← Chapters

အခန်း (၁၇၅)

Vol. 18 Ch. 175

အခန်း (၁၇၅)

Vol. 18 Ch. 175

နွားမိစ္ဆာဘုရင်၏ စိတ်နှလုံးသည် ကျုံးရှန်စကားကြောင့် လုံးဝလှုပ်ရှားလာခဲ့သည်။

သူသည် ဖာဟိုင်၏ သွန်သင်ဆုံးမမှုကို ရရှိခဲ့ဖူးသူ ဖြစ်ပြီး ကိုယ်ပိုင် ရည်မှန်းချက်များရှိသူ ဖြစ်သည်။ မိမိ၏ ရည်မှန်းချက်များကို စွန့်လွှတ်ကာ ကျုံးရှန်ထံ အညံ့ခံရန်မှာ အမှန်တကယ်ပင် မလွယ်ကူလှချေ။

သို့သော်လည်း ဤခွေနတ်ဘုရားအမြုတေက သူ့ကို အလွန်ပင် ဆွဲဆောင်နေသည်။ အိပ်မက်ရည်မှန်းချက် မည်မျှပင် ကောင်းမွန်နေပါစေ နတ်ဘုရားအမြုတေ မရှိပါက သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ယခုနေရာ၌ပင် ရပ်တန့်သွားနိုင်ချေ ရှိသည်။

နောင်တစ်ချိန်တွင် ငရဲကမ္ဘာ၌ နယ်မြေများစွာကို စိုးမိုးနိုင်သောအရှင်သခင် ဖြစ်လာလျှင်ပင် မဟာအရှင်သခင်အဆင့်မိစ္ဆာနတ်ဘုရားများ ဝင်ရောက် တိုက်ခိုက်လာပါက သူ ပြန်လည် ခုခံနိုင်မည် မဟုတ်ချေ။

ထို့အပြင် ဖာဟိုင်၏ သဘောထားကိုလည်း နွားမိစ္ဆာဘုရင် သတိပြုမိသည်။ ဖာဟိုင်ကဲ့သို့ ပုဂ္ဂိုလ်မျိုးက အလေးထား ဆက်ဆံရသည်ဆိုလျှင် ထိုလူသည် မဟာကမ္ဘာကြီးတစ်ခု၏ အထွတ်အထိပ် စွမ်းအားရှင်တစ်ဦး သေချာပေါက် ဖြစ်ပေလိမ့်မည်။

ရေစီးကြောင်းအတိုင်း လိုက်ပါမှသာလျှင် အောင်မြင်မှုကို ရရှိနိုင်မည် ဟူသော အချက်ကို သူ နားလည်သဘောပေါက်သွားလေသည်။ သို့နှင့် နွားမိစ္ဆာဘုရင်သည် ခေါင်းညိတ်လိုက်ပြီး ခွေနတ်ဘုရားအမြုတေကို တောင့်တသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ စစ်မှန်သော နတ်ဘုရားတစ်ပါး ဖြစ်လာမည့် မက်လုံးမှာ အမှန်တကယ်ပင် ကြီးမားလွန်းလှ၏။

နောက်ဆုံးတွင် နွားမိစ္ဆာဘုရင်သည် ကျုံးရှန်ကို ဒူးတစ်ဖက်ထောက်၍ အရိုအသေ ပေးလိုက်သည်။

"နွားလေးက အညံ့ခံဖို့ဆန္ဒရှိပါတယ်... သခင့်ကို ဂါရဝပြုပါတယ်..."

"အခုပဲ ကမ္ဘာ့မူလဇစ်မြစ်ကို ဖွင့်ပေးပါ့မယ်... အရှင် လက်ခံယူပါ..."

ကျုံးရှန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ ခွေနတ်ဘုရားအမြုတေကို နွားမိစ္ဆာဘုရင်ထံသို့ သဘောထားကြီးစွာ ပို့ဆောင်ပေးလိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။

"ဟားဟားဟား... ကောင်းပြီ... ဒီနေ့ကစပြီး ငါတို့အားလုံးဟာ မိသားစုဝင်တွေပဲ..."

"ယွမ်အာ၊ မင်ကျွေ့... မင်းတို့ နွားမိစ္ဆာဘုရင်နောက်လိုက်ပြီး ဒီကမ္ဘာရဲ့ မူလဇစ်မြစ်ရှိရာကို သွားပါ..."

"ပြီးရင်နွားမိစ္ဆာငရဲကို... မူလအစနယ်ပယ်ရဲ့ လက်အောက်ခံ ကမ္ဘာငယ်တစ်ခုအဖြစ် စုပ်ယူလိုက်..."

"ငါ ဖာဟိုင်ချန်းရှီနဲ့ ခဏလောက် စကားပြောလိုက်ဦးမယ်..."

နွားမိစ္ဆာဘုရင်သည် ခွေနတ်ဘုရားအမြုတေကို အလျင်အမြန် လက်ခံယူလိုက်ပြီး ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ကျုံးယွမ်နှင့် မင်ကျွေ့တို့မှာလည်း တာဝန်ကို လက်ခံလိုက်ကြပြီး နွားမိစ္ဆာဘုရင်၏ အနားသို့ လျှောက်လှမ်းသွားကြ၏။

"ဖာဟိုင်ဆရာတော်နဲ့ သခင်... စကားပြောကြမယ်ဆိုရင် နွားရိုင်းမိစ္ဆာနန်းတော်ဆီကို ကြွပါဦး..."

"နွားလေး အနေနဲ့ ဝိုင်အနည်းငယ်နဲ့ ဟင်းလျာကောင်းလေးတွေ ပြင်ဆင်ပြီး ဧည့်ခံပါရစေ..."

နွားမိစ္ဆာဘုရင်သည် ဆုလာဘ်များ ရရှိပြီးနောက် ချက်ချင်းပင် လက်အောက်ခံ တစ်ဦးအဖြစ်ပြောင်းလဲသွားကာ စိတ်အားထက်သန်စွာဖြင့် အကြံပြုလိုက်၏။ တစ်ဆက်တည်းမှာပင် သူသည် နွားရိုင်းမိစ္ဆာနန်းတော်၏ ပိုင်ဆိုင်မှုကိုလည်း အလေးအနက် ထည့်ပြောလိုက်သေးသည်။ ကျုံးရှန်က ထိုနန်းတော်ကို သိမ်းပိုက်သွားမည်ကို သူ စိုးရိမ်နေပုံရ၏။

သို့သော် ကျုံးရှန်သည် ထိုနန်းတော်ကို စိတ်မဝင်စားပေ။

သူ့လက်ထဲ၌ ဖန်ဆင်းခြင်းအဆင့်ရှိသော နန်းတော်ရတနာအမြောက်အမြား ရှိနေသည်ပင် မဟုတ်ပါလော။

"ကောင်းပြီလေ... မင်းရဲ့ နန်းတော်မှာပဲ သွားထိုင်ကြတာပေါ့..."

ဖာဟိုင်သည် နွားမိစ္ဆာဘုရင်၏ ဖိတ်ကြားမှုကို ဝမ်းမြောက်စွာ လက်ခံလိုက်၏။ ကျုံးရှန်သည်လည်း ကန့်ကွက်စရာ မရှိပေ။

သို့နှင့် သူတို့နှစ်ဦးသည် နွားမိစ္ဆာဘုရင်၏ လမ်းပြမှုဖြင့် နန်းတော်အတွင်းရှိ တိတ်ဆိတ်လှသော ပန်းခြံငယ်တစ်ခုသို့ ရောက်ရှိလာကာ မည်းနက်နေသော မိစ္ဆာမြက်ခင်းပြင်ပေါ်တွင် ထိုင်လိုက်ကြ၏။ သူတို့၏ ရှေ့တွင် အနီရောင်စန္ဒကူးသစ်သား စားပွဲတစ်ခု ရှိနေပြီး လက်ဖက်ရည်အိုး တစ်အိုးနှင့် လက်ဖက်ရည်ခွက်ငယ် နှစ်ခွက် တင်ထားသည်။

ပန်းခြံငယ်ထဲတွင် ဖာဟိုင်နှင့် ကျုံးရှန် နှစ်ဦးတည်းသာ ရှိတော့သည်။ နွားမိစ္ဆာဘုရင်သည် ကျုံးယွမ်နှင့် မင်ကျွေ့ကို ခေါ်ဆောင်ပြီး နွားမိစ္ဆာငရဲ၏ ကမ္ဘာဦးအမြုတေ ကို လွှဲပြောင်းပေးရန် ထွက်ခွာသွားကြပြီ ဖြစ်သည်။ ကျုံးရှန်သည် သူ၏ ထိပ်တန်း လက်ဖက် ခြောက်အချို့ကို ထုတ်ယူကာ ဖာဟိုင်နှင့်အတူ သောက်သုံးရန် ပြင်ဆင်လိုက်၏။

အဖြူရောင်ဝတ် ဖာဟိုင်ဆရာ‌တော်သည် လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူ ဖြစ်သည်။ သူ၏ ဝတ်ရုံမှာ အနည်းငယ် ဖွင့်ဟထားသဖြင့် သန်မာလှသော ရင်အုပ်ကြွက်သားများနှင့် ကျောဘက်ရှိ နဂါးတက်တူးအချို့ကိုတွေ့ မြင်နိုင်သည်။ သူ၏ ချောမောသော မျက်နှာထက်တွင် အေးချမ်းသော အပြုံးတစ်ခု ရှိနေပြီး လောကီကိစ္စများကို လျစ်လျူရှုထားကာ အေးဆေးတည်ငြိမ်စွာနေတတ်သည့် ဆရာတော်တစ်ပါးနှင့်တူလှသည်။

သို့သော် ဖာဟိုင်ဆရာ‌တော်သည် ရိုးရှင်းသူ မဟုတ်ကြောင်း ကျုံးရှန် တစ်ဦးတည်းသာ သိထားသည်။ ဤပုဂ္ဂိုလ်သည် မြွေစိမ်းရုပ်ရှင်ထဲမှ သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံးဟု တင်စားခံရသော ဖာဟိုင် ဖြစ်သည်။ သူ၏ ပါရမီသည် အလွန် မြင့်မားရုံသာမက နှစ်ပေါင်း ၂၀ ကျော် ကျင့်ကြံရုံဖြင့် နတ်ဘုရားမျက်လုံး ဖွင့်နိုင်ကာ မိစ္ဆာများကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ထို့ပြင် သူ၌ ပြင်းထန်သော တရားမျှတမှု စိတ်ဓာတ်လည်း ရှိပြီး မိစ္ဆာများကို နှိမ်နင်းရာ၌ မည်သည့်အခါမျှ တွန့်ဆုတ်တွေဝေခြင်း မရှိချေ။ သူ၏ လက်အမူအရာ တစ်ချက်ဖြင့်ပင် ကောင်းကင်နဂါး ဗုဒ္ဓစွမ်းအားကို ခေါ်ယူနိုင်ပြီး တာ့ဝေထျန်းလုံ ဟူသော အတုမဲ့ တန်ခိုးစွမ်းရည်ဖြင့် မိစ္ဆာအပေါင်းကို နှိမ်နင်းနိုင်သူ ဖြစ်၏။ ကြည်ညိုဖွယ်ရာ ရဟန်းတစ်ပါး၏ ပုံစံနှင့် ကြမ်းတမ်းလှသော မိစ္ဆာနှိမ်နင်းသူ ဖြစ်သည်။

ဖာဟိုင်ဆရာတော်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် သက်ဆိုင်သော ဤငရဲကမ္ဘာကြီးသို့ မည်သို့ ရောက်ရှိလာသည်ကို မသိရသေးသော်လည်း ကျုံးရှန်သည် တည်ငြိမ်နေဆဲပင် ဖြစ်သည်။ အနည်းဆုံးတော့ သူသည် ဖာဟိုင်၏ နောက်ခံအချို့ကို သိရှိထားပြီး ဖာဟိုင်ကမူ ကျုံးရှန်၏ အကြောင်းကို ဘာမှမသိချေ။

သူတို့နှစ်ဦး၏ စိတ်နေစိတ်ထားသည် သာမန်လူများထက် များစွာ သာလွန်လှ၏။ လက်ဖက်ရည်ကို အေးဆေးစွာ သောက်နေကြပြီး ကူးပြောင်းလာသည့် ကိစ္စကို လုံးဝ စကားမစကြသေးဘဲ အလျင်မလိုကြပေ။

လက်ဖက်ရည်တစ်အိုး ကုန်သွားသောအခါမှသာ ဖာဟိုင်သည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ မှောက်ချလိုက်သည်။

"လက်ဖက်ရည် ကောင်းကောင်းနဲ့ ဧည့်ခံတာ ကျေးဇူးတင်ပါတယ် ဒကာကြီး..."

"အခု အရေးကြီးကိစ္စ ပြောကြမလား..."

ကျုံးရှန်သည်လည်း အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

"ဒီကမ္ဘာမှာ ဆရာတော်နဲ့ဆုံတွေ့ခွင့်ရတာ ရေစက်ပါပဲ..."

"ဒါနဲ့ ကိုယ်တော်ရဲ့မူလခန္ဓာက အခု ဘယ်နေရာမှာ ရှိနေတာပါလဲ..."

"ကိုယ်တော်ရဲ့ မူလခန္ဓာကိုယ်က.. ကမ္ဘာသစ်တစ်ခုမှာလှည့်လည်သွားလာနေတယ်..."

"အဲ့ဒီကမ္ဘာက ဒီနေရာနဲ့ သိပ်မဝေးပါဘူး... ဒါပေမဲ့ အဲ့မှာ ကြောက်စရာကောင်းတဲ့ ဟင်းလင်းပြင် မိစ္ဆာတွေ အများကြီး ရှိနေတယ်..."

"အကယ်၍ မူလခန္ဓာကိုယ်သာ ဝင်မတိုက်ခိုက်ဘူးဆိုရင် အဲ့ဒီမိစ္ဆာတွေဟာ နောက်ထပ် နှစ်တစ်ရာအတွင်းမှာပဲ အနီးအနားက မဟာကမ္ဘာကြီးဆီကို ကျူးကျော်ဝင်ရောက်သွားလိမ့်မယ်..."

"အနီးအနားကမဟာကမ္ဘာဆိုတာကတော့ ဒီငရဲကမ္ဘာကြီးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ တစ်ဖက်ခြမ်းက ကမ္ဘာပဲ..."

ဖာဟိုင်၏ မျက်နှာထား လေးနက်သွားသည်။ သူ၏ မူလခန္ဓာကိုယ်သည် ပြဿနာအချို့နှင့် ကြုံတွေ့နေရပုံ ပေါ်သည်။

ကျုံးရှန်မှာမူ ထိုစကားကို ကြားလိုက်ရသည်နှင့် တုန်လှုပ်ဖွယ် သတင်းတစ်ခုကို ကြားလိုက်ရသကဲ့သို့ဖြစ်သွားပြီး သူ၏ မျက်လုံးများကျဉ်းသွားသည်။

ဤငရဲဘုံ၏ တစ်ဖက်ခြမ်း ဆိုသည်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေပင် မဟုတ်ပါလော။

ဖာဟိုင် ပြောနေသည်မှာ ကမ္ဘာ့သစ်ပင်အပြင်ဘက်မှ ဟင်းလင်းပြင်မိစ္ဆာများဖြစ်နေမလား။

ထိုဟင်းလင်းပြင်နတ်ဘုရားမိစ္ဆာများသည် ရှေးဟောင်းကာလမှစ၍ နှစ်ပေါင်း သန်းချီလျှင်တစ်ကြိမ် ဝမ်ရှန့်နတ်ဘုရားကုန်းမြေသို့ ကျူးကျော် တိုက်ခိုက်လေ့ ရှိကြသည်။ ရှေးဟောင်းကာလ၌ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် အစွမ်းထက်လှသဖြင့် နတ်ဘုရားအပေါင်းက ထိုသူများကို တားဆီးနိုင်ခဲ့သည်။ ရှေးဦးကာလ၌ လူသားမျိုးနွယ် ထွန်းကားလာသောအခါ လူသားမျိုးနွယ်ဧကရာဇ်များသည် ကောင်းကင်ဘုံကို အုပ်ချုပ်ကာ ကောင်းကင်နန်းတော်ရှိ ကောင်းကင်စစ်တပ်ကို ဦးဆောင်ပြီးဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာများ၏ ကျူးကျော်မှုကို ခုခံခဲ့ကြသည်။

သို့သော် ယခု ခေတ်သစ်ကာလတွင် လူသားမျိုးနွယ်သည် သဲတစ်ပွင့်ချင်းစီ ကွဲပြားနေသကဲ့သို့ စည်းလုံးမှု မရှိတော့ပေ။ အသက်ရှင်ကျန်ရစ်သော ရှေးဟောင်း သူတော်စင်များနှင့် နတ်ဘုရားများမှာလည်း ပုန်းကွယ်နေကြသည်။ အခြားသော မျိုးနွယ်ခြားများမှာလည်း အသက်ရှင်ရပ်တည်နိုင်ရန်သာ ကြိုးစားနေကြပြီး သူတို့၏ နတ်ဘုရားများမှာ နယ်မြေလုရန်နှင့် ယုံကြည်ခြင်းစွမ်းအားများကို စုဆောင်းရန်သာ အာရုံစိုက်နေကြသည်။

အကယ်၍ ဤအချိန်တွင် ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာများ ကျူးကျော်လာပါက မည်သို့ ခုခံကြမည်နည်း။

ကမ္ဘာ့သစ်ပင်အပြင်ဘက်မှ ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာများထဲတွင် တတိယအဆင့် စစ်မှန်သော နတ်ဘုရားများသာမက လွတ်မြောက်ခြင်းအဆင့်အစွမ်းထက်သူများပင် ပါဝင်နိုင်ချေ ရှိသည်။ ထိုသို့ မဟုတ်ပါက နတ်ဘုရားအများအပြား သေဆုံးခဲ့ရပြီး မဟာဧကရာဇ်များပင် ကောင်းကင်နန်းတော်၏ အင်အားအကုန်သုံးကာ ခုခံခဲ့ရသည်အထိ ပြင်းထန်မည် မဟုတ်ပေ။

ရှေးဟောင်း မှတ်တမ်းများအရ ထိုဟင်းလင်းပြင်မိစ္ဆာများသည် အလွန် ယုတ်မာဆိုးသွမ်းကြပြီး အရာရာကို ဝါးမြိုပစ်တတ်ကြသည်။ သို့ဖြစ်ရာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ အရာအားလုံးမှာ သူတို့အတွက် အာဟာရဖြည့်ပေးမည့် အစာသဘောသာရှိသည်။ ဟင်းလင်းပြင် အပိုင်းအစများမှသည် လူသားလောကရှိ မြေကြီး၊ ကျောက်ခဲ၊ သစ်ပင်များအထိ အကုန်လုံးသည် သူတို့အတွက်တော့အစာဖြစ်၏။

ဟင်းလင်းပြင်မိစ္ဆာများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည့်အရာများသည် လောကမှလုံးဝ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထို့အပြင်ထိုမိစ္ဆာများ၏ လုပ်ဆောင်ချက်များကို ဗေဒင်ပညာဖြင့် ကြိုတင်ဟောကိန်းထုတ်၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအိုအောက်တွင် မရှိသောကြောင့် ဖြစ်သည်။ သူတို့သည် အပြင်လောကမှ ကျူးကျော်သူများသာ ဖြစ်၏။

အကယ်၍ သူတို့ကိုသာ ကျူးကျော်ခွင့် ပေးလိုက်မည်ဆိုပါက မကြာမီမှာပင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ မူလဇစ်မြစ် ခမ်းခြောက်သွားပေလိမ့်မည်။ မဟာကမ္ဘာကြီးပျက်သုဉ်းသွားသည်နှင့် ထိုမဟာကမ္ဘာကြီးနှင့် ဆက်စပ်နေသော အလယ်အလတ်ကမ္ဘာများ၊ ကမ္ဘာငယ်များနှင့် သူတော်စင် ကမ္ဘာများအားလုံးလည်း ပျက်စီးသွားမည်ဖြစ်သည်။ မည်သည့် သက်ရှိမျှ ရှိတော့မည် မဟုတ်ဘဲ သက်ရှိအားလုံးဆိတ်သုဉ်သွားရပေမည်။

လွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိသူများမှလွဲ၍ တတိယအဆင့် စစ်မှန်သော နတ်ဘုရားများပင်လျှင် ထိုဘေးဒုက္ခမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ လက်ရှိ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ပြိုကွဲနေသော အင်အားစုများအနေဖြင့် ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာများ၏ ကျူးကျော်မှုကို ခုခံရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ဤသည်မှာ မဟာကမ္ဘာကြီးတစ်ခုလုံး၏ မဟာကပ်ဘေးပင် ဖြစ်သည်။

မကြာသေးမီက ကောင်းကင်တာအို၏ ပြောင်းလဲမှုများသည်လည်း မိမိကိုယ်ကို ကာကွယ်ရန် ကြိုးပမ်းမှု တစ်ခု ဖြစ်နိုင်၏။ ရှေးဟောင်း အမွေအနှစ်များကို ပေါ်ထွက်စေကာ အစွမ်းထက်သူများ ပိုမို များပြားလာစေရန် အတင်းအကျပ် ဖိအားပေးနေခြင်းပင်ဖြစ်သည်။

ကျုံးရှန်တစ်ယောက် ထိုအကြောင်းတွေးလေ သူ၏ မျက်နှာမှာ ပို၍ တည်ကြည်လေးနက်လာလေဖြစ်သည်။ ကောင်းကင်နန်းတော် ပြန်လည် ပေါ်ပေါက်လာပါက ရှေးဟောင်း ဟင်းလင်းပြင် စစ်တလင်း သို့ သွားရောက်ပြီး ကမ္ဘာ့သစ်ပင်အပြင်ဘက်မှ ဟင်းလင်းပြင်မိစ္ဆာများ၏ သဲလွန်စကို ရှာဖွေရန်ဆုံးဖြတ်လိုက်သည်။ သေမည့်နေ့ကိုထိုင်စောင့်နေ၍ မဖြစ်ပေ။

ကျုံးရှန်သည် အတွေးထဲတွင် နစ်မြုပ်နေသဖြင့် ဖာဟိုင်ကို ပြန်ပြောရန်ပင် မေ့လျော့သွားသည်။ ဖာဟိုင်သည်လည်း မလောဘဲ ကျုံးရှန်၏ မျက်နှာထားကို အကဲခတ်ရင်း စဉ်းစားနေသည်။ ဤသို့ဖြင့် နှစ်ဦးစလုံးသည် ကိုယ်ပိုင်အတွေးကိုယ်စီ ရှိနေကြသည်။

All Chapters