← Chapters

အခန်း (၇၀၄-၇၀၅)

Vol. 42 Ch. 704-705

အခန်း (၇၀၄-၇၀၅)

Vol. 42 Ch. 704-705

Chapter 704

တွင်းနက်ကို ဖြတ်ကျော်ခြင်း ၂

ဤအချိန်တွင် သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်မှ ရှင်းဂျီနှင့် အနန္တရထားပေါ်မှ ကီကီတို့သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်၊၊

“လင်းရှန်’’

ကီကီသည် အော်ဟစ်ရင်း အရှိန်ပြင်းစွာ ပြေးထွက်သွားသည်၊၊

တစ်ချိန်တည်းမှာပင် သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်မှ ရွှန်းနှင့် ရူဂျိတို့လည်း ယာဉ်ပေါ်မှ ပျံထွက်လာကြသည်၊၊

“ဒါရိုက်တာတင်း’’

လေထဲတွင် ပျံသန်းနေစဉ် လင်းရှန်၏ ယန္တရားနှလုံးသားသည် အပြင်းအထန် ဟိန်းဟောက်နေပြီး အဆုံးမဲ့ကြောက်ရွံ့မှုများကို ဆင်ခြင်တုံတရားဖြင့် အတင်းအကျပ်ဖိနှိပ်ထားရာ သူ၏ ခံစားချက်များပင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်၊၊ ချက်ချင်း တည်နေရာရွှေ့ပြောင်းလာသော ဧရာမ ရုပ်တုကြီးကို မြင်လိုက်ရသဖြင့် သူသည် ဆက်သွယ်ရေးစက်မှတစ်ဆင့် တင်းကျန်းရီကို ချက်ချင်း လှမ်းအော်ပြောလိုက်သည်၊၊

“ရပြီ’’

တွဲအမှတ် ၃ တွင် တင်းကျန်းရီသည် သူ၏ စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်ပြီး ငွေနဂါးဆယ်ဆပန်းဆီသို့ အစိမ်းရောင်စွမ်းအင်လှိုင်းလုံးတစ်ခုကို အတင်းအကျပ် ထည့်သွင်းလိုက်သည်၊၊

ဖောက်...

ထူးဆန်းသော စွမ်းအားအချို့ ပါဝင်ပုံရသည့် အဖြူရောင်-ခရမ်းရောင် အဖူးလေးတစ်ခုသည် တင်းကျန်းရီ၏ အသက်သွင်းမှုအောက်တွင် ပေါက်ကွဲထွက်သွားပြီး ရုတ်တရက် ပူပေါင်းတစ်ခု ပေါက်ကွဲသွားသကဲ့သို့ သိမ်မွေ့သောအသံတစ်ခုက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်၊၊ ၎င်းသည် ပူပေါင်းတစ်ခုကဲ့သို့ ပေါ့ပါးသော်လည်း ခေါင်းလောင်းတစ်ခုကဲ့သို့ လေးလံနေသည်၊၊

ထို့နောက် ၎င်းနှင့်အတူ ကောင်းကင်နှင့် မြေကြီးကြားတွင် စူပါနိုဗာပေါက်ကွဲမှုကဲ့သို့ တောက်ပသော အလင်းတန်းကြီး လင်းလက်လာသည်၊၊

၎င်းသည် အလင်း သို့မဟုတ် တောက်ပမှုမျိုး မဟုတ်ဘဲ အမှောင်ထုကို ထိုးဖောက်ပြီး ဖုန်မှုန့်များကို ဖယ်ရှားလိုက်သည့် ဒိုင်‌မေးရှင်းတစ်ခု၏ လှိုင်းတွန့်နှင့် ပိုတူသည်၊၊ ခဏချင်းတွင် လူတိုင်းသည် မိမိတို့၏ မျက်စိရှေ့မှ ဖြူဖွေးသော အလင်းတန်းကြောင့် အမြင်အာရုံများကွယ်သွားတော့မည်အလား ခံစားလိုက်ရသည်၊၊ လူတိုင်းသည် သူတို့၏ မျက်လုံးများကို အလိုအလျောက် ပိတ်ထားပြီး ကာကွယ်လိုက်မိကြသည်၊၊

ရုတ်တရက် တောင်ကြားလွင်ပြင်သည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားသည်၊၊ တောင်တန်းများ၊ မြက်ခင်းပြင်များ၊ ကောင်းကင်မှ ဖုန်မှုန့်များ၊ ပေါင်းစည်းရထား၊ ဘန်ကာယာဉ်တန်းများ၊ တိတ်ဆိတ်မြို့တော် အားလုံးသည် အလင်းလုံးကြီးတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ဖြစ်နေပြီး ထိုအလင်းလုံး၏ အပြင်ဘက်ရှိ ဝေးကွာသော ကောင်းကင်နှင့် မိုးကုတ်စက်ဝိုင်းတွင်မူ ကြောက်မက်ဖွယ် ဧရာမသတ္တဝါကြီးများဖြင့် ပြည့်နှက်နေသည်၊၊

ထိတ်လန့်စရာများ နီးကပ်လာသည်၊၊

တွင်းနက်အုပ်စိုးသူသည် မြွေကဲ့သို့ ကိုယ်ထည်၏ အစိတ်အပိုင်းတစ်ခုကို ဖော်ပြလိုက်ပြီး ၎င်းသည် ပုရွက်ဆိတ်များအပေါ် ကျရောက်သည့် ဖိအားကဲ့သို့ ပြင်းထန်သော ဖိအားကို ပေးစွမ်းနေသည်၊၊

ထိုအရာကို မြင်လိုက်ရသောအခါ မိုချီဇူကီမာဆာရှီ၏ နာနိုမျက်လုံးအိမ်များ ကျုံ့သွားသည်၊၊

“ဒိုင်မေးရှင်း ဟင်းလင်းပြင်ပူပေါင်းလား… တကယ်ပဲ...’’

အရေးကြီးသောအချိန်တွင် အနားသို့ ရောက်ရှိလာသော ကီကီသည် စိတ်စွမ်းအားကို သုံး၍ လင်းရှန်ကို ဖမ်းဆွဲလိုက်ပြီး ခြင်္သေ့ငါးရုပ်တု၏ စက်ကွင်းထဲမှ ဆွဲထုတ်လိုက်သည်၊၊ တစ်ချိန်တည်းမှာပင် ရူဂျိ၏ ထိန်းချုပ်မှုအောက်တွင် ရွှန်းသည် လင်းရှန်၏ နေရာတွင် အစားထိုး၍ ခြင်္သေ့ငါးရုပ်တုကို တိုက်ရိုက်စောင့်ကြည့်လိုက်သည်၊၊

“ရွှန်း… သုံးမိနစ်လောက် တောင့်ခံထားဦး’’

လင်းရှန်သည် ပျံထွက်သွားစဉ် ရွှန်းတို့ အတွဲဆီသို့ လှမ်းအော်ပြောလိုက်သည်၊၊

“ပြဿနာမရှိဘူး’’

ရွှန်းက သူ၏ ပုံမှန်တည်ငြိမ်သော လေသံဖြင့် ပြန်ဖြေသည်၊၊

နေ့ကို ညအဖြစ် ပြောင်းလဲလိုက်သကဲ့သို့ ရှိသော ဤခန့်ညားထည်ဝါသည့် မြင်ကွင်းကို ကြည့်ရင်း ရွှန်းသည် ထိုထူးဆန်းသော ဧရာမ ရုပ်တုကြီးကို ကြောက်ရွံ့မှုမရှိဘဲ စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေသည်၊၊

“ယဲ့ယိ…. မင်း ခံစားခဲ့ရတဲ့ နာကျင်မှုတွေ ငါ့ကို ပြစမ်း’’

ဝုန်း...

နောက်တစ်ခဏတွင် ရွှန်း၏ မျက်လုံးအိမ်များ ကျုံ့သွားပြီး မျက်လုံးများသည် ချက်ချင်း သွေးရောင်လွှမ်းသွားသည်၊၊ သူ၏ နောက်မှ ရူဂျိသည် တည်ငြိမ်သော အမူအရာရှိနေသည်၊၊ သူ၏ စွမ်းအားဝတ်စုံသည် ရွှန်း၏ ဇီဝအချက်အလက်များကို အဆက်မပြတ် စောင့်ကြည့်နေပြီး ရွှန်းလဲကျသွားပါက လွှဲပြောင်းယူရန် အသင့်ပြင်ထားသည်၊၊

သူနှင့် ရွှန်းနှစ်ဦးစလုံးသည် တိတ်ဆိတ်မြို့တော်၏ အမာခံအဖွဲ့တွင် စိတ်စွမ်းအားအကောင်းဆုံးသူများဖြစ်ကြသဖြင့် သူတို့က ရှေ့ကနေ ဦးဆောင်ရမည် ဖြစ်သည်၊၊

ဤအချိန်တွင် လင်းရှန်ကို ကီကီက သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်သို့ တင်ဆောင်လာပြီး ရှီဇီက လင်းရှန်ထံမှ ကြောက်ရွံ့မှု စွမ်းအားများကို ဖယ်ရှားရန် သန့်စင်ခြင်းစွမ်းအားကို ချက်ချင်း အသုံးပြုလိုက်သည်၊၊

ဂျိန်း...

ဒိုင်မေးရှင်းပူပေါင်း ပျောက်ကွယ်သွားပြီး ရွှန်းက ခြင်္သေ့ငါးရုပ်တုကို ဆက်လက်စောင့်ကြည့်ပြီးနောက် ကျယ်ပြောလှသော တောင်ကြားလွင်ပြင်တစ်ခုလုံးတွင် အကြောင်းပြချက်မရှိသော မိုးခြိမ်းသံတစ်ခု ပဲ့တင်ထပ်သွားသည်၊၊ ၎င်း၏ အရင်းအမြစ်မှာ ကောင်းကင်မှလား သို့မဟုတ် မြေအောက်မှလား မသိရပဲ လေထုတစ်ခုလုံးကို တုန်ခါသွားစေသည်၊၊

ထို့နောက် ယခင်က လင်းထိန်နေသော တောင်ကြားလွင်ပြင်၏ မိုးကုတ်စက်ဝိုင်းသည် ရုတ်တရက် ပြိုကျလာသည်၊၊ မိုးကုတ်စက်ဝိုင်း၏ အစွန်းသတ်များသည် အလင်းရောင်ပျောက်ကွယ်သွားပြီး အမှောင်ဒီရေများသည် အဝေးရှိ မိုးကုတ်စက်ဝိုင်းမှ ထူထပ်စွာ ထိုးတက်လာသည်၊၊ ၎င်းသည် မီတာတစ်ထောင်ကျော်မြင့်သော ဧရာမကတ္တရာစေးနံရံကြီးကဲ့သို့ ရူပဗေဒနိယာမများကို ဆန့်ကျင်သော အရှိန်ဖြင့် အလယ်ဗဟိုသို့ ထိုးစစ်ဆင်လာသည်၊၊

ဤမြင်ကွင်းသည် ထိုခဏတွင် လူတိုင်း၏ အသက်ရှူသံကို ရပ်တန့်သွားစေသည်၊၊

ဒီရေပြန်တတ်ရန် သုံးမိနစ်သာ ကျန်တော့သည်၊၊ ဒီရေ ပြန်မတက်မီ ဤပြိုကျနေသော အမှောင်ဒီရေ၏ ဝါးမျိုမှုကို ခံယူပြီး ဟင်းလင်းပြင်တည်နေရာကူးပြောင်းမှုကို အပြီးသတ်ရမည် ဖြစ်သည်၊၊

ထွက်ပြေးရန် လမ်းမရှိ… ရုန်းကန်ရန်လည်း မဖြစ်နိုင်ပေ၊၊ ကားများ၊ ရထားများနှင့် တိတ်ဆိတ်မြို့တော် အားလုံးသည် စုရပ်တွင် ရပ်တန့်ကာ မကြာမီ ကျရောက်လာမည့် ဝါးမျိုမှုကို စောင့်ဆိုင်းနေကြသည်၊၊

အချို့က မျက်လုံးမှိတ်ထားကြသည်၊၊ အချို့က ခေါင်းကို ကိုင်ထားကြသည်၊၊ အခြားသူများသည် လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အံကြိတ်ကာ တောင့်ခံနေကြသည်၊၊ လူတိုင်း၏ နှလုံးခုန်သံများ မြန်ဆန်နေပြီး ပြတင်းပေါက် အပြင်ဘက်မှ လျင်မြန်စွာ ချဉ်းကပ်လာသော ဧရာမ ဒီရေကြီးကို ကြည့်နေကြသည်၊၊

“နှစ်မိနစ်’’

အမှောင်တံတိုင်းကြီး နီးကပ်လာသည်နှင့်အမျှ ရုတ်တရက် ဆူညံသံအားလုံး ပျောက်ကွယ်သွားသည်၊၊ အမှောင်ထုနှင့် ထိတွေ့လိုက်သည်နှင့် မြေပြင်ပေါ်ရှိ ဖုန်မှုန့်များနှင့် သစ်ပင်များသည် အရိပ်များ ပျောက်ကွယ်သွားသည်၊၊ ရထားတွဲအတွင်းရှိ အပူချိန်တိုင်းကိရိယာမှ ပြဒါးတိုင်သည်လည်း လျင်မြန်စွာ ထိုးကျသွားပြီး ထမင်းစားတွဲရှိ စတီးလ်ဇွန်းခက်ရင်းများပေါ်တွင် ရေခဲများ ဖြစ်ပေါ်လာကာ အပူချိန်သည် ရုတ်တရက် ကျဆင်းသွားသည်၊၊

ဇစ် ဇစ် ဇစ်...

ရထားလိုင်း အားလုံး၏ ဆက်သွယ်ရေးစနစ်များတွင် ထူးဆန်းသော ဆူညံသံများ ထွက်ပေါ်လာသည်၊၊ ရထားနှင့် ကားများပေါ်ရှိ အီလက်ထရွန်နစ်ပစ္စည်းအားလုံးနှင့် စွမ်းအားဝတ်စုံ စနစ်များတွင်လည်း လျှပ်စစ်လှိုင်းများ အဆက်မပြတ် တုန်ခါနေပြီး အချက်ပြများက အလွန်ပင် မတည်မငြိမ်ဖြစ်နေသည်၊၊

ဟင်းလင်းပြင်ပြိုကျပြီး အချိန်များပြန့်ကားလာကာ ပုံပျက်နေသော ပုံရိပ်အမျိုးမျိုးသည် အရာအားလုံးကို အဆက်မပြတ် ဆွဲဖြဲနေသည်၊၊ အနန္တရထားပေါ်တွင် ရှောင်ယွမ်သည် ကမ္ဘာကြီးတစ်ခုလုံး ဝါးမျိုခံရတော့မည့်အလား အပြင်ဘက်မြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေပြီး သူမ၏ မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်၊၊

ဧရာမ တိတ်ဆိတ်မြို့တော်ကြီးသည် အမှောင်ဒီရေ၏ ဝါးမျိုမှုကို ခံရပြီးနောက် အဆုံးမရှိ ရှည်ထွက်သွားကာ အလင်းရောင်များပင် တွန့်လိမ်ပုံပျက်သွားသည်ကို သူမ မြင်တွေ့လိုက်ရသည်၊၊

“တစ်မိနစ်’’

တင်းကျန်းရီသည် ငွေနဂါးဆယ်ဆပန်းပေါ်မှ ပွင့်ချပ်များ ပျောက်ကွယ်သွားသည်ကို တည်ငြိမ်သော မျက်နှာဖြင့် ကြည့်ရင်း ဒီရေရောက်လာမည့် အချိန်ကို စောင့်နေသည်၊၊

ဝူး... ဝုန်း...

မဟာပထဝီမြေကြီးသည် ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်၊၊ ၎င်းသည် တွင်းနက်အုပ်စိုးသူက ရုတ်ချည်းပြောင်းလဲသွားသောအခြေအနေများကြောင့် ဒေါသတကြီးအော်ဟစ်လိုက်သည့်နှယ် ရှိနေပြီး ၎င်းက မရေမတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများကို လှုံ့ဆော်ပေးလိုက်သည်၊၊ လူတိုင်းသည် အဆင့် ၅ အမှတ်အသား ခတ်နှိပ်ခြင်း ခံထားရသော်လည်း ဒီရေက အရာအားလုံးကို ဝါးမျိုလိုက်သည့်အခါ သူတို့သည် ချက်ချင်း ပျောက်ကွယ်သွားကြသည်၊၊

အတွင်းပိုင်းဒီရေ တဖန်မဖြစ်ပေါ်မီ နောက်ဆုံး တစ်စက္ကန့်တွင် ပေါင်းစည်းရထား၊ ဘန်ကာယာဉ်တန်းနှင့် ဧရာမ တိတ်ဆိတ်မြို့တော်ကြီးသည် တောင်ကြားလွင်ပြင်မှ ထူးဆန်းစွာ ပျောက်ကွယ်သွားသည်၊၊ ဟင်းလင်းပြင်သည် တုန်ခါသွားပြီးနောက် လက်ခနဲတစ်ချက်ဖြစ်သွားသည်၊၊ အဖြူရောင်မြို့တော်အတွင်း မိခင်အသိုက်ကြီးပေါ်ထွက်လာပြီး ပိုမိုထူထပ်သော သန္ဓေပြောင်း သတ္တဝါများသည် ယာဉ်ကြောပိတ်ဆို့မှုကဲ့သို့ မြို့ထဲတွင် ပြည့်နှက်နေကာ အသစ်စက်စက်ထုတ်လုပ်ထားသော မွန်းစတားများကြားတွင် ရှုပ်ထွေးမှုများဖြစ်စေလေသည်၊၊

မြင့်မားလှသော ဧရာမ အရာကြီးဖြစ်သည့် နီရဲသော မြေတီကောင်ကြီးသည် ၎င်း၏ ပစ်မှတ်ကို ပျောက်ဆုံးသွားသည်၊၊ မြို့တစ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာကာ ဆူးများဖြင့် ပြည့်နှက်နေသည့် တောင်ကြီးတစ်လုံးကဲ့သို့သော အရာကြီးသည် ထိုခဏတွင် သက်ဆင်းလာပြီး တောင်တန်းများကဲ့သို့ ရှည်လျားသော လက်တံများက လွှဲယမ်းချလိုက်ပြီး လမ်းမများကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်၊၊

ကောင်းကင်ရှိ ကန့်လန့်ကာတစ်ခုကဲ့သို့ ရစ်ခွေပတ်နေသော ဧရာမ ကောင်းကင်မြွေကြီးသည် ၎င်း၏ ကြီးမားသော ကိုယ်ထည်ကို ဖြည်းညှင်းစွာ လှုပ်ရှားလိုက်သည်၊၊ အဖြူရောင်မြို့တော် ပတ်ဝန်းကျင်ရှိ တောင်တန်းများတွင်လည်း ငလျင်များ၊ မြေပြိုမှုများနှင့် ရေလှိုင်းကြီးများ ဖြစ်ပေါ်လာသည်၊၊ နံပါတ် ၅ တွင်းနက်တစ်ခုလုံးတွင် ဟင်းလင်းပြင်လှုပ်ခတ်မှုများနှင့် ရှုပ်ထွေးမှုများ စတင်ဖြစ်ပွားလာသည်၊၊

Chapter 705

တွင်းနက်ကို ဖြတ်ကျော်ခြင်း ၃

ထိုအချိန်တွင် လုလင်တောအုပ် အထက်တွင် အနီရောင်ကမ္ဘာ၏ သယ်ယူပို့ဆောင်ရေးသင်္ဘောသုံးစင်းသည် လမ်းပြခြင်းတာဝန်ကို လုပ်ဆောင်နေဆဲဖြစ်သည်၊၊

“၇ကြိမ်မြောက် ဆွဲငင်ခြင်း အစီအစဉ်၊ အမှတ် ၁၆၈၉၊ ဖြန့်ကျက်ဖို့ အသင့်ပဲ’’

ဝူး...

နောက်ထပ် ဒရုန်းတစ်စင်း စတင်ပျံတက်ရန် ပြင်ဆင်နေသည်၊၊

သို့သော် ထိုအချိန်တွင် သယ်ယူပို့ဆောင်ရေးသင်္ဘောသုံးစင်းစလုံးတွင် အချက်ပေးခေါင်းလောင်းသံများ ရုတ်တရက် မြည်လာပြီး အောက်ဘက်ရှိ တောအုပ်အတွင်းမှ မရေမတွက်နိုင်သော သန္ဓေပြောင်း သတ္တဝါများမှာလည်း ပြင်းထန်စွာ လှုပ်ရှားလာကြသည်၊၊

“ဘာဖြစ်တာလဲ’’

“ငါတို့တွေ အမှောင်အမှတ်အသားခံလိုက်ရပြီ’’

“မဖြစ်နိုင်တာ… ရေဒါ ထောက်လှမ်းချက်အရ...’’

ဝုန်း...

ရုတ်တရက် မည်သည့် သတိပေးချက် သို့မဟုတ် စွမ်းအင်လှုပ်ခတ်မှုမှ မရှိဘဲ အချင်း ၁၅ ကီလိုမီတာထက် ကျော်လွန်သော ဧရာမ မိုးပျံမြို့တော်ကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး တောအုပ်၏ အနိမ့်ပိုင်းဇုန်ကို ချက်ချင်း နေရာယူလိုက်သည်၊၊ သယ်ယူပို့ဆောင်ရေးသင်္ဘောသုံးစင်းသည် တုံ့ပြန်ရန် အချိန်မရလိုက်ပေ၊၊ ယာဉ်ပေါ်ရှိ လူများသည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ တိတ်ဆိတ်မြို့တော်၏ အစွန်းနှင့် ဝင်တိုက်မိသွားကြသည်၊၊ သယ်ယူပို့ဆောင်ရေးသင်္ဘောများ၏ တိုက်တေနီယမ် ကိုယ်ထည်များသည် ချက်ချင်း ကြေမွသွားပြီး အတွင်းရှိ အလွှာပေါင်းစုံမှ ကုန်းပတ်များနှင့် အင်ဂျင်ခန်းမှာ စက္ကန့်ပိုင်းအတွင်း ဖိသိပ်ခံရပြီး ပေါက်ကွဲသွားကာ မီးလုံးကြီးများအဖြစ် တိတ်ဆိတ်စွာပြောင်းလဲသွားပြီးနောက် မရေမတွက်နိုင်သော အပိုင်းအစများသည် တိတ်ဆိတ်မြို့တော်၏ ဦးပိုင်းအစွန်းမှ လျှောကျသွားသည်၊၊

ထိုသယ်ယူပို့ဆောင်ရေးသင်္ဘောသုံးစင်းသည် အဝေးပြေးလမ်းပေါ်တွင် တစ်နာရီ ကီလိုမီတာ ၂၀၀ နှုန်းဖြင့် မောင်းနှင်နေသော တန်တစ်ရာတင် ကုန်တင်ကားကြီးကို ဝင်တိုက်မိသည့် ပုစဉ်းရင်ကွဲသုံးကောင်ကဲ့သို့ပင် လေကာမှန်ပေါ်တွင် ချက်ချင်း အရည်ပျော်သွားကြသည်၊၊

“ဘာကြီး လာတိုက်မိတာလဲ’’

တိတ်ဆိတ်မြို့တော်၏ ပဲ့ခန်းတွင် လမ်းကြောင်းနှင့် အရှိန်ကို ထိန်းချုပ်ရန် တာဝန်ရှိသော ပိုင်းလော့သည် ကြောက်မက်ဖွယ် ဒီရေမြင်ကွင်းပြီးနောက် သတိပြန်ဝင်လာသည်၊၊

“ငါတို့ ဘယ်ရောက်နေတာလဲ’’

“ငါတို့ တစ်ခုခုကို တိုက်မိတာလား’’

“လမ်းပေါ်က အရှိန်လျှော့တုံးလား’’

“ငတုံး… ဒီနေရာမှာ ဘယ်ကအရှိန်လျှော့တုံးရှိမှာလဲဟ… ယာဥ်ပျံတစ်ခုခုနဲ့ တူတယ်’’

“ငါလည်း ဘယ်သိမလဲ…ရုတ်တရက် ပေါ်လာတာကြီး’’

“မြန်မြန်… မြို့တော်ရဲ့ အဓိကစနစ်ကို စစ်ဆေးကြ… အပြင်ဘက် ကိုယ်ထည် ပျက်စီးမှု ရှိမရှိ ဒရုန်းတွေ လွှတ်ပြီး ကြည့်ကြဦး’’

“ဒရုန်းတွေက ကိုယ်ထည် ပျက်စီးရာကနေ ထွက်လာတဲ့ အပိုင်းအစတွေကို တွေ့ထားတယ်’’

“ဘယ်မှာလဲ… မြန်မြန် ပြုပြင်ကြ’’

“ပြင်လို့ မရဘူးဟ…. အဲ့ဒါက ငါတို့ မြို့ပတ်လမ်းရဲ့ အောက်မှာ...’’

“သေစမ်း... သနားစရာကောင်းတဲ့ မတော်တဆပဲ...’’

“သူတို့က အနီရောင်ကမ္ဘာက လူတွေနဲ့ တူတယ်’’

“အင်ဂျင်ခန်း… စွမ်းအားမြှင့်လိုက်’’

တွင်းနက်၏ အစွန်းမှ မှောင်မိုက်နေသော လုလင်တောအုပ်အတွင်း တိတ်ဆိတ်မြို့တော်၏ ပြင်းထန်သော ပစ်ခတ်မှုများသည် ကောင်းကင်ယံကို လင်းထိန်စေပြီး အမြောက်သံများဖြင့် ညအမှောင်ထုကို ဆွဲဖြဲပစ်လိုက်သည်၊၊

တိတ်ဆိတ်မြို့တော်၏ လက်နက်စနစ်များ အပြည့်အဝ အလုပ်လုပ်လာပြီး လက်နက်ခဲယမ်းများက ညကောင်းကင်တွင် နီရဲသော ကွန်ရက်တစ်ခုကို ယှက်နွယ်လိုက်သည်၊၊ ဧရာမ မြို့တော်ကြီးသည် တွင်းနက်ကို ဖြတ်ကျော်ကာ ရှေ့သို့ ဆက်တိုက် တိုးထွက်နေသည်၊၊

ဤအချိန်တွင် လုလင်၏ တွင်းနက်အစွန်းပိုင်းတွင် ရှိနေသည့် သာမန် သန္ဓေပြောင်းသတ္တဝါများ၏ အုံကြွမှုသည် ဤယန္တရားခံတပ်ကြီးအတွက် အခက်အခဲမရှိပေ၊၊ ဤရွေ့လျား သံမဏိခံတပ်ကြီးသည် လွတ်မြောက်ရာလမ်းကြောင်းကို အစွမ်းကုန် ဖောက်ထွက်နေသည်၊၊

ဧရာမ ရွေ့လျားမြို့တော်ကြီး၏ လမ်းကြောင်းများသည် မြေပြင်ကို တစ်ညီတစ်ညာတည်းနင်းခြေသွားပြီး ယာယီဆွဲငင်သည့် လမ်းကြောင်းများကို သုံး၍ ပေါင်းစည်းရထားနှင့် ဘန်ကာယာဉ်တန်းအားလုံးကို ယန္တရားမြို့တော်ထဲသို့ ခေါ်ဆောင်လိုက်သည်၊၊

မိနစ်နှစ်ဆယ် မပြည့်မီမှာပင် တိတ်ဆိတ်မြို့တော်သည် တွင်းနက်၏ အစွန်းမှ ထိုးထွက်လာပြီး ညနေခင်းအချိန်တွင် လုလင်တောအုပ်ကြီး၏ မြောက်ဘက် ချောက်ကမ်းပါးတွင် ပေါ်လာသည်၊၊

မှိန်ပျပျ နေဝင်ချိန်အောက်တွင် မီးခိုးရောင်သစ်တောသည် ကမ္ဘာကြီးနှင့် ကွဲကွာနေသကဲ့သို့ ရှိနေပြီး အဆုံးမရှိသော အမှောင်ဒီရေသည် ကမ္ဘာကြီးကို ဖြည်းဖြည်းချင်း ဝါးမျိုနေသည်၊၊

“ခုနက ငါတို့ အနီရောင်ကမ္ဘာရဲ့ လမ်းပြအဖွဲ့နဲ့ တွေ့ခဲ့တာ တော်တော်ကံကောင်းတယ်၊၊ သူတို့သာ နောက်ထပ် အချိန်အနည်းငယ်ရရင် တွင်းနက်ချဲ့ထွင်မှုကို ဖြစ်စေမှာသေချာတယ်’’

သယ်ယူပို့ဆောင်ရေးသင်္ဘောအတွင်းတွင် ရှင်းဂျီက လင်းရှန်ကို ကြည့်ပြီး ပြောလိုက်သည်၊၊

“မင်းရဲ့ ဒိုင်မေးရှင်းကပ်ဘေးပန်းပင်က ထင်ထားတာထက် ပိုသန်မာတာပဲ၊၊ အဆင့် ၅ အမှတ်အသားတွေနဲ့ ခြင်္သေ့ငါးရုပ်တုရဲ့ ခြေရာခံမှုကိုတောင် ဖြတ်တောက်နိုင်တယ်’’

“ကျုပ်တို့မှာ ရှေးစကားပုံတစ်ခု ရှိတယ်၊၊ တစ်ခုကို တစ်ခုက ဖိနှိမ်နိုင်တယ်တဲ့”

လင်းရှန်၏ အကြည့်က နက်ရှိုင်းနေသည်၊၊ ထိုခဏတွင် သူသည် ဂရေ့စ်ကို အသက်သွင်းခဲ့သည့် ညက ဂရေ့စ်၏ စနစ်အတွင်းရှိ ဖုံးကွယ်ထားသောပရိုဂရမ်မှ သူ့ထံ ပေးပို့ခဲ့သော သတင်းစကားကို ပြန်လည်သတိရမိသည်၊၊

[ဒိုင်မေးရှင်း ကူးပြောင်းမှု.. မဟုတ်ဘူး... ကိုယ့်ရဲ့ ဒိုင်မေးရှင်းအမြင်နဲ့ မဆုံးဖြတ်နဲ့၊၊ အမှောင်ကမ္ဘာရဲ့ စွမ်းအားမှာ တူညီတဲ့ ကြိမ်နှုန်း ရှိရမယ်၊၊ ဖြစ်နိုင်တာက... အလားတူပစ္စည်းတွေကနေတစ်ဆင့် ဆက်သွယ်နိုင်လိမ့်မယ်]

လင်းရှန်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ပေါ်လာသည်၊၊ ဒီရေပြန်မကျမီ နောက်ဆုံးတစ်စက္ကန့်တွင် တစ်ဖွဲ့လုံးသည် တည်နေရာကူးပြောင်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး မကြုံစဖူး ခမ်းနားကြီးကျယ်သော လွတ်မြောက်မှုကို ရရှိခဲ့သည်၊၊

“နှမြောစရာပဲ၊၊ အကုန် ကြေမွသွားတော့ ဘာမှထုတ်ယူလို့ မရတော့ဘူး’’

ရှင်းဂျီက သက်ပြင်းချရင်းပြောသည်၊၊

လင်းရှန်က ခေါင်းခါလိုက်ပြီး သူ၏ အမူအရာမှာ အေးစက်နေသည်၊၊

“စိတ်မပူပါနဲ့၊၊ ဒါက အဖွဲ့ငယ်လေး တစ်ဖွဲ့ပဲ ရှိဦးမယ်… အနီရောင်ကမ္ဘာနဲ့ ကစားဖို့ ကျုပ်တို့မှာ အချိန်တွေ အများကြီးရှိပါသေးတယ်၊၊ သူတို့က ပေါင်းစပ်နည်းပညာနဲ့ ယန္တရားမြှင့်တင်မှုတွေကို လုပ်နေကြတာ မဟုတ်လား၊၊ ကောင်းပြီလေ… ကျုပ်က တခြားအရာတွေမှာ သိပ်မကျွမ်းကျင်ပေမဲ့ သူတို့ရဲ့ နည်းပညာတွေကို သန့်စင်ပေးဖို့တော့ ကူညီနိုင်ပါတယ်’’

အာခီစိုင်းသဲကန္တာရ၏ တွင်းနက် ဝါးမျိုမှု၊ အဖြူရောင်မြို့တော် သန့်စင်ခြင်း၊ လူသားများအပေါ် စမ်းသပ်မှုများ၊ ထိုဖက်တီး ကျိုးလီ၏ ပါးစပ်မှထွက်လာသလောက်တွင် အနီရောင်ကမ္ဘာသည် သူ့ကို တိုက်ရိုက်ရည်ရွယ်ခြင်းမဟုတ်ဟု ဆိုသော်လည်း အကြွေးကိုမူ ပိုင်ရှင်ထံ ပြန်ဆပ်ရမည် ဖြစ်သည်၊၊

လင်းရှန်သည် ကျင်းဟိုင်-ရထားအဆင့်မြှင့်တင်မှုအစီအစဉ်အပါအဝင် ယန္တရားအဆင့်မြှင့်တင်မှုများ အရေးပေါ် လိုအပ်နေချိန်တွင် ဤအနီရောင်ကမ္ဘာ၏ နည်းပညာရတနာသိုက်ကို အလွတ်ပေး၍မရနိုင်ပေ၊၊ စဉ်းစားကြည့်လျှင် လင်းရှန်သည် ပေါင်းစပ်နည်းပညာကို တကယ်ပင် စိတ်ဝင်စားနေသည်၊၊ ယခုအခါ တိတ်ဆိတ်မြို့တော်နှင့် ပူးပေါင်းထားသဖြင့် အနီရောင်ကမ္ဘာကို ရိတ်သိမ်းရန် အချိန်ကျပြီ ဖြစ်သည်၊၊

လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ ကားဟောင်းတွေကို ဝါးမျိုတာထက်စာရင် အနီရောင်ကမ္ဘာရဲ့ အဆင့်မြင့်နည်းပညာသုံးပစ္စည်းတွေကို ဝါးမျိုရတာက ပိုပြီးတော့ အကျိုးအမြတ်မများဘူးလား၊၊

“ငါတို့ သူတို့ဆီက အဖြူရောင်မြို့တော် သုတေသနဌာနရဲ့ အချက်အလက်အရင်းအမြစ်တွေကို သိမ်းဆည်းနိုင်ခဲ့သလို အမှောင်ဆဲလ်တွေကိုလည်း ရရှိခဲ့တယ်၊၊ တွင်းနက်ထဲမှာ ငါလုပ်ခဲ့တဲ့ သုတေသနတွေနဲ့ ပေါင်းစပ်လိုက်ရင် မကြာခင်မှာ အမှောင်ကျူးကျော်မှုနယ်ပယ်နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ တိုးတက်မှုတစ်ခုကို ရရှိနိုင်လိမ့်မယ်”

ရှင်းဂျီ ခေါင်းလှည့်ကြည့်လိုက်ရာ လင်းရှန်၏ တည်ငြိမ်နေသည့် မျက်နှာကို မြင်လိုက်ရသည်၊၊ လင်းရှန်၏ လေသံထဲမှာ ဒေါသအရိပ်ယောင်များပါဝင်နေသည်ကို သူသတိထားမိသော်လည်း လေသံအေးအေးနဲ့ပဲ ဆက်ပြောလိုက်သည်၊၊

“လင်းရှန်… မင်း ငါ့ကို အများကြီးကူညီခဲ့တယ်၊၊ ငါ မင်းကို ဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲ”

လင်းရှန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ပြတင်းပေါက်ကနေ နေဝင်ချိန်အလှအောက်မှာ ရှိနေတဲ့ ကြီးမားလှတဲ့ ကောင်းကင်မြို့တော်ကြီးကို လှမ်းကြည့်ကာ ပြောလိုက်သည်၊၊

“အင်း… ခဗျား ကျုပ်ကို ကျေးဇူးဆပ်ဖို့တော့ တကယ်လိုအပ်တယ်”

…

ပေါင်းစည်းယာဥ်တန်းပေါ်က ထောင်နဲ့ချီတဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ အခုအချိန်မှာ စိတ်ဓာတ်တွေ အလွန်တက်ကြွနေကြသည်၊၊ အဆုံးမရှိတဲ့ စိတ်ပျက်အားငယ်မှုတွေနဲ့ သေလုဆဲဆဲအခြေအနေများကို ဖြတ်ကျော်လာပြီးနောက် အရာအားလုံးက အိပ်မက်တစ်ခုလိုဖြစ်နေပြီး လူတိုင်းကို ပျော်ရွှင်တက်ကြွစေသည်၊၊

တချို့က ကြမ်းပြင်ပေါ် ဒူးထောက်ပြီး သံမဏိကြမ်းပြင်ကို နမ်းနေကြသလို တချို့ကလည်း သူစိမ်းတွေကို ဖက်ပြီး အားရပါးရ ငိုကြွေးနေကြသည်၊၊ တချို့က ဟစ်အော်နေကြပြီး တချို့ကလည်း အောင်ပွဲခံနေကြသည်၊၊

“ငါတို့... တကယ်ကြီး အသက်ရှင်ခဲ့တာလား”

အစပိုင်းတွင် စိုးရိမ်တကြီးနဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့ကြသော်လည်း အခြေအနေများ ရှင်းလင်းသွားသည်နှင့်အမျှ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်၊၊ တွင်းနက်၏ ညပေါင်းများစွာကို ကြုံတွေ့ခဲ့ရသည့် စိတ်ပျက်အားငယ်မှုများသည် ယခုအချိန်တွင် ဆူပွက်နေသည့် သွေးတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရထားခေါင်မိုးပေါ်က အရေးပေါ်မီးလုံးများပင် အသံလှိုင်းဒဏ်ကြောင့် တုန်ခါသွားခဲ့ရသည်၊၊

“ဘုရားရေ… ငါ နေရောင်ကို မြင်နေရပြီ”

“စောက်ရမ်းလန်းလိုက်တာ”

“ငါတို့တွေ တကယ်ကို အံ့သြဖို့ကောင်းတာပဲ”

“ဟားဟားဟား… ဒါတွေက ကပ္ပတိန်လင်းနဲ့ တိတ်ဆိတ်မြို့တော်ကြောင့်ပဲ”

All Chapters