← Chapters

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အခန်း (၅၇၁) - ရူးသွပ်မှု (၃)

~ကောင်းကင် ကြယ်တာရာ အဆင့်မြင့်ဂိုဏ်းမှ လော့ဟယ်က ရေရွတ်လိုက်သည်။

“နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေရဲ့ ပင်မ အုတ်ဂူကြီး ပွင့်သွားတာများလား...”

“ဖြစ်နိုင်တယ်... ဒါကြောင့်လည်း ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေထဲက သတ်ဖြတ်ခြင်း အရှိန်အဝါတွေက ဒီလောက် ကြောက်ဖို့ ကောင်းနေတာကိုး... ဂိုဏ်းပေါင်းစုံက အစစ်အမှန် အမွေခံတွေ အများကြီး ကျဆုံးကုန်တာ မဆန်းတော့ဘူး...”

ဟု ဖန်ယွီက ပြန်ဖြေလိုက်၏။

ဝမ်ဇန်ချိုးကား နှုတ်ဆိတ်နေလေ၏။ သူ့မျက်ဝန်းများကမူ ဓားသွားကဲ့သို့ စူးရှထက်မြက်နေကာ လျှို့ဝှက်နယ်မြေ ဝင်ပေါက်ဆီသို့ အာရုံစူးစိုက် ကြည့်ရှုနေလေ၏။

“ပင်မ အုတ်ဂူကြီး ပွင့်လာရင် လျှို့ဝှက်နယ်မြေရဲ့ တားမြစ်ချက်တွေလည်း အားနည်းသွားမှာပဲ... ဒီအတိုင်းဆို ငါတို့လည်း မကြာခင် ဝင်လို့ ရတော့မယ်...”

တစ်စုံတစ်ယောက်က ထိုသို့ အရိပ်အမြွက် ပြောလိုက်သည်။ ထိုစကားသံ အဆုံး၌ စွမ်းအားရှင်များအားလုံး တုန်လှုပ်သွားကြရ၏။

အကယ်၍ ဒါသာ အမှန်ဖြစ်ပါက သူတို့၏ အစစ်အမှန် အမွေခံများ သေဆုံးကုန်သည် ဆိုလျှင်ပင် လက်ဗလာဖြင့် ပြန်စရာ မလိုတော့။ ဂိုဏ်းကို ပြန်ရှင်းပြရန် အကြောင်းပြချက် ကောင်းကောင်း ရပေလိမ့်မည်။

ထို့ပြင် ပင်မ အုတ်ဂူကြီး ပွင့်လာခြင်းနှင့်အတူ အတွင်း၌ 'သဟဇာတဖြစ်ခြင်း နယ်ပယ် နက်ရှိုင်းခြင်း စွမ်းရည်' ပါလာနိုင်သည်ဟု အားလုံး တွေးနေကြ၏၊

'သဟဇာတဖြစ်ခြင်း နယ်ပယ် နက်ရှိုင်းခြင်း စွမ်းရည်'ကား သူတို့ အလိုချင်ဆုံး ရတနာပင် ဖြစ်သည်။

အထူးသဖြင့် ထိပ်တန်း အဆင့်မြင့်ဂိုဏ်းကြီးများ အဖို့ ထိုစွမ်းရည်ကို ရရှိပါက သူတို့၏ 'ပေါင်းစည်းခြင်း နယ်ပယ်' စွမ်းအားရှင်များကို 'စည်းလုံးခြင်း နယ်ပယ်' ဘိုးဘေး အဆင့်ထိ တွန်းပို့ပေးနိုင်ပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေကို ပေါင်းစည်းပြီး နက်ရှိုင်းသော သစ္စာတရား နယ်မြေ၏ ရှေးယခင် ဂုဏ်ရောင်ကို ပြန်လည် အသက်သွင်းနိုင်ပေတော့မည်။

ထို့ကြောင့် စွမ်းအားရှင်များသည် လက်ရှိ အခြေအနေကို စိတ်အားထက်သန်လာကြပြီး ကျဆုံးသွားသော အစစ်အမှန် အမွေခံများ အတွက် ဒေါသထွက်နေသည်ကိုပင် မေ့လျော့သွားကြလေ၏။

မဟာ အကြီးအကဲ ဇီယန် သည် တုန်ခါမှု ပိုပြင်းထန်လာသော လျှို့ဝှက်နယ်မြေ ဝင်ပေါက်ကို ကြည့်ကာ စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်မိလေ၏။

'နင်ချီ... မင်း တခြားသူတွေကို ခေါ်ပြီး ဝေးနိုင်သမျှ ဝေးဝေးကို ထွက်ပြေးပါတော့... စွမ်းအားရှင်တွေ မင်းတို့ကို ရှာမတွေ့စေနဲ့... ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ အနာဂတ်က မင်းလက်ထဲမှာပဲ ရှိတော့တယ်...'

လျှို့ဝှက်နယ်မြေ ဝင်ပေါက်မှ တားမြစ်ချက်သည် တဖြည်းဖြည်း အားနည်းသွားခြင်း မဟုတ်။ တိခနဲ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ထိုအခြေအနေကို အာရုံခံမိလိုက်သည်နှင့် စွမ်းအားရှင်များ အားလုံး ရူးသွပ်သွားကြတော့၏။

ထိန်းချုပ်ထားသော စိတ်များ လွတ်ထွက်ကုန်ကြ၏၊

လူရိပ်များက ဝင်ပေါက်ဆီသို့ ဒုံးပျံများသဖွယ် ပျံသန်း ဝင်ရောက်သွားကြ၏၊

တားဆီးမည့်သူ မရှိ။ အားလုံးက ဝင်လို့ ရမရ စောင့်ကြည့်နေကြ၏၊ ရှေ့ဆုံးလူများ ဝင်သွားသည်ကို မြင်လိုက်ရသောအခါ ကျန်လူများလည်း သည်းမခံနိုင်တော့။ အလုအယက် တိုးဝင်ကြလေတော့၏။

နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ သည် နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ တောင်ပိုင်းနှင့် မြောက်ပိုင်း ကွဲကွာသွားချိန်မှစ၍ နှစ်ပေါင်းများစွာ တည်ရှိခဲ့သော်လည်း အတွင်းမှ ရတနာများကို မည်သူမျှ ကုန်စင်အောင် မယူနိုင်ခဲ့ဖူးပေ။

အကြောင်းမှာ ယခင်က 'မူလဝိညာဉ် နယ်ပယ်' အဆင့်များသာ ဝင်ရောက်ခွင့် ရှိခဲ့ပြီး အနိမ့်ဆုံး အဆင့်သည်ပင် 'ကြေးနီရောင် အုတ်ဂူ' ဖြစ်ရာ 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' အဆင့် ရှိနေသောကြောင့် ဖြစ်သည်။

ပိုမြင့်သော ငွေရောင်နှင့် ရွှေရောင် အုတ်ဂူများ ဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့။ 'မူလဝိညာဉ် နယ်ပယ်' အဆင့်လောက်ဖြင့် အကုန်သိမ်းပိုက်ရန် မဖြစ်နိုင်။

အတွင်းရှိ တားမြစ်ချက်များကို ချိုးဖျက်ပြီး တစ်စိတ်တစ်ပိုင်း ယူနိုင်လျှင်ပင် အလွန် ထူးချွန်နေပြီ ဖြစ်သည်။

အခုတော့ မတူတော့။ စွမ်းအားရှင်များ ကိုယ်တိုင် ဝင်ရောက်ခွင့် ရရှိတော့၏။ ဘဝတစ်လျှောက်လုံးတွင် အကြီးမားဆုံး အခွင့်အရေးပင်။

သူတို့သည် ထို အုတ်ဂူကြီးများထဲမှ ရတနာ အားလုံးကို တစ်ခါတည်း အပြောင်သိမ်းနိုင်ကောင်း သိမ်းနိုင်ပေမည်။ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

ယခုအချိန်၌ ကျဆုံးသွားသော ပါရမီရှင်များ အတွက် ဒေါသထွက်နေရန် အချိန်မရှိ။ ရတနာ ရဖို့က ပထမ ဦးစားပေး ဖြစ်နေတော့၏။

စွမ်းအားရှင်များ လျှို့ဝှက်နယ်မြေထဲသို့ ရောက်သွားသောအခါ ပထမဆုံး မြင်လိုက်ရသည့် မြင်ကွင်းမှာ အဝေးဆီမှ ပြိုကျမပြည့်စုံသော 'ရွှေရောင် ကောင်းကင်ဘုံ အုတ်ဂူ' ကြီးပင် ဖြစ်လေ၏။

အားလုံး နှမြောတသ ဖြစ်သွားကြ၏၊

“ဒါ လျှို့ဝှက်နယ်မြေရဲ့ အူတိုင် ပင်မ အုတ်ဂူကြီး ဖြစ်မယ်... နှမြောစရာ ကောင်းလိုက်တာကွာ... ပြိုကျသွားပြီပဲ...”

“လူတွေ အများကြီး သေကုန်တာ ဒါကြောင့်ကိုး... ပင်မ အုတ်ဂူကြီး ပြိုကျသွားလို့ပဲ...”

“ငါတို့ အဲဒီကို သွားကြည့်ကြမလား...”

“မင်းက နောက်နေတာလား... ပြိုနေမှတော့ ဘာသွားကြည့်ဦးမှာလဲ... အချိန်က ရွှေကွ...”

ရွှေရောင် ပင်မ အုတ်ဂူကြီး ပြိုကျသွားသော်လည်း လျှို့ဝှက်နယ်မြေ အတွင်း၌ အလင်းတန်းများစွာ ကောင်းကင်သို့ ထိုးတက်နေဆဲပင်။

ကြေးနီရောင် အလင်းတန်းက မရေမတွက်နိုင်။

ငွေရောင် အလင်းတန်းက တစ်ရာကျော်။

ရွှေရောင် အလင်းတန်းက အခု (၃၀) ကျော်။

ဒါ ဘာသဘောလဲ ဆိုတာ စွမ်းအားရှင်များ ကောင်းကောင်း သိသည်။

ရုတ်ခြည်းပင် ကြောက်မက်ဖွယ် မှော်စွမ်းအင် လှိုင်းဂယက်များ ပေါက်ကွဲထွက်လာကြ၏၊ အချို့ဆိုလျှင် 'စည်းမျဉ်း စွမ်းအား' ကိုပါ ထုတ်သုံးပြီး ရွှေရောင် အလင်းတန်းများ ရှိရာဆီသို့ အလုအယက် ပျံသန်းသွားကြတော့၏။

လမ်းတစ်လျှောက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားတော့၏။ 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် အမွေခံများ တုန်းက ဖြစ်ပျက်ခဲ့သော သတ်ပွဲကြီးအတိုင်းပင်။

မဟာ အကြီးအကဲ ဇီယန်နှင့် ကျန်းရူဟိုင် တို့သည် တခြားသူများလို အုတ်ဂူများဆီသို့ မပြေးကြ။ သူတို့နှစ်ဦး အတူတကွ ရပ်နေကြ၏၊

တားမြစ်ချက် ပျောက်သွားသဖြင့် လူချင်း ကွဲမသွားတော့ပေ။

ဇီယန်က လျှို့ဝှက် အသံလွှင့်ကာ ပြောလိုက်သည်။

“နင်ချီတို့ ဘယ်မှာရှိလဲ အမြန် အာရုံခံကြည့်... သူတို့ကို အရင်ဆုံး ဒီကနေ ထွက်ခိုင်းမှ ဖြစ်မယ်...”

ကျန်းရူဟိုင် ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ... နေရာ သိတာနဲ့ ချက်ချင်း သွားကြမယ်... တစ်ယောက်က သူတို့ကို ပြန်ခေါ်သွား... ကျန်တစ်ယောက်က ဆက်ရှာဖွေမယ်... ဒါမှမဟုတ် နှစ်ယောက်လုံး အတူတူ ပြန်ဆုတ်ကြတာပေါ့...”

ခဏအကြာတွင် နင်ချီတို့ ရှိရာ နေရာကို အာရုံခံမိသွားပြီး နှစ်ယောက်သား လျှင်မြန်စွာ ပျံသန်းသွားကြလေ၏။

---

ရွှေရောင် ကောင်းကင်ဘုံ အုတ်ဂူကြီး မပြိုကျမီလေးတွင် နင်ချီ သည် ရွှေရောင် ရတနာ ခန်းမဆောင် အတွင်းရှိ အခင်းအကျင်းကို ဉာဏ်အလင်းဖြင့် သိမြင်ခဲ့သည်။

သူသည် အခင်းအကျင်းကို အသက်သွင်းပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများနှင့် နျူမန်၏ မိစ္ဆာ ခြောက်ကောင်ကိုပါ ဆွဲခေါ်ကာ နေရာ ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်။

သူတို့ ရောက်ရှိသွားသော နေရာသည် လူပြတ်သည့် နေရာ ဖြစ်သော်လည်း သိပ်မဝေးလှသော နေရာတွင် စွမ်းအားရှင်များ ဦးနှောက်ချင်း ဖောက်မတတ် တိုက်ခိုက်နေကြသည်ကို လှမ်းမြင်နေရ၏။

သို့သော် ထို စွမ်းအားရှင်ကြီးများသည် နင်ချီတို့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ကြ။

မရေမတွက်နိုင်သော ရတနာများ ရှေ့ရောက်နေချိန်တွင် 'မူလဝိညာဉ် နယ်ပယ်' ပုရွက်ဆိတ်လေးများကို အချိန်ပေး ဂရုစိုက်မနေနိုင်တော့ပေ။

နျူမန်၏ မိစ္ဆာများသည် နင်ချီကို ကြည့်လိုက်ကြ၏၊ သူတို့၏ တိရစ္ဆာန် မျက်လုံးများထဲတွင် ကျေးဇူးတင်ရှိမှုများ ပြည့်နှက်နေ၏။

ဒီတစ်ခေါက် ခရီးစဉ်သည် နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း အတွက် အမြတ်ကြီး စွန်းခဲ့တော့၏။

နင်ချီ ရထားသည်များနှင့် ယှဉ်လျှင် နည်းပါးသော်လည်း နျူမန်တို့သည် ရောင့်ရဲတတ်ကြ၏၊

အရင်က သူတို့ကို နင်ချီနှင့် တိုက်ခိုက်ခိုင်းခဲ့သော ရင်ကျုံးနှင့် ဝူတောက် တို့ဆိုလျှင် ပြီးစီးပါက 'အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ' တစ်ခုနှင့် ဝိညာဉ် သွေးစက် အနည်းငယ်သာ ပေးမည်ဟု ကတိပြုခဲ့ဖူးသည်။

အခုတော့ နင်ချီက သူတို့ကို 'အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ' (၃) ခု တောင် ပေးအပ်ခဲ့တော့၏။

ဒီပမာဏသည် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' တစ်ယောက်တည်း စောင့်ကြပ်သော ဂိုဏ်းငယ်လေး တစ်ခုလုံးကို ဝယ်ယူနိုင်သည့် တန်ဖိုးပင်။

နင်ချီ၏ နောက်တွင် ရပ်နေကြသော အစစ်အမှန် အမွေခံများမှာ ထိုမြင်ကွင်းကို ကြည့်ပြီး ရင်ကော့ လိုက်မိကြလေ၏။

အခန်း (၅၇၂) - ရူးသွပ်မှု (၄)

~'စီနီယာအစ်ကိုနင်ရဲ့ နောက်လိုက် လုပ်ရတာကမှ တကယ့် လူရာဝင်တာပဲ...'

အစစ်အမှန် အမွေခံ (၈) ယောက်အနက် ချင်မင်ဟောက်နှင့် ဝမ်ယဲ့မှလွဲ၍ ကျန်လူ (၆) ဦးသည် နင်ချီ၏ ကျောပြင်ကို မော့ကြည့်ရင်း နှလုံးသားထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကြလေ၏။

အကန့်အသတ်မဲ့ ဓားဂိုဏ်း သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် မည်သို့ပင် ဖြစ်စေကာမူ စီနီယာအစ်ကိုနင် ရှိရာ 'ဓာတ်ကြီးငါးပါး တောင်ထွတ်' သို့ မဖြစ်ဖြစ်အောင် ပြောင်းရွှေ့ကြမည်။

ဒီတစ်သက်တော့ စီနီယာအစ်ကိုနင် နောက်ကိုပဲ တစ်ကောက်ကောက် လိုက်တော့မည်။

“ညီလေးနင်... ဒီခရီးစဉ်တစ်လျှောက်လုံးအတွက် ကျေးဇူးတင်ပါတယ်ဗျာ... ဒါပေမဲ့ အခုအခြေအနေအရ မင်းတို့အဖွဲ့ ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာသင့်ပြီလို့ ငါ အကြံပေးချင်တယ်...”

နျူမန်သည် အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

နျူမန်၏ အကြည့်ကို အားလုံးက ချက်ချင်း နားလည်လိုက်ကြ၏။ ဒါသည် သူတို့ကို စိုးရိမ်သောကြောင့် ပြောခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် အသက်ရှင်ကျန်ရစ်သူဟူ၍ သူတို့အဖွဲ့သာ ရှိသောကြောင့် ဖြစ်သည်။

ကျန်းချင်းရွှယ်ကလည်း ဝင်ပြောလေ၏။

“စီနီယာအစ်ကိုနင်... အစ်ကိုကြီး နျူ ပြောတာ အမှန်ပဲ... ငါတို့ပဲ အသက်ရှင်ကျန်ရစ်ခဲ့တာဆိုတော့ လူတွေ အာရုံစိုက်ခံရဖို့ အရမ်းလွယ်တယ်... ကံကောင်းတာထက် ပြဿနာတက်ဖို့က ပိုများနေတယ်...”

နင်ချီ ခေါင်းကို အသာအယာ ညိတ်လိုက်၏။

“ကောင်းပြီလေ... ဒါဆိုရင် ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့... အခွင့်အရေးရရင် ပြန်ဆုံကြပါမယ်...”

နျူမန်သည် နင်ချီ၏ ပခုံးကို ပုတ်လိုက်ပြီး လက်ဖဝါးအရွယ်အစားရှိသော လှပသည့် ဦးချို တစ်ခုကို ကမ်းပေးလိုက်သည်။

“ညီလေးနင်... ဒါလေး ယူထားပါ... အဝေးကနေ ငါနဲ့ ဆက်သွယ်လို့ရတယ်... ပြီးတော့ နွားမိစ္ဆာဂိုဏ်းသားတွေနဲ့ တွေ့ရင်လည်း မင်းကို ကူညီလိမ့်မယ်... ဟို စွမ်းအားရှင်တွေက လွဲလို့ ပေါ့လေ...”

“နောက်ပြီးတော့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း က မင်းကို ပြဿနာ လာရှာရင် ငါ့ကို အကြောင်းကြားပါ... ပေ့ရွှမ်ဂိုဏ်းကို ခုခံတိုက်ခိုက်ဖို့ ငါတို့ 'မိစ္ဆာနတ်ဘုရား သစ္စာဆိုခြင်း' ပြုလုပ်ထားပြီးသားပါ... ညီလေးနင်က ငါတို့ကို သစ္စာဖောက်တဲ့ အပြစ်ဒဏ်နဲ့ သေစေချင်မှာတော့ မဟုတ်ဘူးမလား...”

နင်ချီ ပြုံးလိုက်ပြီး ဦးချိုကို လှမ်းယူလိုက်လေ၏။

“ဒါဆိုလည်း ခင်ဗျားရဲ့ စေတနာကို ကျွန်တော် မငြင်းတော့ဘူး... တစ်ခုရှိတာက အစ်ကိုကြီး နျူ...ကျွန်တော်တို့ရဲ့ အခြေအနေမှန်ကိုတော့ လျှို့ဝှက်ထားပေးစေချင်ပါတယ်...”

ထိုအခါ၊

နျူမန်က လေးနက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

“ဒါပေါ့... ရင်ကျုံးတို့၊ ဝူတောက်တို့က ရွှေရောင် အုတ်ဂူကြီး ပြိုကျတဲ့အထဲ ပါသွားကြတာလေ...”

သူက ဘေးနားရှိ မိစ္ဆာ (၅) ကောင်ကို လှမ်းကြည့်လိုက်သည်။ ထိုမိစ္ဆာများကလည်း ချက်ချင်း သဘောပေါက်သွားကြ၏။

ထို့နောက် မိစ္ဆာ (၆) ကောင်စလုံး 'မိစ္ဆာနတ်ဘုရား သစ္စာဆိုခြင်း' ကို ထပ်မံ ပြုလုပ်ကြလေ၏။

“ငါ နျူမန်... နင်ချီနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ... လျှို့ဝှက်နယ်မြေထဲမှာ အကန့်အသတ်မဲ့ ဓားဂိုဏ်းသားတွေ လုပ်ခဲ့သမျှ ကိစ္စတွေကို ဘယ်တော့မှ ထုတ်မပြောပါဘူးလို့ ကျိန်ဆိုပါတယ်...”

“ငါ ကျားဖြူကြီးလည်း...”

“...”

ဒီမိစ္ဆာများသည် ရိုးသားဖြူစင်သော စိတ်ဓာတ်ရှိပြီး လုပ်စရာရှိလျှင် ပြတ်ပြတ်သားသား လုပ်တတ်ကြပေသည်။ ချစ်စရာပင် ကောင်းနေသေးတော့၏။

“ညီလေးနင်... နောက်နောင် အကန့်အသတ်မဲ့ ဓားဂိုဏ်းကို လာလည်ခွင့်ရဖို့ မျှော်လင့်ပါတယ်...”

နျူမန်က လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

“အခွင့်အရေး ရရင် ကျွန်တော်လည်း နွားမိစ္ဆာဂိုဏ်းဆီ လာလည်ပါ့မယ်...”

ထို့နောက် လူစုနှစ်စုသည် ဦးတည်ရာ တစ်ဖက်စီသို့ ထွက်ခွာသွားကြလေ၏။

နင်ချီက ရှေ့ဆုံးမှ ဦးဆောင်ပြီး ကျန်လူများက နောက်မှ လိုက်ပါလာကြ၏၊ နင်ချီသည် ဘေးကင်းစေရန်အတွက် သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ပေးထားသော အခင်းအကျင်းတစ်ခုကိုပါ ခင်းကျင်းလိုက်လေ၏။

သူ၏ လက်ရှိ 'နယ်မြေ အရှင်သခင်' စွမ်းအားဖြင့် ဖုံးကွယ်ထားမှုကို 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' စွမ်းအားရှင်များပင် အလွယ်တကူ ရှာဖွေနိုင်မည် မဟုတ်ပေ။

---

ထိုအချိန်၌ နင်ချီတို့ အနီးအနားတွင် ရှိနေသည်ကို အာရုံခံမိလိုက်သော မဟာ အကြီးအကဲ ဇီယန်နှင့် ကျန်းရူဟိုင် တို့သည် ရုတ်တရက် အာရုံခံစားမှု ပျောက်ဆုံးသွားသဖြင့် လန့်ဖျပ်သွားကြလေ၏။

“မဖြစ်ဘူး... သူတို့နဲ့ အဆက်အသွယ် ပြတ်သွားပြီ...”

ဇီယန်၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပေါ်လာသော်လည်း တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

သူသည် ဝိညာဉ်မီးအိမ်ကို ချက်ချင်း ထုတ်ကြည့်လိုက်ရာ မီးအိမ်နှစ်လုံးမှာ မငြိမ်းသေးဘဲ တောက်ပနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။

ထိုအခါမှ နှစ်ယောက်သား သက်ပြင်းချနိုင်ကြတော့၏။

“ကံကောင်းပါသေးရဲ့... သူတို့ တစ်ခုခု လုပ်လိုက်တာ ဖြစ်မယ်...”

“ငါတို့ သူတို့ကို ဆက်ရှာကြဦးမလား...”

ကျန်းရူဟိုင်က ဇီယန်ကို မေးလိုက်ခြင်းပါ။

ဇီယန် ခဏမျှ တွေးတောနေပြီးမှ ခေါင်းခါလိုက်လေ၏။

“ထားလိုက်ပါတော့ကွာ... နင်ချီက စိတ်ဓာတ်ခိုင်မာတဲ့ ကောင်လေးပါ... လက်ရှိ အန္တရာယ်ကို သူ နားလည်မှာပါ...”

“ဒါပေမဲ့ ငါတို့ ရှာမတွေ့ရင် သူတို့ ပိုအန္တရာယ် မများဘူးလား...”

ဇီယန် ခေါင်းခါလိုက်ပြန်သည်။

“တခြား စွမ်းအားရှင်တွေ ဝင်လာတာကို သူ မြင်မှာပဲ... ငါတို့လည်း လျှို့ဝှက်နယ်မြေထဲ ရောက်နေပြီဆိုတာ သူ သိလောက်တယ်... ဒါပေမဲ့ သူ ငါတို့ဆီ လာမတွေ့ဘူး... အခု အာရုံခံမှုကိုပါ ဖြတ်တောက်လိုက်တယ် ဆိုတော့... သူ့မှာ အစီအစဉ် တစ်ခုခု ရှိလို့ နေမှာပါ...”

ကျန်းရူဟိုင် ရုတ်တရက် ပြုံးလိုက်မိသည်။

“မင်းက သူ့ကို တော်တော် ယုံတာပဲနော်...”

ဇီယန်လည်း ပြုံးလိုက်ပြီး ပြန်ပြောလေ၏။

“အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ အစစ်အမှန် အမွေခံတွေကို တစ်ယောက်မှ မသေစေဘဲ ကာကွယ်ပေးထားနိုင်တဲ့ ကောင်လေးကို မယုံလို့ ဘယ်သူ့ ယုံရမှာလဲကွ...”

“ဒါလည်း ဟုတ်တာပဲ...”

“ကဲပါ... အဲဒီကောင်လေးက ငါတို့ကို မဆက်သွယ်မှတော့ ငါတို့ဘာသာ အုတ်ဂူကြီးတွေဆီ သွားပြီး ကံစမ်းကြတာပေါ့...”

---

အမှန်တကယ်တော့ နင်ချီသည် မဟာ အကြီးအကဲ ဇီယန်တို့ ရောက်လာသည်ကို အာရုံခံမိလိုက်ပါသည်။

သို့သော် ယခုအချိန်တွင် မတွေ့ဆုံခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

စွမ်းအားရှင်များသည် လျှို့ဝှက်နယ်မြေထဲရှိ အုတ်ဂူကြီးများကိုသာ စိတ်ဝင်စားနေကြသဖြင့် သူတို့လို 'မူလဝိညာဉ် နယ်ပယ်' ပုရွက်ဆိတ်လေးများကို ဂရုစိုက်နေမည် မဟုတ်။ သို့သော် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' အကြီးအကဲများနှင့် သွားတွေ့လိုက်ပါက သူတစ်ပါး၏ အာရုံစိုက်မှုကို သွယ်ဝိုက် ဖိတ်ခေါ်သလို ဖြစ်သွားနိုင်ပေသည်။

ထို့ကြောင့် နင်ချီသည် လူအားလုံးကို ခေါ်ပြီး လျှို့ဝှက်နယ်မြေထဲမှ အရင် ထွက်ခွာရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။

နေရာအနှံ့ ထိုးထွက်နေသော ရောင်စုံ အလင်းတန်းများနှင့် ပတ်သက်၍မူ သူတို့သည် လုံလောက်သော ရတနာများကို ရရှိထားပြီး ဖြစ်သည်။ အုတ်ဂူကြီးများကို လိုက်လုမည် ဆိုပါက သူ၏ အစွမ်းကုန် စွမ်းအားဖြင့် ယှဉ်ပြိုင်နိုင်သည် မှန်သော်လည်း လုံခြုံမှု မရှိလှပေ။

စွမ်းအားရှင်များကို အရင် ရှင်းလင်းခိုင်းလိုက်ပြီးမှ သူ့အလှည့် ဝင်ရောက် ယူငင်ခြင်းက ပိုကောင်းပေလိမ့်မည်။ ထို့ပြင် သူ့အတွက် အရေးကြီးဆုံးက 'စည်းမျဉ်း နယ်ပယ်' သို့ အဆင့်တက်လှမ်းနိုင်မည့် အခွင့်အရေးကို အရယူရန် ဖြစ်သည်။

မကြာမီတွင်ပင် အပြင်လောကသို့ ထွက်ခွာနိုင်မည့် ထွက်ပေါက်တစ်ခုကို ရှာဖွေတွေ့ရှိသွားကြ၏၊ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာလိုက်ကြ၏။

“ဝေါ”

ပထမအကြိမ် ဝင်ရောက်ခဲ့စဉ်ကလို ချောက်နက်ထဲ ပြုတ်ကျသကဲ့သို့ ခံစားချက်မျိုး မရှိတော့။ လျှို့ဝှက်နယ်မြေ၏ တားမြစ်ချက် ပျောက်ကွယ်သွားသောကြောင့် ဖြစ်တန်ရာ၏။

နင်ချီက ရှေ့ဆုံးမှ ဦးဆောင်ပြီး ကျန် (၈) ယောက်က နောက်မှ လိုက်ပါလာကြ၏၊

မကြာခင်မှာပင် ဝိညာဉ်စွမ်းအင် ကြွယ်ဝသော တောင်တစ်လုံးကို ရှာတွေ့လိုက်ကြ၏၊

“ဂျူနီယာ မောင်မယ်တို့... ဒီခရီးစဉ်မှာ ငါတို့ ရလိုက်တာတွေ မနည်းဘူး... အခု လျှို့ဝှက်နယ်မြေ ကိစ္စက ငါတို့နဲ့ မဆိုင်တော့ဘူးဆိုတော့... ဒီနေရာမှာ ခဏနားပြီး ရထားတာတွေကို ကိုယ့်အစွမ်းအစ ဖြစ်အောင် အရင်လုပ်ကြတာပေါ့...”

မည်သူမျှ မငြင်းကြပေ။

လမ်းတစ်လျှောက်လုံး နင်ချီထံမှ ပညာရပ်များကို သင်ယူခဲ့ရုံသာမက ရတနာများစွာလည်း ရရှိခဲ့ကြ၏၊

အချို့က သီးသန့် ကျင့်ကြံကြ၏၊ အချို့က အချင်းချင်း တိုက်ခိုက် လေ့ကျင့်ကြ၏၊

နင်ချီသည်လည်း တောင်ပေါ်တွင် ဂူတစ်လုံး တူးလိုက်ပြီး ဝင်ပေါက်ကို ပိတ်ကာ သီးသန့် ကျင့်ကြံခြင်း စတင်လိုက်လေတော့၏။

ယခုခရီးစဉ်တွင် 'စည်းမျဉ်း ကျောက်စိမ်း' များစွာနှင့် ရေ၊ မီး စည်းမျဉ်း မူလအစ ပါဝင်သော 'ရေ မီး တာအို ဓား' ကိုပါ ရရှိထားရာ နင်ချီ၏ ပင်မ ခန္ဓာကိုယ်ကြီး 'စည်းမျဉ်း နယ်ပယ်' သို့ တက်လှမ်းရန် အချိန်တန်တော့၏။

အဆင့်တက်ပြီးသွားသည်နှင့် ဇီယန်တို့ကို ဆက်သွယ်ပြီး ဂျူနီယာများကို ဂိုဏ်းသို့ အရင် ပြန်ခိုင်းမည်။

သူကတော့... ဟက်...။

'စည်းမျဉ်း နယ်ပယ်' သို့ ရောက်သွားပြီ ဆိုပါက 'ပေါင်းစည်းခြင်း နယ်ပယ်' စွမ်းအားရှင်များနှင့် တွေ့လျှင်ပင် အမှုန့်ကြိတ်ပစ်လိုက်မည်။

ထို့နောက် လျှို့ဝှက်နယ်မြေထဲ တစ်ယောက်တည်း ပြန်ဝင်ပြီး ကျန်ရှိနေသော အကျိုးအမြတ်များကို သိမ်းပိုက်ရပေဦးမည်။

ပထမဆုံး အနေဖြင့် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ စွမ်းအားရှင်များကို စာရင်း ရှင်းရမည်။ ဂိုဏ်းထဲက ထွက်လာရဲမှတော့ ပြန်လမ်း မရှိစေရတော့ပေ။

အခန်း (၅၇၃) - စည်းမျဉ်း နယ်ပယ် (၁)

~အမည်နာမမဲ့ ဝိညာဉ်တောင်...။

ဤနေရာသည် ဝိညာဉ်စွမ်းအင် အသင့်အတင့် ရှိသော်လည်း တောင်ပိုင်း အစစ်အမှန် နယ်မြေ၌ ဤကဲ့သို့သော တောင်မျိုးက သဲသောင်ပြင်မှ သဲပွင့်များပမာ ပေါများလှသဖြင့် မည်သည့်ဂိုဏ်းမှ လာရောက် အခြေချခြင်း မရှိပေ။

သို့သော် ယနေ့တွင်တော့ ထိုတောင်ကလေးသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ လူ (၉) ယောက် ရောက်ရှိလာမှုကြောင့် တစ်ခဏအတွင်းမှာပင် ကောင်းကင်ဘုံ နိမိတ်များ ထွန်းလင်းတောက်ပလာခဲ့လေ၏။

ကျန်းမိသားစုဝင် တစ်ယောက်အနေဖြင့် ကျန်းချင်းရွှယ်သည် ကျင့်ကြံခြင်း အရင်းအမြစ်များကို တစ်ခါမျှ ပူပန်ခဲ့ရဖူးသူ မဟုတ်။

လျှို့ဝှက်နယ်မြေထဲ မဝင်ရောက်မီကပင် သူမ၌ မပြည့်စုံသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ တစ်ပါး ရှိနှင့်နေပြီ ဖြစ်သည်။ 'ဟင်းလင်းပြင် လမ်းစဉ် ခရမ်းရောင် ရွှေဆေးလုံး' ဆိုသည်မှာလည်း သူမအတွက် သရေစာ မုန့်ပဲသရေစာ လောက်သာ ဖြစ်၏။

သို့သော်... လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး စီနီယာအစ်ကိုနင်၏ နောက်သို့ လိုက်ပါခဲ့ပြီးနောက်တွင်တော့ သူမ၏ အတွေးအမြင်များ ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ရချေသည်။

ယခင်က သူမသည် နင်ချီမှလွဲ၍ ကျန်လူများထက် ပိုချမ်းသာသည်ဟု ကိုယ့်ကိုယ်ကို ထင်မှတ်ခဲ့ဖူး၏။

အခုတော့... တခြား အစစ်အမှန် အမွေခံများ၏ ကြွယ်ဝချမ်းသာမှုက သူမ၏ အတိတ်က ပိုင်ဆိုင်မှုများကို ကျော်လွန်သွားခဲ့တော့၏။

ကျန်းချင်းရွှယ် လက်ချိုး ရေတွက်ကြည့်လိုက်သည်။

ဒီတစ်ခေါက် စီနီယာအစ်ကိုနင်၏ နောက်လိုက်ပါခဲ့သူများထဲတွင် အနည်းဆုံး ရရှိသူကပင် 'မပြည့်စုံသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ' (၂) ခု၊ 'အဆင့်နိမ့် ဝိညာဉ် ရတနာ' (၅) ခု၊ 'စည်းမျဉ်း ကျောက်စိမ်း' (၃) တုံး နှင့် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' နှောင်းပိုင်းအထိ အသုံးပြုရန် လုံလောက်သော ဆေးဝါးများနှင့် ကျင့်စဉ်များကို ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။

ကျန်းမိသားစု၏ သူဌေးမလေး ဘဝမှ လူလတ်တန်းစား အဆင့်သို့ လျှောကျသွားသလို သူမ ခံစားလိုက်ရ၏။

သို့သော် ကျန်းချင်းရွှယ် မနာလိုဖြစ်ခြင်း အလျဉ်းမရှိ။ သူမကိုယ်တိုင်လည်း ရတနာများစွာ ရိတ်သိမ်းခဲ့ရသည် မဟုတ်ပါလော။ အရာအားလုံးက အိပ်မက်တစ်ခုလိုပင် ဆန်းကြယ်လွန်းလှပါသည်။

ယခုအချိန်မှစ၍ သူမသည် ချင်မင်ဟောက်နှင့် ဝမ်ယဲ့တို့၏ ခံစားချက်ကို ကိုယ်ချင်းစာ နားလည်သွားခဲ့တော့၏။ စီနီယာအစ်ကိုနင်၏ နောက်သို့ လိုက်ခြင်းသည် ရွှေလမ်းငွေလမ်း ဖောက်လုပ်ခြင်းပင် ဖြစ်ပေတော့၏။

'ခေါင်းသုံးလုံး လက်ခြောက်ဖက် စစ်သည်တော် မိစ္ဆာ ခန္ဓာ' ကို ကျင့်ကြံသော ဝမ်ယဲ့မှာမူ ပျော်လွန်း၍ ပါးစပ်ပင် စေ့မရနိုင်တော့။

စီနီယာအစ်ကိုနင်က သူ့အတွက် လမ်းနှစ်သွယ် ညွှန်ပြပေးခဲ့သည်။ အရိုးရှင်းဆုံး လမ်းစဉ်မှာ 'စစ်သည်တော် ခန္ဓာ' ကို အသုံးပြု၍ မှော်ရတနာများကို အခင်းအကျင်း ပုံစံဖြင့် ထုတ်ဖော်တိုက်ခိုက်သော 'လက်နက်ကြီး လမ်းစဉ်' ဖြစ်သည်။

အရင်တုန်းကဆိုလျှင် ဝမ်ယဲ့ခမျာ ရတနာ တစ်စုံရဖို့အရေး ရှိစုမဲ့စုလေးကို ရောင်းချပြီး သွေးမျက်လုံး ထွက်မတတ် ရှာဖွေခဲ့ရ၏။

အခုတော့ သူ့လက်ထဲတွင် မပြည့်စုံသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာများနှင့် အဆင့်နိမ့် ဝိညာဉ် ရတနာများ အစုံလိုက် အလုံလိုက် ရှိနေတော့၏။

ဝမ်ယဲ့၏ 'ခေါင်းသုံးလုံး လက်ခြောက်ဖက် စစ်သည်တော် မိစ္ဆာ ခန္ဓာ' သည် ရှိရင်းစွဲ တိုက်ခိုက်စွမ်းအား ပြင်းထန်ပြီးသား ဖြစ်သည်။

သို့သော် ဝမ်ယဲ့သည် ဤမျှလောက်နှင့် ကျေနပ်မည့်သူ မဟုတ်။ နင်ချီ လမ်းညွှန်ပေးခဲ့သော ဒုတိယ လမ်းစဉ်ဖြစ်သည့် 'လေးလံသော နည်းစနစ်' လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းရန် ဆုံးဖြတ်ထားသည်။

စီနီယာအစ်ကိုနင်က ပြောခဲ့ဖူးသည်။ 'လေးလံသော နည်းစနစ်' လမ်းစဉ်ကို လျှောက်လှမ်းမှသာ သူ့အလားအလာက အကန့်အသတ်မရှိ တိုးတက်နိုင်မည် ဟူ၍။ ဝမ်ယဲ့သည် နင်ချီ၏ စကားကို သံသယ တစ်စက်မျှ မရှိဘဲ ယုံကြည်လေ၏။

ကျန်ရှိသော အစစ်အမှန် အမွေခံများသည်လည်း ကျန်းချင်းရွှယ်နှင့် ဝမ်ယဲ့တို့ နည်းတူ ပျော်ရွှင်မှု ဒီလှိုင်းလုံးများကြားတွင် နစ်မြုပ်နေကြ၏။

သူတို့သည် အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် ထိပ်တန်း အမွေခံ (၁၀) ဦး စာရင်းဝင် ဖြစ်သဖြင့် သာမန် တပည့်များထက် အဆင့်အတန်း မြင့်မားသည်မှာ မှန်၏။

သို့သော် ဂိုဏ်း၏ အရင်းအမြစ်များက အကန့်အသတ် ရှိသည်။ ခွဲဝေမှုတွင် ဘက်လိုက်မှုများကလည်း ရှိနေပြန်သည်။

ဥပမာအားဖြင့် ယဲ့ချန်သာ မသေဘဲ ရှိနေသေးလျှင်...

ယဲ့မိသားစုသည် ယဲ့ချန်ကို အရင်းအမြစ်များ ပိုမို ပုံအောပေးလိမ့်မည်။ ဂိုဏ်း၏ အများပိုင် ခွဲဝေမှုများကလည်း ယဲ့ချန်ဘက်သို့ ယိမ်းယိုင်သွားပေလိမ့်မည်။

သူတို့သည် ယဲ့ချန်ကို 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' သို့ အမြန်ဆုံး ရောက်အောင် တွန်းပို့ပေးကြမည် ဖြစ်ပြီး၊ ယဲ့ချန် တစ်ယောက်တည်းသာလျှင် ဘာမှ ပူစရာမလိုသော ဘဝကို ရရှိပေလိမ့်မည်။

ကံကောင်းစွာပင် ယဲ့ချန် သေဆုံးသွားခဲ့ပြီ ဖြစ်၍ တခြားသူများနည်းတူ တောက်ပသော အနာဂတ်ကို မပိုင်ဆိုင်နိုင်တော့။

ယခု လျှို့ဝှက်နယ်မြေ ခရီးစဉ်မှ ရရှိလိုက်သော အကျိုးအမြတ်များသည် သူတို့အား 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' နှောင်းပိုင်းအထိ အေးအေးဆေးဆေး ကျင့်ကြံနိုင်ရန် ထောက်ပံ့ပေးနိုင်လေ၏။

ဂိုဏ်းမှ ဘာမှ မထောက်ပံ့လျှင်တောင် သူတို့ မျက်ခုံးလှုပ်စရာ မလိုတော့။

ဤအရာ အားလုံးသည် နင်ချီနောက်သို့ (၁၀) ရက်ကျော်မျှ လိုက်ပါခဲ့ရုံဖြင့် ရရှိလာသော အသီးအပွင့်များပင်။

သူတို့အားလုံး ကောင်းကောင်းကြီး နားလည်ထားလိုက်ကြ၏၊ နင်ချီသာ မပါဘဲ ယဲ့ချန် ဦးဆောင်မှုဖြင့် လာခဲ့မည် ဆိုပါက... ကံအကောင်းဆုံး လူသည်ပင် မပြည့်စုံသော ရတနာ တစ်ခု သို့မဟုတ် စည်းမျဉ်း ကျောက်စိမ်း တစ်တုံးလောက်သာ ရနိုင်ပေလိမ့်မည်။

ထို့ကြောင့် ရတနာများ ရရှိ၍ ပျော်ရွှင်နေသကဲ့သို့ပင် သူတို့၏ နှလုံးသားထဲတွင် နင်ချီအပေါ် ထားရှိသော ကျေးဇူးတရားကလည်း ပင်လယ်ပြင်ကဲ့သို့ နက်ရှိုင်း ကျယ်ပြောလာခဲ့လေ၏။

အစစ်အမှန် အမွေခံများသည် ဝိညာဉ်တောင်ပေါ်ရှိ ဂူတစ်လုံးဆီသို့ မကြာခဏ လှမ်းကြည့်မိကြ၏၊ ထိုနေရာတွင် စီနီယာအစ်ကိုနင် သီးသန့် ကျင့်ကြံနေလေ၏။

'စီနီယာအစ်ကိုနင်ရဲ့ ပါရမီနဲ့ဆိုရင်... ဂူအောင်းရာကနေ ပြန်ထွက်လာတဲ့အချိန်ကျရင် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို ရောက်နေလောက်ပြီ...'

မ်ိမိတို့လည်း အချိန်ဆွဲနေ၍ မဖြစ်။ အမြန် ကျင့်ကြံကြမှ တော်ကာ ကျမည်။

လွန်ခဲ့သော (၁၀) ရက်တာ ကာလက သူတို့ကို အမှန်တရား တစ်ခု သင်ပေးခဲ့သည်။

လျှို့ဝှက်နယ်မြေထဲ မဝင်ခင်တုန်းကတော့ ဒီခရီးစဉ်ဟာ သူတို့ဘဝရဲ့ အကြီးမားဆုံး အခွင့်အရေးဟု ထင်ခဲ့ကြဖူးသည်။

အခုမှ သူတို့ သဘောပေါက်သွားကြ၏၊ သူတို့ဘဝရဲ့ အကြီးမားဆုံး အခွင့်အရေး ဆိုတာ 'နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ' မဟုတ်။

'စီနီယာအစ်ကိုနင်' သာလျှင် ဖြစ်ပေသည်။

နင်ချီကဲ့သို့သော ပါရမီရှင်နှင့် ဂိုဏ်းတူ ဖြစ်ခွင့်ရပြီး၊ သူ့နောက်လိုက် ဖြစ်ခွင့်ရခြင်းသည် မည်သည့် လျှို့ဝှက်နယ်မြေနှင့်မှ လဲနိုင်စွမ်း မရှိသော ကံကောင်းခြင်းပင်။

---

ဝိညာဉ်တောင်ပေါ်ရှိ ကျောက်ဂူအတွင်း...။

နင်ချီသည် လေထဲတွင် တင်ပျဉ်ခွေလျက် မျောလွင့်နေ၏။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် သူ၏ ဝင်သက်ထွက်သက်နှင့်အညီ တုန်ခါ လှုပ်ရှားနေကြ၏။

သူသည် စိတ်ကို စုစည်းလိုက်ပြီး အသိစိတ်ဝိညာဉ်ကို 'အစစ်အမှန်သိုင်း ကမ္ဘာ'၏ အနှစ်သာရနှင့် ချိတ်ဆက်လိုက်သည်။

အစစ်အမှန်သိုင်း ကမ္ဘာ တည်ရှိရာ နေရာမှ တုံ့ပြန်မှု ချက်ချင်း ရောက်လာသည်။ မမြင်နိုင်သော စွမ်းအား တစ်ရပ်သည် သူ့ခန္ဓာကိုယ်ပေါ်သို့ သက်ဆင်းလာလေ၏။

ကမ္ဘာ့ အနှစ်သာရနှင့် သူ၏ ခွဲခြမ်းစိတ်ဝိညာဉ် တည်နေရာကို 'ကျောက်ဆူး'သဖွယ် အသုံးပြုပြီး နင်ချီသည် 'တောင်နှင့် ပင်လယ် နယ်မြေ' နှင့် 'အစစ်အမှန်သိုင်း ကမ္ဘာ' ကို ဆက်သွယ်ပေးမည့် ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုကို တိတ်တဆိတ် ဖန်တီးလိုက်လေ၏။

ဤလုပ်ငန်းစဉ်သည် မျက်တောင်တစ်ခတ်စာ အချိန်သာ ကြာမြင့်၏။

ကမ္ဘာနှစ်ခုကြားတွင် လူတစ်ကိုယ်စာ ဝင်ဆံ့ရုံမျှသာ ရှိသော အပေါက်ငယ်လေး တစ်ခု ပွင့်ဟသွားသည်။

တောင်နှင့် ပင်လယ် နယ်မြေရှိ နင်ချီသည် 'ဝင်စားထားသော ခန္ဓာ' ဖြစ်သည့်အတွက် ဤကမ္ဘာ၏ ကမ္ဘာ့ဆန္ဒ သည်ပင် ဤနေရာမှ ပုံမှန်မဟုတ်သော အခြေအနေကို သတိမပြုမိလိုက်ချေ။

နင်ချီ၏ ပတ်ဝန်းကျင်တွင် အလင်းအစုအဝေးများ ရုတ်တရက် ပေါ်ထွက်လာသည်။

ထိုအရာများသည် လျှို့ဝှက်နယ်မြေ အတွင်းမှ သူ ရရှိခဲ့သော ဝိညာဉ် ရတနာများနှင့် စည်းမျဉ်း ကျောက်စိမ်းများ ဖြစ်ပေသည်။

နင်ချီသည် သိုလှောင်လက်စွပ် အတွင်းမှ ဓားပုံသဏ္ဌာန် ဝိညာဉ် ရတနာများနှင့် စည်းမျဉ်း ကျောက်စိမ်း အားလုံးကို ထုတ်ယူလိုက်ပြီး ဟင်းလင်းပြင် လမ်းကြောင်းထဲသို့ ပစ်ထည့်လိုက်လေ၏။

ခဏချင်းမှာပင် ရာချီသော အလင်းတန်းများသည် ကြယ်မိုးများ ရွာသွန်းသကဲ့သို့ ဟင်းလင်းပြင် လမ်းကြောင်းထဲသို့ တိုးဝင် ပျောက်ကွယ်သွားကြ၏၊ လမ်းကြောင်းသည်လည်း ချက်ချင်း ပြန်ပိတ်သွား၏။

သူသည် ဤရတနာများကို အစစ်အမှန်သိုင်း ကမ္ဘာသို့ လွှဲပြောင်းပေးရန်အတွက်သာ ဟင်းလင်းပြင် လမ်းကြောင်းကို ခေတ္တ ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပေသည်။

အစစ်အမှန်သိုင်း ကမ္ဘာ...။

ကမ္ဘာ၏ အမြင့်ဆုံး နေရာ...။

နယ်ပယ် အရှင်သခင် နင်ချီ ဖန်တီးထားသော 'အတွင်းကမ္ဘာ' ထဲတွင်...။

'မိုးကြိုး ကောင်းကင် မြစ်ကြီး' သည် သက်ရှိသတ္တဝါ တစ်ကောင်ကဲ့သို့ အတွင်းကမ္ဘာ တစ်ခုလုံးကို ရစ်ပတ် စီးဆင်းနေ၏။ မိုးကြိုးများ တဖျပ်ဖျပ် လက်ကာ ဟိန်းဟောက်သံများ ညံနေသော်လည်း အစစ်အမှန်သိုင်း ကမ္ဘာမှ သက်ရှိများကမူ ဤနေရာ၏ တည်ရှိမှုကို အာရုံမခံနိုင်ကြပေ။

All Chapters