← Chapters

မူလမျိုးစေ့နှင့် ကိုယ်ပွားဖန်တီးခြင်း

Vol. 21 Ch. 242

မူလမျိုးစေ့နှင့် ကိုယ်ပွားဖန်တီးခြင်း

Vol. 21 Ch. 242

"ညီမလေး... နင်ကတော့ အတွေးတွေ နည်းနည်း ညစ်ပတ်နေပြီနော်။ နင့်မှာ ရေဓာတ်ဝိညာဉ်အမြစ် ရှိနေတာ မဆန်းပါဘူး၊ ကြည့်ရတာ အဲ့ဒါက ရေပုပ်တွေ ဖြစ်နေပုံပဲ။"

ကျိယွမ်သည် ကျန်းလင်းစုကို အကဲခတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျန်းလင်းစု၏ ယခုလိုအမူအရာမျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့သော်လည်း ဖော်ပြရခက်သောဆွဲဆောင်မှု တစ်မျိုး ရှိနေသည်ကိုတော့ သူမငြင်းနိုင်ပါ။

ကျိယွမ်က ထိုသို့ဝေဖန်လိုက်သော်လည်း ကျန်းလင်းစုသည် ရှက်ရွံ့ခြင်း မရှိသလို ဖုံးကွယ်ရန်လည်း မကြိုးစားခဲ့ချေ။ သူမသည် စိတ်ထဲတွင် ကြည်နူးမှုကို ခံစားနေရသည်။

မည်သူမဆို မိမိထက်ထူးချွန်သော ပါရမီရှင်စီနီယာများထံမှ ချီးကျူးမှုကို ရရှိသည့်အခါ ဂုဏ်ယူမိကြသည်မှာ သဘာဝပင် ဖြစ်လေ၏။

"ဒါပေမဲ့ မဆိုးပါဘူး။ နင့်ရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ် အချိုးအစားက နင့်အစ်မ ကျန်းယာယာထက် အများကြီး သာတယ်။ ဒါကြောင့် နင် တံခါးစောင့်လုပ်ဖို့ကတော့ အဆင့်မီပါတယ်"

ကျိယွမ်က မခို့တရို့လေးရပ်နေသော ကျန်းလင်းစုကို သေသေချာချာကြည့်ကာ မှတ်ချက် ပေးလိုက်သည်။

ကျန်းလင်းစု၏ မျက်နှာပေါ်မှ အပြုံးမှာ တန့်သွားလေ၏။

ဒါပဲလေ...အစ်ကိုကြီးကတော့ အစ်ကိုကြီးပါပဲ၊ သူမအနေဖြင့် ဘာကိုမှ မျှော်လင့်မထားခဲ့သင့်ပေ။

ကျန်းလင်းစုက မာဆတ်ဆတ်ပြောလိုက်၏။

"အစ်ကိုကြီး.. ဒီအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်"

"ဘာမှ မဟုတ်ပါဘူး၊ ကိစ္စအသေးအမွှားလေးပါ။"

ဆရာတူအစ်ကိုကြီးနှင့် ဆရာတူညီမလေးဆိုသည်မှာ မိသားစုကဲ့သို့ တစ်ဦးကိုတစ်ဦး ချစ်ခင်သင့်သည် မဟုတ်ပါလား။

မိသားစုဆိုမှ ဆရာမကို သတိရလိုက်တာ ။

ကျိယွမ်အနည်းငယ်ငေးငိုင်သွား၏။

ကံမကောင်းစွာဖြင့် သူတို့၏ဆရာမရွမ်ယူချမ်းမှာ သူတို့အနားတွင် မရှိဘဲ အထက်ဘုံသို့ ရောက်ရှိနေပုံ ရသည်။

ကျိယွမ်၏ကျင်းလီမှာလည်း အထက်ဘုံတွင် ရှိနေ၏။

သူတို့ကို ရှာချင်သော်လည်း ကျိယွမ်သည် ယင်နတ်ဘုရားအဆင့်သို့ မရောက်မချင်း အထက်ဘုံသို့ မတက်လှမ်းနိုင်သေးပေ။

"အစ်ကိုကြီးက ကျွန်မကို အများကြီး ကူညီပေးခဲ့တာဆိုတော့ ပြန်ဆပ်ဖို့ နည်းလမ်း မရှိသလောက်ပါပဲ။ တကယ်လို့ အစ်ကိုကြီးမှာ လွန်လွန်ကဲကဲ မဟုတ်တဲ့ တောင်းဆိုချက်မျိုး ရှိရင် ကျွန်မ အကောင်းဆုံး ဖြည့်ဆည်းပေးပါ့မယ်"

ကျန်းလင်းစုက အလေးအနက် ပြောလိုက်သည်။

သူမ၏စကားကြောင့် ကျိယွမ်မှာ ခေတ္တ တန့်သွားသည်။

ကျန်းလင်းစုက ယုံကြည်မှုရှိရှိဖြင့် "နည်းနည်း လွန်သွားရင်တောင် ကိစ္စမရှိပါဘူး" ဟု ထပ်လောင်း ပြောလိုက်၏။

ကျန်းလင်းစုသည် ကျိယွမ်၏ စရိုက်ကို သိသဖြင့် ထိုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။ ကျိယွမ်နေရာ၌ အခြားသူသာဆိုလျှင် သူမသည် ဝိညာဉ်ကျောက်တုံးများ သို့မဟုတ် တခြား ရတနာများဖြင့်သာ ပေးဆပ်ပေလိမ့်မည်။

သူက ငါ့ကိုမိန်းခလေးလို့တောင် ထင်ထားရဲ့လားမသိဘူး။

"ငါ သိချင်တာ တစ်ခု ရှိတယ်"

ကျိယွမ်က မတောင်းဆိုသေးဘဲ မဆိုင်သောစကားကိုပြောသည်။ ကျန်းလင်းစု၏ ကျေးဇူးဆပ်စကားကြောင့် သူက တစ်ခုခုကို သတိရသွားသောကြောင့်ဖြစ်၏။

သူက ဆက်ပြောသည်။

"တကယ်လို့ ငါက ကျေးဇူးဆပ်ဖို့အတွက် ရွေးချယ်စရာ နှစ်ခု ပေးမယ်ဆိုရင် နင် ဘယ်ဟာကို ရွေးမလဲ။"

"ဘာရွေးချယ်စရာတွေလဲ အစ်ကိုကြီး။"

"ပထမ တစ်ခုက 'ဒီမိန်းကလေးမှာ ဒီလောက်ကြီးမားတဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ ဒီဘဝမှာတော့ တတ်နိုင်တာ မရှိပါဘူး၊ ဒါကြောင့် နောင်ဘဝမှာ နွား သို့မဟုတ် မြင်းအဖြစ် ကျေးဇူးပြန်ဆပ်ပါ့မယ်' ဆိုတာရယ်၊ ဒုတိယ တစ်ခုက 'ဒီမိန်းကလေးမှာ ဒီလောက်ကြီးမားတဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ တတ်နိုင်မရှိပါဘူး ၊ ဒါကြောင့် သခင်လေး မညိုညင်ရင် ကျွန်မရဲ့ခန္ဓာကိုယ်နဲ့ လက်ထပ်ပြီးပြန်ပေးဆပ်ပါရစေ ' ဆိုတာရယ်ပဲ။"

ကျိယွမ်သည် သူ၏ ဆွဲဆောင်မှုကို စမ်းသပ်ချင်နေခြင်း ဖြစ်သည်။

သူ မှတ်မိသလောက်ဆိုလျှင် ကျေးဇူးရှင်က ရုပ်ဆိုးပါက မိန်းကလေးများက နောင်ဘဝတွင် နွား သို့မဟုတ် မြင်းအဖြစ် ကျေးဇူးဆပ်မည်ဟု ဆိုလေ့ရှိသည်။ သို့သော် ကျေးဇူးရှင်မှာ အလွန်ချောမောပါက ထိုနေရာမှာတင် ခန္ဓာကိုယ်နှင့်ပေးဆပ်ပြီး လက်ထပ်ရန် ကမ်းလှမ်းလေ့ ရှိသည်။

ထိုအရာမှာ ဇာတ်လမ်းတိုင်းတွင် အမြဲတမ်းလိုလို ဖြစ်လေ့ရှိသော ကိစ္စတစ်ခုပင်။

ထို့ကြောင့် ကျိယွမ်ကလည်း မသိမသာစမ်းသပ်ကြည့်လိုက်ခြင်း ဖြစ်၏။

"အဲနှစ်ခုလား.."

ကျန်းလင်းစုသည် ငြိမ်သက်သွားပြီး မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားနေပုံ ရသည်။

ခဏအကြာတွင် သူမသည် ကျိယွမ်၏ မျက်လုံးများကို စိုက်ကြည့်ပြီးမှ ခေါင်းငုံ့ပြီး တိုးညင်းစွာပြန်ဖြေ၏။

"နွား ဒါမှမဟုတ် မြင်းအဖြစ် ကျေးဇူးဆပ်မယ့်အစား ကျွန်မက ဒုတိယတစ်ခုကိုပဲ ရွေးချယ်ပါမယ်"

"ဟေ.."

ကျိယွမ်၏ မျက်ခုံးများမှာ ဝမ်းသာအားရ မြင့်တက်သွားသည်။

ကြည့်ရတာ ငါက တကယ်ပဲ ချောမောတာပဲကိုး ။

မိမိကိုယ်ကိုယ် ချောသည်ဟု ထင်ခြင်းနှင့် သူတစ်ပါးက အသိအမှတ်ပြုခြင်းမှာ ကွာခြားလှသည် မဟုတ်ပါလား။

ကျိယွမ် ကျေနပ်နေစဉ် ကျန်းလင်းစုက ခေါင်းလေးငုံနေရင်းမှ ရှက်ဝဲဝဲလေသံလေးဖြင့် ၊

"အစ်ကိုကြီး..ရှင် စောစောက ပြောတဲ့ လွန်ကဲတဲ့ တောင်းဆိုချက်က ဒါလား၊ အဲ့ဒါဆိုရင်တော့ ကျွန်မ..."

သူမက ဆက်မပြောသေးဘဲ လက်ချောင်းများကို အကြောင်းမဲ့ လိမ်နေ၏။

ဘာလဲဟ ဒါက ။သူက တကယ်ကြီးထင်နေတာလား ၊ ငါက ဆွဲဆောင်မှုကို စမ်းသပ်တာကို။

ကျိယွမ်က လက်ကို အမြန်ဝှေ့ယမ်းလိုက်ရသည်။

"မဟုတ်ပါဘူး။ ငါက သူတစ်ပါးရဲ့ ကျေးဇူးတင်မှုကို အခွင့်ကောင်းယူမယ့် လူမျိုး မဟုတ်ဘူး"

သူသည် ကျေးဇူးတရားဖြင့် တုပ်နှောင်ကာ အနိုင်ကျင့်မည့် ကျေးဇူးရှင်မျိုး မဟုတ်ပါ။

"ရှင်.."

ကျန်းလင်းစုမှာ ထိုအဖြေကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

အမှန်တွင် သူမသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ များစွာ ရုန်းကန်နေခဲ့ရ၏။ ထိုအဖြေကို ရွေးချယ်ရန် သူမ၏အရှက်တရားနှင့်ဂုဏ်သိက္ခာကို ကျေးဇူးတရားနှင့်လဲရန် ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရသည်မဟုတ်ပါလား။

ယခု အဖြေကို ရရှိသည့်အခါ သူမသည် စိတ်သက်သာရာရသွားသော်လည်း စိတ်ပျက်မှု အနည်းငယ်ကိုပါ ခံစားလိုက်ရ၏။

အေးလေ..ဒီလိုပေါက်ကရတွေ ပြောတတ်တာကိုက အစ်ကိုကြီးရဲ့စရိုက်ပဲကို ၊ ငါက ဘာလို့ အတည်ကြီးမျှော်လင့်သလိုလို ဖြစ်သွားရတာလဲ ။

ဆရာတူအစ်ကိုကြီး၏ပုံစံမှာ အမြဲတမ်း ခန့်မှန်းရခက်လှသဖြင့် သူ့ကို နားလည်ရန်မှာ မလွယ်ကူပေ။

ထို့ကြောင့် သူနှင့် ဆက်ဆံသည့်အခါ ကျန်းလင်းစုသည် နားမလည်နိုင်သည်များကို အတင်းမတွေးတော့ဘဲ အခြေအနေအတိုင်းသာ လိုက်ပါရန် သင်ယူထားခဲ့သည်။

သူမ စိတ်အေးလက်အေးရှိသွားခိုက် ကျိယွမ်က ထပ်ပြော၏။

"ဒါပေမဲ့ ဒီတောင်းဆိုချက်ကိုတော့ ငါမှတ်ထားပါ့မယ် ။ ဪ... စိတ်ဝိညာဥ်အခမ်းအနားမှာ နတ်ဆိုးရမက်ဂိုဏ်းကို ဖိတ်ဖို့ မမေ့နဲ့ဦး။"

ကျိယွမ်က ထိုကိစ္စကို အထူးမှာကြားလိုက်သည်။နတ်ဆိုးရမက်ဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲအချို့မှာ သူ့ကို စော်ကားခဲ့ဖူးသည်။

ထိုအချိန်က ကျိယွမ်သည် သူ၏အဓိကရန်သူဖြစ်သော အလင်းနန်းတော်ကို ရှင်းလင်းရန် အလုပ်များနေသဖြင့် နတ်ဆိုးရမက်ဂိုဏ်းမှအကြီးအကဲ အနည်းငယ်ကိုသာ သတ်ဖြတ်ခဲ့သည်။

အလင်းနန်းတော် ပျက်စီးသွားပြီး သာ့ရှန်းသို့ ပြန်ရောက်သည့်အခါ ထိုဂိုဏ်းတွင် ပြောင်းလဲမှုများ ရှိနေကြောင်း သူ သိလိုက်ရ၏။

ယခင်က ထိုဂိုဏ်းကို အုပ်စုနှစ်စုက ထိန်းချုပ်ထားပြီး၊ ရှန်းမျိုးရိုးမှာ အေးဆေးသော်လည်း ကျိမျိုးရိုးမှာမူ အလွန်ပင် မောက်မာကြသည်။

ယခုအခါ ရှန်းမျိုးရိုးက ကျိမျိုးရိုးကို နှိမ်နင်းလိုက်ပြီဖြစ်ကြောင်း သူ သိလိုက်ရသဖြင့် နတ်ဆိုးရမက်ဂိုဏ်းတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူ စပ်စုလိုစိတ် ပေါ်လာ၏။

ကျန်းလင်းစုနှင့် လမ်းခွဲပြီးနောက် ကျိယွမ်သည် သူ၏ အခန်းသို့ ပြန်လာခဲ့သည်။

သူ၏သမီး ကျိကျန့်ကျွင်းမှာလည်း ဂိုဏ်းထဲတွင်မရှိဘဲ အပြင်သို့ ငါးဖမ်းထွက်နေပုံ ရသည်။

ကျိယွမ် ပျင်းပျင်းရှိသည်နှင့် သူ၏ စိတ်အာရုံကို ဂိမ်းကျောက်စိမ်းပြားထဲသို့ ပို့လွှတ်ကြည့်လိုက်၏။

ဂိမ်းတစ်ခု ပြီးဆုံးသွားပြီဖြစ်သောကြောင့် ကျိယွမ်သည် နောက်ထပ် စပ်စုကြည့်မိခြင်းပင်။

ယခုတစ်ကြိမ်တွင်လည်း ထုံးစံအတိုင်း ဂိမ်းအိုင်ကွန်အသစ်တစ်ခုမှာ ကျောက်စိမ်းပြားအတွင်း၌ ဖြည်းညင်းစွာ ပုံဖော်နေသည်။

သူ၏ စိတ်အာရုံက ထိုသင်္ကေတသို့ ချဉ်းကပ်လိုက်သော်လည်း တွန်းထုတ်ခြင်း ခံလိုက်ရ၏။

"ဒီတစ်ခါဂိမ်းက ဘယ်လိုကမ္ဘာမျိုး ဖြစ်မလဲ"

ကျိယွမ်က မျှော်လင့်တကြီးဖြင့် တွေးလိုက်သည်။

ဖန်ထုန်နယ်မြေဂိမ်းက သူ့ကို များစွာကူညီပေးခဲ့၏။ တစ်ရက်မပြည့်မီ အချိန်အတွင်း သူသည် အမြုတေအဆင့်မှ စိတ်ဝိညာဥ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။

ဂိမ်းများ၏ ကျေးဇူးကြောင့် ယခုအခါ၌ ကန်းလန်လောကတွင် သူသည် အထက်တန်းကျောင်းသားတစ်ဦးကဲ့သို့ ဖြစ်နေလေပြီ။

"ခနလေး.."

ထိုခဏ၌ ကျိယွမ် တစ်ခုခုကို သတိရသွားပြီး ဖန်ထုန်နယ်မြေမှ ရရှိခဲ့သည့် ဆုလာဘ်ဖြစ်သော မူလမျိုးစေ့ကို ဆင့်ခေါ်လိုက်၏။

မူလမျိုးစေ့ကို မည်သည့်ကမ္ဘာတွင်မဆို စိုက်ပျိုးနိုင်ပြီး ကျိယွမ်အား ထိုကမ္ဘာအတွင်း ကြီးထွားဖွံ့ဖြိုးလာစေမည်ဟု ဆိုထားသည်မဟုတ်ပါလား။

ထို့အပြင် မျိုးစေ့မှ ရရှိမည့် စွမ်းအားမှာလည်း ယခင်ဂိမ်းများထက် ပိုမို များပြားပေလိမ့်မည်။

ကျိယွမ်သည် သူ၏ စိတ်အာရုံ အပိုင်းအစတစ်ခုကို မူလမျိုးစေ့အတွင်းသို့ ထည့်သွင်းလိုက်ပြီး သူနှင့်တူသော ပုံရိပ်တစ်ခုအဖြစ်

ဖန်တီးလိုက်သည်။

သူ၏အကြည့်က ဂိမ်းအိုင်ကွန်ပေါ်သို့ကျရောက်သွားသည်။

ရရင်အမြတ်ပေါ့ ၊ မရရင်လည်း စောင့်ရုံပဲ။

သူ၏ ထိန်းချုပ်မှုအောက်တွင် မျိုးစေ့သည် ကျောက်စိမ်းပြားအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

"ဟမ်... ဘာတားဆီးမှုမှ မရှိဘဲ ဝင်သွားတာလား။"

ထိုအရာက ကျိယွမ်ကို အံ့သြသွားစေ၏။

"ဒီဂိမ်းက ငါ့ကိုကျတော့ ဝင်ခွင့်မပေးဘူး၊ မျိုးစေ့ကိုကျတော့ ပေးတာလား ၊ ဆော့တောင််ဆော့ရသေးဘူး မျက်နှာလိုက်နေပြီ "

ကျိယွမ် စိတ်တိုသွားခဲ့သည်။ သူကိုယ်တိုင် ဝင်မရဘဲ မျိုးစေ့ကိုတော့ ဝင်သွားခိုင်းခဲ့သည်။ ၎င်းက သူ့ကို အားကိုးရာမဲ့သလို ခံစားရစေ၏။

ထိုအချိန်တွင် သက်ရှိတစ်ခုမွေးဖွားလာတော့မည့်အရိပ်အယောင်ကို ရုတ်တရက် သူခံစားလိုက်ရသည်။

"ဘာဖြစ်တာလဲ"

ထိုခံစားချက်မှာ ဂိမ်းအိုင်ကွန်းအတွင်းမှ လာခြင်း ဖြစ်နေ၏။

ထိုဖြစ်ရပ်ကြောင့် ကျိယွမ်သည် မျိုးစေ့၏လုပ်ဆောင်ပုံကို ပို၍နားလည်လာသည်။

တစ်စုံတစ်ဦးက မေတ္တာမျှခြင်း သို့မဟုတ် တခြား လုပ်ငန်းစဉ်တစ်ခုကို ပြီးမြောက်လိုက်ပုံရကာ သူ့အား ဂိမ်းထဲတွင် ဖန်တီးလိုက်ခြင်းပင်။

"ငါ အထဲကို ဝင်တဲ့အခါ သန္ဓေသားလေးပဲ ဖြစ်နေမှာလား။"

ထိုသို့တွေးမိသောအခါ ကျိယွမ်၏ ချောမောသောမျက်နှာက မဲ့သွားခဲ့သည်။

သူသည် သေးခံဒိုင်ဘာများမဝတ်ချင်သလို ၊ အရသာမရှိသော အဟာရများကို ဇွန်းဖြင့်ကျွေးခြင်းကိုလည်း မခံချင်ပါ။

ချေးလူးလူး သေးလူးလူးနဲ့ ။

တွေးကြည့်ရုံနှင့်ပင် ကြောချမ်းစရာကောင်းလှသည်။

ကျိယွမ်သည် ဂိမ်းကျောက်စိမ်းပြားမှ အသံများရလိုရငြား နားစွင့်ကြည့်သော်လည်း ဘာမှ မကြားရသဖြင့် လက်လျှော့လိုက်တော့သည်။

"ဂိမ်းဒေါင်းလုတ်ဆွဲတာ ပြီးမှပဲ ပြန်စစ်ကြည့်တော့မယ်။"

ထိုသို့ တွေးပြီးနောက် ကျိယွမ်သည် အိမ်မှထွက်ကာ ဂိုဏ်းချုပ်ကြီးကုမူကို သွားရောက်ရှာဖွေ၏။

"ထူးထူးဆန်းဆန်းပါလား ၊ တကူးတကလာရှာတယ်ဆိုတော့ ၊မင်းမှာ ဘာကိစ္စရှိလို့လဲ "

ကုမူကျန့်ကျွမ်း ကျိယွမ်အား ခြေစုံခေါင်းဆုံးကြည့်ကာ မေးလိုက်သည်။

ပုံမှန်အချိန်မျိုးဆိုလျှင် ထိုတပည့်သည် သူ့ဆီသို့လာရန်အသာထား သူ့၏အိမ်ထဲကပင် မထွက်သူဖြစ်၏။

"ကျွန်တော် စိတ်ဝိညာဥ်အထိမ်းအမှတ်ပွဲကျင်းပချင်လို့ ၊ ဂိုဏ်းချုပ် စီစဥ်ပေးပါ"

"ဟေ.."

ဂိုဏ်းချုပ်ကုမူမှာ ကျိယွမ်အားကြည့်ကာ မှင်တက်သွားသည်။

ဒီကောင်က စိတ်ဝိညာဥ်အထိမ်းအမှတ်ပွဲကို လုပ်ချင်တိုင်းထလုပ်ရအောင် တောင်းရမ်းလက်ထပ်ပွဲများမှတ်နေလား ။ပြီးတော့ သူ့အဆင့်က...

ကျိယွမ်က အသံတိတ်သွားသော ကုမူကျန့်ကျွမ်းအားကြည့်ကာ ထပ်ပြောလိုက်သည်။

"နတ်ဆိုးရမက်ဂိုဏ်းကိုလည်း မဖြစ်မနေဖိတ်ပေးပါ "

ကူမုကျန့်ကျွမ်းမှာ အကျိုးအကြောင်းမေးမည့်စိတ်ကူးများပင် ပျောက်သွားရသည်။

ငါက လုပ်ပေးမယ်လို့များ ပြောမိသေးလို့လား ၊ ဒီကောင်ကွာ ..။

သို့သော် အမှန်အတိုင်းဝန်ခံရလျှင် သူကငြင်းရန်တော့ စိတိကူးမရှိပါ ။ ကျိယွမ်လို လူကြားသူကြားမသွားချင်သူက ပွဲတော်လုပ်ပေးရန်တောင်းဆိုလာပြီး ပွဲတော်ကလည်း မထင်ထားသောခေါင်းစဥ်ဖြစ်နေ၍ ခေတ္တတွေဝေသွားခြင်းသာဖြစ်သည်။

ရှန်ကွမ်းဂိုဏ်းချုပ်အနေဖြင့် ကျိယွမ်ကသာ တောင်းဆိုလာလျှင် သူသည် အင်မော်တယ် အဆင့်တက်ပွဲ ဖြစ်နေပါစေ၊ သဘောတူမည် ဖြစ်သည်။

"နောက်ထပ် တစ်ခု ရှိသေးတယ်။ကျွန်တော် စိတ်ဝိညာဥ်အဆင့်ကို ရောက်ပြီဆိုတော့ အုတ်အိမ်လေးမှာနေရတာ လက်ရှိအဆင့်အတန်းနဲ့ မကိုက်တော့ဘူး။ ကွန်ကရစ်နဲ့ လုပ်ထားတဲ့ ဘန်ဂလိုကြီး တစ်ခု ဆောက်ချင်တယ်"

ကျိယွမ်သည် သူ၏ ချမ်းသာကြွယ်ဝမှုနှင့်ဆိုလျှင် ဇိမ်ခံဗီလာတစ်ခုကိုပင် အလွယ်တကူ ဆောက်နိုင်သည်ဟု ထင်နေသည်။

သို့သော် သူသည် သူ၏ဘဝမမေ့ဘဲ ခြိုးခြံချွေတာရေးမူဝါဒကို ဆက်လက် လိုက်နာရန်ဆုံးဖြတ်ကာ သာမန်ဘန်ဂလိုလေးကိုသာ ရွေးချယ်ခဲ့ခြင်းပင်။

ကျိယွမ်က သာမန်လေးကို ရွေးလိုက်သော်လည်း ဂိုဏ်းချုပ်ကြီးကတော့ နဝေတိမ်တောင်ဖြစ်သွားရှာသည်။

"ကွန်ကရစ်ဆိုတာ ဘာလဲ"

ဂိုဏ်းချုပ်ကုမူက ဇဝေဇဝါဖြင့် မေးလိုက်သည်။ ရေနှင့်ရွှံ့ကိုသုံး၍ အိမ်ဆောက်ခြင်းကို သူ သိသော်လည်း ကွန်ကရစ်ဟူသောအရာဖြင့် အိမ်ဆောက်ခြင်းကိုမူ သူ ထူးဆန်းနေမိသည်။

ကွန်ကရစ်ကဘာလဲ ၊ ရတနာတစ်မျိုးလား ၊ ဘန်ဂလိုဆိုတာကရော ဘယ်လိုစံအိမ်လဲ ။

သူ၏ပါရမီရှင်တပည့်သည် အဘယ့်ကြောင့် လူနားမလည်သောစကားများကို ခဏခဏပြောနေရသနည်း။

"ဂိုဏ်းချုပ်ကြီးက ဗဟုသုတ နည်းလှချေလား။ အပြာရောင်ကြယ်မှာဆိုရင် အလယ်တန်းကျောင်း မပြီးခင်ကတည်းက ကွန်ကရစ်ဘယ်လိုလုပ်ရမလဲဆိုတာ သိတဲ့ ပါရမီရှင်တွေ အများကြီး ရှိတယ်"

ကျိယွမ်က စိတ်ညစ်သလိုခေါင်းယမ်း၏။

"ကျုပ် သင်ပေးမယ်"

ကျိယွမ်က ကွန်ကရစ် လုပ်နည်းကို ဂိုဏ်းချုပ်အား သေစေချာချာရှင်းပြလိုက်သည်။

ဂိုဏ်းချုပ်ကြီးကုမူမှာ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ ဖြစ်သဖြင့် ထိုသဘောတရားကို လျင်မြန်စွာ နားလည်သွားလေသည်။

"စိတ်ဝင်စားစရာ ကောင်းတဲ့ အရာလေးပါလား။"

သို့သော် စိတ်ဝင်စားစရာမျှသာ ဖြစ်သည်။

ကန်းလန်လောကတွင် အစွမ်းထက်သော ကျင့်ကြံသူများ ရှိနေသည် မဟုတ်ပါလား။

စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ တစ်ဦးသည် အပြာရောင်ကြယ်မှ အပြင်းထန်ဆုံး နျူကလီးယား လက်နက်ကိုပင် ဘာဒဏ်ရာမှ မရဘဲ ခံနိုင်ရည် ရှိကောင်းရှိနေနိုင်သည်။

နည်းပညာဆိုင်ရာ တချို့အရာများသည် ကန်းလန်လောကတွင် မလိုအပ်လှပေ။

"တစ်ရက်အတွင်းမှာပဲ မင်းရဲ့ ဂူဗိမာန်သစ်ကို ဆောက်ပေးပါ့မယ်"

ဂိုဏ်းချုပ်ကြီးကုမူက အာမခံလိုက်သည်။

"ကောင်းပါပြီ။ စိတ်ဝိညာဥ်ပွဲကိုလည်း မြန်မြန်ပြင်ဆင်ထားဖို့ မမေ့နဲ့ဦး"

ကျိယွမ်က အရေးကြီးသလို ထပ်ပြောလိုက်သဖြင့် ဂိုဏ်းချုပ်ကုမူ အံ့သြသွားသည်။

သာ့ရှန်းတိုင်းပြည်တွင် ကျင့်ကြံသူတစ်ဦးစိတ်ဝိညာဥ်အဆင့်သို့ ရောက်လျှင် ပွဲကျင်းပလေ့ ရှိကြသည်မှာ အမှန်ပင်။

သို့သော် ကျိယွမ်ကဲ့သို့ ဖုတ်ပူမီးတိုက်အလျင်စလို လုပ်ချင်သူမျိုးကိုမူ သူ မတွေ့ဖူးသေးချေ။

"နားလည်ပြီ..."

ဂိုဏ်းချုပ်ကြီးက ခေါင်းညိတ်လိုက်သည်။

ကျိယွမ်က မြန်ချင်လျှင် သူကမြန်ပေးလိုက်မည်ဖြစ်၏။

"ဒါဆို သွားလိုက်ပါဦးမယ် "

ထုံးစံအတိုင်း ကျိယွမ်သည် သူပြောချင်ရာများပြောပြီးနောက် ချက်ချင်း ပျောက်ကွယ်သွား၏။

ဂိုဏ်းချုပ်ကြီးကုမုသည် ကျိယွမ် ရပ်နေခဲ့သည့် နေရာကို နက်နဲစွာ ကြည့်နေမိသည်။

"သူက... ဒီလောကကြီးနဲ့ ကစားနေတာလား။"

မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ၏ ဘဝတွင် အကြီးမားဆုံး အခွင့်အရေးလည်း ဖြစ်သဖြင့် အရာအားလုံး ချောမွေ့စေရန် သူ အကောင်းဆုံး ကြိုးစားရမည် ဖြစ်သည်။

ဂိုဏ်းချုပ်ကုမူက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ စက္ကူကြိုးကြာနှစ်ကောင် ပျံသန်းထွက်ခွာသွားခဲ့သည်။

မကြာမီ ကန်းဖူလူ အလျင်အမြန် ရောက်လာ၏။

"ဂိုဏ်းချုပ်... ဘာကိစ္စ ရှိလို့လဲ။"

ဆံပင်ဖြူကန်းဖူလူမှာ ဇဝေဇဝါ ဖြစ်နေဟန်ရှိသည်။

သူသည် ရှန်းယွန်းတိုက်ကြီးမှ ပြန်လာချိန်တွင် အရှေ့ပိုင်းဒေသ၏ ထိပ်တန်းပါရမီရှင် စာရင်းတွင် ပါဝင်ခွင့်ရခဲ့သဖြင့် ဝမ်းသာနေသော်လည်း ဂိုဏ်းချုပ်ကမူ ထိုအောင်မြင်မှုအား ဘာထူးထူးခြားခြားတုံ့ပြန်မှုမျှ မရှိခဲ့ပေ။

ထို့ကြောင့် ကန်းဖူလူသည် သူ ဂိုဏ်းတွင် မရှိစဉ် ဘာတွေဖြစ်ပျက်ခဲ့သနည်းကို စုံစမ်းကြည့်လိုက်၏။

ခရမ်းရောင်နန်းတော်ကျင့်ကြံသူ အချို့က ဂိုဏ်းကိုပြဿနာရှာခဲ့သော်လည်း သွေးဝတ်စုံမဟာမိတ်က သတ်ဖြတ်ပေးလိုက်ကြောင်း သူ သိလိုက်ရသည်။

ထိုသွေးဝတ်စုံမဟာမိတ်သည် ကျိစယ်တောင်ထိပ်နှင့်လည်း နီးကပ်စွာ ဆက်နွယ်နေခြင်းက သူ့ကို ပို၍ သံသယဖြစ်စေသည်။

အမြဲတမ်း ထူးဆန်းနေတတ်သော ကျိယွမ်သည် ကြက်ကန်းဆန်အိုးတိုးသလို ကံကောင်းပြီး သွေးဝတ်စုံဓားနတ်ဘုရား၏ တပည့်အဖြစ် အခေါ်ခံလိုက်ရခြင်းလား။

ဂိုဏ်းချုပ်ကုမူက ကန်းဖူလူကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"မနက်ဖြန်မှာ ငါတို့ ရှန်းကွမ်းဂိုဏ်းက စိတ်ဝိညာဥ်အခမ်းအနား ကျင်းပမယ်။မင်း သွားပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး ဖိတ်စာတွေ ပို့လိုက်။"

တွေဝေနေသော ကန်းဖူလူ အံ့သြသွားသည် ။ သူက ထိုကိစ္စမျိုးဖြစ်မည်ဟု ထင်မထားခဲ့ပါ ။

"ဘယ်အကြီးအကဲက စိတ်ဝိညာဥ်အဆင့်ကို ရောက်သွားတာလဲ"

ကန်းဖူလူက ဝမ်းသာအားရ မေးလိုက်သည်။

စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ နောက်တစ်ဦး ရှိလာခြင်းက ဂိုဏ်း၏ အင်အားကို များစွာ တိုးတက်စေမည် မဟုတ်ပါလား။

"ကျိစယ်တောင်ထိပ်... ကျိယွမ်။"

ဂိုဏ်းချုပ်ကြီးက တိုတိုတုတ်တုတ်သာ ဖြေ၏။

"ညီလေးကျိယွမ်လား"

ကန်းဖူလူမှာ မယုံနိုင်စွာအော်ဟစ်ကာ မျက်လုံးများ ပြူးသွားခဲ့သည်။

ကျိယွမ်က...စိတ်ဝိညာဥ်အဆင့်လား။

ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက အခြေတည်ဆအဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား။အမြုတေတောင် မဖွဲ့စည်းရသေးဘူး ၊ တစ်ဆင့်ကျော်ခုန်သွားလို့ ရလို့လား။

"တောင်ထိပ်တစ်ခုရဲ့ တပည့်ခေါင်းဆောင် ဖြစ်နေပြီး မင့်ရဲ့ စိတ်ဓာတ်တည်ငြိမ်မှုက ကျိယွမ်ထက် အများကြီး နိမ့်ကျနေပါလား"

ဂိုဏ်းချုပ်ကုမူက ဂုဏ်ယူစွာ ပြောလိုက်သည်။

ကျိယွမ်က သူ စိတ်ဝိညာဥ်အဆင့်သို့ ရောက်ပြီဟု ပြောသည့်အခါက ဂိုဏ်းချုပ်ကုမူမှာ အံ့သြမနေဘဲ စပ်စုရုံသာ ရှိခဲ့သည်။

ယင်နတ်ဘုရားအဆင့်ရှိသူတစ်ဦးက အဘယ့်ကြောင့် စိတ်ဝိညာဥ်အဆင့်သို့ အခုမှ ရောက်သလိုမျိုး ဟန်ဆောင်နေရသနည်းဟုတော့ သူတွေးမိ၏။

ကန်းဖူလူမှာ မယုံနိုင်စွာ အတော်ကြာထိ တိတ်ဆိတ်နေပြီးမှ ထပ်မေးသည်။

"ဂိုဏ်းချုပ်... ကျွန်တော့်ကို နောက်နေတာ မဟုတ်ဘူးမလား"

၎င်းမှာ စာသင်ခန်းထဲတွင် အမြဲတမ်း စာမလိုက်နိုင်သော ကျောင်းသားတစ်ဦးက ရုတ်တရက် နိုဘယ်ဆုကြီး ရသွားသကဲ့သို့ပင်။

"ငါက မင်းကို ဒီကိစ္စနဲ့ ပတ်သက်ပြီး လိမ်ပြောစရာ အကြောင်း ရှိလို့လား။ ဖိတ်စာတွေ အဆင်သင့် ဖြစ်နေပြီ၊ သွားပို့လိုက်တော့"

ဂိုဏ်းချုပ်ကြီးကရှင်းပြရန် စိတ်မပါသလို လက်ဝှေ့ယမ်းပြသည်။

ဖိတ်စာများတွင် ကျိယွမ်၏ တောင်းဆိုချက်အရ အထူးဘွဲ့တစ်ခု ပါဝင်နေသည်မှာ သာ့ရှန်းတိုင်းပြည်၏ ပထမဆုံး စိတ်ဝိညာဥ်အဆင့် ဟူ၍ ဖြစ်သည်။

ကန်းဖူးလူသည် မယုံကြည်သော်လည်းကန့်ကွက်ခြင်း မရှိတော့ချေ။

အကြီးအကဲတွေက ကစားချင်နေမှတော့ သူလည်း လိုက်ကစားပေးရုံသာ ရှိတော့သည် မဟုတ်ပါလား။

ထိုအချိန်တွင် ကျိယွမ်သည် ရှင်းဟွာဖိုရမ်၏ ဧကရာဇ်လေးပါးချက်တင်အုပ်စုထဲသို့ ရောက်နေသည်။

"အားလုံးပဲ သတင်းကောင်း ရှိတယ် ၊ ငါ စိတ်ဝိညာဥ်ဆင့်ကို ရောက်သွားပြီ။"

စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိခြင်းမှာ ကြွားဝါရန် အလွန်ပင် သင့်တော်လှသည်။

ကျိယွမ်သည် ဖိုရမ်ဥက္ကဋ္ဌကို ဆက်သွယ်ကာ အသင်း၏ ဖိုရမ်တွင် ပို့စ်တစ်ခု တင်ခိုင်းရန်ပင် စဉ်းစားလိုက်သေးသည်။

"ရှန်ကွမ်းဂိုဏ်း ကျိစယ်တောင်ထိပ်မှ ကျိယွမ်အား စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိပြီး သာ့ရှန်း၏ ပထမဆုံး စိတ်ဝိညာဥ်အရှင် ဖြစ်လာသည့်အတွက် ဂုဏ်ယူပါသည်" ဟူ၍ ဖြစ်သည်။

သို့သော် ထိုကဲ့သို့ အထူးခံစားခွင့်မျိုးထက် အေးဆေးစွာ ဖြတ်သန်းခြင်းက ပိုကောင်းမည်ဟု သူ ဆုံးဖြတ်လိုက်၏။

"စိတ်ဝိညာဥ်အဆင့် ဟုတ်လား"

ဆိုးသွမ်းအင်မော်တယ်မှာ မှင်တက်သွားသည်။

"မူလနတ်ဘုရား... ခင်ဗျားက တကယ့်ကို အံ့သြစရာပဲ"

ဟုတ်သည် မဟုတ်သည်အသာထား ကျိယွမ်ကို ချီးကျူးပေးလိုက်ခြင်းက အကောင်းဆုံး တုံ့ပြန်မှု ဖြစ်သည်။

မီးလျှံဧကရာဇ်ကလည်း ဆိုးသွမ်းအင်မော်တယ်နှင့်အတူ မြှောက်ပင့်စကားများ ပြောဆိုလာသည်။

ရေခဲတောင်သခင်မကလည်း ကျန်မနေခဲ့ပါ ။ သူမကလည်း ချီးကျူးစကား အချို့ ပြောကြားပြီးမှ ညည်းညူလေ၏။

"ဟင်း...နင်တို့ရဲ့ ကျင့်စဉ်တွေက အရှိန်အဟုန်နဲ့ တိုးတက်နေချိန်မှာ ငါကတော့ နှစ်ပေါင်း ရာချီအောင် ဒီအဆင့်မှာတင် ရပ်နေတုန်းပဲ"

ရေခဲတောင်သခင်မမှာ ခရမ်းရောင်နန်းတော် အဆင့်တွင် နှစ်ပေါင်း ရာချီကြာအောင် ရပ်တန့်နေခြင်း ဖြစ်သည်။

ယင်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် သူမသည် အဆုံးမဲ့ လျှပ်စီးပင်လယ်ကို ဖြတ်ကျော်ရမည် ဖြစ်၏။

သို့သော် ကပ်ဘေးဆိုးကြီး နီးကပ်လာသဖြင့် လျှပ်စီးပင်လယ်ကိစ္စမှာ ပို၍ပင် အန္တရာယ် များလာခဲ့သည်။ ရိုးရိုး ယင်နတ်ဘုရားများပင်လျှင် သူမကို ကူညီရန် အလွန် ခက်ခဲနေ၏။

သူမ၏အဖိုးက ကူညီချင်သော်လည်း အသက်ကြီးပြီး ဒဏ်ရာများ ရှိနေသဖြင့် လျှပ်စီးပင်လယ်ထဲသို့ သွားရောက်ရန်မှာ အလွန်ပင် အန္တရာယ် များလှသည်။

သင့်တော်သော အစောင့်အရှောက် မရှိသဖြင့် သူမသည် အဆင့်တက်ရန် အချိန်ဆွဲနေရခြင်းပင်။

သူမသည် သွေးဝတ်စုံ ဓားနတ်ဘုရား' သို့မဟုတ် မူလနတ်ဘုရားကို အကူအညီ တောင်းရန် စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယင်နတ်ဘုရားများပင်လျှင် အဆုံးမဲ့ လျှပ်စီးပင်လယ်ထဲတွင် သေဆုံးနိုင်သောကြောင့် ဖြစ်၏။

ထို့အပြင် ကပ်ဘေးဆိုးကြီးနီးကပ်လာပြီဖြစ်သောကြောင့် ယင်နတ်ဘုရားအားလုံးက တိုက်ခိုက်ခြင်း ခုခံခြင်းများမလုပ်တော့ဘဲ သူတို့၏ အင်အားကို ထိန်းသိမ်းထားရန် ကြိုးစားနေသဖြင့် သေရေးရှင်ရေးမဟုတ်လျှင် လှုပ်ရှားမည်မဟူတ်ပေ။

သူမသည် ကျိယွမ်ကို ဒုက္ခမပေးချင်သလို၊ ထိုအတွက် ပေးဆပ်ရမည့် တန်ဖိုးကိုလည်း သူမ မတတ်နိုင်ပေ။

"ဒါတွေ အကုန်လုံးက ဟိုကျိန်စာသင့် ကပ်ဘေးဆိုးကြီးကြောင့်ပဲ"

ရေခဲတောင်သခင်မက တွေးရင်းမှစိတ်ပေါက်လာကာ ကျိန်ဆဲလိုက်သည်။

ထိုဘေးအန္တရာယ်ကြီးသာ မရှိလျှင် သူမ ယင်နတ်ဘုရားအဆင့်သို့ ရောက်ရန် အခွင့်အရေး ရှိကောင်း ရှိနိုင်ပေသည်။

"ကပ်ဘေးဆိုးကြီး..."

ထိုစကားကို ကြားသည့်အခါ ကျိယွမ်၏ မျက်နှာမှာ တည်ကြည်သွားခဲ့သည်။

ဖန်ထုန်လောကတွင် သူသည် ယန်နတ်ဘုရားနှစ်ပါးကိုပင် သတ်ဖြတ်နိုင်ခဲ့သော်လည်း...ထိုအရာက ဂိမ်းဖြစ်သည်။

ဒါက လက်တွေ့ဘဝ ၊ ငါက အခုမှ စိတ်ဝိညာဥ်အဆင့် ။

ထိုကပ်ဘေးကြီးနှင့် ပတ်သက်ပြီး သူ့တွင်စိုးရိမ်စိတ်အနည်းငယ် ရှိနေဆဲပင်။

ယခုအချိန်တွင် သူသည် အကူအညီများ ဆင့်ခေါ်နိုင်၏။

သို့သော် ထိုကပ်ဘေးကြီးကလည်း အကူအညီခေါ်နိုင်သည်ဟု ဆိုကြသည်။

တကယ်လို့ ကပ်ဘေးကြီးက ယန်နတ်ဘုရားတစ်ပါးကို ဆင့်ခေါ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

ယန်နတ်ဘုရားများကြားတွင်ပင် အင်အားကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည် မဟုတ်ပါလား။

ထိုဘေးအန္တရာယ်ကြီး၏ နောက်ကွယ်တွင် မည်သည့်ယန်နတ်ဘုရားရှိနေသည်ကို သူ မသိရသေးပေ။

သို့သော် သူကကြောက်ရွံ့ခြင်းတော့ မရှိပါ။

"ရေခဲတောင်သခင်မ... စိတ်မပူပါနဲ့။ ငါ နောက်ထပ် ဂိမ်းတစ်ခု ဆော့ပြီးတာနဲ့ အဲ့ဒီ ဘေးအန္တရာယ်ကြီးကို အမြစ်ဖြတ်ပစ်မယ်"

ကျိယွမ်က အုပ်စုထဲတွင် ကြေညာလိုက်သည်။

အကယ်၍ ကပ်ဘေးဆိုးကြီး၏ နောက်ကွယ်မှ ယန်နတ်ဘုရားသာ တိုက်ရိုက် ပါဝင်ပတ်သက်နိုင်ခြင်း မရှိပါက ကျိယွမ်အနေဖြင့် သူ၏ကျင့်စဉ် တည်ငြိမ်သွားလျင် ထိုကပ်ဘေးကြီးကို တစ်ကိုယ်တည်းပင် ရှင်းလင်းနိုင်ကောင်း ရှင်းလင်းနိုင်ပေလိမ့်မည်။

"မူလနတိဘုရား ၊ .. ကျေးဇူးပြုပြီး ကျွန်မကို အစ်မကြီးလို့ ထပ်မခေါ်ပါနဲ့တော့"

ရေခဲတောင်သခင်မက ပြန်ပြောလိုက်သည်။

ယင်နတ်ဘုရားအဆင့်ရှိသူတစ်ဦးက သူမကို "အစ်မကြီး" ဟု ခေါ်နေခြင်းမှာ သူမကို ပို၍ အိုမင်းသွားစေသကဲ့သို့ ခံစားရစေ၏။

All Chapters