← Chapters

အခန်း (၃၁၅-၃၁၆)

Vol. 23 Ch. 315-316

အခန်း (၃၁၅-၃၁၆)

Vol. 23 Ch. 315-316

‎အခန်း ( ၃၁၅ ) - အရှင်သခင်၏ လက်နက်၊ ထိတ်လန့်ဖွယ်ရာ ခန့်မှန်းချက်နှင့် ချီလျို ပြန်လာခြင်း

‎

‎

‎

‎အဆုံးမဲ့ဓား၏ စိတ်အားထက်သန်နေသော ပုံစံကို မြင်လိုက်ရသောအခါ ချီလျိုသည် သူ၏ခန့်မှန်းချက် မှားယွင်းခြင်းမရှိကြောင်း ပို၍ သေချာသွားတော့သည်။ ဤလျှို့ဝှက်ဆန်းပြားသော စွမ်းအားရှင်ဓားမှာ လေဟာနယ် ကောင်းကင်သတ္တုနောက်သို့ လိုက်လာခြင်းဖြစ်ပေလိမ့်မည်။

‎

‎

‎ချီလျို တုံ့ဆိုင်းနေစဉ်မှာပင် အဆုံးမဲ့ဓားထံမှ ဝိညာဉ်အာရုံတစ်ခု ထွက်ပေါ်လာ၏။

‎

‎

‎" အရှင်က မင်းကို ကယ်ခိုင်းလိုက်တာ... ကောင်းကင်သတ္တု ရထားတယ် မဟုတ်လား... မြန်မြန် ထုတ်ပေးတော့! "

‎

‎

‎အဆုံးမဲ့ဓား၏ စကားကို ကြားသောအခါ ချီလျိုမှာ မှင်တက်သွားရသည်။

‎

‎

‎အရှင်က သူ့ကို ကယ်ခိုင်းလိုက်တာလား... ဒါဆိုရင်.....

‎

‎

‎လေဟာနယ်ထဲတွင် ငြိမ်သက်စွာ ရှိနေသော အဆုံးမဲ့ဓားကို ကြည့်လျက် ချီလျို၏စိတ်ထဲ၌ မယုံကြည်နိုင်စရာကောင်းသော အတွေးတစ်ခု ပေါ်လာ၏။

‎

‎

‎" ရှင်က... စီနီယာ အဆုံးမဲ့ဓားလား "

‎

‎

‎သူ၏ခန့်မှန်းချက်ကို မဆိုင်းမတွပင် မေးမြန်းလိုက်မိသည်။ သူ၏သမီးဖြစ်သူသည် အရှင်သခင်၏ လက်နက်မှာ အဆုံးမဲ့ဓား ဖြစ်ကြောင်း ပြောပြဖူးလေသည်။

‎

‎

‎" ဝုန်း...! "

‎

‎

‎အဆုံးမဲ့ဓားသည် ဓားဦးကို အောက်သို့ အကြိမ်ကြိမ် ညိတ်ပြလိုက်သဖြင့် ချီလျို၏ ခန့်မှန်းချက် မှန်ကန်သွားသည်မှာ သေချာသွားတော့သည်။

‎

‎

‎ဒါ တကယ်ပဲ အရှင်သခင်ရဲ့ အဆုံးမဲ့ဓားပဲ!

‎

‎

‎ချီလျို၏ မျက်ဝန်းအစုံမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွား၏။ အရှင်သခင်၏ လက်နက်မှာ အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသနည်း။ အဆုံးမဲ့ဓား၏ ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းရည်မှာ နတ်ဆိုးအရှင် ထိပ်တန်းအဆင့်နှင့် ရင်ဘောင်တန်းနိုင်နေပြီဆိုလျှင် အရှင်သခင်၏ အစွမ်းမှာ မည်မျှ ရှိမည်နည်း။

‎

‎

‎ဒါဆို အရှင့်ရဲ့အစွမ်းက အင်မော်တယ်ဘုရင် အဆင့်ကို ရောက်နေပြီလား.....

‎

‎

‎ကုချန် အင်မော်တယ်အရှင်ကို သတ်ဖြတ်သည်ကို မြင်ခဲ့ရသည်မှာ လပိုင်းမျှသာ ရှိသေးသော်လည်း ယခုအခါ အင်မော်တယ်ဘုရင် အဆင့်သို့ ရောက်နေပြီဆိုသည်မှာ ဒဏ္ဍာရီဆန်လွန်းလှသည်။ ချီလျိုသည် ကြောင်တောင်တောင်ဖြင့်ပင် လေဟာနယ် ကောင်းကင်သတ္တုကို ထုတ်၍ အဆုံးမဲ့ဓားထံသို့ ပေးအပ်လိုက်၏။ အဆုံးမဲ့ဓားသည် သတ္တုကို သိမ်းယူလိုက်ပြီးနောက် သူ့အား ဓားလက်ကိုင်ကို ကိုင်ခိုင်းကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ နေရာမှ ထွက်ခွာသွားတော့သည်။

‎

‎

‎………

‎

‎

‎" ချီလျိုက ဘေးကင်းသွားပြီ... စိုးရိမ်စရာ မလိုတော့ဘူး "

‎

‎

‎ချီလျန်မျိုးနွယ် အစည်းအဝေးခန်းမအတွင်း၌ ကုချန်၏ တည်ငြိမ်စွာ ပြောကြားလိုက်သံ ထွက်ပေါ်လာလေသည်။ ထိုစကားကြောင့် ချီမုန်မှာ စိတ်အေးသွားရ၏။

‎

‎

‎မကြာမီမှာပင် ဓားအလင်းတစ်ခုနှင့်အတူ အဆုံးမဲ့ဓားသည် ချီလျိုကို ခန်းမထဲသို့ ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် အဆုံးမဲ့ဓားသည် လေဟာနယ်ကို ဖောက်ထွက်ကာ ပျောက်ကွယ်သွားလေ၏။ ၎င်းမှာ ရရှိလာသော သတ္တုကို အမြန်ဆုံး ဝါးမြိုရန် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။

‎

‎

‎" အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်! "

‎

‎

‎ချီလျိုသည် ကုချန်၏ရှေ့တွင် မဆိုင်းမတွပင် ဒူးထောက်လိုက်၏။ သူ၏စိတ်ထဲ၌ မေးခွန်းများစွာ ရှိနေသော်လည်း ဘယ်ကစမေးရမှန်း မသိဖြစ်နေစဉ်မှာပင် သူ၏မျက်နှာသည် တစ်ဖန် ပြောင်းလဲသွားပြန်၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ချီလျန်နယ်မြေ၏ နယ်စပ်တွင် အင်မော်တယ်အရှင်များနှင့် နတ်ဆိုးအရှင်များစွာသည် ချီလျန်မျိုးနွယ် ဘိုးဘေးနယ်မြေဆီသို့ အပြင်းအထန် ဦးတည်လာနေသည်ကို သူ အာရုံခံလိုက်မိသောကြောင့် ဖြစ်လေတော့သည်။

‎

‎အခန်း ( ၃၁၆ ) - နတ်ဆိုးလောက၏ အညံ့ခံမှု၊ သန်မာသူသာ အလေးထားခံရခြင်းနှင့် ရက်စက်သော နိယာမ

‎

‎

‎

‎ချီလျန်နယ်မြေအတွင်းသို့ ချဉ်းကပ်လာနေသော အရှိန်အဝါများကို အာရုံခံမိလိုက်သဖြင့် ချီလျို၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွား၏။

‎

‎

‎သူ၏အရှင်သခင် ကုချန်မှ ယမမြစ်ဘိုးဘေးကို သတ်ခဲ့သည့်သတင်း ပေါက်ကြားသွားကာ ရှီမိုကောင်းကင်နန်းတော်မှ အင်မော်တယ်နတ်ဆိုးအရှင်များကို စေလွှတ်၍ ချီလျန်မျိုးနွယ်ကို လာရောက်နှိမ်နင်းခိုင်းခြင်း ဖြစ်နိုင်သည်ဟု သူ တွေးမိလိုက်သည်။ ဤအတွေးကြောင့် ဘေးကင်းစွာ ပြန်ရောက်လာသည့်အတွက် ဝမ်းသာနေမှုများမှာ ချက်ချင်းပင် စိုးရိမ်စိတ်အဖြစ် ပြောင်းလဲသွားတော့သည်။

‎

‎

‎ဘေးဒုက္ခဆိုတာ ရှောင်လွှဲလို့မရဘူးပဲ။ ရှီမိုကောင်းကင်နန်းတော်က ပြဿနာတွေ တကယ်ရောက်လာပြီ။

‎

‎

‎သူသည် အဆုံးမဲ့ဓား၏ စွမ်းဆောင်ရည်ကြောင့် ကုချန်၏အစွမ်းမှာ သူ ထင်ထားသည်ထက် ပိုမိုမြင့်မားနိုင်ကြောင်း သိထားသော်လည်း တစ်ဖက်တွင်မူ နှစ်ပေါင်းများစွာ ဘုရင်အဆင့်အဖြစ် အုပ်ချုပ်လာခဲ့သော ရှီမိုကောင်းကင်အရှင်သခင် ရှိနေလေသည်။ ၎င်းကို ကုချန် ယခုအချိန်တွင် ရင်ဆိုင်နိုင်ဦးမည် မဟုတ်ဟု သူ ယူဆနေဆဲပင်။

‎

‎

‎ထိုသို့ တွေးမိစဉ်မှာပင် အစည်းအဝေးခန်းမအတွင်းရှိ ချီလျန်မျိုးနွယ် အကြီးအကဲအဆင့်များမှာ မည်သည့် စိုးရိမ်ထိတ်လန့်မှုမျှ မရှိဘဲ တည်ငြိမ်နေကြသည်ကို မြင်လိုက်ရသဖြင့် ချီလျိုမှာ အံ့အားသင့်သွားရသည်။ သူ၏သမီးဖြစ်သူ ချီမုန်ပင်လျှင် ကုချန်၏ ဘေးတွင် ရိုသေစွာ ရပ်နေကာ စိုးရိမ်သည့် အရိပ်အယောင် ရှိမနေပေ။

‎

‎

‎နတ်ဆိုးအရှင်များ ပိုမိုနီးကပ်လာသောအခါ ချီလျိုသည် စိတ်မထိန်းနိုင်တော့ဘဲ ကုချန်ကို ထုတ်ပြောလိုက်၏။

‎

‎

‎" အရှင်... နတ်ဆိုးအရှင်တွေ ချဉ်းကပ်လာနေပါပြီ... ရှီမိုကောင်းကင်နန်းတော်က စွမ်းအားရှင်တွေ ဖြစ်ရမယ်... အရှင် ဘေးကင်းဖို့အတွက် ဒီနေရာကနေ အရင်ဆုံး ဖောက်ထွက်သွားပါ "

‎

‎

‎ယခင်က ချမှတ်ထားသော အစီအစဉ်အရ ရှီမိုကောင်းကင်နန်းတော်မှ တိုက်ခိုက်လာလျှင် ကုချန် ဘေးကင်းစေရန်အတွက် မျိုးနွယ်စု အကြီးအကဲများသည် အသက်ပေး၍ ခုခံပေးရန် ပြင်ဆင်ထားကြခြင်းဖြစ်သည်။

‎

‎

‎ထို့နောက်ထို့နောက် သူသည် အခြားအကြီးအကဲများကို ကြည့်ကာ အလျင်အမြန် ညွှန်ကြားလိုက်၏။

‎

‎

‎" အရင်က စီစဉ်ထားတဲ့အတိုင်း လုပ်ကြစို့ "

‎

‎

‎သို့သော် သူ၏စကားကို ကြားသောအခါ အကြီးအကဲများ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာခဲ့သည်ကိုတော့ သူ သတိမပြုမိပေ။

‎

‎

‎" ရှီမိုကောင်းကင်အရှင်သခင် အပါအဝင် ရှီမိုကောင်းကင်နန်းတော်တစ်ခုလုံးကို အရှင်သခင်က နှိမ်နင်းလိုက်ပြီဆိုတာ မျိုးနွယ်စုခေါင်းဆောင် မသိသေးဘူးထင်တယ် "

‎

‎

‎အကြီးအကဲများအားလုံးသည် တစ်ယောက်ကိုယ် တစ်ယောက်ကြည့်ကာ ထို့သို့သာ တွေးနေကြ၏။

‎

‎

‎နောက်ဆုံးတွင် ချီမုန်သည် မိခင်ဖြစ်သူ၏လက်ကို အသာအယာ ဆွဲလိုက်ကာ တိုးတိုးတိတ်တိတ် ပြောပြလိုက်လေသည်။

‎

‎

‎" အမေ... ရှီမိုကောင်းကင်နန်းတော်က ဒုက္ခပေးမှာ မဟုတ်တော့ဘူး...အဲဒီလောက် စိုးရိမ်မနေပါနဲ့ "

‎

‎

‎ထိုနတ်ဆိုးအရှင်များ အဘယ်ကြောင့် ပြန်လာကြသည်ကို ချီမုန် အတိအကျ မသိသော်လည်း ဒုက္ခပေးရန် မဟုတ်သည်ကိုမူ သူ သေချာပေါက် သိ၏။ အကြောင်းမှာ ထိုနတ်ဆိုးအရှင်များသည် ကုချန်မှ ရှီမိုကောင်းကင်အရှင်သခင်အား နှိမ်နင်းလိုက်သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူများ ဖြစ်သောကြောင့်ပင်။

‎

‎

‎ချီလျိုမှာ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် မိုးကုပ်စက်ဝိုင်းဆီမှ ရိုသေလေးစားသော အော်ဟစ်သံများ ဟိန်းထွက်လာ၏။

‎

‎

‎" ချမ်ကျွင်း နတ်ဆိုးနယ်မြေမှ အင်မော်တယ် ကျွင်းဟမ်... အင်မော်တယ်ဘုရင်ကို ဂါရဝပြုဖို့ ရောက်ရှိလာပါတယ် "

‎

‎

‎" မိုခယ့်နတ်ဆိုးနယ်မြေမှ နတ်ဆိုးအရှင် မိုခယ့်... အင်မော်တယ်ဘုရင်ကို ဂါရဝပြုဖို့ ရောက်ရှိလာပါတယ် "

‎

‎

‎" အဆုံးမဲ့ နတ်ဆိုးနယ်မြေမှ အင်မော်တယ် ဝူယာ့... အင်မော်တယ်ဘုရင်ကို ဂါရဝပြုဖို့ ရောက်ရှိလာပါတယ် "

‎

‎

‎ထိုအမည်များကို ကြားလိုက်ရသောအခါ ချီလျို၏ စိတ်ထဲ၌ လှိုင်းထန်သွားလေ၏။ ထိုသူများမှာ ရှီမိုကောင်းကင်နန်းတော်၏ လက်အောက်ခံ နတ်ဆိုးနယ်မြေ အသီးသီးကို အုပ်ချုပ်နေကြသော သူနှင့် အဆင့်တူ နယ်မြေအရှင်သခင်များ ဖြစ်ကြသည်။

‎

‎

‎နတ်ဆိုးနယ်မြေအရှင်သခင်တွေ အများကြီး ရောက်လာပြီး 'အင်မော်တယ်ဘုရင်' ကို ဂါရဝပြုတယ် ဆိုပါလား... ဘယ်သူက အင်မော်တယ်ဘုရင်လဲ.....

‎

‎

‎ချီလျို၏မျက်ဝန်းထဲတွင် ဇဝေဇဝါ ဖြစ်မှုများဖြင့် ပြည့်နှက်သွား၏။ သူ၏ မယုံကြည်နိုင်သော အတွေးတစ်ခုမှာ ဤနယ်မြေအရှင်သခင်များ အားလုံးသည် သူ၏အရှင်သခင်ကို ဂါရဝပြုရန် လာကြခြင်းများလော ဆိုသည်ပင်။

‎

‎

‎ထိုစဉ်မှာပင် နတ်ဆိုးအရှင်များမှာ ချီလျန်မျိုးနွယ်၏ ဘိုးဘေးနယ်မြေအပြင်ဘက်သို့ ဆင်းသက်လာကြ၏။ သို့သော် မည်သူတစ်ဦးမျှ ရှေ့သို့ ဆက်မတိုးဝံ့ကြဘဲ အဝေးကနေ၍သာ ရိုသေစွာ ဦးညွှတ်လျက် ကုချန်၏အမိန့်ကို စောင့်ဆိုင်းနေကြ၏။

‎

‎

‎နယ်မြေအရှင်သခင် ဖြစ်လာသူများမှာ လူမိုက်များ မဟုတ်ကြပေ။ ကုချန်နှင့် ရှီမိုကောင်းကင်အရှင်သခင်တို့ တိုက်ခိုက်ကြပြီးနောက် အရှင်သခင် ပျောက်ကွယ်သွားသည့် သတင်းကို ကြားသည်နှင့် ၎င်းတို့သည် ကုချန်ထံသို့ ချက်ချင်း အပြေးအလွှား လာရောက် ဂါရဝပြုကြခြင်း ဖြစ်သည်။

‎

‎

‎နတ်ဆိုးလောကတွင် သန်မာသူသာလျှင် အလေးထားခံရစမြဲ ဖြစ်သည်။ ဤတိုက်ပွဲတွင် ကုချန် အနိုင်ရရှိသွားခဲ့သည်။

‎

‎

‎နယ်မြေအရှင်သခင်များအတွက်မူ ဤသည်မှာ တိုက်ပွဲတစ်ခုမျှသာ မဟုတ်ဘဲ ဘုရင်အသစ်နှင့် ဘုရင်ဟောင်းတို့အကြား နန်းလုပွဲတစ်ခု ဖြစ်သည်။ အနိုင်ရသူမှာ ၎င်းတို့၏ အရှင်သခင် ဖြစ်လာမည်သာ ဖြစ်သည်။ ယခုအခါ ကုချန် အနိုင်ရရှိသွားပြီ ဖြစ်ရာ ၎င်းတို့သည် အရှင်သခင်သစ်အား သစ္စာခံရန် ရောက်လာကြခြင်း ဖြစ်သည်။

‎

‎

‎ရှီမိုကောင်းကင်နန်းတော်၏ တိုက်ရိုက်လက်အောက်ခံ တပ်ဖွဲ့များမှာမူ အရှင်သခင်ဟောင်းကို သစ္စာမဖောက်ဝံ့ကြသော်လည်း အခြားသော နတ်ဆိုးနယ်မြေများမှာမူ ထိုသို့ မဟုတ်ပေ။ အနိုင်ရသူနောက်သို့ လိုက်ခြင်းမှာ ရှေးယခင်ကတည်းက ရှိခဲ့သော နတ်ဆိုးလောက၏ နိယာမတစ်ခုပင် ဖြစ်လေတော့သည်။

All Chapters