← Chapters

အခန်း (၂၉၇-၂၉၈)

Vol. 22 Ch. 297-298

အခန်း (၂၉၇-၂၉၈)

Vol. 22 Ch. 297-298

‎အခန်း ( ၂၉၇ ) - အင်မော်တယ်ဝိညာဉ်နန်းတော်၊ ဘယ်သူများလဲ? အံ့ဩတုန်လှုပ်ခြင်း

‎

‎

‎

‎ကုချန်၏ တည်ငြိမ်အေးဆေးသော အမူအရာသည် အကြီးအကဲသုံးဦးနှင့် အခြားသူများအပေါ် ကူးစက်သွားပုံရကာ သူတို့အား တဖြည်းဖြည်း စိတ်အေးသွားစေခဲ့သည်။

‎

‎

‎သူတို့သခင်ကပင် မကြောက်ရွံ့မှတော့ သူတို့သည် ဘာကို ကြောက်နေရဦးမည်နည်း။ သူတို့လုပ်ရန်မှာ ငြိမ်သက်စွာ စောင့်ဆိုင်းနေရန်သာ ဖြစ်သည်။ သူတို့သည် ချီလျန်မျိုးနွယ်၌ ဤကဲ့သို့သောနေ့ရက်မျိုး ရောက်ရှိလာလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့ကြပေ။

‎

‎

‎ချီလျန်မျိုးနွယ်သည် ရှီမိုကောင်းကင်၏ ဖမ်းဆီးခြင်းကို မခံရစေရန် မည်သို့ စိုးရိမ်တကြီး နေထိုင်ခဲ့ရသည်ကို သူတို့ ပြန်လည်အမှတ်ရမိသွား၏။ သူတို့သည် ရှီမိုကောင်းကင်ကို မဆိုထားနှင့် ရှီမိုကောင်းကင်၏ လက်အောက်ခံဖြစ်သော ရွှမ်ယွမ်နတ်ဆိုးနယ်မြေကဲ့သို့ အားနည်းသော နယ်မြေများကိုပင် မထိရဲခဲ့ကြပေ။

‎

‎

‎သို့သော် ယခုမူ သူတို့၏သခင်သည် ချီလျန်မျိုးနွယ်ကို ဦးဆောင်ကာ ရှီမိုကောင်းကင်တစ်ခုလုံးကို တိုက်ရိုက်ရင်ဆိုင်နေရုံသာမက ရှီမိုကောင်းကင်အရှင်သခင်ကိုပင် ဆန့်ကျင်နေပြီဖြစ်သည်။ ဤကဲ့သို့ ကြီးမားသော အပြောင်းအလဲသည် သူတို့အား မည်သို့လျှင် စိတ်လှုပ်ရှားမှု မဖြစ်စေဘဲ နေနိုင်မည်နည်း။

‎

‎

‎…………

‎

‎

‎ရှီမိုကောင်းကင်.....

‎

‎

‎သွေးငရဲ နတ်ဆိုးအရှင်သခင်၊ ရွှမ်းရှနတ်ဆိုးအရှင်သခင်နှင့် အခြားနတ်ဆိုးအရှင်သခင် ငါးဦးတို့ ရှီမိုကောင်းကင်မှ ထွက်ခွာသွားပြီး မကြာမီမှာပင် ရှီမိုကောင်းကင်၏ အင်မော်တယ်ဝိညာဉ်နန်းတော်ကို စောင့်ကြပ်နေသည့် အင်မော်တယ်အဆင့် ပညာရှင်တစ်ဦးမှာ မိုဟဲနတ်ဆိုးအရှင်သခင်၏ ဝိညာဉ်ကျောက်ပြားသည် ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်။

‎

‎

‎အင်မော်တယ်ဝိညာဉ်နန်းတော်ဟူသည်မှာ နာမည်အတိုင်းပင် ရှီမိုကောင်းကင်လက်အောက်ရှိ အင်မော်တယ်အဆင့်နှင့် ထိုအထက်ရှိ နတ်ဆိုးအရှင်သခင်များအားလုံး၏ ဝိညာဉ်ကျောက်ပြားများကို သိမ်းဆည်းထားသည့် နေရာဖြစ်သည်။ ဝိညာဉ်ကျောက်ပြားတစ်ခုစီအတွင်း၌ အင်မော်တယ်အဆင့်၏ ဝိညာဉ် အစိတ်အပိုင်းတစ်ခုကို ပေါင်းစည်းထားခြင်း ဖြစ်သည်။

‎

‎

‎အကယ်၍ အင်မော်တယ်တစ်ဦး သေဆုံးသွားပါက အင်မော်တယ်ဝိညာဉ်နန်းတော်ရှိ ဝိညာဉ်ကျောက်ပြားသည် ချက်ချင်း အာရုံခံမိကာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားမည်ဖြစ်ကာ ရှီမိုကောင်းကင်ကို ချက်ချင်း သိရှိစေမည်ဖြစ်သည်။

‎

‎

‎သို့သော် ဤအင်မော်တယ်သည် အင်မော်တယ်ဝိညာဉ်နန်းတော်ကို နှစ်ပေါင်းသိန်းနှင့်ချီ၍ စောင့်ကြပ်လာခဲ့သော်လည်း ဝိညာဉ်ကျောက်ပြား ကွဲအက်သည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

‎

‎

‎အဆုံးစွန်ဆိုသော် ထိုသူမှာ အင်မော်တယ်တစ်ဦး ဖြစ်သည်မဟုတ်ပါလော။ ထို့ပြင် ရှီမိုကောင်းကင်အရှင်သခင်၏ လက်အောက်ငယ်သားများ ဖြစ်သည့်အတွက် နတ်ဆိုးနယ်မြေရှိ အားကောင်းသော တည်ရှိမှုအချို့နှင့် ထိပ်တိုက်တွေ့လျှင်ပင် ရှီမိုကောင်းကင်အရှင်သခင်၏ မျက်နှာကို ထောက်ထားသောအားဖြင့် အနည်းငယ်သာ သတိပေးခံရမည်ဖြစ်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်ခဲလှသည်။

‎

‎

‎ထို့ကြောင့် နတ်ဆိုးနယ်မြေတွင် ကောင်းကင်ဘုံအချင်းချင်း စစ်ပွဲမဖြစ်သရွေ့ အင်မော်တယ်အဆင့်အထက် တည်ရှိမှုများ သေဆုံးရန်မှာ မဖြစ်နိုင်သလောက်ပင်။

‎

‎

‎သို့သော် ယခုမူ မိုဟဲနတ်ဆိုးအရှင်သခင်၏ ဝိညာဉ်ကျောက်ပြားမှာ ကွဲအက်သွားပြီဖြစ်သည်။ ဤအရာမှာ မိုဟဲနတ်ဆိုးအရှင်သခင် သေဆုံးသွားပြီဟု ဆိုလိုခြင်းပင်။

‎

‎

‎သူသည် အင်မော်တယ်တစ်ဦးထက်ပင် ပိုမိုစွမ်းအားကြီးသော နတ်ဆိုးအရှင်သခင် တစ်ဦးဖြစ်သည်။ မိုဟဲနတ်ဆိုးအရှင်သခင်သည် အဘယ်ကြောင့် သေဆုံးသွားရသနည်း။

‎

‎

‎ထိုနေရာကို စောင့်ကြပ်နေသည့် ရှီမိုကောင်းကင်မှ အင်မော်တယ်အရှင်မှာ တုန်လှုပ်သွား၏။ သူသည် ဤကိစ္စကို ရှီမိုကောင်းကင်ရှိ အင်မော်တယ်နတ်ဆိုးအရှင်သခင်များထံ သတင်းပို့ရန်နှင့် မိုဟဲနတ်ဆိုးအရှင်သခင် သွားလာခဲ့သည့် နေရာတို့ကို စုံစမ်းရန် အလျင်အမြန် ထွက်ခွာရန် ပြင်လိုက်သည်။

‎

‎

‎သို့သော် ထိုအင်မော်တယ်မှာ အင်မော်တယ်ဝိညာဉ်နန်းတော်မှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ဆက်တိုက်ဆိုသလို ကွဲအက်သံများ ထပ်မံထွက်ပေါ်လာပြန်သဖြင့် သူသည် မသိစိတ်ဖြင့် ဘေးသို့ လှည့်ကြည့်လိုက်မိသည်။

‎

‎

‎ထိုမြင်ကွင်းသည် သူ့အား အသည်းတုန်မတတ် ထိတ်လန့်သွားစေတော့သည်။ သူ၏မျက်လုံးများမှာ ကြောက်ရွံ့မှုနှင့် အံ့အားသင့်မှုတို့ဖြင့် ဝိုင်းစက်နေတော့၏။

‎

‎

‎" သွေးငရဲ နတ်ဆိုးအရှင်သခင်၊ ရွှမ်းရှနတ်ဆိုးအရှင်သခင်၊ ဖီးနစ်ပွဲတော် နတ်ဆိုးအရှင်သခင်... သေပြီ... အားလုံး သေကုန်ပြီလား "

‎

‎

‎အင်မော်တယ်အရှင်သည် ထိတ်လန့်တကြား ရေရွတ်လိုက်မိ၏။ သူ ဘာကို မြင်လိုက်ရသနည်း။

‎

‎

‎အင်မော်တယ်ဝိညာဉ်နန်းတော်အတွင်း၌ နတ်ဆိုးအရှင်သခင် ငါးဦး၏ အသက်ဝိညာဉ်ကို ကိုယ်စားပြုသည့် ဝိညာဉ်ကျောက်ပြား ငါးခုမှာ တစ်ပြိုင်နက်တည်း ကွဲအက်သွားခဲ့သည်။ ထိုငါးဦးထဲတွင် သွေးငရဲ နတ်ဆိုးအရှင်သခင်နှင့် ရွှမ်းရှနတ်ဆိုးအရှင်သခင်တို့လည်း ပါဝင်နေသည်။

‎

‎

‎ဤနတ်ဆိုးအရှင်သခင် နှစ်ဦးမှာ ရှီမိုကောင်းကင်အရှင်သခင်၏ လက်ရုံးများ ဖြစ်ကြသည်။ သူတို့ကိုယ်တိုင်မှာလည်း အင်မော်တယ်နတ်ဆိုးအရှင်သခင် အထွက်အထိပ်အဆင့်၏ ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ ဤသူနှစ်ဦးကို မည်သူက သတ်နိုင်သနည်း။ အင်မော်တယ်ဘုရင်အဆင့် ရှိသူမှလွဲ၍ မည်သူမျှ မဖြစ်နိုင်ပေ။

‎

‎

‎ထို့အပြင် နတ်ဆိုးအရှင်သခင် ငါးဦး၏ ဝိညာဉ်ကျောက်ပြားများသည် တစ်ချိန်တည်းမှာပင် ကွဲအက်သွားခဲ့ခြင်းကြောင့် သူတို့အားလုံးသည် တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့ခြင်း ဖြစ်ရမည်။ ကျယ်ပြောလှသော နတ်ဆိုးနယ်မြေတွင် မည်သူက ဤကဲ့သို့ လုပ်ဆောင်နိုင်မည်နည်း။

‎

‎

‎ဤကိစ္စအား အခြားနတ်ဆိုးကောင်းကင်ဘုံမှ အင်မော်တယ်ဘုရင်တစ်ဦးသာ လုပ်ဆောင်နိုင်ပေလိမ့်မည်။

‎

‎

‎သို့သော် အခြားကောင်းကင်ဘုံမှ အင်မော်တယ်ဘုရင်သည် အဘယ်ကြောင့် သွေးငရဲ နတ်ဆိုးအရှင်သခင်နှင့် အခြားသူများကို သတ်ရသနည်း။ ဤမျှများပြားသော နတ်ဆိုးအရှင်သခင်များ ဆက်တိုက်သေဆုံးခြင်းမှာ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုကြောင့် မဖြစ်နိုင်ပေ။

‎

‎

‎အခြားနတ်ဆိုးကောင်းကင်ဘုံမှ အထွတ်အထိပ် တည်ရှိမှုတစ်ခုသည် ရှီမိုကောင်းကင်ကို တိုက်ခိုက်ရန် စီစဉ်နေခြင်းများလော။ ဤအတွေးဝင်လာသည်နှင့်အမျှ ထိုအင်မော်တယ်အရှင်၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုများမှာ ပိုမိုပြင်းထန်လာတော့သည်။

‎

‎

‎အခြေအနေအရပ်ရပ်ကို စဉ်းစားကြည့်လျှင် ဤဖြစ်နိုင်ခြေတစ်ခုသာလျှင် ကျိုးကြောင်းဆီလျော်သည်။ အင်မော်တယ်ဘုရင်တစ်ဦးသည် ရှီမိုကောင်းကင်ကို စစ်ကြေညာရန်အတွက် ရှီမိုကောင်းကင်အရှင်သခင်၏ လက်အောက်ငယ်သားများကို ကြိုတင်ဖယ်ရှားလိုက်ခြင်းသာ ဖြစ်ရမည်။

‎

‎

‎ထိုအင်မော်တယ်သည် ဆက်လက်မစောင့်ဆိုင်းတော့ဘဲ ဝိညာဉ်နန်းတော်ထဲမှ ပြေးထွက်သွားတော့သည်။ ယခုတစ်ကြိမ်တွင် သူသည် အခြားနတ်ဆိုးအရှင်သခင်များထံ သတင်းပို့ရန် မစဉ်းစားတော့ဘဲ ရှီမိုကောင်းကင်အရှင်သခင်ကို တိုက်ရိုက်သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။ ဤသတင်းကို အရှင်သခင်ထံ အမြန်ဆုံး တင်ပြရမည်ဖြစ်သည်။

‎

‎

‎…………

‎

‎

‎ရှီမိုကောင်းကင်၏ နက်ရှိုင်းသော တစ်နေရာ၊ အဆုံးမဲ့နတ်ဆိုးချီများ ဖုံးလွှမ်းနေသော နယ်မြေအတွင်း၌ ရွှေရောင်ဆံပင်နှင့် ရှေးဟောင်းတော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသော ရှီမိုကောင်းကင်အရှင်သခင်သည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူသည် သူ၏ရှေ့တွင် ဒူးထောက်နေသော အင်မော်တယ်အရှင်ကို ကြည့်ကာ အေးစက်စွာ ပြောကြားလိုက်သည်။

‎

‎

‎" ဒီအရှင် သိပြီ... မင်း သွားနိုင်ပြီ "

‎

‎

‎" ဟုတ်ကဲ့ပါ "

‎

‎

‎အင်မော်တယ်ဝိညာဉ်နန်းတော်ကို စောင့်ကြပ်နေသည့် ထိုသူသည် ရိုသေစွာဖြင့် ဆုတ်ခွာသွားခဲ့၏။ သူသည် ရှီမိုကောင်းကင်အရှင်သခင်နှင့် တွေ့ဆုံစဉ် သွေးငရဲ နတ်ဆိုးအရှင်သခင်နှင့် အခြားသူများ သေဆုံးသည့် သတင်းအားလုံးကို တင်ပြခဲ့ပြီးဖြစ်သည်။

‎

‎

‎အင်မော်တယ်အရှင် ထွက်ခွာသွားပြီးနောက် ရှီမိုကောင်းကင်အရှင်သခင်သည် မတ်တတ်ရပ်လိုက်၏။ သူ၏ နက်ရှိုင်းသော ရွှေရောင်မျက်လုံးများအတွင်း၌ ဒေါသနှင့် သံသယများ ပြည့်နှက်နေလေသည်။

‎

‎

‎ရှီမိုကောင်းကင်၏ အရှင်သခင်အနေဖြင့် ရှီမိုကောင်းကင်အတွင်းရှိ လှုပ်ရှားမှုအားလုံးကို သူ မသိဘဲ မနေနိုင်ပေ။ သွေးငရဲ နတ်ဆိုးအရှင်သခင်နှင့် ရွှမ်းရှနတ်ဆိုးအရှင်သခင်တို့ ချီလျန်မျိုးနွယ်ရှိရာသို့ သွားကြသည်ကို သူ သိသော်လည်း မတားဆီးခဲ့ပေ။ သို့မဟုတ် မတားဆီးချင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ချီလျန်မျိုးနွယ်၏ ချီရှောင်းမှာ သေဆုံးသွားခဲ့ပြီဖြစ်ရာ သူ့အတွက် ခြိမ်းခြောက်မှု မရှိတော့ပေ။ သို့သော် သူ၏ လက်အောက်ခံ နတ်ဆိုးအရှင်သခင်များသည် ချီလျန်မျိုးနွယ်ကို ဖျက်ဆီးပြီးနောက် ထိုနယ်မြေကို ခွဲဝေယူရန် စောင့်ဆိုင်းနေခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။ ရှီမိုကောင်းကင်အရှင်သခင် အနေဖြင့် သူ၏လက်အောက်ငယ်သားများ၏ စိတ်အားထက်သန်မှုကို မဖျက်ဆီးလိုပေ။

‎

‎

‎မည်သို့ပင်ဆိုစေ ချီရှောင်းသေဆုံးပြီးနောက် ချီလျန်မျိုးနွယ်မှာ အသားစင်ပေါ်မှ ငါးကဲ့သို့ပင် ဖြစ်သည်။ ယခုအခါ သူတို့အား အရေးယူရန် ခိုင်လုံသောအကြောင်းပြချက်လည်း ရှိနေပြီဖြစ်ရာ ၎င်းမှာ သူ့အတွက် မျက်နှာပန်းလှစေသည်။

‎

‎

‎ထို့ကြောင့် သွေးငရဲ နတ်ဆိုးအရှင်သခင်နှင့် အခြားသူများ၏ သီးသန့်လှုပ်ရှားမှုကို ရှီမို

‎သူသည် တစ်ဖက်ပိတ် မျက်ကွယ်ပြုပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့ထွက်ခွာသွားပြီး မကြာမီမှာပင် အားလုံးသေဆုံးသွားသည့် သတင်းကို ရရှိလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

‎

‎

‎ရှီမိုကောင်းကင်၏ နတ်ဆိုးအရှင်သခင် ခြောက်ဦးလုံး သေဆုံးသွားခဲ့ပြီ။ ထိုအထဲတွင် အထွက်အထိပ်အဆင့် နတ်ဆိုးအရှင်သခင် နှစ်ဦးပင် ပါဝင်နေ၏။ ဤအချက်အလက်များအရ တိုက်ခိုက်သူမှာ အင်မော်တယ်နတ်ဆိုးအရှင်သခင် အထွက်အထိပ်ထက်ပင် သာလွန်သူ မဟုတ်လျှင် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခု ဖြစ်ရမည်ဟု ရှီမိုကောင်းကင်အရှင်သခင် ခန့်မှန်းလိုက်သည်။

‎

‎

‎သို့သော် မည်သူနည်း... မည်သူက ဤမျှ ရဲတင်းစွာ လုပ်ဆောင်ဝံ့သနည်း။

‎

‎အခန်း ( ၂၉၈ ) - ဇာတ်ကြောင်းတစ်ခုလုံးအား ဖော်ထုတ်ခြင်း၊ အရှင်သခင်၏ လှုပ်ရှားမှု

‎

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင်၏ မျက်နှာအမူအရာမှာ မှောင်မှိုင်း၍ မရေမရာ ဖြစ်နေကာ ထိုသို့ ပြုလုပ်သွားသူမှာ မည်သူဖြစ်နိုင်သည်ကို စတင် စဉ်းစားနေတော့သည်။ သို့သော် သူ၏စိတ်ထဲတွင် ပေါ်လာသော ပုံရိပ်များကိုမူ သူကိုယ်တိုင်ပင် ပြန်လည် ပယ်ချပစ်လိုက်လေသည်။

‎

‎

‎ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ၏မျက်လုံးများမှာ ပို၍ မှောင်မှိုင်းသွားတော့သည်။ မကြာသေးမီက ရွှမ်ယွမ်နတ်ဆိုးနယ်မြေ၌ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ကြိုးစားနေသည့် အရှိန်အဝါတစ်ခုကို သူ အာရုံခံမိခဲ့သည်ကို ရုတ်တရက် သတိရလိုက်ခြင်းပင်။

‎

‎

‎ထိုစဉ်က ရှီမိုကောင်းကင်အရှင်သခင်မှာ အံ့အားသင့်သွား၍ သူ၏ ဝိညာဉ်အစိတ်အပိုင်းတစ်ခုအား စေလွှတ်ကာ စုံစမ်းရန် ကြိုးစားခဲ့သော်လည်း တစ်ဖက်လူ၏ အဆင့်တက်လှမ်းမှု အရှိန်အဝါမှာ ခဏတာမျှသာ ကြာမြင့်ပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။

‎

‎

‎ထိုအချိန်တွင် ရှီမိုကောင်းကင်အရှင်သခင်သည် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် အသက်နှင့်ရင်း၍ ကြိုးစားရင်း သေဆုံးသွားသည့် မသိနားမလည်သော လူငယ်တစ်ဦးဟုသာ ထင်မှတ်ခဲ့သည်။ ထို့ကြောင့် သူ၏ အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ထိုကိစ္စကို အလေးမထားခဲ့ပေ။

‎

‎

‎ယခုမူ မိုဟဲသည် ရွှမ်ယွမ်နတ်ဆိုးနယ်မြေ၏ ကိစ္စရပ်များကို စုံစမ်းရင်း ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေရှိ ချီလျန်မျိုးနွယ်ကို ခြေရာခံ လိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သွေးငရဲအရှင်၊ ရွှမ်းရှအရှင်နှင့် အခြားသူများမှာ သူ့အား ကူညီရန် သွားရောက်ရင်း ထိုနယ်မြေ၌ သေဆုံးကုန်ကြသည်။ ရှီမိုကောင်းကင်အရှင်သခင်၏ စိတ်ထဲတွင် အရာအားလုံး ဆက်စပ်မိသွား၏။

‎

‎

‎" ငါ့နယ်မြေထဲမှာ အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းဖို့ ကြိုးစားတာက တစ်ကိစ္စ... အခုတော့ ငါ့လက်အောက်ငယ်သားတွေကိုပါ သတ်ရဲတယ်ပေါ့... အဆင့်တက်လှမ်းဖို့ မအောင်မြင်လို့ ဒေါသပုံချနေတာလား "

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူသည် ဇာတ်ကြောင်းတစ်ခုလုံးကို သဘောပေါက်သွားရကာ ဤသူသည် ရွှမ်ယွမ်နတ်ဆိုးနယ်မြေ၌ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့၍ ဒေါသဖြေသည့်အနေဖြင့် ဟွမ်ယိုထျန်းကျွင်းကို သတ်ဖြတ်ကာ ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေသို့ သွားခဲ့ခြင်း ဖြစ်ရမည်။

‎

‎

‎ထို့နောက် မိုဟဲမှာ ကိစ္စရပ်များကို စုံစမ်းရင်း ထိုသူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရကာ သွေးငရဲနတ်ဆိုးအရှင်နှင့် အခြားသူများ၏ သေဆုံးမှုမှာလည်း ဤအကြောင်းရင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် မအောင်မြင်ခဲ့သောသူမှ သူ၏အာဏာကို ဤမျှအထိ လျစ်လျူရှုဝံ့ခြင်းမှာ ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ကြိုးစားခြင်းမှာ မိမိ၏ စွမ်းအားနှင့် ကျင့်စဉ်အဆင့်သည် သတ်မှတ်ချက်ကို ပြည့်မီမှသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။

‎

‎

‎ထိုသူသည် အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်ရှိခဲ့သော်လည်း အင်မော်တယ်ဘုရင်တစ်ပါး၏ နတ်ဘုရားစွမ်းအင် အချို့ကို အမှတ်မထင် နားလည်သွားခဲ့ပုံရသည်။ သို့မဟုတ်ပါက သူ၏လက်အောက်ရှိ အင်မော်တယ်နတ်ဆိုးအရှင်သခင် အထွက်အထိပ် နှစ်ဦးကို ဤမျှလွယ်လွယ်ကူကူ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

‎

‎

‎သို့သော်လည်း မအောင်မြင်ခြင်းမှာ မအောင်မြင်ခြင်းပင်။ အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်သရွေ့ ထိုသူမှာ သူ၏မျက်စိထဲတွင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။

‎

‎

‎" ဒီနေ့ မင်းကို ငါကိုယ်တိုင် မသတ်ရင် နတ်ဆိုးနယ်မြေရဲ့ ကောင်းကင်ဘုံအားလုံးက ငါ့ကို လှောင်ပြောင်ကြလိမ့်မယ်... မင်းက ကိုယ့်သေတွင်းကိုယ် တူးတာပဲ... ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့တော့ "

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင်သည် အေးစက်စွာ ရေရွတ်လိုက်၏။ ယနေ့တွင် မိမိ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်နှင့် အင်မော်တယ်ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် သူသည် ထိုသူကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

‎

‎

‎အကယ်၍ တစ်စုံတစ်ဦးမှ သူ၏လူများကို သတ်ဖြတ်ကာ သူ၏ရှီမိုကောင်းကင်မှ အေးအေးလူလူ ထွက်ခွာသွားနိုင်ပါက ရှီမိုကောင်းကင်အရှင်သခင်သည် အခြားအင်မော်တယ်ဘုရင်များ၏ အမြင်တွင် ရယ်စရာဖြစ်သွားပေလိမ့်မည်။ သူ၏ လက်အောက်ငယ်သားများကို သတ်သွားသူအား အပြစ်မပေးနိုင်သော အရှင်သခင်သည် မည်သို့လျှင် ဘုရင်တစ်ပါး ဖြစ်နိုင်မည်နည်း။

‎

‎

‎ထိုသို့တွေးတောရင်း ရှီမိုကောင်းကင်အရှင်သခင်သည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ရာ ကောင်းကင်နှင့် မြေကြီးကြားရှိ နတ်ဆိုးချီများမှာလည်း လိုက်ပါ လှုပ်ခတ်လာတော့သည်။

‎

‎

‎ထိုသို့ လှုပ်ခတ်နေသော နတ်ဆိုးချီများမှာ ရှီမိုကောင်းကင်အရှင်သခင်၏ ခန္ဓာကိုယ်မှ သဘာဝအတိုင်း ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ရှီမိုကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်သော ကြောက်မက်ဖွယ် နတ်ဆိုးချီများမှာ ရှီမိုကောင်းကင်မှ ထွက်ခွာသွားတော့သည်။

‎

‎

‎ထိုကြီးမားလှသော နတ်ဆိုးချီများ၏ တုန်ခါမှုကို ရှီမိုကောင်းကင်ရှိ သက်ရှိအားလုံး အာရုံခံမိကြကာ ထိတ်လန့်တကြား ကြည့်လိုက်မိကြသည်။

‎

‎

‎" ဟင်... ဒီလောက် ကြောက်စရာကောင်းတဲ့ နတ်ဆိုးချီတွေ... ဒါ ရှီမိုကောင်းကင်အရှင်သခင်များလား "

‎

‎

‎" အရှင်သခင်ကလွဲရင် ဘယ်သူက ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါကို ပိုင်ဆိုင်မှာလဲ "

‎

‎

‎" ဘုရားရေ... အရှင်သခင်ကိုယ်တိုင် လှုပ်ရှားနေပြီပဲ... ရှီမိုကောင်းကင်မှာ ဘယ်လို အဖြစ်အပျက်ကြီးတွေ ဖြစ်နေလို့လဲ "

‎

‎

‎ရှီမိုကောင်းကင်ရှိ သက်ရှိများမှာ တုန်လှုပ်နေကြ၏။ ရှီမိုကောင်းကင်၏ အရှင်သခင်အနေဖြင့် ကြီးမားသော အရေးအခင်းများမှလွဲ၍ သူသည် ကျင့်ကြံရာနေရာမှ မည်သည့်အခါမျှ ထွက်ပေါ်လာလေ့မရှိပေ။

‎

‎

‎အမှန်စင်စစ် သူ နောက်ဆုံးအကြိမ် ပေါ်ထွက်လာခဲ့သည်မှာ နှစ်ပေါင်း သိန်းနှင့်ချီခဲ့ပြီ ဖြစ်သည်။ ယခု နှစ်ပေါင်းသိန်းချီကြာပြီးနောက် အရှင်သခင် ပြန်လည်ပေါ်ထွက်လာခြင်းမှာ ရှီမိုကောင်းကင်၌ မတွေးဝံ့စရာ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားနေခြင်းပင် ဖြစ်ရမည်။

‎

‎

‎အဖြစ်မှန်ကို မသိကြသော သက်ရှိများနှင့်မတူဘဲ ရှီမိုကောင်းကင်ရှိ အင်မော်တယ်နတ်ဆိုးအရှင်သခင်များနှင့် အင်မော်တယ်ဘုရင်အချို့မှာမူ အရှင်သခင်၏ ဦးတည်ရာကို ခန့်မှန်းမိကြသည်။

‎

‎

‎" သွေးငရဲအရှင်နဲ့ ရွှမ်းရှအရှင်တို့ သေဆုံးတာက အရှင်သခင်ကို ဒေါသထွက်စေပုံရတယ် "

‎

‎

‎" ဟွန်း... အဲဒီလူက အရမ်းကို ရဲတင်းလွန်းတယ်... ဒါ ရှီမိုကောင်းကင်လေ... အရှင်သခင်ရဲ့ မျက်စိအောက်မှာတင် လူသတ်သွားတာက အရှင်သခင်ကို မျက်ကွယ်ပြုတာပဲ မဟုတ်လား

‎"

‎

‎

‎" ဟက်... အရှင်သခင်ကို ကိုယ်တိုင်လှုပ်ရှားလာအောင် လှုံ့ဆော်နိုင်တဲ့သူကတော့ သေရင်တောင် အေးအေးဆေးဆေး သေလို့ရပါပြီ "

‎

‎

‎နတ်ဆိုးအရှင်သခင် အုပ်စုသည် အရှင်သခင်ကို စိန်ခေါ်သူမှာ သေချာပေါက် အဆုံးသတ်ရတော့မည်ဟု ယုံကြည်ကာ လှောင်ပြောင်နေကြသည်။ တစ်ချိန်တည်းမှာပင် အင်မော်တယ်ဘုရင်တစ်ပါးကို စိန်ခေါ်ဝံ့သည့်သူမှာ မည်သူနည်းဟုလည်း အားလုံးက သိလိုနေကြသည်။ အင်မော်တယ်ဘုရင်အောက်ရှိ အားလုံးမှာ ပုရွက်ဆိတ်များသာ ဖြစ်သည်ကို ထိုသူ မသိလေသလော။

‎

‎

‎" သွားကြစို့... ရွှမ်ယွမ်နတ်ဆိုးနယ်မြေမှာ ဘာဖြစ်မလဲဆိုတာ သွားကြည့်ကြတာပေါ့... အရှင်သခင်ကိုယ်တိုင် လှုပ်ရှားတာကို မြင်ရဖို့ဆိုတာ နှစ်ပေါင်းအများကြီးနေလို့ တစ်ခါတောင် မကြုံနိုင်တဲ့ အခွင့်အရေးပဲ "

‎

‎

‎" ဟုတ်တယ်! သွားကြည့်ရမယ်... အရှင်သခင်ရဲ့ လှုပ်ရှားမှုကို ကိုယ့်မျက်စိနဲ့ကိုယ် မြင်ခွင့်ရတာကနေ တစ်ခုခု နားလည်သွားရင်တောင် ငါတို့အတွက် အကျိုးကျေးဇူး အများကြီး ရှိလိမ့်မယ် "

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင် လှုပ်ရှားလာသည်နှင့်အမျှ ရှီမိုကောင်းကင်တစ်ခုလုံးမှာလည်း ဆူညံသွားတော့သည်။ အင်မော်တယ်နတ်ဆိုးအရှင်သခင်များနှင့် စွမ်းအားကြီးသော အင်မော်တယ်ဘုရင်အချို့မှာ ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေသို့ အပြိုင်အဆိုင် သွားရောက်ကြသည်။

‎

‎

‎သို့သော် ရှီမိုကောင်းကင်ရှိ အင်မော်တယ်နတ်ဆိုးအရှင်သခင်များနှင့် အားကောင်းသော အင်မော်တယ်ဘုရင်အချို့သာ လိုက်သွားကြခြင်း ဖြစ်သည်။ အခြားသောသူများမှာမူ သူတို့၏ ကျင့်စဉ်အဆင့်မှာ အရှင်သခင်နှင့် အလွန်ကွာခြားလှသဖြင့် လိုက်သွားသော်လည်း ဘာကိုမျှ အာရုံခံနိုင်မည် မဟုတ်သောကြောင့် သက်ပြင်းချကာ ကျန်ရစ်ခဲ့ကြတော့သည်။

‎

‎

‎………………

‎

‎

‎ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ.....

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင် လှုပ်ရှားလာသည်နှင့် စက္ကန့်အနည်းငယ်အတွင်းမှာပင် ကောင်းကင်ယံမှ အဆုံးမဲ့နတ်ဆိုးချီများ ရုတ်တရက် ကျဆင်းလာကာ ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၏ နေရာတိုင်းကို ဖုံးလွှမ်းသွားတော့သည်။

‎

‎

‎တစ်ခဏချင်းမှာပင် ထွန်းလင်းတောက်ပနေသော နေရောင်ခြည်မှာ ပျောက်ကွယ်သွားကာ အမှောင်ထုမှ အစားထိုးဝင်ရောက်လာတော့သည်။ ဤအရာမှာ ရှီမိုကောင်းကင်အရှင်သခင် ရောက်ရှိလာခြင်းကြောင့် မဟုတ်ဘဲ ထိုနယ်မြေ၏ ကောင်းကင်နှင့်မြေကြီး တာအိုများမှာ ရှီမိုကောင်းကင်အရှင်သခင်၏ ရောက်ရှိလာမှုကို အာရုံခံမိကာ သဘာဝလွန် ဖြစ်ရပ်များအဖြစ် ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။

All Chapters