← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

ရှောင်ကျင်းချွမ်သို့ ပြန်ရောက်သည့်အခါ ထိုဝန်ထမ်းသည် လက်ဆောင်များနှင့်အတူ ချီဖန့်ဆီသို့ အရင်သွားခဲ့သည်။ “သူမ အိမ်ထောင်ကျသွားပြီဆိုတာ မင်း သိလား”

အဝတ်လျှော်နေသည့် ချီဖန့်က ဇဝေဇဝါနှင့် မေးလိုက်သည်။“ဘာကို သိရမှာလဲ”

“မင်းကို ပုံဆွဲပေးခဲ့တဲ့ ကောင်မလေးလေ၊ မင်းကို ကူညီခဲ့တဲ့တစ်ယောက်။ ဒီနေ့ ရထားပေါ်မှာ သူမနဲ့ ဆုံခဲ့တယ်”

ချီဖန့်က လုပ်လက်စကို ချက်ချင်း ရပ်လိုက်၏။ “မင်း သူ့ကို ရိုလာစကိတ် ပေးလိုက်ပြီလား” သူက အရင် မေးမြန်းလိုက်သည်။

ဝန်ထမ်းက သက်ပြင်းချလိုက်သည်။“အေး၊ တွေ့တွေ့ချင်း ပေးလိုက်တာ။ ရော့—ဒါက သူက မင်းကို ပြန်ပေးခိုင်းလိုက်တာ”

လက်ဆောင် ပြန်ပေးသည်ဟု ကြားသဖြင့် ချီဖန့်က လက်ကို အမြန်သုတ်ကာ စက္ကူအိတ်ကို ဂရုတစိုက် လက်ခံလိုက်၏။

သူက အိတ်ကို အထဲသို့ ထည့်လိုက်စဉ် ဝန်ထမ်းက မနေနိုင်ဘဲ ထပ်ပြောခဲ့သည်။ “ငါ ပြောသားပဲ၊ သူမက အိမ်ထောင်ကျနေပြီလို့။ သူ့အမျိုးသားကိုတောင် ရထားပေါ်မှာ တွေ့ခဲ့သေးတယ်”

“သူမ အိမ်ထောင်ကျတာနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက ကျေးဇူးတင်ချင်ရုံတင်ပါ၊ တခြား ဘာမှ မရှိဘူး”

သူသည် သူ့ဘာသာ ရေရွတ်ရင်း အဝတ်လျှော်သည့်အလုပ်ကို ပြန်လုပ်နေခဲ့၏။

သို့သော် ဝန်ထမ်းကမူ တစ်ခုခုကို သတိထားမိလိုက်သည်။ သူသည် လျှော်ပြီးသား ဘောင်းဘီတစ်ထည်ကို ပြန်နှစ်ကာ ဆပ်ပြာထပ်တိုက်နေခြင်းပင် ဖြစ်၏။

ထိုအခြင်းအရာကြောင့် ဝန်ထမ်းမှာ စိတ်ထဲမှ သက်ပြင်းချမိသည်။ စကိတ်ဖိနပ်ကို သေချာလုပ်ခိုင်းပြီး ရထားပေါ်မှာ သူ့ကို ရှာပေးဖို့ မှာခဲ့သည်မှာ ကျေးဇူးတင်ရုံသက်သက်တော့ မဟုတ်နိုင်ပေ။

ချီဖန့်သည် သူ အောင်သွယ်ပေးသည့် မိန်းကလေးကိုတောင် ဤမျှ ဂရုမစိုက်ခဲ့ဖူးသလို ထိုကိစ္စမှာလည်း အောင်မြင်ခြင်း မရှိခဲ့ပေ။

သို့သော် ထိုကောင်မလေးက အိမ်ထောင်ကျသွားပြီ ဖြစ်သည်။ အကယ်၍ အိမ်ထောင်မကျသေးလျှင်ပင် သူကတော့ အခွင့်အရေးရှိလိမ့်မည် မဟုတ်ပေ။

ချီဖန့်သည် ရိုးလွန်းပြီး စကားပြောရာတွင်လည်း အနေခက်လှ၏။ သူသည် လူကောင်းတစ်ယောက် ဖြစ်သော်လည်း အမျိုးသမီးတစ်ဦး၏ နှလုံးသားကို သိမ်းပိုက်ဖို့ရာတွင်တော့ မျှော်လင့်ချက် မရှိသူ ဖြစ်ပေသည်။

တစ်ဖက်တွင်လည်း ချီဖန့်သည် လက်ဆောင်ပေးသူကို စိတ်မဝင်စားသော်လည်း ထိုစကိတ်ဖိနပ်ကိုတော့ စိတ်ဝင်စားသွားခဲ့၏။

သူသည် ထိုဖိနပ်ကို ရထားပေါ်မှ သယ်လာခဲ့သဖြင့် ၎င်းကို သစ်သားအမာစားဖြင့် ပြုလုပ်ထားကြောင်း သိရှိနေခဲ့သည်။

ဘီးဝင်ရိုးများမှာ စတီးချောင်းများကို အသုံးပြုထားပြီး ဆီထည့်ထားပုံရသဖြင့် ချောမွေ့စွာ လည်ပတ်နိုင်သည်။ မျက်နှာပြင်မှာလည်း စီးနင်းရာတွင် မချော်စေရန် ပုံစံဖော် ထွင်းထုထားလေ၏။

သစ်သားဖြစ်နေသည်မှာ နှမြောစရာပင်။ ပလတ်စတစ်ဆိုလျှင် ပိုကောင်းလိမ့်မည်။ သူသည် စကိတ်ကို ကုတင်ဘေးတွင် ချထားရင်း ယန်ရွှယ်ကို မေးလိုက်သည်။ “ဒါကို မင်း စဉ်းစားခဲ့တာလား”

“မဟုတ်ပါဘူး၊ ကျွန်မ တခြားသူတွေ ဝတ်တာ မြင်ဖူးလို့ပါ”

ယန်ရွှယ်ကတော့ အမှတ်မယူပေ။ သူမတွင် ထိုကဲ့သို့ ဖန်တီးနိုင်စွမ်းမျိုး မရှိသလို သူမ၏ ယခင်ဘဝမှ အတွေ့အကြုံများမှာလည်း အတိတ်တစ်ခုသာ ဖြစ်ပေသည်။

ချီဖန့်က ထပ်မမေးတော့ပေ။ “ဒါဆို သခင်ကျားဆီ သွားအုံးမှာလား”

သူသည် ရိုးရှင်းသော လူတစ်ဦးဖြစ်သော်လည်း စကိတ်ဖိနပ်ကို မြင်ရုံနှင့် သူမသည် လက်သမားဆီ ဘာကြောင့် သွားချင်နေသည်ကိုး ခန့်မှန်းမိသွားခဲ့သည်။

“သွားကြမယ်လေ၊ ကျွန်မ လုပ်စရာ တစ်ခု ကျန်သေးတယ်။” ယန်ရွှယ်ငည် ဝယ်လာသည့် ပစ္စည်းများကို သေသေချာချာ စီစဉ်ပြီး စကိတ်ဖိနပ်ကို ယူလိုက်၏။ “ကျွန်မ ချွမ်းချိုင်တို့ အိမ်ကို သွားမလို့”

“ဒါက ချွမ်းချိုင် အတွက်လား” ချီဖန့်တကယ်ပင် အံ့သြသွားသည်။

ချွမ်းချိုင်သည် ရေခဲပြင်ပေါ်တွင် စကိတ်မစီးနိုင်သည့်အကြောင်း ယန်ရွှယ် မေးမြန်းခဲ့သည်ကို သူ သိသော်လည်း သူမ ဤမျှထိ ထည့်တွေးပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရေခဲမလိုဘဲ စီးနိုင်သည့် ရိုလာစကိတ်ကို သူမက စဉ်းစားပေးခဲ့လေ၏။

လျိုချွမ်းချိုင်ကမူ ယန်ရွှယ် ယူလာသည့်အရာကို မြင်သောအခါ မယုံနိုင်ဘဲ နှစ်ကြိမ်တိုင်တိုင် မေးမိသည်။ “ယန်ရွှယ်ကျဲ၊ ဒါက တကယ်ပဲ ကျွန်မအတွက်လား”

လျိုချွမ်းချိုင်၏ ညီမလေးနှင့် မောင်လေး လျိုဝေပင်း တို့မှာလည်း ထူးဆန်းသော အရာတစ်ခုကို ကြည့်နေသကဲ့သို့ ဝိုင်းအုံလာကြ၏။

လျိုချွမ်းချိုင်သည် အနေအေးသော်လည်း လျိုဝေပင်းကတော့ ချက်ချင်းပင် လက်လှမ်းထိလိုက်ရာ ချွမ်းချိုင် ၏ မျက်စောင်းထိုးခြင်းကို ခံလိုက်ရသည်။ သူက လျှာထုတ်ပြကာ လက်ကို ပြန်ရုတ်လိုက်၏။

“ရပါတယ်၊ ကိုင်ရုံနဲ့ မပျက်စီးပါဘူး။” ယန်ရွှယ်က စကိတ်ကို ချွမ်းချိုင်ဆီ တိုးပေးလိုက်သည်။ “စီးကြည့်ပါအုံး၊ တော်ရဲ့လားလို့”

မူလက သူမသည် မှာယူပြုလုပ်ရန် စိတ်ကူးထားသော်လည်း တစ်စုံတစ်ယောက်က ပြုလုပ်ပြီးသား ဖြစ်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ချွမ်းချိုင်သည် သူမထက် သုံးနှစ်ငယ်သော်လည်း အရပ်အမောင်းမှာမူ တူညီသဖြင့် အံကိုက်ဖြစ်နေခဲ့၏။

အမှန်တကယ်ပင် အနည်းငယ် ချောင်နေသည်မှအပ အားလုံး အဆင်ပြေလှသည်။ ကြိုးကို တင်းတင်းချည်လိုက်လျှင် ရ၏။

ကုတင်ပေါ်တွင် ထိုင်ရင်း ချွမ်းချိုင်က စမ်းသပ်စီးကြည့်ရာ ဘီးများမှာ ချက်ချင်း လည်ပတ်သွားသည်။ “ရေခဲစကိတ်ထက်တောင် ပိုကောင်းသလိုပဲ”

လျိုဝေပင်းသည် မအောင့်နိုင်တော့ဘဲ ပြောလိုက်သည်။ “မမ၊ ကျွန်တော့်ကိုလဲ စမ်းစီးခွင့်ပေးအုံး!”

“နင်က စီးလို့ရလို့လား” ချွမ်းချိုင်သည် မပေးချင်သဖြင့် ပြောလိုက်၏။

“စီးလို့ရတာပေါ့” လျိုဝေပင်းက ပြန်ပြောလိုက်သည်။ “အမေက ပြောတယ်၊ ကျွန်တော်က မြန်မြန် ထွားလာတာတဲ့”

အနှီသူက လုယူ၍မရသဖြင့် ဟွမ်ဖန့်ယင်း မြေအောက်ခန်းမှ ပြန်လာသံကို ကြားသောအခါ အပြင်သို့ ပြေးထွက်သွားတော့၏။ “မေမေ၊ ကျွန်တော်လဲ ရိုလာစကိတ် လိုချင်တယ်”

“ဘာရေခဲစကိတ်လဲ။ မြစ်ထဲမှာ ဘယ်သူမှ သွားမစီးရဘူးနော်၊ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ”

“ရေခဲစကိတ် မဟုတ်ဘူး၊ ရိုလာစကိတ်၊ မြေကြီးပေါ်မှာ စီးလို့ရတဲ့ဟာ” လျိုဝေပင်းသည် သူမ၏လက်ကို အတင်းဆွဲကာ ပြောနေခဲ့သည်။

မတတ်နိုင်တော့သဖြင့် ဟွမ်ဖန့်ယင်းသည် ဟင်းသီးဟင်းရွက်တောင်းကို ချကာ အထဲသို့ လိုက်ဝင်သွားခဲ့၏။ “နင် ဘာတွေ လျှောက်ပြောနေတာလဲ။ အမြဲတမ်း ထူးထူးဆန်းဆန်းတွေပဲ။” ယန်ရွှယ်ကို မြင်လိုက်ရသောအခါ သူမ ခဏတာ တန့်သွားလေသည်။ “အို၊ ရှောင်ယန် လာနေတာလား”

“ဟုတ်ကဲ့” ယန်ရွှယ်က ပြုံးလျက် ချွမ်းချိုင်၏ ခြေထောက်ရှိ ထူးခြားသော စကိတ်ဖိနပ်ကို ညွှန်ပြလိုက်၏။ “ချွမ်းချိုင် အတွက် ရိုလာစကိတ် ယူလာပေးတာပါ”

ချွမ်းချိုင်လည်း ကြွားချင်ဇောဖြင့် ပြောလိုက်သည်။ “မေမေ ကြည့်ဦး။ ရေခဲမလိုဘဲ စီးလို့ရတယ်၊ အံ့သြစရာကြီး မဟုတ်လား”

သူမ၏ အပြုံးမှာ ဟွမ်ဖန့်ယင်း၏ မျက်လုံးများကိုပင် ကျိန်းစပ်သွားစေလောက်အောင် နွေဦးနေရောင်ခြည်ထက်ပင် ပိုမိုတောက်ပနေခဲ့၏။

အခြားကလေးများကလည်း စိတ်လှုပ်ရှားမှု၊ မနာလိုမှုတို့ဖြင့် စကိတ်ကို စိုက်ကြည့်နေကြသည်။ ဟွမ်ဖန့်ယင်းသည် အတင်းပြုံးလိုက်ရင်း ပြောလိုက်ရသည်။ “တကယ်ကို အံ့သြစရာပဲ”

“ယန်ရွှယ်ကျဲက အကောင်းဆုံးပဲ” ချွမ်းချိုင်သည် ယန်ရွှယ်၏ လက်မောင်းကို ဖက်လိုက်၏။ စကိတ်စီးထားသဖြင့် သူမက ပိုမြင့်နေသော်လည်း ယန်ရွှယ်၏ ပခုံးပေါ်သို့ ခေါင်းမှီလိုက်သည်။

ယန်ရွှယ်က သူမကို ပွတ်သပ်ပေးလိုက်၏။ “သွား၊ စမ်းစီးကြည့်အုံး။ အဆင်မပြေရင် ပြန်ပြင်ပေးမယ်”

မောင်လေး၊ ညီမလေးများက ဝိုင်းတွန်းကြသော်လည်း ချွမ်းချိုင်ကတော့ မလှုပ်မယှက် ရပ်နေပြီး မျက်နှာတစ်ခုလုံး နီမြန်းလာခဲ့သည်။ နောက်ဆုံးတွင် သူမက အော်ပြောလိုက်၏။ “ပြီးရောလေ၊ ကျွန်မ စကိတ်မစီးတတ်ဘူး၊ အဲဒါ ဘာဖြစ်လဲ”

တစ်ခန်းလုံး ရယ်သံများ ထွက်ပေါ်လာပြီး လျိုဝေပင်းကလည်း သူမကို မျက်နှာပြောင်ပြနေခဲ့သည်။

“အရင်က မစီးဖူးလို့ မတတ်တာလေ၊ ဘာဖြစ်လဲ” စကိတ်ဖိနပ်ကြောင့်သာ ဟန်ချက်မပျက်နေလျှင် ချွမ်းချိုင်သည် သူ့နားရွက်ကို ဆွဲလိမ်လိုက်လောက်ပြီ ဖြစ်သည်။

“ရပါတယ်၊ လေ့ကျင့်ရင် တတ်သွားမှာပါ။” ယန်ရွှယ်က ချော့မော့လိုက်၏။ “ဒါတွေ အဆင်ပြေရင် ငါ့မှာ ပုံစံရှိတာမို့ အများကြီး ထပ်လုပ်ပေးလို့ ရတယ်”

ထိုစကားကြောင့် ကလေးငယ်များ၏ မျက်လုံးများ တောက်ပသွားကြပြီး ချွမ်းချိုင်ကို ကျယ်ဝန်းသည့် နေရာတွင် လေ့ကျင့်ရန် ချက်ချင်း ဝိုင်းတွန်းကြတော့သည်။

ကလေးများ ထွက်သွားပြီးနောက် ဟွမ်ဖန့်ယင်းက ယန်ရွှယ်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။ “မင်းက တကယ်ကို တွေးတတ်တာပဲ”

“ဒါတွေက ကျွန်မ ကိုယ်တိုင်လုပ်တာ မဟုတ်ပါဘူး၊ မှတ်မိတဲ့အတိုင်း ပုံဆွဲပေးခဲ့တာပါ။ ကျွန်မ ဝင်ပါတာကို စိတ်မရှိပါနဲ့နော်”

“ဝင်ပါတာဟုတ်လား။ ကျေးဇူးတောင် တင်ရအုံးမှာကို။ ချွမ်းချိုင် အတွက် ဒီလိုလုပ်ပေးဖို့ ဘယ်သူမှ စဉ်းစားမှာ မဟုတ်ဘူး”

ဟွမ်ဖန့်ယင်း၏ မျက်ဝန်းများ၌ မျက်ရည်စများ ဝဲတက်လာခဲ့သည်။ “ငါ သူတို့အပေါ် တင်းကျပ်လွန်းတယ်ဆိုတာ သိပါတယ်။ အဲဒါကြောင့်လဲ သူတို့ အလှောင်ခံရတာ… ဒါပေမဲ့ ငါက ဘာများလုပ်ပေးနိုင်မှာလဲ”

ကလေးတစ်ယောက်၏ ပျော်ရွှင်မှုသည် အရေးကြီးသော်လည်း နောက်ထပ်တစ်ယောက်အား ဆုံးရှုံးရမည့် အန္တရာယ်ကိုတော့ မည်သည့်မိဘမှ မရင်ဆိုင်လိုကြပေ။

ယန်ရွှယ်သည် ဘာမှမပြောဘဲ သူမ၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ တစ်ခါတစ်ရံတွင် နှစ်သိမ့်စကားများထက် ထိုကဲ့သို့သော အပြုအမူက ပို၍ ထိရောက်တတ်လေ၏။

လျိုဝေကော အိမ်ပြန်ရောက်လာသည့်အခါ အံ့သြတကြီး အော်လိုက်သည်။ “အိုး၊ ချွမ်းချိုင်မှာ ထူးထူးဆန်းဆန်းတွေပါလား။ ဒါ ဘယ်ကရတာလဲ”

ဟွမ်ဖန့်ယင်းကမူ စိတ်ကို အမြန်ပြန်ထိန်းလိုက်ရသည်။ “ငါ့ကိုလဲ ကြည့်ပါအုံး၊ စကားပြောနေတာနဲ့ ဟင်းသီးဟင်းရွက်တွေ မေ့နေတာ။ မုန်လာထုပ်တွေ လှီးထားတယ်၊ မင်းအတွက် ထည့်ပေးလိုက်မယ်။” သူမက အပြင်သို့ အပြေးအလွှား ထွက်သွားလေ၏။ “မင်းနဲ့ ချီဖန့်က နောက်ကျမှ လက်ထပ်ကြတာဆိုတော့ ပစ္စည်းမစုရသေးဘူးမလား။ ကုန်သွားရင် ငါ့ဆီလာယူနော်။ မနှစ်က မုန်လာထုပ် ပေါင်တစ်ထောင်နဲ့ မုန်လာဥ ပေါင်နှစ်ရာလောက် ဝယ်ထားတာ”

သူမက မုန်လာထုပ် နှစ်ထုပ်၊ မုန်လာဥကြီး သုံးလုံးနှင့် အာလူး တစ်ဒါဇင်ခန့်ကို တောင်းထဲသို့ ထည့်ပေးလိုက်သည်။ “ငါက အားနာနေတာ မဟုတ်ဘူးနော်။ မင်းလဲ အားမနာနဲ့”

“ဒါတွေက အကြာကြီး စားလို့ရမှာပဲ။ ချီဖန့်ကလဲ မကြာခင် တောင်ပေါ်တက်ရတော့မှာလေ။” ယန်ရွှယ်သည် သူမ၏ စေတနာကြောင့် စိတ်လှုပ်ရှားသွားရသည်။

ဟွမ်ဖန့်ယင်းကမူ ထပ်ထည့်ပေးချင်နေသေး၏။ “မုန်လာဥတွေကို အရင်စားနော်၊ နွေဦးရောက်ရင် ပုပ်သွားတတ်လို့”

“ငါပဲ လိုက်ပို့ပေးမယ်” စကိတ်ကို စစ်ဆေးပြီးသွားသော လျိုဝေကောက ပြောကာ တောင်းကို မလိုက်သည်။ “ချီဖန့်နဲ့ စကားပြောဖို့ ရှိတာနဲ့ အတော်ပဲ။ မြို့ထဲမှာ ဂီယာ သွားရှာတာ မတွေ့ခဲ့ဘူး။ သူ့ကို ဘာလုပ်ရမလဲ မေးရအုံးမယ်။ မနက်က လာသေးတယ်၊ မင်းတို့ မရှိကြဘူး”

သူတို့ အိမ်ပြန်ရောက်သည့်အခါ ချီဖန့်က ကုတင်ကို နွေးအောင် လုပ်ထားပြီး စားပွဲပေါ်တွင် တစ်ခုခုကို ပုံဆွဲနေသည်အား တွေ့လိုက်ရ၏။

ယန်ရွှယ်က လှမ်းကြည့်လိုက်ရာ ၎င်းမှာ ချွမ်းချိုင်၏ ရိုလာစကိတ်ပုံပင် ဖြစ်သည်။ အတိုင်းအတာများ၊ အသေးစိတ် အချက်အလက်များမှာ အစစ်အတိုင်း တိကျလှသဖြင့် သူမ အံ့သြသွားရသည်။

သူ၏ မှတ်ဉာဏ်မှာ အံ့မခန်းပင် ဖြစ်ပေ၏။ သူမကိုယ်တိုင်ပင် ထိုမျှ တိကျအောင် ဆွဲနိုင်မည် မဟုတ်ပေ။

လျိုဝေကောကတော့ ထိုအရာကို သတိမထားမိပေ။ သူက အခြေအနေကို ရှင်းပြလိုက်သည်။ “ငါ နေရာအနှံ့ ရှာခဲ့ပေမဲ့ အနီးစပ်ဆုံး တစ်ခုပဲ တွေ့ခဲ့တယ်။ အဆင်ပြေမလား ကြည့်ပေးအုံး”

သူသည် အိတ်ကပ်ထဲမှ ဂီယာတစ်ခုကို ထုတ်လိုက်သည်။ ယန်ရွှယ်မှာတော့ မှတ်ဉာဏ်အရ အစစ်နှင့် တူ၊ မတူ မပြောနိုင်ပေ။

သို့သော် ချီဖန့်က သူ၏မှတ်စုစာအုပ်ကို ပိတ်ပြီး တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ဒါက နည်းနည်း ကြီးနေတယ်၊ ၀.၅ မီလီမီတာလောက် ကွာနေတာ”

“ဒါဆို ဘယ်လိုလုပ်မလဲ” လျိုဝေကောက ကုတင်ပေါ်သို့ ပစ်ထိုင်လိုက်ရင်း ခေါင်းကို ပွတ်သပ်လိုက်၏။ “အဖေက ဦးလေး ရှု့ကို မေးကြည့်တော့လဲ ပြင်လို့မရဘူးတဲ့။ ခရိုင်ထဲအထိ သွားရှာမယ်ဆိုတော့လဲ အချိန်က မရှိတော့ဘူး။ ငါတို့က တောင်ပေါ်တက်ရတော့မှာ။ အချိန်ကလဲ မရှိတော့သလို သွားရှာရင်တောင်မှ တွေ့မယ်လို့လဲ ဘာအာမခံချက်မှ မရှိပြန်ဘူး။ အမေနဲ့ ကလေးတွေကိုလဲ ဒီအတိုင်း ဒုက္ခမခံစေချင်ဘူးလေ”

ဟွမ်ဖန့်ယင်းသည် ကိုယ့်ဘာသာ စီစဉ်နိုင်သော်လည်း ကလေးငယ်များမှာမူ ကျောင်းပြန်တက်ရတော့မည် ဖြစ်သည်။ အထူးသဖြင့် ယခုနှစ်မှာ နှစ်သစ်ကူးက နောက်ကျနေသည် မဟုတ်ပါလား။

ချီဖန့်သည် ထိုဂီယာကို လက်ချောင်းများဖြင့် ပွတ်သပ်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့၏။

လျိုဝေကောက လက်လျှော့တော့မည့် အချိန်မှာပင် သူက စကားပြောလာခဲ့သည်။ “သစ်တော ပြုပြင်ရေးစခန်းမှာ လက်လှည့်စက်ရှိလား”

“ရှိတာပေါ့၊ ဂဟေဆော်တာတွေရော အကုန်ရှိတယ်။ မဟုတ်ရင် စက်တွေကို ဘယ်လိုပြင်မလဲ။” လျိုဝေကောက နားမလည်ခဲ့ချေ။ “ဘာလို့လဲ”

ချီဖန့်သည် ဂီယာကို စားပွဲပေါ်သို့ တင်လိုက်၏။ “မင်း အလျင်လိုနေတယ်ဆိုရင် အဲဒီက စက်ကို သွားငှားလိုက်တော့”

အလုပ်ရုံငယ်လေးထဲက စက်ပစ္စည်းကိရိယာတွေကို ငှားရမ်းဖို့အတွက် လျိုဝေကောတစ်ယောက် အိမ်ပြန်ပြီး လျိုတနျိုကို အကူအညီတောင်းရုံမှတစ်ပါး အခြားနည်းလမ်းမရှိခဲ့ချေ။ လျိုတနျိုသည် အလုပ်ရုံမှူး ရှု့ဝမ်လီနှင့် ရင်းနှီးသူဖြစ်ရာ စကားတစ်ခွန်းပြောလိုက်ရုံနှင့် အဆင်ပြေသွားစေခဲ့သည်။ သူသည် ထိုနေရာတွင် ထိုင်ကာ ဆေးလိပ်သောက်ရင်း ခေတ္တမျှ စဉ်းစားနေပြီးမှမေးလိုက်သည်။ "ချီဖန့်က မင်းကို တကယ်ပဲ အဲဒီအတိုင်း ပြောလိုက်တာလား"

"ကျွန်တော်က အဖေကို လိမ်ပြောပါ့မလား။ လိမ်ပြောလို့ရော ဘာအကျိုးထူးမှာမို့လို့လဲ"

လျိုတနျိုက ထပ်မမေးတော့ပေ။ ထိုနေ့ည ညစာစားပြီးနောက် ထိုသူ အပြင်သို့ ခေတ္တထွက်သွားပြီး ပြန်လာသောအခါ လျိုဝေကောကို ပြောလိုက်လေ၏။ "မနက်ဖြန်မနက်ကျရင် ချီဖန့်ကို အဲဒီကို ခေါ်သွားလိုက်"

စီစဉ်ပေးရုံတင်မကဘဲ နောက်တစ်နေ့တွင် ချီဖန့်တစ်ယောက် ထိုနာရီအိုလေးအား ဘယ်လိုပြင်မလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုခဲ့သည်။

ရှု့ဝမ်လီသည် သူတို့ကို အထဲသို့ ခေါ်ဆောင်သွားသော်လည်း သူ၏ စိုးရိမ်ပူပန်မှုများကို တိုးတိုးလေး မပြောဘဲ မနေနိုင်ဖြစ်နေလေ၏။ "သူ တကယ်လုပ်နိုင်ပါ့မလား၊ ဒီနေရာက လူငယ်တွေ ကစားစရာနေရာ မဟုတ်ဘူးနော်။ မင်းရဲ့ နာရီဟောင်းက ခဏခဏပျက်နေရင်လဲ အသစ်ပဲလဲလိုက်ပါတော့"

"သူ့ကို အစမ်းပေးလုပ်ကြည့်ပါအုံး၊ ပြီးတော့ မင်းလဲ စောင့်ကြည့်နေမှာပဲ မဟုတ်လား။ အဲဒီနာရီက ငါတို့မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတာဆိုတော့ အလွယ်တကူ စွန့်ပစ်လို့မဖြစ်ဘူးလေ"

"ငါက မကြည့်ဘဲနဲ့ ပေးကိုင်ပါ့မလား၊ တစ်ခုခု မှားသွားရင် ဘယ်လိုလုပ်မလဲ" ရှု့ဝမ်လီသည် သူ့သူငယ်ချင်းဟောင်းကြီးသည် သူ့အား ပြဿနာရှာနေသည်ဟု ခံစားနေရသည်။ "ငါ အပွင့်လင်းဆုံး ပြောမယ်၊ သူက စက်ပစ္စည်းတွေကို သုံးတတ်တယ်ဆိုရင်တောင် ငါတို့ဆီက ပစ္စည်းတွေက အခြေခံပဲ ရှိတာ။ အရမ်းတိကျဖို့လိုတဲ့ အလုပ်တွေကို မလုပ်နိုင်ဘူး။ ဒါကြောင့်လဲ ထွန်စက်တွေကို ဒီမှာမပြင်ဘဲ မြို့ပေါ်က ပြုပြင်ရေးဆိုင်ကို ပို့နေရတာ"

မြို့ပေါ်သို့ ပို့ရသည်မှာ အင်ဂျင်ချိန်ညှိခြင်းနှင့် တန်းစီစောင့်ဆိုင်းရခြင်းတို့ကြောင့် ရက်ပေါင်းများစွာ ကြာမြင့်တတ်လေ၏။

"သူ့ကို ပေးလုပ်ကြည့်လိုက်ပါ" လျိုတနျိုက ထပ်ပြောသည်။ "ချီဖန့်က ယုံကြည်ချက်မရှိရင် ဒီလိုမတောင်းဆိုပါဘူး၊ မဟုတ်ရင် ငါကရော သူ့ကို ဒီအထိ ခေါ်လာပါ့မလား" ရှု့ဝမ်လီ၏ သံသယဖြစ်နေသော မျက်နှာကို မြင်သောအခါ သူက တိုးတိုးလေး ထပ်ဖြည့်ပြောလိုက်၏။ "ငါကြားတာတော့ သူက ငါတို့ သစ်တောစခန်းကို မလာခင်က မြို့ပေါ်က ပြုပြင်ရေးဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးတယ်ဆိုပဲ"

"သူက မြို့ပေါ်ကဆိုင်မှာ လုပ်ခဲ့တယ်ဆိုရင် ငါ ဘာလို့ သူ့ကို မမှတ်မိရတာလဲ" ရှု့ဝမ်လီက သံသယဖြင့် မေးလိုက်သည်။

"အဲဒီမှာ နှစ်လလောက်ပဲ လုပ်ပြီး တခြားကို ပြောင်းသွားလို့နေမှာပေါ့။ ဟုတ်မဟုတ်တော့ မသိဘူး၊ မင်းမျက်စိနဲ့သာ စောင့်ကြည့်လိုက်"

ရှု့ဝမ်လီသည် သူတို့ကို ပစ်မထားရဲချေ။ သူသည် ဘေးကင်းလုံခြုံရေး ဝတ်စုံများယူရန် သူတို့နောက်သို့ အမြန်လိုက်သွားလေ၏။

သူသည် ဝတ်စုံကို ဘယ်လိုဝတ်ရမလဲဆိုသည်ကို လျိုဝေကောကို ရှင်းပြရန် ပြင်နေစဉ်မှာပင် ချီဖန့်က ဝတ်စုံကိုယူပြီး သူ့ဘာသာသူ ဝတ်ဆင်လိုက်လေသည်။ အရင်က အကြိမ်ကြိမ် လုပ်ဖူးနေကျပမာ ဘာအထစ်အငေါ့မှမရှိဘဲ သဘာဝကျကျနှင့် ကျွမ်းကျင်လှ၏။

ရှု့ဝမ်လီသည် သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း လျိုဝေကောအား ဝတ်စုံဝတ်ပေးပြီး ဘေးကင်းလုံခြုံရေး ညွှန်ကြားချက်များကို နှစ်ခေါက်ခန့် ထပ်ခါတလဲလဲ ပြောပြကာ အလုပ်ရုံ၏ လျှပ်စစ်မီးကို ဖွင့်ပေးလိုက်သည်။

ပုံမှန်အားဖြင့် အလုပ်ရုံသည် ရိုးရှင်းသော ပြုပြင်ရေးအလုပ်မှလွဲ၍ စက်ပစ္စည်းများအတွက် လျှပ်စစ်ဓာတ်အား မပေးပေ။ ညဘက်တွင် မီးချောင်းအနည်းငယ်သာ ဖွင့်ထားလေ့ရှိ၏။

ကာကွယ်ရေး မျက်နှာဖုံးကို တပ်ဆင်ပြီးနောက် ချီဖန့်သည် ကြိတ်စက်ရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။ ရှု့ဝမ်လီနှင့် လျိုဝေကောတို့က သူ့နောက်မှ အမြန်လိုက်သွားကြပြီး လျိုတနျိုကမူ ကာကွယ်ရေးဝတ်စုံ မရှိသဖြင့် အလုပ်ရုံအပြင်ဘက်တွင်သာ စောင့်နေခဲ့ရ၏။

All Chapters