← Chapters

အခန်း (၁၇၂)

Vol. 18 Ch. 172

အခန်း (၁၇၂)

Vol. 18 Ch. 172

ကျုံးရှန်သည် သူ့ရှေ့ရှိ ပစ္စည်းများကို ကြည့်လိုက်လေသည်။

ယင်း၏ ပုံစံမှာ ငရဲကမ္ဘာကြီးမှ ကြမ်းတမ်းသော လက်ရာမျိုး မဟုတ်သည်မှာ သိသာလှ၏။ သို့သော် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ နတ်ဘုရားအင်ပါယာများ၏ စံနှုန်းမီ ချပ်ဝတ်တန်ဆာများနှင့်လည်း လုံးဝ ကွဲပြားနေပြန်သည်။ ထူးဆန်းသည်မှာ ဤသံချပ်ကာကို မြင်လိုက်ရသောအခါ ကျုံးရှန်၏ အတိတ်ဘဝ မှတ်ဉာဏ်များကို ပြန်လည် အမှတ်ရလာစေသည်။

နီရဲသော ဖီးနစ်တောင်ပံ တစ်စုံပါဝင်သည့် ခရမ်းရွှေရောင်သရဖူကို သေချာကြည့်လိုက်ပြီးနောက် သူ၏ ယခင်ဘဝ အနောက်ဘက်သို့ ခရီးသွားခြင်းဇာတ်လမ်းထဲမှ စီထျန်းတာ့ရှန့် စွန်းဝူခုန်း ဝတ်ဆင်ခဲ့သည့် အဆင်တန်ဆာနှင့် တူညီနေသည်ဟု ခံစားလိုက်ရသည်။ သူ့ရှေ့ရှိ အရာများသည် စွန်းဝူခုန်း ကောင်းကင်ဘုံကို ဆူပူသောင်းကျန်းခြင်း မပြုမီ အနောက်ပင်လယ် နဂါးမင်းထံမှ ငှားရမ်းခဲ့သော အသုံးအဆောင်များ ဖြစ်ပုံရ၏။

ဤအသုံးအဆောင်များ၏ အဆင့်အတန်းကို ခွဲခြားရန် ခက်ခဲသော်လည်း အတွင်း၌ ဆန်းကြယ်မှုများ ရှိနေပေသည်။ ထိုသည်က ကျူံးရှန်၏ ယခင်စားဖိုမှူးသူတော်စင်ကမ္ဘာ တွင် သူ ထုတ်ယူခဲ့သော ယိယာ အချက်အပြုတ်ရတနာ နှင့် လုံးဝ ကွဲပြားခြားနားလှ၏။ ယိယာအချက်အပြုတ်ရတနာများမှာ အဆင့်အတန်း သတ်မှတ်ချက် မရှိသော်လည်း အသုံးပြုသူ၏ အချက်အပြုတ်စွမ်းရည် အဆင့်အလိုက် သင့်တော်သော အစွမ်းကို ထုတ်ဖော်ပေးနိုင်သည်။

သို့သော် နွားမိစ္ဆာဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာနှင့် လက်နက်မှာမူ နတ်ဘုရားအာရုံဖြင့် ထပ်ခါတလဲလဲ အသေးစိတ် မစစ်ဆေးပါက သာမန်လက်နက်များဟုသာ ထင်မှတ်သွားကြပေလိမ့်မည်ဖြစ်သည်။ ထိုလက်နက်များ၌ ကိန်းဝပ်နေသော ထိပ်တန်း ဖန်ဆင်းခြင်းအဆင့် နတ်ဘုရားလက်နက်များကိုပင် ကျော်လွန်နေသည့် ဆန်းကြယ်မှုများကို သတိထားမိမည်မဟုတ်ပေ။

ကျုံးရှန်သည် ပုဆိန်ကြီးကို ကြည့်လိုက်ပြန်သည်။

''ဒါက ဟေးထောင် လား...''

ပုဆိန်သွားပေါ်တွင် အဆုံးမဲ့သော အမှုန်အမွှားလေးများသည် တုန်ခါရင်း ဖြတ်တောက်နိုင်စွမ်းကို ဖန်တီးပေးနေသည်။ ကျုံးရှန် ကိုယ်တိုင်လည်း နဂါးမဲ့နှလုံးသားကျင့်စဉ် ကို ကျင့်ကြံထားပြီး ခန္ဓာကိုယ်ထဲတွင် စစ်မှန်သောအတ္တအမှုန်အမွှားများရှိသူ တစ်ယေက်ဖြစ်သောကြောင့် ထိုပုဆိန်၏ လျှို့ဝှက်ချက်ကို အလွယ်တကူပင် သိရှိသွားလေသည်။

ထို့ပြင် ပုဆိန်၏ ပုံသဏ္ဌာန်မှာလည်း ကျုံးရှန်အတွက် မစိမ်းပေ။

'တောက်... ဘာတွေဖြစ်နေတာလဲ... ဒီနွားမိစ္ဆာဘုရင်ကလည်း ကူးပြောင်းလာသူ တစ်ယောက်လား...'

'လက်နှစ်ချောင်းဂိမ်း ကနေ အနောက်ဘက်သို့ခရီးသွားခြင်း အဲဒီကနေမှ ဒီကမ္ဘာရဲ့ ငရဲကမ္ဘာကြီးဆီကို ကူးပြောင်းလာတာလား...'

ကျုံးရှန် အံ့အားသင့်သွားရ၏။

ယခင်တစ်ခေါက် ကျိန်စာနတ်ဘုရားမ အာမန်ရာ၏ ကိုယ်ပွားနှင့် တွေ့ဆုံခဲ့စဉ်ကတည်းက ဤကမ္ဘာ၌ သူတစ်ဦးတည်းသာ ကူးပြောင်းလာသူ မဟုတ်ကြောင်း သိရှိခဲ့ပြီး ဖြစ်သည်။ သို့သော် ယခု နွားမိစ္ဆာဘုရင်နှင့် တွေ့ဆုံလိုက်ရသောအခါမှသာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေ တည်ရှိနေသော ဤအချိန်နှင့် ဟင်းလင်းပြင်သည် ပုံမှန် မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။

ဤနေရာသည် ကမ္ဘာ့သစ်ပင်အပြင်ဘက်မှ မဟာကမ္ဘာကြီးများ ဆုံတွေ့ရာ နေရာတစ်ခု ဖြစ်နိုင်ချေ ရှိပေသည်။ အာမန်ရာ အပါအဝင် သူမ ကူးပြောင်းလာခဲ့သောကြယ်ပြာ ဟု ခေါ်သည့် ကမ္ဘာမှာလည်း ကျုံးရှန်ကူးပြောင်းလာသည့်ကမ္ဘာမြေ၏ မျဉ်းပြိုင်ကမ္ဘာတစ်ခု ဖြစ်ပုံရ၏။ ယခုသူအရှေ့တွင် ရှိနေသော ဤနွားမိစ္ဆာဘုရင်မှာ လည်းမည်သည့်ကမ္ဘာမှ လာသည်ကို မည်သူမျှ မသိနိုင်ချေ။

ကျုံးရှန်သည် ဆက်လက်၍ တွေးတောရန်ပင် မဝံ့တော့။

အချက်အလက်များကို ပေါင်းစပ်ကြည့်လျှင် အလွန်ပင် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ ဤသည်နှင့် နှိုင်းယှဉ်ပါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေ၏ ကောင်းကင်တာအိုဆိုသည်မှာ နှမ်းစေ့လေးမျှသာ ဖြစ်သွားရ၏။ တခဏတာမျှ ကျုံးရှန်သည် မိမိကိုယ်ကိုယ် အလွန်ပင် သေးငယ်လှသည်ဟု ထပ်မံ ခံစားလိုက်ရပြန်သည်။

စကြဝဠာပေါင်းစုံ၊။

အပြိုင်စကြဝဠာများ။

ကမ္ဘာ့အလွှာများ နှင့် ကမ္ဘာ့သစ်ပင်ပြင်ပမှ လွတ်မြောက်ခြင်း။

ယခု လက်ရှိတွင်ပင် မဟာကမ္ဘာများ သို့ ကမ္ဘာကြီးများ၊ အလယ်အလတ်ကမ္ဘာများ၊ကမ္ဘာငယ်များနှင့် သူတော်စင်အဆင့်ရှိသူများ ဖန်တီးထားသော သူတော်စင်ကမ္ဘာများ ရှိနေပြီဖြစ်သည်။ ထို့ပြင် ဖန်ဆင်းခြင်း နယ်မြေများနှင့် ဟင်းလင်းပြင်နယ်မြေများမှာလည်း အလွှာလိုက် အထပ်လိုက် ရှိနေကြသေး၏။

အဓိကအချက်မှာ ဤအချိန်နှင့် ဟင်းလင်းပြင်မှာ တစ်ခုခုလွဲချော်နေပြီး ပုံမှန်ဟုတ်မနေခြင်းပင် ဖြစ်ချေသည်။

နှစ်ဘဝတိုင်တိုင် အတွေ့အကြုံများ ရှိထားသော ကျုံးရှန်ကဲ့သို့ အစွမ်းထက်သူပင်လျှင် ယခုအချိန်၌ အနည်းငယ် တုန်လှုပ်သွားရ၏။ အစွမ်းထက်လာလေလေ မိမိကိုယ်ကိုယ် သေးငယ်ကြောင်း ပိုသိလာလေလေ ဆိုသည့် စကားမှာ အမှန်ပင် ဖြစ်ပေသည်။

ထိုအချိန်၌ မင်ကျွေ့သည်လည်း နွားမိစ္ဆာဘုရင်၏ ဝိညာဉ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအား နှစ်ခုကို ဖယ်ရှားပေးလိုက်ပြီး ဖြစ်ကာ ယွမ်ရှီချီစွမ်းအားဖြင့် နွားမိစ္ဆာဘုရင်၏ သွေးကြောများကို ပိတ်ဆို့ထားလိုက်၏။ ယင်းမှာ နောက်ထပ် အာမခံချက်တစ်ခု ပြုလုပ်ထားခြင်း ဖြစ်သည်။

နွားမိစ္ဆာဘုရင်မှာ တဖြည်းဖြည်းအသိပြန်ဝင်လာပြီး သတိပြန်ရလာသည်နှင့်တစ်ပြိုင်နက် ကျုံးရှန်၏ ရှေ့မှောက်သို့ ဆွဲယူခြင်းခံလိုက်ရသည်။ အကယ်၍ ဤနွားအိုကြီးမှာ အမှန်တကယ်ပင် ကူးပြောင်းလာသူ ဖြစ်ပါက ကျုံးရှန်အနေဖြင့် စကြဝဠာပေါင်းစုံနှင့် ကမ္ဘာအလွှာများအကြောင်း သဲလွန်စအချို့ ရရှိနိုင်ပေလိမ့်မည်။ ထိုအချက်သည် ကျုံးရှန်၏ အနာဂတ် လမ်းစဉ်အတွက် အလွန်ပင် အရေးကြီးလှ၏။

နွားအိုကြီးမှာ ဝေဝေဝါးဝါး ဖြစ်နေဆဲ ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအားကြောင့် ရရှိသော ဒဏ်ရာမှာ အလွယ်တကူ ကုသနိုင်သော အရာမဟုတ်ပေ။ စွမ်းအားကို ဖယ်ရှားပြီးလျှင်ပင် စိတ်ပိုင်းဆိုင်ရာ၌ အရိပ်မည်းအချို့ ကျန်ရစ်နေတတ်သည်။ သို့ဖြစ်ရာ ယခုအခါတွင် နွားအိုကြီးမှာ တွေဝေငေးမောနေ၏။

သွန်သင်ဆုံးမမှု မခံရမီနှင့် ခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော စိတ်ဆန္ဒနှစ်ခု၏ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုပင် ဖြစ်သည်။ ကိုရင်လေး၏သွန်သင်ဆုံးမမှုကို ရရှိပြီးနောက် စိတ်ဝိညာဉ်စွမ်းအားတိုက်မှုဖြင့် ကြမ်းတမ်းသော အတိတ်ကာလများသို့ ပြန်ရောက်သွားခြင်းက သူ့အတွက် ကြီးမားသော စိတ်ဒဏ်ရာ ဖြစ်စေသည်။

ကျုံးရှန်မှာလည်း အလျင်မလိုပေ။ သူသည် လက်တစ်ချက် ဝှေ့ယမ်းကာ ဉာဏ်အလင်းပွင့်စေသော အလင်းတန်း တစ်ခုကို ထုတ်ဖော်လိုက်ပြီး နွားမိစ္ဆာဘုရင်ကို အမြန်ဆုံး နိုးထလာရန် ကူညီပေးလိုက်သည်။ ထိုအလင်းတန်း နွားမိစ္ဆာဘုရင်၏ နဖူးအတွင်းသို့ ဝင်ရောက်သွားသည်နှင့် သူ၏ သတိမှာ ချက်ချင်း ပြန်လည် ကြည်လင်လာ၏။

သူသည် ကျုံးရှန်ကို ကြည့်ကာ အံကြိတ်လိုက်ပြီး နွားမျက်နှာပေါ်တွင် ပြတ်သားသော အမူအရာတစ်ခု ပေါ်လာသည်။

"ဒီသံချပ်ကာနဲ့ ပုဆိန်ကို မင်း ဘယ်က ရခဲ့တာလဲ..."

"မင်းက ကူးပြောင်းလာသူတစ်ယောက်လား..."

ကျုံးရှန်သည် ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေသော သံချပ်ကာနှင့် ပုဆိန်ကို ညွှန်ပြကာ တစ်ဆက်တည်း မေးမြန်းလိုက်၏။

တစ်ချိန်တည်းမှာပင် သူသည် သတိကိုလည်း မလျှော့ပေ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်နှင့် စစ်မှန်သောအတ္တအမှုန်အမွှား များသည် ဖြည်းညှင်းစွာ လည်ပတ်နေပြီး အသင့်အနေအထားရှိနေသည်။

သူနှင့် အာမန်ရာတို့ကဲ့သို့ ကူးပြောင်းလာသူတိုင်းတွင် ကိုယ်ပိုင် လက်ဆောင် တစ်ခုစီ ရှိကြလေသည်။ အာမန်ရာ၏ လက်ဆောင်မှာ အစပိုင်းတွင် စွမ်းအားတစ်ခုကို ရွေးချယ်ပြီး အဆပေါင်းများစွာ မြှင့်တင်နိုင်ခြင်း ဖြစ်သည်။

ကျုံးရှန်မှာမူ ရေရှည်အတွက် ပိုမိုသင့်လျော်သော နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ် ကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။ အကယ်၍ ဤနွားမိစ္ဆာမှာ အမှန်တကယ်ပင် ကူးပြောင်းလာသူ ဖြစ်နေပါက သူ့၌ဆန်းကြယ်သော နည်းလမ်းအချို့ ရှိနေနိုင်ပေသည်။ အနည်းငယ်မျှ ပေါ့ဆလိုက်ခြင်းက အခြေအနေကို ပြောင်းပြန် ဖြစ်သွားစေနိုင်ချေ ရှိ၏။

သို့သော် နွားမိစ္ဆာမှာ ပါးစပ်ပိတ်နေပြီး မည်သည့် လှုပ်ရှားမှုမျှ မလုပ်ချေ။ အံကိုသာ တင်းတင်း ကြိတ်ထားပြီး နှာခေါင်းပေါက်မှ လေပူများကို မှုတ်ထုတ်နေသည်။ ကျုံးရှန်ကို လုံးဝ ဂရုမစိုက်ဘဲ အဆုံးအထိ တောင့်ခံထားမည့် ပုံစံမျိုး ပြုလုပ်နေခြင်းဖြစ်သည်။ ထိုသို့သော အမူအရာကြောင့် ကျုံးရှန်မှာ စိတ်သက်သာရာ ရသွားသည်။

"ခေါင်းမာတဲ့နွား..."

"ငါ မင်းရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီး စစ်ဆေးမှာကို မကြောက်ဘူးလား..."

ကျုံးရှန်က ပြုံးစစဖြင့် မေးလိုက်သည်။

"သတ်ချင်သတ်... လှီးချင်လှီး... မင်းသဘောပဲ..."

"မင်းရဲ့ ဘိုးဘိုးနွားက အဲဒီလိုမျိုးတွေကို မကြောက်ဘူးကွ..."

"မင်းသာ ငါ့ဝိညာဉ်ကို ဆွဲထုတ်မယ်ဆိုရင်... ငါ့ရဲ့ မိစ္ဆာဝိညာဉ်ကို ကိုယ့်ဘာသာ ဖျက်ဆီးပစ်လိုက်မယ်..."

နွားမိစ္ဆာဘုရင်သည် ကျုံးရှန်၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ဘဲ ကြမ်းတမ်းစွာ ပြန်ပြောလိုက်သည်။

"မင်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ..."

"ဒါပေမဲ့ တချို့ကိစ္စတွေက မင်းသဘောနဲ့ မင်း လုပ်လို့မရဘူး..."

ကျုံးရှန်၏ မျက်နှာထက်တွင် နက်နဲသော အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏နတ်ဘုရားအာရုံစွမ်းအားများသည် အောက်ဘက်ရှိ နွားရိုင်းမိစ္ဆာနန်းတော်မှ ခုခံမှုများကို လျစ်လျူရှုပြီး နန်းတော်အတွင်းသို့ ကျူးကျော်ဝင်ရောက်သွားသည်။

....

မိစ္ဆာနန်းတော်၏ အတွင်းပိုင်းနက်ရှိုင်းသော နေရာ။

ကာကွယ်ရေး အစီအရင်များဖြင့် ပြည့်နှက်နေသော လျှို့ဝှက်အခန်း တစ်ခု၌ မိန်းမော်မိစ္ဆာမ‌လေး ကာလီယာသည် စိုးရိမ်တကြီး စောင့်ဆိုင်းနေ၏။ သူမသည် သူတော်စင်အဆင့်သာ ရှိသေးသဖြင့် သာမန် နတ်ဘုရားအဆင့် ကျင့်ကြံသူများပင်လျှင် ထိုးဖောက် အာရုံခံနိုင်ခြင်း မရှိသည့်မိစ္ဆာနန်းတော်၏ အပြင်ဘက်မှကိစ္စများကို ဖောက်ထွင်းမမြင်ရပေ။

ယခု သူမသည် နွားမိစ္ဆာဘုရင်အတွက် အလွန် စိတ်ပူနေသည်။ နောက်ထပ် ခဏကြာသည်အထိ နွားမိစ္ဆာဘုရင် ပြန်မရောက်လာပါက အပြင်ထွက်ကြည့်ရန် ဆုံးဖြတ် လိုက်‌တော့သည်။ သူမ စောင့်ဆိုင်းနေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်အောက်၌ ခုခံ၍မရသော စွမ်းအားတစ်ခု ပေါ်ပေါက်လာသည်။ ထို့နောက် သူမကိုရစ်ပတ်သွားကာ နန်းတော်အတွင်းရှိ အကာအကွယ်အားလုံးကို ဖောက်ထွက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။

ခဏချင်းအတွင်းမှာပင် သူမသည် ကျုံးရှန်နှင့် နွားမိစ္ဆာဘုရင်တို့၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။

"ကာလီယာ..."

"ငါ့ရဲ့ ကာလီယာကို မထိနဲ့..."

နွားမိစ္ဆာဘုရင်၏ ခေါင်းမာသော အမူအရာမှာ ချက်ချင်းပင် ပျောက်သွားပြီး စိုးရိမ်တကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

"အခု ပြောမှာလား... မပြောဘူးလား..."

ကျုံးရှန်၏ လက်တစ်ဖက်တွင် ချွန်ထက်သော နတ်ဘုရားဓားမြှောင်တစ်ခု ပေါ်လာပြီး မိန်းမော်မိစ္ဆာမလေး၏ လှပသော မျက်နှာပေါ်သို့ တင်လိုက်သည်။

ယခုအချိန်တွင် ကျုံးရှန်သည် လူဆိုးကြီးတစ်ယောက် အသွင်သို့ ပြောင်းလဲသွားပြီး ရှေ့မှောက်ရှိ ငရဲမိစ္ဆာကြီးမှာမူ သနားစရာ သားကောင် ဖြစ်သွားရသည်။

နွားမိစ္ဆာဘုရင်သည် စိတ်အလွန်လှုပ်ရှားနေ၏။ သူ၏ သွားကြားထဲ၌ ညှပ်ထားသော ပုတီးစေ့ကို သူ ခံစားမိနေပြီး အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် ကိုက်ချေပစ်နိုင်မည်ဖြစ်သည်။ ထို့နောက် ချက်ချင်းပင် အကြံရသွားပြီး ခေါင်းကို အမြန် ညိတ်လိုက်၏။

"ပြောပါ့မယ်... ပြောပါ့မယ်... စီနီယာ... ကျေးဇူးပြုပြီး ကာလီယာ ကိုယ်ပေါ်က အချုပ်အနှောင်တွေကို အရင် ဖြေပေးပါ..."

ကျုံးရှန်သည် နွားမိစ္ဆာဘုရင်ကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ စွမ်းရည်ဖြင့် ကာလီယာ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် လိုက်လျောလိုက်ရလည်း ကိစ္စမရှိပေ။ သူသည် ကာလီယာကို လွှမ်းခြုံထားသော နတ်ဘုရားအာရုံကို ရုပ်သိမ်းလိုက်သည်။

အချုပ်အနှောင်မှလွတ်သွားသည်နှင့် တစ်ပြိုင်နက် ကာလီယာသည် ထွက်ပြေးရန် မကြိုးစားဘဲ နွားမိစ္ဆာဘုရင်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားသည်။

"အရှင်..."

"ကာလီယာ... ကိုယ် ဘာမှမဖြစ်ဘူး..."

ကျုံးရှန်မှာမူ အနားတွင် ဘာမှမဖြစ်သကဲ့သို့ ရပ်နေလေသည်။

ကျုံးရှန်မှာ ဘေးတွင် ရပ်ကြည့်ရင်း မည်သို့မျှ မခံစားရပေ။

"ကဲ... အခု ပြောတော့မလား..."

နွားမိစ္ဆာဘုရင်သည် ကျုံးရှန်၏စကားကို ကြားလိုက်ရသောအခါ ထူးဆန်းသော အပြုံးတစ်ခု ပြုံးလိုက်သည်။

"ကောင်းပြီ... ပြောပြမယ်..."

စကားဆုံးသည်နှင့် သွားကြားထဲရှိ ပုတီးစေ့ကို ချက်ချင်း ကိုက်ခွဲလိုက်တော့သည်။

All Chapters