ကျိုးကျိုး‌ 'ကောင်းကင်တက်လှေကားမျှော်စင်' ကို စိန်ခေါ်တုန်း သုံးတဲ့ ဓားထုတ်နည်းစနစ်လားဟင်၊ အဲ့တုန်းက ညီမ ကျိူးကျိူးက အရမ်းတော်တာပဲ၊ အစောင့်တွေက ညီမရဲ့ ဓားထုတ်တာကိုတောင် မမြင်လိုက်ရဘဲ မြေကြီးပေါ် အကုန်လဲကျသွားတာ"စစ်ကုန်းချန်းလျော့က ပိုင်လီယောင်ကျွင်းကို ဓားဆွဲနည်းစနစ်အကြောင်း သိစေရန်အတွက် လက်ဟန်ခြေဟန်ဖြင့် စိတ်ပါလက်ပါ ရှင်းပြနေသည်။

ထိုစကားကို ကြားသောအခါ ပိုင်လီယောင်ကျွင်း၏ မျက်လုံးများမှာ တောက်ပသွားပါတော့သည်။ လီကျန့်ယီသည် ဤနည်းဗျူဟာကို အသုံးပြု၍ သိုင်းလောကမှ လူဆိုးများစွာကို သတ်ဖြတ်ခဲ့ကြောင်း သူ၏ မိခင်ထံမှ ကြားဖူးသဖြင့် သူလည်း သင်ယူချင်နေမိသည်။

"ကဲ... သွားကြရအောင်လေ"

ထိုသို့ပြောပြီး လီကျန့်ယီသည် သူ၏ တပည့်ငယ်သုံးဦးကို ချန်းစန်းတောင်သို့ ပြန်လည်ခေါ်ဆောင်လာသွားသည်။

ချမ်းအေးသော ဆောင်းရာသီတွင် သိုင်းကျင့်ရန် ဤနေရာမှာ အကောင်းဆုံးပင် ဖြစ်သည်။ သို့မဟုတ်ဘဲ အပူချိန်မျာသော အခြားနေရာသို့ သွားမည်ဆိုလျှင် ကလေးသုံးယောက်မှာ ချွေးထွက်လွန်ပြီး ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

"ချန်းလျော့၊ ယောင်ကျွင်းနဲ့ ကျိုးကျိုး... မင်းတို့ အခြေခံတွေကို ကိုယ့်ဘာသာ လေ့ကျင့်ကြ။ အခြေခံတစ်ခုကို ကျွမ်းကျင်သွားရင် နောက်တစ်ခုကို ကူးပါ၊ အကြောနဲ့ အရိုးဆန့်ထုတ်တဲ့ နည်းစနစ်တွေကို ကျွမ်းကျင်သွားပြီဆိုမှ ဓားထုတ်နည်းစနစ်ကို စတင်လေ့လာနိုင်မယ်" ချန်းစန်းတောင်သို့ ရောက်သောအခါ လီကျန့်ယီက ကလေးသုံးယောက်ကို လွတ်လပ်စွာ လေ့ကျင့်စေခဲ့သည်။သူသည် အကြောနှင့်အရိုး သန်မာစေရန် လေ့ကျင့်ခန်းများ သင်ကြားပေးခဲ့သည်။

သူသည် နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကျင့်ကြံခြင်းတွင် အကန့်အသတ်မရှိပေ။ ကလေးသုံးယောက် အခြေခံ ခိုင်မာအောင် လုပ်နေစဉ်အတွင်း သူသည်လည်း ဓားကို ဆက်လက်ဝှေ့ယမ်းကာ ပိုမိုသန်မာလာအောင် လုပ်ဆောင်သင့်ပေသည်။

မကြာမီ သုံးနာရီ ကုန်ဆုံးသွားခဲ့သည်။လီကျန့်ယီသည် အချိန်ကို တိကျစွာ တွက်ချက်၍ ဓားဝှေ့ယမ်းခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် ချွေးများ ရွဲစိုနေသော ကလေးသုံးဦးကို ကြည့်ကာ ပြောလိုက်သည်။

"ဓားထုတ်နည်းစနစ်ဆိုတာက သူရဲ့ အမည်အတိုင်းပဲ၊ ဓားကို ဓားအိမ်ထဲက ထုတ်လိုက်ပြီး ရန်သူကို သတ်ဖြတ်နိုင်ဖို့ပဲ "

ရန်သူက ဘာဖြစ်သွားမှန်းတောင် မသိလိုက်ခင်မှာတင် သတ်ဖြတ်ရမည်ဖြစ်သည်။ထိုသည်ကား က ဓားထုတ်ပညာရပ်ပင် ဖြစ်သည်။ဓားပညာတွင် အဓိက အနှစ်သာရမှာ 'လျင်မြန်မှု'ဖြစ်ပြီးသည်။ဓားသမား အချင်းချင်းတိုက်ကြသည် အချိန်တွင် သိသာစွာ မြင်နိုင်ပေသည်။ဓားကို လျင်မြန်ထုတ်နိုင်သည့် ဓားသမားကသာ အသာရမည်ဖြစ်သည်။

တကယ်လို့ ဓားထုတ်တဲ့ အရှိန်က သာမန်မျက်စိရဲ့ တုံ့ပြန်နိုင်စွမ်းထက် ကျော်လွန်သွားမယ်ဆိုရင် အဲ့ဒီ ဓားထုတ်နည်းစနစ်က အောင်မြင်မှု အတော်အသင့် ရပြီလို့ သတ်မှတ်နိုင်ပါတယ်။

ထိုသို့ပြောပြီးနောက် လီကျန့်ယီသည် ကလေးသုံးယောက်ကို 'မရဏဓား' ဖြင့် သရုပ်ပြလိုက်သည်။ လီကျန့်ယီ ဓားဝှေ့ယမ်းလိုက်သောအခါ သူတို့ရှေ့မှ မြင်ကွင်းမှာ ပြောင်းလဲခြင်း မရှိသကဲ့သို့ပင်။

ပိုင်လီယောင်ကျွင်းမှာ ၎င်းကိုမြင်ပြီး ကြောင်အသွားရသည်။ "ဆရာ... ဆရာက ဓားကို တစ်ချက်ပဲ ထုတ်လိုက်တာလားဟင်"

"တတိယတပည့်လေး... ဆရာက ဓားတစ်ချက်ပဲ ထုတ်တယ်ဆိုတာ မင်း ဘယ်လိုသေချာနိုင်လဲ" လီကျန့်ယီသည် အဝေးမှ သစ်တောအုပ်လေးဆီသို့ လှမ်းကြည့်လိုက်သည်။နောက်တစ်စက္ကန့်တွင်မူ ထိုသစ်တောထဲမှ သစ်ကိုင်းခြောက်များနှင့် သစ်ရွက်ခြောက်များ အားလုံးမှာ အကုန်အစင် ပြတ်တောက်သွားပါတော့သည်။

"ဆရာက သစ်တောကို တစ်ချက်ပဲ ကြည့်လိုက်တာ မဟုတ်လား" ယောင်ကျွင်းသည် သစ်တောထဲတွင် တစ်စုံတစ်ခု ထူးခြားသွားသည်ကို သတိမထားမိခဲ့ပေ။

ထိုအချိန်တွင် စစ်ကုန်းချန်းလျော့က ပြောလိုက်သည်။

"မောင်လေး သေချာကြည့်စမ်းပါ၊ သစ်ပင်ပေါ်က သစ်ကိုင်းခြောက်တွေနဲ့ အရွက်ခြောက်တွေ ဘယ်ရောက်ကုန်လဲဆိုတာကို"

"ငါတို့ဆရာက ဓားကို တစ်ချက်တည်း ဝှေ့ယမ်းလိုက်တာပဲမြင်လိုက်‌

ပေမဲ့ ၊ တကယ်တော့ အဲ့တာက တစ်ချက်ထက်မက ဝှေ့ယမ်းခဲ့တာပဲ ဒါပေမဲ့ ဓားချက်တွေက မြန်လွန်းလို့ ငါတို့ကမမြင်ရတာ ဒီအဆင့်ကို ရောက်ဖို့ ဘယ်လောက် ခက်လဲဆိုတာ မောင်လေးကသိရဲ့လား၊ အစ်မရဲ့ အဖေနဲ့မောင်လေးရဲ့ အဖေတို့တောင် ဒါမျိူးမလုပ်နိုင်ဘူး"

၎င်းကို ကြားသောအခါ ပိုင်လီယောင်ကျွင်းသည် သစ်တောကို ထပ်မံကြည့်ရှုလိုက်သည်။ ဤတစ်ကြိမ်တွင်မူ စစ်ကုန်းချန်းလျော့၏ သတိပေးမှုကြောင့် သစ်တောထဲမှ ထူးခြားချက်ကို သူ သတိထားမိသွားပေသည်။

"ဆရာက တကယ်ကို အံ့သြဖို့ ကောင်းတာပဲ" ပိုင်လီယောင်ကျွင်းသည် စိတ်လှုပ်ရှားစွာဖြင့် လီကျန့်ယီကို ကြည့်လိုက်ရာ မျက်နှာလေးမှာ နီမြန်းနေပေသည်။

"ယောင်လေး... မင်းရဲ့ဆရာက ဓားတစ်ချက်ပဲ ထုတ်လိုက်တာလို့ ထင်နေတုန်းလား"

"ဆရာက သစ်တောကို တစ်ချက်ကြည့်လိုက်ရုံပဲလို့ ထင်နေသေးလား" လီကျန့်ယီက ပြုံး၍ ပိုင်လီယောင်ကျွင်းကို ကြည့်လိုက်သည်။သူသည် သူ၏ တပည့်ကို အခြေအနေကို သေချာစစ်ဆေးကာ စေ့စေ့စပ်စပ်မြင်စေချင်သည်။

ပိုင်လီယောင်ကျွင်းက ရှက်ကိုးရှက်ကန်းဖြင့် "ဆရာ... ဆရာ... ကျွန်တော် မှားပြီး ဆုံးဖြတ်မိသွားပါတယ်..." ဟု ပြောလိုက်သည်။

"ရပါတယ်၊ ကိုယ့်အမှားကိုယ် သိပြီး ပြင်ဆင်တာက ကောင်းတဲ့အချက်ပဲ၊ ယောင်လေး... မင်းလည်း ဒီဓားထုတ်နည်းစနစ်ရဲ့ အနှစ်သာရကို လေ့လာပါ။ နားမလည်တာရှိရင် ဆရာ့ကို ပြန်မေးနော်" လီကျန့်ယီက လက်ဝှေ့ယမ်းပြပြီး ကလေးသုံးယောက်ကို လီအိမ်တော်သို့ ပြန်ခေါ်လာခဲ့သည်။သူသည် ကလေးသုံးယောက်ကို ကိုယ်ပိုင် အတွေးအခေါ်နှင့်စိစစ်သုံးသပ်ဖို့ အချိန်ပေးခြင်းဖြစ်၏။

ထိုအချိန်တွင် လီဟန်ယီသည် ရွဲ့ယောင်၊ ဖုန်းချူးယွီတို့နှင့်အတူ စကားပြောနေကြသည်။ ကလေးများကို သူတို့၏ဆရာ လီကျန့်ယီက လေ့ကျင့်ရန် ခေါ်သွားသဖြင့် အမျိုးသမီးများမှာ ကလေးများ အိမ်အပြန်ကို စုပေါင်းစောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

"ဆရာ့ကတော်...ကျွန်တော်တို့ ပြန်ရောက်ပါပြီ"

ပိုင်လီယောင်ကျွင်းနှင့် စစ်ကုန်းချန်းလျော့တို့သည် လီဟန်ယီကို မြင်သည်နှင့် ချိုသာစွာ နှုတ်ဆက်လိုက်ကြသည်။၎င်းမှာ သူတို့၏ မိခင်များက သင်ကြားပေးထားခြင်း ဖြစ်ပေသည်။ ဆရာက ပညာကို ကောင်းကောင်းသင်ပေးစေချင်ရင် ဆရာ့ကတော်ကို မျက်နှာချိူ‌ သွေး ဖို့ လုပ်ရမယ်ဆိုတဲ့ စကားပုံ ရှိသည် မဟုတ်ပါလား။

"ဟဲဟဲ... ယောင်ကျွင်းနဲ့ ချန်းလျော့တို့ကတော့ နှုတ်ချိုလိုက်တာ" လီဟန်ယီသည် ကလေးနှစ်ယောက်က သူမကို 'ဆရာ့ကတော်' ဟု ခေါ်ဆိုသဖြင့် ခေတ္တမျှ ကြောင်အသွားပြီးမှ သူတို့ကို ပြုံး၍ ကြည့်လိုက် တော့သည်။

All Chapters