← Chapters

အခန်း (၆၉၆-၆၉၇)

Vol. 42 Ch. 696-697

အခန်း (၆၉၆-၆၉၇)

Vol. 42 Ch. 696-697

Chapter 696

ပေါင်းစည်းခြင်း ၄

“ဆက်သွယ်ရေးကို ထိန်းထားပါ”

လင်းရှန်က ခေါင်းညိတ်ပြလိုက်သည်။

သင်္ဘော၏ တံခါးပွင့်သွားပြီးနောက် ရုတ်တရက် ကောင်းကင်၌ လျှပ်စီးကြောင်းတစ်ခုပေါက်ကွဲသွားသည်။ ထိုလျှပ်စီးသည် အနက်ရောင်သန်းသော အနီရောင်ဖြစ်ပြီး လေထုထဲတွင်လည်း ပုပ်စော်နံနေသည်။ တွင်းနက်ထဲက တိတ်ဆိတ်နေသော အဖြူရောင်မြို့တော်သည် ယခုအခါ ပြင်းထန်သော လေပြင်းများ တိုက်ခတ်နေပြီး မြို့၏ လမ်းကြားများထဲတွင် ငိုညည်းသံကဲ့သို့ အသံများထွက်လာသည်။ ၎င်းသည် ပုပ်သိုးပျက်စီးနေသော အဆောက်အအုံများနှင့် ဥမင်များကြားတွင် လေလွင့်ဝိညာဉ်များ ငိုကြွေးနေသကဲ့သို့ ဖုန်မှုန့်များနှင့် ပြာများကို လွင့်စင်နေစေသည်။

အောက်ဘက်ရှိ ဘူတာရုံရင်ပြင်၏ အပြင်ဘက်နံရံပေါ်တွင် အရောင်လွင့်နေသော ကြော်ငြာဆိုင်းဘုတ်တစ်ခုသည် ညစ်ပေသော မီးခိုးရောင်အဖြစ် ကပ်ငြိနေဆဲပင်။ မှုန်ဝါးနေသော မော်ဒယ်၏ ပြုံးနေသော မျက်နှာမှာလည်း ဟောင်းလောင်းပေါက် မျက်လုံးများဖြင့် ဘူတာရုံရင်ပြင်ကို အသက်မဲ့စွာ စိုက်ကြည့်နေသကဲ့သို့ ရှိသည်။

ပတ်ဝန်းကျင်ရှိ လမ်းသွယ်များမှ ထူးဆန်းသော တီးတိုးပြောသံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော သတ္တဝါများ စတင်လှုပ်ရှားနေကြသည်။

မုန်တိုင်းက နီးကပ်လာနေပြီ။

လင်းရှန်၏ မျက်နှာမှာ တည်ကြည်သွားပြီး အဖွဲ့ကို ဦးဆောင်ကာ ကောင်းကင်မှ တိုက်ရိုက်ခုန်ချလိုက်သည်။ နာရီစင်အပေါ်သို့ ဆင်းသက်တော့မည့်အချိန်တွင် Black Hwak စွမ်းအားဝတ်စုံ၏ တွန်းကန်အားစနစ်က ချက်ချင်း အလုပ်လုပ်သွားပြီး ချောမွေ့စွာ ဆင်းသက်နိုင်ခဲ့သည်။

“မိနစ် ၂၀၊၊ ဘူတာရုံကို ကာကွယ်ကြ’’

“စိတ်ချပါ” နန်ကျင်းက ပထမဆုံး ပြောလိုက်သည်။

“ဂရုစိုက်နော်...’’

ကီကီက သူ့ကို တစ်ချက်ကြည့်ပြီး လုရှင်းချန်နှင့်အတူ ခရီးသည်တင်ဘူတာ၏ အပေါ်ဘက်သို့ ပျံတက်သွားသည်။ ချန်ဆီရွှမ်နှင့် အားဖေးတို့သည် နာရီစင်ပေါ်မှ စောင့်ကြပ်ကြသည်။ နန်ကျင်း၊ ရှောင်ချင်း၊ ချီလီ၊ မိုနီကာနှင့် ကချေသည် ၀၁ တို့သည် ဘူတာရုံနှင့် ရင်ပြင်၏ ကာကွယ်ရေးကို တာဝန်ယူကြသည်။

လင်းရှန်က လျှပ်စစ်သံလိုက်သေနတ်ကို ထုတ်ယူကာ အနောက်ဘက်ရှိ ဘူတော့ရေကန်နက်ဆီသို့ ချိန်ရွယ်လိုက်သည်။ ဤသေနတ်တွင် လင်းရှန်၏ ဝတ်စုံစနစ်နှင့် ချိတ်ဆက်နိုင်သော Ai ပါသည့် လမ်းကြောင်းထိန်းစနစ်ပါဝင်သည်။ လမ်းကြောင်းနှင့် ဦးတည်ချက်ကို ချိန်ညှိပြီးနောက် သူသည် အသက်ကို ပြင်းပြင်းရှူကာ ခလုတ်ကို နှိပ်လိုက်သည်။

ဇစ်...

လျှပ်စစ်သံလိုက်သေနတ်ပေါ်ရှိ အပြာရောင် မီးတန်းများမှာ တစ်ဆင့်ပြီးတစ်ဆင့် လင်းလာပြီး စွမ်းအားမြင့် အရှိန်မြှင့်သံတစ်ခု ထွက်ပေါ်လာကာ ငွေကျည်ဆန်သည် ကြီးမားသော အရှိန်အဟုန်ဖြင့် မှောင်မိုက်နေသော ကောင်းကင်ထဲသို့ ပစ်ထွက်သွားလေသည်။

ခဏချင်းမှာပင် လင်းရှန်သည် သူ၏ နဖူးအလယ်တွင် အားကောင်းသော အရှိန်ဟုန်ကို ပြင်းထန်စွာ ခံစားလိုက်ရပြီး ကိုယ်အလေးချိန်မဲ့သွားသကဲ့သို့ ခံစားချက်ကြောင့် ဟန်ချက်ပင် ပျက်လုနီးပါး ဖြစ်သွားသည်။ သူသည် စိတ်ကို ချက်ချင်းပြန်စုစည်းကာ ဝတ်စုံပေါ်ရှိ ကျည်ဆန်၏ လမ်းကြောင်းအချိန်ကို အာရုံစိုက်စောင့်ကြည့်နေလိုက်သည်။

ဤနေရာမှ ရထားအခြေစိုက်စခန်းအထိမှာ ၈၆ ကီလိုမီတာခန့် ဝေးသည်။ တွက်ချက်ထားသော အရှိန်အရ ငွေကျည်ဆန် ပျံသန်းရန် ၉၅ စက္ကန့် လိုအပ်သည်။ သူသည် အချိန်ကို အတိအကျစောင့်ကြည့်ရမည်ဖြစ်ပြီး အနည်းငယ်မျှ မှားယွင်းသွားပါက အမှောင်တောအုပ်ထဲသို့ ကျရောက်သွားခြင်း သို့မဟုတ် ရေကန်နက်ထဲသို့ ကျော်လွန်သွားခြင်းများဖြစ်နိုင်ကာ အဖွဲ့တစ်ခုလုံးကို အန္တရာယ်ဖြစ်စေနိုင်သည်။

၉၁၊ ၉၂၊ ၉၃...

ဟိုလိုဂရမ်မျက်နှာပြင်ပေါ်တွင် အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးနေသည်။ ၉၅ စက္ကန့်ရောက်သည်နှင့် လင်းရှန်သည် ငွေကျည်ဆန်နှင့် အသိစိတ်ချင်း ချက်ချင်း ချိတ်ဆက်လိုက်သည်။

ဝူး...

ခဏချင်းမှာပင် လင်းရှန်၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် နာရီစင်အပေါ်မှ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်တွင် ဖုန်မှုန့်များသာ ကျန်ရစ်ခဲ့သည်။

လင်းရှန်သည် သူ၏ မျက်စိရှေ့တွင် အလင်းတန်းပေါင်းများစွာ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရပြီး နောက်တစ်ခဏတွင် ဝတ်စုံ၏ အပြင်ဘက်တွင် ပြင်းထန်သော လေတိုးသံများ ပေါက်ကွဲထွက်လာသည်။ မြင်ကွင်းထဲတွင် အမှောင်တောအုပ်ကြီးမှာ လျင်မြန်စွာ နောက်တွင်ကျန်ရစ်နေပြီး ရထားတွဲများ၏ မီးရောင်များဖြင့် လင်းထိန်နေသော ဧရာမ စက်ဝိုင်းပုံစံ ရထားအခြေစိုက်စခန်းကို သူ မြင်လိုက်ရသည်။

ရှူး...

ထိုအချိန်တွင် ဝတ်စုံ၏ တွန်းကန်အားစနစ်မှာ ချက်ချင်း အလုပ်လုပ်ကာ လေထဲတွင် ရှိနေသော အရှိန်ကို ရပ်တန့်လိုက်ပြီး ရထားအခြေစိုက်စခန်း၏ အလယ်ဗဟိုသို့ ဆင်းသက်လိုက်သည်။

ပေါင်းစည်းယာဥ်တန်း၏ အခြေစိုက်စခန်းတွင် ကင်းစောင့်နေသော အဖွဲ့ဝင်များသည် ကောင်းကင်မှ ဆင်းသက်လာကာ စခန်းအလယ်တွင် ရပ်လိုက်သော စွမ်းအားဝတ်စုံဖြင့် လူတစ်ယောက်ကိုသာ မြင်လိုက်ရသည်။

“ဒါ ကပ္ပတိန်လင်းပဲ’’

“ကပ္ပတိန်လင်း ပြန်ရောက်လာပြီ’’

“အစီအစဥ်အတိုင်း ထွက်ခွာဖို့ ပြင်ကြ’’

လင်းရှန် ဆင်းသက်လိုက်သည်နှင့် ဝတ်စုံပေါ်ရှိ ပျောက်ဆုံးနေသော အချက်ပြလှိုင်းများ ချက်ချင်း ပြန်တက်လာပြီး သူသည် ရှင်းဂျီထံသို့ ချက်ချင်း သတင်းပို့လိုက်သည်။

“ကျုပ် ရောက်ပြီ၊၊ ပျံတက်ဖို့ အဆင်သင့်ပဲ’’

စက္ကန့်အနည်းငယ် ကြာပြီးနောက် ရှင်းဂျီ၏ အသံထွက်လာသည်။

“လက်ခံရရှိတယ်… ခုန်ကူးဖို့ ပြင်ထားပါ’’

ထိုအချိန်တွင် အဖြူရောင်မြို့တော်၏ အရှေ့ဘက်တောင်ကြားလမ်း တောင်ထိပ်ပေါ်ရှိ ကီလိုမီတာပေါင်းများစွာ ရှည်လျားသော ဧရာမ ယန္တရားမြို့တော်ကြီး၏ အောက်ခြေတွင် အနီရောင်အချက်ပြမီးတန်းများ ရုတ်တရက် လင်းလာသည်။ ၎င်းသည် နိုးထလာသော တိုင်တန်ဘီလူးကြီးက နီရဲနေသော မျက်ခွံများကို ဖွင့်လိုက်သကဲ့သို့ပင်။ အရေးပေါ် ဆင်းသက်ရန် အသုံးပြုသည့် Thor ၏ လက်သည်းဟုခေါ်သော သံလိုက်ချိတ်ဆက်ကိရိယာများသည် ဖွဲ့စည်းပုံအလိုက်ပေါ်ထွက်လာသည်။

ထို့နောက် ထိုကိရိယာများသည် အနောက်ဘက်သို့ ချိန်ရွယ်လိုက်ပြီး ခဏချင်းမှာပင် ချိတ်ဆက်ကိရိယာ ၄၂၅ ခုမှာ တပြိုင်တည်း ပါဝါပွင့်သွားသည်။ အသံထက်မြန်သော ပေါက်ကွဲသံများနှင့်အတူ ဒုံးပျံကဲ့သို့သော ထိုကိရိယာများသည် ကောင်းကင်ယံသို့ ပစ်ထွက်သွားကြပြီး ရွှေရောင်လမ်းကြောင်းပေါင်းရာချီ၍ ဖြစ်ပေါ်လာစေကာ ကောင်းကင်ကို တုန်ဟည်းသွားစေသည့် အမြောက်သံများကဲ့သို့ မြည်ဟည်းသွားသည်။

အဖြူရောင်မြို့တော်တွင် ရှိနေသော ချန်ဆီရွှမ်နှင့် အခြားလူများသည် ကောင်းကင်ပေါ်မှ ရာနှင့်ချီသော မီးတောက်ကြယ်တံခွန်များသည် အဝေးရှိ ဘူတော့ရေကန်နက်ဆီသို့ ဖွဲ့စည်းပုံတစ်ခုနှင့် ပျံသန်းသွားသည်ကို မော့ကြည့်နေကြသည်။

ဗုန်း...

အနီးဆုံးတစ်ခုသည် ကြယ်ကြွေသကဲ့သို့ ရထားဘူတာဆီသို့ ကျဆင်းလာပြီး ဆင်းသက်ခါနီးတွင် တွန်းကန်အားစနစ်မှာ အရှိန်ကို ချက်ချင်း လျှော့ချလိုက်သည်။ မြေပြင်ပေါ် ဆင်းသက်လိုက်သည်နှင့် ယန္တရားခြေထောက်လေးချောင်းသည် ကွန်ကရစ်မြေပြင်ထဲသို့ အခိုင်မာစိုက်ဝင်သွားပြီး အပေါ်ဘက်တွင် သံလိုက်ကွင်းများမှာ စတင်လည်ပတ်ကာ လေထုကို ခရမ်းရောင်အဖြစ် ပြောင်းလဲသွားစေပြီး ကောင်းကင်သို့ ဦးတည်လိုက်သည်။

ဘန်း ဘန်း ဘန်း...

သံလိုက်ချိတ်ဆက်ကိရိယာများသည် အဖြူရောင်မြို့တော်၏ လမ်းမများတစ်လျှောက် မီတာ ၄၀၀ လျှင် တစ်ခုနှုန်းဖြင့် မိုးကြိုးပစ်သကဲ့သို့ ဆင်းသက်လာကြသည်။ ကိရိယာများ ပိုမိုဆင်းသက်လာသည်နှင့်အမျှ မြို့တစ်ခုလုံးသည် စတင်တုန်ခါလာပြီး အီလက်ထရိုသံလိုက်စက်ကွင်း၏ ဆူညံသံများက ဖုန်မှုန့်များကို လွင့်စင်သွားစေသည်။ ထို့နောက်တွင် ကိရိယာနှစ်ခုကြားရှိ လေထုထဲတွင် မမြင်ရသော လမ်းကြောင်းတစ်ခုကဲ့သို့သော ခရမ်းပြာရောင် သံလိုက်လမ်းကြောင်းများ စတင်ဖြစ်ပေါ်လာသည်။

ကျယ်လောင်သော ဆူညံသံများသည် သေဆုံးနေပုံရသော မြို့ကြီးကို ချက်ချင်း နိုးထလာစေသည်။ လမ်းမများပေါ်မှ အော်ဟစ်သံများနှင့် ရုန်းရင်းဆန်ခတ်သံများမှာ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ ချန်ဆီရွှမ်သည် Meteor-3 စနိုက်ပါရိုင်ဖယ်သေနတ်ကို ကိုင်ကာ ကင်းစောင့်နေပြီး အရပ်လေးမျက်နှာမှ ထွက်ပေါ်လာသော အမှောင်သတ္တဝါများ၏ ဟိန်းဟောက်သံများကို နားထောင်ရင်း သူမ၏ မျက်နှာမှာ တဖြည်းဖြည်း လေးနက်လာသည်။

“မိနစ် ၂၀၊၊ လူတိုင်းပဲ… ဘာပဲဖြစ်ဖြစ် တောင့်ခံထားရမယ်’’

ချန်ဆီရွှမ်က ဟိုလိုဂရမ်မြေပုံပေါ်တွင် ကာကွယ်ရေးနယ်မြေကို သတ်မှတ်လိုက်ပြီး ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်။

“ဒါပေါ့”

လုရှင်းချန်က အဆောက်အအုံမြင့်တစ်ခုပေါ်တွင် လက်နှစ်ဖက်လုံးမှ မီးတောက်များကို ကိုင်ကာ ရပ်နေသည်။ သူ၏ မျက်လုံးများထဲတွင် တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေပြီး ဤကဲ့သို့သော အခိုက်အတန့်ကို သူသဘောကျနေသည်။

အခြားတစ်ဖက်တွင် ရှောင်ချင်းသည် သူမ၏ သေနတ်ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး သူမ၏ ပြင်းထန်သော စွမ်းအားအတတ်အကျကြောင့် ဓားသွားသည် လျှပ်စစ်ဓားကဲ့သို့ တုန်ခါနေသည်။ နန်ကျင်းက သူမဘေးတွင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်၊၊

“ရှောင်ချင်း၊၊ ငါက ဘယ်ဘက်ယူမယ်… နင်က ညာဘက်ကို တာဝန်ယူ”

ရထားဘူတာ၏ အနောက်ဘက်တွင် မိုနီကာနှင့် ချီလီတို့ ရှိနေသည်။ ချီလီက ရထားလမ်းပေါ်ရှိ ချိတ်ဆက်ကိရိယာကို စောင့်ရှောက်ရန် တာဝန်ယူပြီး မိုနီကာကမူ အဝေးမှနေ၍ ပစ်ကူပေးရန် တာဝန်ယူသည်။

“ဟေး… မိနစ် ၂၀တဲ့… နင်ဆက်ပြေးနိုင်ပါ့ဦးမလား’’

နှင်းဆီနီရောင် စွမ်းအားဝတ်စုံဖြင့် မိုနီကာက တည်ငြိမ်စွာ မေးလိုက်သည်။

ချီလီက ရယ်မောလိုက်သည်၊၊

“ဒီသံထည်ဝတ်စုံကြီးသာမရှိရင် ငါ ပိုပြီး ပေါ့ပါးနေမှာ… သေစမ်း’’

စကားပြောနေရင်းမှာပင် ချီလီ၏ မျက်နှာက အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဧရာမ သတ္တဝါများစွာသည် အဝေးရှိ အမှောင်ထုထဲမှ လျင်မြန်စွာ ချဥ်းကပ်လာနေသည်ကို သူ ခံစားမိလိုက်သည်။

Chapter 697

အမှောင်ထုထဲမှ ခမ်းနားကြီးကျယ်စွာ လွတ်မြောက်မှု ၁

အခြားတစ်ဖက်တွင် လင်းရှန် ဆင်းသက်လိုက်သည်နှင့် အနန္တရထား၏ အဆုံးသို့ ချက်ချင်း ရောက်သွားသည်။ သူသည် လမ်းကြောင်းကို အပေါ်သို့ မတင်မီ အနည်းဆုံး မီတာ ၅၀၀ ခန့်ရှိသော မြေပြင်ရထားလမ်းကို အရင်ပြုလုပ်ရမည် ဖြစ်သည်။ ထိုအချိန်တွင် ရှီတိယွမ်သည် နဂါးတောင် အမှတ် ၁ နှင့် အခြားယာဥ်တန်းမှ အထူးအဖွဲ့များကို ဦးဆောင်ကာ လင်းရှန်၏ ဘေးတွင် အစွမ်းကုန်ကာကွယ်ပေးနေသည်။ အနန္တရထားပေါ်တွင်မူ ရှုချင်း၊ တာလို့၊ လော့ယန်နှင့် လျန်လေးတို့က တိုက်ခိုက်ရေးအဖွဲ့ နှစ်ဖွဲ့ကို ဦးဆောင်နေပြီး လီကွမ်းဝမ်၊ စွန်းယုကျန်း၊ လူအိုကြီးမို၊ လုချန်၊ မြောင်လုနှင့် ရှောင်ယွမ်တို့လည်း အသင့်ရှိနေကြသည်။

အရင်ပြန်ရောက်လာသည့် ဂရေ့စ်က လင်းရှန်ကို လမ်းကြောင်းချိန်ညှိရန် ကူညီပေးနေသည်။

“သတ္တဝါတွေ အနားမရောက်မချင်း သေနတ်မပစ်ကြနဲ့’’

ရှီတိယွမ်က ဆက်သွယ်ရေးစက်မှတစ်ဆင့် အော်ပြောလိုက်သည်။

လူအုပ်ကြီးသည် ရှေ့တန်းစစ်မျက်နှာကို ဝန်းရံထားကြသည်။ လင်းရှန်၏ လမ်းကြောင်းက ထူးဆန်းသောကုဗတုံးဖြင့် ကာကွယ်ထားသည့် နယ်မြေအပြင်ဘက်သို့ ရောက်သွားသည်နှင့် လူတိုင်း၏ စိုးရိမ်စိတ်မှာ အထွတ်အထိပ်သို့ ရောက်သွားသည်၊၊

“ချိတ်ဆက်ကိရိယာတွေ ပျံလာတာနဲ့ သန္ဓေပြောင်းသတ္တဝါတွေက ရုန်းရင်းဆန်ခတ် ဖြစ်လာမှာပဲ၊၊ လမ်းကြောင်းကို သေချာကာကွယ်ကြ’’

လင်းရှန်က အော်ပြောလိုက်သည်။

“ဒါရိုက်တာတင်း’’

“ကျွန်မဘက်မှာ ဘာပြဿနာမှမရှိဘူး၊၊ ရှင့်ရဲ့ အစီအစဥ်ကိုပဲ စောင့်နေတာ’’

အနန္တရထား၏ အမှတ် ၃ တွဲထဲတွင် တင်းကျန်းရီ၏ မျက်လုံးများမှာ အစိမ်းရောင်တောက်ပနေပြီး သူမ၏ ခေါင်းပေါ်ရှိ ပန်းပွင့်လေးသည်လည်း တုန်ခါနေသည်။ သူမ၏ ရှေ့တွင် ငွေနဂါးဆယ်ဆပန်းသည် အနက်ရောင်မြူခိုးအမြောက်အမြားကို စုပ်ယူနေပြီး အပေါ်ဘက်ရှိ အသစ်ထွက်လာသော ပန်းဖူးလေးသည်လည်း ဖြည်းဖြည်းချင်း မြင့်တက်လာနေသည်။

“လာနေကြပြီ’’

လော့ယန်က အော်ပြောလိုက်သည်။ လူတိုင်း မော့ကြည့်လိုက်ရာ အရှေ့ဘက် ကောင်းကင်ယံတွင် ရွှေရောင်လမ်းကြောင်းများဖြင့် ဒုံးပျံများစွာ ပေါ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းတို့သည် အဝေးရှိ အမှောင်တောအုပ်ထဲသို့ ကျယ်လောင်စွာ ကျဆင်းလာကြသည်။

ဘန်း...

နောက်ဆုံး သံလိုက်ချိတ်ဆက်ကိရိယာက သတ်မှတ်ထားသော နေရာသို့ ကျဆင်းသွားသောအခါ အဖြူရောင်မြို့တော် ရထားဘူတာနှင့် အမှောင်တောအုပ်ကြားတွင် ၈၆ ကီလိုမီတာ ရှည်လျားသော လေထုထဲရှိ သံလိုက်လမ်းကြောင်းကြီးတစ်ခု ပေါ်လာသည်။ ၎င်းမှာ ညကောင်းကင်တွင် တောက်ပနေသော လျှပ်စစ်လမ်းကြောင်းတစ်ခုကဲ့သို့ အလွန်ပင် ခမ်းနားလှသည်။

တစ်ချိန်တည်းမှာပင် အမှောင်တောအုပ်ကြီးသည်လည်း ထူးဆန်းသော ဟိန်းဟောက်သံများဖြင့် တုန်ခါလာခဲ့သည်။

ကျယ်လောင်သော ဆူညံသံများကြောင့် တောအုပ်တစ်ခုလုံး လှုပ်ရှားသွားပြီး တောင်ကြားများထဲတွင် အော်သံများ ပဲ့တင်ထပ်လာသည်။ တစ်မိနစ်ပင် မပြည့်မီမှာပင် သန္ဓေပြောင်းအမှောင်သတ္တဝါအုပ်စုကြီးသည် ပေါင်းစည်းရထားရှိရာသို့ တိုက်ခိုက်လာကြသည်။

ဒိုင်း... ဝီး ဒက် ဒက် ဒက်...ဘန်း ဘန်း အုန်းး

သေနတ်ပြောင်းများမှ မီးပွားများ ချက်ချင်း လွင့်စင်လာသော်လည်း ယခုအချိန်တွင် သူတို့သည် အဖွဲ့ဝင်များ၏ ခုခံမှုအပေါ်မှာသာ အားကိုးနိုင်သည်။ ရထားပေါ်ရှိ လက်နက်ကြီးများသည် ယာယီတပ်ဆင်ထားသော စနစ်များကြောင့် အလုပ်မလုပ်နိုင်သေးပေ။

“မြင်တာ အကုန်ပစ်’’

ရှီတိယွမ်သည် ကျားသစ်တစ်ကောင်အဖြစ် အသွင်ပြောင်းကာ ရှေ့သို့ ပြေးထွက်သွားပြီး ချဥ်းကပ်လာသော လူသားပုံစံ သတ္တဝါတစ်ကောင်ကို ရိုက်ချလိုက်သည်။

တာလို့နှင့် လျန်လေးတို့သည် တိုက်ခိုက်ရေးအဖွဲ့မှ လူပေါင်းတစ်ရာကျော်နှင့်အတူ စက်သေနတ်များကို ကိုင်ထားကြသည်။ စက်သေနတ်များက ချက်ချင်း လည်ပတ်လာပြီး အပြာရောင်မီးတောက်များနှင့်အတူ ကျည်ဆန်မိုးများကို ရွာချလိုက်သည်။

“လီကွမ်းဝမ်… ငါ့ကိုကူပြီး အပေါ်ကို ကာကွယ်ပေး” လော့ယန်က ပျံသန်းနေသော လင်းနို့သတ္တဝါကြီးတစ်ကောင်ကို ပစ်ချလိုက်ပြီးနောက် လီကွမ်းဝမ်ကို အော်ပြောလိုက်သည်။

ရှုချင်းဘက်တွင်မူ သူမသည် လုချန်၊ မြောင်လုနှင့် စွမ်းအားဝတ်စုံဝတ်ထားသော လူတစ်ဒါဇင်ခန့်နှင့်အတူ သတ္တဝါအုပ်ကြီးထဲသို့ တိုးဝင်ကာ တိုက်ခိုက်နေကြသည်။

“ဂရေ့စ်”

[ကျွန်မရှိပါတယ်]

“သူတို့ကို ရှင်းပစ်လိုက်’’

[နားလည်ပါပြီ]

အစောပိုင်းလေးကမှ ကျော့ရှင်းစွာ လမ်းလျှောက်နေသော ဂရေ့စ်သည် လင်းရှန်၏ အမိန့်ကိုကြားသည်နှင့် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သစ်ပင်ပေါ်တွင် ကပ်နေသော ပင့်ကူသတ္တဝါကြီးတစ်ကောင်ကို လက်သီးဖြင့် ထိုးသတ်လိုက်သည်။ နောက်သို့ ပြန်ခုန်လိုက်ချိန်တွင် သူမ၏ လက်များမှ အနီရောင်လေဆာတန်းများ ထွက်ပေါ်လာပြီး သန္ဓေပြောင်းသတ္တဝါများကို အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် လျှပ်စီးသိန်းငှက်ဒရုန်း ၂၅ စင်းကို ထိန်းချုပ်ကာ တိကျစွာ ပစ်ခတ်နေသည်။ သူမ၏ တိုက်ခိုက်ရေးစနစ်သည် တိုက်ပွဲနှင့်အတူ ပို၍တိုးတက်လာပြီး အရပ်မျက်နှာအသီးသီးမှ တိုက်ခိုက်မှုများကို ကြိုတင်သိရှိကာ စက္ကန့်ပိုင်းအတွင်း ပြန်လည်တုံ့ပြန်နိုင်စွမ်းရှိသည်။

လူတိုင်းသည် လင်းရှန်ကဲ့သို့ ယန္တရားစွမ်းရည်ကျွမ်းကျင်သူများ မဟုတ်ပေ၊၊ ထို့ကြောင့် လူအများအတွက် ဂရေ့စ်သည် သန္ဓေပြောင်းသတ္တဝါများကို ခုခံရာတွင် အစွမ်းထက်လက်နက်တစ်ခုဖြစ်ပေသည်၊၊

ထိုအချိန်တွင် လူတိုင်း၏ အမှောင်အမှတ်အသားများသည် အဆက်မပြတ် လင်းလက်နေပြီး ဦးတည်ချက်ပေါင်းစုံမှ တိုက်ခိုက်မှုများမှာလည်း မြင့်တက်လာသည်။

စစ်ပွဲကြီး စတင်လာလေပြီ။

ပေါက်ကွဲသံများနှင့် တိုက်ခိုက်သံများက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသော်လည်း လင်းရှန်သည် လမ်းကြောင်းဖန်တီးခြင်းအပေါ်မှာသာ အာရုံစိုက်ထားသည်။ သူသည် ရှေ့မှ ရှည်လျားသော သံလိုက်ချိတ်ဆက်ကိရိယာကို စိုက်ကြည့်ရင်း အာကာသပျော်ဝင်ခြင်းထဲမှ ပစ္စည်းများကို ထုတ်ယူကာ လမ်းကြောင်းနှင့် သတ္တုမြေပြင်များကို ခိုင်ခံ့အောင်ပြုလုပ်နေသည်။

ဤယာယီလမ်းကြောင်းမှာ မြေပြင်တွင် တိုင်များ စိုက်ရန် မလိုအပ်သော်လည်း တည်ငြိမ်မှု ရှိစေရန်အတွက် ကျယ်ပြန့်သော သတ္တုမြေပြင်ကို ခင်းရခြင်း ဖြစ်သည်။

လင်းရှန်က မြေပြင်လမ်းကြောင်းခင်းပြီး၍ အပေါ်သို့ တက်မည့် လမ်းကြောင်းကို ပြုလုပ်ရန် ပြင်ဆင်နေချိန်မှာပင် အမှောင်တောအုပ်ကြီးထဲတွင် ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။

“အဲဒါ မြွေကြီးပဲ’’

“အဲ့ကောင်ကို တားကြ’’

လင်းရှန်၏ စိတ်ထဲတွင် စိုးရိမ်စိတ်များဖြစ်ပေါ်လာသည်။ ယခုအခါ ရထားပေါ်ရှိ လက်နက်ကြီးများနှင့် အစွမ်းအထက်ဆုံး စွမ်းအားရှင်များမရှိကြသဖြင့် ထိုမြွေကြီးကို ရင်ဆိုင်ရန် နည်းလမ်းမရှိသလောက်ပင်။ သူသည် လူအိုကြီးမိုကို ချက်ချင်း လှမ်းခေါ်လိုက်သည်။

“လူအိုကြီးမို…. လမ်းကြောင်းကို ထိန်းထားပေးဦး”

“လာပြီ’’ လူအိုကြီးမိုက အော်ပြောရင်း ပြေးလာသည်။

အနောက်ဘက်တွင် လမ်းကြောင်းများကို စစ်ဆေးနေသော လူအိုကြီးမိုသည် လူတစ်ရာခန့်နှင့်အတူ ပြေးလာသည်။ လင်းရှန်က လမ်းကြောင်းနှင့် သံမဏိဘောင်များကို ဖန်တီးနေစဉ်မှာပင် သစ်ခြောက်ပင်ကြီး တစ်ပင်ပေါ်သို့ ခုန်တက်လိုက်ရာ သူ၏ ဝတ်စုံပေါ်ရှိ ရေဒါမှာ ဧရာမ သတ္တဝါတစ်ကောင်၏ တုံ့ပြန်မှုကို အဆက်မပြတ် ပြသနေသည်။

[ပစ်မှတ်ကို တွေ့ရှိပြီ၊၊ အနောက်ဘက် ၂၁.၅ ဒီဂရီ]

လင်းရှန်သည် ဆွဲငင်အားမှန်ဘီလူးကို အသုံးပြုရန် ချက်ချင်း ပြင်ဆင်လိုက်သည်။

တီ… တီ

စွမ်းအားဝတ်စုံ၏ စနစ်မှ သတိပေးချက်ထွက်ပေါ်လာသည်၊၊ လင်းရှန် ချက်ချင်း လှည့်ကြည့်လိုက်ရာ… အမှောင်မြူခိုးများထဲမှ တောင်များကိုပင် ဖြိုချနိုင်လောက်သော အရှိန်အဟုန်ဖြင့် တိုးဝင်လာသည့် ဧရာမမြွေကြီး၏ ပုံရိပ်ကို မြင်လိုက်ရသည်။

….

ဝှိုက်ဆီး မြစ်ဝှမ်း၏ အရှေ့ဘက်တွင် တည်ရှိသော လုလင်သည် ကြီးမားလှသည့် ဟန်တွမ့်တောင်တန်းကြီးကြောင့် မြောက်ဘက်နှင့် တောင်ဘက်ဟူ၍ ကွဲပြားနေသည်။ ဟိုင်ချူး၏ အလွန်တွင်မူ စိမ်းလန်းစိုပြည်သော လုလင်သစ်တောကြီး၏ ရှေးဦးသဘာဝအလှတရားများ ရှိနေ၏။

သို့သော် ကမ္ဘာပျက်ကပ်ကျရောက်ပြီးနောက်တွင်မူ ဤသစ်တောကြီးသည် အချိန်များပင် အေးခဲသွားသကဲ့သို့ အမှောင်ထုအတွင်း နစ်မြုပ်သွားခဲ့လေသည်။

သေလုဆဲဆဲ ဘီလူးကြီးများကဲ့သို့ လိမ်တွန့်နေသော သစ်ပင်ကြီးများ၏ အခေါက်များကြားမှ မည်းနက်စေးကပ်သည့် အစေးများ ထွက်နေသည်မှာ အနာဖေးများ တက်နေသကဲ့သို့ပင်။ အဆုံးမရှိသော သစ်တောကြီးသည် အဆုံးမဲ့ညအတွင်း ဖုံးလွှမ်းနေပြီး အပင်မှန်သမျှ သေဆုံးကုန်ကြပြီဖြစ်သည်။

အမှောင်ရိပ်တိုင်းတွင် အန္တရာယ်နှင့် ထူးဆန်းခြောက်ခြားဖွယ်ရာများ ကိန်းအောင်းနေလေသည်။

သေဆုံးနေသော သစ်ပင်အုပ်မိုးမှုများအထက်တွင် ရုတ်တရက် တရှဲရှဲမြည်သံနှင့်အတူ လေထုသည် တုန်ခါသွားသည်။

စက်ယန္တရားလည်ပတ်သံနှင့်အတူ ထွက်ပေါ်လာသော တောက်ပသည့် အလင်းတန်းတစ်ခုက သစ်တောအထက် ကောင်းကင်ကို ဖြတ်သန်းသွား၏။

၎င်းသည် အရှေ့ဘက်သို့ ဦးတည်ကာ တြိဂံပုံစံပျံသန်းနေသည့် လက်နက်တပ်ဆင်ထားသော သယ်ယူပို့ဆောင်ရေးသင်္ဘောသုံးစီးပင်ဖြစ်သည်။

ထို့နောက် နောက်ဆုံးမှ လိုက်ပါလာသော သင်္ဘောတစ်စီးပေါ်မှ ဒရုန်းအသေးစားလေးတစ်စီး ထွက်ပေါ်လာသည်။ ၎င်းသည် သာမန်ဒရုန်းမဟုတ်ဘဲ လူလိုက်ပါနိုင်သည့် အခန်းငယ်ပါရှိသော ပျံသန်းရေးကိရိယာတစ်ခုဖြစ်သည်။

ထိုဒရုန်း၏ အောက်ဘက်တွင် အထူးပြုလုပ်ထားသော သံလှောင်အိမ်တစ်ခုအတွင်း၌ လူတစ်ယောက်ကို ပိတ်လှောင်ထားသည်။ ထိုသူ၏ ခြေလက်များကို သံခြေကျင်းများ ခတ်ထားပြီး သံလှောင်အိမ်မှာ မမ်မီရုပ်အလောင်း ထည့်သည့် ခေါင်းတလားနှင့် ဆင်တူသော်လည်း ဦးခေါင်းနေရာတွင် မြင်နိုင်အောင် ဖောက်ထားသည်။ ထိုလူ၏ ဦးခေါင်းတွင် နှိပ်စက်ရာတွင် သုံးသည့် ကိရိယာနှင့်တူသော အရာတစ်ခုကို တပ်ဆင်ထားပြီး သူ၏ မျက်ခွံများကို အတင်းအဓမ္မဖြဲထားစေသည်။

All Chapters