ငါမင်းကို တွေ့ပြီ
Vol. 21 Ch. 203
ယန်ချန်တစ်ယောက် ထိတ်လန့်စွာဖြင့် ပတ်ဝန်းကျင်အား ကြည့်လိုက်မိသည်။
မလှမ်းမကမ်း၌ ကျင်းလုံ စုလဲ့နဲ့ လူငယ်တို့ကို တွေ့လိုက်ရပြီး သွေးနီပုံရိပ်ကြီး၏ ပြင်းထန်တဲ့ ဖိအားကြောင့် အခြားမည်သူမှ လှုပ်ရှားနိုင်ခြင်း မရှိပဲ ထိုဖိအားကို တောင့်ခံရန် မနည်းပင် ကြိုးစားနေရသည်။
ထိုအထဲ၌ မင်ဝမ် ကျင်းလုံ စုလဲ့တို့လို သူတော်စင်အဆင့် ကျော်လွန်စပြုနေပြီးသူများပင် အခြေနေမဟန်သည်ကို တွေ့မြင်နိုင်လေသည်။
“ငါကျ ဘာလို့ဘာမှမဖြစ်တာလဲ”
ယန်ချန်တယောက် နားမလည်နိုင်အောင် ဖြစ်သွားရသည်။ သန်မာပါသည်ဆိုတဲ့ ကျင့်ကြံသူများ အလူးအလဲ ဖြစ်နေချိန် မိမိကဲ့သို့ သေမျိုးတစ်ယောက် ဖိအားကို ရှိသည်ဟုပင် မခံစားရခြင်းမှာ ထူးဆန်းနေပေသည်။
ထိုစဥ် သွေးပုံရိပ်ကြီးက ယန်ချန်ဘက် လှည့်ကြည့်လာသည်။ ထိုပုံရိပ်မှာ လူလား သားရဲတကောင်လား ခွဲခြားရန်ခက်ခဲသော်လည်း ထူးဆန်းစွာဖြင့် ထိုပုံရိပ်ကြီးက မိမိအား လူတစ်ယောက် ကြည့်နေသကဲ့သို့ စိုက်ကြည့်နေကြောင်း ခံစားနေမိသည်။
“ဘာလဲဟ ငါလေးက သေမျိုးပါ ငါ့ကိုမင်းဘာလုပ်ချင်နေတာလဲ”
ယန်ချန်က ထိတ်လန့်မှုကို အတတ်နိုင်ဆုံးထိန်းချုပ်ရင်း သွေးပုံရိပ်ကြီးအား မေးခွန်းထုတ်လိုက်သည်။
သွေးပုံရိပ်ကြီးမှာ တစတစ ကြီးထွားနေမှုကို ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ဖိအားများမှာလည်း ရုတ်ချည်းပျောက်ကွယ်သွားသည်။
“ဟမ့် ငါမင်းကိုတွေ့ပြီ”
အက်ရှရှစကားသံတစ်ခု သွေးပုံရိပ်ကြီးဆီမှ ထွက်ပေါ်လာသည်။ ထိုစကားသံမှာ ယန်ချန်ကို သိနေသကဲ့သို့ ဆိုနေခြင်းဖြစ်သည်။
“မင်းဘယ်သူလဲ ငါမင်းကိုမသိဘူး မင်းငါ့ကို သိနေတာလား”
အမ်..နည်းနည်းတော့ ကြောင်တောင်တောင်နိုင်နေသလိုပဲဟ..။
ယန်ချန်လည်း ထိုသွေးပုံရိပ်ကြီးကို ပြန်၍တုန့်ပြန်ရင်း စိတ်ထဲ၌ အင်မော်တယ်လောကဆီ သွားစဥ်က ထူးခြားတဲ့ သွေးမြစ်ကြီးတစ်စင်းအား ပြန်အမှတ်ရမိသွားသည်။
“မင်းက ဘိုးဘေးနတ်ဘုရားတွေရဲ့ အစစ်မှန် ဖန်တီးမှုတစ်ခုပဲ မင်းကိုငါလိုက်ရှာနေတာ ကြာပြီ ကောင်လေး မင်းကိုငါဝါးမြိုဖို့ မစောင့်နိုင်တော့ဘူး”
ဘိုးဘေးနတ်ဘုရား..။ အစစ်အမှန် ဖန်တီးမှု..။ အဲ့ဒါတွေက ဘာတွေလဲ…။ ငါ့ကိုတယောက်ယောက် ရှင်းပြကြပါဦး ငါကသေမျိုးလေးပါဟ..။ စနစ်ရှိခဲ့ဖူးပေမယ့် အခုအဲ့သေနာက ဘယ်ရောက်နေမှန်းတောင် ငါမသိတော့ဘူးလေ..။ ဟုတ်တယ်မလား။
“မင်းကိုအခုထိ သူတို့ကအကြောင်းစုံ မရှင်းပြရသေးဘူးပဲ ကောင်းတယ် သိပ်ကောင်းတယ် မင်းငါ့လက်က မလွတ်မြောက်တော့မှာ သေချာသွားပြီ”
သွေးပုံရိပ်ကြီးက ထိုသို့ပြောရင်း ကြီးမားတဲ့ သွေးရောင်လက်တဖက်က ယန်ချန့်ကို ဆုပ်ကိုင်ရန် ကြိုးစားလာတော့သည်။
“မဟုတ်သေးဘူး နေပါဦး ငါ့နားလည်အောင် ရှင်းပြဦး တိုက်ခိုက်ဖို့မလောပါနဲ့”
ယန်ချန်တယောက် ထိတ်လန့်စွာဖြင့် တုန့်ပြန်ရင်း တဖက်တွင်လည်း ထိုသွေးလက်ကြီးအား မည်ကဲ့သို့ ရှောင်တိမ်းရမည်ကို စဥ်းစားနေလေသည်။
“ဟား…မင်းကိုရှင်းပြရမယ် ဟုတ်လား ငါ့မှာအချိန်မရှိဘူး မင်းကိုဝါးမြိုလိုက်ရင် ဘိုးဘေးနတ်ဘုရားတွေရဲ့ စီမံကိန်းက ပျက်စီးသွားပြီ ဒါဆို နောက်ထပ် စကြာဝဋာတွေ ဝါးမြိုမယ့်ကိစ္စကို သူတို့မတားဆီးနိုင်တော့ဘူး”
ယန်ချန်က ကျယ်လောင်စွာ ရယ်မောနေသည့် သွေးပုံရိပ်ကြီးအား ကြည့်ရင်း စိတ်ထဲမှာလည်း လွတ်လမ်းအား အဆက်မပြတ်ရှာဖွေနေလေသည်။
“မဖြစ်ဘူး ငါတတ်အားသရွေ့တော့ ကြိုးစားရမယ်”
အဆုံး၌ သေချာနေသည့် သေခြင်းတရားနဲ့ ရင်ဆိုင်ရချိန်မှာတော့ ယန်ချန်တစ်ယောက် စွန့်စားရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် တဖြေးဖြေးပြိုဆင်းလာသည့် သွေးလက်ကြီးတဖက်အား ခုခံရန် စနစ်ရှိတုန်းက သူပြုလုပ်ထားသည့် အကောင်းဆုံးအရည်အသွေးရှိ ဓားတစ်လက်အား ထုတ်ယူကာ ထိုလက်ဖဝါးကြီးအား ချက်ချင်းခုတ်ပိုင်းလိုက်သည်။
ယန်ချန် တတ်ကျွမ်းထားသည်မှာ စနစ်၏သင်ကြားပေးမှုဖြင့် အခြေခံဓားကွက်များသာ ဖြစ်သော်လည်း နတ်ဘုရားအဆင့်ဓားမှ ထူးခြားတဲ့စွမ်းအားအပြင် ဓားကွက်မှာလည်း ရိုးရှင်းစွာဖြင့် တည်ရှိနေသည်။
“နောက်ဆုံးရုန်းကန်မှုပါပဲ”
သွေးရောက်လက်ကြီးက ရှေ့သို့သာ ထပ်မံတိုးဝင်လာပြီး ပုံရိပ်ကြီးမှာ အဆက်မပြတ် ကျယ်လောင်စွာ ရယ်မောနေလေသည်။
ဝုန်း…
ဓားကွက်မှ ရိုးရှင်းသည့် ဓားချက်မှာ ထူးဆန်းစွာဖြင့် သွေးနီလက်ကြီးတဖက်အား အလယ်မှထက်ပိုင်း ပိုင်းဖြတ်သွားတော့သည်။
ထိုမြင်ကွင်းကို ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ မြင်လျင် မှင်သက်သွားကြပြီး ၎င်းတို့မှာ ထွက်ပြေးရန်ပင် မေ့လျော့သွားကြသည်။ ဒီသေမျိုးလေးက နတ်ဘုရားလိုအစွမ်းရှိသူကိုတောင် တုန့်ပြန်နိုင်တယ်တဲ့လား။ သူက ဘယ်အဆင့်မှာ ရှိနေတာလဲ။
မင်ဝမ် ကျင်းလုံ စုလဲ့နဲ့ လူငယ်တို့မှာမူ ယန်ချန်ရဲ့ စွမ်းအားကို တွေ့ကြုံဖူးသူများဖြစ်၍ မှင်သက်မနေသော်လည်း သွေးပုံရိပ်ကြီး၏ စကားအရ ယန်ချန့်အနောက်၌ ဘိုးဘေးနတ်ဘုရားများ ရှိနေသည်ကို ကြားသိလိုက်ရသည်။ ထိုအဆင့်က နတ်ဘုရားများ၌ မည်သည့်အဆင့်ဖြစ်မှန်း မသိသော်လည်း နိမ့်ကျနေတာတော့ မဖြစ်နိုင်ပေ။
ထိုသို့ဆိုလျှင် ယန်ချန်ရဲ့တည်ရှိမှုက…။
သွေးပုံရိပ်ကြီးမှာ တိတိရိရိ ပိုင်းပြတ်သွားသည့် လက်ဖဝါးကြီးအား ကြည့်ရင်း အနည်းငယ် မှင်သက်သွားသည်။
“မင်းကို အတော်လေးရင်းနီးမြုပ်နှံထားကြတာပဲ ဟမ့်”
ပြင်းထန်တဲ့ဖိအားကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို ပြန်လည်ဖုံးလွမ်းသွားသည်။ ထို့အပြင် သွေးပုံရိပ်ကြီးဆီမှ များပြားသည့် သွေးစီးကြောင်းကြီးများ ထပ်မံထွက်ပေါ်လာပြီး ထိုစီးကြောင်းများက လက်တံများသဖွယ် ယန်ချန့်ဆီ တိုးဝင်လာတော့သည်။
……………………………………………….