← Chapters

အခန်း (၇၀၂-၇၀၃)

Vol. 42 Ch. 702-703

အခန်း (၇၀၂-၇၀၃)

Vol. 42 Ch. 702-703

Chapter 702

အမှောင်ထုထဲမှ ခမ်းနားကြီးကျယ်စွာ လွတ်မြောက်မှု ၆

ဝီး...

မိုနီကာသည် အထပ်မြင့်အဆောက်အဦးပေါ်မှ ခုန်ချကာ သူမ၏ အသံလှိုင်းဓားဖြင့် မွန်းစတားဒီရေလှိုင်းများကို ရှင်းထုတ်လိုက်သည်။ သူမ လှည့်ကြည့်လိုက်ရာ ကြီးမားသော ရထားကြီးတစ်စင်း ကောင်းကင်တွင် ပျံသန်းလာနေသည်၊၊ ထူးဆန်းစွာ ခန့်ညားလှပြီး ၎င်း၏ လိမ္မော်ရောင်ရှေ့မီးကြီးများက အမှောင်ထုကို ထိုးဖောက်ကာ ဘူတာရုံအဆောက်အဦးပေါ်မှ ဖြတ်၍ ရထားလမ်းဆီသို့ တည့်တည့်ပျံသန်းလာသည်။

ဤဘက်တွင် ယန္တရားလက်တံကဲ့သို့သော ချိတ်ဆက်ကိရိယာ ၁၂ ခုက ရထားဆင်းသက်မှုကို လက်ခံရန် အရှိန်လျော့ချပေးသော သံလိုက်စက်ကွင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဝှမ်းး... ဝှူး...

အလေးချိန်မဲ့နေသည့် ခံစားချက်ကြီးက တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။ လင်းရှန် အံကြိတ်ထားလိုက်သည်၊၊ ရထားတစ်စင်းလုံး၏ သံဘီးများ ရထားလမ်းပေါ်သို့ အရှိန်ဖြင့် ဆင်းသက်မိပြီး မြေပြင်သည် တုန်ခါသွားသည်။

ရထားလမ်းတစ်လျှောက် မီးပွင့်များ လွင့်စင်သွားပြီး စူးရှသော သတ္တုပွတ်တိုက်သံနှင့်အတူ အနန္တရထား၏ တွဲဆိုင်း ၂၀ ကျော်သည် ရထားလမ်းပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး နောက်ဘက်မှ ရထားတန်းများသည်လည်း အစဉ်လိုက် ဆင်းသက်လာကြသည်။

ထိုအချိန်တွင် လင်းရှန်သည် ထိန်းချုပ်မှုကို ဂရေ့စ်ထံ လွှဲပေးခဲ့ပြီးဖြစ်ကာ ရထားတံခါးကို ဖွင့်၍ အပြင်သို့ ခုန်ထွက်လိုက်သည်။ သူသည် ကျောပေါ်မှ လျှပ်စစ်သံလိုက်သေနတ်ကို ထုတ်ကာ အသက်ရှူချိန်ပင် မယူပဲ အဝေးရှိ မိလ္လာသန့်စင်စက်ရုံဆီသို့ ဦးတည်လိုက်သည်။

ကီကီသည် သူမ၏ စိတ်စွမ်းအားကို အသုံးပြုကာ သူ့ရှေ့မှ ဖြတ်၍ ပျံသွားသည်။ လင်းရှန်၏ အရေးကြီးသောလှုပ်ရှားမှုကို မြင်လိုက်ရသဖြင့် သူမသည် မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။

“လင်းရှန်… ကျွန်မအတွက် အသက်ရှင်ရက်ပြန်လာခဲ့နော်”

ဒိုင်း...

ငွေကျည်ဆံသည် အရှိန်ပြင်းစွာ ထွက်ပေါ်သွားပြီး လင်းရှန်သည် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

“လူတိုင်းကို ရထားပေါ် တက်ခိုင်းလိုက်...”

လင်းရှန်၏ အသံက စက္ကန့်ပိုင်းမျှ နောက်ကျပြီး ထွက်ပေါ်လာသည်။

ထိုအခိုက်တွင် ကီကီသည် မိုနီကာ၊ ချီလီနှင့် နန်ကျင်းအပါအဝင် အဖွဲ့ဝင်အားလုံးကို စိတ်စွမ်းအားဖြင့် ဆွဲယူကာ အနန္တရထားပေါ်သို့ တိုက်ရိုက်တင်ပေးလိုက်သည်။ ရထားလမ်းပေါ် ဆင်းသက်ပြီးနောက် ပေါင်းစည်းယာဥ်တန်းတစ်ခုလုံးသည် ရပ်တန့်မသွားဘဲ အရှိန်ပြန်မြှင့်ကာ မြို့ပြင်ဘက်သို့ အရှိန်ပြင်းစွာ ထွက်ခွာသွားသည်။

အနောက်ဘက်ခရီးသည်တင်ဘူတာအောက်မှ မွန်းစတားဒီရေလှိုင်းကြီးသည် တိုးဝှေ့တက်လာပြီး အဆောက်အဦးအပေါ်သို့ ရေကြီးသကဲ့သို့ လွှမ်းမိုးသွားသည်။ ဧရာမ မြေတီကောင်ကြီးများသည် အဆောက်အဦးကို ရစ်ပတ်ကာ ရထားဆီသို့ အရူးအမူး ခုန်အုပ်နေကြသည်။ ကြီးမားသော လူသားပုံစံသတ္တဝါကြီးတစ်ကောင်သည် နာရီစင်ကို ရိုက်ချလိုက်ပြီး မြေပြင်ပေါ်သို့ မရောက်သေးသော ပေါင်းစည်းယာဥ်တန်း၏ တွဲဆိုင်းများကို ဖမ်းဆွဲရန် ရထားဘူတာရင်ပြင်သို့ ချဉ်းကပ်လာသည်။

ဆွဲငင်အားကိရိယာများ ပြိုလဲသွားပြီး တွဲဆိုင်းအစိတ်ခန့် ပြုတ်ကျလာကာ ရထားဘူတာ နောက်ဘက်ရှိ သံမဏိမျက်နှာကျက်ထဲ တိုက်ရိုက်တိုးဝင်သွားပြီး မီးလောင်မှုများဖြစ်ပွားကာ တစ်လွှာချင်း ပြုတ်ထွက်ကုန်သည်။

ကံကောင်းသည်မှာ ရထားတွဲတစ်ခုစီကြားတွင် ကြိုတင်တပ်ဆင်ထားသော လုံခြုံရေးကိရိယာများကြောင့် တိမ်းမှောက်မသွားခြင်းပင် ဖြစ်သည်။ ရှေ့ဘက်မှ ကြီးမားလှသော ဆွဲအားကြောင့် လမ်းချော်သွားသော ထိုတွဲဆိုင်းများသည် အဖွဲ့သားများ၏ အော်ဟစ်သံများကြားမှ ရထားလမ်းပေါ်သို့ ပြန်လည်ရောက်ရှိသွားသည်။

ဒီရေကျချိန်မှ မိနစ် ၄၀ ပင် ကုန်လွန်သွားခဲ့ပြီ။

မိနစ် ၂၀ သာ ကျန်တော့သည်။

ထိုအခိုက်တွင် အနောက်တောင်ကုန်း ဘန်ကာမှ အခြေစိုက်ယာဥ် ဒါဇင်ပေါင်းများစွာနှင့် ဟုလုရှို့တို့ကဲ့သို့ အသက်ရှင်ကျန်ရစ်သူယာဥ်တန်းများမှ ယာဥ်အစီးပေါင်း ရာချီတို့သည် တောအုပ်အတွင်းမှ ထွက်ပေါ်လာပြီး တောင်ကြားလမ်းရှိ မြေပြန့်စုရပ်ဆီသို့ မြို့ပတ်လမ်းအတိုင်း ဦးတည်နေကြသည်။ ဤကြီးမားလှသော သံမဏိယာဥ်တန်းကြီးသည် အမှောင်ကောင်းကင်အောက်တွင် ဖုန်လုံးကြီးများကို တထောင်းထောင်းထစေသည်။

အရှေ့ဘက်တွင် တိတ်ဆိတ်မြို့တော်သည် အမှောင်ထုထဲ၌ ဝေဟင်တွင် လွင့်မျောနေသော မြို့ကြီးတစ်မြို့ကဲ့သို့ ရှိနေသည်။ တွန်းတင်အင်ဂျင်အောက်တွင် ဧရာမ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကြီးများသည် မြေပြင်ကို တုန်ဟည်းစေလျက် စုရပ်ဆီသို့ ပြင်းထန်သောအားဖြင့် ဦးတည်နေသည်။

သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်တွင် ရှင်းဂျီသည် ရွှန်း၊ တိုင်ရီလန်၊ ရူဂျိ၊ ရှီဇီနှင့် အခြားတိတ်ဆိတ်မြို့တော်၏ အဓိကအဖွဲ့ဝင်များနှင့်အတူ ဟိုလိုဂရမ်မြေပုံပေါ်ရှိ လမ်းကြောင်းသုံးခု၏ တိုးတက်မှုကို လေးနက်စွာ ကြည့်ရှုနေသည်။

တစ်ချိန်တည်းမှာပင် ရေဒါအချက်ပေးသံများက အဆက်မပြတ် မြည်ဟည်းနေသည်။ ရှင်းဂျီဘေးတွင် ရပ်နေသော ရွှန်းသည် ပြတင်းပေါက်မှတစ်ဆင့် တိမ်တိုက်များကြားတွင် ပေါ်လာသော ကြီးမားလှသည့် အရိပ်ကြီးကို ကြည့်ကာ ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။

“နောက်ဆုံးတော့ ရောက်လာပြီပေါ့...”

“တွင်းနက်သားရဲကြီး”

“ရွှန်း”

ရှင်းဂျီက လက်ပိုက်ထားဆဲဖြစ်ပြီး တည်ငြိမ်သော လေသံဖြင့် ခေါ်လိုက်သည်။

ရွှန်းက ခေါင်းညိတ်လိုက်သည်၊၊

“နားလည်ပြီ… ခဏနေရင် ရူဂျိနဲ့ ကျနော် စောင့်ကြည့်မယ်၊၊ ရှီဇီက လင်းကို ကူညီလိမ့်မယ်”

ရှင်းဂျီ၏ အကြည့်က အနည်းငယ် ထက်ရှသွားသည်။

“သူ့ကို မသေစေနဲ့… ဒီလူရဲ့ ရူးသွပ်မှုက အမှောင်ထုကိုတောင် ကျော်လွန်သွားနိုင်တယ်”

နောက်ဘက်ရှိ လူအနည်းငယ်သည် ထိုစကားကို ကြားသောအခါ အမူအရာများ ပြောင်းလဲသွားကြသည်၊၊

ရွှန်းက ကောင်းကင်ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။

“နားလည်ပါပြီ”

မြေမျက်နှာပြင်တစ်ခုလုံး တုန်ခါနေသည်။

အဖြူရောင်မြို့၊ အမှောင်တောအုပ်၊ တောင်ကြားလမ်း—အရပ်မျက်နှာသုံးခုစလုံးမှ လူများကြောင့် ဆွဲဆောင်ခံရသော ထိတ်လန့်ဖွယ် မွန်းစတားဒီရေလှိုင်းသည် တောင်ကြားလမ်း အနောက်ဘက်ရှိ မြေပြန့်ကို နေရာလွတ်မရှိအောင် ဝိုင်းရံထားလိုက်ပြီ ဖြစ်ရာ အသက်လုတိုက်ပွဲတစ်ခုကို ဆင်နွှဲရန်သာ ကျန်တော့သည်။

ပေါင်းစည်းယာဥ်တန်း၊ သံမဏိယာဥ်တန်းကြီးနှင့် တိတ်ဆိတ်မြို့တော်တို့သည် အရပ်မျက်နှာသုံးခုမှ ဖုန်လုံးကြီးများထကာ အင်ဂျင်သံများဆူညံနေပြီး ဆုံရပ်ဆီသို ထိုးဖောက်ဝင်ရောက်လာနေပြီ။

တွန်းကန်အားပေးကိရိယာများစွာက ဤကြီးမားလှသော မြို့ကြီးကို အရှိန်မြှင့်ရန် ကူညီပေးနေပြီး ပုံပျက်နေသော ကောင်းကင်နှင့် မုန်တိုင်းများကို ဖောက်ထွက်ကာ ရှေ့သို့ တိုးဝင်နေသည်။

အနန္တရထား၏ တွဲအမှတ် ၃ တွင် တင်းကျန်းရီသည် ဆင်းသက်စဉ်က ထိခိုက်ထားသဖြင့် သွေးထွက်နေသော လက်မောင်းကို ဆုပ်ကိုင်ထားသည်၊၊ သူမသည် နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ ရှေ့ရှိ ငွေနဂါးဆယ်ဆပန်းကိုသာ စိုက်ကြည့်နေသည်။ သူမ၏ စွမ်းအားကို အထွတ်အထိပ်သို့ ရောက်အောင် တွန်းပို့ထားပြီး လင်းရှန်၏ နောက်ဆုံးအမိန့်ကို စောင့်ဆိုင်းနေသည်။

အဖြူရောင်မြို့၊ မိလ္လာသန့်စင်စက်ရုံ။

လင်းရှန်သည် ချန်ဆီရွှမ် ယခင်ရှိခဲ့ဖူးသော အထပ်မြင့်အဆောက်အဦး၏ ခေါင်မိုးပေါ်တွင် ရပ်လျက် အဝေးတွင် မျောလွင့်လာနေသော ထိတ်လန့်ဖွယ် ဧရာမရုပ်ထုပုံရိပ်ကြီးကို ကြည့်နေသည်။ ၎င်းက သူ့ဘက် မလှည့်လာမီ အမှောင်ရိပ်ထဲသို့ တိတ်တဆိတ် လျောဆင်းသွားသည်။

သူသည် နံရံထောင့်ကို မှီထားပြီး လက်တစ်ဖက်ဖြင့် ငွေကျည်ဆန်၏ နောက်တစ်ကြိမ်ပစ်ရန် စောင့်ရမည့်အချိန်ကို ကြည့်ကာ ကျည်လမ်းကြောင်းများကို တွက်ချက်နေသည်။

ထိုအခိုက်အတန့်တွင်

ကမ္ဘာပေါ်၌ သူတစ်ယောက်တည်းသာ ရှိတော့သကဲ့သို့ပင်။

ဆုံရပ်သို့ ရောက်ရန် ၅ မိနစ်သာ လိုတော့သဖြင့် သူ၏ အမှောင်အမှတ်အသားသည် သန္ဓေပြောင်းသတ္တဝါများစွာ၏ အာရုံစိုက်မှုကို ခံနေရပြီ ဖြစ်သည်။ ကြမ်းပြင်အောက်တွင် တွားသွားသံများကို ကြားနေရပြီး လမ်းမများ၏ အရပ်မျက်နှာအနှံ့မှ ထူးဆန်းသော တီးတိုးသံများမှာလည်း တဖြည်းဖြည်း ကျယ်လောင်လာသည်၊၊

ငွေကျည်ဆန်၏ စွမ်းအားသုံးစွဲမှုက ခန့်မှန်းထားသည်ထက် ပိုများသဖြင့် လင်းရှန်သည် ယခုအခါ အားကုန်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။ အမှောင်ထု၏ ကျူးကျော်မှုများက သူ၏ စိတ်ကို အဆက်မပြတ် တိုက်ခိုက်နေပြီး နားထဲတွင် ပေါက်ကွဲထွက်မတတ် အသံများကို ချဲ့ထွင်ပေးနေသည်။

မိုးခြိမ်းသံများနှင့်အတူ ကောင်းကင်တွင် လျှပ်စီးများလက်သွားသည်။ ထိုခဏတာ လင်းထိန်သွားသည့် အခိုက်အတန့်တွင် လင်းရှန်၏ မျက်ဆံများ ရုတ်တရက် ကျုံ့သွားသည်။

သူသည် ယနေ့တွင် ထိတ်လန့်ဖွယ်အကောင်းဆုံး မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည်၊၊ ကောင်းကင်နှင့် မြေကြီးအကြားတွင် ခေါင်းနှင့် အမြီးကို မမြင်ရသော ကောင်းကင်ကို ဖုံးလွှမ်းနေသော မြွေကြီးတစ်ကောင်။

၎င်း၏ တောင်တစ်လုံးကဲ့သို့ ကြီးမားသော မြွေကိုယ်ကြီးမှာ မြေပြင်နှင့် ကောင်းကင်အကြား တရွေ့ရွေ့ လိမ်ယှက်နေသည်။

၎င်းမှာ အဖြူရောင်မြို့ တစ်မြို့လုံးကဲ့သို့ပင်...

မဟုတ်သေးပေ… တွင်းနက် အမှတ် ၅ တစ်ခုလုံးမှာ ၎င်း၏ ခန္ဓာကိုယ်ဖြစ်နေသကဲ့သို့ပင်။

တွင်းနက်အုပ်စိုးသူ၊၊

“ဖာ့ခ်...သေစမ်း”

ဤအခြင်းအရာကို မြင်သောအခါ လင်းရှန်၏ အမူအရာမှာ လုံးဝ တောင့်တင်းသွားသည်၊၊ သူသည် ကြောက်ရွံ့မှုကြောင့် ဘာမှမပြောနိုင်တော့ပဲ ရယ်ချင်စိတ်ပင် ပေါက်လာမိသည်။

ကျိန်ဆဲပြီးနောက် သူသည် ဤအရာက ထင်သလောက် မကြောက်စရာကောင်းဟု ခံစားလိုက်ရသည်။

“နေဦး၊၊ နောက်ထပ် မိနစ်အနည်းငယ်လောက်တော့ အသက်ရှင်နေဦးရမယ်...”

လင်းရှန်သည် အသက်ကို ပြင်းပြင်းရှူလိုက်သည်၊၊ သူ၏ နှုတ်ခမ်းများက ဖြူလျော်နေသည်၊၊ သူသည် ပတ်ဝန်းကျင်ရှိ သန္ဓေပြောင်းသတ္တဝါများ၏ အသံများကို နားထောင်နေပြီး သူ၏ မျက်လုံးထဲတွင် ရထားပေါ်ရှိ အဖွဲ့သားများ၏ မျက်နှာများကို မြင်ယောင်နေမိသည်။

ချန်ဆီရွှမ်၊ ကီကီ၊ လုရှင်းချန်၊ တာလို့၊ ရှားရှား၊ ရှုချင်း၊ လုချန်၊ မြောင်လု၊ ရှောင်ယွမ်နှင့် အသစ်ရောက်လာသူများဖြစ်ကြသော လော့ယန်၊ လီကွမ်းဝမ်၊ အာမင်၊ လိုလို၊ လူအိုကြီးမို၊ စွန်းယုကျန်း၊ လီယီ၊ လျန်လေး...

ပြင်းထန်လှသော အမှောင်ထု၏ အေးစက်မှုက သူ၏ နှလုံးသားထဲမှ ခိုင်မာသော မီးတောက်ကို ငြှိမ်းသတ်ရန် ကြိုးစားနေသော်လည်း သူ လက်မလျှော့နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် အဖြူရောင်မြို့၏ အရှေ့ဘက် မိုင်ပေါင်းများစွာအဝေးရှိ မြေပြန့်ပေါ်တွင် အမှောင်ထုကြားမှ...

ကြီးကျယ်ခမ်းနားသောလွတ်မြောက်ခြင်းက ဆက်လက်ဖြစ်ပေါ်နေသောကြောင့် ဖြစ်သည်။

Chapter 703

တွင်းနက်ကို ဖြတ်ကျော်ခြင်း ၁

ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့် ကြောက်ရွံ့မှုတို့သည် လင်းရှန်၏ စိတ်ထဲတွင် တိုက်ပွဲဖြစ်ပွားနေကြသည်၊၊ လင်းရှန်သည် သတိမလွတ်စေရန် အတင်းအကျပ် ထိန်းချုပ်ရင်း စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေရသည်၊၊ ပတ်ဝန်းကျင် အမှောင်ထုထဲမှ ထွက်ပေါ်လာသော ထူးဆန်းသည့် အသံများသည် အဝေးတစ်နေရာမှလာသလို ရှေ့တည့်တည့်မှ ထွက်ပေါ်နေသလို ခံစားနေရသည်၊၊ မိုးခြိမ်းသံများ၊ ဟိန်းဟောက်သံများနှင့် ရုန်းရင်းဆန်ခတ်အသံများသည် ကမ္ဘာပျက်ကပ်ဆိုက်ရောက်လာသည့်နှယ် ရှိနေသည်၊၊ သို့သော် ထိုအချိန်တွင် လင်းရှန်၏ နားထဲ၌မူ သူ၏ နှလုံးခုန်သံနှင့် စွမ်းအားဝတ်စုံ မျက်နှာဖုံးအတွင်းမှ အသက်ရှူသံကိုသာ အာကာသဝတ်စုံဝတ်ထားသည့်အလား ရှင်းလင်းစွာ ကြားနေရသည်၊၊

ဟူး...

ဟူး...

ဟိုလိုဂရမ်စနစ်မြင်ကွင်းပေါ်တွင် ဇီဝအချက်ပြများ တလက်လက်ပေါ်လာပြီး အခြေအနေအာရုံခံစနစ်က သတိပေးချက်များ ထုတ်ပြန်နေသည်၊၊ ရေဒါမျက်နှာပြင်တစ်ခုလုံးတွင်လည်း သွေးကဲ့သို့ နီရဲနေသည့် အစက်များဖြင့် ပြည့်နှက်နေသည်၊၊ တိုက်ပွဲဝင်စွမ်းအားဝတ်စုံ၏ လက်နက်စနစ်တွင် လက်ဖဝါးအမြောက်နှင့် လျှပ်စစ်လေဆာသာကျန်ရှိတော့သည်၊၊ လင်းရှန်သည် အခြားလက်နက်များ သို့မဟုတ် ဒရုန်းများကို ယူမလာခဲ့ပေ၊၊ သူသည် အဆောက်အဦး ခေါင်မိုးထောင့်ရှိ အမှောင်ရိပ်ထဲတွင် တစ်ကိုယ်တည်း ဖုံးကွယ်နေပြီး လက်ထဲမှ လျှပ်စစ်သံလိုက်သေနတ်တစ်လက်သာ လင်းလက်နေသည်၊၊

သို့သော် ထိုသန္ဓေပြောင်းအမှောင်သတ္တဝါများ၏ မျက်စိထဲတွင်မူ ညအမှောင်ထဲ၌ အပူချိန်မြင့်မားသည့် အရင်းအမြစ်တစ်ခုကဲ့သို့ ဖြစ်နေသည့် လင်းရှန်သည် အရပ်မျက်နှာအနှံ့မှ မွန်းစတားများကို အဆက်မပြတ်ဆွဲဆောင်မိနေသဖြင့် ပုန်းကွယ်နေရန် မဖြစ်နိုင်တော့ပေ၊၊

“ပစ်မှတ်ကို ရောက်ဖို့ ၅ ကီလိုမီတာပဲ လိုတော့တယ်’’

“မြန်မြန်… မီးတောက်ရဲ့ ဒဏ်ရာတွေကို ကုပေးကြ’’

“လင်းရှန် လင်းရှန်… ကျွန်မပြောတာ ကြားရလား’’

“ကပ္ပတိန်လင်း”

“အစ်ကိုလင်း… ကျွန်တော်တို့ ခင်ဗျားကို စောင့်နေတယ်’’

“ဘန်ကာယာဉ်တန်း ရောက်ခါနီးပြီ’’

“ဟိုဘက်ကိုကြည့်လိုက်စမ်း… တိတ်ဆိတ်မြို့တော်ရဲ့ နောက်က အဲ့ဒါဘာကြီးလဲ’’

“ဒါ S-Class အဆင့် မွန်းစတားဖြစ်ရမယ်၊၊ နံပါတ် ၅ တွင်းနက်က S-Class အဆင့်တွေ အကုန်လုံး ဒီကို ရောက်နေကြတာလား’’

ရင်းနှီးသောအသံများ ဆက်သွယ်ရေးလှိုင်းထဲတွင် ပဲ့တင်ထပ်နေသော်လည်း လင်းရှန် ပြန်မဖြေခဲ့ပေ၊၊ ထိုအစား သူသည် ဆုံရပ်သို့ ရောက်ရှိမည့် တိုးတက်မှုအခြေအနေကို စိုက်ကြည့်ရင်း ခြင်္သေ့ငါးရုပ်တုလှည့်လာမည့် အချိန်ကိုသာ ရေတွက်နေသည်၊၊

ဂျွတ်၊ ဂျွတ်၊ ဂျွတ်၊၊

ခေါင်မိုးသည် ချွန်ထက်သော လက်သည်းများဖြင့် ဆွဲဖြဲခံနေရသည်၊၊ ဧရာမ သတ္တဝါကြီးတစ်ကောင်သည် အပြင်ဘက် နံရံအတိုင်း ဖြည်းညှင်းစွာ တက်လာပြီး ညအမှောင်ထဲတွင် ကြောက်မက်ဖွယ်ပုံရိပ်ကြီး ပေါ်လာသည်၊၊

နောက်ဆုံးမိနစ်တွင် အဖွဲ့သုံးဖွဲ့စလုံး သတ်မှတ်ထားသည့် မြေပြန့်ထဲသို့ ဝင်ရောက်လာကြသည်၊၊ ယာဉ်တန်းနှစ်ခုက အရှိန်လျှော့လိုက်ပြီး ပေါင်းစည်းရထားက ဘရိတ်အုပ်လိုက်သည်၊၊ ကောင်းကင်ကို ဖုံးလွှမ်းထားသကဲ့သို့ရှိနေသော တိတ်ဆိတ်မြို့တော်သည် ပြင်းထန်သော လှိုင်းလုံးကြီးများကို ထွက်ပေါ်လာစေပြီး ရုတ်တရက် ရပ်တန့်သွားသည်၊၊

အချိန်ကျပြီ၊၊

လင်းရှန်သည် ပတ်ဝန်းကျင်ရှိ အချိန်များ နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရသည်၊၊ သူသည် အသက်ကို အောင့်ထားပြီး အပေါ်ရှိ ခြင်္သေ့ငါးရုပ်တုကြီး သူ့ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာသည်ကို စောင့်ကြည့်နေသည်၊၊ ထို့နောက် သူသည် လက်ထဲတွင် တောက်ပနေသည့် လျှပ်စစ်သံလိုက်သေနတ်နှင့်အတူ အမှောင်ရိပ်ထဲမှ လိမ့်ထွက်လာပြီး အပေါ်သို့ ခုန်တက်လိုက်သည်၊၊ Black Hawk စွမ်းအားဝတ်စုံ၏ တွန်းကန်ဂျက်အားလုံးသည် ပြင်းထန်သော တွန်းအားများဖြင့် ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်သော ထူးဆန်းသည့် သတ္တဝါများ၏ ကုတ်ဆွဲလာသောလက်သည်းများ၊ လှမ်းကိုက်လိုက်သော အစွယ်ဖွေးဖွေးပါးစပ်များကြားမှ အချိန်ကိုက် လေထဲသို့ ပျံတက်သွားကာ ဆုံရပ်ရှိရာသို့ တိကျစွာ ချိန်ရွယ်ပစ်ခတ်လိုက်လိုက်သည်၊၊

ဘစ်ဇ် ဒိုင်း

လျှပ်စစ်သံလိုက်သေနတ်ပေါ်တွင် အပြာရောင် အလင်းတန်းများ ဆက်တိုက်လင်းလက်သွားပြီး စွမ်းအားမြင့်အလျင်တစ်ခုထွက်ပေါ်လာသည်၊၊ ငွေကျည်ဆန်သည် ကြီးမားသော အရွေ့စွမ်းအင်ကို သယ်ဆောင်ပြီး အရှေ့ဘက်သို့ လျှပ်တစ်ပြက်အတွင်း ပေါက်ကွဲပြေးထွက်သွားသည်၊၊

ထိုအချိန်တွင် လင်းရှန်သည် လေထဲ၌ ခေါင်းကို နောက်သို့လှည့်ကာ လည်ပတ်နေသော ခြင်္သေ့ငါးရုပ်တုကြီးကို ပြတ်သားစွာ စိုက်ကြည့်လိုက်သည်၊၊

ထိုခဏတွင် ယခင်က ခန့်ညားထည်ဝါခဲ့သော ခြင်္သေ့မျက်နှာသည် ယခုအခါ မယုံနိုင်လောက်အောင် ထူးဆန်းခြောက်ခြားဖွယ်အော်ရာများထွက်ပေါ်နေသည်ကို လင်းရှန် သေချာမြင်လိုက်ရသည်၊၊ စွမ်းအားဝတ်စုံ၏ စနစ်သည် လင်းလက်သွားပြီးနောက် တစ်ဖန် ပြန်လည် ထစ်ငေါ့သွားသည်၊၊ မျက်နှာဖုံး၏ အရေးပေါ်စနစ်သည် အလိုအလျောက်ပွင့်လာပြီး လင်းရှန်သည် ခြင်္သေ့မျက်နှာ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်၊၊

၎င်းတွင် မျက်လုံးများ မရှိပေ၊၊

မျက်လုံးအိမ်ရှိရမည့် နေရာတွင် နက်မှောင်သော ဝဲဂယက်နှစ်ခုသာရှိနေပြီး အခြားကမ္ဘာတစ်ခုသို့ ဦးတည်နေသော လေဟာနယ်အက်ကြောင်းများကဲ့သို့ အဆုံးအစမရှိပေ၊၊ လင်းရှန်၏ မျက်ကြည်လွှာပေါ်တွင် ထိုအနက်ရောင် အပေါက်များက အရိပ်ထင်နေပြီး ထိုအပေါက်များထဲမှ တစ်စုံတစ်ခုက သူ့ကို ပြန်ကြည့်နေသည်၊၊

[စနစ် ပြန်လည်စတင်မှု အောင်မြင်ပါသည်]

[ပိုင်းလော့၏ ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းကို တွေ့ရှိရသည်]

[နှလုံးခုန်နှုန်း ၁၆၀]

သူ့ရှေ့တွင် အလင်းမျက်နှာပြင်များ လက်ခနဲ ပေါ်လာပြီး စနစ်သည် ပြန်လည်စတင်မှု ပြီးဆုံးသွားကာ အချက်ပြဘားတန်းတက်လာသည်၊၊ လှုပ်ရှားမှု၊ ကာကွယ်ရေး၊ ရေဒါ၊ ပတ်ဝန်းကျင်အခြေအနေအာရုံခံခြင်းနှင့် အသက်ကယ်အထောက်အကူပြုစနစ်များ… စသည့် စနစ်ခွဲအသီးသီးသည် စနစ်မြင်ကွင်းပေါ်တွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်၊၊

သို့သော် လင်းရှန်သည် ၎င်းတို့ကို မမြင်နိုင်တော့ပေ၊၊

လင်းရှန်၏ မျက်လုံးများထဲမှ သွေးကြောများက ရုတ်တရက် နီရဲသွားပြီး မြင်ကွင်းများ ဝေဝါးလာကာ ခြင်္သေ့ငါးရုပ်တု၏ ပုံသဏ္ဍာန်သည် တွန့်လိမ်သွားသည်၊၊ ကျောက်သားမျက်နှာပြင်သည် ပုပ်သိုးနေသော အသားများကဲ့သို့ ကွာကျလာပြီး အတွင်းရှိ တွန့်လိမ်နေသော အနက်ရောင် သွေးကြောများကို ဖော်ပြနေသည်၊၊ ၎င်း၏ ပါးစပ်သည် ဖြည်းဖြည်းချင်း ပွင့်လာပြီး လူသားများ နားမလည်နိုင်သော အသံမဲ့အော်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်၊၊ သူ၏ နားစည်များမှာ မည်သည့်ဒဏ်ရာမှ မရသော်လည်း ထိုအသံသည် သံချေးတက်နေသော အပ်ပေါင်းတစ်ထောင်ဖြင့် အာရုံကြောများကို မွှေနှောက်နေသကဲ့သို့ ဦးနှောက်အတွင်း တိုက်ရိုက်ပေါက်ကွဲထွက်သွားသည်၊၊

[နှလုံးခုန်နှုန်း ၁၈၀]

[ခန္ဓာကိုယ်အပူချိန်ကျဆင်းမှု သတိပေးချက်၊ ခန္ဓာကိုယ်အပူချိန်ကျဆင်းမှု သတိပေးချက်]

စွမ်းအားဝတ်စုံ၏ အချက်ပေးစနစ်သည် အဆက်မပြတ် လင်းလက်နေသည်၊၊

တစ်ခဏအတွင်း လင်းရှန်လည်း သူ၏ ခန္ဓာကိုယ်သည် အခြားဒိုင်မေးရှင်းတစ်ခုတွင် ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရပြီး လည်ချောင်းထဲတွင် အနက်ရောင်အရည်များပြည့်လျှံလာသကဲ့သို့ ခံစားရသည်၊၊ သူ၏ မြင်ကွင်းကို သွေးကြောများက ဖုံးလွှမ်းသွားပြီး သူ၏ မျက်စိထဲရှိ ခြင်္သေ့ငါးရုပ်တုကြီး၏ ပုံရိပ်သည် အတိုင်းအဆမရှိ ကြီးမားလာသည်၊၊ ၎င်းသည် ရုပ်တုတစ်ခုမဟုတ်တော့ဘဲ အသက်ရှူတိုင်း ညစ်ညမ်းသောမြူများကို ထုတ်လွှတ်နေသော ပုပ်သိုးနေသည့် အသားတောင်ကြီးတစ်ခုဖြစ်နေသည်၊၊

[နှလုံးခုန်နှုန်း ၂၀၀]

[လှိုင်းနှုန်း စုစည်းမှု ဆက်သွယ်ရေး ပြတ်တောက်တော့မည်]

လင်းရှန်သည် ကျန်ရှိနေသေးသော အသိစိတ်ကို ထိန်းထားလိုသော်လည်း ထိုဧရာမ ရုပ်တုကြီး၏ ကြောက်မက်ဖွယ်စွမ်းအားနှင့် သူခန္ဓာကိုယ်၏ စွမ်းအင်အလွန်အကျွံကုန်ဆုံးသွားမှုကို လျှော့တွက်မိခဲ့သည်၊၊ ထိုခဏတွင် သူ့အမြင်အာရုံများ မှောင်ကျပြီး သတိလစ်သွားကာ မျက်လုံးထဲရှိ သွေးရောင်များသည် ဖြည်းဖြည်းချင်း ပြာနှမ်းနှမ်းအရောင်သို့ ပြောင်းလဲသွားသည်၊၊

“ငါ သေတော့မှာလား’’

လင်းရှန်သည် အေးစိမ့်သော သေခြင်းတရားအငွေ့အသက်များ သူဆီသို့ တိုးကပ်လာသည်ကို ခံစားလိုက်ရသည်၊၊

သို့သော် ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ ယန္တရားအသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်သွားသည်၊၊

ဝူး...

ထိုအသံသည် အလွန်ပင် ရင်းနှီးနေသည်၊၊ ၎င်းမှာ...

ယန္တရားနှလုံးသား လည်ပတ်နေခြင်းပင် ဖြစ်သည်၊၊

ဘုန်း... သတ္တဝါဆိုးကြီးများ၏ အလယ်သို့ ပြုတ်ကျသွားစဉ် လင်းရှန်၏ ခန္ဓာကိုယ်သည် အားနည်းသော လျှပ်စစ်စီးဆင်းမှုတစ်ခုနှင့်အတူ ရုတ်တရက် တုန်ခါသွားသည်၊၊ သူ၏ ယန္တရားနှလုံးသားသည် အရေးကြီးသော အချိန်တွင် အလိုအလျောက် ပေါက်ကွဲထွက်လာပြီး ဤလျှပ်စစ်စီးဆင်းမှုသည် နှလုံးခုန်နှုန်း ပြန်လည်နှိုးဆွသည့် စက်ကဲ့သို့ လင်းရှန်၏ စိတ်ကို ချက်ချင်း လှုပ်နှိုပေးကာ ကြည်လင်သော အသိစိတ်ကို ရရှိစေသည်၊၊

ဂါး...ဂယား

မရေမတွက်နိုင်သော အမှောင်သတ္တဝါများ၏ လက်သည်းများနှင့် ပါးစပ်ကြီးများက သူ့ကို ဝါးမျိုတော့မည့်ဆဲဆဲတွင်… ဆွစ်...

ခဏချင်းတွင် လင်းရှန်သည် သတ္တဝါဆိုးကြီးများ၏ လက်တွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့ပတ်ဝန်းကျင်တွင် ဖုန်မှုန့်များ ထသွားသည်၊၊

နောက်တစ်စက္ကန့်တွင်မူ အရှိန်ပြင်းသော လေစီးကြောင်းအသံသည် သူ၏ နားထဲသို့ ရောက်ရှိလာသည်၊၊ လင်းရှန် မျက်လုံးဖွင့်လိုက်သည့်အခါ ပထမဆုံး မြင်လိုက်ရသည်က ရှာဖွေရေးမီးရာပေါင်းများစွာဖြင့် လင်းထိန်နေသော တိတ်ဆိတ်မြို့တော်၏ ကြီးမားသော ဦးပိုင်းကြီးပင် ဖြစ်သည်၊၊

ထိုအချိန်တွင် မိလ္လာသန့်စင်စက်ရုံ အထက်တွင် ပျံဝဲနေသော ခြင်္သေ့ငါးရုပ်တုကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် ထိုပြင်းထန်သော ကြောက်ရွံ့မှုစွမ်းအား၏ ဖိနှိပ်ခြင်းကို ခံနေရဆဲဖြစ်သော လင်းရှန်နှင့်အတူ ထပ်ကြပ်မကွာ ပျောက်ကွယ်သွားသည်၊၊

All Chapters