Chapters

သွေးပုံရိပ်ကြိီးထွက်ခွာမှု

Vol. 21 Ch. 205

သွေးပုံရိပ်ကြိီးထွက်ခွာမှု

Vol. 21 Ch. 205

ရှီဟွမ်က တင်းမာပြတ်သားသည့် အမူရာဖြင့် သွေးပုံရိပ်ကြီးအား စူးစိုက် ကြည့်နေသည်။

ဘိုးဘေးများ၏ အစီမံကို အပြည့်အဝ မသိသေးသော်လည်း ထျန်းဟွမ်လောကမှာ သာမန်သေမျိုးလောကတခုသာဖြစ်၍ သူမကို ယခုကဲ့သို့ စေလွှတ်ရခြင်း၌ ကိစ္စတခုခု ရှိနိုင်သည်ဟု ခန့်မှန်းမိသည်။

“ကောင်းတယ် မင်းရဲ့အဆုံးသတ်က မကြာတော့ပါဘူး ကောင်မလေး”

ပုံရိပ်ကြီးမှာ ရှေ့ဆက်တိုးရန် ဆန္ဒရှိပုံမပေါ်တော့။ ထိုအချက်မှာ ရှီဟွမ်ကို ကြောက်လန့်သောကြောင့်မဟုတ်ပဲ သူ့မူလ သွေးမြစ်ကြီးဆီသို့ ဘိုးဘေးနတ်ဘုရားလေးပါးစလုံး ချဥ်းကပ်လာသည်ကို အာရုံခံမိ၍ ဖြစ်သည်။

လက်ရှိ၌ သူကအားနည်းနေပြီး ထိုဘိုးဘေးနတ်ဘုရားများကို ရင်ဆိုင်ရန်မဖြစ်နိုင်သေးပေ။

ပုံရိပ်ကြီးရဲ့အကြည့်က ယန်ချန့်ဆီရောက်လာသည်။ ပြီးနောက်

“မင်းကို သူတို့က ရွေးချယ်ထားပြီဆိုတော့ မင်းဘယ်လောက် အရည်အချင်းရှိလဲဆိုတာ ငါသိချင်သေးတယ် ကောင်လေး ငါတို့ပြန်ဆုံကြတာပေါ့”

ပုံရိပ်ကြီးမှာ ထိုသို့ပြောရင်း အဆိုပါနေရာမှ တဖြေးဖြေး ပျောက်ကွယ်သွားပြီး ပြင်းထန်တဲ့ ဖိအားများမှာလည်း ပျောက်ကွယ်သွားတော့သည်။

ထိုအရာကိုတွေ့မှ ကျင့်ကြံသူများမှာ သက်ပြင်းချလိုက်ကြပြီး ကျင်းလုံတို့မှာလည်း ယန်ချန့်နောက်ခံကို သိသွားကြပြီးနောက် ပို၍ လေးစားသွားကြသည်။

ယန်ချန်ကမူ အနည်းငယ်စိတ်ရှုပ်ထွေးနေပြီး ထပ်မံရောက်လာသည့် ကျင့်ကြံသူအမျိုးသမီးမှာ တချို့အကြောင်းအရာများ သိနိုင်လောက်သည်ဟု တွေးမိပြီး ထိုအမျိုးသမီးအားတချက် ကြည့်လိုက်သည်။

တိုက်ဆိုင်စွာပဲ သူမရဲ့အကြည့်ကလည်း ယန်ချန့်ကို ထိုးဖောက်လုမတက်ရှိနေပြီး သူမက ပုံရိပ်ကြီးထွက်ခွာသွားခြင်းကို တားဆီးခြင်းမရှိချေ။

“မင်းဘယ်သူလဲ..”

ယန်ချန်က အလေးအနက်အမူရာဖြင့် မေးသည်။ ရှီဟွမ်မှာ မည်သည့်အရှိန်ဝါမှ မရှိသည့်ယန်ချန့်ကိုကြည့်ရင်း နားမလည်နိုင် ဖြစ်နေချိန် ထိုမေးခွန်းကိုကြားပြီးနောက် အသိပြန်ဝင်လာသည်။

“ကျွန်မက ရှီဟွမ် ရှီဟွမ်လောကရဲ့ နတ်ဘုရား ရှင်ကတော့ ဘိုးဘေးတွေရဲ့ ရွေးချယ်ခံထင်တယ်”

ယန်ချန်တယောက် နတ်ဘုရားမဆိုသူအား ကြည့်ရင်း ခေါင်းရှုပ်သွားသည်။

“ခဏလေး ခင်ဗျားပြောချင်တာ ခင်ဗျားက ရှီဟွမ်လောကရဲ့နတ်ဘုရားမ ပြီးတော့ ကျုပ်ကဘိုးဘေးရဲ့ အရွေးချယ်ခံဟုတ်လား ဘာတွေလဲ ကျုပ်နားလည်အောင် ရှင်းပြပေးပါဦး”

ယန်ချန်ရဲ့စိတ်ရှုပ်ထွေးနေသည့် အမူရာမှာ အစစ်မှန်ဖြစ်ကြောင်း သူမခန့်မှန်းမိသည်။ ထိုသို့ဆိုလျှင် ဘိုးဘေးများက ရွေးချယ်ခံကို အကြောင်းစုံ မပြောရလောက်သေးချေ။

“အချိန်တန်ရင် ရှင့်ကို ဘိုးဘေးတွေက အသ်ပေးလိမ့်မယ် ကျွန်မကိုခွင့်ပြုပါဦး”

“ဟမ် နေ..နေဦးလေ ကျုပ်ကိုရှင်းပြသွားဦးလို့”

ယန်ချန်မည်သို့ပင် တားဆီးစေကာမူ တဖက်သူမှာ နေရာမှရုတ်ချည်းပျောက်ကွယ်သွားသောကြောင့် တားဆီးရန် မစွမ်းသာတော့ပေ။

စကြာဝဋာရဲ့ တနေရာမှာတော့ ပထမနတ်ဘုရားက ထျန်းဟွမ်လောကရှိရာ ကြည့်ရင်း ခေါင်းတချက်ညိတ်လိုက်သည်။ အနည်းဆုံးတော့ နတ်ဘုရားဝါးမြိုသူမိစ္ဆာကောင်မှာ အားနည်းသည့် အခြေနေရှိနေသောကြောင့် မိမိတို့နတ်ဘုရားလေးပါးကို ထိပ်တိုက်တွေ့ဦးမည် မဟုတ်သေး။

ထိုအတွက် ရွေးချယ်ခံမှာ ဘေးကင်းနေဆဲဟု ယူဆနိုင်သည်။ သို့သော် ဘိုးဘေးနတ်ဘုရားများက အချိန်ကိုစောင့်ဆိုင်းရန် စိတ်ကူးမရှိကြတော့ပေ။

ပထမဘိုးဘေးနတ်ဘုရားက လက်တဝါးစာအင်းပြားအား လေဟာနယ်ထဲ ပစ်လွှတ်လိုက်သည်။ ထိုအင်းပြားမှာ ထျန်းဟွမ်လောကရှိရာသို့ အရှိန်ဟုန်ဖြင့် ပျံသန်းသွားပြီး ယန်ချန်မသိသည်က ထိုအင်းပြားမှာ ထာဝရကျေးရွာရှိ ယင်ယင်လေး၏ လက်ထဲရောက်ရှိသွားလေတော့သည်။

ယင်ယင်မှာထိုသစ်သားပြားကို သာမန်ဆော့ကစားစရာ တခုဟုသာမှတ်ယူလိုက်ပြီး ကောက်ယူလိုက်ချိန်မှစ၍ အခြားအရုပ်များနဲ့အတူ ဆော့ကစားနေတော့သည်။

“ငါတို့ နောက်တခေါက် ပြန်ဆုံကြတာပေါ့ ကောင်လေး”

ထိုစကားသံက တိုးညင်းစွာပဲ စကြာဝဋာလေဟာနယ်ထဲ တဖြေးဖြေးပျောက်ကွယ်သွားပြီး အမှောင်ချိုင့်ဝှမ်းထဲမှာတော့ ယန်ချန်ဦးဆောင်သည့် သူများမှာ ထိုနေရာမှ ထွက်ခွာလာကြတော့သည်။

လိုချင်သည့် သစ်မြတ်ရတနာကို ရခဲ့သော်လည်း စိတ်ရှုပ်စရာကိစ္စများကို ကြားသိခဲ့ရပြီး မိမိ၏စနစ်နောက်ကွယ်၌ နတ်ဘုရားများရဲ့ အရှုပ်ထွေးများ ပက်သက်နေသည်ဟု ခံစားနေရသည်။

“စနစ်သာ ပြန်ရောက်လာရင် ငါ့အကြောင်းစုံ သိရမှာပဲ ခက်တာက..”

ယန်ချန်တီးတိုးညည်းညူလိုက်သည်။ ရှီဟွမ်ဟူသည့် နတ်ဘုရားမပင် မိမိ၏ အရှုပ်ထွေးများအား သိဟန်မတူပေ။