အခန်း (၁၈၀)
Vol. 18 Ch. 180
ကျုံးရှန် တံခါးပိတ် ကျင့်ကြံနေသည့် အချိန်တွင် ဖြစ်သည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် အလွန်အမင်း ဝေးကွာလှသော ဟင်းလင်းပြင်၏ တစ်နေရာ။
ထိုနေရာသည် ကမ္ဘာတည်ဆောက်ပုံ၏ အစွန်အဖျား နယ်ခြားဒေသ ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ထိုနေရာတွင် မည်သည့်အရာကမျှ ဖောက်ထွင်း၍ မရနိုင်သော ကမ္ဘာ့အတားအဆီးများ ရှိနေရမည် ဖြစ်သော်လည်း ဤနေရာ၌မူ ပရမ်းပတာ စွမ်းအင်များသာ ဖုံးလွှမ်းနေသည်။
ထိုသည်က ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော ထူးခြားသည့် နယ်မြေတစ်ခုကဲ့သို့ပင် ဖြစ်သည်။
ဤပရမ်းပတာ စွမ်းအင်များသည် ကမ္ဘာဦး အစောပိုင်းကာလက ဖြစ်ပေါ်ခဲ့သည့် စွမ်းအင်များ ဖြစ်၏။ မီးခိုးရောင်မှိုင်းပျပျ ဖြစ်နေသော ထိုစွမ်းအင်များကို မည်သည့် နတ်ဘုရားအာရုံကမျှ ဖောက်ထွင်း၍ မကြည့်ရှုနိုင်ဘဲ သံသရာမှ လွတ်မြောက်ပြီးသော အထွတ်အထိပ် နတ်ဘုရားများပင်လျှင် အတွင်းပိုင်းကို မြင်နိုင်မည် မဟုတ်ချေ။
ဤပရမ်းပတာ နယ်မြေသည် ငြိမ်သက်နေခြင်း မရှိဘဲ ရံဖန်ရံခါတွင် ကွေ့ရွှီခရမ်းရောင်လျှပ်စီးတန်းများ လက်ခနဲ ပေါ်လာလေ့ရှိသည်။
လမ်းမှား၍ ရောက်ရှိလာသော ကမ္ဘာ့အကြွင်းအကျန် အပိုင်းအစများနှင့် နိယာမ စွမ်းအားများကို ထိုလျှပ်စီးများက အမှုန်အမွှား ဖြစ်အောင် ချေမှုန်းပစ်ကာ ပရမ်းပတာ စွမ်းအင်များအဖြစ် ပြန်လည် ပြောင်းလဲပစ်တတ်၏။
ဤကွေ့ရွှီခရမ်းရောင်လျှပ်စီးကို တတိယအဆင့် စစ်မှန်သော နတ်ဘုရားများပင်လျှင် ထိတွေ့ရန် မဝံ့ရဲကြချေ။ အနည်းငယ်မျှ ထိတွေ့မိသည်နှင့် သူတို့၏ တန်ခိုးစွမ်းအား အားလုံးဖြတ်တောက်ခြင်း ခံရမည်ဖြစ်ပြီး ပရမ်းပတာ စွမ်းအင်၏ အစိတ်အပိုင်းတစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲသွားပေလိမ့်မည်။
ပရမ်းပတာ နယ်မြေ၏ အဆုံးတွင်ဆန်းကြယ်သော နေရာတစ်ခုရှိနေ၏။
ထိုနေရာတွင် အရာအားလုံးမှာ ဖြူဖွေးနေပြီးအချိန်ဟူသော အယူအဆ မရှိသကဲ့သို့ အရပ်မျက်နှာကိုလည်း ခွဲခြား၍ မရနိုင်ပေ။
ကမ္ဘာများအကြားတွင် တည်ရှိနေသော အဖြူရောင်ပျက်သုဉ်းခြင်းနယ်မြေ (ပိုင်ရွှီ) ပင်ဖြစ်သည်။
အကယ်၍ သံသရာမှ လွတ်မြောက်သော စစ်မှန်သော နတ်ဘုရားတစ်ပါးသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ နယ်နိမိတ် အတားအဆီးကို ဖောက်ထွင်းထွက်ခွာသွားပါက ဤပိုင်ရွှီနယ်မြေသို့ ရောက်ရှိလာပေမည်။
ပိုင်ရွှီနယ်မြေသည် နတ်ဘုရားအာရုံ နှင့် အာရုံခံနိုင်သည့်အာရုံမှန်သမျှကို တားမြစ်ထားပြီး အရပ်မျက်နှာ ခွဲခြား၍ မရသဖြင့် ထိုနေရာသို့ ဝင်ရောက်လာသူတိုင်းသည် ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားပေမည်။ ထို့နောက်လမ်းပျောက်ကာ ပြန်လမ်း ရှာမတွေ့နိုင်တော့ခြင်းဖြင့် ပိုင်ရွှီနယ်မြေထဲတွင် အမေ့လျော့ခံရမည်ဖြစ်သည်။
နတ်ဘုရားများပင် ကြောက်ရွံ့၍ ဝေးဝေးက ရှောင်ကြသော ဤပိုင်ရွှီနယ်မြေအတွင်း၌ တိုက်ကြီးတစ်ခု ရှိနေလေသည်။ ထိုတိုက်ကြီးသည် ပိုင်ရွှီနယ်မြေအတွင်း၌ အထီးကျန် ကျွန်းတစ်ကျွန်းကဲ့သို့ဖြစ်နေ၏။
တိုက်ကြီး၏ အကျယ်အဝန်းမှာ မိုင်ပေါင်း သန်းချီခန့်သာ ရှိပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ စီရင်စုတစ်ခုစာ အကျယ်အဝန်းနှင့် ညီမျှသည်။
ဤတိုက်သည် သေးငယ်သော်လည်း အရာအားလုံး ပြည့်စုံနေ၏။ ကောင်းကင်ထက်၌ နေမင်းနှင့် လမင်းတို့ပင် မြင့်မားစွာ တည်ရှိနေကြသည်။ ယင်းတို့သည် တိုက်ကြီးကို ဗဟိုပြု၍ အချိန်မှန် လည်ပတ်နေကြသဖြင့် နေ့နှင့်ည အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။
တိုက်ကြီးတစ်ခုလုံးမှာ သက်ရှိများဖြင့် စည်ကားနေပြီး ကျယ်ပြန့်လှသော မြေရိုင်းများကို ထွန်ယက်ထားကာ သေမျိုး လောကတွင် မြင်တွေ့ရလေ့ရှိသော ကောက်ပဲသီးနှံ အမျိုးမျိုးကို စိုက်ပျိုးထားကြသည်။
ခြံစည်းရိုးများစွာဖြင့် ခတ်ထားသော ကြီးမားလှသည့် လယ်တောကြီးတစ်ခုတွင်။
ထိုလယ်တော၏ လယ်ကွင်းတစ်ခုအတွင်း၌ ဝမ်ချွမ်းလှေ တစ်စင်း ပျက်ကျထားသည်။ ပျက်ကျလာသော လမ်းတစ်လျှောက်ရှိ လယ်ကွင်းများနှင့် တဲအိမ်အများအပြားမှာ ဖျက်စီးခံလိုက်ရ၏။
အဘိုးအိုတစ်ဦးသည် ဆေးတံကို ခဲထားရင်း သူ၏ လက်ထဲမှ တောင်ဝှေးကို လွှဲယမ်း၍ အော်ဟစ်နေသည်။
"ဟေး... ဟိုနွားတွေ... မြန်မြန် ထွန်ကြစမ်း..."
"လေးကန်နေလိုက်ကြတာ... အိမ်ပြန်ချင်ကြသေးရဲ့လား..."
နိယာမနယ်ပယ် အဆင့် ၂၅ အထက်ရှိသော နွားမိစ္ဆာဘုရင် အချို့သည် သူတို့၏ မူလမိစ္ဆာခန္ဓာကိုယ်များကို ဖော်ထုတ်ထားကြပြီး ထွန်တုံးများကို အားကုန်ရုန်းကာ ဆွဲနေကြသည်။ သူတို့သည် အလွန်ပင် ပင်ပန်းဆင်းရဲစွာ ထွန်ယက်နေကြရခြင်း ဖြစ်၏။
မူလက ဤမိစ္ဆာဘုရင်များအတွက် လယ်ထွန်ခြင်းမှာ အလွန်ပင် လွယ်ကူလှသော အရာ ဖြစ်သည်။ သို့သော် ပိုင်ရွှီနယ်မြေအတွင်း တည်ရှိနေသော ဤတိုက်ကြီးမှာ အလွန်ပင် ထူးဆန်းလှ၏။ ဤနေရာသို့ ရောက်ရှိလာသူတိုင်းသည် ကျင့်စဉ်အဆင့် မည်မျှပင် မြင့်မားစေကာမူ သာမန်လူသားများကဲ့သို့ ဖြစ်သွားကြရသည်။
ခန္ဓာကိုယ်၏ အစွမ်းများပင်ဖိနှိပ်ခြင်း ခံရသဖြင့် သူတို့သည် သာမန် နွားများကဲ့သို့သာ အလုပ်လုပ်နိုင်ကြတော့သည်။
ထိုအချိန်တွင် နွားမိစ္ဆာများသည် အဘိုးအို၏ တိုက်တွန်းမှုကို ကြားသောအခါ ဘာမှမပြောရဲဘဲ ခြေလေးချောင်းကို အားပြု၍ အလုပ်မြန်မြန် ပြီးအောင် ကြိုးစားလယ်ထွန်လိုက်ကြသည်။
ထိုနွားများသာမက ကျုံးရှန်နှင့်အတူ ပါလာခဲ့သော အင်မော်တယ်တစ်သန်းတောင်တန်းမှ မိစ္ဆာသားရဲ စစ်သည်တော်များ အားလုံးသည် ဤနေရာတွင် ပြန့်ကျဲကာ အလုပ်ကိုယ်စီလုပ်နေကြ၏။
ထိုအထဲတွင် ချင်းထျန်းတောင်ထိပ်မှ သူတော်စင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော ကြက်ဖကြီး၊ ဝက်မည်းလေး၊ ကျွမ်းလီနှင့် ရွေ့ဝူတီတို့လည်း ပါဝင်သည်။ မိစ္ဆာသူတော်စင်များသည် လူသားပုံစံ ပြောင်းလဲထားကြသော်လည်း ယခင်ကကဲ့သို့ ခန့်ညားထည်ဝါမှုများ မရှိတော့ချေ။
သူတို့သည် ဖျင်ကြမ်းထည်များကို ဝတ်ဆင်ထားကြပြီး လက်ထဲတွင် ပေါက်တူးများကို ကိုင်ဆောင်ကာ ပင်ပန်းသော လယ်ယာလုပ်ငန်းများကို လုပ်ကိုင်နေကြသည်။
သနားစရာရွေ့ဝူတီမှာ အပင်ပန်းဆုံး ဖြစ်၏။ သူသည် တောရိုင်းဆင် အချို့နှင့်အတူ သစ်လုံးကြီးများကို သယ်ယူနေရခြင်း ဖြစ်သည်။
ထိုသစ်လုံးကြီးများသည် အလွန်ပင် ကြီးမားလှ၏။ အစွမ်းများ ဆုံးရှုံးနေသော ရွေ့ဝူတီအတွက် ယင်းမှာ အလွန်ပင် လေးလံလှရာ တစ်ခဏမျှ သယ်ယူပြီးနောက်တွင် သူ၏ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်သွားတော့သည်။
ရုတ်တရက် စိတ်ပေါက်လာသည့် ရွှေဝူတီတစ်ယောက် တံတွေးထွေးကာ မြေကြီးပေါ် ဖင်ချထိုင်လိုက်သည်။
"တောက်..."
"ငါမလုပ်နိုင်တော့ဘူးကွာ..."
"ငါက ဓားပြည်နယ်ရဲ့ ပြိုင်ဘက်ကင်း ဓားသူတော်စင်ပါ... အခုတော့ ဒီလို အလုပ်ကြမ်းတွေ လုပ်နေရတယ်လို့..."
"ဆရာသာ သိသွားရင် ငါ့ကို သွားဖြဲပြီး ရယ်နေတော့မှာပဲ..."
"ငါ့မိန်းမ ပိုင်ကျန့်ဝမ် လည်း ပိုင်မိသားစုမှာ ငါ့ကို လက်ထပ်ဖို့ စောင့်နေရှာမှာ..."
ဝမ်ချွမ်းလှေသည် ပရမ်းပတာ နယ်မြေကို ဖြတ်ကျော်၍ ဤနေရာသို့ ပျက်ကျလာခဲ့သည်မှာ ၄ နှစ်ပင် ကြာခဲ့ပြီ ဖြစ်သည်။
ဤနေရာတွင် ထူးဆန်းသော အဘိုးအိုတစ်ဦး ရှိနေပြီး သူသည် အံ့ဩစရာ ကောင်းလောက်အောင် အစွမ်းထက်လှ၏။ သူသည်လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် တောင်တစ်လုံးကဲ့သို့ ကြီးမားသော ကျောက်တုံးကြီးကို မနိုင်စွမ်းရှိသည်။
ထိုအဘိုးအိုသည် သူ၏ အစွမ်းဖြင့် ဝမ်ချွမ်းလှေကို သိမ်းဆည်းထားပြီး သူတို့ကို အလုပ်အတင်း ခိုင်းစေနေခြင်း ဖြစ်၏။
ဤ ၄ နှစ်အတွင်း သူတို့သည် နေ့ရောညပါ အလုပ်လုပ်နေကြရသည်။ ဝမ်ချွမ်းလှေ ပျက်ကျစဉ်က ဖျက်ဆီးမိခဲ့သော လယ်ယာအိမ်များကို ပြန်လည် ပြုပြင်ပေးနေရခြင်း ဖြစ်၏။ အားလုံး ပြန်လည် ကောင်းမွန်သွားမှသာ ထွက်ခွာခွင့် ရမည် ဖြစ်သည်။
အကယ်၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှာသာ ဆိုလျှင် သူတို့သည် လက်တစ်ချက် လှုပ်ရုံဖြင့် အရာအားလုံးကို ပြန်လည် ပြုပြင်နိုင်မည် ဖြစ်သော်လည်း ဤနေရာ၌ အစွမ်းများ ဆုံးရှုံးနေသဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးအလုပ်မှာ အလွန်ပင် ကြီးမားလှသော စီမံကိန်းကြီး ဖြစ်နေပေသည်။
ဝမ်ချွမ်းလှေ ပျက်ကျစဉ်က မိုင်ပေါင်း သောင်းချီသော လယ်ကွင်းများကို ဖျက်ဆီးခဲ့သည် ဖြစ်ရာ ၇ နှစ်၊ ၈ နှစ်ခန့် အချိန်မယူဘဲနှင့် ပြုပြင်၍ ပြီးနိုင်မည် မဟုတ်ချေ။
ထိုစဉ် ဆေးတံကို ခဲထားသော အဘိုးအိုမှာ တောင်ဝှေးကို ထောက်ကာ ရွေ့ဝူတီ၏ နောက်သို့ ဖြည်းညှင်းစွာ လျှောက်လာ၏။
"မင်း အပျင်းခိုနေပြန်ပြီလား... အရိုက်ခံချင်နေတာပဲ..."
"ဖြောင်း"
တောင်ဝှေးဖြင့် ရွေ့ဝူတိ၏ တင်ပါးကို တစ်ချက် ရိုက်ချလိုက်သည်။ ခုခံနိုင်စွမ်း မရှိသော အင်အားကြီးတစ်ခုကြောင့် သနားစရာရွေ့ဝူတီမှာ တိုက်ရိုက် လွင့်ထွက်သွားတော့၏။
သူသည် မီတာ ရာနှင့်ချီ၍ လွင့်သွားပြီး အသစ်စက်စက် ထွန်ယက်ထားသော ပျော့ပျောင်းသည့် မြေသားပေါ်သို့ ပြုတ်ကျသွားသည်။ မြေကြီးနှင့် မျက်နှာကို မိတ်ဆက်လိုက်သဖြင့် ပါးစပ်ထဲတွင်လည်း မြေကြီးများ အပြည့်ဖြစ်သွားတော့၏။
"ထွီ... ထွီ... ထွီ..."
သူသည် သနားစရာကောင်းသော ပုံစံဖြင့် ထရပ်လိုက်ရာ မျက်နှာတစ်ခုလုံးမှာ ရွှံ့များ ဖြင့်ပေကျံနေသည်။ မြေကြီးများကို ပြန်ထွေးထုတ်လိုက်ပြီးနောက် သူသည် မြေပြင်ပေါ်တွင် ကြောင်တောင်တောင်နှင့် ပြန်ထိုင်လိုက်သည်။
ထိုအချိန်တွင် အဘိုးအို၏ အသံကျယ်ကြီး ထွက်ပေါ်လာ၏။
"ကောင်းကောင်း အလုပ်လုပ်ကြစမ်း... နောက်ထပ် ၃ နှစ်ဆိုရင် မင်းတို့ ပြန်လို့ရတော့မှာပါ"
"အကယ်၍ အပျင်းခိုနေမယ်ဆိုရင်တော့ ငါ မင်းတို့ကို နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်နေခိုင်းဖို့ ဝန်မလေးဘူးနော်..."
ပြောပြီးသည်နှင့် သူသည် ဖြည်းညှင်းစွာ ထွက်ခွာသွားပြီး မြစ်ကြီးတစ်စင်း၏ ဘေးသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် ငါးထည့်သည့် ပလိုင်းနှင့် ဝါးဖြင့် ပြုလုပ်ထားသော ငါးမျှားတံတစ်ချောင်း ရှိနေသည်။
ဤမြစ်ကြီးမှာ ရေစီး အလွန်သန်သော်လည်း ကြည်လင်လှသဖြင့် မြစ်အောက်ခြေရှိ ကျောက်တုံးများနှင့် ရေမှော်များကိုပင် ရှင်းလင်းစွာ မြင်နေရသည်။ သို့သော် မြစ်ထဲတွင် ငါးဟူ၍ တစ်ကောင်မျှ မရှိချေ။
အဘိုးအိုသည် ငါးမျှားတံကို ကောက်ကိုင်လိုက်ပြီး မြစ်ဘေးရှိ ကျောက်တုံးကြီးပေါ်တွင် ပျင်းရိစွာ ထိုင်လိုက်၏။ သူသည် ငါးစာပင် မတပ်ဘဲ ငါးမျှားချိတ်ကို ရေထဲသို့ ပစ်ချလိုက်သည်။ ထို့နောက် ဘာမှ ဂရုမစိုက်တော့ဘဲ လှဲလျောင်း၍ နေပူစာ လှုံနေတော့သည်။
ငါးမရှိသော မြစ်ထဲတွင် ဗလာချိတ်ဖြင့် ငါးမျှားနေခြင်း ဖြစ်သည်။ ဤလယ်သမား အဘိုးအိုသည် မည်သည်ကိုတွေးတောနေသည်ကို ဘယ်သူမျှ မသိနိုင်ချေ။
အမှန်စင်စစ်တွင် အင်မော်တယ်တစ်သန်းတောင်တန်းမှ မိစ္ဆာသားရဲများနှင့် မိစ္ဆာသူတော်စင်များ မရောက်လာမီက ဤကုန်းမြေတိုက်ကြီးပေါ်တွင် ထိုလျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုတစ်ဦးတည်းသာ ရှိခဲ့သည်။ စိုက်ပျိုးထားသော သီးနှံများနှင့် သစ်ပင်များမှလွဲ၍ အခြား မည်သည့် သက်ရှိမျှ မရှိချေ။
ဤနေရာသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ လူတိုင်း ရှာဖွေနေကြသော ဒဏ္ဍာရီလာ ဝမ်ချွမ်းနယ်မြေ ပင် ဖြစ်၏။
သို့သော် ဤဒဏ္ဍာရီလာ နေရာသို့ ရောက်ရှိလာချိန်တွင် စွမ်းအားများ ပျောက်ဆုံးပြီး သာမန်လူများ ဖြစ်သွားကြမည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
သောင်းနှင့်ချီသော မိစ္ဆာစစ်တပ်ကြီးသည် ဤလျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုကို မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။ အဘိုးအိုသည် ခွန်အားကြီးသော နွားမိစ္ဆာများ နှင့် တောရိုင်းဆင်ကြီးများကိုပင် လက်တစ်ဖက်တည်းဖြင့် လွှင့်ပစ်နိုင်စွမ်း ရှိပေသည်။
ကံကောင်းသည်မှာ အဘိုးအိုသည် လူဆိုးတစ်ဦး မဟုတ်ပေ။ သူတို့ကို ဖမ်းဆီးထားခြင်းမှာ ပျက်စီးသွားသော လယ်ကွင်းများနှင့် တဲအိမ်များကို ပြန်လည် ပြုပြင်ပေးရန်အတွက်သာ ဖြစ်သည်။
Thank For Reading.