← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 24 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 24 Ch. 325-326

‎အခန်း ( ၃၂၅ ) - ကောင်းကင်ကပ်ဘေးကို တားဆီးခြင်း၊ အကန့်အသတ်သို့ ရောက်ရှိခြင်းနှင့် ကောင်းကင်၏ ရန်သူဖြစ်လာခြင်း

‎

‎

‎

‎၎င်းသည် အလွန်တရာ ရုတ်တရက်ဆန်၍ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်သည်။

‎

‎

‎အထက်ကောင်းကင်ယံတွင် လျှပ်စီးကပ်ဘေး တိမ်တိုက်များမှာ မိုင်သန်းချီ ဖုံးလွှမ်းနေကာ ကောင်းကင်ဘုံ၏ အလိုဆန္ဒအလား အရာအားလုံးကို ဝါးမြိုတော့မည့်အတိုင်း ရှိနေ၏။

‎

‎

‎ထိုအချိန်တွင် အထက်ကောင်းကင် တားမြစ်နယ်မြေအတွင်းမှ လက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာကာ ထိုထိတ်လန့်ဖွယ် လျှပ်စီးတိမ်တိုက်ကြီးကို လှမ်း၍ ဖမ်းဆုပ်လိုက်လေတော့သည်။

‎

‎

‎ထိုလက်သည် လေထဲတွင်ပင် ကြီးထွားလာသည်ဖြစ်ရာ တားမြစ်နယ်မြေမှ ထွက်လာသည်နှင့် တိမ်တိုက်တစ်ခုလုံးကို လက်ဝါးဖြင့် အုပ်မိုးနိုင်သည်အထိ အတိုင်းအဆမရှိ ကြီးမားသွားလေ၏။

‎

‎

‎ဤမြင်ကွင်းကြောင့် နယ်မြေငါးခုမှ ပညာရှင်များအားလုံး အံ့အားသင့်သွားကြ၏။ ဤသည်မှာ ကောင်းကင်ဘုံအရှင်သခင်၏ လှုပ်ရှားမှုဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

‎

‎

‎သို့သော် လျှပ်စီးကပ်ဘေးကို ဝင်ရောက်နှောင့်ယှက်ခြင်းမှာ ဘေးဒုက္ခအား ကိုယ်တိုင် ဖိတ်ခေါ်ခြင်းသာ ဖြစ်သည်ဟု သူတို့ ယူဆကြ၏။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်က အဆုံးမဲ့ကောင်းကင်ရဲ့ အစွမ်းကို ရင်ဆိုင်တော့မလို့လား "

‎

‎

‎" သူ ရူးနေပြီ... ဘယ်လောက်ပဲ သန်မာပါစေ... ကောင်းကင်ကို ဘယ်လိုယှဉ်နိုင်မှာလဲ "

‎

‎

‎" မှန်တယ်... ကောင်းကင်ကပ်ဘေးဆိုတာ တာအိုရဲ့ အလိုဆန္ဒပဲ... ဒါကို တားဆီးဖို့ ကြိုးစားတယ်ဆိုမှတော့ ကောင်းကင်တာအိုရဲ့ အပြစ်ပေးတာကို ခံရဖို့ပဲ ရှိတယ် "

‎

‎

‎လူအများမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။

‎

‎

‎သမိုင်းတစ်လျှောက်တွင် ကပ်ဘေးကို ရင်ဆိုင်ကျော်ဖြတ်သူသာ ရှိခဲ့ပြီး ကောင်းကင်ကပ်ဘေးကို ဝင်ရောက်တားဆီးရဲသူ တစ်ဦးမျှ မရှိခဲ့ဖူးချေ။ ကပ်ဘေးကို ပိတ်ဆို့ခြင်းသည် ကောင်းကင်တာအိုကို မထေမဲ့မြင်ပြုခြင်းနှင့် ကောင်းကင်၏ ရန်သူဖြစ်လာခြင်းပင် ဖြစ်ပေသည်။

‎

‎

‎နယ်မြေငါးခုရှိ သက်ရှိများအားလုံးမှာ ကုချန်ကို ရူးသွပ်သွားပြီဟု ထင်မြင်နေကြသလို ဧကရာဇ်မျိုးနွယ်စုများမှာလည်း ဝမ်းသာအားရ ဖြစ်နေကြ၏။

‎

‎

‎" ကောင်းကင်က တစ်စုံတစ်ယောက်ကို ဖျက်ဆီးချင်ရင် အရင်ဆုံး ရူးသွပ်အောင် လုပ်တတ်တယ်... ဒီလူက ကောင်းကင်ကို ယှဉ်ပြိုင်ချင်နေတာဆိုတော့ သေချင်ဇောနဲ့ လမ်းဆုံးနေပြီပဲ "

‎

‎

‎သူသည် မည်မျှပင် သန်မာပါစေ သူ၏အစွမ်းအစများမှာ ကောင်းကင်တာအိုထံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ အစွမ်းပေးသနားထားသူကို ပြန်လည်ဆန့်ကျင်ခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ မဟုတ်ပါလော။

‎

‎

‎အတိုင်းအဆမရှိသော လျှပ်စီးကပ်ဘေးအောက်တွင် ရှိနေသည့် ကုဝူရှန့်ပင်လျှင် ကုချန်၏ လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားကာ အလျင်အမြန်ပင် တားမြစ်လိုက်၏။

‎

‎

‎" ဘိုးဘေးကြီး... ကျွန်တော် တောင့်ခံနိုင်ပါသေးတယ်... မကူညီပါနဲ့ဦး "

‎

‎

‎သူသည် မိမိကြောင့် ဘိုးဘေးကြီး ဘေးတွေ့မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ သို့သော် ကုချန်သည် အေးစက်စွာပင် တုံ့ပြန်လိုက်၏။

‎

‎

‎" မင်း ဆက်တောင့်ခံနေရင် ပြာဖြစ်သွားလိမ့်မယ် "

‎

‎

‎ကုဝူရှန့်သည် သူ၏ အကန့်အသတ်သို့ ရောက်နေပြီဖြစ်ကြောင်း ကုချန် မြင်နေရသည်။ အကယ်၍ ဤကပ်ဘေးသည် ပုံမှန် ဧကရာဇ်ဖြစ်တည်ခြင်းကပ်ဘေးသာ ဆိုပါက ကုချန် ဝင်ပါမည်မဟုတ်သော်လည်း ယခုကပ်ဘေးမှာမူ ကောင်းကင်မှ ကုဝူရှန့်အား တမင်ဖျက်ဆီးလိုသည့်အလား ပြင်းထန်လွန်းနေ၏။

‎

‎

‎" စိတ်မပူနဲ့... ငါ ဒီလျှပ်စီးတိမ်တိုက်ကို ရှင်းလိုက်တာနဲ့ မင်း ချက်ချင်း အဆင့်တက်သွားလိမ့်မယ် "

‎

‎

‎ကုချန်မှ အေးဆေးစွာ ပြောဆိုလိုက်သည်။

‎

‎

‎ကုဝူရှန့် ယခုရင်ဆိုင်နေရသော လျှပ်စီးကပ်ဘေး၏ ပြင်းအားမှာ သာမန်ထက် များစွာ ကျော်လွန်နေပြီဖြစ်သည်။ လျှပ်စီးကပ်ဘေး မပြီးဆုံးသေး၍သာ သူ ဧကရာဇ်အဆင့်သို့ မရောက်သေးခြင်း ဖြစ်သည်။

‎

‎

‎ကုချန်မှ ဤကပ်ဘေးကို ရှင်းလင်းလိုက်သည်နှင့် ကုဝူရှန့်သည် အရှင်သခင်အဆင့်သို့ ချက်ချင်း တက်လှမ်းသွားမည်ဖြစ်သည်။

‎

‎

‎" ကျွန်တော်..... "

‎

‎

‎ကုဝူရှန့်၏ စကားမှာ မဆုံးလိုက်ချေ။

‎

‎

‎ထိုအချိန်တွင် ကုချန်၏လက်ဝါးကြီးသည် ကောင်းကင်ကို အုပ်မိုးကာ ကျဆင်းလာသော ဘီလီယံနှင့်ချီသည့် လျှပ်စီးတိုင်များကို ပိတ်ဆို့လိုက်၏။ လျှပ်စီးပေါင်းများစွာ ကျရောက်လာသော်လည်း ကုချန်၏လက်ဝါးပြင်ပေါ်တွင် အစွန်းအထင်းလေးတစ်ခုမျှပင် မကျန်ရစ်စေနိုင်ချေ။

‎

‎

‎တစ်ခဏချင်းအတွင်းမှာပင် ကုဝူရှန့်အပေါ် ကျရောက်နေသည့် ဖိအားများမှာ လုံးဝ ပျောက်ကွယ်သွား၏။ သူသည် အသက်ကို ဝဝရှူလိုက်ရသည်ကြောင့် ဘိုးဘေးကြီးကို ကျေးဇူးတင်စွာ ကြည့်နေမိတော့သည်။

‎

‎

‎သို့သော် ထိုကျေးဇူးတင်မှုသည် စိုးရိမ်စိတ်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြန်သည်။

‎

‎

‎ဘိုးဘေးကြီး၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ကောင်းကင်ကပ်ဘေးသည် ပိုမို ဒေါသထွက်လာကာ လျှပ်စီးပြင်းအားမှာလည်း အဆပေါင်း ရာနှင့်ချီ၍ တိုးပွားလာတော့၏။

‎

‎

‎ဝုန်း...! ဝုန်း...! ဝုန်း...!

‎

‎

‎ကုဝူရှန့်မှာ မျက်လုံးအပြူးသား ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိတ်လန့်ဖွယ် လျှပ်စီးကြောင်းကြီးများ ကောင်းကင်ထက်မှ ဒလဟော ကျဆင်းလာသောကြောင့်ပင်။ ထိုအရှိန်အဟုန်ဖြင့် ကျဆင်းလာသော လျှပ်စီးတစ်ခုချင်းစီသည် ထူးဆန်းသော ဟွမ်သွမ့်အရောင်ကို ဆောင်ထား၏။

‎

‎

‎ထိုလျှပ်စီးတစ်ခုချင်းစီတွင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုနှင့် ညီမျှမှုရှိသော လျှပ်စီးပေါင်း တစ်သောင်းတိတိ တစ်ပြိုင်နက် ကျရောက်လာခြင်း ဖြစ်သည်။

‎

‎

‎ဧကရာဇ်အဆင့် ပညာရှင်တစ်သောင်း တစ်ပြိုင်နက် တိုက်ခိုက်ခြင်းနှင့် နှိုင်းယှဉ်နိုင်သော ဟွမ်သွမ့်လျှပ်စီး တစ်သောင်း.....

‎

‎

‎ကုဝူရှန့်၏ မျက်နှာမှာ လုံးဝ ပျက်ယွင်းသွားတော့သည်။

‎

‎

‎ဘိုးဘေးကြီး၏ ရုတ်တရက် ဝင်ရောက်စွက်ဖက်မှုက ကောင်းကင်ကပ်ဘေးကို ဒေါသထွက်စေပြီး ပိုမိုပြင်းထန်သော အပြစ်ပေးမှုကို ကျရောက်စေခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။ ဤသည်မှာ ကောင်းကင်ကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်ပင်။

‎

‎

‎ဟွမ်သွမ့်လျှပ်စီး တစ်သောင်းအနက် တစ်ခုတည်းကိုပင် ကုဝူရှန့် ပိတ်ဆို့ရန် ခက်ခဲနေချိန်တွင် ဘိုးဘေးကြီး ရင်ဆိုင်နေရသည်မှာ လျှပ်စီးပေါင်း တစ်သောင်းတိတိ ဖြစ်နေလေသည်။

‎

‎

‎ဤသို့ဖြစ်မည်မှန်း သိခဲ့ပါက သူသည် ဤကပ်ဘေးကို ခံယူမိမည် မဟုတ်ပေ။ ယခုမှာတော့ ထိုအခြင်းအရာအတွက် သူ နောင်တကြီးစွာ ရမိနေတော့သည်။

‎

‎အခန်း ( ၃၂၆ ) - ကောင်းကင်ကပ်ဘေးဆီမှ အမြတ်ထုတ်ခြင်း၊ အံ့အားသင့်ခြင်းနှင့် ငါသည်သာ ကောင်းကင်အလိုဆန္ဒ

‎

‎

‎

‎သို့သော် ယခုအချိန်တွင် ကုဝူရှန့် မည်သို့တွေးနေသည်မှာ အရေးမကြီးတော့ပေ။

‎

‎

‎ကောင်းကင်ကပ်ဘေး ကျဆင်းမှုကို ဝင်ရောက်နှောင့်ယှက်လိုက်သည်နှင့် တစ်ပြိုင်နက် ပစ်မှတ်အဖြစ် သတ်မှတ်ခံလိုက်ရပြီ ဖြစ်သည်။ နှောင့်ယှက်သူကို အပြီးတိုင် ချေမှုန်းနိုင်ခြင်း မရှိမချင်း ကပ်ဘေးသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်ချေ။

‎

‎

‎ဝုန်း...! ဝုန်း...! ဝုန်း...!

‎

‎

‎ဟွမ်သွမ့်လျှပ်စီးကြောင်းပေါင်း သောင်းချီ ကျဆင်းလာသည်ကို ကြည့်ရင်း တားမြစ်နယ်မြေအတွင်းရှိ ကုချန်၏ မျက်လုံးများထဲတွင် အထင်သေးမှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

‎

‎

‎အရှင်သခင်အဆင့် တိုက်ခိုက်မှုနှင့် ညီမျှသော ဤလျှပ်စီးကြောင်းများသည် သူ့ကို တစ်စုံတစ်ရာ ထိခိုက်အောင် လုပ်နိုင်မည်ဟု ကောင်းကင်က ထင်မှတ်နေသလော။

‎

‎

‎အလွန် အသိဉာဏ် နည်းပါးလိုက်လေခြင်း။

‎

‎

‎ပုရွက်ဆိတ်ဟူသည် ပုရွက်ဆိတ်သာ ဖြစ်သည်။ ပုရွက်ဆိတ်ကောင်ရေ သောင်းချီ စုစည်းလိုက်လျှင်လည်း ပုရွက်ဆိတ်သာ ဖြစ်နေဦးမည်သာ။

‎

‎

‎" ငါ လက်မပါတာ ကြာလို့ အဆုံးမဲ့ကောင်းကင်ကြီးက ငါ့ရှေ့မှာ ထားရှိရမယ့် ရိုသေမှုကို မေ့လျော့နေပါရောလား "

‎

‎

‎ကုချန်သည် လက်တစ်ဖက်ကို နောက်ပစ်လျက် ကျန်လက်ဝါးတစ်ဖက်တည်းကို ဆန့်ထုတ်ကာ အေးဆေးစွာ ပြောလိုက်သည်။

‎

‎

‎အစောပိုင်းက ကောင်းကင်ကို ရွယ်ထားရုံသာ ရှိသော ထိုလက်ဝါးသည် ရုတ်တရက် ဆုပ်လိုက်သည်နှင့် ဟွမ်သွမ့်လျှပ်စီးကြောင်းပေါင်း တစ်သောင်းလုံး ၎င်း၏ လက်ဆုပ်အတွင်းသို့ ရောက်ရှိသွားတော့သည်။

‎

‎

‎ကုချန် လက်ကို ဆုပ်လိုက်ချိန်တွင် ထူးဆန်းသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။

‎

‎

‎အတိုင်းအဆမရှိသော အစွမ်းများ သယ်ဆောင်လာသည့် လျှပ်စီးကြောင်း တစ်သောင်းသည် ချီအငွေ့အသက်ပင် မကျန်ရစ်တော့ဘဲ လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ကုချန် လက်ဝါးကို ပြန်ဖြန့်လိုက်ချိန်တွင် မည်သည့် လျှပ်စီးစအစအနကိုမျှ မတွေ့ရတော့ချေ။

‎

‎

‎သူ၏လက်ဝါးပြင်ပေါ်တွင် အစွန်းအထင်းလေး တစ်ခုမျှပင် မကျန်ရစ်ခဲ့ပေ။ စောစောက ကျဆင်းလာခဲ့သော လျှပ်စီးကြောင်းများသည် အိမ်မက်ယောင်တစ်ခုအလား ထင်မှတ်ရသည်။

‎

‎

‎ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ။

‎

‎

‎ဤမြင်ကွင်းကို မြင်လိုက်ရသော နယ်မြေငါးခုမှ သက်ရှိများအားလုံး ကြက်သေသေကာ ထိတ်လန့်သွားကြသည်။ သာမန် ဧကရာဇ်အဆင့်များကိုပင် ချက်ချင်း ဖျက်ဆီးပစ်နိုင်သော လျှပ်စီးကပ်ဘေး တစ်သောင်းသည် ကုချန်၏ လက်ဝါးထဲတွင် အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရသနည်း။

‎

‎

‎" နွေရာသီပိုးကောင်က ရေခဲအကြောင်း ဘယ်နားလည်နိုင်မှာလဲ "

‎

‎

‎တားမြစ်နယ်မြေအတွင်းမှ ကောင်းကင်နတ်သမီး ရှောင်းယွဲ့က နယ်မြေငါးခုရှိ သက်ရှိများ၏ အတွေးကို ရိပ်မိနေသကဲ့သို့ ခေါင်းခါကာ အထင်သေးစွာ ပြောလိုက်သည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်တာအိုသည် မည်မျှပင် သန်မာပါစေ ၎င်းသည် အောက်ဘုံတစ်ခု၏ ကောင်းကင်တာအိုသာ ဖြစ်သည်။ ကုချန်၏ အစွမ်းမှာမူ ဤကမ္ဘာ၏ အကန့်အသတ်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

‎

‎

‎အင်မော်တယ်အရှင်တစ်ပါးကိုပင် လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်သော ဖြစ်တည်မှုမျိုးသည် အဆုံးမဲ့ကမ္ဘာငယ်လေး၏ ကောင်းကင်တာအိုကို ဂရုစိုက်စရာ မလိုပေ။ ကောင်းကင်တာအိုမှ သူ့ကို ယှဉ်နိုင်မည်ဟု ထင်နေခြင်းမှာ မိုက်မဲသော အိမ်မက်တစ်ခုသာ ဖြစ်သည်။

‎

‎

‎အုန်း.....

‎

‎

‎လျှပ်စီးကြောင်းတစ်သောင်း အရာမထင် ဖြစ်သွားပြီးနောက် ကောင်းကင်ထက်မှ ကပ်ဘေးတိမ်တိုက်သည် ရလဒ်ကို အံ့အားသင့်သွားသကဲ့သို့ ခေတ္တမျှ ငြိမ်သက်သွားသည်။

‎

‎

‎သို့သော် မိမိ၏ကျရှုံးမှုကို လက်မခံနိုင်သည့်အလား ပိုမိုပြင်းထန်သော ကပ်ဘေးကို ဖန်တီးရန် တိမ်တိုက်ကြီး ဖောင်းပွလာချိန်တွင်.....

‎

‎

‎ကုချန်၏လက်ဝါးသည် တိတ်တဆိတ် ရောက်ရှိလာပြီး အဆုံးမဲ့ လျှပ်စီးတိမ်တိုက်ကြီးကို ဖမ်းဆုပ်ကာ ဘောလုံးတစ်လုံးကဲ့သို့ လုံးချေပြီးနောက် တားမြစ်နယ်မြေအတွင်းရှိ 'တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်' အတွင်းသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်တော့သည်။

‎

‎

‎တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်သည် လျှပ်စီးကပ်ဘေးများကို အာဟာရအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။ ယခု ကုချန် ပစ်ထည့်လိုက်သော ကပ်ဘေးတိမ်တိုက်သည် ရေကန်အတွင်းရှိ မသေမျိုးဆေးပင်များနှင့် နတ်လိပ်မဲကြီးအတွက် အကောင်းဆုံး အားဖြည့်စာ ဖြစ်လာတော့သည်။

‎

‎

‎ကောင်းကင်ယံရှိ ဖိနှိပ်ထားသော အမည်းရောင် တိမ်တိုက်ကြီး ပျောက်ကွယ်သွားပြီး ကြည်လင်သော ကောင်းကင်ပြာကြီး ပြန်လည် ပေါ်ပေါက်လာသည်။ ကောင်းကင်ကပ်ဘေး ဆိုသည်မှာ လုံးဝ မရှိခဲ့ဖူးသည့် အတိုင်းပင်။

‎

‎

‎ဤကမ္ဘာ၏ ကောင်းကင်တာအို ကိုယ်တိုင်ပင် ကြောင်အသွားပုံရသည်။ ငါ ဖန်တီးလိုက်တဲ့ ကပ်ဘေးကြီး ဘယ်ရောက်သွားပါလိမ့် ဟူ၍ တွေးနေဟန်တူသည်။

‎

‎

‎သို့သော် ခဏအကြာတွင် ကောင်းကင်တာအိုသည် သတိပြန်ဝင်လာပြီး စည်းမျဉ်းများအတိုင်း လျှပ်စီးတိမ်တိုက်အသစ်များကို ချက်ချင်း ပြန်လည် ဖန်တီးလေသည်။ ပထမအသုတ်ကို ကုချန် သိမ်းယူသွားလျှင် နောက်တစ်သုတ် ထပ်လွှတ်မည်သာ။

‎

‎

‎ကုချန်ကမူ တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေသည်။ ရေကန်ထဲတွင် နေရာလွတ် ကျန်သေးသည်ဖြစ်ရာ ဤသည်မှာ အဆုံးမဲ့ကောင်းကင်ကြီးဆီမှ 'သိုးမွေးညှပ်' ၍ အမြတ်ထုတ်ရန် အခွင့်ကောင်းပင် ဖြစ်သည်။

‎

‎

‎ဝုန်း...! ဂျိမ်း...!

‎

‎

‎မကြာမီတွင် နောက်ထပ် အားကောင်းသော ကပ်ဘေးတိမ်တိုက်တစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် လျှပ်စီး မကျဆင်းမီမှာပင် ကုချန်၏ လက်ဝါး ရောက်ရှိလာကာ တိမ်တိုက်ကို လုံးချေပြီး ရေကန်ထဲသို့ ပစ်ထည့်လိုက်ပြန်သည်။

‎

‎

‎တစ်ခဏမျှ ကြည်လင်သွားသော ကောင်းကင်သည် မကျေမနပ်ဖြစ်နေသော ကောင်းကင်တာအိုကြောင့် ပြန်လည် မည်းမှောင်လာသော်လည်း ရလဒ်မှာ အတူတူပင်။ တိမ်တိုက် ဖြစ်ပေါ်လာတိုင်း ကုချန်၏ 'ခူးဆွတ်' ခြင်းကို ခံလိုက်ရသည်။

‎

‎

‎ဤအချိန်တွင် နယ်မြေငါးခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ကုချန် ခံရတော့မည်ဟု ထင်ကာ ပျော်ရွှင်နေခဲ့သူများ၏ မျက်နှာတွင် အပြုံးများ ခဲသွားကြသည်။

‎

‎

‎သူတို့ ကြားဖူးနားဝရှိသော ကြောက်မက်ဖွယ် ကောင်းကင်ကပ်ဘေးသည် ကုချန်၏ လက်ထဲတွင် အရုပ်တစ်ခုကဲ့သို့ ဖြစ်နေသည်ကို မည်သို့ ရှင်းပြရမည်နည်း။

‎

‎

‎" ကောင်းကင်ကပ်ဘေးဆီကနေ အမြတ်ထုတ်နေတာလား... သမိုင်းတစ်လျှောက် တစ်ခါမှ မကြားဖူးဘူး "

‎

‎

‎ကြည့်ရှုနေသူများ ရူးသွပ်လုမတတ် ဖြစ်ကုန်ကြသည်။ ကောင်းကင်တာအို ဖန်တီးသော ကပ်ဘေးသည် ကုချန်၏ ရှေ့မှောက်တွင် ကလေးကစားစရာကဲ့သို့ ဖြစ်နေသည်။

‎

‎

‎လျှပ်စီးတိမ်တိုက်များ အကြိမ်ကြိမ် ဖြစ်ပေါ်လာလိုက်၊ ကုချန်က သိမ်းယူလိုက်နှင့် နောက်ဆုံးတွင် ကမ္ဘာမြေ၏ စွမ်းအင်များ ကုန်ခမ်းသွားသည့်အလား တိမ်တိုက်ဖြစ်ပေါ်မှု နှေးကွေးလာပြီး သေးကွေးလာတော့သည်။ ယခုအခါ ၎င်း၏ ပြင်းအားသည် သာမန် သူတော်စင်အဆင့် ကပ်ဘေးလောက်ပင် မရှိတော့ချေ။

‎

‎

‎တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်သည်လည်း ပြည့်သွားပြီ ဖြစ်သည်။

‎

‎

‎" ပြည့်ပြီပဲ "

‎

‎

‎ကုချန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခေါင်းမာစွာဖြင့် ဆက်လက် ဖြစ်ပေါ်နေသေးသော ကောင်းကင်ထက်မှ တိမ်တိုက်ပါးပါးလေးကို ကြည့်ကာ လက်ဝှေ့ယမ်းပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

‎

‎

‎" ထွက်သွားတော့ "

‎

‎

‎ပြောလိုက်သည်နှင့် တပြိုင်နက် အရှင်သခင်အဆင့်ထက် သာလွန်သော ဖိအားတစ်ခုသည် အဆုံးမဲ့ကမ္ဘာ၏ တာအိုအပေါင်းကို လွှမ်းမိုးချုပ်ကိုင်လိုက်သည်။ ကောင်းကင်တာအိုကို ဖိနှိပ်ထားလိုက်ပြီဖြစ်ရာ အရာအားလုံးသည် ကုချန်၏ ဆန္ဒအတိုင်း ဖြစ်လာသည်။ သူ၏ စိတ်ဆန္ဒသည် ကောင်းကင်၏ အလိုဆန္ဒပင် ဖြစ်တော့သည်။

‎

‎

‎ထို့ကြောင့် လျှပ်စီးတိမ်တိုက်များ ဆက်လက် ဖြစ်ပေါ်မလာတော့ပေ။ ကောင်းကင်အထက်မှ သနားစရာကောင်းလောက်အောင် ပါးလွှာနေသော တိမ်တိုက်လေးသည်လည်း လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်အလား ချက်ချင်း လူစုခွဲ ပျောက်ကွယ်သွားလေသည်။

‎

‎

‎နောက်ဆုံးတွင်တော့ ဤကောင်းကင်ကပ်ဘေး ဟာသပြဇာတ်ကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

All Chapters