← Chapters

အခန်း (၁၂၉)

Vol. 13 Ch. 129

အခန်း (၁၂၉)

Vol. 13 Ch. 129

နေ့လယ်၌ စစ်သည် အစောင့်တစ်ဦးက ဖန့်မိန်အိမ်သို့ ရောက်လာပြီး ဒုတပ်မမှူးစုန့်ကို ရှာနေကြောင်း ပြောခဲ့သည်။

ကျန်းနျန်မှာ ခေတ္တ ကြောင်သွားပြီးမှ သတိဝင်လာသည်။ တပ်ရင်းမှူးစုန့်မှာ ဒုတပ်မမှူးအဖြစ် ရာထူးတိုးသွားပြီ ဖြစ်သည်။ ဖန့်မိန် မေးသည်ကို သူမ ကြားလိုက်ရသည်။ "ဘာဖြစ်လို့လဲ။ လောင်စုန့်ကို အစည်းအဝေး ထပ်ခေါ်တာလား။ သူ တောင်ပေါ်သွားတယ်၊ သူပြန်လာရင် ပြောလိုက်မယ်။"

စစ်သားက ပြောလိုက်သည်။ "တုန်းကော ခရိုင်က ခေါင်းဆောင်တွေ ရောက်လာလို့ပါ။ တပ်မမှူးက ဖုန်းဆက်ပြီး ဒုတပ်မမှူး လာဖို့ ပြောခိုင်းတာ၊ တပ်မမှူးက တခြားကိစ္စရှိလို့ မအားလို့ပါ။"

ဖန့်မိန်မှာ အခက်တွေ့သွားခဲ့သည်။ "ဘယ်တော့လဲ။"

စစ်သားက ပြန်ဖြေလိုက်သည်။ "ဒီည ရထားနဲ့ပါ။ အခုချက်ချင်း သွားရင် မနက်စောစော ရောက်နိုင်တယ်။"

ဒါက ဖန့်မိန်ကို အကျပ်ရိုက်စေသည်။ သူမက ခေါင်းကုတ်လိုက်ရင်း ပြောလိုက်သည်။ "နေဦး၊ ဒီနေ့ နေ့လယ် ကျွန်မကြည့်လိုက်ဦးမယ်။ လောင်စုန့် ပြန်မလာသေးရင် ရှင့်ကို အကြောင်းကြားလိုက်မယ်။"

စစ်သားထွက်သွားပြီးနောက် ကျန်းနျန်မှာ ကြောင်တောင်တောင် ဖြစ်နေမိသည်။

ကျန်းရှောင်က ကျန်းနျန်ကို တို့လိုက်သည်။ "အစ်မကျန်း၊ ဘာဖြစ်လို့လဲ။"

ကျန်းနျန် ခေါင်းခါပြလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။" ထိုသို့ ပြောပြီးနောက် သူမ ဖန့်မိန်ကို လှည့်မေးလိုက်သည်။ "အစ်မဖန့်၊ လုယွီတို့ ဒီနေ့ နေ့လယ် ပြန်လာမှာလား။"

ဖန့်မိန်လည်း မသေချာပေ။ "သူတို့ မိုးမလင်းခင်ကတည်းက ထွက်သွားတာ။ သူတို့ လမ်းလျှောက်တာ မြန်တော့ နေ့လယ်လောက်တော့ ပြန်ရောက်နိုင်ပါတယ်။"

ကျန်းနျန်က မီးဖိုကို ငုံ့ကြည့်လိုက်သည်။ ၁၉၇၃ ခုနှစ် အစောပိုင်းမှာ တပ်ရင်းမှူးစုန့် မတော်တဆမှု ဖြစ်ခဲ့သည်ကို သူမ မှတ်မိနေသည်။ အခုတော့ လုယွီက ယုန်ပစ်သွားဖို့ အကြံပေးပြီး တပ်ရင်းမှူးစုန့်ကို ခေါ်သွားပေးသည့်အတွက် သူမ တကယ် ကျေးဇူးတင်နေမိသည်။ မဟုတ်ရင် တပ်မတော် အစောင့်တွေ လာတဲ့အချိန် တပ်ရင်းမှူးစုန့် ရှိနေရင် သူလိုက်သွားမိမှာဖြစ်ပြီး ဒါဆိုရင် သူ အရင်ဘဝက လမ်းဟောင်းအတိုင်း ပြန်ရောက်သွားမှာ ဖြစ်သည်။

ကျန်းနျန်က တပ်ရင်းမှူးစုန့်ကို ဒီည တတ်နိုင်သမျှ နောက်ကျမှ ပြန်လာစေချင်သည်၊ ဒီည ရထား မမီစေရန်သာ ဆုတောင်းနေမိသည်။

တကယ်လို့ တပ်ရင်းမှူးစုန့် နေ့လယ်ဘက် ပြန်ရောက်လာရင်တောင် သူမ တစ်ခုခုလုပ်ပြီး သူ့ကို နှောင့်နှေးအောင် လုပ်ရမည်။

ကျန်းနျန်မှာ ဖန့်မိန်လုပ်ပေးသော ပြောင်းဖူးပန်ကိတ်ကို ကောင်းကောင်း မစားနိုင်ပေ။ ကျန်းရှောင်က သူမ စိတ်မကြည်သည်ကို သတိပြုမိပြီး စိုးရိမ်တကြီးဖြင့် နဖူးကို စမ်းကြည့်ကာ ပြောလိုက်သည်။ "အစ်မကျန်း၊ ဖျားနေတာလား။"

ကျန်းနျန်က ပြုံးပြလိုက်သည်။ "မဟုတ်ပါဘူး၊ နည်းနည်း အေးနေလို့ပါ။"

ကျန်းနျန် အေးသည်ဟု ပြောသည်ကို ကြားတော့ ဖန့်မိန်က မီးဖိုထဲ ထင်းများ ထပ်ထည့်ပေးသည်။

သူတို့ နေ့လယ်အထိ စောင့်သော်လည်း လုယွီတို့ ပြန်မလာသေးပေ။ ထို့ကြောင့် ဖန့်မိန်က စိတ်မကောင်းစွာဖြင့် အပြင်ထွက်ကာ စစ်သားကို အကြောင်းကြားပြီး တပ်မမှူးကိုသာ ပြန်ခေါ်ခိုင်းလိုက်သည်။ ဖန့်မိန် ပြန်ရောက်တော့ မိုးချုပ်နေပြီ ဖြစ်သည်။ သူမ ဝင်လာသည်နှင့် စုန့်ရှန်းတုန်က မေးလိုက်သည်။ "မေမေ၊ ဖေဖေတို့ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ။ ဝံပုလွေတွေနဲ့ တွေ့နေလို့လား။"

ဒီအချိန်၌ တောင်ပေါ်မှာ ဝံပုလွေတွေ ထွက်တတ်ပြီး ဒီတောင်တွေက တော်တော်ကြီးမားကျယ်ပြန့်ကာ ဝံပုလွေတင်မက ကျားတွေပါ ရှိတတ်သည်။

ဖန့်မိန်လည်း အနည်းငယ် စိုးရိမ်နေမိသည်။ "ဘာတွေ လျှောက်ပြောနေတာလဲ။ နင့်အဖေတို့က တောင်အနက်ကြီးထဲ သွားတာ မဟုတ်ပါဘူး။ တောင်ပတ်ပတ်လည်မှာပဲ လျှောက်သွားတာပါ။ တောင်ပေါ်မှာ နှင်းတွေ အရမ်းထူလို့ ဖြည်းဖြည်း လျှောက်နေကြတာ ဖြစ်မှာပေါ့။"

ကျန်းနျန်၏ ရင်ထဲမှာတော့ ထိတ်လန့်နေတုန်းပင်။ သူမက ဖန့်မိန်ကို မေးလိုက်သည်။ "အစ်မဖန့်၊ ဒါဆို တပ်ရင်းမှူးစုန့်က တုန်းကော ခရိုင်ကို မသွားရတော့ဘူးလား။"

ဖန့်မိန် ခေါင်းညိတ်ပြလိုက်သည်။ "မသွားနိုင်တော့ဘူး။ ဒီညအတွက် ဒီတစ်စီးပဲ ရှိတာ။ အခုပြန်လာရင်တောင် မနက်ဖြန်သွားတာက အလကားပဲ။"

ကျန်းနျန်၏ တင်းကျပ်နေသော ရင်ဘတ်မှာ နောက်ဆုံးတော့ သက်သာသွားတော့သည်။

"ငါ ညစာ သွားပြင်ပေးမယ်။"

ဖန့်မိန်က မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။ စုန့်ရှန်းတုန်နှင့် စုန့်ရှန်းဟုန်တို့က ကျန်းရှောင်၊ ကျန်းနျန်တို့နှင့်အတူ နေကြသည်။ သူတို့ ညစာစားပြီး စကားပြောကြပြီးနောက် မအောင့်နိုင်တော့ဘဲ အခန်းထဲဝင် အိပ်ကြသည်။ သန်းခေါင်ယံအချိန် ရောက်မှသာ အပြင်ဘက်တွင် လှုပ်ရှားသံများ ကြားလိုက်ရသည်။ ဖန့်မိန်က ထပြီး အဝတ်အစားဝတ်ကာ အပြင်သို့ ပြေးထွက်သွားခဲ့သည်။ ကျန်းနျန်လည်း အသံကြားသဖြင့် ခန်ပေါ်တွင် ငြိမ်ငြိမ်လေး လှဲနေရင်း အပြင်က စကားသံများကို နားထောင်နေမိသည်။

"ဘာလို့ အခုမှ ပြန်လာကြတာလဲ။"

ဖန့်မိန်က သူတို့အတွက် ရေနွေးထည့်ပေးလိုက်သည်။

တပ်ရင်းမှူးစုန့်က မီးဖိုဘေးတွင် ထိုင်ရင်း ခေါင်းပေါ်က နှင်းတွေကို သုတ်နေသည်။ "ဒီတစ်ခါ တော်တော် ဝေးဝေးရောက်သွားတယ်၊ ဘာမှလည်း ရှာမတွေ့ဘူး။ ယုန်နည်းနည်းပဲ ရခဲ့တယ်။ တောင်ပေါ်မှာ နှင်းတွေ တအားထူတာ။ လုယွီရဲ့ ဒဏ်ရာက နာလာလို့ နှစ်နာရီလောက် နားပြီးမှ ပြန်လာကြတာ။"

လုယွီ ဒဏ်ရာနာနေသည်ဟု ကြားတော့ ဖန့်မိန်က စိုးရိမ်တကြီး မေးလိုက်သည်။ "ဘယ်လိုနေသေးလဲ။"

လုယွီက ခန်ပေါ်တွင် ထိုင်ရင်း တင်ပါးဆုံကို ကိုင်ကာ ပြုံးလိုက်သည်။ "သက်သာပါတယ်။"

ဖန့်မိန်က သက်ပြင်းချလိုက်မိသည်။ "ရှင်တို့ကတော့ မယုံနိုင်စရာပဲ။ ဒဏ်ရာရထားတာကို တောင်ပေါ်မှာ လျှောက်ပြေးပြီး ဒုက္ခရှာနေတာ။" ထိုသို့ ပြောပြီး နေ့လယ်က ကိစ္စတွေကို တပ်ရင်းမှူးစုန့်အား ပြောပြလိုက်သည်။ တပ်ရင်းမှူးစုန့်က မျက်နှာကို ပွတ်ကာ ပြောလိုက်သည်။ "နောက်ကျသွားပြီပဲ။ မနက်ဖြန်မှ တပ်မမှူးဆီ ဖုန်းဆက်လိုက်တော့မယ်။"

"မရီး၊ ကျွန်တော်တို့ ဗိုက်ဆာပြီ။"

စုန့်ပိုင်က ခုံတန်းရှည်ပေါ်တွင် ခြေတံရှည်ကြီးတွေကို ချိတ်ထိုင်ရင်း ပြောလိုက်သည်။ သူ့အဝတ်အစားတွေမှာ နှင်းတွေ ပေနေသည်။ ဖန့်မိန် ပြောလိုက်သည်။ "နေဦး၊ ငါ သွားချက်ပေးမယ်။"

တပ်ရင်းမှူးစုန့်က လုယွီကို ကြည့်ကာ မေးလိုက်သည်။ "မင်းဒဏ်ရာက တကယ် အဆင်ပြေရဲ့လား။ ဆေးခန်း သွားမလား။"

လုယွီ ပြန်ဖြေလိုက်သည်။ "မလိုပါဘူး။"

ကျန်းနျန်က အပေါ်အင်္ကျီဝတ်ပြီး အတွင်းခန်းမှ ထွက်လာခဲ့သည်။ ခန်ပေါ်တွင် ထိုင်နေသော လုယွီ၏ အရပ်ရှည်ရှည် ခြေတံရှည်ရှည် ကိုယ်ဟန်ကို မြင်လိုက်ရသည်။ သူက ခြေထောက်တစ်ဖက်ကို ဆန့်ထားပြီး ကျန်တစ်ဖက်ကို ကွေးထားကာ တင်ပါးဆုံ နေရာကို လက်ဖြင့် အုပ်ထားသည်၊ ပခုံးပေါ်တွင်လည်း နှင်းများရှိနေသည်။ ကျန်းနျန် ထွက်လာတော့ လုယွီက လက်ကို ဖယ်ပြီး ခြေထောက်ပေါ် တင်လိုက်သည်။ "မရီးကို နှိုးလိုက်မိသလို ဖြစ်သွားလား။"

"ကျွန်မ အိပ်မပျော်သေးပါဘူး။"

ကျန်းနျန် လုယွီကို ကြည့်လိုက်သည်။"ဘာလို့ ဆေးခန်း တစ်ချက်လောက် မသွားကြည့်တာလဲ။"

သူမသည် လုယွီ၏ ဒဏ်ရာမှ ရောဂါတစ်ခုခု အမြစ်တွယ်သွားမှာ စိုးရိမ်နေခြင်းဖြစ်သည်။

လုယွီ ပြုံးပြလိုက်သည်။ " ကျွန်တော် တစ်ကယ် အဆင်ပြေပါတယ်။"

"ကျွန်တော် သူ့အတွက် ဆေးသွားယူပေးမယ်။"

စုန့်ပိုင်က ထရပ်ပြီး ပခုံးပေါ်က နှင်းတွေကို ခါလိုက်သည်။ "မရီး၊ စိတ်မပူပါနဲ့။ ကျွန်တော် လုယွီအတွက် လိမ်းဆေး သွားယူပေးပါ့မယ်။"

လုယွီက ဘာမှမပြောပေ။ ကျန်းနျန်က ပြုံးလိုက်သည်။"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်။"

စုန့်ပိုင်လည်း ပြုံးလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။"

သူသည် ထိုသို့ပြောကာ ထွက်သွားခဲ့သည်။

တပ်ရင်းမှူးစုန့်မှာ ဘေးကင်းသွားပြီဖြစ်၍ ကျန်းနျန်၏ ရင်ထဲမှ အပူများလည်း ငြိမ်းသွားတော့သည်။ သူမ မီးဖိုချောင်ထဲသွားကာ ဖန့်မိန်ကို ကူညီပေးခဲ့သည်။ သူတို့ ညစာစားပြီးနောက် ကျန်းနျန် အခန်းထဲပြန် အိပ်လိုက်သည်။ ဒီတစ်ခါတော့ သူမ တကယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသော်လည်း သူမဘေးမှာ အိပ်နေသော ဖန့်မိန်အတွက်တော့ ခက်ခဲလှသည်။ တစ်ညလုံး ကျန်းနျန်က သူမကို ဖိထားလိုက်၊ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်နှင့် ဖြစ်နေသည်။ တစ်ခါတရံ ကျန်းနျန်၏ အေးစက်သော လက်မောင်းက သူမကို မတော်တဆ လာရိုက်မိတတ်သည်။

ဖန့်မိန်သည် မိုးမလင်းခင် နိုးလာပြီး အဝတ်အစားဝတ်ကာ ကျန်းနျန်၏ နဖူးကို တို့လိုက်သည်။ "ညည်းကတော့လေ၊ ငါ့ရှန်းဟုန်လောက်တောင် အိပ်တာ မငြိမ်ဘူး။"

ကျန်းနျန်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသဖြင့် ဘာမှပြန်မပြောခဲ့ပေ။

ဖန့်မိန် အပြင်ခန်းကို ထွက်လာတော့ အားလုံး နိုးနေကြပြီ။ သူတို့က မိုးမလင်းခင် ထသည့်အကျင့် ရှိကြသည်။ တပ်ရင်းမှူးစုန့်က ဖန့်မိန် မျက်ကွင်းညိုနေသည်ကို မြင်တော့ နောက်လိုက်သည်။ "ညက ဂျပန်တွေနဲ့ တိုက်ပွဲဖြစ်နေတာလား။ ဘာလို့ မျက်ကွင်းတွေ ဒီလောက်ညိုနေတာလဲ။"

ဖန့်မိန် - …

သူမက မျက်နှာသစ်ရန် ရေထည့်ရင်း ပြောပြလိုက်သည်။ "ကျန်းနျန်က တစ်ညလုံး ကျွန်မကို တင်းတင်းကြပ်ကြပ် ဖိထားတာ၊ အသက်တောင် ရှူလို့မရဘူး။ သူ တစ်ဖက်လှည့်သွားတော့လည်း လက်နဲ့ လာရိုက်လို့ ကျွန်မမှာ လန့်သေတော့မလို့။"

တပ်ရင်းမှူးစုန့် - …

လုယွီ၏ မရီးက အိပ်ပျော်နေရင် သူ့သားအငယ်ဆုံးထက်တောင် ပိုဆိုးလိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးပေ။

လုယွီကတော့ မျက်လွှာချကာ ပြုံးနေသည်။

ရထားပေါ်တွင် နှစ်ညကြာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် စုန့်ပိုင်နှင့် ကျူးကျွင်းတို့လည်း အတွေ့အကြုံ အချို့ ရရှိခဲ့ကြသည်။

ဖန့်မိန်က ရေတွေကို သွန်ပစ်ရင်း ပြောခဲ့သည်။ "နောက်ကြလို့ ကျန်းနျန် နောက်အိမ်ထောင်ပြုရင် သူ အိပ်တဲ့အခါ မငြိမ်တတ်တဲ့အကြောင်း တခြားလူကို သေချာပြောပြရမယ်၊ မဟုတ်ရင် ညဘက် လူတွေ လန့်သေကုန်ဦးမယ်။"

ကျန်းနျန်နှင့် ကျန်းရှောင်တို့ ခဏအကြာတွင် နိုးလာကြသည်။ ဖန့်မိန်က မနက်စာ ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ အားလုံး စားသောက်ပြီးနောက် လုယွီနှင့် အခြားသူများက မနေ့ညက ရလာသော ယုန်တွေကို ခြံထဲတွင် သန့်ရှင်းရေး လုပ်နေကြသည်။ ကျန်းနျန် နေ့လယ်စာအတွက် ယုန်သားဟင်း လုပ်ရန် စီစဉ်ထားသည်။

လုယွီတို့ကတော့ အအေးဒဏ်ကို ဂရုမစိုက်ပေ။ သူတို့သည် ယုန်တွေကို ရေအေးဖြင့် တိုက်ရိုက်ဆေးကြောကာ သန့်စင်ပြီးနောက် ဇလုံထဲထည့်ကာ ယူလာကြသည်။ ကျန်းနျန်က မီးဖိုချောင်တံခါးမှာ ရပ်နေသည်။ လုယွီ သူမအနား တိုးလာတော့ သူ့ဆီက အအေးဓာတ်ကို ခံစားလိုက်ရသဖြင့် သူမ နောက်သို့ ဆုတ်လိုက်သည်။

လုယွီက မျက်ခုံးအသာအယာ ပင့်ကာ တိုးတိုးလေး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"

သူ ကိုယ့်ကိုယ်ကိုယ် အနံ့ခံကြည့်သော်လည်း သွေးနံ့လည်း မရပေ။

ကျန်းနျန် တီးတိုး ပြောလိုက်သည်။ "ရှင်က အရမ်းအေးနေလို့။"

လုယွီ ပြုံးလိုက်သည်။ "ခဏနေရင် မီးဖိုဘေးမှာ နွေးအောင်လုပ်လိုက်မယ်။"

ဖန့်မိန်က အသားတွေကို ခုတ်ပေးပြီး ကျန်းနျန်က ဟင်းသီးဟင်းရွက်တွေကို ပြင်ဆင်သည်။ အသားဟင်းနံ့ မွှေးလာတော့ တပ်ရင်းမှူးစုန့် အော်ပြောလိုက်သည်။ "ဟေး... အနံ့က တကယ်ကောင်းတာပဲ။"

ကျူးကျွင်းလည်း ပြောလိုက်သည်။ "တကယ် မွှေးတယ်။"

ကျန်းရှောင်က မီးဖိုဘေးမှာ ထိုင်ရင်း ရယ်ခဲ့သည်။ "အစ်မကျန်း၊ ဟိုမှာ သူတို့ သွားရည်ကျနေကြပြီ။"

ကျန်းနျန်လည်း ရယ်လိုက်သည်။ "နင်ရော သွားရည်မကျဘူးလား။"

ကျန်းရှောင် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ "ညီမလည်း ကျနေတာပဲ။"

နောက်ဆုံးအိုးကတော့ အစပ်ယုန်ခေါင်းဟင်း ဖြစ်သည်။ ငရုတ်သီးကို အိုးထဲထည့်လိုက်သည်နှင့် ဖန့်မိန်မှာ မွှန်ပြီး တဟွတ်ဟွတ် ချောင်းဆိုးတော့သည်။ ကျန်းရှောင်လည်း အတော်လေး ချောင်းဆိုးနေသည်။ ဖန့်မိန် ပြောလိုက်သည်။ "အပြင်ကို မြန်မြန်ထွက်ကြ၊ ကလေးတွေကို မမွှန်စေနဲ့။"

"ကျန်းနျန်၊ မင်းလုပ်တဲ့ ဟင်းအစပ်တွေက ဘာလို့ ဒီလောက်တောင် မွှန်ရတာလဲ။"

ကျန်းနျန်လည်း အစပ်မိပြီး မျက်လုံးတွေ နီမြန်းကာ မျက်တောင်တွေ စိုစွတ်ပြီး နှာခေါင်းတွေပါ နီနေရှာသည်။ သူမလည်း နှစ်ခါလောက် ချောင်းဆိုးလိုက်ရသည်။ အစပ်နံ့က အပြင်အထိ ပျံ့သွားရာ အပြင်ကလူတွေလည်း လိုက်ပြီး ချောင်းဆိုးကြသည်။ မသိရင် ဒီမိသားစု တစ်ခုလုံး အအေးမိနေတယ်လို့ ထင်ရသည်။

ယုန်သားဟင်း ချက်ပြီးနောက် ကျန်းနျန် အပြင်ခန်းသို့ ပြေးထွက်ကာ အသက်ဝဝ ရှူလိုက်ပြီး ဇလုံထဲက ရေဖြင့် မျက်နှာသစ်လိုက်သည်။

လုယွီက ဇလုံထဲသို့ ရေနွေးအနည်းငယ် ထည့်ပေးရင်း ကျန်းနျန်၏ မျက်နှာမှ ရေစက်များ ကျနေသည်ကို ကြည့်နေသည်။ သူမ၏ မျက်လုံးများမှာ ငိုထားသလိုမျိုး နီမြန်းပြီး စိုစွတ်နေသည်။ သူသည် ရေနွေးအိုးကို ချပြီး အသံအက်အက်ဖြင့် မေးလိုက်သည်။ "သက်သာသွားပြီလား။"

ကျန်းနျန် ခေါင်းညိတ်လိုက်သည်။ "အများကြီး သက်သာသွားပါပြီ။"

သူမ မျက်နှာသုတ်ပြီးနောက် လေကောင်းလေသန့်ရရန် ပြတင်းပေါက်အနား သွားရပ်လိုက်သည်။ တပ်ရင်းမှူးစုန့်က လှည့်ကြည့်ကာ သတိပေးခဲ့သည်။ "ပြတင်းပေါက်နဲ့ သိပ်မနီးနဲ့လေ၊ အအေးမိဦးမယ်။"

ကျန်းနျန် ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့။"

စုန့်ပိုင် ဟင်းပန်းကန်တွေကို ကိုင်ပြီး မီးဖိုချောင်ထဲက ထွက်လာတော့ ပြတင်းပေါက်နားက ကျန်းနျန်ကို တွေ့လိုက်ရသည်။ သူမက ခါးစပ်လေးတွင် အေပရွန် စည်းထားရာ ခါးလေးမှာ သေးသေးလေး ဖြစ်နေသည်။ သူက ကိုယ့်ခါးကိုယ် ပြန်ကြည့်ပြီး သူမခါးက ဘာလို့ ဒီလောက်သေးနေရတာလဲ၊ အနည်းငယ် အားစိုက်လိုက်ရင်တောင် ကျိုးသွားမလားလို့ တွေးမိနေသည်။

စုန့်ပိုင် ရုတ်တရက် ရပ်သွားပြီး ဟင်းပန်းကန်တွေကို ချကာ မီးဖိုချောင်ထဲ ပြန်ပြေးဝင်သွားခဲ့သည်။ သူ လှည့်အဝင်တွင် ဖန့်မိန်နှင့် တိုက်မိမလို ဖြစ်သွားသည်။ ဖန့်မိန် လန့်သွားခဲ့သည်။ "သတိထားဦးလေ။"

စုန့်ပိုင်၏ မျက်နှာမှာ အနည်းငယ် ပုံမှန်မဟုတ်နေချေ။ "ကျွန်တော် သတိမထားမိလို့ပါ။"

"ကျန်းနျန်၊ ဘာလို့ အဲဒီမှာ ရပ်နေသေးတာလဲ။"

ဖန့်မိန်က လှမ်းခေါ်သဖြင့် ကျန်းနျန်က သူမကို လက်ဟန်ပြခေါ်လိုက်သည်။ ဖန့်မိန်က စိတ်ဝင်တစားဖြင့် သူမအနားသွားပြီး ပြတင်းပေါက်ကနေ အတူတူ ချောင်းကြည့်ကြသည်။ လမ်းတစ်ဖက်က အိမ်ထောင်သည်စုံတွဲ အပြင်ကပြန်လာပြီး ရောက်ရောက်ချင်း ရန်ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။

"လောင်စုန့်၊ ဟိုဘက်အိမ်က တုမိသားစု ရန်ဖြစ်နေကြပြန်ပြီ။"

တပ်ရင်းမှူးစုန့်က ရုတ်တရက် ထရပ်ပြီး အပြင်ထွက်သွားကာ ဖန့်မိန်လည်း လိုက်သွားခဲ့သည်။ ကျန်းရှောင်က ကျန်းနျန်အနား ပြေးလာပြီး အတူတူ ချောင်းကြည့်သည်။ လုယွီက မီးဖိုချောင်ထဲက ထွက်လာတော့ သူတို့နှစ်ယောက် အပြင်က ရန်ပွဲကို စိတ်ဝင်တစား ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

အပြင်ဘက်တွင် အတော်ကြာအောင် ဆူညံနေခဲ့သည်။ အိမ်က အသံမလုံတာမဟုတ်ဘဲ အမျိုးသမီး၏ အသံကလည်း တော်တော်ကျယ်တာဖြစ်သည်။

ကျန်းနျန်လည်း ထိုအမျိုးသမီး ပြောနေသည်ကို နားထောင်နေမိသည်။ "အခုတော့ အတည်ပြုပြီးပြီ။ ဆရာဝန်က ရှင်ပဲ ကလေးမရနိုင်တာလို့ ပြောတယ်။ ရှင့်မိသားစုက ကျွန်မကို ဒီနှစ်တွေတစ်လျှောက် 'ဥ မဥနိုင်တဲ့ ကြက်မ' ဆိုပြီး နှိပ်စက်ခဲ့တာ။ နှစ်ရှည်လများ ရှင်ဆူတာကို ခံရပြီး လူတွေရဲ့ အထင်အမြင်သေးတာကိုလည်း ကျွန်မ ခံခဲ့ရတယ်..."

သူမသည် ဒီနှစ်တွေတစ်လျှောက် ခံစားခဲ့ရသော နာကျည်းချက်တွေကို အကုန်ရင်ဖွင့်ပြောနေတော့သည်။

ထိုအမျိုးသမီး၏ အသံမှာ တော်တော်ကျယ်လှသဖြင့် အိမ်နီးနားချင်းတွေ အကုန်လုံး ထွက်ကြည့်ကြသည်။ တပ်ရင်းမှူးစုန့်က မျက်နှာတင်းတင်းဖြင့် လူတွေကို အိမ်ထဲပြန်ခိုင်းလိုက်ပြီး အိမ်တွင်းရေးကိစ္စကို အပြင်မှာ အော်ပြောတာ မကောင်းကြောင်း ပြောသည်။ ဗိုလ်ကြီးတု၏ မျက်နှာမှာ ခရမ်းရောင်သန်းပြီး အရှက်ရနေရှာသည်၊ ကျန်းနျန်ကတော့ သူ မြေတူးကာ ပုန်းပြီး ပျောက်ကွယ်ချင်နေလောက်မည်ဟု ခံစားရသည်။

ကျန်းရှောင် ပြောလိုက်သည်။ "အစ်မကျန်း အစ်မ ပြောတာ မှန်တယ်၊ အဲဒီအမျိုးသားက ကလေးမရနိုင်တာပဲ။"

ကျန်းနျန်လည်း ထိုအမျိုးသမီးအတွက် စိတ်မကောင်းဖြစ်မိသည်။ နှစ်ပေါင်းများစွာ အထင်အမြင်သေးခံရပြီး အခုမှ ကလဲ့စားချေခွင့် ရခဲ့တာဖြစ်သည်။ သူမ ပြောလိုက်သည်။ "ငါလည်း ခန့်မှန်းကြည့်တာပါ။"

ထိုစုံတွဲကို ဖန့်မိန်က အိမ်ထဲသို့ တွန်းပို့လိုက်သည်။ ရန်ပွဲပြီးနောက် ကျန်းနျန် လှည့်ကြည့်လိုက်ရာ လုယွီနှင့် အခြားသူများက သူမနှင့် ကျန်းရှောင်ကို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

ကျန်းနျန် - …

သူမ အပြင်ကရန်ပွဲကို ကြည့်နေတာ စိတ်ပါလွန်းလို့ အခန်းထဲမှာ တခြားလူ ၃ ယောက်ရှိနေတာကိုတောင် မေ့သွားခဲ့သည်။

သူမ အရှက်ပြေရန် ချောင်းအသာဟန့်ပြီး မီးဖိုချောင်ထဲ ဝင်ပြေးချင်သော်လည်း စုန့်ပိုင်က လှမ်းပြောခဲ့သည်။ "မရီး၊ အစားအစာတွေ စားပွဲပေါ် ရောက်နေပြီ။"

သူ့အသံထဲတွင် ရယ်မောချင်မှုများ ပါနေသည်။

ကျန်းနျန် - …

ခဏအကြာတွင် ဖန့်မိန်နှင့် တပ်ရင်းမှူးစုန့်တို့ ပြန်လာခဲ့ကြသည်။ အားလုံး ခန်ပေါ်တွင် ထိုင်စားကြသည်။ ဖန့်မိန်က ထိုအမျိုးသမီး ဒီနှစ်တွေအတွင်း တုမိသားစုကြောင့် နှိပ်စက်ခံခဲ့ရပုံတွေကို စပြီး ပြောပြတော့သည်။

နေ့လယ်ဘက်တွင် ကျူးကျွင်းနှင့် စုန့်ပိုင်တို့က မနက်ဖြန်အတွက် ရထားလက်မှတ် သွားဝယ်ကြသည်။ ကျန်းနျန်၊ ကျန်းရှောင်နှင့် ဖန့်မိန်တို့ကို စုန့်ရှန်းတုန်က ခြံထဲမှာ နှင်းလူရုပ်လုပ်ရန် ဆွဲခေါ်သွားခဲ့သည်။ ဖန့်မိန် ပြောလိုက်သည်။ "ကျန်းနျန်၊ မနှစ်က နင်လုပ်တဲ့ နှင်းလူရုပ်လေးက တကယ်လှတာ မှတ်မိသေးတယ်။ မပြန်ခင် တစ်ခုလောက် လုပ်ပေးပါဦး။"

ထို့ကြောင့် ကျန်းနျန် လက်အိတ်စွပ်ကာ စုန့်ရှန်းတုန်၊ စုန့်ရှန်းဟုန်၊ ဖန့်မိန်တို့နှင့်အတူ နှင်းတွေကျုံးကြသည်။ ကျန်းရှောင်ကတော့ အအေးမခံနိုင်သဖြင့် ဘေးကနေ ကြည့်နေသည်။ လုယွီက မီးဖိုဘေးမှာထိုင်ရင်း တပ်ရင်းမှူးစုန့်နှင့် စကားပြောနေသည်။ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ကျန်းနျန်၏ ပါးလေးတွေ နီမြန်းနေပြီး ပြုံးလိုက်လျှင် ဖြူဖွေးသော သွားလေးတွေ ပေါ်လာသည်ကို မြင်လိုက်ရသည်။

"လုယွီ"

တပ်ရင်းမှူးစုန့်က နှစ်ခါခေါ်သော်လည်း အကြောင်းမပြန်ပေ။ သူက လည်ပင်းဆန့်ကြည့်လိုက်တော့ အပြင်မှာ နှင်းလူရုပ် လုပ်နေကြသည်ကို မြင်ရသည်။ "အဲဒါက ဘာများ စိတ်ဝင်စားစရာ ရှိလို့လဲ။"

လုယွီ အကြည့်လွှဲလိုက်သည်။ "ကလေးနှစ်ယောက် တအားပျော်နေပုံရလို့ပါ။"

တပ်ရင်းမှူးစုန့်လည်း ပြုံးလိုက်မိသည်။ "မင်းရဲ့ တာဝန်အတွက် ယွမ်မြို့ကို ဘယ်တော့ သွားမှာလဲ။"

လုယွီ ပြန်ဖြေလိုက်သည်။ "၁၅ ရက်နေ့ပြီးရင် သွားမယ်။ မသွားခင် အိမ်ပြန်ပြီး အစ်ကိုကြီးနဲ့ ဦးလေးရှု့ကို သွားတွေ့ဦးမယ်။"

တပ်ရင်းမှူးစုန့် ခေါင်းညိတ်လိုက်သည်။ "ကောင်းတာပေါ့။"

All Chapters