← Chapters

စနစ်ပြန်ရောက်လာခြင်း

Vol. 21 Ch. 210

စနစ်ပြန်ရောက်လာခြင်း

Vol. 21 Ch. 210

ယန်ချန်ရဲ့နေ့ရက်အချို့က ရိုးရှင်းစွာပဲ ကုန်ဆုံးသွားသည်။

အချိန်အများစုအား သစ်သားပြားပေါ်မှ အစီရင်ကိုလေ့လာနေပြီး ကျန်အချိန်များတွင်တော့ ယင်ယင်နဲ့အတူ အချိန်ဖြုန်းလေ့ရှိသည်။

ယနေ့၌ ယန်ချန်တစ်ယောက် သစ်သားပြားပေါ်မှ အစီရင်အား သုံးပုံနှစ်ပုံခန့် နားလည်သွားလေပြီ။

သူနားလည်ထားမှုအရ အစီရင်မှာ အချိန်ထိန်းချုပ်ခြင်း အစီရင်ဖြစ်ပြီး ထိုအစီရင်၏သက်ရောက်မှုအောက်၌ အပြင်ဘက်နေရာနှင့် အချိန်စီးဆင်းမှုမှာ အဆတစ်ရာထိ ကွာဟမည်ဖြစ်သည်။

“အရမ်းကြမ်းလွန်းတယ် အချိန်ကိုလိုသလို ထိန်းချုပ်တဲ့အစီရင်ပဲ”

ယန်ချန်က အစီရင်ထဲမှ အစီရင်လမ်းကြောင်းများအား အသေးစိတ်လေ့လာရင်း တီးတိုးရေရွတ်လေသည်။

ထိုကဲ့သို့ ကြမ်းတမ်း၍လည်း ယန်ချန်ခမျာ အခြားအစီရင်များနဲ့မတူ အချိန်အများဆုံး ယူခဲ့ရသည်မဟုတ်လား။ ဒါတောင်မှ အပြည့်အဝ နားလည်ခြင်း မရှိသေးချေ။

ယန်ချန်က အစီရင်သစ်သားပြားအား အနည်းငယ် အသက်သွင်းကြည့်သည်။ အလင်းရောင်တချို့ ဖျတ်ခနဲ ထွက်ပေါ်လာပြီး အခန်းတွင်းရှိ အချိန်စီးဆင်းမှုမှ စက္ကန့်ဝက်မျှ နှေးကွေးသွားသည်ကို ခံစားလိုက်ရသည်။

“စက္ကန့်ဝက်ပဲလား..”

ယန်ချန်တစ်ယောက် စိတ်ပျက်စွာဖြင့် အစီရင်သစ်သားပြားအား စားပွဲပေါ် ပစ်တင်လိုက်သည်။ ရက်ပေါင်းများစွာ လေ့လာပြီးနောက် သုံးပုံနှစ်ပုံခန့် နားလည်သွားသော်လည်း ထိုမျှက အစီရင်ကို အသက်သွင်းရန် မတတ်နိုင်သေး။

“ငါဒီထက်ပိုပြီး မတတ်နိုင်တော့ဘူး ငါ့ကို ကူညီမယ့်လူလည်း မရှိဘူး စနစ်သာရှိရင်တော့”

ယန်ချန်လည်း စနစ်ကိုသတိရမိသွားပြီး သက်ပြင်းချလိုက်သည်။ စနစ်ရှိစဥ်က အစီရင်များစွာကို လေ့လာခဲ့ရပြီး စနစ်ရဲ့သင်ကြားပေးမှုက အမှန်တကယ်ပင် ထိရောက်ပေသည်။

“ငါ ဆက်လေ့လာရမလား ရပ်လိုက်ရမလား”

ထိုသို့တွေးနေစဥ်မှာပဲ ယန်ချန့်ခေါင်းထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

“မင်္ဂလာပါစနစ်ရှင် ပြန်လည်ဆုံတွေ့ရတာ ဝမ်းသာပါတယ်”

ဟမ်…။

ယန်ချန် အနည်းငယ် မှင်သက်သွားသည်။ ထိုအသံမှာ သူရင်းနီးနေသည့် အသံဖြစ်ပြီး မကြားရသည်မှာ အတော်ကြာပြီ ဖြစ်သည်။

“စနစ်..မင်းလား မင်းပြန်ရောက်လာပြီလား”

ယန်ချန်ရဲ့အမေးကို စနစ်မှ တုန့်ပြန်သည်။

“ပြန်ရောက်လာပါပြီ စနစ်ရှင်ကိုသက်မှတ်ထားတဲ့ အနှစ်တစ်ရာ စည်းမျဥ်းနဲ့ပက်သက်ပြီး ပြုပြင်စရာအချို့ ပေါ်လာပါတယ် စနစ်ရှင်စိတ်ဝင်စားပါသလား”

အနှစ်တစ်ရာစည်းမျဥ်းကိုပြုပြင်ဖို့ဟုတ်လား။ ဘာလဲ ထပ်တိုးဖို့လား။ ယန်ချန် အနည်းငယ် ခေါင်းရှုပ်သွားသည်။ သို့သော်လည်း စနစ်မှ မည်ကဲ့သို့ ပြန်လည်သက်မှတ်မည်ကို သိလိုသည့်အတွက် စနစ်ရဲ့အဆိုပြုချက်အား လက်ခံလိုက်တော့သည်။

“သစ်သားပြားပေါ်က အချိန်ထိန်းချုပ်ခြင်း အစီရင်ကို အပြည့်အဝ နားလည်အောင်လုပ်ပါ”

သောက်ကျိုးနည်း ငါတောင် ဆက်လေ့လာလို့မရတော့လို့ မင်းဆီအကူညီတောင်းမယ် တွေးနေတာ။

“ငါဆက်လေ့လာလို့မရတော့ဘူး မင်းအကူညီလိုတယ် ကူညီပေးပါဦး”

ယန်ချန့်စကားအဆုံး၌ စနစ်မှာ အချိန်တစ်ခုကြာသည်အထိ တိတ်ဆိတ်သွားသည်။

မိနစ်အနည်းငယ် ထပ်မံကြာမြင့်သွားသည်အထိ စနစ်မှတုန့်ပြန်မလာချိန်မှာတော့ ယန်ချန်အနည်းငယ် စိုးရိမ်သွားသည်။

“စနစ် မင်းရှိသေးရဲ့လား နောက်တစ်ကြိမ် ထွက်သွားပြန်ပြီလား”

ထိုသို့မေးလိုက်မှ စနစ်က တုန့်ပြန်လာသည်။

“ရှိပါတယ် စနစ်ရှင်အမှန်တကယ် အခက်ခဲတွေ့နေသည်ကို မြင်တွေ့ပြီးနောက် စနစ်မှကူညီရန် ဆုံးဖြတ်လိုက်သည်”

“ကောင်းတယ် အဲ့လိုလုပ်ပါကွ ငါ့ကိုဒီပညာတွေ မင်းပဲသင်ပေးခဲ့တာ မဟုတ်လား အခုငါအကူညီလိုနေချိန် မင်းကူညီသင့်တာပေါ့”

“ကောင်းပါပြီ အဲ့ဒါဆို စနစ်ရှင်ရဲ့ အသိစိတ်ထဲ အစီရင်ရဲ့အချက်အလက်အချို့ ထည့်သွင်းပေးလိုက်ပါမယ်”

များပြားသည့် အစီရင်အချက်အလက်များ တရစပ်စီးဝင်လာသည့်အတွက် ယန်ချန်မှာ အနည်းငယ်ပင် မူးနောက်နောက် ဖြစ်သွားရသည်။

ထိုအချက်အလက်များမှာ ယန်ချန်လိုအပ်နေသည့် အချိန်ထိန်းချုပ်ခြင်း အစီရင်ရဲ့ နောက်ဆက်တွဲများဖြစ်ပြီး ထိုအချက်အလက်များက ယန်ချန်ကို အစီရင်တစ်ခုလုံးအား အပြည့်အဝ နားလည်စေရန် ကူညီပေးမည် ဖြစ်သည်။

တနာရီနီးပါးကြာပြီးနောက် အချက်အလက် စီးဝင်မှုများက ရပ်တန့်သွားသည်။ ယန်ချန်က ထိုအချက်အလက်များအား ဂရုတစိုက်လေ့လာရင်း စနစ်ကိုလည်း ကျေးဇူးတင်ရန် မမေ့ခဲ့ပေ။

“အချိန်တိုအတွင်း အစီရင်ကိုအပြည့်အဝ နားလည်မယ်လို့ မျှော်လင့်ပါတယ် အနှစ်တရာစည်းမျဥ်းကိုတော့ စနစ်ရှင်အနေနဲ့ အစီရင်ကိုနားလည်ပြီးချိန်မှာ ဆက်ဆွေးနွေးပါမယ် နှုတ်ဆက်ပါတယ် စနစ်ရှင် ယာယီခွဲခွာကြတာပေါ့”

ယန်ချန်မှာ အစီရင်ကိုအပြည့်အဝနားလည်ပြီးပါက စနစ်နဲ့ပြန်ဆုံနိုင်သည့်အတွက် ဤတစ်ကြိမ်မှာတော့ တားဆီးခြင်းမပြုတော့ချေ။ သူဆက်လုပ်ရမည်က အစီရင်ကို အပြည့်အဝ နားလည်ရန်ကြိုးစားရမည်သာဖြစ်ပြီး စနစ်ရဲ့အကူညီပါသော်လည်း သူ့အတွက် အချိန်တစ်ခုတော့ ကြာမြင့်ဦးမည် ဖြစ်သည်။

စကြာဝဋာရဲ့ တနေရာမှာတော့ အစောင့်အရှောက်ဘိုးဘေးနတ်ဘုရားလေးပါး စုံညီစွာ ရှိနေကြသည်။ ပထမနတ်ဘုရားက..

“အချိန်ကျပြီ ကောင်လေးနဲ့ ငါသွားတွေ့တော့မယ် မင်းတို့ ကျန်တာတွေ အသင့်ပြင်ထားကြပါ”

ကျန်ဘိုးဘေးနတ်ဘုရားသုံးပါးက သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“အရင်ဆုံး စကြာဝဋာတွေကို အကာရံတစ်ခုနဲ့ ကာကွယ်ရမယ်ပြီးရင် ငါတို့ရဲ့စွမ်းအင်တွေကို စုစည်းထားတဲ့ လောကငယ်တစ်ခုထဲ ကောင်လေးကို ဆွဲခေါ်ကြတာပေါ့ သူဘယ်လောက်ရယူနိုင်မလဲဆိုတာကတော့ သူဘယ်လောက်ဆုံးဖြတ်ချက် ပြတ်သားသလဲဆိုတဲ့အချက်ပေါ် မူတည်သွားပြီ”

တတိယနတ်ဘုရားရဲ့စကားအား အခြားနတ်ဘုရားများကလည်း ထောက်ခံကြသည်။

“ဟုတ်တယ် ငါတို့အကောင်းဆုံးကြိုးစားကြမယ်”

မကြာခင်မှာပဲ ထိုဘိုးဘေးနတ်ဘုရားလေးပါးမှာ စကြာဝဋာ၏ တနေရာဆီသို့ ခွဲထွက်သွားပြီး ပထမနတ်ဘုရားကမူ ထျန်းဟွမ်လောကအား ညင်သာစွာဆုပ်ကိုင်လိုက်ပြီး ထူးခြားသည့် လက်ဟန်တစ်ခု ပြုလုပ်လိုက်တော့သည်။

ထိုလက်ဟန်မှာ ထျန်းဟွမ်လောကကို အခြားလောကတစ်ခုနဲ့ တိုက်ရိုက်ချိတ်ဆက်ရန် ကြိုးစားလိုက်ခြင်းဖြစ်ပြီး ထာဝရကျေးရွာထဲရှိ ယန်ချန်ကတော့ ထိုအဖြစ်ပျက်အား သတိမပြုမိပေ။

သူ့နည်းတူ အခြားသူများမှာလည်း သတိပြုမိခြင်းမရှိပဲ ရှီဟွမ်တစ်ယောက်တည်းကသာ သတိပြုမိခဲ့သည်။

“ဘိုးဘေးတို့ အစီစဥ်စပြီလား”

တဖက်တွင် ထျန်းဟွမ်လောကရဲ့ ကမ္ဘာဝိဉာဥ်မှာလည်း လောကထဲမှထွက်ကာ သူ့ခန္ဓာကိုယ်မှ များပြားသည့်စွမ်းအင်စီးကြောင်းများက ထျန်းဟွမ်လောကကို ဖုံးအုပ်သွားတော့သည်။

ထိုသို့အပြောင်းအလဲများကို အင်မော်တယ်လောက မူလလောကတို့မှ သတိထားမိခြင်းမရှိပဲ တိတ်တဆိတ်ဖြစ်ပျက်သွားခြင်း ဖြစ်ပြီး ကျင့်ကြံသူများမှာတော့ နေ့စဥ်ဖြတ်သန်းမှုအတိုင်း ဆက်လက်ဖြတ်သန်းနေလေသည်။

All Chapters