အင်မော်တယ်များ ထွက်ပေါ်လာခြင်း
Vol. 21 Ch. 209
ရှီဟွမ်က ဘိုးဘေးနတ်ဘုရားများရဲ့ အမိန့်အတိုင်း ယန်ချန့်ကိုစောင့်ကြည့်ရန်အတွက် မင်ယုရှန်းတို့နဲ့အတူ ရှိနေခြင်းဖြစ်သည်။
သို့သော်လည်း တဖက်သူများမှာ မိမိကဲ့သို့ပင် ပါရမီထူးချွန်သူများဖြစ်သည်ကို မြင်လိုက်ရပြီးနောက် ထိုသေမျိုးများကို ကူညီရန်ဆုံးဖြတ်လိုက်သည်။
“အင်မော်တယ်ဆိုတာ သေမျိုးဘဝကနေ လွတ်ကင်းရုံလမ်းကြောင်းတို တစ်ခုပဲ အင်မော်တယ်တွေဆိုတာ ကောင်းကင်နဲ့မြေပြင်ကြားက ပြယုဂ်တစ်ခုပဲ”
ရှီဟွမ်ရဲ့ အင်မော်တယ်သဘောတရားများသာမက နတ်ဘုရားလမ်းစဥ်၏ အဓိကအနှစ်သာရများ ပြောပြခြင်းက လုလင်းယွဲ့တို့အား အကျိုးမြတ်များစွာ ရရှိစေသည်။
မူလက အင်မော်တယ်ဖြစ်ရန် တစ်ဆို့နေသည့် ကျင်းလုံ စုလဲ့ မင်ဝမ်နဲ့ အခြားသူများမှာ အင်မော်တယ်အဆင့်ကို စတင်ခြေချသွားနိုင်ကြပြီး မိုးမြေဧကရာဇ်နဲ့ အခြားဧကရာဇ်များမှာမူ နတ်ဘုရားတစ်ပါး၏ ယုံကြည်မှုစွမ်းအင်နဲ့ စကြာဝဋာရဲ့ လေးနက်သည့် သဘောတရားများ စတင်သိရှိသွားပြီးနောက် လုလင်းယွဲ့နဲ့ တင်းဟောက်တို့ကဲ့သို့ စဦးနတ်ဘုရားများ ဖြစ်လာကြသည်။
ထိုအခြေနေက ထျန်းဟွမ်လောကကိုသာမက အင်မော်တယ်လောကများအတွက်ပါ အကျိုးရှိစေခဲ့သည်။
မင်ယုရှန်းက သူမရဲ့အသက်နိယာမနဲ့ လေဟာနယ်နိယာမတို့အား အလုံးစုံ သိနားလည်သွားပြီးနောက် အင်မော်တယ်အဆင့်အား အပြည့်အဝ ခြေချမိသွားတော့သည်။
ထို့အပြင်လုလင်းယွဲ့နဲ့ တင်းဟောက်တို့မှာလည်း စဦးအင်မော်တယ်အဆင့်မှ အင်မော်တယ်ဘုရင်ထိ တိုးတက်သွားပြီး ထိုအရာက အစစ်မှန်နတ်ဘုရားတစ်ပါး၏ စွမ်းအား ဖြစ်လေသည်။
ယန်ချန်က သာမန်နေ့ရက်များထက် အနည်းငယ် ပိုထူးခြားနေသည့် ကောင်းကင်ကြီးအား မော့ကြည့်လိုက်သည်။ ကောင်းကင်ကြီးမှာ ရွှေရောင်အလင်းများ ယှက်သန်းနေပြီး ထူးခြားသည့် ဖြစ်စဥ်တစ်ခုခု ဖြစ်ပေါ်နေသည်နဲ့ပင် တူနေသည်။
“ကျင့်ကြံသူတွေ ဘာတွေများလုပ်နေကြပါလိမ့်”
တီးတိုးရေရွတ်ရင်း ခြံဝန်းဆီ သွားလိုက်သည်။ ခြံဝန်းထဲမှာတော့ စိုက်ခင်းများမှ အသီးနှံများမှာ ရိတ်သိမ်း၍ရနေပြီ ဖြစ်သည်။
“ဒီဟာတွေအကုန်ရိတ်သိမ်းပြီး ကျေးရွာရဲ့ ဗဟိုစျေးထဲ ပို့ရမယ် မဟုတ်လည်း ငါတို့ချည်းပဲ စားလည်း ကုန်မှာမှမဟုတ်တာ”
ယန်ချန်ကထိုသို့တွေးပြီးနောက် ရှုယင်ကို သီးနှံများအား တချို့တဝက်ရောင်းချရန် အသိပေးလိုက်သည်။
အချိန်ကရွေ့ရွေ့ ကုန်ဆုံးသွားသည်။ အင်မော်တယ်လောက ထျန်းဟွမ်လောကနဲ့ မူလလောကတို့မှာ တည်ငြိမ်နေပြီး မည်သည့် လှုပ်ရှားမှုမှ မရှိချေ။
ယန်ချန်တစ်ယောက် စာဖတ်ခန်းထဲ ထိုင်ရင်း သစ်သားပြားပေါ်မှ အစီရင်အား လေ့လာနေလေသည်။ ထိုအစီရင်မှာ သူထင်ထားသည်ထက် ပိုလေးနက်ကာ ရှုပ်ထွေးနေသည်ကို တွေ့ရသည်။
“စနစ်ရဲ့ သင်ကြားပေးထားမှုနဲ့တောင် အစီရင်ကို အပြည့်အဝ နားမလည်နိုင်သေးဘူး ဘယ်လောက်တောင် အဆင့်မြင့်လိုက်တဲ့ အစီရင်လဲ”
လက်ချောင်းများ ညင်သာစွာ လှုပ်ရှားသွားပြီး လေထဲ၌ အစီရင်ပုံကြမ်းတစ်ခုအား ရေးဆွဲလိုက်သည်။ ထိုပုံကြမ်းမှာ သစ်သားပြားပေါ်မှ အစီရင်ကို ပုံတူကူးထားခြင်းဖြစ်ပြီး အပြည့်အဝ နားလည်နိုင်ခြင်း မရှိသည့်အတွက် အသက်ဝင်ခြင်းတော့ မရှိချေ။
ထိုစဥ် ထျန်းဟွမ်လောက၏ အနက်ရှိုင်းဆုံးနေရာမှာတော့ ကြောင်ဖြူလေးတစ်ကောင်က အသက်၆၀ အရွယ်လူအိုကြီးတစ်ဦးနဲ့အတူ ရှိနေလေသည်။
“ကောင်လေး မင်းတာဝန်ကျေပါတယ်”
အဖိုးအိုက ကြောင်ဖြူလေးကို ကြင်နာစွာကြည့်ရင်း ပြောသည်။ ကြောင်ဖြူလေးက
“ဘိုးဘေး ရွေးချယ်ခံက တကယ်ပဲ တားဆီးနိုင်ပါ့မလား”
ထိုမေးခွန်းကိုကြားလျင် အဖိုးအိုက တခဏမျှ ငြိမ်သက်သွားသည်။ အတန်ကြာမှ
“ငါတို့ အစွမ်းကုန်ကြိုးစားပြီးပြီ ကျန်တာကတော့ သူ့အပိုင်းပဲ ဒီအဆုံးမဲ့စကြာဝဋာကြီးကို ကာကွယ်ဖို့ ငါတို့ထက်ပိုသန်မာတဲ့ နတ်ဘုရားတစ်ပါး လိုအပ်နေပြီ မင်းသိလား နောက်ထပ် အဆုံးမဲ့စကြာဝဋာတွေက မကြာခင်မှာပဲ စကြာဝဋာ ကူးပြောင်းခြင်းအစီရင်ကတဆင့် ငါတို့ဆီရောက်လာကြတော့မယ်”
ကြောင်ဖြူလေးက တုန်လှုပ်သွားသည်။ လောကများ စကြာဝဋာများ ထို့အပြင် နောက်ထပ် တူညီသည့် အခြားစကြာဝဋာအလွှာကြီးများ ထိုဖြစ်စဥ်က နတ်ဘုရားတစ်ပါးရဲ့ လမ်းစဥ်ဖြစ်ပြီး အနန္တစကြာဝဋာဆိုခြင်းက အလကားသက်သက် ဖြစ်တည်လာခြင်းတော့ မဟုတ်ပေ။
“မင်းရဲ့ အကူညီတွေလိုတယ် ရွေးချယ်ခံကို ကူညီပါ အချိန်သိပ်မလိုတော့ဘူး ငါတို့ရွေးချယ်ခံကို တွန်းအားပေးကြတော့မယ်”
အဖိုးအိုက ဆက်၍ ပြောပြန်သည်။
“နောက်ပြီး ရွေးချယ်ခံကသာ အဆုံးမဲ့စကြာဝဋာအလွှာတစ်ခုကို ကာကွယ်နိုင်တဲ့ ခွန်အားမျိုးရလာခဲ့ရင် မင်းတို့ငါတို့ သက်တောင့်သက်သာ အနားယူလို့ရပါပြီ အခုတော့ ကောင်လေး ကြိုးစားပေးပါဦး”
ကြောင်ဖြူလေးက နားလည်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဘိုးဘေး အချိန်ကျလာရင် အမိန့်ပေးလိုက်ပါ ကျတော်အသင့်ရှိနေမယ်”
အဖိုးအိုက ကြောင်ဖြူလေး၏ ခေါင်းအား ညင်သာစွာပွတ်သပ်ပြီးနောက် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။ ထိုအဖိုးအိုမှာ အမှန်ပင် ပထမနတ်ဘုရားဖြစ်ပြီး လောကစည်းမျဥ်းများကြောင့် မူလကိုယ်မှာ ရောက်မလာနိုင်ပဲ စိတ်ဝိဉာဥ်အပိုင်းအစ တစ်ခုကိုသာ စေလွတ်လိုက်ခြင်း ဖြစ်သည်။
ကြောင်ဖြူလေးက ယန်ချန်ရှိရာ ထာဝရကျေးရွာဘက် တချက်စိုက်ကြည့်လိုက်သည်။ အရာအားလုံးမှာ ထိုလူငယ်အပေါ် မူတည်နေပြီး စကြာဝဋာ၏ အဆုံးသတ်မှာ ထိုလူငယ်၏ လက်ထဲတွင်သာ ရှိနေလေသည်။
ရှီဟွမ်မှာ လုလင်းယွဲ့တို့အား ပို့ချပြီးနောက် ကြီးမားသည့် အဆောင်ကြီးတစ်ခုအတွင်း အနားယူနေလေသည်။ ထိုအဆောင်မှာ မင်ယုရှန်းစီစဥ်ကေးထားသည့် အဆောင်ဖြစ်ပြီး သေမျိုးလက်ရာဆိုသော်လည်း မဆိုးလှဟု ခံစားမိသည်။
“ကျွန်မတို့ ဘယ်အချိန်လောက် အပြောင်းအလဲကို သိနိုင်မလဲ”
မင်ယုရှန်းက သိလိုစွာဖြင့် မေးလိုက်သည်။ ရှီဟွမ်က ထိုအမေးကို ပြန်မဖြေ တိတ်ဆိတ်စွာပဲ အချိန်တခုကြာသည်အထိ ငြိမ်သက်နေလေသည်။
အတန်ကြာလျင်…
“သိပ်မလိုတော့ဘူး ဘိုးဘေးတို့မကြာခင်မှာ အစီမံကို စတင်လိမ့်မယ်”
ထိုစကားက မင်ယုရှန်းကို မသိမသာ တင်းကြပ်သွားစေပြီး အသက်ပေါင်းသန်းဘီလီယံချီသည့် လူသားများ၏ အဆုံးသတ်ကား မည်သို့ဖြစ်လာမည်နည်း။
အခြားသူများမှာလည်း ထိုကဲ့သို့ပင် လေးလံဖိစီးနေကြသည်။ အကြောင်းမှာ ယန်ချန်ကို စိုးရိမ်နေကြခြင်းဖြစ်ပြီး သခင်လေးယန်သာ မစွမ်းဆောင်နိုင်ခဲ့ပါက အဆုံးသတ်မှာ လှပမည်တော့မဟုတ်ပေ။