← Chapters

အခန်း (၇၀၈-၇၀၉)

Vol. 42 Ch. 708-709

အခန်း (၇၀၈-၇၀၉)

Vol. 42 Ch. 708-709

Chapter 708

စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်း ၁

[ယန္တရားမဟုတ်သော စွမ်းအင်ကို အသွင်ပြောင်းလဲပြီးပါပြီ၊၊ ယန္တရားရင်းမြစ်အမှတ် ၁၀၀၀ ရရှိသည်]

[ယန္တရားမဟုတ်သော စွမ်းအင်ကို အသွင်ပြောင်းလဲပြီးပါပြီ၊ ယန္တရားရင်းမြစ်အမှတ် ၁၀၀၀ ရရှိသည်]

[လက်ရှိ ယန္တရားနှလုံးသားအဆင့်သည် အဆင့်-၅ (၁၁၆၄၀/၂၀၀၀၀) ဖြစ်သည်]

ယန္တရားဝါးမျိုမှု အဆင့်- ၅ (၁၀၆၅/၃၀၀၀) ဝါးမျိုမှုစွမ်းရည် တိုးတက်နေသည်၊၊

ယန္တရားထုတ်လုပ်မှု အဆင့်- ၅ (၁၆၆၀/၃၀၀၀) တည်ဆောက်မှုစွမ်းရည် တိုးတက်နေသည်၊၊

[T8-Z မီးနတ်ဘုရားမီကာ ထိုးစစ်ဆင်အမျိုးအစား (ပုံကြမ်း) သုတေသနပြုချိန်- ၂၂ ရက် ၂၂ နာရီ ၃၆ မိနစ်]

[အဆင့်မြှင့်တင်မှု ပြီးဆုံးပါပြီ]

လျှစ်စစ်စွမ်းအားထိုးတတ်ခြင်း (ရှားပါး) (အဆင့် ၃၊ အမြင့်ဆုံးအဆင့်) ကို [စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်း] အဖြစ် အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်သည့်အတွက် ဂုဏ်ယူပါသည်၊၊

လင်းရှန်၏ မျက်စိရှေ့တွင် ယန္တရားနှလုံးသား၏ စနစ်မြင်ကွင်းများစွာ တဖျတ်ဖျတ်လက်သွားသည်။ လင်းရှန် အချိန်ကို ကြည့်လိုက်ရာ မနက်အစောပိုင်း ၀၃:၄၀ နာရီ ရှိနေပြီ ဖြစ်သည်။ သူတို့သည် တွင်းနက်၏ အမှောင်ညထဲမှ ညနေ ၁၈:၀၀ နာရီခန့်တွင် ထွက်ခွာလာခဲ့ကြသဖြင့် သူ ၉ နာရီကြာ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်အတွင်း ထူးဆန်းသောကုဗတုံးက ယန္တရားရင်းမြစ်အမှတ်များစွာကို ပြောင်းလဲပေးခဲ့ရုံသာမက သူ၏ စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်းမှာလည်း နောက်ဆုံးတွင် အဆင့်မြှင့်တင်မှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းရှန် အလွန်စိတ်လှုပ်ရှားသွားပြီး ဘာမှစဉ်းစားမနေဘဲ ချက်ချင်းပင် စတင်အသုံးပြုရန် ကြိုးစားလိုက်သည်။

ဝှမ်းးး

ကြိမ်နှုန်းနိမ့် အသံလှိုင်းတုန်ခါမှုတစ်ခုထွက်ပေါ်လာပြီး မှောင်မည်းနေသော ရထားတွဲအတွင်း ပြာလဲ့သော အလင်းတန်းများ စတင်ဖြာထွက်လာသည်ကို လင်းရှန် တွေ့လိုက်ရသည်။ ရထားပြတင်းပေါက်၏ အလင်းပြန်မှုမှတစ်ဆင့် သူ၏ ကျောဘက်တွင် ယူနစ် ၀၁ ၏ အဓိကဓာတ်ပေါင်းဖိုနှင့် ဆင်တူသော သက်တန့်ကွင်းတစ်ခုပေါ်လာသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

အလွန်သိပ်သည်းသော စွမ်းအင်လှိုင်းများ တဟုန်ထိုးတက်လာပြီး လင်းရှန်သည် ဓမ္မစက်ဝန်းနှင့်တူသော ထိုသက်တန့်ကွင်းမှတစ်ဆင့် အားကောင်းသော စွမ်းအင်များ သူ၏ လက်ဖဝါးများဆီသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထို့ပြင် သူသည် အနန္တရထားကြီးတစ်ခုလုံး၏ စွမ်းအင်အရင်းအမြစ်နှင့် ချိတ်ဆက်မိသွားသကဲ့သို့ ခံစားရပြီး အင်ဂျင်အားလုံးသည် ထိုအချိန်တွင်ပင် တဟုန်းဟုန်း မြည်ဟည်းသွားသည်။

သူ၏ ကျောဘက်တွင် လျှပ်စစ်စီးကြောင်းများ ဖြစ်ပေါ်လာပြီး လေထုကို ထိုးဖောက်သွားကာ ရထားတွဲအတွင်းရှိ သတ္တုပစ္စည်းအချို့ကို ဖြည်းညှင်းစွာ ရွေ့လျားစေခဲ့သည်။ လင်းရှန်သည် အတွေးများကို ချက်ချင်း ပြန်ထိန်းချုပ်လိုက်ပြီး သူ၏ လက်များကို အံ့ဩတကြီး ကြည့်လိုက်မိသည်။

“ဒါက... ငါ့ကိုယ်ပိုင်ဓာတ်ပေါင်းဖိုလား”

လင်းရှန်၏ ထိုအချိန်က ခံစားချက်ကို ဖော်ပြရန် ခက်ခဲလှသည်။ ၎င်းသည် သူ၏ ရထားမောင်းနှင်နိုင်စွမ်းကို ပိုမိုအားကောင်းလာစေပြီး ထိန်းချုပ်နိုင်စွမ်းသိသာလာစေခြင်းပင် ဖြစ်သည်။

“အံ့သြစရာပဲ”

“ယန္တရားရင်းမြစ်အမှတ်တွေကလည်း တစ်ဝက်ကျော်သွားပြီဆိုတော့ ဒုတိယအကြိမ် ယန္တရားနိုးထမှုဖြစ်လာဖို့ မဝေးတော့ဘူး”

လင်းရှန်၏ ခံစားချက်များပြင်းထန်နေစဉ်မှာပင် အင်ဂျင်၏ တုန်ခါမှုကို သတိထားမိသွားသော ချန်ဆီရွှမ်က တံခါးကို ဖွင့်လိုက်သည်။ စွမ်းအားအပြည့်ဖြစ်နေသော လင်းရှန်ကို မြင်လိုက်ရသောအခါ သူမ၏ စိုးရိမ်နေသော မျက်နှာလေးသည် ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားပြီး သူ့ဆီသို့ ပြေးလာကာ တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

“ရှင်နောက်ဆုံးတော့ နိုးလာပြီပေါ့၊၊ မနေ့ညက ရှင့်ကြောင့် ကျွန်မသေမတတ် ကြောက်သွားတာပဲ”

တွင်းနက်ထဲက ထိတ်လန့်ဖွယ် အခိုက်အတန့်ကို သူမဆိုလိုခြင်းဖြစ်ကြောင်း လင်းရှန် သိသဖြင့် သူက ပြန်ပြောလိုက်သည်။

“ငါလည်း သေလုနီးပါးဖြစ်သွားခဲ့တယ်၊၊ တွင်းနက်ထဲမှာ ဖုတ်ကောင်တွေကလွဲရင် တခြားမွန်းစတားသတ္တဝါတွေ အစုံရှိတာကြောင့် သူတို့ကိုတောင် လွမ်းသွားတယ်”

ချန်ဆီရွှမ်က ထိုစကားကြောင့် တခစ်ခစ်ရယ်လိုက်ပြီး သူမ၏ ခေါင်းကို သူ၏ လည်ပင်းတွင် အပ်ထားကာ ရယ်သံနှင့်အတူ ပခုံးများ တုန်ခါနေသည်။ သူတို့နှစ်ဦးစလုံးသည် စိတ်ထဲမှ လေးပင်မှုများ ပျောက်ဆုံးသွားသည်ကို ခံစားရပြီး အလွန်စိတ်ပေါ့ပါးသွားကြသည်။

“ဘာထူးခြားလို့လဲ”

“အင်း… ရှင့်ကို ခဏလောက် ထပ်ဖက်ထားပါရစေဦး”

ချန်ဆီရွှမ်က လင်းရှန်ကို တင်းတင်းဖက်ထားပြီး မျက်လုံးများမှိတ်ကာ တိုးတိုးလေးပြောလိုက်သည်။

“ဒီခရီးက တကယ်ကို ပင်ပန်းလွန်းတယ်၊၊ အသက်ရှင်ဖို့ဆိုတာ သေဖို့ထက် ပိုပြီး သတ္တိလိုတာပဲ၊၊ အဲဒီလို အခြေအနေမျိုးမှာ ရှင်ဘယ်လိုများ တောင့်ခံခဲ့တာလဲ မသိဘူး”

လင်းရှန် စိတ်လှုပ်ရှားသွားပြီး သူ၏ စိတ်ထဲတွင် မြင်ခဲ့ရသော ကြောက်မက်ဖွယ် တွင်းနက်အုပ်စိုးသူ၏ ပုံရိပ်ကို ပြန်မြင်ယောင်သွားသည်၊၊

“အဲဒီလို မွန်းစတားကြီးရဲ့ ပါးစပ်ထဲကနေ လွတ်အောင် ပြေးရတာ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲလို့ပဲ ငါတွေးနေတာ..”

“တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ”

“အခု အခြေအနေဘယ်လိုရှိလဲ”

“လောလောဆယ်တော့ ဘာမှမရှိပါဘူး၊၊ တိတ်ဆိတ်မြို့တော်က ညဘက်ဆိုရင် မလည်ပတ်ဘူးလေ၊၊ ဒါကြောင့် အခု ကျွန်မတို့က လုလင်တောအုပ်အစပ်မှာ ရပ်ထားတယ်၊၊ ရှင်းဂျီက မြို့တော်အမှတ် (၂) ကို ပြန်ခေါ်ဖို့ လူလွှတ်ထားတယ်၊၊ ရှင်နိုးလာရင် သူ့ကို တိုက်ရိုက်လာတွေ့လို့ရတယ် ဒါမှမဟုတ် မြို့ထဲမှာ အရင်လျှောက်ကြည့်လို့ရတယ်လို့ သူက သတင်းစကားပါးထားတယ်၊၊ တခြားယာဥ်တန်းတွေနဲ့ အစ်ကိုရှီတို့ကတော့ သူတို့ယာဉ်တန်းတွေကို စီစဉ်ပြီးရင် လွတ်လွတ်လပ်လပ်သွားလာလို့ရပြီဆိုတော့ အခုဆို လူအများစုက မြို့တော်အမှတ် (၂) ကို ရောက်နေကြလောက်ပြီ...”

လင်းရှန်လည်း စိတ်ဝင်စားသွားသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် အချိန်တိုင်းထွက်ပြေးနေရခြင်းက သူ့ကို အထီးကျန်ပြီး ပင်ပန်းစေခဲ့သည်။ ကမ္ဘာပျက်ကပ်၏ ညအချိန်တွင် အပြင်ဘက်၌ ဖုတ်ကောင်များ သောင်းကျန်းနေစဉ် သံချပ်ကာရထားတွဲအတွင်း ဘေးကင်းစွာ နေထိုင်ရသည်ကို နှစ်သက်သော်လည်း လူစည်ကားသော မြို့ပြဘဝကိုလည်း သူ လွမ်းဆွတ်မိသည်။ ပြောရမည်ဆိုလျှင် ဤကဲ့သို့သော ကမ္ဘာမပျက်သေးသည့် မြို့ပြမြင်ကွင်းမျိုးကို မမြင်ရသည်မှာ ကြာပြီဖြစ်ပြီး ယခု မြို့မှာလည်း ယန္တရားမြို့တော်ဖြစ်နေသည်။ လင်းရှန် အနည်းငယ် သိချင်စိတ်ပြင်းပြသွားသည်။

“လင်းရှန်”

“အင်း”

“နောက် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ”

ချန်ဆီရွှမ်က သူ၏ ပခုံးပေါ်မှ ခေါင်းကို မော့လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။

သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်မှုနှင့် ကရုဏာများသာမက သူ့ကို ခဏလောက် အနားယူစေလိုသော တောင့်တမှုများကိုလည်း တွေ့လိုက်ရသည်။

လင်းရှန်သည် သူမ၏ အတွေးများကို ရိပ်စားမိသောကြောင့် သက်ပြင်းတစ်ချက်ရှိုက်ကာ ကြီးကျယ်ခမ်းနားသော ယန္တရားမြို့တော်ကြီးကို လှည့်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“သီးသန့်အစီအစဉ်တော့ မရှိသေးဘူး၊၊ တိတ်ဆိတ်မြို့တော်က မကြာခင် ကျင်းဟိုင်ဘက်ကို လမ်းကြောင်းတစ်ခု ဖောက်တော့မှာလေ… အဲဒီကျရင် ငါတို့ ဒီသစ်ပင်ကြီးကို မှီပြီး လိုက်သွားရုံပဲ၊၊ ငါတို့က တိတ်ဆိတ်မြို့တော်က သောင်းနဲ့ချီတဲ့လူတွေကို ကယ်ပေးခဲ့တာပဲ၊၊ ရှင်းဂျီက ငါ့ကို ကျေးဇူးတင်ဖို့ကလွဲရင် တခြားရွေးချယ်စရာမရှိတော့ဘူး”

“ဒီရထားကို မြေမျက်နှင်ပြင်မရွေး မောင်းလို့ရအောင် ပြောင်းခိုင်းဖို့ စဉ်းစားနေတာလား”

ချန်ဆီရွှမ်က မေးသည်။

“မဟုတ်ဘူး”

လင်းရှန်က ရယ်လိုက်ပြီး ပျင်းရိစွာ အကြောဆန့်ရင်း ပြောလိုက်သည်။

“ငါ့မှာ အခု အနာဂတ်စီမံကိန်းတွေ ပိုရှိလာပြီ၊၊ ငါက ရထားကို ကောင်းကင်ပေါ် ပျံတက်စေချင်တယ်လို့ အရင်က ပြောခဲ့ဖူးတယ် မဟုတ်လား”

ချန်ဆီရွှမ် အံ့သြသွားကာ မေးလိုက်သည်။

“အနန္တရထားကို ပျံသန်းနိုင်တဲ့ ရထားအဖြစ် ပြောင်းဖို့ ကြံနေတာလား”

လင်းရှန်၏ မျက်လုံးများသည် ကြယ်ပွင့်များကဲ့သို့ တောက်ပနေသည်။ ရှင်းဂျီ၏ စကားများက သူ့ကို အလွန်အားတက်စေခဲ့သည်။ ယခုအခါ သူသည် ကိုယ်ပေါင်ဓာတ်ပေါင်းဖိုလို စူပါစထရင်းနူဓာတ်ပြုအဆင့်သက်တန့်ကွင်းကို ပိုင်ဆိုင်ထားပြီး တိတ်ဆိတ်မြို့တော်၏ အကူအညီလည်း ရှိနေသဖြင့် အနန္တရထားစီမံကိန်းကို အပြီးသတ် ပြောင်းလဲပစ်ရန် သူ အမှန်တကယ်လုပ်နိုင်သည်။

“အတိအကျပြောရရင်တော့... အာကာသရထားကြီးပေါ့”

အာကာသအခြေစိုက်လက်နက်များ၊ ကြယ်သင်္ဘောအဆင့်အမြောက်ကြီးများ၊ ယန္တရားမြို့တော်များ၊ ဒရုန်းအုပ်စုများ၊ ဒစ်ဂျစ်တယ် သက်ရှိများ၊ လူသားပေါင်းစပ်နည်းပညာ—သူ၏ ယန္တရားစွမ်းအားသည် အကန့်အသတ်မရှိသော စိတ်ကူးစိတ်သန်းများနှင့် တိုးချဲ့နိုင်စွမ်းများရှိနေဆဲပင် ဖြစ်သည်။

….

“ဖီးနစ်အဖွဲ့အစည်းမှ ကမ္ဘာလုံးဆိုင်ရာ သတိပေးချက်၊ မနေ့ည ၂၃:၁၇ နာရီက ဥရောပစစ်ဇုန်ရှိ ရေဂျာဗစ် ၁၂ နိုင်ငံ ပူးပေါင်းကယ်ဆယ်ရေးစင်တာသည် ၁၀ ခုမြောက် တွင်းနက် ဒီရေမုန်တိုင်း၏ သက်ရောက်မှုဇုန်မှ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်၊၊ ဆုတ်ခွာစဉ်အတွင်း ၁၅ ကောင်မြောက် S-Class အဆင့် ထူးဆန်းသောသတ္တဝါ မြေလှိုင်းနှင့် ၁၆ ကောင်မြောက် S-Class အဆင့် ထူးဆန်းသောသတ္တဝါ ကိုဒီဗာတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံခဲ့ရပါသည်၊၊ အတည်ပြုချက်အရ စုစုပေါင်း သေဆုံးဒဏ်ရာရသူ ၁၁၂,၄၇၉ ဦး (အရပ်သားနှင့် စစ်သားများအပါအဝင်) ရှိခဲ့ပါသည်၊၊ လက်ရှိတွင် အသက်ရှင်ကျန်ရစ်သူများကို သတ်မှတ်ထားသော ခိုလှုံစခန်းများသို့ လုံခြုံစွာ ပို့ဆောင်ထားပြီး ဆေးဝါးနှင့် ရိက္ခာထောက်ပံ့မှုများကို စနစ်တကျ ဆောင်ရွက်ပေးနေပါသည်”

Chapter 709

စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်း ၂

“ဂျစ်… ဖီးနစ်အဖွဲ့အစည်းမှ ကမ္ဘာလုံးဆိုင်ရာ သတိပေးချက်၊ ဥရောပစစ်ဇုန်ရှိ အယ်လ်ပ်စောင့်ကြည့်ရေးသုတေသနအဖွဲ့မှ ဦးဆောင်သော ‘သွေးအဆီအနှစ်(သွေးပဲစေ့) သန့်စင်ခြင်း - အေးခဲအမှောင်ဒြပ်စင်ခွဲထုတ်ခြင်း’ စီမံကိန်းမှာ ထူးခြားသော အောင်မြင်မှုများရရှိခဲ့ပါသည်၊၊ သုတေသနအဖွဲ့သည် အေးခဲအမှောင်ဒြပ်စင်မှုန်များမှ တည်ငြိမ်သော ဓာတုစွမ်းအင်ဖြစ်သည့် ‘အမှောင်စွမ်းအင်’ ကို ပထမဆုံးအကြိမ် ထုတ်ယူနိုင်ခဲ့ပြီး ၎င်းသည် လေထုအတွင်းရှိ အမှောင်ညစ်ညမ်းမှုများကို သန့်စင်ရာတွင် ၁၈ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း အတည်ပြုနိုင်ခဲ့ပါသည်၊၊ ဤတွေ့ရှိမှုသည် လူသားမျိုးနွယ်အတွက် အမှောင်ထုကို တိုက်ဖျက်ရာတွင် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်လာပါသည်၊၊ ဖီးနစ်အဖွဲ့အစည်းသည် ကမ္ဘာလုံးဆိုင်ရာ ဌာနခွဲများနှင့် ပူးပေါင်းကာ ‘အမှောင်စွမ်းအင်’ ကို အသေးစိတ် ဆက်လက် သုတေသနပြုသွားမည်ဖြစ်ပြီး ၎င်းနည်းပညာကို သန္ဓေပြောင်းကူးစက်မှု တားဆီးရေးနှင့် ရေနှင့် အစားအစာသန့်စင်ရေးတို့တွင် ဦးစားပေး အသုံးပြုသွားမည် ဖြစ်ပါသည်...”

“ဂျစ်… အသက်ရှင်ကျန်ရစ်သူများ အားလုံး သတိပြုရန်- အမှောင်သန့်စင်ရေးနည်းပညာမှာ သိသာသောတိုးတက်မှုများ ရရှိနေပြီ ဖြစ်ပါသည်၊၊ စိတ်ဓာတ်မကျဘဲ မျှော်လင့်ချက်ထားကြပါ၊ စနစ်တကျ နေထိုင်ကြပါ၊၊ လူသားမျိုးနွယ်အားလုံး ဤအကျပ်အတည်းကို အတူတကွ ကျော်လွှားနိုင်ပါလိမ့်မည်”

“ဂျစ်… ဖက်ဒရေးရှင်း အာရုဏ်ဦးမြို့တော်မှ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ- အာရုဏ်ဦးမြို့တော်သည် S-Class-အဆင့် ထူးဆန်းသောသတ္တဝါ ‘မြူမီးခိုးမွန်းစတားကြီး’ ကို အသေအပျောက် ၀.၅ ရာခိုင်နှုန်းဖြင့် အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပါသည်၊၊ ၎င်းသည် လူသားမျိုးနွယ်အနေဖြင့် အမှောင်ထုကို ပထမဆုံးအကြိမ် လုံးဝဥဿုံအနိုင်ရရှိခြင်းဖြစ်ပါသည်၊၊ တစ်ချိန်တည်းမှာပင် အာရုဏ်ဦးမြို့တော်ရှိ အမှောင်စွမ်းအင်သန့်စင်စက်ရုံသည် စမ်းသပ်လည်ပတ်နေပြီဖြစ်ပြီး သန့်စင်မှုထိရောက်မှုမှာ ၉၅ ရာခိုင်နှုန်းကျော် ရှိပါသည်၊၊ မြို့တော်အတွင်း သန့်ရှင်းသော သောက်သုံးရေများကို ရရှိနိုင်ပြီ ဖြစ်ပါသည်၊၊ အာရုဏ်ဦးမြို့တော်သည် လူသားမျိုးနွယ်၏ အလင်းရောင် အမှန်တကယ်ဖြစ်ပါသည်၊၊ ယခုမှစ၍ အာရုဏ်ဦးမြို့သားများအတွက် မြို့ဝင်ကြေးများကို ပြန်လည်ပြင်ဆင်သတ်မှတ်မည် ဖြစ်ရာ စွန့်ပစ်ခရိုင်ဟောင်းတွင် နေထိုင်သူတစ်ဦးလျှင် တစ်လလျှင် သွေးပဲစေ့ ၂ ခု သို့မဟုတ် တန်ဖိုးညီမျှသော ကုန်စည်များ ပေးဆောင်ရမည်ဖြစ်ပြီး မြေအောက်ကြယ်မြို့တော် ဝင်ကြေးမှာ တတိယတန်းစား နိုင်ငံသားများအတွက် ၁၀၀၊ ဒုတိယတန်းစားအတွက် ၃၀၀ နှင့် ပထမတန်းစားအတွက် ၁၀၀၀ ထိ တိုးမြှင့်လိုက်ပါသည်...”

“ကျင်းဟိုင် လွတ်လပ်သော ရေဒီယို၊ အသေအပျောက် အစီရင်ခံစာ—”

[အနီရောင် ထိတ်လန့်ဖွယ်သတ္တဝါ သတိပေးချက်]

ကျင်းဟိုင် ရပ်ကွက်ဟောင်းတွင် အနီရောင် ထိတ်လန့်ဖွယ်သတ္တဝါ တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ပြီး ခိုလှုံစခန်း ၃ ခု ပျက်စီးသွားခဲ့သည်။

[ထွက်ပြေးရန် လမ်းကြောင်း]- အသက်ရှင်ကျန်ရစ်သူများအနေဖြင့် မြေအောက်ရေမြောင်းစနစ်မှတစ်ဆင့် ‘ယုံချန်ဆိပ်ကမ်း’ သို့ ရွှေ့ပြောင်းကြပါ၊ ထိုနေရာတွင် ဖီးနစ်အဖွဲ့အစည်း၏ ၉ ခုမြောက် ကင်းစခန်းမှ ယာယီခိုလှုံခွင့်ပေးထားပါသည်။

[အပြန်အလှန်ကူညီရေး တောင်းဆိုချက်]- ဆေးဝါး ခဲစေသောပစ္စည်းများနှင့် လျှပ်စစ်သံလိုက်လက်နက်များ အရေးပေါ် လိုအပ်နေပါသည်၊ ကြိမ်နှုန်း ၁၄၅.၇၇၀ မဂ္ဂါဟတ်ဇ်သို့ ဆက်သွယ်ပါ။

“ချီလျန်တောင်အနီးရှိ လူများ အားလုံး ချက်ချင်း ရှောင်တိမ်းကြပါ၊၊ ချီလျန်တောင် မြောက်ဘက်တွင် S-Class အဆင့် ထူးဆန်းသောသတ္တဝါကြီးရှိနေသည်ဟု သံသယရှိပါသည်၊၊ အာရုဏ်ဦးမြို့တော်မှ တပ်ဖွဲ့များ စေလွှတ်ထားသော်လည်း အတည်ပြုချက်မရသေးပါ”

“အရှက်မရှိလိုက်တာ၊၊ ပထမဆုံး S-Class အဆင့် သတ္တဝါကို နှိမ်နင်းနိုင်ခဲ့တာက ကျွန်မတို့နဲ့ ဖီးနစ်ပဲ မဟုတ်ဘူးလား”

တိတ်ဆိတ်မြို့တော်၏ အချက်ပြစနစ်နှင့် ချိတ်ဆက်မိသွားသဖြင့် အနန္တရထား၏ ရထားတွဲ (၂) တွင် ကီကီနှင့် ဒါရိုက်တာတင်းတို့သည် ရေဒီယိုနားထောင်နေကြသည်။ မီးတောက်နှင့် တာ့လိုတို့လည်း ထောင့်တစ်နေရာတွင် ထိုင်ရင်း ကီကီက ဖက်ဒရေးရှင်း၏ အရှက်မရှိသော လုပ်ရပ်ကို ဆဲဆိုနေသည်ကို နားထောင်နေကြသည်။

“မျက်နှာပြောင်တိုက်တာပဲ”

မီးတောက်က လက်ပိုက်ရင်း ဒေါသတကြီး ပြောလိုက်သည်။

“စီလန်မြို့မှာ ကျွန်မတို့ S-အဆင့် တစ်ကောင်ကို သတ်ခဲ့တာ သူတို့ သိသင့်တာပေါ့”

ရှုချင်းက မျက်မှောင်ကြုတ်ရင်း ပြောသည်။

“သိမှာပေါ့၊၊ ဖီးနစ်က တစ်ကမ္ဘာလုံးကို ကြေညာခဲ့တာပဲ၊၊ အသက်ရှင်ရစ်ကျန်တဲ့သူ အများကြီးသိကြတယ်” ရှားရှားက နှာခေါင်းရှုံ့ရင်း ပြောသည်။

“ကျွန်မအမြင်တော့ သူတို့က ကျက်သရေမရှိဘူး”

“ကပ္ပတိန်လင်း”

ထိုအချိန်တွင် ရှုချင်းက လင်းရှန် လမ်းလျှောက်ဝင်လာသည်ကို မြင်သဖြင့် ဝမ်းသာအားရခေါ်လိုက်သည်။

“လင်းရှန်… ရှင်သက်သာသွားပြီလား”

ကီကီက အားတက်သရော လှည့်ကြည့်လိုက်သည်၊၊

“မြန်မြန်လာ… ခုနက ရေဒီယိုကြေညာချက် ကြားလိုက်လား”

“ကြားတယ်” လင်းရှန်က ရထားတွဲ (၂) ထဲသို့ ဝင်လာရင်း ပြောလိုက်သည်။

“လူ ၆ သိန်းကျော်မှာ အသေအပျောက် ၀.၅ ရာခိုင်နှုန်းဆိုတာ လူ ၃ သောင်းကျော် သေတာပဲ၊၊ ဒါက နည်းပါးတဲ့အရေအတွက် မဟုတ်ဘူး၊၊ မီဒီယာက တကယ်ကို အသုံးဝင်တဲ့ လက်နက်ပဲ၊၊ ဖက်ဒရေးရှင်းက ဖီးနစ်ထက် သာအောင် လုပ်ချင်နေတာ… ပြီးတော့ ဒါကို အခွင့်ကောင်းယူပြီး မြို့ဝင်ကြေးတွေ တိုးချင်နေတာ လူတိုင်းမြင်နိုင်တာပဲ”

ထို့နောက် သူက တင်းကျန်းရီကို ကြည့်လိုက်သည်။

“ဒါရိုက်တာတင်း”

“အင်း”

“လက်ဒဏ်ရာတွေ သက်သာသွားပြီလား”

“အမှောင်စွမ်းအင်နဲ့ ပတ်သက်လို့တော့ ရှင်းဂျီနဲ့ စကားပြောပြီးပြီ... ဟင်.. လက်လား”

တင်းကျန်းရီသည် လင်းရှန်က ဖက်ဒရေးရှင်းနှင့် ဖီးနစ်တို့ ပြောနေသော အမှောင်စွမ်းအင်အကြောင်း မေးလိမ့်မည်ဟု ထင်ထားသော်လည်း လင်းရှန်က သူမ၏ ကျန်းမာရေးကို အရင် စိုးရိမ်ပေးသဖြင့် အံ့သြသွားကာ မျက်မှန်ကိုပြင်လိုက်ပြီး စကားပြန်ပြောလိုက်ရသည်။

“အော်... အများကြီး သက်သာသွားပါပြီ”

လင်းရှန်၏ အကြည့်က ရထားတွဲအတွင်းသို့ ဝေ့ကြည့်လိုက်ရာ သန့်စင်စွမ်းအင်များ ပြည့်လျှံနေပြီး သွေးကပ်ဘေးပန်းသည် အဆက်မပြတ် အသွင်ပြောင်းနေသည်။ ငွေနဂါးဆယ်ဆပန်းသည် ပန်းပွင့်လေးပျောက်ကွယ်သွားပြီး သာမန်ကပ်ဘေးပင်တစ်ပင်အသွင် ပြန်ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် လီယီ၊ လျန်လေး၊ လူအိုကြီးမို၊ ရှောင်ယွမ်နှင့် တခြားသူများလည်း ထိုနေရာတွင် စုဝေးနေကြပြီး အားလုံးက သူ၏ အခြေအနေကို စောင့်နေကြပုံရသည်။

လင်းရှန်က တိုက်ရိုက်ပင် ပြောလိုက်သည်။

“အားလုံးပဲ… ရထားတွဲထဲမှာပဲ မနေကြနဲ့၊၊ လွတ်လွတ်လပ်လပ် သွားလို့ရပါတယ်၊၊ အဆက်အသွယ်တော့ မပြတ်စေနဲ့… လောလောဆယ် ကျုပ်တို့ ဘာမှထူးထူးခြားခြားလုပ်ဖို့ မရှိသေးဘူး”

လင်းရှန်၏ စကားကို ကြားသောအခါ အားလုံးက ချက်ချင်းပင် စိတ်အေးသွားကြပြီး ခေါင်းငြိမ့်လိုက်ကြသည်။

“ကောင်းပါပြီ”

“ကပ္ပတိန်လင်း ကျွန်တော် ချက်ချင်း ထုတ်ပြန်လိုက်ပါ့မယ်”

“တိတ်ဆိတ်မြို့တော်မှာ သွေးပဲစေ့တွေနဲ့ အရောင်းအဝယ် လုပ်နေကြတယ်၊၊ ကျွန်မတို့လည်း ပြင်ဆင်ထားသင့်လား”

ချန်ဆီရွှမ်က မေးသည်။

“ဒါပေါ့”

လင်းရှန်က ခေါင်းငြိမ့်ပြကာ “ခဏနေရင် ရှင်းဂျီနဲ့ စကားပြောလိုက်ဦးမယ်၊၊ အားလုံးက မြို့တော် (၂) ထဲမှာ လျှောက်ကြည့်လို့ရပါတယ်၊၊ အခု အခြေအနေအရ ဒီညတော့ တိုက်ပွဲဖြစ်မှာ မဟုတ်ဘူး”

“ကျွန်မတို့ရဲ့ အမှတ်အသားတွေ အားလုံးကို ဖယ်ရှားပြီးပြီ၊၊ အခု တိတ်ဆိတ်မြို့တော်တစ်ခုလုံးက ငြိမ်သက်ခြင်းအခြေအနေမှာ ရှိနေတယ်”

ကီကီက ပြောသည်။

“ဖီးနစ်မြို့တော်က တည်ငြိမ်မှု ရှိဖို့အတွက် ဒီအခြေအနေကို အကြာကြီး ထိန်းထားတာလို့ ပြောကြတယ်”

အားလပ်ချိန်ရပြီဖြစ်ရာ လူတိုင်းသည် အပြင်ထွက်လည်ပတ်ရန် ထွက်ခွာသွားကြပြီး လင်းရှန်နှင့် အချို့သောသူများသာ ရထားတွဲအတွင်း ကျန်ရစ်ကာ အမှောင်စွမ်းအင်သတင်းအသစ်အကြောင်း ဆွေးနွေးနေကြသည်။

ထို့အပြင် လှပသော ကချေသည်အမျိုးအစား စက်ရုပ်နှစ်ရုပ်ဖြစ်သော ဂရေ့စ်နှင့် ကချေသည် ၀၁ တို့လည်း ရှိနေသည်။

ယခုအခါ ရထားအတွင်းရှိ စနစ်များနှင့် ကချေသည် ၀၁ အပါအဝင် စက်ရုပ်အမျိုးမျိုးကို ဂရေ့စ်မှတစ်ဆင့် ထိန်းချုပ်ခိုင်းထားပြီး ဂရေ့စ်ကိုမူ လင်းရှန်က တိုက်ရိုက်အမိန့်ပေးသည်။

“အဖွဲ့အစည်းကြီးတွေက ဒီဓာတုစွမ်းအင်ကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာကြပြီ၊၊ တိတ်ဆိတ်မြို့တော်ကတော့ တွင်းနက် အမှတ် (၅) ထဲမှာ ဒီစွမ်းအင်ကို တွက်ချက်မှုပုံသေနည်းတွေ သုံးပြီး စမ်းသပ်မှုတွေ အများကြီး လုပ်ခဲ့ပြီးပြီ၊၊ ဖီးနစ်ရဲ့ တိုးတက်မှုနဲ့ တွဲကြည့်မယ်ဆိုရင် ၁၈ ရာခိုင်နှုန်း သန့်စင်နိုင်တယ်ဆိုတာ ဖြစ်နိုင်ခြေရှိပါတယ်”

တင်းကျန်းရီက ဂရေ့စ်ကို ကြည့်လိုက်သည်။

“ရှင်းဂျီက သူ့ရဲ့ ပုံသေနည်းကို ကျွန်မကို ပေးထားတယ်၊၊ ကျွန်မလည်း ဂရေ့စ်ရဲ့ Ai သုံးပြီး စမ်းသပ်ကြည့်ပြီးပြီ၊၊ ဒီဓာတုစွမ်းအင်က အမှောင်ညစ်ညမ်းမှုကို သန့်စင်ပေးနိုင်တဲ့အာနိသင် တကယ်ရှိတယ်၊၊ ပိုပြီး တိတိကျကျ ပြောရရင် ဒီအမှောင်စွမ်းအင်က အမှောင်ထုရဲ့ စွမ်းအားကနေ ဆင်းသက်လာတာပဲ၊၊ အေးခဲအမှောင်ဒြပ်စင်မှုန်တွေရဲ့ ပိုကျယ်ပြန့်တဲ့ ပုံစံတစ်ခုလို့ နားလည်လို့ရတယ်”

All Chapters