← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း ၂၂၉ ငါတို့နဲ့ တိုက်မလား

"ယောင်ကျွင်းနဲ့ ချန်းလျော့တို့ကတော့ ဆရာကတော် ရပြီဆိုတာနဲ့ သူတို့အမေတွေကိုတောင် မေ့ကုန်ကြပြီပဲ"

သူတို့၏ သမီးနှင့်သားမှာ လီဟန်ယီထံသို့ တန်းတန်းမတ်မတ် သွားနေကြသည်ကို မြင်သောအခါ ဖုန်းချူးယွီနှင့် ရွဲ့ယောင်တို့မှာ မရယ်ဘဲ မနေနိုင်ဘဲ တစ်ဦးကိုတစ်ဦး စနောက်နေကြတော့သည်။

"မေမေ"

စစ်ကုန်းချန်းလျော့နှင့် ပိုင်လီယောင်ကျွင်းတို့သည် သူတို့၏ မိခင်များကို ချက်ချင်းပင် လှမ်းခေါ်လိုက်ကြသည်။

"အင်း... ဒီနေ့ မင်းတို့ဆရာက ဘာတွေသင်ပေးလဲ" ဟု ဖုန်းချူးယွီနှင့် ရွဲ့ယောင်တို့က ကလေးကသင်ယူနိုင်သလော သိချင်ကာ စပ်စုကြည့်

၏။

"အခြေခံတွေကို လေ့ကျင့်ပြီးတဲ့နောက်၊ ဆရာက ကျွန်တော်တို့ကို ဓားထုတ်နည်းစနစ်ရဲ့ အနှစ်သာရကိုလည်း သင်ပေးခဲ့တယ်၊ ဒါကို ကျွမ်းကျင်သွားပြီဆိုရင် ကျွန်တော်တို့ရဲ့ ဓားထုတ်ပညာက အောင်မြင်မှုတစ်ခု ရပြီလို့ ပြောလို့ရတယ်" ဟု ပိုင်လီယောင်ကျွင်းနှင့် စစ်ကုန်းချန်းလျော့တို့က ပျော်ရွှင်စွာ ပြောပြကြသည်။

"ဓားထုတ်နည်းစနစ်လား" ဖုန်းချူးယွီနှင့် ရွဲ့ယောင်တို့မှာ သူတို့၏ လှပသော မျက်ဝန်းလေးများကို ပုတ်ခတ်ကာ အံ့သြသွားကြပေသည်။

သူတို့သည် ယခင်က ဓားထုတ်နည်းစနစ်များအကြောင်း ကြားဖူးသော်လည်း အခြားသူများ၏ ဓားသိုင်း အဆင့်ကိုမူမသိကြပေ။

သို့သော် လီကျန့်ယီ သင်ကြားပေးသော ဓားထုတ်နည်းစနစ်မှာမူ ဓားသိုင်းလောကတွင် အထူးခြားဆုံးနှင့် အကောင်းဆုံး ဖြစ်မည်မှာ သေချာလှသည်။ လီကျန့်ယီအနေဖြင့် သူ၏ စစ်မှန်သော ပညာရပ်များကို ကလေးများကို အလျင်အမြန်ပင် သင်ကြားပေးခဲ့သည့်အတွက် သူတို့နှစ်ဦးလုံး အလွန်ပင် ကျေးဇူးတင်နေမိကြသည်။

"ယီယီ... ကျေးဇူးတင်ပါတယ်နော်၊ကလေးတွေကို စောင့်ရှောက်ပေးရုံတင်မကဘဲ စစ်မှန်တဲ့ ပညာရပ်တွေကိုပါ သင်ပေးလို့ပါ" ဟု ရွဲ့ယောင်နှင့် ဖုန်းချူးယွီတို့က ကျေးဇူးတင်စကား ဆိုကြသည်။

"သူတို့က ငါ့ကို ဆရာလို့ ခေါ်ဖို့ ဆန္ဒရှိနေကြမှတော့၊ ဒီပညာတွေကို လက်ဆင့်ကမ်းပေးတာ ဘာမှမဖြစ်ပါဘူး" ဟု လီကျန့်ယီက အေးလူးစွာပင် တုံ့ပြန်စကားဆို‌သည်။

ဘာကြောင့်လဲဆိုသော် ဓားထုတ်ပညာရပ်မှာ နားထောင်ရသည်မှာ လွယ်ကူသယောင် ရှိသော်လည်း လူတိုင်း ကျွမ်းကျင်နိုင်သည် မဟုတ်သောကြောင့် ဖြစ်သည်။ထို့အပြင် ကျွမ်းကျင်သွားပြီဆိုလျှင်ပင် မည်သူက အသုံးပြုသနည်းဆိုသည့်အပေါ် မူတည်နေသေးသည်။

ထို့ကြောင့် ဤဓားထုတ်နည်းစနစ်ကို ပိုင်လီယောင်ကျွင်းနှင့် စစ်ကုန်းချန်းလျော့တို့အား သင်ကြားပေးလိုက်ခြင်းမှာ ကောင်းမွန်သော်လည်း၊ ၎င်း၏ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်ခြင်း ရှိမရှိမှာမူ သူတို့အပေါ်တွင်သာ မူတည်ပေလိမ့်မည်။

"ဟုတ်ပါတယ်... ချန်းလျော့နဲ့ ယောင်ကျွင်းတို့အတွက် ယီယီရဲ့ တပည့်ဖြစ်ခွင့်ရတာ တကယ်ကို ကံကောင်းခြင်းတစ်ရပ်ပါပဲ" ဟု ရွဲ့ယောင်နှင့် ဖုန်းခဖုန်းချူးယွီတို့က စိတ်လိုလက်ရပြုံး‌ကြသည်။

"ဒါက ရေစက်လို့ပဲ ခေါ်ရမှာပါ" လီကျန့်ယီက ပြောလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးလိုက်၏။

"အစ်ကိုပိုင်လီနဲ့ ညီလေးစစ်ကုန်းအစ်ကိုတို့ကော ဘယ်မှာလဲ"

"သူတို့လည် ကျင့်ကြံဖို့ သွားကြတာ" ဖုန်းချူးယွီနှင့် ရွဲ့ယောင်တို့က ချက်ချင်းပင် ဖြေပေးသည်။

"ကျင့်ကြံဖို့" လီကျန့်ယီက အံ့ဩသွားရ၏။ အရင်ကဆို ဒီအချိန်သ ် သူတို့ တုန်းကွေ့အရက်ဆိုင်တွင် အရက်သောက်နေမည့်အချိန်ဖြစ်သည်။

"ဟုတ်တယ်လေ...ယောင်ကျွင်းနဲ့ ချန်းလျော့တို့က မင်းရဲ့ လက်အောက်မှာ လေ့ကျင့်နေကြတာဆိုတော့၊ သူတို့က ပိုပြီး မကြိုးစားရင် အနာဂတ်မှာ ကလေးတွေက သူတို့ကို ကျော်တက်သွားမှာ စိုးရိမ်နေကြတာလေ" ရွဲ့ယောင်နှင့် ဖုန်းချူးယွီတို့သည် ထိုအကြောင်းကို တွေးမိရင်း မရယ်ဘဲ မနေနိုင်ကြပေ။ လူတိုင်းက ကျိုးကျိုး မဟုတ်ပေ လူမဆန်သည့် ကျိုးကျိုးက ကျော်တက်သွားခြင်းမှာ ကိစ္စမရှိသော်လည်း၊ ချန်းလျော့နှင့် ယောင်ကျွင်းတို့ကပါ ကျော်တက်မည်ဆိုပါက သူတို့မည်သို့ ခံစားနိုင်မည်နည်း။

သူတို့ကို ကျော်တက်ချင်တယ်ဆိုရင်တောင် အနည်းဆုံးတော့ လူကြီးဖြစ်တဲ့အထိ စောင့်သင့်တယ် မဟုတ်ပါလား လူငယ်အရွယ်နှင့်တော့ သူတို့ ကျော်တက်ခြင်းမခံချင်ပေ။သူတို့၏ ဆရာက လီကျန့်ယီ ဖြစ်နေရင်တောင်မှ 'ဆန်းကြယ်နတ်ခရီးအဆင့်' ထဲကို ဝင်ရောက်ဖို့အတွက် အနည်းဆုံး အသက် ၁၈ နှစ်လောက်တော့ကြာ ဦးမည်ဟု သူတို့ခန့်မှန်းထား၏။

"ကလေးတွေက သူတို့ကို ဖိအားပေးနေတာပဲ"ထို အခါမှ လီကျန့်ယီသက နားလည်သွားတော့သည်။ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့သည် လက်ထပ်ပြီး ချန်းလျော့နှင့် ယောင်ကျွင်းတို့ ရလာပြီးနောက်တွင် ထိုနှစ်ဦးမှာ သိုင်းကျင့်ရန် အလွန်ပျင်းရိကြသည်။တစ်ခါတစ်လေသာ လက်ရည်စမ်းကြပြီး ကြိုးကြိုးစားစားကျင့်ကြံဖို့ မေ့နေတတ်ကြ၏။အချိန်အများစုကို အရက်သောက်ခြင်း၊ ဝိုင်ချက်ခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးတတ်ကြသည်။မဟုတ်လျှင်လည်း ကလေးများကို ထိန်းကျောင်းနေတတ်ကြသည်။

"ဒါနဲ့အစ်မ ရွဲ့ယောင်..ညီမဖုန်း..အစ်ကိုတို့က ဘယ်မှာ ကျင့်ကြံနေကြတာလဲ" လီကျန့်ယီသည် ထိုနှစ်ဦးကို ချန်းစန်းတောင်တွင် မတွေ့ခဲ့ရသဖြင့် မေးလိုက်၏။

"ချန်းစန်းတောင်ကတော့ မင်း ကလေးတွေနဲ့ လေ့ကျင့်ဖို့လေ၊ ချန်ဖုန်းနဲ့ တုန်းကျွင်းတို့ကတော့ သိုင်းကွင်းပြင်မှာ လေ့ကျင့်နေကြပြီး တစ်ဖက်မှာလည်း ရွှေလမြို့တော်က တပည့်တွေကို လမ်းညွှန်မှုပေးနေကြတယ်" ဟု ရွဲ့ယောင်နှင့် ဖုန်းချူးယွီတို့က ပြန်ဖြေလိုက်ကြသည်။

"သိုင်းကွင်းပြင်မှာလား၊ သူတို့နဲ့ အရက်မသောက်ရတာလည်း ကြာပြီဆို‌တော့ ကျွန်‌တော်သွားကြည့်လိုက်ဦးမယ်" လီကျန့်ယီ၏ စကားကဆုံးသည်နှင့် သူ ရှိနေသော နေရာမှ ပျောက်ကွယ်သွားပါတော့သည်။

....

ထိုအချိန်တွင် သိုင်းကွင်းပြင် အတွင်း၌ ရွှေလမြို့တော်၏ တပည့်များမှာ သူတို့၏ သိုင်းပညာများကို ကြိုးစားပမ်းစား လေ့ကျင့်နေကြသည်။ပိုင်လီတုန်းကျွင်း၊ စစ်ကုန်းချန်ဖုန်းနှင့် တံမြက်လှည်းနေသော ရဲဒင်းကျီတို့မှာလည်း ထို့အတူပင် ဖြစ်သည်။

ထို့အပြင် သူတို့သည် မိမိတို့၏ ကျင့်ကြံမှုအဆင့်မှာ အချိန်အတော်ကြာ တန့်နေသည်ကို လက်မခံနိုင်ဖြစ်နေကြသဖြင့် မူလအဆင့်မှ ကျော်ဖြတ်ရန် ဆုံးဖြတ်ထားကြပေသည်။မဟုတ်လျှင် ဤမြို့တော်သခင်မှာ အသုံးမကျလွန်းရာ ရောက်နေမည်ဖြစ်သည်။သူတို့သည် ယခုအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့သည်မှာ နှစ်အတော်ကြာနေပြီဖြစ်ပြီး၊ မျိုးဆက်သစ်များမှာ သူတို့ကို လိုက်မီနေကြပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့ မကြိုးစားလျှင် မျိုးဆက်သစ်များက အဟောင်းများကို ကျော်တက်သွားသည်မှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။

ဒါပေါ့... မျိုးဆက်သစ်က အဟောင်းကို ကျော်တက်တာက မဖြစ်သင့်တာတော့ မဟုတ်ပေမဲ့ ၊ ဒါပေမဲ့ ဆိုးဆိုးဝါးဝါးနည်းဖြက့်တော့ မဖြစါသင့်ပေ။

ဥပမာအားဖြင့်... ငါက အသက် ၃၀ မှာ 'နတ်ခရီးတစ်ဝက်အဆင့်' ပဲ ရှိသေးချိန်မှာ၊ မင်းက အသက် ၂၀ မှာ 'နတ်ခရီးတစ်ဝက်အဆင့်' ဖြစ်နေတာမျိုးက ကွာခြားချက်ကြီးလွန်းတယ် မဟုတ်လား။

ထို့ကြောင့် ၎င်းကို ကာကွယ်ရန် ပိုင်လီတုန်းကျွင်း၊ စစ်ကုန်းချန်ဖုန်းနှင့် အခြားသူများသည် နေ့နေ့ညည ကြိုးစားကျင့်ကြံနေကြခြင်း ဖြစ်သည်။

သူတို့ ကျင့်ကြံလေလေ၊ သူတို့၏ ကျင့်ကြံမှုအဆင့်မှာ တိုးတက်လာလေလေ ဖြစ်သည်။ စစ်ကုန်းချန်ဖုန်း၊ ပိုင်လီတုန်းကျွင်းနှင့် ရဲဒင်းကျီတို့ထဲတွင် စစ်ကုန်းချန်ဖုန်းသည်''ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်' သို့ ရောက်ရှိသွားပြီး ကျန်နှစ်ဦးမှာမူ 'ဆန်းကြယ်နတ်ခရီးအဆင့်' သို့ တစ်ပြိုင်နက်တည်း ဝင်ရောက်နိုင်ခဲ့ကြသည်။

ရလဒ်အနေဖြင့် ရွှေလမြို့တော်၏ သိုင်းကွင်းပြင်တစ်ဝိုက်တွင် ထူးခြားသော သဘာဝဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့ပြီး ခမ်းနားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးခဲ့ပေသည်။

ရွှေလမြို့တော်၏ တပည့်များမှာ ကောင်းကင်ထက်တွင် နဂါးများကဲ့သို့ ဝဲပျံနေသော လျှပ်စီးများ၊ မိုးသည်းထန်စွာ ရွာသွန်းမှုများကို မြင်တွေ့ရသည့်အခါ တစ်စုံတစ်ခုသော ကပ်ဘေးနှင့် ကြုံတွေ့နေရသကဲ့သို့ ခံစားနေရသကဲ့သို့ တုန်လှုပ်နေကြ၏။

"ဘာတွေဖြစ်ကုန်တာလဲ၊ ဘာလို့ ရာသီဥတုက ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ"

ရွှေလမြို့တော်၏ တပည့်များသည် မိုးစက်များ သူတို့အပေါ် ကျလာသည်ကို ခံစားမိသဖြင့် မိုးခိုရန် အဆောက်အအုံထဲသို့ အမြန်ပြေးကြတော့သည်။

အဆောက်အအုံအောက်သို့ ရောက်သောအခါ သူတို့သည် သိုင်းကွင်းပြင်၏ အလယ်ဗဟိုရှိ လူသုံးဦးကို စပ်စုစွာ ကြည့်‌နေကြသည်။ ထိုသုံးဦး၏ ကိုယ်မှ ထွက်ပေါ်လာသော ရုတ်တရက် အားကောင်းလာသည့် အရှိန်အဝါကို ခံစားမိသဖြင့် " မြို့တော်သခင်တို့ကြောင့် ဖြစ်နိုင်လား'ဟု သံသယဝင်နေကြသည်။

"မင်းတို့ရဲ့ မြို့တော်သခင်က ဆန်းကြယ်နတ်ခရီးအဆင့်ထဲကို ဝင်ရောက်သွားလို့ပဲ၊ ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်ကနေ အစစ်အမှန် ဆန်းကြယ်နတ်ခရီးအဆင့်ထဲကိုရောက်သွားဖို့ ကျော်ဖြတ်ရမဲ့ဖြစ်စဉ်ပါ သူတို့ ကျော်ဖြတ်နိုင်သွားတာနဲ့ မိုးကြိုးပစ်ဒဏ်က ပျောက်ကွယ်သွားမှာပါ"

မိုးခိုနေသော အမိုးအောက်တွင် လီကျန့်ယီသည် ရုတ်တရက် ပေါ်လာပြီး ရွှေလမြို့တော်၏ တပည့်များကို ရှင်းပြလိုက်၏။

ထိုစကားကြား‌သောအခါ တပည့်တို့မှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြပါတော့သည်။

"ကျွန်တော်တို့ ရွှေလမြို့တော်မှာ နတ်ဘုရားတစ်ပါး ရှိလာတော့မှာလား'ဆန်းကြယ်နတ်ခရီးအဆင့်' ကို ရောက်တဲ့ သိုင်းပညာရှင်တစ်ယောက်"

"ဟုတ်တယ်" လီကျန့်ယီက ခေါင်းညိတ်ကာ မှန်ကန်ကြောင်းထောက်ခံပေးသည်။

"ဒါက ဝမ်းသာစရာပဲ၊ အခုကစပြီး ရွှေလမြို့တော်ဟာ 'ဝူ‌ဆောင်မြို့'ကို အစားထိုးပြီး ကမ္ဘာပေါ်မှာ နံပါတ်တစ် သိုင်းမြို့တော် ဖြစ်လာတော့မှာပဲ" ရွှေလမြို့တော်၏ တပည့်များမှာ ပျော်မဆုံး ဖြစ်နေကြပေသည်။ ပြောင်းလဲနေသော ရာသီဥတုကို ကြည့်ရင်း သူတို့ လုံးဝမကြောက်တော့ပဲ စိတ်အလွန်လှုပ်ရှားစွာ ရပ်နေကြတော့သည်။

ကောင်းကင်နှင့် မြေကြီး၏ ထူးခြားသော ဖြစ်စဉ်များမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလာရန်ပင် သူတို့ မျှော်လင့်နေကြသည်။ ထိုသို့ဆိုလျှင် ရွှေလမြို့တော်မှ ဘာမှမပြောလျှင်ပင် တစ်ကမ္ဘာလုံးက 'ဆန်းကြယ်နတ်ခရီးအဆင့်' ကို ရောက်ရှိသော နတ်ဘုရားတစ်ပါး ရွှေလမြို့တော်တွင် ပေါ်ထွန်းလာပြီဖြစ်ကြောင်း သိရှိသွားကြမည် ။

ထိုအချိန်တွင် ရွှေလမြို့တော် တပည့်များ၏ စိတ်အားထက်သန်သော အကြည့်များအောက်တွင် ပိုင်လီတုန်းကျွင်းတို့သည် 'ဆန်းကြယ်နတ်ခရီးအဆင့်' သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ကြပေသည်။ ကောင်းကင်ယံမှ ထူးခြားသော ဖြစ်စဉ်များမှာလည်း ရုတ်တရက် ပေါ်လာသကဲ့သို့ပင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး၊ ကြည်လင်သော ကောင်းကင်ကြီးမှာ တစ်ဖန် ပြန်လည် ပေါ်ထွန်းလာပါတော့သည်။

"ငါတို့တွေ ကျော်ဖြတ်နိုင်ခဲ့ပြီ၊ ဒါက ဆန်းကြယ်နတ်ခရီးအဆင့် လား" ပိုင်လီတုန်းကျွင်းနှင့် ရဲဒင်းကျီတို့သည် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို ခံစားမိပြီး မျက်နှာတွင် ပျော်ရွှင်မှုများ အတိုင်းသား ပေါ်လာသည်။

"ဆန်ကြယ်နတ်ခရီးအဆင့်ကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်" လီကျန့်ယီက ရှေ့သို့ လှမ်းတက်လာရင်း ဂုဏ်ပြုလိုက်သည်။

ပိုင်လီတုန်းကျွင်းနှင့် ရဲဒင်းကျီတို့သည် လီကျန့်ယီဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ သူတို့ 'ဆန်းကြယ်နတ်ခရီးအဆင့်' သို့ ရောက်သွားသဖြင့် သတ္တိများ ပိုရှိလာ၍လား မသိသော်လည်း လီကျန့်ယီကို စိန်ခေါ်ချင်စိတ်များ ပေါ်ပေါက်လာခဲ့ကြသည်။

"ယီယီ... ဒီနေ့ ငါတို့ တိုက်ခိုက်ချင်စိတ်တွေ အပြည့်ရှိနေတယ်၊ ငါတို့နဲ့ တိုက်မလား"ပိုင်လီတုန်းကျွင်းနှင့် ရဲဒင်းကျီတို့သည် တောက်ပပြီး စိတ်လှုပ်ရှားနေသော မျက်ဝန်းများဖြင့် လီကျန့်ယီကို စိုက်ကြည့်ကြတော့သည်။

အခန်း ၂၃၀ ကောင်းကင်နှင့်မြေကြီး စွမ်းအား

"အစ်ကိုတို့က တိုက်ချင်တယ်ဆိုမှတော့... တိုက်ကြတာပေါ့"

လီကျန့်ယီ၏ နှုတ်ခမ်ထောင့်များ မြင့်တက်သည့်အထိ ပြုံးကာ ချက်ချင်းလက်ခံသည်။

"ဒါဆိုရင် ကောင်းကင်ယံမှာ တိုက်ကြရအောင်"

ရဲဒင်းကျီနှင့် ပိုင်လီတုန်းကျွင်းတို့သည် ပထမဦးစွာ ကောင်းကင်ပေါ်သို့ ပျံတက်သွားကြတော့သည်။

စစ်ကုန်းချန်ဖုန်းသည် ၎င်းကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး "စီနီယာအစ်ကို... အစ်ကိုရဲ... ခင်ဗျားတို့ကတော့ အရမ်းမာနကြီးနေကြပြီပဲ၊ 'ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်' နဲ့ 'ဆန်းကြယ်နတ်ခရီးအဆင့်' ကြားက ခြားနားချက်ကတောင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတာပဲ။ ဒါဆိုရင် 'ဆန်းကြယ်နတ်ခရီးအဆင့်' နဲ့ 'မ‌သေမျိူးတန်ခိုးရှင်အဆင့်' ကြားက ခြားနားချက်က ဘယ်လောက်တောင် ရှိမလဲဆိုတာ သတိမထားမိတာလား၊ ပြီးတော့ ဒုတိယအစ်ကိုက ဓားနတ်ဘုရားနော်"အော်ပြောနေ၏။သူတစ်ယောက်သည်ကသာ မပျံနိုင်သေးသော တစ်ယောက်ဖြစ်သောကြောင့် အလွန်စိတ်ဓာတ်ကျနေ၏။

"ဒီအချက်မှာတော့ ကျွန်မတို့အိမ်က ဖုန်းအကြီးအကဲ ပြောတာကို ကျွန်မ သဘောတူပါတယ်" ဟု ဆီစိမ်စက္ကူထီးလေးကို ကိုင်ဆောင်ထားသော ဖုန်းချူးယွီက လီဟန်ယီတို့နှင့်အတူ လျှောက်လာရင်း ပြောလိုက်သည်။ သူတို့အားလုံးသည်လည်း ထီးကိုယ်စီ ကိုင်ဆောင်ထားကြသည်။

မိုးကြိုးကပ်ဘေး၏ ဖြစ်ပေါ်လာမှုက လူအများအပြား၏ သိချင်စိတ်ကို နှိူးဆော်ပေးနိုင်သည်။ထိုကြောင့် မိန်းကလေးအုပ်စုသည်လည်း သိုင်းကွင်းပြင်သို့ ရောက်လာခြင်းဖြစ်၏။လီဟန်ယီ ခန့်မှန်းသည့်အတိုင်းပင် ရဲဒင်းကျီနှင့် ပိုင်လီတုန်းကျွင်းတို့သည် 'ဆန်းကြယ်နတ်ခရီးအဆင့်' သို့ အမှန်တကယ် ကျော်ဖြတ်နိုင်ခဲ့ကြပြီ ဖြစ်သည်။

ယခင်က လီဟန်ယီသည် လီကျန့်ယီအား 'ဆန်းကြယ်နတ်ခရီးအဆင့်' သို့ ရောက်ရှိသွားလျှင် မည်ကဲ့သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်တတ်သနည်းဟု မေးမြန်းဖူးသည်။လီကျန့်ယီ၏ ပြောပြမှုအရ အစစ်အမှန် ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်လျှင် မိုးကြိုးကပ်ဘေးမှာ အလွန်အားကောင်းကြောင်းပြောပြဖူး၏။ထို့ကြောင့်ပင် သူတို့သည် ယခုအချိန်တွင် သိုင်းကွင်းသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။

"မေမေ... ပိုင်လီဦးဦးနဲ့ ရဲဦးဦးတို့က ဆရာရိုက်တာကို ခံရတော့မှာလားဟင်" ချန်းလျော့လေးသည် ထီးရိပ်အောက်တွင် လက်ကလေးတစ်ဖက်ဖြင့် သူမ၏ မျက်နှာကို ကွယ်ကာ မေးလိုက်သည်။

"ဟုတ်တယ်သမီး... သမီးရဲ့ဖေဖေသာ သူတို့နဲ့ မပူးပေါင်းရင်၊ ပိုင်လီဦးဦးနဲ့ ရဲဦးဦးတို့ကတော့ ဆိုးဆိုးဝါးဝါး ရှုံးမှာ သေချာတယ်" စစ်ကုန်းချန်ဖုန်းက အလေးအနက် ပြောလိုက်သည်။

"သမီးရဲ့ တို့ဖေဖေသာ 'ဆန်းကြယ်နတ်ခရီးအဆင့်' ထဲကို ဝင်နိုင်ခဲ့ရင်တော့ ယီယီနဲ့ တစ်ပွဲတစ်လမ်းလောက် နွှဲနိုင်မှာ အသေအချာပဲ"

ဖုန်းချူးယွီမှာမူ "....."

"ချန်ဖုန်း... ရှင် သက်ပြင်းချနေတာက ပိုင်လီတုန်းကျွင်းတို့ အရိုက်ခံရမှာ စိုးရိမ်လို့ မဟုတ်ဘဲ၊ ရှင်ကိုယ်တိုင် နတ်ခရီးအဆင့်ကို မရောက်လို့ သူတို့နဲ့ပေါင်းပြီး ယီယီကို မစိန်ခေါ်နိုင်လို့ နောင်တရနေတာပဲကိုး " ဖုန်းချူးယွီသည် တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ မေးလိုက်သည်။

"ငါ့ကို ချူးယွီထက် ပိုနားလည်တဲ့သူ မရှိတော့ပါလား" စစ်ကုန်းချန်ဖုန်းသည် သူ၏ ဝိညာဉ်အဖော်ကို တွေ့လိုက်ရသကဲ့သို့သော မျက်နှာပေးဖြင့် ဝမ်းသာစွာဆိုသည်။

ဖုန်းချူးယွီက လက်ဝှေ့ယမ်းပြကာ သူမ၏ ခင်ပွန်းကို မျက်နှာသာမပေးပေ။

" ရှင်သာ ပါဝင်ခဲ့ရင်တောင် ရှင်တို့အားလုံး အတူတူ အရိုက်ခံရမှာပဲ၊

ရှင်ကိုယ်တိုင်ပဲ ပြောခဲ့တယ်မဟုတ်လား... နတ်ခရီးတစ်ဝက်နဲ့ နတ်ခရီးအဆင့်ကြားက ကွာခြားချက်က မသေးငယ်ဘူးဆိုတာ၊ ဆန်းကြယ်နတ်ခရီးအဆင့် ကျင့်ကြံသူတစ်ယောက်က ဆန်ကြယ်နတ်ခရီးတစ်ဝက် ကျင့်ကြံသူ အမြောက်အမြားကို ဖိနှိပ်ထားနိုင်တယ်လေ၊ ဒီနည်းနဲ့ဆို ...မသေမျိူးတန်ခိုးရှင်ဓားဘုရား တွေကလည်း ဒီဆန်းကြယ်နယ်ပယ်က လူတွေကို ချက်ချင်း အပြတ်ရှင်းနိုင်မှာပေါ့"

"ကဲ... ချန်းလျော့၊ အခုဆိုရင် ကွာခြားချက်က ဘယ်နေရာမှာလဲဆိုတာ သမီး နားလည်သွားပြီ မဟုတ်လား"

"မေမေ... သမီး နားလည်ပါပြီ၊ မေမေ ပြောပုံအရဆိုရင် သမီးတို့က ဆရာက ပြိုင်ဘက်ကင်းပဲပေါ့၊ ဆရာက ပိုင်လီဦးဦးတို့လို နယ်ပယ်ကလူတွေကို အများကြီး သတ်နိုင်တာပဲ"ချန်းလျော့သည် တိမ်တိုက်များကြားတွင် တည်ငြိမ်စွာ ရှိနေသော လီကျန့်ယီကို လေးစားအားကျစွာ မော့ ကြည့်လိုက်သည်။

"မှန်တာပေါ့" ဖုန်းချူးယွီက ခေါင်းညိတ်ပြပြီး သူမသည်သးလည်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

ပိုင်လီတုန်းကျွင်းနှင့် ရဲဒင်းကျီတို့သည် လီကျန့်ယီကို ဝိုင်းရံထားပြီး နှစ်ဘက်ညှပ်၍ တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

"အစ်ကိုရဲ...စရအောင်"

ပိုင်လီတုန်းကျွင်းသည် ရဲဒင်းကျီကို အချက်ပြလိုက်ပြီး သူ၏ 'ပင်လယ်လှိုင်းလက်သီး' ကို အရှိန်အဟုန်ပြင်းစွာ ထုတ်ဖော်၍ လီကျန့်ယီထံသို့ စတင်ထိုးနှက်လိုက်တော့သည်။

ပိုင်လီတုန်းကျွင်း၏ အချက်ပြမှုကို မြင်သောအခါ ရဲဒင်းကျီသည်လည်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများစုစည်းထားသော သူ၏ လက်ဝါးကို အသုံးပြုကာ အခြားတစ်ဖက်မှ လီကျန့်ယီကို ရိုက်နှက်လိုက်သည်။

လီကျန့်ယီသည် တည်ငြိမ်သော ရေပြင်ကဲ့သို့ စိတ်အခြေအနေထဲသို့ ဝင်ရောက်နေကာ သူ၏ လက်ချောင်းကို ဓားကဲ့သို့ အသုံးပြုပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆွဲထုတ်၍ ထိုလက်သီးနှင့် လက်ဝါးတို့ကို ဓားအရှိန်အဝါဖြင့် ဖယ်ရှား၏။

ခဏချင်းမှာပင် ပိုင်လီတုန်းကျွင်းနှင့် ရဲဒင်းကျီတို့၏ တိုက်ခိုက်မှုမှာ လွယ်ကူစွာပင် ချေဖျက်ခံလိုက်ရသည်။၎င်းကို မြင်သောအခါ ဖုန်းချူးယွီက ချန်းလျော့ကို လှည့်ပြောလိုက်သည်။

"မြင်လား ချန်းလျော့၊ သမီးရဲ့ဆရာက သမီးရဲ့ ပိုင်လီဦးဦးတို့နဲ့ ကစားပေးနေတာ။ သူက အလေးအနက်တောင် မထားသေးဘူး၊

မဟုတ်ရင်... သမီးရဲ့ ပိုင်လီဦးဦးတို့ ရှုံးသွားတာ ကြာလှပြီ"

"အင်း... ဆရာက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ" ချန်းလျော့၏ မျက်ဝန်းများမှာ လီကျန့်ယီကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း အားကျမှုများဖြင့် ပြည့်နှက်သွားသည်။

လီကျန့်ယီသည် ပိုင်လီတုန်းကျွင်းနှင့် ရဲဒင်းကျီတို့၏ တိုက်ခိုက်မှုကို ချေဖျက်ပြီးနောက် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ဆန်းကြယ်နတ်ခရီးအဆင့်ကို ရောက်ပြီးရင်တော့ ဘယ်တိုက်ခိုက်မှုမဆို ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို အသုံးချနိုင်ပြီ၊ တစ်နည်းအားဖြင့် ပြောရရင် အဆင့်မြင့်လေလေ၊ ကောင်းကင်နဲ့ မြေကြီး စွမ်းအားအပေါ် ထိန်းချုပ်မှုက ပိုအားကောင်းလေလေပဲ"

"ဒီနေ့တော့... ပိုင်လီအစ်ကိုတို့အနေနဲ့ မသေမျိူးတန်ခိုးရှင်တွေက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ဘယ်လို ကျွမ်းကျင်ပိုင်နိုင်စွာ သုံးနိုင်သလဲဆိုတာကို မြင်တွေ့စေရမယ်"

ထိုသို့ ပြောရင်း လီကျန့်ယီသည် လေနှင့် မိုးကြိုးကို

ချက်ချင်းဆင့်ခေါ်လေ၏။

"လေ... လာစမ်း" ဟု ရုတ်တရက် အော်ဟစ်လိုက်သည်။

သူ စကားဆုံးသည်နှင့် ပြင်းထန်သော လေပြင်းများမှာ ကောင်းကင်ယံ တစ်ခွင်တွင် ဟိန်းဟောက် တိုက်ခတ်လာပါတော့သည်။

"မိုး... ရွာစမ်း"

စကားအဆုံးတွင် လျှပ်စီးလက်မှု၊ မိုးခြိမ်းမှုများနှင့်အတူ သည်းထန်သော မိုးများ ရွာသွန်းလာခဲ့သည်။

"မိုးကြိုး... လာစမ်း"

မိုးကြိုးများသည် ကြောက်မက်ဖွယ်ကောင်းသော မိုးချိန်းသံများနှင့်အတူ အလွန်ကြမ်းတမ်းစွာပေါ်ပေါက်လာကာ ကြည်နေ့သည် လူများ၏ ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

"မိုးစက်တွေကို ဓားအဖြစ် သုံးမယ်၊ လေကို ဓားအဖြစ် သုံးမယ်၊ မိုးကြိုးကို ဓားအဖြစ် သုံးမယ်၊ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကိုလည်း ဓားအဖြစ် သုံးရင် ... ပိုင်လီအစ်ကိုနဲ့ ညီအစ်ကိုရဲတို့ ဘယ်လို တုံ့ပြန်မလဲဆိုတာ သိချင်မိတယ်"အလွန်းအားကောင်းပြီး ဖိအားများလွန်းသည့် စွမ်းအင်မုန်တိုင်းတစ်ခုက ပိုင်လီတုန်းကျွင်းနှင့် ရဲဒင်းကျီတို့ကို ဝန်းရံသွားပါတော့သည်။

လီကျန့်ယီ၏ ကောင်းကင်နှင့် မြေကြီးစွမ်းအား ကျွမ်းကျင်စွာကိုင်တွယ်နိုင်ပုံကို မြင်တွေ့လိုက်ရသောအခါ ရဲဒင်းကျီနှင့် ပိုင်လီတုန်းကျွင်းတို့သည် သူတို့ကြားရှိ ကွာဟချက်ကို ချက်ချင်းပင် နားလည်သွားကြသည်။တကယ်လို့ သူတို့သာ ထိုဓားချက်လေးချက်ကို လက်ခံလိုက်မည်ဆိုလျှင်၊ ပထမဆုံး တစ်ချက်တည်းနှင့်တင် သူတို့ ဒုက္ခိတ ဖြစ်သွားနိုင်ပေသည်။

နောက်မှလာမည့် ကောင်းကင်နှင့် မြေကြီးစွမ်းအားသုံး ဓားသိုင်းများကို ထည့်ပင် မပြောလိုတော့ပေ။ထို့အပြင် သူတို့သည် သိုင်းပြိုင်ရန်သာ လာခဲ့ကြခြင်းဖြစ်ပြီး လီကျန့်ယီအား သူတို့ကို သေတွင်းသို့ ပို့ခိုင်းရန် လာခဲ့ကြခြင်း မဟုတ်ပေ။ ထို့ကြောင့် လီကျန့်ယီနှင့် သူတို့ကြားရှိ ကွာခြားချက်ကို သိရှိသွားပြီးနောက် ပိုင်လီတုန်းကျွင်းနှင့် ရဲဒင်းကျီတို့သည် မြေပြင်သို့ ချက်ချင်း ပြန်ဆင်းလာကြပြီး "တိုက်ခိုက်တာက မကောင်းပါဘူး၊ ဒီတစ်ခါတော့ မင်းကို လွှတ်ပေးလိုက်မယ်၊ ငါတို့နှစ်ယောက်က တစ်ယောက်တည်းကို ဝိုင်းတိုက်တာ မတရားဘူးလို့ မင်း ပြောနေဦးမယ်" ဟု အလွန်တည်ကြည်သာ့် မျက်နှာထားဖြင့် ဆို၏။

လီကျန့်ယီ "..."

ဖုန်းချူးယွီ "..."

လီဟန်ယီ "..."

ကလေးများ "..."

တကယ့်ကို မတရားတာပဲ။အရှုံးပေးရမှာ ကြောက်လို့ ဆင်းလာတာကို 'မင်းကို လွှတ်ပေးလိုက်မယ်' လို့ ပြောရက်လိုက်တာ။

ပိုင်လီတုန်းကျွင်းနဲ့ ရဲဒင်းကျီ... မင်းတို့နှစ်ယောက်ကတော့ တကယ် အရှက်မဲ့ကြတာပဲ။ရဲဒင်းကျီနှင့် ပိုင်လီတုန်းကျွင်းတို့၏ စကားအပြီးတွင် တိတ်ဆိတ်မှုကြီးက လွှမ်းမိုးသွားပါတော့သည်။

"ဖေဖေ... ဖေဖေ မရှက်ဘူးလားဟင်" ယောင်ကျွင်းသည် ပိုင်လီတုန်းကျွင်း၏ စကားကို ကြားပြီး မျက်နှာလေး နီမြန်းသွားသည်။

"ဘာရှက်စရာ ရှိလို့လဲ၊ နှစ်ယောက်က တစ်ယောက်ကို တိုက်တာ မတရားဘူး မဟုတ်လား" ပိုင်လီတုန်းကျွင်းက ခိုင်လုံသော အကြောင်းပြချက်များဖြင့် ပြောလိုက်သည်။

"ဟုတ်သားပဲ... အဲ့ဒါက တကယ်ပဲ မတရားဘူးနော်..." ယောင်ကျွင်းက ဝေခွဲမရ ဖြစ်နေသော မျက်နှာလေးဖြင့် ခေါင်းညိတ်ကာ ပိုင်လီတုန်းကျွင်း၏ အယူအဆကို သဘောတူလိုက်ပေသည်။

"တွေ့လား၊ ဒါကြောင့် ငါက မင်းရဲ့ဆရာကို ကြောက်လို့ မဟုတ်ဘူး၊ အစ်ကိုရဲနဲ့ ပူးပေါင်းရမှာကို မနှစ်မြို့လို့ပါ" ဟု ပိုင်လီတုန်းကျွင်းက ရုတ်တရက် အလွန်ပင် တည်ကြည်သော လေသံဖြင့် ပြောလိုက်ပြန်သည်။

ယောင်ကျွင်းမှာ အငိုက်မိသွားပြီး သူ၏အဖေ စကားထဲတွင် လုံးလုံးလျားလျား မျောပါသွားပါတော့သည်။ ရွဲ့ယောင်တစ်ယောက်သာ ပြုံးလျက် ခေါင်းခါကာ "ကဲပါ... တုန်းကျွင်းရယ်၊ ရှင်ကတော့ ယောင်ကျွင်းကို လှည့်စားဖို့ပဲ သိတာပဲ"ဟု အပစ်တင်သလိုပြောသည်။

"လှည့်စားတာလား၊ ကိုယ်က အမှန်တရားကို ပြောတာပါ" ပိုင်လီတုန်းကျွင်းက မျက်နှာနီမြန်းလျက် ပြန်ငြင်းသည်။သူ၏ မျက်နှာများက ထူသည်ဆိုပေမဲ့ အလွန်ထူနေသည့် အနေအထားတွင် မဟုတ်သေးပေ။

"ကဲပါ... သွားပြီး ဝိုင်ပဲ ချက်ပါတော့၊ တို့ရဲ့ ယောင်ကျွင်းကို လာမဖျက်ဆီးပါနဲ့" ရွဲ့ယောင်က ခေါင်းမာနေသော သူ့ကို မျက်စောင်းထိုးလိုက်ပြီး ယောင်ကျွင်းကို သူမဘေးသို့ ဆွဲခေါ်လိုက်၏။

"ကောင်းပြီလေ... သွားမယ်၊ ငါ့ရဲ့ 'ရိုမန်းတစ်ဝိုင်' က အချဉ်ဖောက်ဖို့ အဆင်သင့် ဖြစ်နေပြီ" ပိုင်လီတုန်းကျွင်းသည် ရွဲ့ယောင်က သူ့အား ထွက်ပေါက်ပေးလိုက်သည်ကို မြင်သည်နှင့် ချက်ချင်းပင် ထိုနေရာမှ ထွက်ပြေးသွားပါတော့သည်။

လီကျန့်ယီသည် လီဟန်ယီ၏ ဘေးသို့ ပြန်ရောက်လာသောအခါ ရဲဒင်းကျီနှင့် ပိုင်လီတုန်းကျွင်းတို့မှာ အရိပ်ပင် မမြင်ရတော့ပေ။ သူတို့သည် အစအနမကျန် ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

"ကိုယ်လက်လှုပ်ရှား မလုပ်ဖြစ်တာ ကြာပြီဆို‌တော့၊ ပိုင်လီအစ်ကိုတို့ကတော့ အခြေအနေ တော်တော်လေး ကောင်းနေတုန်းပဲ" ဟု လီကျန့်ယီက အောက်သို့ ဆင်းလာရင်း ပြုံး၍ ပြော၏။သူသည် ထုတ်လွှတ်ခဲ့သည့် တိုက်ကွက်များကို ပြန်လည်ဖျက်ခဲ့ရသဖြင့် အနည်းငယ် သွေးပူသွားရသည်။သူသာ ပြန်မဖျက်ပါက အောက်ကလူများကို ထိခိုက်နိုက်ပေသည်။

"ဟုတ်တယ်... ဟုတ်တယ်၊ အဆင်ပြေနေတုန်းပါပဲ။" လီကျန့်ယီ၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်ရသဖြင့် လီဟန်ယီကလည်း သဘောတူညီစွာဖြင့် ပြောလိုက်ပါတော့သည်။

All Chapters