← Chapters

အခန်း (၂၂၆၇-၂၂၆၈)

Vol. 167 Ch. 2267-2268

အခန်း (၂၂၆၇-၂၂၆၈)

Vol. 167 Ch. 2267-2268

အခန်း(၂၂၆၇)

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် အေးစက်သွားခဲ့သည်။

“ဒီသတင်းက အမှန်ပဲလား”

“အခု ဒီသတင်းက ပျံ့နှံ့နေပြီဆိုတော့ အတုတော့ မဖြစ်နိုင်လောက်ဘူး”

ဖုန်းယန်က လေးနက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်‌တော့်လို ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ အကြွင်းအကျန်တွေကို ဆွဲဆောင်ဖို့ အတွက် တမင်တကာ သတင်းလွှင့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်”

“ငါငွေတောင်ပံမိုးကြိုးလင်းယုန် မျိုးနွယ်စုက လူတွေကို ဆက်သွယ်ပြီး သတင်း စုံစမ်းခိုင်းလိုက်ရင် မကောင်းဘူးလား”

ထိုအချိန်မှာပင် လဲ့လင်က ဝင်ရောက် ပြောဆိုလိုက်သည်။

ကျန်းချန်က လက်ကာပြလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

“ဒုက္ခခံမနေပါနဲ့.. တောင်ပံနက် ခွန်ပံမျိုးနွယ်စုဆီ တိုက်ရိုက်သွားကြတာပေါ့”

မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် ရှိစဥ်က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘေး ဖြစ်သည့် ရွှေတောင်ပံလင်းယုန်ကြီးကို ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုအား စောင့်ရှောက်ပေးမည်ဟု သူ ကတိပေးခဲ့ဖူးသည်။

ယခုအခါ တောင်ပံနက် ခွန်ပန်မျိုးနွယ်စုသည် ဟော်ထျန်းယန်ကို ဖမ်းဆီးထားခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် သူက တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဆီသို့ သွားကာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ နယ်မြေကို ပြန်ယူပေးရင်း နတ်ကုန်းမြေတိုက်ဆီ ပြန်လာနိုင်အောင် တစ်ခါတည်း အကူအညီပေးရန် ဆုံးဖြတ်လိုက်သည်။

ကျန်းချန်၏ စကားကို ကြားလျှင် ဖုန်းယန်သည် အံ့အားသင့်သွားခဲ့သည်။

သူက အနည်းငယ် ဒွိဟ ဖြစ်နေခဲ့သည်။

“အစ်ကိုကျန်းချန်.. တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက အားမနည်းဘူး.. ကျွန်တော်တို့ အစ်ကိုထျန်းယန်ကို ကယ်ဖို့သွားမယ်ဆိုရင်တောင် အစီအစဥ်တစ်ခု သေသေချာချာ ဆွဲသင့်တယ်လို့ မထင်ဘူးလား”

တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ မျိုးနွယ်စု သုံးခုထဲမှ တစ်ခု ဖြစ်သည်။

နတ်ကုန်းမြေတိုက် တစ်ခုလုံးကို ကြည့်လျှင်ပင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် အလယ်အလတ်အဆင့်ရှိ နတ်ဘုရင်အင်အားစုတစ်စု ဖြစ်သည်။

ကျန်းချန်သည် အလွန်တရာ အစွမ်းထက်ပြီး သာမန် နတ်ဘုရင်များက သူ့ကို မယှဥ်နိုင်သော်လည်း သူတစ်ဦးတည်းဖြင့် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု တစ်ခုလုံးကို ရင်ဆိုင်ရန်မှာမူ မလွယ်ကူနိုင်ပေ။

ထို့အပြင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ နောက်ကွယ်တွင် ပိုမို အစွမ်းထက်သည့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု ရှိနေသေးသည် မဟုတ်ပါလား။

“အစီအစဥ်လား.. အဲဒါတွေမလိုပါဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“မင်းအနေနဲ့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့နယ်မြေတွေကို ပြန်လိုချင်တယ်ဆိုရင် ငါ့နောက်ကနေ တောင်ပံနက်ခွန်ပန်မျိုးနွယ်စုဆီ လိုက်ခဲ့ရုံပါပဲ”

ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူကိုပင် ထိပ်တိုက် ရင်ဆိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။

အကယ်၍ မဟာနဂါးကျောက်တိုင်ကိုသာ ထုတ်သုံးလိုက်လျှင် နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူပင်လျှင် သူ့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

တောင်ပံနက်ခွန်ပန်မျိုးနွယ်စုကို မပြောနှင့်၊ ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စုမှ မွန်းစတားအိုကြီး ရောက်လာလျှင်ပင် သူ့ကို မည်ကဲ့သို့ အရေးယူနိုင်ပါမည်နည်း။

“အစ်ကိုကျန်းချန်.. ကျွန်တော် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ နယ်မြေကို ပြန်ယူချင်ပါတယ်”

ကျန်းချန်၏ စကားကို ကြားလျှင် ဖုန်းယန်သည် လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်မိသည်။

ဤနှစ်ပေါင်းများစွာ အတွင်း ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အကြီးမားဆုံး ဆန္ဒသည် ၎င်းတို့ ပိုင်ဆိုင်ခဲ့သော နယ်မြေကို ပြန်လည် ရယူပြီး နတ်ကုန်းမြေတိုက်ဆီ ပြန်လာနိုင်ဖို့ပင် မဟုတ်ပါလော။

“ကောင်းပြီ.. ဒါဆို တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဆီ တိုက်ရိုက်သွားကြတာပေါ့”

ဖုန်းယန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်များ လင်းလက်သွားခဲ့၏။

ကျန်းချန်အပေါ်တွင် သူ၏ နားလည်ထားမှုအရ ကျန်းချန်က တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဆီ ခေါ်သွားပြီး နယ်မြေ ပြန်ယူပေးမည်ဟု ပြောရဲလျှင် ကျန်းချန် ထံတွင် သေချာပေါက် ယုံကြည်ချက် တစ်ခုခု ရှိနေ၍သာ ဖြစ်ပေလိမ့်မည်။

ဆိုရလျှင် ယနေ့ သူပိုင်ဆိုင်သမျှ အရာအားလုံးသည် ကျန်းချန် သူ့ကို ပေးခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ရှုံးနိမ့်သွားခဲ့လျှင်ပင် အဆိုးဆုံးအနေဖြင့် သေရုံသာရှိသည် မဟုတ်ပါလား။

လဲ့လင်၏ မျက်ဝန်းထဲတွင်လည်း ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

“အစ်ကိုကျန်းချန်.. ကျွန်‌တော် ငွေတောင်ပံ မိုးကြိုးလင်းယုန် မျိုးနွယ်စုဆီ ပြန်သွားပြီး စစ်ကူတောင်းလိုက်မယ်”

ဖုန်းယန်နှင့် နှိုင်းယှဥ်လျှင် လဲ့လင်သည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ နယ်မြေကို ကျန်းချန်က ပြန်လည်ရယူနိုင်မည်ဟု ပို၍ ယုံကြည်မှု ရှိနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ကျန်းချန်နှင့် သွေးရောင်အရိုးစုတို့၏ တိုက်ပွဲကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရ၍ပင်။

ထိုသွေးရောင်အရိုးစုသည် လော့ရှင်းဟယ် ကဲ့သို့ နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်ခဲ့သည့် တည်ရှိမှုမျိုး ဖြစ်၏။

ကျန်းချန်က ထိုသွေးရောင်အရိုးစုကိုပင် ယှဥ်တိုက်နိုင်ခဲ့သည်ဖြစ်ရာ အနည်းဆုံး နတ်ဘုရင်သတ္တမအဆင့် သို့မဟုတ် အဋ္ဌမအဆင့်နှင့် ယှဥ်နိုင်သော ခွန်အား ရှိနေခဲ့ပြီ မဟုတ်ပါလော။

ဤအဆင့်ရှိ ခွန်အားသည် နတ်ကုန်းမြေတိုက်၏ အသန်မာဆုံး နတ်ဘုရင် စာရင်း၌ ထည့်သွင်း၍ရနေပြီ ဖြစ်သည်။

တောင်ပံနက်ခွန်ပန်မျိုးနွယ်စုကို မပြောနှင့်၊ ကောင်းကင်ခွန်ပန်မျိုးနွယ်စုပင် ကျန်းချန်ကို အတိုင်းအတာ တစ်ခု ကြောက်ရွံ့ရပေလိမ့်မည်။

ကျန်းချန်၏ အကူအညီဖြင့်သာ ဆိုလျှင် ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စုသည် နယ်မြေကို ပြန်လည်ရရှိပြီး နတ်ကုန်းမြေတိုက်ဆီ ပြန်လာနိုင်ရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်တော့ပေ။

အလယ်ပိုင်းဒေသ၏ အနောက်တောင်ဘက် အရပ်တွင် မြင့်မားသော တောင်ထွတ် တစ်ခုသည် မှိန်ဖျော့ဖျော့‌ ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေခဲ့ပြီး မြင်ရသူကို အလွန်ကြီးကျယ်ခမ်းနားသော ခံစားမှုအား ပေးစွမ်းနေခဲ့၏။

ဤတောင်မှာ အလယ်ပိုင်းဒေသ၏ နာမည်ကျော် ကျင်းယန်တောင် ဖြစ်သည်။

မူလက ထိုတောင်တန်းသည် နတ်ကုန်းမြေတိုက်ရှိ ထိပ်သီးမျိုးနွယ်စု ဖြစ်သော ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု တည်ရှိရာ နေရာ ဖြစ်သည်။

နောက်ပိုင်းတွင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနှင့် စစ်ပွဲတွင် ရှုံးနိမ့်သွားခဲ့ပြီး နတ်ကုန်းမြေတိုက်ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ဤကျင်းယန်တောင်ကိုမူ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ မျိုးနွယ်စု သုံးစုထဲမှ တစ်စု ဖြစ်သော တောင်ပံနက် ခွန်ပန် မျိုးနွယ်စုက သိမ်းပိုက်လိုက်ပြီး တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ နယ်မြေ ဖြစ်လာခဲ့သည်။

ကျင်းယန်တောင်၏ တောင်ထိပ်တွင် ရွှေရောင်ကျောက်တုံးများဖြင့် ခင်းကျင်းထားသော ရင်ပြင်တစ်ခု ရှိ၏။

ရင်ပြင်၏ အလယ်ဗဟိုရှိ ကြီးမားလှသော ရွှေရောင်ကျောက်တိုင်လုံးကြီးတွင် အနီရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ချည်နှောင်ခံထားရသည်။

လူငယ်၏ မျက်နှာသည် အလွန်တရာပင် ဖြူဖျော့နေခဲ့၏။

ထိုအနီရောင်ဝတ်စုံဝတ် လူငယ်သည် တခြားသူ မဟုတ်ပေ။

ဖုန်းယန်နှင့်အတူ နတ်ကုန်းမြေတိုက်သို့ ရောက်လာခဲ့သည့် ဟော်ထျန်းယန်ပင် ဖြစ်၏။

ရင်ပြင်ထက်တွင် ထူးခြားသော အရှိန်အဝါများ ရှိသည့် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ တပည့်အချို့သည် ဟော်ထျန်းယန်ကို စောင့်ကြပ်ရန် တာဝန်ယူထားကြသည်။

၎င်းတို့ကို ဦးဆောင်သူမှာ တခြားသူ မဟုတ်ပေ။

အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေခဲ့လျှင် ၎င်းကိုချက်ချင်းဆိုသလို မှတ်မိလိမ့်မည် ဖြစ်သည်။

ဆိုရလျှင် ထိုလူသည် ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေတွင် ကျန်းချန်နှင့် တွေ့ဆုံခဲ့ဖူးသည့် ယိုဝူလင်းဖြစ်သည်။

ယခင်က အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ကျင့်ကြံသူ ဖြစ်သော ယိုဝူလင်းသည် ယခုအခါတွင် ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့် အထိ တောက်လျှောက် ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်သည်။

တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ တပည့်တစ်ဦးက ပျင်းရိစွာဖြင့် ပြောလိုက်သည်။

“အစ်ကိုဝူလင်း.. ဒီကောင်က တကယ်ပဲ ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စုရဲ့ အကြွင်းအကျန်တွေကို ဆွဲဆောင်နိုင်ပါ့မလား"

"ငါတော့ သိပ်မထင်ဘူး.. ငါသာဆိုရင် တကူးတက လာအသေခံမှာ မဟုတ်ဘူး”

ယိုဝူလင်း ပြန်မဖြေရသေးမီမှာပင် အခြားတစ်‌ယောက်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

“သူတို့ကို ဆွဲဆောင်နိုင်မလားဆိုတာ နောက်ရက် အနည်းငယ်အတွင်း သိရတော့မှာပါ.. သူက လူကယ်ဖို့‌ ရောက်မလာဘူးဆိုရင်တောင် ငါတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက သူ့ကို ထွက်လာအောင် လုပ်နိုင်ပါသေးတယ်”

ထိုစကားကိုပြောနေစဥ် ယိုဝူလင်း၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေတွင် သူသည် ထိုမျိုးနွယ်စုမှ သူများနှင့် တွေ့ဆုံခဲ့ဖူးပြီး အရှက်တကွဲ ထွက်ပြေးခဲ့ရဖူးသည်။

ဤကိစ္စသည် ယိုဝူလင်း၏ စိတ်နှလုံးထဲတွင် အမြဲတစေ အရှက်ရစရာ ကိစ္စတစ်ခု ဖြစ်နေခဲ့၏။

အကယ်၍ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှ လူများဖြင့်သာ ပြန်တွေ့လျှင် ထိုအချိန်က အရှက်ကွဲခဲ့ရမှုများကို ဆယ်ဆပြန်လည် ပေးဆပ်စေမည်ဟု သံန္နိဋ္ဌာန် ချထားခဲ့သည်။

“ဝုန်း..”

ယိုဝူလင်း၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် လေထုထဲတွင် ရုတ်တရက် ထူးဆန်းသော အသံတစ်ခုသည်ပဲ့တင်ထပ်သွားခဲ့သည်။

မကြာမီမှာပင် ကမ္ဘာလောကကြီးကို ဖိနှိပ်နိုင်သော အစွမ်းထက် အရှိန်အဝါတစ်ခုသည် အဝေးရှိ ကောင်းကင်ယံကနေ ပျံ့လွင့်လာခဲ့၏။

ယိုဝူလင်းတို့ လူစုက မော့ကြည့်လိုက်ကြရာ အလွန်တောက်ပသော ဓားအလင်းသည် လေထဲကနေ ပျံသန်းလာခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားအလင်းသည် ရင်ပြင်၏ အလယ်ဗဟိုရှိ ကျောက်တိုင်လုံး ရှေ့သို့ ရုတ်တရက် ဆင်းသက်လာခဲ့၏။

ယိုဝူလင်းတို့လူစုက ဓားအလင်းကို အသေအချာ စိုက်ကြည့်လိုက်သောအခါ ပုံရိပ်နှစ်ခုသည် သူတို့၏ မြင်ကွင်းထဲသို့ တိုက်ရိုက်ပင် ပေါ်ထွက်လာခဲ့သည်။

ထိုပုံရိပ်နှစ်ခုမှာ တောင်ပံနက် ခွန်ပန်မျိုးနွယ်စုသို့ ရောက်ရှိလာသော ကျန်းချန်နှင့် ဖုန်းယန် တို့ပင် ဖြစ်သည်။

ဤအချိန်တွင် ကျောက်တိုင်လုံးတွင် ချည်နှောင်ခံထားရသော ဟော်ထျန်းယန်သည် ကျန်းချန်တို့ နှစ်ဦး၏ အရှိန်အဝါကို ခံစားမိသွားပြီး မှိတ်ထားသော သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

သူ့ရှေ့တွင် ပေါ်လာသော ကျန်းချန်တို့ နှစ်ဦးကို မြင်လျှင် သူ၏မျက်နှာထက်၌ အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန်က သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဟော်ထျန်းယန်ကို ချည်ထားသော ကြိုးများသည် ပြေသွားခဲ့သည်။

ထို့နောက်တွင် သူက ဟော်ထျန်းယန်ကို ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ညီနောင်ထျန်းယန်.. အဆင်ပြေရဲ့လား”

“စိတ်မပူပါနဲ့.. ငါမသေနိုင်သေးပါဘူး”

ဟော်ထျန်းယန်က အနည်းငယ် အညောင်းဆန့်လိုက်ပြီး စူးစမ်းစွာ မေးလိုက်သည်။

“ကျန်းချန်.. မင်းက ဘယ်လိုလုပ်ပြီး ဖုန်းယန်နဲ့အတူ ရှိနေတာလဲ”

သို့သော်လည်း ကျန်းချန် ပြန်မဖြေရသေးမီမှာပင် အေးစက်စက် အသံတစ်သံသည် ကျန်းချန်၏ နားထဲကို ဝင်ရောက်လာခဲ့သည်။

“ကောင်းတယ် သိပ်ကောင်းတယ်.. မင်းတို့လို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ အကြွင်းအကျန်တွေက ငါတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဆီကို လာရဲလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...ကောင်းကင်ဘုံကို သွားတဲ့လမ်း ရှိပေမဲ့ မင်းတို့က မသွားဘဲ သွားလမ်းမရှိတဲ့ ငရဲဘုံကိုမှ မင်းတို့က အတင်း တိုးဝင်လာကြတယ်.. ဒီနေ့တော့ ငါယိုဝူလင်းက မင်းတို့ကို အစအနတောင် မကျန်ရှိ‌အောင် သတ်ပစ်မယ်”

အခန်း(၂၂၆၇)ပြီး၏။

အခန်း(၂၂၆၈)

ကျန်းချန်က အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်ရာ သူ၏အကြည့်သည် ယိုဝူလင်း၏ ကိုယ်ပေါ်သို့ လျင်မြန်စွာ ကျရောက်သွားခဲ့သည်။

“ယိုဝူလင်း မင်းကိုး”

ကျန်းချန်က မရယ်နိုင်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေထဲတွင် သူ၏ လက်ထဲ၌ ရှုံးနိမ့်ခဲ့ဖူးသည့် တောင်ပံနက်ခွန်ပန်မျိုးနွယ်စုမှ ပါရမီရှင်ကို သူမှတ်မိနေပါသေးသည်။

ယိုဝူလင်းက ကျန်းချန်ကို စူးစိုက်ကြည့်နေခဲ့၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အေးစက်စက် အငွေ့အသက်များ လွှမ်းခြုံနေခဲ့သည်။

“ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေမှာ ငါဆုံးရှုံးခဲ့သမျှကို ဒီနေ့ မင်းလက်ထဲကနေ ငါကိုယ်တိုင် ပြန်ယူမယ်”

ယိုဝူလင်းက အေးစက်စက် ရေရွတ်လိုက်သည်။

“ဝုန်း..”

ထို့နောက်တွင် ကြယ်နှစ်ပွင့် ကောင်းကင်အဆင့် အရှိန်အအဝါသည် အင်အားအပြည့်အဝဖြင့် ပေါက်ကွဲထွက်လာခဲ့ပြီး ယိုဝူလင်း၏ ကျောဘက်တွင် ကြီးမားသော အနက်ရောင် တောင်ပံတစ်စုံ ပြန့်ကား၍ ထွက်လာခဲ့သည်။

ယိုဝူလင်းက ကျန်းချန် ဆီသို့ ပျံသန်းလာခဲ့ပြီး သူ၏ အနက်ရောင် တောင်ပံတစ်စုံဖြင့် တိုက်ခိုက်လိုက်သည်။

သူ၏ တောင်ပံတစ်စုံသည် ကောင်းကင်ဓား ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

ဒေါသ၏ စေစားရာအောက်တွင် ယိုဝူလင်းသည် အစွမ်းကုန် တိုက်ခိုက်လိုက်တော့သည်။

ယခင်ကနှင့်ယှဥ်လျှင် သူ၏ စွမ်းအားသည် များစွာ ကွာခြားသွားခဲ့ပြီ ဖြစ်၏။

ကျန်းချန်က တည်ငြိမ်စွာဖြင့်ပင် လက်တစ်ဖက်ကို မြှောက်ကာ သူ၏ လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။

ရုတ်တရက် ကောင်းကင်တိုင်လုံးကြီးများနှင့် ဆင်တူသော လက်ချောင်း နှစ်ချောင်းသည် သူ့ထံသို့ ဝင်ရောက်လာသည့် အနက်ရောင်တောင်ပံကို ပြုတ်တူဖြင့် ညှပ်လိုက်သကဲ့သို့ မြဲမြံစွာ ဖမ်းညှပ်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်က လက်ချောင်းကို တစ်ချက်မျှ လှုပ်ခတ်လိုက်ရာ အနက်ရောင်တောင်ပံသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့သည်။

ယိုဝူလင်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း တုန်ယင်သွားခဲ့ပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေပေါင်းရာချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

ကျန်းချန်က သူ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါရပ်နေခဲ့ပြီး ယိုဝူလင်းကို အထက်စီးဆန်စွာ ကြည့်လိုက်သည်။

သူ၏ အေးစက်စက် အသံသည် ရင်ပြင်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ယိုဝူလင်း.. ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေမှာတုန်းကလည်း မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး.. အခုဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး.. ယိုယွဲ့နတ်ဘုရင် ဘယ်မှာလဲ.. ထွက်လာပြီး ငါ့ကို လာတွေ့ခိုင်းလိုက်”

ကျန်းချန်၏ စကားမဆုံးမီမှာပင် ရင်ပြင်၏ အနောက်ဘက်ရှိ တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ အတွင်းဘက်ကနေ ရုန့်ရင်းသော အရှိန်အဝါများသည် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် ပုံရိပ် ဆယ်ခုကျော်သည် ရင်ပြင်အထက်ရှိ လေထုထဲတွင် ပေါ်လာခဲ့၏။

ဦးဆောင်လာသူမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပိန်ပါးပါး အဘိုးအိုတစ်ဦး ဖြစ်သည်။

ထိုအဘိုးအိုသည် တခြားသူ မဟုတ်ပေ။

ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေတွင် ကျန်းချန်နှင့် တိုက်ခိုက်ခဲ့ဖူးသည့် ယိုယွဲ့ နတ်ဘုရင်ပင် ဖြစ်၏။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“ယိုယွဲ့ နတ်ဘုရင် မတွေ့ရတာတောင် အတော်ကြာပြီပဲ.. ကျန်းခန့်သာလို့မာပါစ”

“ကောင်လေး.. လက်စသတ်တော့ မင်းဖြစ်နေတာကိုး”

ယိုရွဲ့နတ်ဘုရင်က မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ အိုမင်းသောမျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အမူအရာများ ထွက်ပေါ်လာခဲ့သည်။

ထိုစဥ်က ဤကောင်လေးသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေတွင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ ပါရမီရှင် တပည့်ပေါင်း များစွာကို သတ်ဖြတ်ခဲ့ရုံသာမက သူ၏ ကိုယ်ပွားကိုပင် သတ်ပစ်ခဲ့သည်။

နောက်ပိုင်းတွင် သူက ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်မှ ကျင်းဖန်းနတ်ဘုရင်နှင့် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုမှ ချင်းယွမ် နတ်ဘုရင်တို့နှင့်အတူ ကျန်းချန်ကို ဖမ်းဆီးရန် လုပ်ဆောင်ခဲ့သော်လည်း အဆုံးသတ်တွင် ထိုကောင်လေးသည် လွတ်မြောက်သွားခဲ့သည်။

ကျန်းချန်သည် သူ၏ ကိုယ်ပွားကိုပင် သတ်ဖြတ်ခဲ့သည် ဖြစ်၍ ယိုယွဲ့ နတ်ဘုရင် အတွက် ကျန်းချန်သည် ဤကမ္ဘာပေါ်တွင် အမုန်းတီးဆုံးလူ ဆိုလည်း မမှားပေ။

ယခု ကျန်းချန်ကို ထပ်မံ မြင်တွေ့နေရသောအခါ ယိုယွဲ့ နတ်ဘုရင်သည် အဘယ်ကြောင့် ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။

ကျန်းချန်က ယိုယွဲ့ နတ်ဘုရင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ငါ နတ်ကုန်းမြေတိုက်ဆီကို လာပြီး မင်းတို့ကို တစ်ယောက်ချင်းစီ စာရင်းရှင်းမယ်ဆိုတာ မှတ်မိသေးလား”

“ဟားဟား လေလုံးထွားမနေနဲ့ ကောင်လေး.. မင်းဘယ်လောက်ပဲ ထူးချွန်ပါစေ.. ငါတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှာ လာရောက် ရမ်းကားဖို့အထိတော့ အရည်အချင်း မရှိသေးဘူး”

စကားဆုံးသည်နှင့် ယိုယွဲ့ နတ်ဘုရင်က သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကောင်းကင်ယံကနေ ကျန်းချန်ကို ဖမ်းဆုပ်ရန် ပြင်လိုက်သည်။

အလွန်တရာကြီးမားလှသော ဧရာမ လက်ဖဝါး တစ်ဖက်သည် လေထုထဲကနေ ကျန်းချန် ဆီသို့ ဆင်းသက်လာခဲ့၏။

ကျန်းချန်က ယိုယွဲ့ နတ်ဘုရင်၏ ဧရာမလက်ဝါးကို လက်ချောင်းမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်။

“ဝုန်း..”

သာမန်ဟုသာ ထင်ရသော ဓားစွမ်းအားသည် ယိုယွဲ့ နတ်ဘုရင်၏ ဧရာမလက်ဝါးကို ချေမှုန်းလိုက်ရုံသာမက ယိုယွဲ့ နတ်ဘုရင်၏ ခန္ဓာကိုယ်ကိုပါ ထိမှန်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ယိုယွဲ့ နတ်ဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပေတစ်ထောင်ခန့် လွင့်စင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

“မင်း.. မင်းတကယ်ပဲ နတ်ဘုရင်အဆင့်ကို ထိုးဖောက်သွားခဲ့ပြီလား”

ယိုယွဲ့ နတ်ဘုရင်က တည်ငြိမ်စွာ ရပ်နေသော ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

သူ၏ ဖြူဖျော့သော မျက်နှာထက်တွင် ထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ထိုအချိန်က ကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိသေးသော ကောင်လေးသည် ဆယ်စုနှစ် တစ်ခုကျော် အတွင်းမှာပင် နတ်ဘုရင်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။

ထိုကောင်လေးသည် သူနှင့် တွေ့စဥ်က သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါးသာ ဖြစ်သည်။

ယခု နတ်ဘုရင်အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ဖြင့် နတ်ဘုရင်အဆင့်သို့ ထိုးဖောက်သွားသည်မှာ သေချာသလောက်ပင်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ပါဝင်ရန်ပင် လုံလောက်၏။

ဆိုရလျှင် သူ၏ နတ်ဘုရင်ဒုတိယအဆင့် ခွန်အားဖြင့် နတ်ကုန်းမြေတိုက်၏ ထိပ်တန်း ပါရမီရှင်တစ်ယောက်ကို မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။

“ဟားဟား ယိုယွဲ့ နတ်ဘုရင်.. မင်းက အရင်နှစ်တွေကလိုပဲ ထင်နေတာလား.. အခုအချိန်မှာ မင်းလို နတ်ဘုရင်ဒုတိယအဆင့်က င့ါရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး”

ကျန်းချန်က ယိုယွဲ့နတ်ဘုရင်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“မင်းတို့ တောင်ပံနက် ခွန်ပန်မျိုးနွယ်စုမှာ နတ်ဘုရင်အဆင့် ကျင့်ကြံသူတွေ ရှိနေသေးတာ ငါသိတယ်.. သူတို့အားလုံးကို ထွက်လာခိုင်းလိုက်ပါ”

ယိုယွဲ့နတ်ဘုရင်က သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။

ထို့နောက်တွင် တွေဝေမနေတော့ဘဲ အနက်ရောင်တံဆိပ်ပြား တစ်ခုကို ထုတ်ယူကာ လှုံ့ဆော်လိုက်၏။

တောင်ပံနက်ခွန်ပန် မျိုးနွယ်စုတွင် အစွမ်းထက် နတ်ဘုရင်ခြောက်ပါးရှိပြီး ၎င်းတို့ကို တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ဘိုးဘေးများဟု ခေါ်ဝေါ်ကြသည်။

ထိုနတ်ဘုရင်ခြောက်ပါးထဲတွင် အသန်မာဆုံး ဖြစ်သည့် နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေးသည် ပင်မမျိုးနွယ်စု ဖြစ်သည့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုတွင် ကျင့်ကြံနေခဲ့သည်။

ထိုဘိုးဘေးမှလွဲ၍ ကျန်ငါးဦသည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု အတွင်း၌ ရှိနေကြသည်။

ပုံမှန်အားဖြင့် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် မျိုးနွယ်စုကို စောင့်ရှောက်ရန်အတွက် နတ်ဘုရင်အဆင့် ဘိုးဘေးတစ်ဦးကို အလှည့်ကြထားလေ့ ရှိသည်။

ကျန်ဘိုးဘေးများကမူ တံခါးပိတ် ကျင့်ကြလေ့ ရှိကြပြီး အလွယ်တကူ ထွက်လာလေ့ မရှိကြပေ။

ဤအခိုက်အတန့်တွင်မူ ယိုယွဲ့ နတ်ဘုရင်သည် ကျန်နတ်ဘုရင်ဘိုးဘေးများကို ဆင့်ခေါ်ရန်မှ တစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။

သူတစ်ဦးတည်းဖြင့်တော့ သူ့ရှေ့မှ လူငယ်ကို မတားဆီးနိုင်ပေ။

ယိုရွဲ့နတ်ဘုရင်က တံဆိပ်ပြားကို လှုံ့ဆော်ပြီး မကြာမီမှာပင် စူးရှသော အော်ဟစ်သံတစ်သံသည် ကျင်းယန်တောင်၏ အထက် ကောင်းကင်ယံတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် တောင်ပံနက်ခွန်ပန်မျိုးနွယ်စုထဲမှ နတ်ဘုရင်အဆင့် အရှိန်အဝါများသည် နှစ်ခြိုက်စွာ အိပ်မောကျနေရာမှ နိုးထလာသကဲ့သို့ တိုက်ရိုက်ပင် ပေါက်ကွဲထွက်လာခဲ့သည်။

နောက်ထပ်တစ်စက္ကန့်တွင် နတ်ဘုရင် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ်လေးခုသည် ရင်ပြင်၏ လေထုထဲတွင် တစ္ဆေတစ်ကောင်နှယ် ပေါ်လာခဲ့ကြသည်။

“အခုက နှစ်တစ်သောင်းပြည့်ဖို့ အချိန်အများကြီး လိုသေးတာပဲ.. ဘာလို့ ငါတို့ကို ဆင့်ခေါ်လိုက်တာပဲ ယိုယွဲ့.. ငါတို့တွေက တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို နှစ်ပေါင်းတစ်သောင်းကိုတစ်ကြိမ် အလှည့်ကျ စောင့်ရှောက်ဖို့ သဘောတူထားတာ မေ့နေပြီလား”

နတ်ဘုရင် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် ယိုယွဲ့ နတ်ဘုရင်ကို ကြည့်ကာ အေးစက်စက် မေးလိုက်သည်။

“အစွမ်းထက် ပါရမီရှင်တစ်ယောက်က တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို လာပြီး ရမ်ကားနေတယ်.. ငါတစ်‌ယောက်တည်း မဖြေရှင်းနိုင်လို့ မင်းတို့ကို ခေါ်လိုက်ရတာပဲ”

ယိုယွဲ့နတ်ဘုရင်က လေးနက်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် အားမနည်းသလို နောက်ခံအဖြစ် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုလည်း ရှိနေသေးသည်။

မည်သူက သူတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို လာရောက်ရမ်းကားရဲပါသနည်း။

မကြာမီမှာပင် အဘိုးအို၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူက မျက်မှောင်ကြုတ်သွားခဲ့၏။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့်ပင် နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည် ဖြစ်ရာ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းဝင် ပါရမီရှင်တစ်ဦး ဖြစ်နိုင်လောက်သည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်များသည် များသောအားဖြင့် နတ်ကုန်းမြေတိုက်၏ ထိပ်တန်းအင်အားစုများမှ ဖြစ်ကြ၏။

တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ဤကဲ့သို့ နတ်ဘုရင် အဆင့် ပါရမီရှင် တစ်ဦးကို မည်သည့်အချိန်က ပတ်သက်မိခဲ့ပါသနည်း။

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

“ကောင်လေး မင်းဘယ်သူလဲ.. ဘာကြောင့် ငါတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဆီ လာပြီး ပြဿနာရှာနေရတာလဲ”

အခန်း(၂၂၆၈)ပြီး၏။

All Chapters