← Chapters

အခန်း (၁၇၃)

Vol. 18 Ch. 173

အခန်း (၁၇၃)

Vol. 18 Ch. 173

ပုတီးစေ့လေး ကွဲအက်သွားသည်နှင့် တစ်ပြိုင်နက် ကျုံးရှန်သည် မျက်မှောင် ကြုတ်လိုက်မိသည်။

သူသည် ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ကာ ကျုံးယွမ်နှင့် မင်ကျွေ့တို့ကို မိုင်ပေါင်းသောင်းချီသော နေရာသို့ ဆုတ်ခွာသွားစေပြီး အခြားလက်တစ်ဖက်ဖြင့် ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ အသေးစား မဟာအမှောင်ထု နတ်ဘုရားအတားအဆီးတစ်ခု ကျဆင်းလာခဲ့ပြီး နွားမိစ္ဆာဘုရင်နှင့် မိန်းမော်မိစ္ဆာမ ကာလီယာတို့ ရှိနေသည့် နေရာကို လုံးဝ လွှမ်းခြုံပိတ်ဆို့လိုက်လေသည်။

ထို့နောက် ကျုံးရှန်၏ ဦးခေါင်းထက်တွင်စကြဝဠာ ဟင်းလင်းပြင်ကြီးသဖွယ် ကြီးမားလှသော စစ်မှန်သောအတ္တ ပုံရိပ်ယောင်ပေါ်ထွက်လာ၏။ ထိုပုံရိပ်ယောင်ကြီး၏ မျက်လုံးများမှာ တောက်ပနေပြီး ဩဇာတိက္ကမဖြင့်ပြည့်စုံနေပေသည်။ ပုံရိပ်ယောင်ကြီးသည် လက်နှစ်ဖက်ကို အသာအယာ မြှောက်လိုက်ရာ လက်သီးဆုပ်လိုက်လျှင် ကျုံးရှန်၏ ကိုယ်ထည်ပေါ်တွင်လည်း စစ်မှန်သောအတ္တ စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် သံချပ်ကာတစ်ခု ပေါ်ပေါက်လာသည်။ ထိုသံချပ်ကာမှာ နတ်ဘုရားအလင်းများ တောက်ပနေပြီး ကောင်းကင်ဘုံ အဆင့်ဆင့်၏ ပုံရိပ်များကိုပင် ထင်ဟပ်နေသည်။

နဂါးမဲ့နှလုံးသားကျင့်စဉ် တတိယအဆင့် နတ်ဘုရားစွမ်းရည်။

ဝူလုံနတ်ဘုရားသံချပ်ကာ။

တစ်ချိန်တည်း၌ပင် သူသည် မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး ကမ္ဘာဖျက်အလင်းတန်းကို ပစ်လွှတ်ရန် အသင့်ပြင်ထားလိုက်၏။ ဤတစ်ကြိမ်တွင် ကျုံးရှန်သည် အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

သူတို့၏ရှေ့မှမြင်ကွင်းကို ကြည့်ပြီး မင်ကျွေ့နှင့် ကျုံးယွမ်တို့မှာ ရင်ထဲတွင် တုန်လှုပ်သွားကြကာ သူတို့၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သော်လည်း မည်သည့်အရာကိုမျှ ထူးထူးခြားခြား မတွေ့ရပေ။ သို့ပေသည့် သူတို့၏ စိတ်ထဲတွင် အမြဲတမ်း အနှိုင်းမဲ့ပုဂ္ဂိုလ်ဟု သတ်မှတ်ထားသော သခင်တစ်ဖြစ်လည်း ဖခင်ဖြစ်သူကို ဤမျှအထိ သတိကြီးစွာ ထားစေသည့် နွားမိစ္ဆာဘုရင်ထံ၌ မည်သို့သော အပြောင်းအလဲများ ဖြစ်ပေါ်နေသနည်းဟု တွေးတောနေကြ၏။

ကျုံးရှန်၏ ပြင်ဆင်မှုများမှာ မျက်တောင်တစ်ခတ်အတွင်း ပြီးဆုံးသွားခြင်းဖြစ်သည်။

ထို့နောက် တစ်စက္ကန့်အကြာတွင် မိုင်ပေါင်းသောင်းချီ ဝေးကွာသော နေရာ၌ရှိနေသည့် မဟာအမှောင်ထု နတ်ဘုရားအတားအဆီး လွှမ်းခြုံထားသော နေရာမှ ရွှေရောင်အလင်းတန်းများ တောက်ပနေသော နတ်နဂါးတစ်ကောင် ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုနဂါးသည် အတားအဆီးကို တိုက်ရိုက်ပင် တိုးဖောက်ထွက်သွား၏။ ဤသည်မှာ သာမန်ကိစ္စ မဟုတ်ပေ။

ကျုံးရှန် ဖန်တီးထားသော အတားအဆီးသည် ရှေးဟောင်းကောင်းကင်သားတော် ယု ဖန်တီးသည်ထက် အားနည်းသော်လည်း ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနိုင်သည်။ နွားမိစ္ဆာဘုရင်၏ စွမ်းအားဖြင့် သုံးရက်သုံးည တိုက်ခိုက်လျှင်ပင် ထွက်လာနိုင်မည် မဟုတ်ချေ။ သို့သော် ထိုရွှေနဂါးသည် အတားအဆီးကို အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့သည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုရွှေနဂါး၏ ဦးခေါင်းထက်တွင် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ရုပ်ရည်ချောမောသည့် ကိုရင်လေးတစ်ပါး တင်ပျဉ်ခွေ ထိုင်နေခြင်း ဖြစ်သည်။ ထိုရွှေနဂါးနှင့် ကိုရင်လေးဆီမှ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်မနေပေ။ သူတို့နှစ်ဦးသည် ဤကမ္ဘာလောကကြီးထဲတွင် တည်ရှိမနေသကဲ့သို့ပင် ဖြစ်သည်။

ရွှေနဂါးသည် အတားအဆီးအတွင်းမှ ထွက်လာပြီးနောက် တစ်စုံတစ်ခုကို အာရုံခံနေသကဲ့သို့ ကောင်းကင်တွင် ဝဲပျံနေ၏။ ထိုစဉ် နွားမိစ္ဆာဘုရင်သည် ကာလီယာကို ဆွဲခေါ်ကာ အတားအဆီး၏ပေါက်ထွက်သွားသော အပေါက်မှ ထွက်လာပြီး နဂါးစီးနေသော ဝတ်ရုံဖြူဝတ် ကိုရင်လေးကို ဦးချလိုက်သည်။

"ဒီနိမ့်ကျတဲ့နွားက ဖာဟိုင် ကောင်းကင်နဂါး ချန်းရှီကို ဖူးမြော်ပါတယ်..."

"ဆရာတော်အနေနဲ့ ဝင်ရောက်ကူညီပြီး နွားလေးရဲ့ ကပ်ဘေးကို ဖြေရှင်းပေးတော်မူပါ..."

နွားမိစ္ဆာဘုရင်၏ သံချပ်ကာများကို ကျုံးရှန်က ချွတ်ယူထားသဖြင့် ယခုတွင် သူသည် မိစ္ဆာစွမ်းအားဖြင့် အဖြူရောင်ဝတ်ရုံတစ်ခု ဖန်တီးဝတ်ဆင်ထားရသည်။ သူ၏ ကြီးမားလှသော လက်နှစ်ဖက်ကို ဝတ်ပြုသကဲ့သို့ ယှက်ထားသည်မှာ ကြည်ညိုဖွယ်ရာ အသွင်အပြင် ရှိနေသည်။

ကိုရင်လေးသည် နွားမိစ္ဆာဘုရင်၏ စကားကို ကြားသောအခါ ရွှေနဂါးကို စီးနင်းလျက် သူတို့၏ရှေ့သို့ ရောက်လာသည်။

"အော်မိထောဖော... နွားလေး...မတွေ့ရတာ ကြာပြီပဲ... မင်း ငါ့ရဲ့ ဆုံးမစကားတွေကို နားထောင်ခဲ့သားပဲ..."

"ဒီငရဲဘုံမှာ အခြေခံ စည်းကမ်းတွေကို တည်ဆောက်နိုင်ခဲ့တာဟာ ကောင်းမွန်တဲ့ အစပြုခြင်းတစ်ခုပဲဖြစ်တယ်..."

"အင်း...မင်းပြောတဲ့ ကပ်ဘေးဆိုတာ...မိုင်ပေါင်းသောင်းချီအကွာမှာရှိတဲ့ အဲ့ကလေးငယ်လေးလား..."

နွားမိစ္ဆာဘုရင်က ခေါင်းကို အလျင်အမြန် ငြိမ့်လိုက်သည်။

"မှန်ပါတယ် ဘုရား... အဲဒီလူက ဘာအကြောင်းမှ မရှိဘဲ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေတာပါ..."

"ကျွန်တော်က သူ့ကို မယှဉ်နိုင်ပါဘူး...ဆရာတော် ပေးသနားထားတဲ့ ရွှေသံကွင်းသံချပ်ကာနဲ့ ဟေးထောင် ပုဆိန်ကိုတောင် အလုခံလိုက်ရပါတယ်..."

ကိုရင်လေးသည် နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

"အဲ့ဒီ ကလေးက သာမန်မဟုတ်ဘူး..."

"မင်း မယှဉ်နိုင်တာ ပုံမှန်ပါပဲ..."

"မင်းက ပုတီးစေ့ကိုခွဲပြီး ငါ့ရဲ့ ရုယီ ကိုယ်ပွား ကို ဆင့်ခေါ်လိုက်မှတော့ မင်းအတွက် တစ်ကြိမ်လောက် ကူညီပေးရတာပေါ့..."

ပြောပြီးသည်နှင့် သူစီးနင်းထားသော ရွှေနဂါးသည် ကောင်းကင်တုန်ဟည်းမတတ် ဟိန်းဟောက်လိုက်လေသည်။ ပြင်းထန်လှသောနဂါးအရှိန်အဝါများကြောင့် အောက်ဘက်ရှိ နန်းတော်အတွင်းမှ မိစ္ဆာများမှာ ကြောက်လန့်တုန်ရီနေကြ၏။ ရွှေနဂါးသည် ခန္ဓာကိုယ်ကို ဝှေ့ယမ်းကာ ကျုံးရှန်ထံသို့ တိုက်ရိုက် ပြေးဝင်သွားလိုက်သည်။

ထိုကိုရင်လေးနှင့် ရွှေနဂါးဆီမှ မည်သည့် အရှိန်အဝါကိုမျှ အာရုံခံ၍ မရပေ။ သို့သော် မင်ကျွေ့သည် သခင်ကို ကာကွယ်လိုစိတ် ပြင်းပြသဖြင့် ရှေ့သို့တက်ကာ တားဆီးရန် ကြိုးစားလိုက်၏။ သို့သော် ကိုရင်လေးသည် သူ၏လက်ဝါးတစ်ဖက်ကိုထောင်လိုက်သည်။

"အော်မီထောဖော"

သူ၏ ရေရွတ်သံအဆုံးတွင် မျက်ခုံးနှစ်ခုအကြား၌ တတိယမျက်လုံးတစ်လုံး ပေါ်ထွက်လာ၏။ သူ၏ အမူအရာမှာ ခန့်ညားထည်ဝါလှပြီး ရဟန္တာတစ်ပါး၏ အသွင်သဏ္ဌာန် ရှိနေပေသည်။

ကိုရင်လေးသည် မင်ကျွေ့ကို စူးစိုက် ကြည့်လိုက်၏။

"အတင့်ရဲလှတဲ့ မိစ္ဆာကောင်... မင်း လူမဟုတ်ဘူးဆိုတာ ငါ တစ်ချက်ကြည့်ရုံနဲ့ သိတယ်..."

"တာ့ဝေထျန်းလုံ... ရှီကျွင်းတိဇန်း... ပန်လော့ပါမားခုန်း..."

"ကောင်းကင်နဂါး ဗုဒ္ဓစွမ်းအား... ငါ့ကို ကူညီပြီး မိစ္ဆာတွေကို ချေမှုန်းပေးစမ်း..."

ကိုရင်လေးသည် ခြေလှမ်းတစ်ချက် လှမ်းလိုက်ကာ ရွှေနဂါး၏ ဦးခေါင်းပေါ်မှ လေပေါ်ပျံတက်သွားပြီး မင်ကျွေ့ထံသို့အလွန်ပြင်းထန်သော လက်ဝါးတစ်ချက် ရိုက်ချလာသည်။

မင်ကျွေ့သည် ထိုတိုက်ခိုက်မှုအတွင်း၌ ကိန်းဝပ်နေသော စွမ်းအားကို အာရုံမခံနိုင်ပေ။ သူ၏ မျက်လုံးများ ပြာဝေသွားပြီး နောက်တစ်ခဏ၌ ထိုလက်ဝါးချက်မှာ သူ၏ ဦးခေါင်းထက်သို့ ရောက်ရှိနေပြီဖြစ်သည်။ သေခြင်းတရား၏ အငွေ့အသက်များ ကျရောက်လာပြီး သူသည် ပြန်လည်ခုခံနိုင်စွမ်း ကင်းမဲ့သွားရသည်။

ထိုအချိန်တွင် လက်တစ်ဖက်က သူ့ကို ဆွဲယူလိုက်သည်။ကျုံးရှန် ဝင်ရောက်ကူညီလိုက်ခြင်းပင် ဖြစ်သည်။ ကျုံးရှန်သည် မင်ကျွေ့ကို နောက်သို့ပို့လိုက်ပြီး မျက်လုံးများထဲမှ ကမ္ဘာဖျက်အလင်းတန်းကို ပစ်လွှတ်လိုက်ရာ ကိုရင်လေး၏ လက်ဝါးရိုက်ချက်ကို ဖြိုခွင်းလိုက်နိုင်၏။ ထိုအခါ ကိုရင်လေးသည် နောက်ထပ် လက်ဝါးတစ်ချက်ဖြင့် ကျုံးရှန်ကို ထပ်မံ ရိုက်ချလိုက်ပြန်သည်။

လက်ဝါးချက်သည် ကျုံးရှန်ထံသို့ ကျဆင်းလာ၏။ မည်သည့် ဒေါသအငွေ့အသက်မျှ မပါဝင်ဘဲ သာမန် သိုင်းကွက်တစ်ခုကဲ့သို့ ရိုးရှင်းနေသော်လည်း ကျုံးရှန် လုံးဝ အထင်မသေးရဲပေ။ သူသည် ကိုရင်လေး၏ အစစ်အမှန် ကိုယ်ပွားကို သိရှိသွားပြီ ဖြစ်သည်။ ကောင်းကင်ယံရှိ စစ်မှန်သောအတ္တ ပုံရိပ်ယောင်သည် လှုပ်ရှားလိုက်ပြီး ဝူလုံနဂါးမဲ့ နတ်ဘုရားလက်သီး ကို ထုတ်ဖော်လိုက်သည်။ တစ်ခဏချင်းအတွင်းမှာပင် ကောင်းကင်မှ ကြယ်တာရာများ ကြွေလွင့်သွားပြီး အစွမ်းထက်သူများ ပျက်သုဉ်းကာ အဆုံးမဲ့ဟင်းလင်းပြင်များ ပျောက်ကွယ်သွားသကဲ့သို့ မြင်ကွင်းများပေါ်လာသည်။

ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောအတ္တအမှုန် လေးခုမှာ နေမင်းကြီးကဲ့သို့ တောက်ပလာပြီး သူသည် ညာလက်သီးကို တင်းတင်းဆုပ်ကာ ကိုရင်လေး၏ လက်ဝါးချက်ဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

တစ်ဖက်တွင် မိစ္ဆာအပေါင်းကို နှိမ်နင်းမည့် ကောင်းကင်နဂါး ဗုဒ္ဓစွမ်းအား။

တစ်ဖက်တွင် အရာအားလုံးကို ဖျက်ဆီးပစ်မည့် အကန့်သတ်မဲ့ ခွန်အား။

လက်သီးနှင့် လက်ဝါး ထိပ်တိုက် ဆုံတွေ့သွား၏။

အချိန်နှင့် ဟင်းလင်းပြင် ရပ်တန့်သွားလေသည်။ ကြီးမားလှသော ထိခိုက်မှုကြောင့် ကမ္ဘာတစ်ခု၏ တာအိုနိယာမများပင် တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ ရပ်တန့်သွားခြင်း ဖြစ်သည်။

ဤရပ်တန့်သွားမှုမှာ နွားမိစ္ဆာငရဲ တစ်ခုတည်း၌သာ မဟုတ်ပေ။ ငရဲကမ္ဘာကြီး တစ်ခုလုံးရှိ အလယ်အလတ်ကမ္ဘာများနှင့် ကမ္ဘာငယ်များစွာအထိပါ သက်ရောက်သွားပြီး ငရဲဘုံတစ်ခုလုံးရှိ အစွမ်းထက်သူ အားလုံးနီးပါး၏ သတိပြုခြင်းခံလိုက်ရသည်။ ထိုသူတို့၏ စိတ်ထဲတွင် အလွန်ပင် ထိတ်လန့်သွားကြကာ ရှေးဟောင်း နတ်ဘုရားနယ်ပယ် တတိယအဆင့် မိစ္ဆာအရှင်သခင်ကြီးများပင်လျှင် အံ့ဩသွားကြ၏။

"ကမ္ဘာကြီးတစ်ခုလုံးကိုတောင် သက်ရောက်မှု ရှိတယ်ဆိုတော့... ဘယ်လို မဟာမိစ္ဆာအရှင်သခင်ကြီးကများ တိုက်ခိုက်လိုက်တာလဲ..."

"ငြိမ်သက်နေတဲ့ ငရဲကမ္ဘာကြီးမှာ အပြောင်းအလဲတွေ ဖြစ်လာတော့မှာလား..."

ထိုအရှင်သခင်ကြီးများသည် အံ့သြနေကြသော်လည်း မည်သူမျှ ပေါ့ပေါ့တန်တန် မလှုပ်ရှားရဲကြပေ။ ယခုအချိန်အထိ အသက်ရှင် ကျန်ရစ်နေသူများ ဖြစ်သည့်အားလျော်စွာ စပ်စုလွန်းပါက ကံတရား အကျိုးအကြောင်း တွင် ပါဝင်ပတ်သက်မိပြီး သေဆုံးနိုင်ကြောင်း နားလည်ထားကြသည်။ သူတို့အဆင့်ရောက်နေသူများမှာ ကောင်းကင်တာအိုမှ ပေးသနားသော ကံကောင်းမှုများကို ဂရုစိုက်ခြင်းမရှိတော့ဘဲ လွတ်မြောက်ခြင်း အခွင့်အရေးကိုသာ စောင့်ဆိုင်းနေကြသူများ ဖြစ်သည်။

နွားမိစ္ဆာငရဲအတွင်း၌ အချိန်နှင့် ဟင်းလင်းပြင်သည် တခဏတာ ရပ်တန့်သွားပြီးနောက် အရာအားလုံး ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လာသည်။ ထို့နောက် မမြင်နိုင်သော ပျက်စီးခြင်း စွမ်းအားလှိုင်းတစ်ခုသည် နွားမိစ္ဆာငရဲကမ္ဘာအနှံ့ပျံ့နှံ့သွား လေသည်။ စွမ်းအားပျံ့နှံ့သွားရာ နေရာတိုင်းရှိ ဟင်းလင်းပြင်မှာ ပျက်စီးသွားရ၏။ ဤအတိုင်းသာဆိုလျှင်မကြာမီပင်နွားမိစ္ဆာငရဲကမ္ဘာတစ်ခုလုံး ပျက်စီးသွားပေတော့မည်ဖြစ်သည်။

ကျုံးရှန်နှင့် ကိုရင်လေးတို့မှာ တစ်ပြိုက်နက်နောက်ဆုတ်လိုက်ကြသည်။ ထိုစဥ်ရွှေနဂါးသည် ကျုံးရှန်တို့ရှိရာ တိုက်ပွဲကွင်းပြင်သို့ပျံသန်းလာပြီး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ပျက်စီးခြင်းစွမ်းအားလှိုင်းများ မပျံ့နှံ့မီ ပတ်ပတ်လည်၌ ဝန်းရံလိုက်ကာ ကျုံးရှန်တို့နှစ်ဦး၏ တိုက်ခိုက်မှု စွမ်းအားအကြွင်းကျန်အားလုံးကို ခံယူလိုက်ခြင်းဖြင့် လုံးဝ ပျောက်ကွယ်သွားလေသည်။

ကိုရင်လေးသည် လက်ဝါးတစ်ချက်ဖြင့် ကျုံးရှန်ကို မသတ်နိုင်ခဲ့သော်လည်း အံ့ဩသွားပုံ မရပေ။ သူသည် အေးဆေးတည်ငြိမ်နေဆဲ ဖြစ်ပြီး မျက်နှာပေါ်မှ ဒေါသများ ပျောက်ကွယ်သွားကာ မျက်လုံးများထဲ၌ ထက်မြက်သော ဉာဏ်အလင်းများ တောက်ပလာသည်။

သူသည် လက်အုပ်ချီလိုက်ပြီး ရုတ်တရက်ပင် ဘွဲ့အမည်ကို ထုတ်ဖော်ပြောဆိုလာ၏။

"ဒီနိမ့်ကျတဲ့ကိုယ်တော် ဖာဟိုင်က... ဒကာကြီးကို တွေ့ဆုံရတာ ဝမ်းသာပါတယ်..."

All Chapters